← Chapters

ရှေးတောက်၊ ကောင်းကင်ဘုံသားဟူ၍မရှိ

Vol. 133 Ch. 1831

ရှေးတောက်၊ ကောင်းကင်ဘုံသားဟူ၍မရှိ

Vol. 133 Ch. 1831

“နတ်ဘုရားတွေနဲ့ ကောင်းကင်ဘုံသားတွေကြားမှာ တိုက်ပွဲ ရှိတယ်…”  ဝမ်လင်း၏ကျင့်ကြံခြင်းသည် တဖြည်းဖြည်း ပျောက်ကွယ်ကာ သူ၏အနှစ်သာရများသည်လည်း သူ့ဟာသူ ကွယ်ဝှက်သွားကြ၏။ ခုချိန်၌ သူ့ထံမှ သိပ်သည်းလှသော ရှေးတောက်အော်ရာကိုသာ ပေးစွမ်းတော့သည်။

“အတိတ်တုန်းက ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူဟာ ယဲ့မိုနဲ့ တိုက်ခိုက်ခဲ့တယ်။ အဆုံးသပ်မှာ ယဲ့မို သေဆုံးခဲ့ရတယ်။ ဒါဟာ စိတ်မကောင်းစရာပဲ။ ဒီကနေ့မှာတော့ ငါဟာ သင်နဲ့ ဒီတိုက်ပွဲကို ဆက်တိုက်ခိုက်မယ်…”

ဝမ်လင်းက သူ့ညာလက်ကို မြှောက်၍ လက်သီးတင်းတင်း ဆုပ်သည်။ သူ၏လက်မှ တစီစီအသံများထွက်ပေါ်လာသည်။ ဝမ်လင်း၏ ငွေရောင်မျက်လုံးများသည် တောက်ပလာ၏။ သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ တစ္ဆေအိုကြီးကျန့်ထံသို့ လှမ်းလျှောက်လာသည်။

ရှေ့သို့ ဆက်လာနေရင်း ဝမ်လင်း၏ခန္ဓာကိုယ်ထဲရှိ နှလုံးခုန်သံသည် တုန်ဟည်းလာကာ တစ္ဆေအိုကြီးကျန့်၏ စိတ်နှလုံးကို ဗရမ်းဗတာ ဖြစ်စေသည်။ တစ္ဆေအိုကြီးကျန့်သည် သူ၏ရင်ဘက်မှ နာကျင်မှုကို ခံစားရသည်။ သူ့အမူအရာမှာ သုန်မှုန်လေ၏။

ကော်းကင်ထက်၌ ရီစီအရုပ်က အနက်ရောင်မြူခိုးအဖြစ်သို့ ပြောင်းကာ တစ္ဆေအိုကြီးကျန့်ထံသို့ တရကြမ်း တိုးဝင်လာသည်။

“နှလုံးခုန်သံ၊ မိုးကြိုးမြည်ဟိန်း…”  ဝမ်လင်းသည် တည်ငြိမ်စွာ ဆို၏။ ထိုအခါ မိုးကြိုးသံအလား နှလုံးခုန်သံသည် ပိုမြန်လာသည်။

တစ္ဆေအိုကြီးကျန့်က မာန်သွင်းလိုက်၏။ သူက သူ၏ရင်ဘက်ရှိ နာကျင်မှုကို လစ်လျူရှုကာ ဝမ်လင်းထံ တိုးဝင်လာချေသည်။

ဝမ်လင်း၏မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ် ဖြတ်ပြေးကာ သူက မာန်သွင်းအော်ဟစ်၏။ လောကရှိ အသံအားလုံးသည် တစ္ဆေအိုကြီးကျန့်ထံ စုဝေးလာသလား မှတ်ထင်ရသည်။ သူ၏နှလုံးမှာ ပျက်စီးမည့်အရိပ်အယောင် ပြသလာသည်။

တစ္ဆေအိုကြီးကျန့်၏ အမူအရာမှာ ကြမ်းကြုတ်နေ၏။ သူက သူ့ရင်ဘက်ကို တင်းတင်းဆုပ်ကိုင်ထားသည်။ သူ၏ရင်ဘက်မှာ ချိုင့်ဝင်နေကာ သူက သူ့နှလုံးကို အတင်းအကြပ် ထိန်းချုပ်ကာ နှလုံးခုန်ခြင်းကနေ ကာကွယ်နိုင်ရန် လုပ်ဆောင်သည်။

ဝမ်လင်း၏မျက်လုံးက ကျဉ်းမြောင်းသွား၏။ သူက ရှေ့သို့ ခြေလှမ်းလာသည်။ လက်သီးဆုပ်ကာ သူ့ညာလက်၌ ရှေးတောက်အော်ရာ စုဝေးသည်။ သူ၏မျက်ခုံးနှစ်ခုကြားရှိ ကြယ်ကိုးလုံးနှင့် သူ့ဘယ်ညာမျက်လုံးထဲရှိ ကြယ်ဆယ့်ခုနစ်လုံးတို့သည် လှည့်ပတ်သည်။ သူ၏ရှေးတောက်အော်ရာ အားလုံးက ထိုလက်သီးချက်တွင် စုဝေးကာ တစ္ဆေုအိုကြီးကျန့်ထံသို့ ပျံသန်းဝင်လာသည်။

ကျယ်လောင်စွာတုန်ဟည်းသံများ သည်လောကတခွင် ပျံ့နှံ့သည်။ ကောင်းကင်သည် ပျက်စီး၏။ မြေပြင်သည် ပျက်စီး၏။ လောက၏အဆုံးသပ်လေလား။ တစ္ဆေအိုကြီးကျန့်က ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။ တိုက်ပွဲ စာလုံးခုနစ်လုံးသည် တစ်ဆက်တည်း ဖြစ်ပေါ်သည်။

ယင်းတို့က ဝမ်လင်း၏လက်သီးချက်နှင့် ထိပ်တိုက်တွေ့၏။

ကျယ်လောင်စွာတုန်ဟည်းသံများ ပဲ့တင်ထပ်ကာ တိုက်ပွဲစာလုံး ခုနစ်လုံးတွင် ခြောက်လုံးသည် ပျက်စီးသွား၏။ ဝမ်လင်း၏လက်သီးချက်မှာလည်း ပျက်စီးလို့သွားသည်။ တစ္ဆေအိုကြီးကျန့်သည် တုန်ယင်ကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရ၏။ နောက်ဆုံးကျန်သည့် တိုက်ပွဲစာလုံးက ဝမ်လင်းထံ ပျံသန်းဝင်လာကာ ပေါက်ကွဲသည်။ ထိုပေါက်ကွဲအားက ဝမ်လင်း၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သည်။

ဝမ်လင်းသည် ငြီးငြူလိုက်ရပြီး သူ့ပါးစပ်ထောင့်မှ သွေးများ စီးကျလာ၏။ သူက မော့ကြည့်လိုက်ရာ ရီစီရုပ်သေးက တစ္ဆေအိုကြီးကျန့်ထံ နီးကပ်လာပြီး သူတို့စတင်တိုက်ခိုက်သည်ကို တွေ့မြင်သည်။

“သူဟာ ခုနစ်ရောင်စုံတာအိုသခင်ကို စုပ်ယူခဲ့တဲ့နောက် အများကြီး ပိုအားကောင်းလာခဲ့တယ်။ ငါဟာ ဘယ်မျက်လုံးကလွဲလို့ ယဲ့မိုရဲ့ အမွေအနှစ်အားလုံးကို ရခဲ့ပေမဲ့ ခုထိ သူ ပြိုင်ဘက် မဟုတ်သေးဘူး…။ ဒါပေမဲ့ ငါ ရှုံးရှုံး၊နိုင်နိုင် တစ်ကြိမ်တော့ စွန့်စားတိုက်ခိုက်ရမှာပဲ…”  ဝမ်လင်းသည် တည်ငြိမ်စွာသာ ရှိနေ၏။ သူက ယဲ့မိုထံမှ အမွေရခဲ့သော အသန်မာဆုံးမန္တာန်ကို တွေးတော၏။

ယဲ့မိုသည် ထိုမန္တာန်ကို ရှေးတောက်ကျောင်းတော်ကနေ သင်ယူခဲ့ခြင်း ဖြစ်၏။ ၎င်းမှာ ရှေးတောက်ကလန်၏ လျှို့ဝှက်မန္တာန် မည်၏။ ဝမ်လင်း အမွေအနှစ်၏ မှတ်ဉာဏ်များထဲ၌ သည်မန္တာန်ကို တွေ့မြင်ခဲ့ခြင်းဖြစ်ရာ သူ့အတွက် ၎င်းကို မေ့သွားဖို့မှာ ခက်ပေမည်။

ခုချိန်၌ သူသည် ဘယ်မျက်လုံးမှလွဲ၍ အမွေအနှစ်အားလုံးကို ရယူခဲ့ပြီးနောက် ထိုမန္တာန်အပေါ် များစွာ နားလည်နေပေပြီ။ သူသည် လက်ကို ဖြည်းဖြည်းချင်း ပင့်မြှောက်၍ သူ၏ရှေ့ရှိ လေဟာနယ်ထံသို့ လက်သီးဆုပ်ဟန် ပြုသည်။

“နတ်ဘုရားတုန်ယင်ခြင်း၊ စစ်တပ်အစီအရင်…”

ယဲ့မို၏ မှတ်ဉာဏ်များထဲကလို မရေမတွက်နိုင်သော တပ်သားများ ပေါ်မလာခဲ့ပေ။ ထိုလက်သီးချက် ကျရောက်လာသည်နှင့် လောကသည် တုန်ယင်ကာ ဤလောကတစ်ခုလုံးမှာ သည်လက်သီးချက်အတွင်း စုပ်ယူခြင်း ခံရသလိုပင်။ ဝမ်လင်း၏ လက်သီးချက်က သည်လောက၏ ဗဟိုချက် ဖြစ်လာသည့်အလား။

ရီစီရုပ်သေးနှင့် တိုက်ခိုက်နေသော တစ္ဆေအိုကြီးကျန့်၏ အမူအရာမှာ ပြောင်းလဲသွား၏။ သူ၏ခန္ဓာကိုယ်သည် တုန်ယင်ကာ သူက အန္တရာယ်အာရုံကို ခံစားမိလိုက်၏။ သူက လျှာထိပ်ကို ကိုက်ကာ ရီစီသားရဲ နောက်ပြန်ဆုတ်စေဖို့အတွက် ၎င်းအား ဝါးမြိုဖို့ ကြိုးစားရန် သွေးများ ထွေးထုတ်သည်။ ထို့နောက် တစ္ဆေအိုကြီးကျန့်က ဝမ်လင်းထံ တရကြမ်း ပြေးဝင်လာ၏။

သူ အနားရောက်မလာခင်မှာပင် ဝမ်လင်းက သူ့လက်သီးချက်ကို ပြန်သိမ်းနှုတ်ကာ လက်ဝါးဖြန့်၏။ တစ်ချိန်တည်းမှာ သူ၏ဘယ်မျက်လုံးထဲရှိ ရှေးဟောင်းမိစ္ဆာကြယ်ရှစ်လုံးသည် လှည့်ပတ်၍ ထိုလက်ဝါးထံ ပျံသန်းဝင်သည်။

“နတ်ဆိုးမန္တာန်၊ လေနဲ့မီးတောင်…”

လောကသည် လှည့်ပတ် ပုံပျက်ကာ လောင်ကျွမ်းနေသောလေပြင်းများ ပေါ်လာပြီး ဝမ်လင်း၏ပတ်လည်၌ တိုင်လုံးရှစ်ခု ဖြစ်ပေါ်လာသည်။ သိပ်သည်းသော နတ်ဆိုးစွမ်းအင်များ ပျံ့နှံ့လျက် ထိတ်လန့်တကြားအော်သံဟစ်သံများ ပဲ့တင်ထပ်သည်။

တစ်ချိန်တည်းမှာ သူ၏တိုင်ရှစ်လုံးကြား၌ ရှေးဟောင်းနတ်ဆိုးအရိပ်ရှစ်ခု ပေါ်လာ၏။ ယင်းနတ်ဆိုးများသည် ဟိန်းသံပေးကာ တိုင်လုံးများက ဝမ်လင်းကို လှည့်ပတ်သည်။

အဝေးမှ ကြည့်ပါက ထိုလောင်ကျွမ်းမီးတောက်များ၊ တိုင်ရှစ်လုံးမှ အခိုးအငွေ့များသည် အတူတကွ ပေါင်းစပ်ကာ မုန်တိုင်းတစ်ခုအသွင် ဖြစ်ပေါ်လာသည်နှယ်။

တစ္ဆေအိုကြီးကျန့်က သည်မီးနှင့်လေမုန်တိုင်းအတွင်းသို့ တရှိန်ထိုး ဦးတည်ဝင်လာသည်။ ကျယ်လောင်စွာ ဟိန်းမြည်၏။

ရီစီရုပ်သေးကလည်း သူ့ကို အမှီလိုက်လာသည်။

ဝမ်လင်းက လေနှင့်မီးမုန်တိုင်းအတွင်း၌ ရှိနေ၏။ လက်သီးချက်၊ လက်ဝေ့ယမ်းချက်ပြီးနောက် သူ၏ညာလက်က လေထဲတွင် ရပ်တန့်၏။ ထို့နောက် သူက လက်ညှိုးကို ဆန့်ထုတ်ကာ ရှေ့သို့ညွှန်သည်။

“မိစ္ဆာတာအို၊ ရှင်ခြင်းသေခြင်း ပြောင်းပြန်ဖြစ်စေ…”  ဝမ်လင်းက ထိုသို့ ပြောကာ တစ္ဆေအိုကြီးကျန့်ထံသို့ လက်ညွှန်သည်။ တစ္ဆေအိုကြီးကျန့်၏ အမူအရာမှာ မြန်ဆန်စွာ ပြောင်းလဲသွား၏။ သူ၏ခန္ဓာကိုယ်ထဲရှိ အသက်ဓာတ်များသည် သေခြင်းအော်ရာအဖြစ်သို့ မြန်ဆန်စွာ ပြောင်းလဲသွားသည့်နှယ်။

ဝမ်လင်း လက်ညွှန်လိုက်သည်နှင့် ဒီရှေးသင်္ချိုင်းမှာ ပျက်စီးတော့မည့် အရိပ်အယောင် ပြသလာသည်။ သည်အလွှာ၌ ဖြစ်စေ၊ သည်အလွှာ၏ အထက်၊အောက်အလွှာများ၌ဖြစ်စေ သေခြင်းတရား အငွေ့အသက်များ ပြည့်နှက်လာသည်။

ထိုသေခြင်းအော်ရာမှာ သည်နေရာတွင် သေဆုံးခဲ့သော မရေမတွက်နိုင်သော သက်ရှိများကြောင့် ဖြစ်ပေါ်လာခြင်းတည်း။ သည်အခိုက်၌ ယင်းတို့သည် ဝမ်လင်း၏မန္တာန်ကြောင့် လှုပ်ရှားလာကာ သူ့ထံ စုဝေးလာကုန်သည်။

ချက်ခြင်းပင် သေဆုံးခြင်းအော်ရာ ရောက်ရှိလာကာ အရာအားလုံးကို ခြုံလွှမ်းသည်။ ယင်းအော်ရာက ပင်လယ်တစ်ခုအလား ဖြစ်ပေါ်၏။ ပင်လယ်သေပင်။

ထိုသေဆုံးခြင်းအော်ရာအတွင်း၌ ရှေးဟောင်းမိစ္ဆာအော်ရာတစ်ခု ပျံ့နှံ့လာ၏။ လူတစ်ယောက်သည် တစ္ဆေငြီးသံများကိုလည်း ရေးတေးတေး ကြားရလေမည်သာ။

“နတ်ဘုရား၊ နတ်ဆိုး၊ မိစ္ဆာ၊ ရှေးတောက်၊ ကောင်းကင်ဘုံသားဟူ၍ မရှိ…”  ဝမ်လင်းသည် ခပ်တိုးတိုး ရေရွတ်ကာ သူ့လက်နှစ်ဖက်ကို ဖြန့်ကား၍ ညင်သာစွာ ရှေ့သို့ တွန်းထုတ်သည်။ ရှေးကလန်သုံးခု၏ စွမ်းအားက သူ၏ခန္ဓာကိုယ်တွင်း၌ မြင့်တက်လာ၏။

ကြယ်ကိုးလုံး ရှေးဟောင်းနတ်ဘုရား။

ကြယ်ကိုးလုံးရှေးဟောင်းမိစ္ဆာ။

ကြယ်ရှစ်လုံး ရှေးဟောင်းနတ်ဆိုး။

သည်စွမ်းအား သုံးခုက ဝမ်လင်း၏ခန္ဓာကိုယ်တွင်း၌ စုဝေး၍ ရှေးတောက်စွမ်းအား ဖြစ်ပေါ်သည်။ ဤသည်မှာ ဝမ်လင်း ပိုင်ဆိုင်သည့် အစွမ်းထက်ဆုံးစွမ်းအားပင်။ ယင်းတို့က ဝမ်လင်း၏ညာလက်တွင် စုဝေး၏။ သူ့လက်ကလည်း ရှေ့သို့ ရွှေ့လျားနေစဉ် ဧရာမအရိပ်တစ်ခုသည် သူ၏နောက်တွင် ပေါ်လာလေသည်။

ထိုအရိပ်မှာ ဦးခေါင်းတစ်လုံး ဖြစ်၏။ ထိုဦးခေါင်းသည် လောကတစ်ခုမျှ ကြီးမားကာ သည်လောက၏ နေရာအများစုကို သိမ်းပိုက်သည်။ ၎င်းထံမှ သုန်မှုန်ရှေးကျသောအော်ရာကို ပေးစွမ်းသည်။ ၎င်း၏ပုံပန်းသွင်ပြင်သည် ယဲ့မို၊ ဝမ်လင်းတို့နှင့် မတူပေ။ ထူးခြား၏။ ဝမ်လင်းသည် ၎င်းမှာ မည်သူဖြစ်သည်ကို မသိပေ။ သို့သော် သူက ရင်းနှီးသောခံစားချက် ရ၏။

ထိုခံစားချက်မှာ သူ့သွေးမျိုးဆက်မှ လာခြင်းပင်။ သူ ရှေးဘိုးဘေးထံမှ ရခဲ့သော စိတ်ဝိညာဉ်သွေးထံမှ ဖြစ်ပေါ်လာခြင်းပင်။

အကယ်၍ ဝမ်လင်းသာ အင်မောတယ်ကောင်းကင်ဘုံနယ်မြေသို့ ရောက်ကာ လောကကို အထက်စီးမှ အထင်သေးဟန်ဖြင့် ကြည့်နေသော မိုးထိမြင့်မားသော ရုပ်တုကြီးကို တွေ့မြင်ခဲ့ပါက သူသည် ခု ပေါ်လာသော ဦးခေါင်းသည် ထိုရုပ်တု၏ ဦးခေါင်းနှင့် အတူတူ ဖြစ်သည်ကို သိရှိပေလိမ့်မည်။

“ရှေးဘိုးဘေး…”  အကွာအဝေးတစ်ခု၌ ရွှမ်လော၏ခန္ဓာကိုယ်သည် တုန်ယင်၏။ သူက ထိုဦးခေါင်းထံသို့ တလေးတစား ကြည့်သည်။

ထိုဦးခေါင်း၏ မျက်လုံးတို့မှာ ဝေဝါးကာ ရှင်းရှင်းလင်းလင်း မြင်ရဖို့ မဖြစ်နိုင်ပေ။ သည်အခိုက်၌ ၎င်းက ပါးစပ်ဟကာ အသက်ရှုထုတ်သည်။ ထိုအသက်ရှုခြင်းက လေပြင်းအလား တစ္ဆေအိုကြီးကျန့်နှင့် သည်ရှေးသင်္ချိုင်းတစ်ခုလုံးကို ဆန့်ကျင်လေသည်။

လေပြင်းများ ရုန်းကြွကာ မြေပြင်ထု ပျက်စီး၏။ အက်သံများသည် သည်ရှေးသင်္ချိုင်း၊ သည်အလွှာ၏ ကောင်းကင်ထက်မှ ထွက်ပေါ်လာသည်။ ကောင်းကင်သည် မီးခိုးရောင်သန်းလာကာ ကျောက်တုံးတစ်ခုအဖြစ်သို့ ပြောင်းလဲလေ၏။ မြေပြင်မှာလည်း မီးခိုးရောင်အလင်း၏ ဖုံးအုပ်ခြင်း ခံရကာ လုံးဝ ကျောက်သား ဖြစ်သွားသည်။

သည်အလွှာသာမကပေ။ ထိုအော်ရာ ပျံ့နှံ့သည့်အခါ ယဲ့မို၏နှလုံး မရှိတော့သော နောက်ဆုံးအလွှာသည်လည်း ကျောက်သားအဖြစ်သို့ ပြောင်းရ၏။ အထက်ရှိ မြူများ ဖုံးနေသော အလွှာသည်လည်း ကျောက်သားအဖြစ်သို့ ပြောင်း၏။ သည်ရှေးသင်္ချိုင်းတစ်ခုလုံးသည် ထိုအသက်ရှုသံ ပျံ့နှံ့သည့်အခါ ကျောက်သားအဖြစ်သို့ ပြောင်းကုန်သည်။

တစ္ဆေအိုကြီးကျန့်၏ မျက်လုံးသူငယ်အိမ်မှာ တုန်လှုပ်ကာ ကြုံ့သွားလေ၏။ သူ၏မျက်နှာသည် ဖြူရောပြီး သူက အရူးအမူး နောက်ဆုတ်သည်။ သူက သူ့နောက်သို့ လိုက်လာသော ရီစီရုပ်သေးကိုပါ လစ်လျူရှုထားသည်။ သူ နောက်ဆုတ်နေရင်း သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေရာ ခုနစ်ရောင်စုံအခိုးအငွေ့သည် သူ၏ခန္ဓာကိုယ်မှ ထွက်လာကာ ၎င်းကို ဝတ်ရုံဖြင့် ခြုံလွှမ်း၏။ ထိုဝတ်ရုံက သူ့အား ခြုံလွှမ်းသည့်အခါ ရှေးတောက်အသက်ရှုမှုက ဖြတ်သန်းတိုက်ခတ်သည်။

ခုနစ်ရောင်စုံစိတ်ဝိညာဉ်သည် ကျောက်သားအဖြစ်သို့ ချက်ခြင်းပြောင်းတော့၏။ သည့်နောက် သူ၏ ဒုတိယစိတ်ဝိညာဉ်မှာလည်း အလားတူအဖြစ်သို့ ရောက်၏။ အဆုံးသပ်၌ တစ္ဆေအိုကြီးကျန့်၏ ခန္ဓာကိုယ်မှာလည်း မီးခိုးရောင်လင်းလက်ကာ ကျောက်သား ဖြစ်သွားသည်။

အရာအားလုံးသည် အဆုံးသပ်သွားပြီဟု ထင်ရ၏။ သို့သော် တစ္ဆေအိုကြီးကျန့်နှင့် စိတ်ဝိညာဉ်နှစ်ခုတို့သည် ကျောက်သား ဖြစ်သွားသည့်အချိန်၌ အက်ကွဲသံများ ပဲ့တင်ထပ်လာသည်။ ထိုကျောက်သား ပျက်စီးသွားသည့်အခါ စိတ်ဝိညာဉ်နှစ်ခုက တစ္ဆေအိုကြီးကျန့်၏ ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရောက်သည်။ သူ၏ခန္ဓာကိုယ်သည် တုန်ယင်ကာ သွေးအန်လိုက်ရပြီး သူသည် အလန့်တကြား နောက်ဆုတ်သွားတော့သည်။ သူသည် ထိတ်လန့်မိလေပြီ။

သူ နောက်ဆုတ်သွားစဉ် ကျောက်သားဖြစ်သွားသော ကောင်းကင်သည် ပျက်စီး၏။ ဟင်းလင်းပြင်အက်ကြောင်း မြောက်မြားစွာ ပေါ်လာခြင်းနှင့်အတူ သည်ရှေးသင်္ချိုင်းတစ်ခုလုံးသည် ပျက်စီးလေသည်။

လေးခုမြောက်အနက်ရောင်ပန်းပွင့်သည် ရုတ်တရက် ပျက်စီးကာ မုန်တိုင်းအသွင်သို့ ပြောင်း၍ တစစီ ဖြစ်သွားတော့သည်။

ဝမ်လင်း၏ပါးစပ်ထောင့်မှ သွေးများ စီးကျလာ၏။ သူက တောင့်မထားနိုင်ဘဲ သွေးများ အန်ထွက်လိုက်ရသည်။ သူသည် နောက်သို့ ပေတစ်ထောင်ကျော် ဆုတ်၏။ သူ၏မျက်လုံးထဲ၌ ခါးသီးမှုတို့ ရှိနေလေသည်။

“ငါဟာ ရှေးတောက်စွမ်းအားကို အစွမ်းကုန် အသုံးပြုခဲ့တယ်။ ဒါပေမဲ့ သူ လွတ်မြောက်သွားနိုင်တုန်းပဲ။ ငါဟာ ဒါကို အချိန်မရွေးထပ်သုံးနိုင်တဲ့ စွမ်းအား ရှိမနေဘူး။ ငါ့မှာ ဘယ်မျက်လုံး ရခဲ့ရင်၊ ငါ့ရှေးဟောင်းနတ်ဆိုးဟာ ကြယ်ကိုးလုံး ပိုင်ဆိုင်ခဲ့ရင် ဒီတိုက်ပွဲက ခုလောက်ထိ ခက်ခဲလိမ့်မှာ မဟုတ်ဘူး…”

“ငါ ခုထိ သူ့ကို မယှဉ်နိုင်သေးဘူး။ ထားလိုက်ပါတော့လေ။ ငါ ငါးခုမြောက်ပန်းပွင့်ရှိ သွားပြီး အင်မောတယ်ကောင်းကင်ဘုံကုန်းမြေဆီ ဦးတည်တဲ့ တံခါးအစစ်ကို ရှာရမယ်။ အဲ့ဒီနောက် ငါဟာ အဲ့တံခါးကို ဖွင့်လှစ်ပြီး အင်မောတယ်ကောင်းကင်ဘုံကုန်းမြေက ထွက်ပေါ်လာတဲ့ စွမ်းအားကို အသုံးချပြီး သူ့ကို ချိပ်ပိတ်ရမယ်…”

ဝမ်လင်းသည် သက်ပြင်းချကာ သည်ပျက်စီးသွားသော ရှေးသင်္ချိုင်းထံမှ ပျောက်ကွယ်သွားတော့သည်။

All Chapters