← Chapters

တံခါးပေါ်လာအောင် လုပ်ခြင်း

Vol. 133 Ch. 1834

တံခါးပေါ်လာအောင် လုပ်ခြင်း

Vol. 133 Ch. 1834

တတိယစိတ်ဝိညာဉ်၌ ငါးလအတွင်း ပြိုင်ပွဲနှင့် ပတ်သတ်၍ အထင်အရှား မှတ်ဉာဏ် ရှိထားသည်။ သည်ပြိုင်ပွဲတွင် တိမ်တာအိုကောင်းကင်ဘုံပညာရပ်ကို ရခဲ့ပြီးနောက် သူ၏ကျင့်ကြံမှုအဆင့်ဖြင့် ကျိုးလီက သူ့မျိုးဆက်များကြား၌ ထိတ်ဆုံးဆယ်ယောက်တွင် ပါဝင်ခဲ့သည်။ ထိုအခါ သူသည် တန်လင်းရေကန်၌ ကျင့်ကြံခွင့် ရခဲ့သည်။

စုတောက်ကမူ တိမ်တာအိုကောင်းကင်ဘုံပညာရပ်ကို မကျင့်ကြံရတော့သည့်နောက် သူက ပို၍ပင် တွန့်ဆုတ်တွန့်ဆုတ် ဖြစ်လာသည်။ သူ့စိတ်နေစိတ်ထားမှာလည်း အမှောင်ကျခဲ့ရ၏။

သူက ထိုပြိုင်ပွဲတွင် ရှုံးခဲ့၏။ သည်ပြိုင်ပွဲက စုတောက်၏ ဘဝအလှည့်အပြောင်းဟုပင် ပြောနိုင်၏။ သူ၏စိတ်နေစရိုက်ကို ပြောင်းလဲသွားစေသော အကြောင်းရင်းကြီးလည်း ဟုတ်သည်။

လာမည့်နှစ်များ၌ စုတောက်က လူများနှင့် စကားပြောခဲကာ တံခါးပိတ်ကျင့်ကြံ၍သာ နေတော့၏။ သူ ဘိုးဘေးနှင့်မတွေ့ခင် အချိန်ထိပင်။ ဘိုးဘေးနှင့် တွေ့ဆုံခဲ့ပြီးနောက် ဘိုးဘေးက သူ့ကို သင်ကြားပေးခဲ့ရာ သူသည် တဖြည်းဖြည်း ခေါင်းပြန်မော့လာခဲ့သည်။

ကံမကောင်းစွာဖြင့် ထိုအရာသည် ကြာရှည်သိပ်မခံခဲ့ပေ။ မထင်မှတ်ဖွယ် ကြုံတွေရမှုကြောင့် စုတောက်သည် တန်လင်းကလန်မှ ထုတ်ပယ်ခံခဲ့ရသည်။ ထို့နောက် နှစ်ပေါင်းမရေမတွက်နိုင်သော ကြာမြင့်ပြီးနောက် တန်လင်းကလန်မှ စုတောက်ဟူ၍ ဆက်မရှိတော့။ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ ဟူ၍ ဖြစ်လာပြီး ရက်စက်တတ်သူ၊ ကြမ်းကြုတ်သူဟူ၍ ဖြစ်လာ၏။ နောက်ဆုံးတွင် သူက တာအိုခုနစ်ခုကလန်ကို ထူထောင်ဖန်တီး နိုင်ခဲ့သည်။

ကျိုးလီကမူ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူက သူ၏တာအိုကို ပြီးမြောက်သည့်နေ့၌ သူက ကျိုးလီကို ဖမ်းကာ ရက်ရက်စက်စက် သတ်ဖြတ်ပစ်ခဲ့သည်။

ထိုအဖြစ်သနစ်များက ဝမ်လင်း၏စိတ်ထဲ၌ ပန်းချီကားများအလား ခင်းကျင်းပြသနေ၏။ သူက မြစ်ဘေးရှိ တောင်ပေါ်၌ ထိုင်နေ၏။ သူသည် ထိုမြစ်ကို ကြည့်နေသည်။ သူသည် အချိန်စီးဆင်းမှုကို ကြည့်နေသည့်အလား။

ဤသည်မှာ စုတောက်၏ဆရာ သူ့ကို တိမ်တာအိုကောင်းကင်ဘုံပညာရပ် သင်ပေးပြီး သုံးရက်မြောက်နေ့ ဖြစ်၏။ သူ၏ဆရာ ဖြစ်သူက တံခါးပိတ်ကျင့်ကြံဖို့ ပြန်သွားခဲ့လေပြီ။ ကျိုးလီကလည်း တံခါးပိတ် ကျင့်ကြံနေသည်။ စုတောက်အပေါ် သူ့အမုန်းတရားက အတိတ်တုန်းက သူ့အပေါ် စုတောက်မုန်းတီးခဲ့သလိုမျိုးပင်။

မြစ်သည် ဆက်၍ စီးဆင်းနေသည်။ တတိယစိတ်ဝိညာဉ်၏ မှတ်ဉာဏ်သည် ဝေဝါးလာကာ တိမ်တာအိုကောင်းကင်ဘုံပညာရပ်က အစားထိုး ဝင်ရောက်လာသည်။

တန်လင်းကလန်သည် ကလန်ကိုးခု၊ အင်အားဆယ့်သုံးခုထဲမှ တစ်ခု ဖြစ်၏။ ၎င်းကလန်သည် ခရမ်းနေကလန်လောက် အစွမ်းမထက်သော်လည်း အလွန်ထူးခြားသည်ပင်။ သူတို့၏ တပည့်များက အပြင်ဘက်သို့ ထွက်ခဲလှ၏။ တန်လင်းကလန်၏ မဟာပညာရပ်သုံးခုသည် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေပေါ်တွင်ပင် ကျော်ကြားသသလို ရှေးအချိန်တည်းက မျိုးဆက်များစွာ လက်ဆင့်ကမ်းလာခဲ့ခြင်းပင်။

မဟာပညာရပ်သုံးခုထဲ၌ တိမ်တာအိုကောင်းကင်ဘုံ ပညာရပ်သည် နက်ရှိုင်းလေးနက်လှသည်။ ၎င်းသည် လောကရှိ တိမ်စိုင်များအပေါ် အာရုံစူးနစ်ရ၏။ ၎င်းသည် လောကရှိ မဟာတာအိုကဲ့သို့ ဆန်းကြယ်သိမ်မွေ့သည်။ တိမ်စိုင်များနှင့် သမူဟ ဖြစ်ပြီးနောက် ထိုတိမ်စိုင်ကို အသုံးချကာ လောကရှိ အနှစ်သာရကို စုပ်ယူခြင်းပင်။ ထို့နောက် တိမ်တာအို၏ ကြီးမြတ်သောမန္တာန်များကို ခင်းကျင်းအသုံးပြုနိုင်မည် ဖြစ်သည်။

လူတစ်ယောက်က ကိုယ်ပိုင်တိမ်သားရဲကို ဖြစ်ပေါ်စေပြီး တိမ်များကို ဝါးမြိုပြီးနောက် မြူများကို ထွေးထုတ်စေခြင်းသည် ထိုပညာရပ်၏ ပထမဆုံးမန္တာန်ပင်။ ထိုမန္တာန်သည် မိတ်ဆက်ပညာရပ်အတွင်း၌ ကွယ်ဝှက်ထားသည်။ လူတစ်ယောက်သည် မိတ်ဆက်ပညာရပ်ကို အကန့်အသတ်ထိ ကျင့်ကြံနိုင်ပါက သည်မန္တာန်ကို နားလည်နိုင်မည်ပင်။

တခြားသူများအတွက် တိမ်တာအိုပညာရပ်ကို နားလည်ဖို့ အချိန်အများအပြား လိုအပ်ပေမည်။ သို့ပေမည့် ဝမ်လင်းကမူ ကျင့်ကြံမှုအဆင့် မြင့်မားပြီး ဖြစ်၏။

ထို့အပြင် ဝမ်လင်းသည် အနှစ်သာရခုနစ်ခုကို သူ ကိုယ်တိုင်နားလည်အောင် ဆင်ခြင်ကာ ပိုင်ဆိုင်လာခဲ့သူ ဖြစ်သေး၏။ ထို့အတွက် သည်မိတ်ဆက်ပညာရပ်ကို ကျင့်ကြံခြင်းသည် သူ့အတွက် အလွန်ရိုးစင်းပေသည်။

သူ၏ရှေ့ရှိ မြစ်ထံမှ အခိုးအငွေ့အမျှင်တန်းများ  လွင့်မြော ထွက်ပေါ်လာကာ သူ၏ထံသို့ ပျံသန်းဝင်လာသည်။ သူ့ကို အကြိမ်အနည်းငယ် လှည့်ပတ်စေပြီးနောက် ယင်းအခိုးငွေ့များသည် သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သည်။

ထိုအခိုးအငွေ့များသည် သည်မြစ်၏ အစအဆုံးကနေ ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။ ယင်းတို့မှာ တိမ်စိုင်များကဲ့သို့ပင်။ ယင်းတို့အားလုံးက ဝမ်လင်းထံသို့ ပျံသန်းဝင်လာကာ သူ၏ခန္ဓာကိုယ်ထဲသို့ ဖြည်းဖြည်းချင်း ဝင်ရောက်သည်။

ဝမ်လင်း၏ပုံရိပ်သည် တိမ်စိုင်များကြား၌ တဖျတ်ဖျတ် ဖြစ်ပေါ်၏။

သိပ်မကြာခင်တွင် ဝမ်လင်းသည် သူ့ပတ်လည် ပေတစ်ထောင်အတွင်း၌ သူ့လက်ချောင်းများကိုပါ သူ မမြင်ရနိုင် ဖြစ်လာ၏။ အဖြူရောင်တိမ်စိုင်များသည် အတွင်း၌ နဂါးတစ်ကောင် ရွှေ့လျားလေသည့်အလား လှုပ်ရှားကုန်သည်။

“ငါ ဒီငါးခုမြောက်ပန်းပွင့်ထဲကနေ ထွက်သွားတာနဲ့ ဒီတိမ်တာအိုကောင်းကင်ဘုံပညာရပ်ကို ဆက်ပြီး ကျင့်ကြံနိုင်အုံးမလား ငါ သိချင်မိတယ်…” ဝမ်လင်းသည် အဖြူရောင်တိမ်များကြား၌ စဉ်းစားလို့နေ၏။

သူသည် ထိုမန္တာန်ကို နှစ်ရက်တာသာ ကျင့်ကြံရသေးသော်လည်း ၎င်းသည် မည်မျှအစွမ်းထက်ကာ ကျယ်ပြောသည်ကို မြင်တွေ့မိနေပေပြီ။ သူ၏ခန္ဓာကိုယ်ထဲရှိ တိမ်စိုင်များကို စုပ်ယူသည့်နည်းလမ်းက သူ၏ခန္ဓာကိုယ် ဖွဲ့စည်းပုံကိုပါ တိမ်စိုင်များကဲ့သို့ ဖြစ်လာသည့်အထိ ပြောင်းလဲနိုင်၏။ ၎င်းသည် လောကထံမှ ခွဲထွက်ကာ တခြားသူများကို သူ့ကို ဖြတ်မြင်နိုင်ဖို့ ခက်ခဲလိမ့်မည်။

ဝမ်လင်းသည် မြစ်ဘေး၌ ထိုင်နေ၏။ တလတာမှာ ခဏအတွင်း ကုန်လွန်သွား၏။ သည်အချိန်အတွင်း ဝမ်လင်းသည် နေရာတွင် ထိုင်နေလျက် သည်လောက၏ ဖန်တီးမှုကို စုပ်ယူလို့နေသည်။ အဖြူရောင်အခိုးငွေ့ အမျှင်တန်းများက သူ၏ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်လာကာ သူ့အား နွေးထွေး၍သက်တောင့်သက်သာဖြစ်မှုကို ပေးစွမ်းသည်။

သူသည် ထိုပညာရပ်ကို ပို၍ ကျင့်ကြံလေလေ ပုံပျက်ယွင်းမှုနှင့် ပျက်စီးခြင်း အရိပ်လက္ခဏာများက ပိုပေါ်လာလေပင်။ သို့ပေမည့် သည်မှတ်ဉာဏ်ကို အထက်အောက်ပြောင်းပြန် လှန်ပစ်သလိုမျိုး တိုက်ရိုက် မပြောင်းလဲပစ်နိုင်ပါက သည်မျှ ပျက်ယွင်းမှု၊ရှုပ်ထွေးမှုက ဝမ်လင်းကို တံခါးချပ်အစစ် ရှာတွေ့စေဖို့အထိတော့ မလုံလောက်သေးပေ။

သည်နေ့တွင် ဝမ်လင်းပတ်လည်ရှိ တိမ်စိုင်များသည် လုံးဝ ကွယ်ပျောက်သွား၏။ တိမ်စိုင်များအားလုံးက သူ၏ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်လာသည့်အခါ၌ ဝမ်လင်းသည် မျက်လုံးဖွင့်လာသည်။ သူ၏မျက်လုံးသည် တိမ်စိုင်များကဲ့သို့ပင် ဝေဝါးသည်။ သို့သော် တခြားသူများကို ထောက်လှမ်းနိုင်သည့် ထူးခြားသောအားတစ်ခု ပါဝင်နေသည်။ တခြားသူများကသာ သူ၏မျက်လုံးကို ကြည့်မိပါက သူတို့သည် သိပ်သည်းသောတိမ်စိုင်များဖြင့် ဝန်းရံခြင်း ခံရသကဲ့သို့၊ သူတို့ကိုယ်သူတို့ ဆုံးရှုံးသွားသလိုမျိုး ခံစားမိပေလိမ့်မည်။

“ဒီပညာရပ်ဟာ…သာမန်မဟုတ်ဘူးပဲ…” ဝမ်လင်းသည် ပါးစပ်အပြည့် လေမှုတ်ထုတ်လိုက်၏။ သည်လေက မီးခိုးရောင်မြူအလား နဂါးတစ်ကောင်ကဲ့သို့ ရွှေ့လျားသွားသည်။ ၎င်းသည် ပေသုံးဆယ်ကျော်ထိ ဆန့်ထွက်သွားပြီးမှ တဖြည်းဖြည်း လွင့်ပါးပျောက်ကွယ်သွားသည်။

“ဒီမှာရှိတဲ့ တိမ်စိုင်တွေဟာ သိပ်ပြီးတော့ မသိပ်သည်းလှဘူး။ ဒါ့ကြောင့် ဒီပညာရပ်ကို ကျင့်ကြံဖို့အတွက် မလုံလောက်ဘူး။ ငါသာ မိတ်ဆက်ပညာရပ်ပိုင်းကို ပြီးမြောက်စေချင်ရင် ဒီမှတ်ဉာဏ်ကိုကို ပြောင်းစေချင်ရင် ငါ့အနေနဲ့ တိမ်တွေ ပိုစုပ်ယူနိုင်ဖို့ ရှာဖွေဖို့ လိုမယ်…”

ဝမ်လင်းသည် ထရပ်၏။ သူ၏မျက်လုံးသည် တောက်ပလာသည်။ သူ့စိတ်ထဲ၌ ပုံရိပ်တစ်ခု ပေါ်လာ၏။

လွန်ခဲ့သောတစ်လက စုတောက်၏ ဆရာဖြစ်သူသည် ဝမ်လင်းကို တိမ်တာအိုကောင်းကင်ဘုံပညာရပ် သင်ပေးခဲ့ချိန်တည်းက မူလမှတ်ဉာဏ်ကို ပြောင်းလဲစေခဲ့ပြီး ပုန်းကွယ်နေသော တံခါးရှစ်ချပ် ပေါ်လာစေခဲ့သေးသည်။

သို့ပေမည့် ထိုတံခါးရှစ်ချပ်ကို ခံစားမှုက ချက်ခြင်း ပျောက်ကွယ်သွားကာ ဝမ်လင်းသည် ယင်းတို့၏ တည်နေရာအကြမ်းဖျဉ်းကိုသာ ရလိုက်သည်။ သည်တစ်လအတွင်း ဝမ်လင်းသည် ထိုပညာရပ်ကို ကျင့်ကြံနေစဉ် ဆက်တိုက်ပုံပျက်မှုများက သူ့ကို ထိုတံခါးရှစ်ချပ်၏ တည်နေရာများအား တဖြည်းဖြည်း ပိုရှင်းလင်းစွာ မြင်လာစေသည်။

ဝမ်လင်းသည် ထရပ်ကာ လေထဲသို့ ခုန်လိုက်၏။ သူက သည်မြစ်ထံမှ ပျောက်ကွယ်သွားပြီး တန်လင်းကလန်၏ ကောင်းကင်ထက်တွင် ပေါ်လာသည်။ သူသည် မရပ်တန့်ဘဲ အဖြူရောင်တိမ်များက သူ့အား ဝန်းရံလာကာ တိမ်စိုင်တစ်ခုအလား ရှေ့သို့ ဆက်သွားနေ၏။

“တိမ်တာအိုပညာရပ်၊ အဆုံးအဆမဲ့လင်းလက်မှု…”

ကောင်းကင်ထက်၌ အနက်ရောင်တိမ်စိုင်များသည် ဒီဧရိယာကို ဖုံးလွှမ်းနေ၏။ မိုးကြိုးသံများ တုန်ဟိန်းနေသည်။ မိုးစက်များသည် အောက်ဘက်ရှိ လွင်ပြင်ပေါ်သို့ ကျဆင်း၏။ တိမ်စိုင်များသည် ကျယ်ပြောစွာဖုံးလွှမ်းလာကာ အောက်ဘက်၌ မြို့တစ်မြို့ ရှိလို့နေ၏။ ထိုမြို့သည် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ မရေမတွက်နိုင်သော သေမျိုးများ နေထိုင်ရာမြို့ ဖြစ်သည်။

ဝမ်လင်းသည် အနက်ရောင်တိမ်စိုင်များကြား၌ ထိုင်နေ၏။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို  ဖြစ်စေကာ ဝေ့ယမ်းလိုက်သည်။ မိုးကြိုးသံက ပိုပြင်းထန်လာပြီး လျှပ်စီးများမှာ တိမ်လွှာတိမ်စိုင်များကြား အဆုံးမဲ့စွာ လူးလားနေ၏။ မိုးများသည် မြန်သထက်မြန်စွာ ရွာသွန်းလာသည်။

သို့ရာတွင် တိမ်စိုင်များသည် တဝီဝိစတင် လှည့်ပတ်ကာ ၎င်းတို့ထံမှ အမျှင်တန်းများသည် ထုတ်နှုတ်ခြင်း ခံရပြီး ဝမ်လင်း၏ခန္ဓာကိုယ်တွင်းသို့ ရောက်ရှိသည်။

ဖျတ်ခနဲအတွင်း ခုနစ်ရက်တာ ကုန်လွန်သွားသည်။ ခုနစ်ရက်ပြီးနောက် အနက်ရောင်တိမ်စိုင်များသည် ပါးလှပ်လာသည်။ တိမ်စိုင်တစ်ခုက စိတ်ဝိညာဉ် ရှိလာသည့်နှယ် ရှေ့သို့ မြန်ဆန်စွာ ရွှေ့လျားနေ၏။

၎င်းက နောက်ထပ်တိမ်စိုင်တစ်ခုနှင့် ထိမိသည့်အခါ ယင်းတိမ်စိုင်သည် စတင်လှည့်ပတ်ကာ စုပ်ယူခြင်း ခံရသည်။ ထို့နောက် လက်ဝါးအရွယ်အစားရှိ တိမ်စိုင်တစ်ခုက မြန်ဆန်စွာ ရွှေ့လျားလေသည်။

နောက်ထပ် ခုနစ်ရက် ကုန်လွန်သွားပြန်လေပြီ။ ဖျတ်ခနဲအတွင်း ဝမ်လင်း တိမ်တာအိုကောင်းကင်ဘုံပညာရပ်ကို သင်ယူနေသည်မှာ နှစ်လတာ ရှိလာခဲ့ပြီ ဖြစ်၏။ တိမ်စိုင်တစ်ခုက တနေရာသို့ မြန်ဆန်စွာ ကြုံ့လာပြီး တိမ်နဂါးခုနစ်ကောင်အဖြစ်သို့ ပြောင်းလဲကာ ၎င်းတို့၏အတွင်း၌ ပုံရိပ်တစ်ခု လှစ်ဟပေါ်သည်။

ဝမ်လင်းသည် အသက်ဝဝရှိုက်သွင်း၍ မျက်လုံးဖွင့်လာ၏။ သူ၏မျက်လုံးသူငယ်အိမ်မှာ ကွယ်ပျော်နေကာ တိမ်စိုင်များ၏အစားထိုးခြင်းကို ခံရသည်။ ၎င်းမှာ တုန်လှုပ်ဖွယ် မြင်ကွင်းတစ်ခုပင်။

“ဒီနှစ်လအတွင်း ငါက တိမ်တာအိုပညာရပ်ရဲ့ စဦးပိုင်းကနေ အဆင့်ကိုးထိ ကျင့်ကြံခဲ့ပြီးပြီး။ ပြီးပြည့်စုံမှုကို ရောက်ဖို့ တစ်ဆင့်ပဲလိုတော့တယ်။ ဒါပေမဲ့ ဒါဟာ အကြီးမားဆုံး ရိတ်သိမ်းနိုင်မှု မဟုတ်သေးဘူး။ တကယ့် ရိတ်သိမ်းနိုင်မှုက ဒီနှစ်လဟာ မှတ်ဉာဏ်တွေကို ပြောင်းလဲစေနေတဲ့အတွက် ငါဟာ တံခါးရှစ်ချပ်ထဲက တစ်ခုကို ရှာတွေ့ခဲ့တာပဲ…”  ဝမ်လင်း၏မျက်လုံးထံမှ ဆန်းကြယ်သောအလင်း လှစ်ဟပေါ်၏။ သို့သော် ထိုအလင်းက သူ၏မျက်လုံးထဲရှိ တိမ်စိုင်တို့ကို ဖြတ်သန်းလေရာ ၎င်းအဖြစ်သည် ထူးခြားနေတော့သည်။

သူ့စိတ်ဖြင့် ရေးဆွဲထားသော မြေပုံထဲ၌ တံခါးတစ်ချပ်သည် ရှင်းရှင်းလင်းလင်း ပေါ်လာခဲ့သည်။

“ငါသာ ကံကောင်းခဲ့ရင် တစ်ချက်ကြိုးစားကြည့်ရုံနဲ့ တံခါးချပ်အစစ်ကို တွေ့နိုင်လောက်တယ်…”  ဝမ်လင်းသည် ရှေ့သို့ ဆက်လှမ်းလာကာ အောက်ဘက်ရှိ မြေပြင်ထက်သို့ ဦးတည်သည်။ သူ၏အောက်၌ မိုးထိမြင့်မားသော တောင်တန်းများနှင့် အဆုံးမရှိသည့်အလားထင်ရသော တောအုပ်တစ်ခု ရှိနေသည်။ ထိုတောအုပ်အတွင်းမှ ရံဖန်ရံခါ သားရဲ ဟိန်းသံများကိုလည်း ကြားရတတ်သည်။

ဖျတ်ခနဲအတွင်း ဝမ်လင်းသည် တောအုပ်ထံသို့ ဦးတည်လာ၏။ သူက သူ့စိတ်ထဲ၌ ခံစားမိခဲ့သော တံခါးချပ်ထံ ဦးတည်လာခြင်းတည်း။

သိပ်မကြာခင်တွင် ဝမ်လင်းသည် သာမန်သာထင်ရသည့် သစ်ပင်တစ်ပင်ရှေ့၌ ရပ်လိုက်၏။ ထိုသစ်ပင်သည် ပေတစ်ရာကျော် ရှည်လျား၍ လူတစ်ယောက်သည် ၎င်းနှင့် ယှဉ်ပါက သေးငယ်နေမည်ပင်။

ပေတစ်ထောင်ကျော် ရှည်လျားသော ဧရာမစပါးအုံးမြွေ တစ်ကောင်က ထိုသစ်ပင်ကို ထွေးပတ်ထား၏။ ၎င်းမြွေက လျှာထုတ်ကာ ဝမ်လင်းကို အေးစက်စက် ကြည့်သည်။

ဝမ်လင်းသည် ထိုမြွေကို လစ်လျူရှုကာ သူ့ညာလက်ကို ထိုအပင်ပေါ်သို့ တင်၍ ဖြည်းဖြည်းချင်း မျက်လုံးမှိတ်လိုက်သည်။

ထိုမြွေ၏ဦးခေါင်းသည် ကြုံ့သွားပြီးနောက် ၎င်းက သစ်ပင်ပေါ်သို့ တက်သွား၏။ ၎င်းသည် ဝမ်လင်း၏ ကြောက်မက်ဖွယ်ကောင်းမှုကို ခံစားမိ၍ သူ့ကို ရန်မစဝံ့ချေ။

ပေဒါဇင်ချီလောက် တက်သွားပြီးနောက် ထိုမြွေက သစ်ပင်ပေါ်မှ ခုန်ထွက်ကာ မြေပြင်ထက်သို့ ကျရောက်သွားသည်။ ၎င်းသည် သစ်ရွက်ကြွေများကို လေထဲသို့ မြောက်တက်သွားစေ၏။ ထို့နောက် ယင်းမြွေက တောအုပ်ထဲသို့ လျှောတိုက်ဝင်ရောက်သွားသည်။

ထိုစပါးအုံးမြွေ ထွက်ခွာသွားသည်နှင့် ဝမ်လင်းက မျက်လုံးဖွင့်လာကာ ၎င်းကို ကြည့်သည်။ သူက ရှေ့သို့ တန်းတန်းမတ်မတ်တိုးကာ သည်မြွေ၏ အမြီးကို ဖမ်းဆွဲလိုက်သည်။ ထိုမြွေ၏ ခန္ဓာကိုယ်က တွမ့်လိမ်ကာ ၎င်းက ရုန်းကန်ဖို့ ကြိုးစား၏။ ၎င်း၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်အနက်ရောင်အလင်း ထွက်ပေါ်လာသည်။

ထိုအခါ ယင်းမြေ၏ ကျောပေါ်၌ တံခါးချပ်တစ်ခု၏ အရိပ်သည် ဖြည်းဖြည်းချင်း ပေါ်လာသည်။

ထိုမြွေသည် တံခါးရှစ်ချပ်ထဲမှ တစ်ခု ဖြစ်နေ၏။ ဝမ်လင်းက ဤသည်ကို ၎င်းမြွေ ထွက်ခွာဖို့ ကြိုးစားသည့်အခါ၌ ရှင်းလင်းစွာ ခံစားမိသည်။ သူက ၎င်းကျောပေါ်ရှိ တံခါးချပ်ကို စိုက်ကြည့်ကာ ရှေ့သို့ ခြေလှမ်းလိုက်သည်။

All Chapters