ပီပြင်သည့်သရုပ်ဆောင်စကေး
Vol. 95 Ch. 1332
နဂါးကိုးကောင်နတ်မင်းဆက်အတွင်းဆိုပါက တောင်ထိပ်ရှစ်သွယ်မိုးကြိုးအကျဉ်းထောင်က အမှန်တကယ်ပင် မလုံလောက်ပုံရသည်။
သို့စေကာမူ ဒါကလည်း မုဖူရှန်း ရှေးဟောင်းနတ်မိုးကြိုးကို အသုံးမပြုဘဲ သာမန်မိုးကြိုးစွမ်းအားကိုသာ သုံးခဲ့သောကြောင့်ပင်။
ကျောင်းမင်၏ လွှသွားပုံသွေးဓားသွားအောက်တွင် တောင်ထိပ်တစ်ခုက တိုက်ရိုက်ထိုးဖောက်ခံလိုက်ရသည်။
ကျောင်းမင် မုဖူရှန်း၏တိုက်ခိုက်မှုကို အလွယ်တကူချိုးဖျက်ခဲ့တာကို မြင်ရသောအခါ ကြည့်ရှုသူများမှာ မျက်မှောင်ကြုတ်လိုက်ကြ၏။
ဒီလူရဲ့ခွန်အားက အဲလောက်လည်း အားမကောင်းပါဘူး၊ ဘာလို့အိမ်ရှေ့မင်းသားနဲ့ အရှင်မင်းသမီးက သူ့ကိုဒီလောက်ထိ တန်ဖိုးထားနေရတာလဲ!
သူတော်စင်သားတော်ရွှမ်မင်ပင်လျှင် တစ်ခဏမျှ စိတ်ရှုပ်ထွေးနေသည်။
ကျိုးပိုင်လုက ဒီလိုလူကို တကယ်တန်ဖိုးထားမှာတဲ့လား!
ဒါမှမဟုတ် သူ့မှာတခြားထူးခြားတဲ့ အရည်အသွေးတွေရှိလို့လား!
ကျိုးပိုင်လုနှင့် အိမ်ရှေ့မင်းသားကို ပြန်ကြည့်သောအခါ သူတို့နှစ်ယောက်၏ အမူအရာများက လုံး၀ပြောင်းလဲမသွားတာကို တွေ့လိုက်ရသည်။
ဤတဒင်္ဂ၌ ပြိုင်ကွင်းထဲတွင် ကျောင်းမင်အေးစက်စွာနှာခေါင်းရှုံ့သည်။
"လုံး၀စိတ်၀င်စရာစရာမကောင်းဘူး၊ ဒါက မင်းမှာရှိတဲ့စွမ်းအားအကုန်ပဲဆိုရင်တော့ အမြန်အဆုံးသတ်လိုက်ကြတာပေါ့"
ထို့နောက် သူလက်နှစ်ဖက်နှင့် လွှပုံဓားသွား၏လက်ကိုင်ကို ကိုင်ပြီး ခြေကို ရှေ့တစ်ဖက်၊ နောက်တစ်ဖက်ထားကာ ဒူးများကို အနည်းငယ်ကွေးညွတ်ရင်း ညာခြေဖဝါးကို တစ်လှမ်းတိုးပြီး အနီရောင်အခင်းအား လေးလံစွာ တက်နင်းလိုက်၏။
သွေးနီရောင်အော်ရာက ချက်ချင်းပေါက်ကွဲသွားသည်။
သူ့နောက်ဘက်တွင် ၎င်းက ဓားသွားကြီးတစ်ခုကို ကိုင်ထားသည့် ခေါင်းမဲ့သွေးအရိပ်တစ်ခုအဖြစ် သိပ်သည်းသွား၏။
လွှမ်းမိုးနေသည့်သွေးချီက နဂါးနှင့်ဖီးနစ်ဗျပ်စောင်း၏ အတားအဆီးကြောင့်သာ မဟုတ်ပါက ကောင်းကင်အမိုးခုံကိုပင် ကြေမွသွားစေနိုင်သည်။
အနီး၀န်းကျင်ကလူများမှာ ဤမြင်ကွင်းအပေါ် အနည်းငယ်ခေါင်းခါယမ်းမိကြသည်။
ကျောင်းမင်၏ဤလှုပ်ရှားမှုနှင့်သာဆိုပါက အကယ်၍ မုဖူရှန်းတွင် ယခုလေးတင် ပြသခဲ့သည့်ခွန်အားသာရှိပါက ထိုဓားသွားအား သူခုခံနိုင်မည်မဟုတ်။
လူတိုင်း၏အကြည့်က မုဖူရှန်းပေါ်တွင် ကျရောက်နေပြီး သူဘာဆက်လုပ်မလဲဆိုတာ သိချင်နေကြသည်။
သူအရှုံးကို တိုက်ရိုက်၀န်ခံမှာလား!
ဒါမှမဟုတ် ကျောင်းမင်ရဲ့သွေးအရိပ်ဓားသွားကို ခုခံဖို့ရွေးချယ်မှာလား!
မုဖူရှန်း၏မျက်နှာကလေးနက်သွားပြီး အနည်းငယ်ခေါင်းမော့ကာ ခေါင်းမဲ့သွေးအရိပ်အား ကြည့်လိုက်သည်။
သူနောက်တစ်လှမ်းဆုတ်ရင်း လက်အစုံနှင့် စည်းတံဆိပ်များစတင်ဖန်တီးသည်။
ကျန်ရစ်နေသည့် မိုးကြိုးတောင်ထိပ်ခုနှစ်သွယ်က စတင်လှုပ်ရှားလာပြီး အဆုံးမဲ့မိုးကြိုးစွမ်းအား၏ ပေါင်းထည့်မှုအောက်တွင် မုဖူရှန်းအား နောက်၌ကာကွယ်ပေးထားသည်။
မုဖူရှန်းနောက်တစ်လှမ်းဆုတ်သွားတာကို မြင်ရသောအခါ ကျောင်းမင်၏နှုတ်ခမ်းက အေးစက်သည့်အပြုံးတစ်ပွင့်နှင့်အတူ ကွေးညွတ်သွားသည်။
"ဒီလိပ်ခွံတွေက မင်းကို ကာကွယ်နိုင်မယ်လို့ ထင်နေတာလား"
ထို့နောက် သူလွှသွားပုံသွေးဓားသွားအား ဖမ်းကိုင်ရင်း မုဖူရှန်းအား ပြင်းထန်စွာ ပိုင်းဖြတ်ပစ်သည်။
တစ်ချိန်တည်းမှာပင် သူ့နောက်က ခေါင်းမဲ့သွေးအရိပ်ကလည်း ဓားကြီးကိုကိုင်ပြီး အလားတူလှုပ်ရှားသည်။
ဓားသွားဆင်းသက်လာစဉ် မိုးကြိုးတောင်ထိပ်ခုနှစ်ဆင့်ပေါ်သို့ အလောင်းတောင်နှင့် သွေးပင်လယ်တစ်စင်းပမာ ဖိသိပ်ကျဆင်းလာသည်။
နဂါးနှင့်ဖီးနစ်ဗျပ်စောင်းရှိနေသည့်တိုင် အနီးအနားက လူတစ်ချို့က စိမ့်၀င်နေသည့် သွေးရနံ့ကို ခံစားနိုင်ဆဲပင်။
ယခုလိုကြီးမားသည့် သွေးပမာဏကို သိပ်သည်းနိုင်စေရန်အတွက် ကျောင်းမင်၏ ဓားသွားအောက်တွင် လူဘယ်နှစ်ယောက်များအသတ်ခံခဲ့ရပြီး သေခြင်းတရား၏ ဝိဉာဉ်များဖြစ်လာခဲ့ရလေသနည်း။
သို့စေကာမူ ဤအခိုက်အတန့်၌ မည်သူမှဒါကို တွေးမနေကြဘဲ ယင်းအစား မိုးကြိုးတောင်ထိပ်ခုနှစ်သွယ်ကိုသာ အာရုံစိုက်နေကြသည်။
သွေးအရိပ်၏ဓားသွားက ပထမမိုးကြိုးတောင်ထိပ်ကို ထိမှန်သောအခါ မျှော်လင့်ထားသည့်အတိုင်းပင် အသက်ရှူကြိမ်ရေ နှစ်ချက်အတွင်း တောင်ထိပ်က ဖိအားအောက်၌ အက်ကွဲသံတစ်သံကို ထုတ်လွှတ်ပြီး လွှသွားပုံသွေးဓားရ မိုးကြိုးတောင်ထိပ်အား နက်ရှိုင်းစွာ ထိုးဖောက်ပစ်သည်။
ကျောင်းမင်ရှေ့သို့တက်လာစဉ် ထိုမိုးကြိုးတောင်ထိပ်က ဖုန်အဖြစ်တိုက်ရိုက် ပြောင်းလဲသွား၏။
မိုးကြိုးတောင်ထိပ်နောက်တွင် မုဖူရှန်း တစ်ချက်ညည်းတွားရင်း အတော်လေးဖိအားခံနေရသည့်မလား လက်နှစ်ဖက်ကို ရှေ့သို့တွန်းကာ နောက်တစ်လှမ်းဆုတ်လိုက်သည်။
သူ့နောက်တွင် ရှောင်ဟိုင်ရောဖန်ချန်းပါ ကြက်သေသေနေကြ၏။
မုဖူရှန်း သူ့အပိုင်းကိုဘယ်လိုသရုပ်ဆောင်ရမလဲဆိုတာ ကောင်းကောင်းသိပေသည်။
မုဖူရှန်း၏အရည်အချင်းတစ်ချို့ကိုသာ သူတို့မသိပါက ဤအပြစ်ကင်းစင်လွန်းသည့် သရုပ်ဆောင်မှုကြောင့် သူတို့လည်း လှည့်စားခံရလောက်သည်။
ဆန့်ကျင်ဘက်အနေနှင့် အိမ်ရှေ့မင်းသားမှာ ဤမြင်ကွင်းအား အနည်းငယ်ထူးဆန်းစွာကြည့်နေမိသည်။
ဒါကဘာလို့ဒီလောက်အသက်၀င်နေရတာတုန်း!
မုဖူရှန်းမှာ တကယ်ပဲအားကောင်းတဲ့ စွမ်းရည်မရှိဘဲ ကောင်းကင်ဘုံဓားဘိုးဘေးကို ကြောက်စေဖို့အတွက် အော်ရာကို ထုတ်လွှတ်ဖို့အတွက် နောက်ဆုံးအကြိမ် ပြင်ပအင်အားကို ငှားယူခဲ့တာများလား!
တစ်ချိန်တည်းမှာပင် ကျိုးပိုင်လုခပ်မှိန်မှိန်ပြုံးရင်း သာမန်လူများ သတိထားမိရန် ခက်ခဲသည့် ရွှေရောင်အလင်းတစ်ချက်က သူမမျက်လုံးအနက်ပိုင်းတွင် တောက်ပနေကာ မုဖူရှန်းအားကြည့်နေသည်။
ဤရွှေရောင်အလင်းက အရာတိုင်းကို သိမြင်နိုင်စွမ်းရှိပုံရသည်။
ကျောင်းမင်၏သွေးအရိပ်ဓားသွားက ရပ်တန့်ခြင်းမရှိဘဲ နောက်က ခေါင်းမဲ့အရိပ်ကလည်း ထိုမိုးကြိုးတောင်ထိပ်များအား ဓားကြီးနှင့်အတူ အဆက်မပြတ်ခုတ်ပစ်သည်။
တိုတောင်းသည့်ကာလအတွင်းမှာပင် ကျန်ရစ်နေသည့် မိုးကြိုးတောင်ထိပ်ခြောက်ခုအနက် နှစ်ခုသာကျန်တော့သည်။
မုဖူရှန်း၏အသားအရေက သိသိသာသာပင် ဖြူရော်သွားပြီး သူ့အသက်ရှုသံက မငြိမ်မသက်ဖြစ်လာသည်။
ကျောင်းမင် လွှသွားပုံသွေးဓားကို ရှေ့သို့ ဖိရင်း နှာခေါင်းရှုံ့လိုက်သည်။
"ပွင့်ပွင့်လင်းလင်းပြောရရင် ငါနည်းနည်းရှက်မိတယ်၊ မင်းခွန်အားက ဒီလောက်ထိ အားနည်းမယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး၊ ကြည့်ရတာ ငါအားနည်းသူတစ်ယောက်ကို အနိုင်ကျင့်နေပုံပဲ"
"မင်းဘာလို့အရှုံးမပေးရတာလဲ၊ မင်းအခုအရှုံးကို ၀န်ခံလိုက်မယ်ဆိုရင် နာကျင်ရမှာလည်းမဟုတ်သလို ငါလည်းငါ့ဓားကို ရပ်လိုက်မယ်"
မုဖူရှန်း၏နှုတ်ခမ်းများက တုန်ယင်နေသော်လည်း ဘာမှမပြောပေ။
သူ့ကြည့်က ကျောင်းမင်၏အမြင်၌ အရှုံးကို ၀န်ခံရန်ဆန္ဒမရှိပုံပင်။
ထို့ကြောင့် ကျောင်းမင်နှာမှုတ်သည်။
"မင်းမှာသတ္တိနည်းနည်းရှိပုံပဲ"
ထိုသို့ပြောဆိုပြီးသည်နှင့်တစ်ပြိုင်နက် ကျောင်းမင်တစ်ချက်အော်ဟစ်လိုက်၏။
နောက်ထပ်မိုးကြိုးတောင်ထိပ်တစ်ခုက တုံ့ပြန်သည်အနေဖြင့် ကွဲထွက်သွား၏။
သို့စေကာမူ နောက်ဆုံးမိုးကြိုးတောင်ထိပ်က ကျောင်းမင်အမြင်ထဲ၀င်လာသည့်အခိုက် သူ့အမူအရာက ချက်ချင်းပြောင်းလဲသွားလေတော့သည်။
သူ့မျက်သူငယ်အိမ်များက ကျုံ့သွားပြီး မျက်လုံးများက ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားသည်။
သူ့ရှေ့တွင် ဤမိုးကြိုးတောင်ထိပ်အား မျှော်လင့်မထားစွာပင် အဆောင်များနှင့် ဖုံးထားသည်။ မုဖူရှန်းအမည်မသိအချိန်တစ်ခုအတွင်း သုံးခဲ့ပုံပင်။
ထိုအဆောင်များ၌ မိုးကြိုးစွမ်းအား အများအပြားက ကြီးမားသည့်မိုးကြိုးကွန်ရက်တစ်ခုအဖြစ် ပြောင်းသွားသည်။
ဖြစ်တည်လာသည့်မိုးကြိုးကွန်ရက်က ကျောင်းမင်သို့ အထဲသို့ ပိတ်ပစ်သည်။
တစ်ချိန်တည်းမှာပင် မိုးကြိုးတောင်ထိပ်အတွင်း မိုးကြိုးစင်းများက ရှေ့သို့ပွင့်ထွက်လာသည်။
ဖျက်ဆီးခြင်းမိုးကြိုးအားက ထိုအဆောင်များ ပေါက်ကွဲဖွယ်ရာအလင်းနှင့်အတူ စွမ်းအားကို စတင်စုဆောင်းသည်။
ကျောင်းမင်၏မျက်နှာက ကြောက်ရွှံ့မှုအဖြစ်ပြောင်းသွားပြီး မိုးကြိုးကွန်ရက်အောက်ပိတ်နေမိစဉ် သူသာဤကွန်ရက်ကို ဖျက်ဆီးပါက မိုးကြိုးတောင်ထိပ်က အဆောင်များ၏ ပေါက်ကွဲမှုအားကို ရှောင်ရှားနိုင်မှာမဟုတ်ဘူးဆိုတာ သိနေသည်။
ဤသို့ဆိုပါက ကာကွယ်ရန်အတွက် အကောင်းဆုံးအခွင့်အလမ်းကို လွတ်သွားပေလိမ့်မည်။
ကျောင်းမင်မသိစိတ်ကအော်ဟစ်လိုက်စဉ် ခေါင်းမဲ့အရိပ်က သူ့ရှေ့တွင်ရပ်ကာ ဓားကို ကန့်လန့်ဖြတ်ကိုင်ထားသည်။
ကျောင်းမင်ကလည်း လွှသွားပုံသွေးဓားကို ရင်ဘတ်ရှေ့တွင် ကိုင်ထားသည်။
လူတိုင်း၏ထိတ်လန့်နေသည့် အကြည့်များအောက်တွင် မိုးကြိုးက ကျယ်လောင်စွာ စတင်လင်း၀င်းသွား၏။
ဘန်း.....ဘန်း ...ဘန်း.....!
နက်ရှိုင်းသည့်မိုးကြိုးဟိန်းသံများက ခန်းမအတွင်းပဲ့တင်ထပ်နေပြီး နန်းတော်ထဲက လူတိုင်းပင်လျှင် ခန်းမထဲက အဆက်မပြတ်ထွက်လာသည့်မိုးကြိုးကို မြင်နိုင်သည်။
အသက်ရှုကြိမ်ရေ အကြိမ်နှစ်ဆယ်အပြည့်တွင် မိုးကြိုးက ဖြည်းဖြည်းချင်းစတင်ပျောက်ကွယ်လာသည်။
ခန်းမအတွင်း လူတိုင်းကဖြည်းဖြည်းချင်း မျက်လုံးဖွင့်ကာ အနီရောင်အခင်းအလယ်သို့ စူးစိုက်စွာကြည့်နေကြ၏။
ထိုနေရာ၌ ကျောင်းမင်နှင့် မုဖူရှန်းတို့၏ ပုံရိပ်များပေါ်လာကြသည်။
ခေါင်းမဲ့သွေးအရိပ်ကလည်း ပျောက်ကွယ်သွားပြီး ကျောင်းမင်၏ အ၀တ်အစားများက အပိုင်းပိုင်းကွဲထွက်ကာ အောက်က လတ်ဆတ်သည့်အနီရောင်အသားများအား ဖော်ပြနေသည်။
သူ့အသက်ရှုသံကမူ ပို၍ပင် မတည်မငြိမ်ဖြစ်နေသည်။
ဆန့်ကျင်ဘက်အနေနှင့် မုဖူရှန်း အသက်ရှုပင်ကျပ်နေပြီး ကိုယ်ခန္ဓာက တုန်ယင်နေကာ ကြမ်းပြင်ပေါ်ဒူးထောက်ကျသွားပြီး သူ့ခန္ဓာအား မရေမတွက်နိုင်လောက်သည့် ဒဏ်ရာများကဖုံးနေသည်။
ကျောင်းမင်၏မျက်နှာက မည်းမှောင်သွား၏။
"ရှက်စရာကောင်းလိုက်တာ၊ ပြင်ပအရာ၀တ္ထုတွေကို အားကိုးနေသေးတယ်"
မုဖူရှန်းနှာခေါင်းရှုံ့သည်။
"ငါကအဆောင်သခင်တစ်ယောက်ပဲ၊ ဒီအဆောင်အားလုံးကို ငါကိုယ်တိုင်ရေးထွင်းထားတာ၊ ဒါကဘယ်လိုလုပ်ရှက်စရာဖြစ်သွားရတာလဲ"
ကျောင်းမင်အေးစပ်စွာနှာမှုတ်သည်။
"ဒီလိုလှည့်ကွက်မျိုးတွေကို အားကိုးတာတောင် မင်းငါ့ကိုဒဏ်ရာနည်းနည်းပဲ ရအောင်လုပ်နိုင်တယ်၊ပြီးတော့ ငါနောက်တစ်ကြိမ် တိုက်ခိုက်နိုင်သေးတယ်၊ ငါ့ရဲ့ နောက်ဆုံးတိုက်ချက်ကို မင်းဘယ်လိုခုခံမလဲ"
မုဖူရှန်းအသက်ပြင်းပြင်းတစ်ချက်ရှုကာ တုန်ယင်နေသည့်တိုင် အတင်းမတ်တပ်ရပ်ရင်း ကျောင်းမင်၏ခြေကိုလက်ညိုးထိုးပြကာ ပြုံးလိုက်၏။
ကျောင်းမင်ငုံ့ကြည့်လိုက်စဉ် သူ့ခြေထောက်ပတ်လည်အား အဆောင်များဖုံးထားတာကို တွေ့လိုက်ရသည်။
"မင်းခွန်အားက ငါ့ထက်ပိုအားကောင်းတယ်ဆိုပေမယ့် ကြည့်ရတာမင်းက နည်းနည်းမောက်မာပုံပဲ"
မုဖူရှန်း ကျောင်းမင်အားငဲ့စောင်းကြည့်ကာ ပြောလိုက်သည်။
"မင်းဒီအဆောင်အနည်းငယ်ကို ခုခံနိုင်တယ်လို့ထင်ရင် ငါအရှုံးကို၀န်ခံမယ်"