ကျိုးပိုင်လု၊ သဘောမတူခြင်း
Vol. 95 Ch. 1335
မုဖူရှန်း၏အမူအရာက မှင်သက်မှုကနေ ကြောက်ရွှံ့မှုအဖြစ်ပြောင်းသွားပြီး ကြောက်ရွှံ့မှုကနေ ထိတ်လန့်မှုအဖြစ် ပြောင်းသွား၏။
တိုတောင်းသည့် အသက်ရှုကြိမ်ရေနှစ်ကြိမ်အတွင်းမှာပင် မုဖူရှန်း၏မျက်နှာက ပြောင်းလဲမှုများစွာကို ကြုံတွေ့နေရသည်။
ကျိုးပိုင်လု၏မျက်လုံးများက အပြုံးနှင့်အတူ တွန့်သွားပြီး တံတောင်ဆစ်က ကျောက်စားပွဲကို မှီထားစဉ် သူမ၏ အပြစ်အနာအဆာကင်းသည့်တောက်ပသော လက်မောင်းက မေးစေ့ကို ထောက်ကူရင်း မုဖူရှန်းအားကြည့်သည်။
"အဲဒါကကြောက်စရာကောင်းတာလား၊ ကျွန်မက ကပ်ဘေးသားရဲတစ်မျိုးမျိုးနဲ့ တူနေလို့များလား"
မုဖူရှန်းအလိုလိုပင် ခေါင်းညိတ်ရင်း ပြန်ဖြေမိသည်။
"အဲဒါက ကပ်ဘေးသားရဲတစ်ကောင်ထက် ပိုကြောက်စရာကောင်းတယ်...."
"ဒါပေမယ့် အရှင်မင်းသမီးဘယ်လိုသိတာလဲ" မုဖူရှမ်းမျက်မှောင်ကြုတ်ကာမေးသည်။
"အဲဒီထိပ်တန်းကျွမ်းကျင်သူတွေတောင် အကြောင်းရင်းနဲ့ အကျိုးဆက်လမ်းစဉ်ကို အပြည့်အ၀နားမလည်နိုင်ဘူး၊ ကျွန်တော်တို့ဆုံတာ အကြိမ်ရေအနည်းငယ်ပဲ ရှိသေးတာတောင် ခင်ဗျားက ဒီလောက်သေချာနေတာလား"
သူမ၏မျက်လုံးများကို လက်ညိုးထိုးပြရင်း ကျိုးပိုင်လုခပ်ယဲ့ယဲ့ပြုံးကာပြောသည်။
"ဘာလို့လဲဆိုတော့ ကျွန်မရဲ့ရုပ်ခန္ဓာကြောင့်ပါ၊ ကျွန်မမျက်လုံးတွေက တခြားသူတွေနဲ့မတူဘူး"
သူမထိုသို့ပြောနေစဉ် မျက်သူငယ်အိမ်ရှိ အနက်ပိုင်းမှ ရွှေရောင်အလင်းစတစ်ခု စတင်ပျံ့လာပြီး သူမ၏မျက်သူငယ်အိမ်တစ်ခုလုံးကို ဖြည်းဖြည်းချင်းဖုံးကာ ရွှေရောင်ပြောင်းသွားစေသည်။
မုဖူရှန်းထိုမျက်လုံးများအား အနည်းငယ်အံ့ဩသင့်စွာ ကြည့်နေမိသည်။
"ကျွန်မရဲ့မျက်လုံးတွေက တချို့အကြောင်းအရာတွေကိုမြင်နိုင်တယ်" ကျိုးပိုင်လုပြောသည်။
"ဒါပေမယ့် ကျွန်မရဲ့လက်ရှိနယ်ပယ်မှာ အမြင်က အတော်လေးအားမကောင်းသေးတော့ အကြောင်းရင်းအမျှင်စက ဘာနဲ့ ဆက်စပ်နေသလဲဆိုတာကို အတိအကျမသိဘူး၊ ဒါပေမယ့် ကျွန်မသိတာတစ်ခုကတော့ ကျွန်မတို့က ရန်သူတွေမဟုတ်ဘူး"
ဤသည်ကိုကြားသောအခါ မုဖူရှန်း၏ နှလုံးသား၌ မုန်တိုင်းတစ်စင်းထန်လာပုံပင်။
ဤကမ္ဘာကြီးထဲတွင် အကြောင်းရင်းနှင့် အကျိုးဆက်ကို မြင်နိုင်သူတစ်ဦးဦး အမှန်တကယ်ရှိနေခဲ့သည်။
ကျိုးပိုင်လုသာ အဆင့်တစ်ခုကိုရောက်သွားမယ်ဆိုရင် သူကအကြောင်းရင်းကို လုံး၀နားလည်နိုင်လောက်လား!
"ဒါကြောင့် အရှင်မင်းသမီးက ကျွန်တော့်ကို အာရုံစိုက်နေတာပေါ့" မုဖူရှန်းမေးသည်။
တုံ့ဆိုင်းမနေဘဲ ကျိုးပိုင်လုခေါင်းညိတ်သည်။
"မှန်တယ်၊ အစကတော့ ရှောင်ကျိုး...အင်း..အိမ်ရှေ့မင်းသားက ရှင့်တို့အားလုံးထဲမှာ ရှင့်စွမ်းအားက အရှုပ်ထွေးဆုံးလို့ ကျွန်မကိုပြောခဲ့တာမို့ ကျွန်မရှင့်ကို အာရုံစိုက်ခဲ့တာပါ၊ ဒါကြောင့်လည်း ကျွန်မရှင့်ကို အဇူရာနဂါးခြံ၀င်းအပြင်ဘက်ကို ခေါ်ထုတ်ခဲ့တာပဲ၊ အံ့ဩစရာကောင်းတာက ကျွန်မတို့က တကယ်ပဲ ဆက်စပ်မှုရှိနေတယ်"
"ဒါတောင် ရှင့်မဟာခန်းမအတွင်းမှာ ကောင်းကောင်းလုပ်ဆောင်ခဲ့တာကို မပြောသေးဘူးနော်"
ကျိုးပိုင်လု၏စနောက်သည့်အကြည့်ကို အကဲခတ်မိစဉ် မုဖူရှန်းတစ်ကိုယ်လုံး ချက်ချင်းတင်းကျပ်သွားရပြီး အနေအထားကို ပြောင်းရင်း သူ့၏အားအကောင်းဆုံးစွမ်းရည်များနှင့်အတူ တတ်နိုင်သမျှအမြန်ဆုံးနှုန်းနှင့် ထွက်ပြေးရန် ပြင်ဆင်နေတော့သည်။
"ကျွန်မရဲ့မျက်လုံးတွေက အကြောင်းရင်းကို မြင်ရုံတင်မက သာမန်လူတစ်ယောက်ထက် ပိုအားကောင်းတာကိုလည်းမြင်နိုင်တယ်" ကျိုးပိုင်လုဆက်ပြောသည်။
"ဒါပေမယ့် ရှင့်ရဲ့ပုန်းလျှိုထားတဲ့စွမ်းအားက အရမ်းနက်ရှိုင်းလွန်းတယ်၊ ကျွန်မ အလွှာအနည်းငယ်ပဲမြင်နိုင်တယ်၊ ရှင့်နောက်ထပ် ဖုံးကွယ်ထားတာနဲ့ပတ်သက်ပြီးတော့ အဲဒါတွေက တကယ်ဘယ်လောက်ထိ အားကောင်းသလဲဆိုတာ ကျွန်မတကယ် မဆုံးဖြတ်နိုင်ဘူး"
သူမပြောနေစဉ် ခွက်ထဲသို့ လက်ဖက်ရည်ငှဲ့ထည့်ပေးပြီးနောက် ဖိတ်ခေါ်သည့်အသွင် လက်ဟန်ပြသည်။
မုဖူရှန်း ထိုင်လိုက်သောအခါ ကျိုးပိုင်လုဆက်ပြုံးကာပြောသည်။
"ဒါပေမယ့် ကျွန်မရဲ့ကံကြမ္မာရွှေမျက်လုံးတွေကတောင် အပြည့်အ၀မထိုးဖောက်နိုင်တဲ့ ခွန်အားမျိုးကို ရှိဖို့ဆိုတာက နည်းနည်းတော့ ကြောက်စရာကောင်းလွန်းတာ ကျိန်းသေတယ်"
လက်ဖက်ရည်ကို မြည်းစမ်းရင်း မုဖူရှန်း အားကိုးရာမဲ့စွာပြောသည်။
"ဒါဆိုကျွန်တော်က တကယ်အချည်းနှီး သရုပ်ဆောင်နေခဲ့တာပဲ"
ကျိုးပိုင်လုရယ်မောသည်။
"အနည်းဆုံးတော့ ရှင့်လူတိုင်းကို လှည့်စားခဲ့တာပဲလေ"
"ဒါက....." မုဖူရှန်းရုတ်တရက် တစ်စုံတစ်ရာကို တွေးမိသွားပြီး လက်ဖက်ရည်ခွက်ကိုချကာ ကျိုးပိုင်လုအား လေးနက်စွာပြောသည်။
"ကျွန်တော်တို့ရဲ့အကြောင်းရင်းဆက်စပ်မှုက ရန်ငြိုးမဟုတ်ဘူးဆိုတာကို ခင်ဗျားမြင်တယ်ဆိုမှတော့ ကျွန်တော်တို့ သဘောတူညီချက်တစ်ခုလုပ်မယ်ဆိုရင်ရော"
လက်ဖက်ရည်ကို အရဿာခံကြည့်ရင်း ကျိုးပိုင်လုပြုံးကာပြန်ဖြေသည်။
"ဆက်ပြောပါဦး၊ ကျွန်မသဘောတူရမလားဆိုတာကြည့်မယ်လေ"
"အနာဂတ်မှာ မတွေ့ဖို့ကြိုးစားကြရအောင်"
"ပြီးတော့ ကျွန်တော်တို့တွေ့ခဲ့ရင်တောင် ကျွန်တော်တို့တစ်ယောက်ကိုတစ်ယောက် သိတယ်ဆိုတာ တခြားသူတွေကို မပြောပြဘဲ သူစိမ်းတွေလိုပြုမူကြမယ်"
"ပြီးတော့ ကျွန်တော့်ကို တခြားသူတွေရှေ့မှာ မပြောပါနဲ့"
"ဒါအဆင်ပြေလား" မုဖူရှန်း ကျိုးပိုင်လုအား မျှော်လင့်တကြီးစိုက်ကြည့်နေသည်။
လက်ဖက်ရည်ခွက်ကိုပြန်ချပြီးနောက် ကျိုးပိုင်လုပြုံးလိုက်သည်။
"ပထမအခြေအနေကတော့ ကျွန်မသဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ကျွန်မတို့ကြားမှာ အကြောင်းရင်းရှိနေသရွေ့ အခြေအနေတစ်ချို့မှာ သေချာပေါက်တွေ့ဆုံရမှာပါပဲ"
"ဒုတိယဟာကိုတော့ ကျွန်မမလုပ်နိုင်ဘူး၊ တတိယက ရှင့်နာမည်ကို သူစိမ်းတွေရှေ့မှာ မပြောပါဘူး"
မုဖူရှန်း "...ဒါကသဘောမတူတာနဲ့ဘာကွာလို့လဲ"
ကျိုးပိုင်လု "ဒါဆိုသဘောမတူတာလို့ပဲ ယူဆလိုက်ပေါ့"
မုဖူရှန်း "ဒါကကျွန်တော့်အတွက် အရမ်းကိုပင်ပန်းစေတာပဲ၊ အရှင်မင်းသမီးကို သဘောကျတဲ့သူတွေက ကျွန်တော့်ကို စိန်ခေါ်ဖို့ နေ့စဉ်နေ့တိုင်းတန်စီပြီး ကျွန်တော့်ကို တစ်စစီဆွဲဖြဲပစ်ဖို့ အော်ဟစ်နေကြလိမ့်မယ်"
ကျိုးပိုင်လု "ဒါကရှင့်အတွက် ကောင်းကောင်းဆက်လေ့ကျင့်ဖို့ အကောင်းဆုံးလှုံ့ဆော်မှုတစ်ခုပဲမလား"
ကျိုးပိုင်လု၏ဆွဲဆောင်မှုရှိသည့် မျက်လုံးများကို ကြည့်ရင်း မုဖူရှန်း သူမကို ချက်ချင်းလည်ပင်းညှစ်သတ်ချင်စိတ်ပင် ဖြစ်လာသည်။
သို့သော်ပြန်တွေးမိသောအခါ သူမလုပ်ရန်ဆုံးဖြတ်လိုက်၏။
ထို့ကြောင့် အားကိုးရာမဲ့စွာ သက်ပြင်းချရုံသာတတ်နိုင်သည်။
"ကောင်းပြီ၊ စီးပွားရေးအကြောင်းပြောကြရအောင်"
မုဖူရှန်းအံ့ဩသင့်သွားကြ၏။
"ကျွန်တော်တို့စီးပွားရေးအကြောင်း ပြောနေတာမလား"
"ကျွန်မစစ်ရေးလေ့ကျင့်မှုအကြောင်း ပြောနေတာ" ကျိုးပိုင်လုမျက်လုံးလိမ့်လိုက်မိသည်။
"အိမ်ရှေ့မင်းသားကို တတ်နိုင်သလောက်ကူညီဖို့ကြိုးစားပါ၊ သူက အတော်လေးပါးနပ်ပြီး အကြံအစည်ကြီးပေမယ့် လူဆိုးမဟုတ်တာတော့ အသေအချာပဲ"
မုဖူရှန်းမေးသည်။
"အိမ်ရှေ့မင်းသားက အရှင်မင်းသမီးအတွက် ဘာလဲ"
ကျိုးပိုင်လုထူးမခြားနားစွာပြောသည်။
"ကျွန်မမှာရှိတဲ့ တစ်ဦးတည်းသောမိသားစု၀င်က ကျွန်မမောင်လေးပဲ"
ယင်းနောက်တွင်သာ မုဖူရှန်းသဘောပေါက်သွားရသည်။
ပုံမှန်အားဖြင့်ဂရုမစိုက်ပုံရသည့် ကျိုးပိုင်လုက အိမ်ရှေ့မင်းသားကို ကူညီရန်အတွက် ဤမျှထိ ကြိုးစားနေသည်မှာ အံ့ဩသင့်စရာမရှိတော့။
မုဖူရှန်းလက်ဝှေ့ယမ်းသည်။
"ကောင်းပြီ၊ ကျွန်တော်အကောင်းဆုံးလုပ်ဆောင်မယ်၊ တခြားဘာရှိသေးလဲ၊ မရှိဘူးဆိုရင် ကျွန်တော်သွားတော့မယ်နော်"
ကျိုးပိုင်လုအပြုံးဖြင့်ပြောသည်။
"ရှင့်လက်ဖက်ရည်ကို ကုန်အောင် မသောက်သေးဘူးလေ"
လက်ဖက်ရည်အကြောင်း ပြောနေသေးတာလား.....!
ဤအရာအားလုံးကို ကြားရပြီးနောက် မုဖူရှန်း သူ့ဘ၀တစ်သက်တာ၌ ဤနေရာကို ဘယ်တော့မှ ခြေမချနိုင်ရန်အတွက်သာ ဆန္ဒရှိတော့သည်။
ထို့နောက်သူ့ခြေထောက်များက ဆီသုတ်လိမ်းထားသည့်အလားပင် ချက်ချင်းပျောက်ကွယ်သွား၏။
ထိုမြင်ကွင်းကိုကြည့်ရင်း ကျိုးပိုင်လု ပါးစပ်လေးကိုပိတ်ကာရယ်မောလိုက်မိသည်။
"စိတ်၀င်စားစရာပဲ....."
.....
စစ်ရေးလေ့ကျင့်မှုကို ခုနှစ်ရက်အတွက် စတင်လုပ်ဆောင်နေလေပြီ။
ပထမနှင့်ဒုတိယအဆင့်က မုဖူရှန်းနှင့် သူ့အုပ်စုပါ၀င်ရန်မလိုအပ်သဖြင့် သူတို့ ထိုအဆင့်များကို ကြည့်ရှုသူနေရာမှသာ ကြည့်ရှုခဲ့ကြသည်။
ထို့နောက် စစ်တပ်အမျိုးမျိုး၏ အားသာချက်များကိုလည်း သူတို့လေ့လာခဲ့ကြသည်။
ယေဘုယျအားဖြင့်ဆိုရပါက တခြားစစ်တပ်များအား အရမ်းကြီးအာရုံစိုက်နေစရာမလို။
အမှန်တကယ်အာရုံစိုက်ရန်လိုအပ်တာက ပထမမင်းသားအောက်က ထိပ်တန်းစစ်တပ်နှစ်တပ်ဖြစ်သည့် ဖယောင်းနဂါးစစ်တပ်နှင့် အကြေးခွံပြောင်းပြန်စစ်တပ်ပင်။
နဂါးနီစစ်တပ်က တတိယမင်းသား၏ အမိန့်အောက်တွင်ရှိသည်။
ပဉ္စမမင်းသား၏စစ်တပ်ကမူ ကြောက်စရာပင်မလိုချေ။
ဤစစ်တပ်သုံးတပ်၏ခွန်အားက အတော်လေးကြီးမားသည်။
ဤစစ်တပ်သုံးခုထဲက မည်သည့်စစ်တပ်မဆို အိမ်ရှေ့မင်းသားလက်အောက်က အဇူရာနဂါးစစ်တပ်ထက် ပိုအားကောင်းသည်ဟု ယူဆနိုင်သည်။
စစ်တပ်သုံးခုစလုံးတွင် ဘိုးဘေးနယ်ပယ်အစောပိုင်းအဆင့်က ပဲ့ကိုင်ကိုယ်စီရှိသည်။
ဖယောင်းနဂါး၏စ်တပ်အတွင်း ဘိုးဘေးနယ်ပယ် အလယ်အလတ်အဆင့်စွမ်းအားရှင်တစ်ဦးပင်ရှိသည်။
အဇူရာနဂါးစစ်တပ်တွင်မူ ဘိုးဘေးနယ်ပယ် အစောပိုင်းအဆင့်စွမ်းအားရှင်တစ်ဦးသာရှိပြီး အလုံးစုံခွန်အားက အနည်းငယ်အားနည်းသည်။
သို့စေကာမူ ပြင်ပမဟာမိတ်များရှိနေခြင်းက ဤကွာဟချက်ကို ကျယ်ပြန့်စေနိုင်သည်။
ဥပမာအားဖြင့် ပထမမင်းသားက ဘိုးဘေးနယ်ပယ်မဟာမိတ်လေးခု၏ ထောက်ခံမှုကို ရယူခဲ့သည်။
တတိယမင်းသား၏ နဂါးနီစစ်တပ်ကို ကျောင်းဟွားစံအိမ်မှ ကျောင်းမင်နှင့် တခြားဘိုးဘေးနယ်ပယ်တစ်၀က်အဆင့်စွမ်းအားရှင်တစ်ဦး ပံ့ပိုးပေးထားသည်။
သူတော်စင်သားတော်ရွှမ်မင်ကမူ စောင့်ကြည့်သူသက်သက်သာ။
မည်သို့ပင်ဆိုစေကာမူ ရွှမ်ဝူနတ်မင်းဆက်က နဂါးကိုးကောင်နတ်မင်းဆက်၏ ရန်သူဖြစ်သဖြင့် မပါ၀င်နိုင်ဘဲ စောင့်ကြည့်ရုံသာ တတ်နိုင်သည်။
တခြားပြင်ပမဟာမိတ်များက ဝိဉာဉ်အနှစ်သာရကျောင်းတော်ကလွဲ နဂါးကိုးကောင်နတ်မင်းဆက်၏ လက်အောက်ခံတပ်ဖွဲ့အများစုဖြစ်သည်။
တတိယအဆင့်ကို မနက်ဖြန် နဂါးကိုးကောင်တောင်တန်းဆီသို့ ခရီးစဉ်တစ်ခုနှင့်အတူ စတင်ပေမည်။
ဤနေ့ရက်များအတွင်း မုဖူရှန်း ထောက်လှမ်းရေးသတင်းများကို စုစည်းရင်း အဆောင်များကို အဆက်မပြတ် ရေးထွင်းနေခဲ့သည်။
နောက်ဆုံးနေ့တွင် အိမ်ရှေ့မင်းသားက မုဖူရှန်းနှင့်သူ့အဖော်နှစ်ယောက်ကို အဇူရာနဂါးခြံ၀င်းသို့ ခေါ်ဆောင်လာခဲ့သည်။