← Chapters

ပထမအကြိမ်ရပ်တန့်မှု၊ မဟာအောင်ပွဲကြီး

Vol. 95 Ch. 1339

ပထမအကြိမ်ရပ်တန့်မှု၊ မဟာအောင်ပွဲကြီး

Vol. 95 Ch. 1339

ဖယောင်းနဂါးစစ်တပ်၊ အကြေးခွံပြောင်းပြန်စစ်တပ်နှင့် နဂါးနီစစ်တပ်မှ လူတိုင်း၏ အမူအရာက သိသာသည့် ပြောင်းလဲမှုတစ်ခုကို ကြုံကြိုက်နေရသည်။

သူတို့အနီးရှိ ရှေးဟောင်းသစ်ပင်တစ်ပင်ချင်းစီတွင် အဆောင်များစွာက အဆုံးမဲ့လျှပ်စီးနှင့်အတူ စတင်ပွင့်လန်းလာခဲ့သည်။

သူတို့၀န်းကျင်က ရှေးဟောင်းသစ်ပင်များတင်မဟုတ်ဘဲ အဇူရာနဂါးစစ်တပ် ရှိရာနေရာမှာပင် အဖျက်အားတစ်ခုကို ထုတ်လွှတ်နေသည့် အဆောင်များက လျှပ်စီးနဂါးပုံရိပ်ယောင်များအဖြစ် သိပ်သည်းသွားကြ၏။

တစ်ချိန်တည်းမှာပင် သူတို့ခေါင်းထက်ရှိ ဓားရှည်သုံးချောင်းက ဘိုးဘေးနယ်ပယ် စစ်သည်များပင် ခံစားနိုင်သည့် နှလုံးတုန်လှုပ်ဖွယ်ရာစွမ်းအားတစ်ခုကို ထုတ်လွှတ်နေသည်။

အသေးစားနတ်ဘုရားသတ်ဓားအစီအရင်!

တကယ်တမ်းတွင် အဇူရာနဂါးစစ်တပ်အတွင်း လျှို့ဝှက်သူလျှိုများစွာရှိလိမ့်မည်ဟု မုဖူရှန်းအချိန်အတော်ကြာကတည်းက ထင်ကြေးပေးခဲ့သည်။

ထို့ကြောင့် သူနှင့် ဖန်ချန်းတို့က ဖုံးကွယ်ထားခြင်းမရှိဘဲ အဆောင်များနှင့် အစီအရင်များကို ပွင့်ပွင့်လင်းလင်းပင် တပ်ဆင်ခဲ့ကြပြီး သူလျှိုများအား ဤသည်ကိုမြင်စေပြီး သတင်းအချက်အလက်အား ပို့ဆောင်စေခဲ့သည်။

သို့စေကာမူ ပွင့်ပွင့်လင်းလင်း ဖြန့်ဝေနေချိန်မှာပင် မုဖူရှန်းနှင့်ဖန်ချန်းတို့က တခြားထောင်ချောက်များကိုလည်း လျှို့ဝှက်စွာ ချမှတ်ခဲ့ကြသည်။

ဥပမာအားဖြင့် ကောင်းကင်ထက်က အသေးစားနတ်ဘုရားသတ်ဓားအစီအရင်နှင့် ရန်သူတိုးတက်ရာလမ်းကြောင်း၌ မုဖူရှန်းချထားခဲ့သည့် မရေမတွက်နိုင်လောက်သော အဆောင်များပင်။

ဤအရာအားလုံးကို ရှောင်ဟိုင်နှင့် သူတို့နှစ်ဦးသာလျှင်သိကြသည်။

ယခုတွင်မူ သူတို့ရန်သူကို အောင်မြင်စွာ လှည့်စားနိုင်ခဲ့ပြီး ထောင်ချောက်ထဲ လုံး၀ပိတ်မိအောင် လုပ်နိုင်ခဲ့သည်။

ဤမြင်ကွင်းကိုမြင်သောအခါ ဖယောင်းနဂါးစစ်တပ်၏တပ်မှူးမှာ ချက်ချင်းအရောင်ပြောင်းသွားပြီး အော်ဟစ်သည်။

"ဆုတ်ခွာကြ"

ပြင်ဆင်မှုမပါဘဲ ဤသိပ်သည်းနေသည့်အဆောင်များနှင့် ကြောက်မက်ဖွယ်ရာဓားအစီအရင်အောက်တွင် သူတို့ခုခံနိုင်လျှင်ပင် သူတို့တပ်များက ကြီးမားသည့်ဆုံးရှုံးမှုကို ခံစားရမည်ဖြစ်ကာ ရွေးချယ်စရာမရှိဘဲ အဇူရာနဂါးတောင်တန်းအပြင်သို့ ရွေ့ရန်အတွက် တုံကင်ကို ချေမွရုံသာရှိပေလိမ့်မည်။

အစကတည်းက ယခုလိုကြီးမားသည့် ဆုံးရှုံးမှုကို ခံစားရခြင်းက သံသယမရှိ သေစေလောက်သည့်အရာပေတည်း။

ကျောင်းမင်ကလည်း ကြည့်ရဆိုးသည့်အမူအရာနှင့်အတူ နောက်ဘက်သို့ စတင်ထွက်သွားသည်။

မုဖူရှန်းခပ်ပေါ့ပေါ့ရယ်မောရင်း ရန်သူဘက်သို့ လက်ချောင်းကို ဆန့်ထုတ်လိုက်၏။

ချက်ချင်းဆိုသလို မရေမတွက်နိုင်လောက်သည့် လျှပ်စီးနဂါးများက စတင်ဟိန်းကြသည်။

အဇူရာနဂါးတောင်အထက်က ကောင်းကင်အား တိမ်မည်းများကဖုံးသွားပြီး မိုးကြိုးများက အကြမ်းပတမ်းဆင်းသက်လာသည်။

မရေမတွက်နိုင်လောက်သည့်အဆောင်များနှင့် ဖန်တီးထားသည့် လျှပ်စီးကွန်ရက်က စစ်တပ်သုံးတပ်ကို ဝိုင်းထားသည်။

ဖန်ချန်း၏မျက်နှာကလည်းခက်ထန်နေပြီး သူ့နောက်က အဖျက်အားအပြည့်ပါ၀င်သော ဓားရှည်သုံးချောင်းနှင့်အတူ ဖြည်းဖြည်းချင်းဆင်းလာသည်။

ထို့နောက်လက်ကို ပြင်းထန်စွာလွှဲယမ်းလိုက်လေရာ အသေးစားနတ်ဘုရားသတ်ဓားအစီအရင်က အပြည့်အ၀အသက်၀င်သွားသည်။

ဓားရှည်သုံးချောင်းက မိုးနှင့်မြေကိုပင် ဖျက်ဆီးနိုင်စွမ်းရှိပုံရသည့် စွမ်းအားတစ်ခုနှင့်အတူပေါက်ကွဲကာ နစ်ခုစီက စစ်တပ်သုံးခုကို တိုက်ခိုက်သည်။

တစ်ချိန်တည်းမှာပင် ရှောင်ဟိုင့်တစ်ကိုယ်လုံးကလည်း သွေးနှင့်ဆူပွက်နေပြီး ပြင်းထန်စွာတက်နင်းလိုက်စဉ် ‌မြေကြီးက ချက်ချင်းအက်ကွဲသွား၏။ အဇူရာနဂါးတောင်တစ်ခုလုံးက ပြင်းထန်စွာ တုန်ခါနေပုံရပြီး ၀န်းကျင်က ရှေးဟောင်းသစ်ပင်များက ပြိုကျနေကြသည်။

ဖယောင်းနဂါးစစ်တပ်၏အလယ်သို့ ၀င်တိုက်ခိုက်စဉ် သူက အမြောက်ဆံတစ်ခုအလားပင်ထင်ရသည်။

အဇူရာနဂါးစစ်တပ်၏ တပ်မှူးကလည်း သာမန်လူတစ်ယောက်မဟုတ်။ သူနှစ်နှင့်ချီတိုက်ပွဲ၀င်ခဲ့သဖြင့် အတွေ့အကြုံများစွာ ရခဲ့သည်။

ဤဖြစ်စဉ်ကိုမျက်မြင်တွေ့ပြီးနောက်တွင် တစ်ခဏမျှထိတ်လန့်သွားသော်လည်း သူလျင်မြန်စွာတုံ့ပြန်လာပြီး လက်ဝှေ့ယမ်းကာ အော်ဟစ်ရင်းအမိန့်ပေးသည်။

"အားအပြည့်နဲ့တိုက်ခိုက်ကြ"

လူတိုင်း၏စုပေါင်းတိုက်ခိုက်မှုထဲတွင် ဖယောင်းနဂါးစစ်တပ်၊ နဂါးနီစစ်တပ်နှင့် အကြေးခွဲပြောင်းပြန်စစ်တပ်များက အချိန်မီဆုတ်ခွာသွားသည်တိုင် ပြင်းထန်စွာ အကိုက်ခံနေရဆဲပင်။

မရေမတွက်နိုင်လောက်သောသူများက သူတို့တုံကင်ကို အတင်းချေမွရင်း ရွှေရောင်အလင်းတ်းအဖြစ်ပြောင်းကာ တောင်တန်းအပြင်ဘက်သို့ ပို့ဆောင်ခံလိုက်ရသည်။

စစ်တပ်သုံးတပ်က အဇူရာနဂါးတောင်မှ ဆုတ်ခွာပြီးနောက်မှသာ လူတိုင်းရပ်သွားကြသည်။

သို့စေကာမူ စစ်တပ်သုံးတပ်က သူတို့တပ်ဖွဲ့ ၂၀ရာခိုင်နှုန်းနီးပါးကိုဆုံးရှုံးခဲ့ကြရသည်။

တိုက်ပွဲက ဆိုးရွားစွာအစပြုခဲ့သည်။

ဒါကပထမနေ့သာဖြစ်သည့်တိုင် ဆုံးရှုံးမှုများက အတော်လေးကြီးမားသည်။

.....

ဤမြင်ကွင်းကိုမြင်တွေ့နေရသည့် အပြင်လူများ၌ တစ်ချို့က ထိတ်လန့်နေပုံရကြပြီး တစ်ချို့က အံ့ဩသည့်အပြုံးများကိုပင် ဆင်မြန်းထားကြကာ အများစုတွင်မူ အတော်လေးကို စိတ်မချမ်းမြေ့စရာအမူအရာများရှိနေကြသည်။

ဥပမာအားဖြင့် ပထမမင်းသား၊ တတိယမင်းသား၊ ပဉ္စမမင်းသားနှင့် သူတော်စင်သားတော်ရွှမ်မင်တို့ပင်။

ရလဒ်ကိုကြိုတင်သတ်မှတ်ထားပြီဖြစ်လေရာ အဇူရာနဂါးစစ်တပ်က သေချာပေါက်ဖယ်ထုတ်ခံရလိမ့်မည်ဟာ သူတို့ယခုလေးတင် ပြောဆိုခဲ့ကြသည်။

သို့သော်နာရီအနည်းငယ်အတွင်းမှာပင် စစ်တပ်သုံးတပ်က ကစဉ့်ကလျားဖြစ်သွားပြီး အရှက်တကွဲထွက်ပြေးခဲ့ကြရသည်။

ဆန့်ကျင်ဘက်အနေနှင့် အဇူရာနဂါးစစ်တပ်တွင် ဘာဆုံးရှုံးမှုမှမရှိခဲ့။

ထိုအချိန်မှာပင် အိမ်ရှေ့မင်းသားရယ်မောလေတော့သည်။

"အရမ်းသေသေချာချာမပြောသင့်ဘူးလို့ ပြောခဲ့သားပဲ၊ အမှန်ပြောရရင် ကျွန်တော့်ရဲ့ အင်ပါယာအစ်ကိုတွေအစား တကယ်ရှက်မိတယ်"

အရှက်တကွဲဖြစ်မှုကမြန်ဆန်လွန်းသလို ရက်စက်လွန်းသည်။

သူတော်စင်သားတော်၏အကြည့်ကလည်း မည်းမှောင်သွားသည်။ ဤအရာအားလုံးကို မုဖူရှန်းစီစဉ်ထားခဲ့တယ်ဆိုတာကို သူမြင်နိုင်သည်။

မျှော်လင့်မထားစွာပင် သူ့မျက်လုံးထဲတွင် ပုရွက်ဆိတ်တစ်ကောင်ပမာ မြင်ခဲ့သည့်လူက ယခုလိုသက်ရောက်မှုမျိုးကို ဖန်တီးနိုင်ခဲ့သည်။

မသိစိတ်က သူတော်စင်သားတော် ကျိုးပိုင်လုကို လှည့်ကြည့်လိုက်မိသည်။

ကျိုးပိုင်လု၏ပါးစပ်ထောင့်စွန်းက အနည်းငယ်ပြောင်းသွားတာကို မြင်ရသောအခါ သူ့အမူအရာက ပို၍ပင် ကြည့်ရဆိုးလာသည်။

မုဖူရှန်းအပေါ် သူ့၏သတ်ဖြတ်လိုသည့်ဆန္ဒက မကြုံစဖူးမြင့်တက်သွားခဲ့သည်။

"အဲဒါကမပြီးသေးပါဘူး၊ အဇူရာနဂါးစစ်တပ်ရဲ့စွမ်းအားက အများကြီးနိမ့်ကျနေဆဲပါပဲ" တတိယမင်းသား မသက်မသာဖြစ်နေသည့် အမူအရာဖြင့်ပြောသည်။

အိမ်ရှေ့မင်းသားတိုက်ရိုက်ပင် လှောင်ပြောင်သည်။

"အိုး၊ အဲဒါကပြီးသွားပြီလို့ အင်ပါယာအစ်ကိုပြောခဲ့တာမလား၊ ဘာလို့အခု ကျွန်တော်ပြောခဲ့တဲ့စကားကို ပြန်ယူသုံးနေရတာလဲ"

အိမ်ရှေ့မင်းသား၏လှောင်ပြောင်မှုကို ကြားရသောအခါ တတိယမင်းသားမှာ ပို၍ပင်စိတ်ဓာတ်ကျလာသည်။

သို့သော်ယခုတွင်မူ တကယ့်အမှန်တရားက သူ့ရှေ့တွင်ရှိနေပြီဖြစ်ကာ သူတို့အမှန်တကယ် ရှုံးနိမ့်သွားလေပြီ။

သူပါးစပ်ပိတ်ကာ ဖန်သားပြင်အား စိတ်မချမ်းမြေ့ဖွယ်အမူအရာဖြင့် ဆက်လက်ကြည့်နေရုံသာ တတ်နိုင်တော့သည်။

.....

မြင်ကွင်းက အဇူရာနဂါးတောင်သို့ ပြန်ပြောင်းသွားသည်။

ဖယောင်းနဂါးစစ်တပ်၊ အကြေးခွံပြောင်းပြန်စစ်တပ်နှင့် နဂါးနီစစ်တပ်ကို တွန်းလှန်ပြီးနောက် အဇူရာနဂါးစစ်တပ် မုဖူရှန်းနှင့် ကျန်နှစ်ယောက်ကို ကြည့်သည့်ပုံစံကလည်း ပြောင်းသွားခဲ့သည်။

အရင်က မထီမဲ့မြင်ပြုမှုကပျောက်သွားပြီး ယုံကြည်မှုနှင့် လေးစားသည့် အရိပ်အယောင်တစ်ခုအစားထိုးလာသည်။

ဤအချိန်မှာပင် အဇူရာနဂါးတပ်မှူးရှေ့တိုးလာပြီး လက်နှစ်ဖက်ဆုပ်ကာဦးညွတ်သည်။

"အဲဒီတုန်းက ငါတိုင်တောင်တန်းကြီးကို မမှတ်မိခဲ့တာမို့ မင်းတို့အားလုံးကို လျှော့တွက်မိခဲ့ပါတယ်"

မုဖူရှန်းလက်ဝှေ့ယမ်းသည်။

"ဘာမှမဖြစ်ပါဘူး၊ တကယ်လည်း အဲဒီတုန်းက ကျုပ်တို့ကမရင်းနှီးကြဘူးလေ"

တခြားဒုတပ်မှူးများကလည်း အလျင်အမြန်ပင် တောင်းပန်ကြသည်။

"တကယ်တော့ မင်းတို့နဲ့ပတ်သက်ပြီး အရှင်မင်းသားက ဘယ်တော့မှမမှားယွင်းခဲ့ဘူး၊ ဘာပဲဖြစ်လာဖြစ်လာ မင်းတို့ရဲ့အမြင်နဲ့ အမိန့်တွေကို နားထောင်ဖို့အတွက် သူငါတို့ကို အမိန့်ပေးတာ အံ့ဩသင့်စရာမရှိတော့ပါဘူးလေ၊ ဒီနေ့ငါတို့ညီအစ်ကိုတွေ ဉာဏ်အမြင်ပွင့်သွားပါပြီ"

အန္တရာယ်ကို ရင်ဆိုင်ရသောအခါ ဤကဲ့သို့တည်ငြိမ်မှုနှင့် တွက်ချက်မှုက စကားနှင့်ပြောပါက ရိုးရှင်းပုံပေါ်သော်လည်း မြန်မြန်တုံ့ပြန်ပြီး အကောင်းအထည်ဖော်ရန်ဟူသည် အတော်လေးခက်ခဲသည်။

အတွေ့အကြုံကြွယ်၀သည့် အဇူရာနဂါးတပ်မှူးပင်လျှင် ဒါကိုမလုပ်နိုင်ဘူး‌ဆိုတာ ၀န်ခံရ‌ပေမည်။

သူ့အမြင်တွင် မုဖူရှန်းက ယခုစစ်မြေပြင်၌ တိုက်ပွဲရာချီဆင်နွှဲခဲ့ပြီး တစ်ခါမှအရှုံးမရှိဘဲ ရှင်ကျန်ရစ်ခဲ့သည့် ဗိုလ်ချုပ်ကြီးတစ်ဦးအလားပင်။

ဤကဲ့သို့လူမျိုးက အတွေ့အကြုံရယူရန်အတွက် ဤနေရာတွင်ရှိနေခြင်းမဟုတ်။

သူ့ကို သူတို့အားကူညီပေးရန်အတွက် အိမ်ရှေ့မင်းသားဖိတ်ခေါ်ခဲ့ခြင်းဖြစ်ရပေမည်။

"မင်းစိတ်ကြိုက်နောက်ထပ်အမိန့်တွေပေးလို့ရပါတယ်၊ ငါတို့ငြင်းပယ်တဲ့စကားတစ်ခွန်းမှ မပြောတော့ပါဘူး"အဇူရာနဂါးတပ်မှူး၏ စကားလုံးများက အဇူရာနဂါးစစ်တပ်တစ်ခုလုံး၏ သဘောတူညီချက်ကို ရလိုက်ခြင်းပင်။

မုဖူရှန်း၏နည်းဗျူဟာကြောင့်သာမဟုတ်ပါက သူတို့အောင်ပွဲအတွက်မည်သည့်မျှော်လင့်ချက်ကိုမှ မြင်နိုင်မည်မဟုတ်။

ဤပြည့်စုံသည့်အောင်ပွဲက သူတို့ယုံကြည်မှုကို သံသယမရှိမြှင့်တင်ပေးသည်။

မုဖူရှန်းခေါင်းညိတ်သည်။

သူရည်ရွယ်ထားသည့်သက်ရောက်မှုကို အောင်မြင်ခဲ့သည်။

ဒီတစ်ကြိမ်တွင် မုဖူရှန်း သူ့စွမ်းရည်များကို မဖုံးကွယ်ထားခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူ အဇူရာနဂါးစစ်တပ်တစ်ခုလုံးအား သူ့အားယုံကြည်စေချင်သောကြောင့်ပင်။

မဟုတ်ပါက ပိုအရေးကြီးသည့်အခြေအနေတွင် ခုခံခြင်းက ကောင်းသောအရာတစ်ခုမဟုတ်။

"ကောင်းပြီ၊ အဇူရာနဂါးဝိဉာဉ်ကို အရင်သွားယူကြရအောင်"

"ယူပြီးသွားရင်ရော" အဇူရာနဂါးတပ်မှူးမေးသည်။

မုဖူရှန်းတစ်ခဏမျှတွေးပြီးနောက် ပြန်ဖြေသည်။

"ကျုပ်တို့အခုသူတို့နယ်မြေကိုမသွားဘူး၊ အရင်ဆုံးတခြားတောင်တွေက နဂါးဝိဉာဉ်တွေကို ရှာရမယ်၊ လက်ရှိအခြေအနေက နဂါးဝိဉာဉ်သုံးခုကိုပဲ ရှာဖို့လိုတာ၊ ဒါဆိုရင် ကျုပ်တို့ဘာမှပူပန်စရာမလိုတော့ဘဲ တစ်ချိန်တည်းမှာ အသာစီးရနေမှာပဲ"

"တကယ်တော့ ကျုပ်တို့လျှို့ဝှက်သူလျှိုတွေကို အရင်ဆုံးဖယ်ရှားသင့်တယ်"

ထိုသို့ပြောရင်း မုဖူရှန်း အစောပိုင်းက မူမမှန်မှုများကို ပြသခဲ့သည့် လူအနည်းငယ်အား လက်ညိုးထိုးပြသည်။

"နားလည်မှုလွဲတာရှိလား၊ မရှိလားတော့ ကျုပ်မသိဘူး၊ ဒါပေမယ့် လူတိုင်းနားလည်မယ်လို့ မျှော်လင့်ပါတယ်၊ သတိထားတဲ့ဘက်ခြမ်းမှာ အမှားအယွင်းမရှိတာက ပိုကောင်းတယ်လေ"

All Chapters