← Chapters

အံ့ဩသင့်ဖွယ်ရာ သစ္စာဖောက်မှု

Vol. 95 Ch. 1344

အံ့ဩသင့်ဖွယ်ရာ သစ္စာဖောက်မှု

Vol. 95 Ch. 1344

အဆုံးအဖြတ်ပေးနိုင်သည့် တိုက်ပွဲစတင်ခဲ့သည်။ အဆောင်နှစ်ထောင်ကျော်က တစ်ချိန်တည်းတွင် ပေါက်ကွဲသွားခဲ့ပြီး လျှပ်စီးက ပန်းရေလမင်းကြေးမုံက ပြသသည့် ပုံရိပ်များအား လုံး၀ဖုံးသွားခဲ့သည်။

တစ်ချို့လူများမှာမူ မျက်လုံးပင်မှိတ်ရင်း ခေါင်းကိုတစ်ဖက်လှည့်လိုက်ကြ၏။

အဆောင်များစွာနှင့် အစီအရင်များက တစ်ချိန်တည်းတွင် ပေါက်ကွဲခဲ့သည်။

နဂါးဖြူတောင်က လုံး၀ကို ဖရိုဖရဲဖြစ်နေသည်။

အိမ်ရှေ့မင်းသား၏စကားလုံးများကို ကြားသောအခါ ပထမမင်းသားနှင့် တတိယမင်းသားတို့၏ အမူအရာများက အလွန်အမင်းကြည့်ရဆိုးသွားကြပြီး အိုးဖင်အလား မည်းနက်သွား၏။

တိုက်ပွဲကိုပင် မြင်တွေ့ခဲ့ရခြင်းမရှိဘဲ တပ်မှူးများနှင့် ပြင်ပထောက်ပံ့ရေးများအပြင် တပ်မဟာခြောက်ခုက လုံး၀ဖျက်ဆီးခံခဲ့ရသည်လား။

သူတော်စင်သားတော်ရွှမ်မင်ကလည်း နက်ရှိုင်းစွာ မျက်မှောင်ကြုတ်ထားသည်။

အဆင့်မြင့်အဆောင်အများကြီးကို တစ်ချိန်တည်းမှာ ထိန်းချုပ်နိုင်စွမ်းရှိတဲ့ အဆောင်သခင်တစ်ယောက် တကယ်ရှိနိုင်တာလား!

အကယ်၍ မုဖူရှန်းသာ ဘိုးဘေးနယ်ပယ်အဆောင်သခင်တစ်ယောက်ဆိုပါက သူ့အတွက် ကျိုးပိုင်လု၏အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခြင်းဟူသည် အဓိပ္ပာယ်ရှိသွားလေပြီ။ မည်သို့ပင်ဆိုစေကာမူ ဘိုးဘေးနယ်ပယ်အဆောင်သခင်များက တျန်ဂျီတိုက်တစ်ခုလုံးတွင်ပင် ရှားပါးရတနာများမဟုတ်ပေလော။

သူတို့အားလုံးက လူတိုင်းယှဉ်ပြိုင်နေရသည့် စွမ်းအားရှင်များပင်။

သို့စေကာမူ မုဖူရှန်း ကျောင်းမင်နှင့် တိုက်ခိုက်ခံသည့်မြင်ကွင်းကို အခြေခံမည်ဆိုပါက ၎င်းက ဘိုးဘေးနယ်ပယ်အဆောင်သခင်တစ်ဦး၏ အမြင့်နှင့် သေချာပေါက် မကိုက်ညီပေ။

ဖြစ်နိုင်ချေတစ်ခုတည်းသာ ကျန်တော့သည်။ မုဖူရှန်း လျှို့ဝှက်နည်းစနစ်တစ်ခု သို့မဟုတ် ပြင်ပအရာ၀တ္ထုတစ်ခုခုကို သုံးခဲ့ခြင်းဖြစ်ရပေမည်။

သူတော်စင်သားတော်ရွှမ်မင် ကျိုးပိုင်လုအား စိုက်ကြည့်နေသည်။

ဤတဒင်္ဂ၌ ကျိုးပိုင်လု၏ ကွေးညွတ်နေသည့်ပါးစပ်က မည်သူမှ သတိမထားမိခင်မှာပင် အပြုံးက ပို၍ကျယ်ပြောလာသည့်အလားထင်ရသည်။

"မပြီးသေးပါဘူး" ပထမမင်းသား လက်ပိုက်ရင်း နှာခေါင်းရှုံ့လိုက်၏။

"အဆင့်မြင့်စွမ်းအားမှာ ဒီလောက်ကြီးမားတဲ့ ကွာဟချက်နဲ့ဆိုရင် ဘိုးဘေးနယ်ပယ် တစ်ယောက်ပဲရှိတဲ့ အဇူရာနဂါးစစ်တပ်က ဘယ်လိုလုပ်ယှဉ်ပြိုင်နိုင်မှာလဲ"

"ဒါပေမယ့် ဒီအတိုင်းအတာအထိ အောင်မြင်ဖို့ဆိုတာက တကယ်ကိုထူးဆန်းနေပါပြီ" ပထမမင်းသားပြောပြီးနောက် တတိယမင်းသားကလည်း စိတ်သက်သာရာရစွာ သက်ပြင်းရှည်ကြီး မှုတ်ထုတ်ရင်း ပြုံးသည်။

"တကယ်ပါ၊ အရှင်မင်းသားက အဇူရာနဂါးစစ်တပ်ကို အချိန်တိုအတွင်း ဒီလောက်ထိ ခေါ်လာနိုင်တယ်ဆိုတာကတင် တကယ်ကို ချီးကျူးစရာကောင်းနေပါပြီ"

ထိုစကားလုံးများကိုကြားသည့် လူအများစုအတွက်မူ ပြုံးစရာအကြောင်းရင်းမရှိချေ။

စစ်တပ်ခြောက်ခုတွင် စုစုပေါင်း ဘိုးဘေးနယ်ပယ်စွမ်းအားရှင်ခြောက်ဦးနှင့် ဘိုးဘေးနယ်ပယ်တစ်၀က်သုံးဦးရှိသည်။

ယှဉ်ကြည့်ပါက အဇူရာနဂါးစစ်တပ်တွင် ဘိုးဘေးနယ်ပယ်တစ်ဦးနှင့် ဘိုးဘေးတစ်၀က်နယ်ပယ်နှစ်ဦးသာရှိသည်။

ဤကွာဟချက်က မဆိုစလောက်မဟုတ်။

သို့သော် အိမ်ရှေ့မင်းသား၏မျက်နှာ၌ ကြောက်စိတ်လက္ခဏာတစိုးတစိမျှ သူတို့မတွေ့ရဘဲ ယင်းအစား အရာတိုင်းက ထိန်းချုပ်မှုအောက်တွင် ရှိနေသည့်အလား ပြုံးနေသည်။

"ဒီလိုလား"

ဤစကားက ပထမမင်းသားနှင့် တတိယမင်းသားတို့၏ နှလုံးသားကို တင်းကျပ်သွားစေသည်။

သူတို့ချက်ချင်းဆိုသလို ပန်းရေလမင်းကြေးမုံထဲသို့ အကြည့်ပြန်ပို့လွှတ်လိုက်ကြ၏။

......

"ဘာဖြစ်တာလဲ၊ လိပ်တစ်ကောင်လို ဆော့ကစားနေသေးပြီး မျက်နှာမပြချင်သေးဘူးလား" အကြေးခွံပြောင်းပြန်တပ်မှူးအော်ဟစ်သည်။ သူ့မျက်နှာက ဒေါသကြောင့် ရှုံ့တွနေသည်။

ဘိုးဘေးနယ်ပယ်ဖိအားက ရုတ်တရက် ဤနေရာတစ်ခုလုံးအတွင်း ပျံ့သွား၏။

ထိုအချိန်မှာပင် ဝါးခင်းများကြားမှ ပုံရိပ်များစွာပေါ်လာသည်။

တစ်ချိန်တည်းမှာပင် ဘိုးဘေးနယ်ပယ်ဖိအားတစ်ခြကလည်း မြင့်တက်လာပြီး အကြေးခွံပြောင်းပြန်တပ်မှူး၏ ဖိအားကို ခုခံသည်။

"နောက်ဆုံးတော့ ပြဖို့ဆုံးဖြတ်လိုက်ပြီပေါ့" အကြေးခွံပြောင်းပြန်တပ်မှူး အဇူရာနဂါးတပ်မှူးကို ငုံ့ကြည့်ရင်း အေးစက်စွာ နှာခေါင်းရှုံ့သည်။

"မင်းတို့ရဲ့အဆောင်တွေနဲ့ ချုံခိုတိုက်ခိုက်မှုက ငါတို့စစ်တပ်ခြောက်တပ်ရဲ့ အောက်ခြေတပ်ဖွဲ့အားလုံးကို သုတ်သင်ပစ်ခဲ့တယ်ဆိုပေမယ့် ဘိုးဘေးနယ်ပယ်က လူတစ်ယောက်တည်းနဲ့ မင်းတို့ဘာလုပ်နိုင်မှာလဲ"

ဒါက အဇူရာနဂါးတပ်မှူး စိုးရိမ်ပူပန်နေသည့်အရာလည်းဖြစ်သည်။

သူထိုအချိန်က မုဖူရှန်း၏ နည်းဗျူဟာများအကြောင်း အသေးစိတ်ကို မမေးမြန်းခဲ့ပေ။

သူကပြိုင်ဘက်တွင် အဆင့်မြင့်အင်အား ဘယ်လောက်ရှိသလဲဆိုတာကိုလည်း မုဖူရှန်းအား ပြောပြခဲ့သည်။

သို့သော်ယခုတွင် ဤပြဿာနာအား မဖြေရှင်းရသေးဘဲ သူတို့သာ ဘိုးဘေးနယ်ပယ်က လူအနည်းငယ်ကို မကိုင်တွယ်နိုင်ပါက အရာတိုင်းက အချည်းနှီးဖြစ်သွားပေလိမ့်မည်။

သို့စေကာမူ ဘိုးဘေးနယ်ပယ်စွမ်းအားရှင်များကို ကိုင်တွယ်ရန်ဟူသည် ဘယ်လိုလုပ် လွယ်ကူနိုင်မည်နည်း။

အထူးသဖြင့် အရေအတွက်ကွာဟချက်က ကြီးမားလွန်းသောအခါတွင်ဖြစ်သည်။

အဇူရာနဂါးတပ်မှူး စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်နေစဉ်မှာပင် သူ့ဘေး၌ ရုတ်တရက်လူတစ်ယောက်ရပ်လာသည်။

သူကဓားတစ်လက်ကိုကိုင်ထားပြီး သူ့တစ်ကိုယ်လုံးအား အနက်ရောင်၀တ်စုံနှင့် ဖုံးထားသည်။

သို့သော် အနက်ရောင်၀တ်ရုံကို ချွတ်လိုက်သည်နှင့်တစ်ပြိုင်နက် ရှိနေသောသူအားလုံး အနည်းငယ် ထိတ်လန့်သွားကြ၏။

ကောင်းကင်အေးခဲဓားဘိုးဘေး!

"ငါနှစ်ယောက်ကိုင်တွယ်နိုင်တယ်" ကောင်းကင်အေးခဲဓားဘိုးဘေးတည်ငြိမ်စွာပြောသည်။

"ဒီလိုဆိုရင်တောင် ငါတို့ဘက်မှာ လူခုနှစ်ယောက်ရှိသေးတယ်" နဂါးနီတပ်မှူး အေးစက်စွာဆိုသည်။

သို့စေကာမူ နဂါးနီတပ်မှူးပြောနေစဉ်မှာပင် သူတို့ဘေးက လျှပ်စီးနဂါးတပ်မှူး အဇူရာနဂါးတပ်မှူးဘေးသို့ တည့်တည့်လျှောက်သွားပြီး တိတ်ဆိတ်စွာရပ်လိုက်သည်။

ဤမြင်ကွင်းကိုမြင်ရသောအခါ ‌အကြေးခွံပြောင်းပြန်တပ်မှူးအပါအ၀င် တခြားတပ်မှူးများကလည်း မျက်သူငယ်အိမ်များက သိသာစွာပင် ကျုံ့သွားကြ၏။

"မင်းဘာလုပ်နေတာလဲ"

လျှပ်စီးနဂါးစစ်တပ်က ပဉ္စမမင်းသား၏ အမိန့်အောက်တွင်ရှိသည်။

နဂါးကိုးကောင်နတ်မင်းဆက်က လူတိုင်းက ပဉ္စမမင်းသားက အိမ်ရှေ့မင်းသား၏ ရန်သူများဖြစ်သည့် ပထမမင်းသားနှင့် တတိယမင်းသားနှင့် ပူးပေါင်းထားတာကိုသိကြသည်။

ဖြစ်နိုင်တာက.....!

အပြင်ဘက်၌ တတိယမင်းသားရော ပထမမင်းသားပါ ပဉ္စမမင်းသားအား မနှစ်မြို့ဖွယ်ရာမျက်နှာများဖြင့် ကြည့်လိုက်ကြ၏။

"ညီငါး....မင်း....."

ပဉ္စမမင်းသား၏ မူလလေးနက်နေသည့် အမူအရာက အေးဆေးသည့်အပြုံးအဖြစ် ပြောင်းလဲသွားကာ အိမ်ရှေ့မင်းသားဘေးသို့ ဖြည်းဖြည်းချင်းလျှောက်သွားသည်။

"ဘယ်လိုလဲ၊ ငါသရုပ်ဆောင်တာ မဆိုးဘူးမလား"

အိမ်ရှေ့မင်းသားမှာ လက်မထောက်ပြလိုက်သည်။

"အစ်ကိုငါးဆိုတဲ့ဂုဏ်ပုဒ်နဲ့ တကယ်ထိုက်တန်ပါပေတယ်"

ဤနေရာတွင် အရာတိုင်းရှင်းလင်းသွားလေပြီ။

သူတို့မည်မျှပင်စုံစမ်းစစ်ဆေးနေပါစေ သူတို့ကိုယ်ပိုင်အဖွဲ့ထဲက လျှို့ဝှက်သူလျှိုများအား လုံး၀ဖယ်ရှား၍မရနိုင်ခဲ့ပေ။

စုံစမ်းစစ်ဆေးမှုအနည်းငယ်က တစ်ခုနှစ်ခုကို ဖော်ပြနိုင်သော်လည်း အိမ်ရှေ့မင်းစားကို ဆန့်ကျင်သည့် အရေးပါသည့် စစ်ဆေးရေးတစ်ခုရှိတိုင်း သူ့တွင် အနာဂတ်ကို ဟောကိန်းထုတ်ရန်အတွက် ကြိုတင်သိမြင်နိုင်သည့် အစွမ်းရှိနေသည့်အလားပင်။

ယခုတွင်မူ တကယ့်အစစ်အမှန်သူလျှိုက ပဉ္စမမင်းသားဖြစ်နေတာကို သူတို့သဘောပေါက်သွားကြ၏။

သူတို့အရင်ကတွေ့ရှိခဲ့သောသူများက အိမ်ရှေ့မင်းသား သူတို့သံသယများကို ဖြေရှင်းရန်အတွက် စေလွှတ်ခဲ့သည့် စတေးခံစစ်သားများသာဖြစ်သည်။

"တကယ်ကို အတော်လေးကောင်းမွန်တဲ့ နည်းဗျူဟာပဲ ညီငါး၊ အနာဂတ်မှာ မင်းနဲ့ ဘယ်သူမှ တွဲမလုပ်ရဲတော့မှာကို မကြောက်ဘူးလား" တတိယမင်းသား ကြည့်ရဆိုးသည့် အမူအရာဖြင့်ပြောသည်။

ပဉ္စမမင်းသား ဂရုမစိုက်သည့်အသွင် လက်အစုံကိုဖြန့်လိုက်၏။

"ကျွန်တော်က အမြဲလိုလို အိမ်ရှေ့မင်းသားရဲ့ လူတစ်ယောက်ဖြစ်နေတာပဲလေ၊ သစ္စာဖောက်တာတွေ၊ သစ္စာမဲ့တာတွေ ပြောနေစရာလိုလို့လား"

ပထမမင်းသား ပဉ္စမမင်းသားကို စူးစိုက်ကြည့်သည်။

"ငါတို့မှာ လူနှစ်ယောက်ရှိနေတုန်းပါပဲ၊ ဘိုးဘေးနယ်ပယ်ကျွမ်းကျင်သူနှစ်ယောက်ကွာခြားချက်နဲ့ မင်းတို့အခုဘာလုပ်ဖို့ စီစဉ်ထားလဲ"

အိမ်ရှေ့မင်းသားပခုံးတွန့်သည်။

"ဒါတွေက ကျွန်တော့်ရဲ့အဆုံးအဖြတ်ပေါ် မူတည်ပါတယ်၊ ကျွန်တော်သာမမှားဘူးဆိုရင် ဒီစစ်ရေးလှည့်ကွက်ကို ကျွန်တော်လက်ခုပ်ထဲ သိမ်းယူလိုက်မယ်လေ"

၀န်ကြီးများနှင့် အနားက ၀န်ထမ်းဦးစီးတို့က အချင်းချင်းကြည့်လိုက်မိကြသည်။

ဤမြင်ကွင်းကိုမြင်ပြီးနောက် ဤအခွင့်အရေးယူတတ်သည့် ၀န်ကြီးများက အိမ်ရှေ့မင်းသားအား သူတို့နှလုံးသားထဲတွင် စတင်ပြန်လည်စစ်ဆေးတော့သည်။

ယခုဖြစ်ရပ်များအပြီးတွင် အိမ်ရှေ့မင်းသား၏ နည်းဗျူဟာနှင့် လှည့်ကွက်များက တတိယမင်းသားနှင့် ပထမမင်းသားတို့အား လုံး၀လွှမ်းမိုးသွားတာကို ပြသနေသည်။

ဤသည်က မူလက ဘက်မလိုက်သည့် ၀န်ကြီးများနှင့် ၀န်ထမ်းရေးရာဦးစီးများအား အိမ်ရှေ့မင်းသားဘက်သို့ စတင်တိမ်းစောင်းသွားစေသည်။

.....

ယခုအိမ်ရှေ့မင်းသားဘက်ရှိ ဘိုးဘေးနယ်ပယ်ကျွမ်းကျင်သူများက အဇူရာနဂါးတပ်မှူး၊ လျှပ်စီးနဂါးတပ်မှူးနှင့် အားကောင်းသည့် ကောင်းကင်အေးခဲဓားဘိုးဘေးတို့ပင်။

သူတို့စုစုပေါင်းသုံးယောက်ရှိပြီး လေးယောက်ကိုကိုင်တွယ်နိုင်သည်။

တခြားတစ်ဘက်တွင် လျှပ်စီးနဂါးတပ်မှူး၏ ထွက်ခွာမှုနှင့်အတူ ဘိုးဘေးနယ်ပယ်ခြောက်ဦးသာကျန်ခဲ့သည်။

သို့တိုင် လူနှစ်ဦးအကြားကွာဟချက် ရှိနေသေးသည်။

သို့စေကာမူ အဇူရာနဂါးတပ်မှူးမှာ ထိတ်လန့်နေပုံမရတော့ဘဲ စိတ်သက်သာရာရစွာ သက်ပြင်းချသည်။

"အနည်းဆုံးတော့ အခုငါတို့တိုက်ပွဲ၀င်နိုင်ပြီပေါ့"

အဇူရာနဂါးတပ်မှူး တာ၀န်များကို လွှဲပြောင်းပေးတော့မည့်အချိန်တွင် ရှောင်ဟိုင်ရှေ့တိုးလာသည်။

"ကျုပ်နှစ်ယောက်ကို ကိုင်တွယ်ထားနိုင်တယ်"

မင်းလား!

ဘိုးဘေးနယ်ပယ်တစ်၀က်အဆင့် ကျွမ်းကျင်သူတစ်ယောက်က ဘိုးဘေးနယ်ပယ်ကျွမ်းကျင်သူတွေကို ဘယ်လိုလုပ် ထိပ်တိုက်ရင်ဆိုင်မှာလဲ!

ဒါ့အပြင်နှစ်ယောက်ကိုပြောနေတာနော်၊ မင်းကိုယ့်စကားကိုရော ကိုယ်နားထောင်နေရဲ့လား!

ထိတာနဲ့ မင်းချေမှုန်းခံရလိမ့်မယ်!

ဖယောင်းနဂါးတပ်မှူးအပါအ၀င် တခြားတပ်မှူးများမှာ စတင်အူလှိုက်သည်းလှိုက် ရယ်မောလိုက်ကြတော့သည်။

လူတိုင်း၏သံသယရှိနေသည့် အကြည့်အောက်တွင် ရှောင်ဟိုင် အဆောင်တစ်ခုကို ရင်ဘတ်၌ ကပ်လိုက်လေရာ သူ့သွေးကြောက ပေါက်ကွဲသွား၏။ သူ့နောက်တွင် နတ်ဆိုးဘုရင်ပုံရိပ်ယောင်က ဆင်းသက်လာခဲ့သည်။

သွေးကြောနှင့် ဖန်တီးခြင်းနတ်အဆောင်၏ အကူအညီနှင့်အတူ ရှောင်ဟိုင်၏အော်ရာက ဘိုးဘေးနယ်ပယ်သို့ အမှန်တကယ် ရောက်ရှိသွားခဲ့သည်။

All Chapters