တတိယအဆင့်
Vol. 95 Ch. 1337
အိမ်ရှေ့မင်းသား၏လောင်းကြေးက အတော်လေးကြီးမားသည်။
အကယ်၍သူသာရှုံးနိမ့်ပါက အိမ်ရှေ့မင်းသားရာထူးကနေ တက်ကြွစွာပင် နှုတ်ထွက်မည်ဖြစ်သည်။
ဤလောင်းကြေးက အင်မတန်ကြီးမားလေရာ တခြားသူများအား အတော်လေးသံသယ၀င်စေပြီး မသေမချာဖြစ်စေသည်။
အောင်ပွဲအတွက် ရာနှုန်းကြည့်ယုံကြည်မှုမရှိနေသရွေ့ မည်သူမှ ယခုလိုလောင်းကြေးမျိုးကို အဆိုပြုမည်မဟုတ်။
သိုဘသော် တစ်ဘက်က ယုံကြည်မှုရှိနေတာကိုသိသည့်တိုင် တတိယမင်းသားနှင့် မင်းသားကြီးတို့မှာ ဤတောင်းဆိုမှုကို မငြင်းနိုင်ပေ။
ပထမအချက်က သူတို့၏ကိုယ့်ပိုင်အရေအတွက်နှင့်အင်အားက အိမ်ရှေ့မင်းသားထက် အများကြီးပိုသာနေတာကို သိသောကြောင့်ပင်။ ယခုလိုအခြေအနေမျိုးတွင် သူတို့သာလက်မခံပါက အနာဂတ်တွင် ပို၍ပင်ပြဿာနာတက်လာနိုင်သည်။ မည်သို့ပင်ဆိုစေကာမူ အိမ်ရှေ့မင်းသား၏ အာဏာရင်းမြစ်က ပုံဖော်ထားခြင်းမရှိသေးပါ။
ဒုတိယက ဧကရာဇ်ကိုယ်တိုင် ဒီနေရာတွင်ရှိနေလေရာ သူတို့၏အဖေဖြစ်သူရှိနေတာကိုသိသည့်တိုင် ယခုလိုအခြေအနေမျိုးတွင် သူတို့ငြင်းပယ်၍မရပေ။ ဧကရာဇ်က သူတော်ကောင်းတို့ရဲ့ စိတ်ဓာတ်နှင့် သတ္တိကင်းမဲ့သူကို လုံး၀မကြိုက်ချေ။ သူတို့နောက်ပိုင်း လောင်းကြေးကိုနိုင်ခဲ့လျှင်ပင် အိမ်ရှေ့မင်းသားရာထူးကို လက်လှမ်းမည်တော့မည်မဟုတ်။
ဤအကြောင်းရင်းနှစ်ခုကြောင့်ပင် တတိယမင်းသားနှင့် ပထမမင်းသားတွင် လောင်းကြေးကိုလက်ခံရန်ကလွဲပြီး တခြားရွေးချယ်စရာမရှိ။
ယင်းနောက်တွင် အိမ်ရှေ့မင်းသား ဧကရာဇ်ဘက်လှည့်ပြီး လက်နှစ်ဖက်ကိုခေါက်ကာ ဦးညွတ်ရင်း တောင်းဆိုသည်။
"ခမည်းတော်ဧကရာဇ်၊ ကျွန်တော်တို့ရဲ့ လောင်းကြေးကိုခွင့်ပြုပေးပါ"
ဧကရာဇ်မှာလှည့်ပင်မကြည့်ဘဲ လက်ဝှေ့ယမ်းပြသည်။
"မင်းတို့ကိုယ်တိုင်ဆုံးဖြတ်ကြပါ"
သူတိတ်တဆိတ်သဘောတူနေသည်က ရှင်းနေသည်။
တစ်ချိန်တည်းမှာပင် ကျိုးပိုင်လု ကြေးမုံထဲတွင်ဖြစ်ပျက်နေသည့်မြင်ကွင်းအား ကြည့်နေသည်။ ပန်းရေလမင်းကြေးမုံဟုသိကြသည့် ရှေးဟောင်းဓမ္မလက်နက်က နဂါးကိုးကောင်တောင်တန်းအတွင်း နေရာမျိုးစုံက မြင်ကွင်းများကို ပြသနိုင်သည်။
ပန်းရေလမင်းကြေးမုံထဲတွင် တပ်မတော်၏ လှုပ်ရှားမှုနှင့် လုပ်ဆောင်မှုအားလုံးကို ရှင်းလင်းစွာမြင်နိုင်သည်။
ကျိုးပိုင်လု၏အကြည့်က အနည်းငယ်မျှပင် အတက်အကျမရှိဘဲ ကြေးမုံတစ်နေရာဆီသို့ ကျရောက်သွား၏။
တခြားသူများက သူမ၏အာရုံစိုက်မှုနှင့် မထိုက်တန်သည့်အသွင်။
သူမနှုတ်ခမ်းထောင့်စွန်းက ပုံမှန်ထက် အနည်းငယ်ပိုကွေးညွတ်နေသည်။
သူမဘေးက သူတော်စင်သားတော်ကလည်း ဤမြင်ကွင်းကိုသတိထားမိသဖြင့် ကျိုးပိုင်လုအတိုင်းလိုက်ကြည့်သည်။ အဆိုပါကြေးမုံပုံရိပ်အပိုင်းအစတစ်ခုက မုဖူရှန်း၏ အဇူရာနဂါးစစ်တပ်ပေတည်း။
ကျိုးပိုင်လုဘယ်တုန်းက လူတစ်ယောက်တည်းကို ဒီလောက်ထိ အာရုံစိုက်ဖူးလို့လဲ!
မုဖူရှန်းသာပေါ်မလာပါက သူမ ဤစစ်ရေးလေ့ကျင့်မှုကို တက်ရောက်ရန်အတွက် ဒုက္ခခံမည်မဟုတ်။
ဒါကိုတွေးမိသောအခါ သူတော်စင်သားတော်၏မျက်နှာက အလွန်အမင်းကြည့်ရဆိုးလာသည်။ သူအကြည့်ကို ပန်းရေလမင်းကြေးမုံထံ ပြန်ပို့လွှတ်ရင်း မုဖူရှန်းအား အနီးကပ်ကြည့်နေသည်။
မုဖူရှန်းနှင့်ပတ်သက်၍ ဘာကအရမ်းထူးခြားနေရသလဲဆိုတာ သူအမှန်တကယ် မြင်ချင်သည်။
......
ဤတဒင်္ဂ၌ တပ်ပေါင်းစုံက နဂါးကိုးကောင်တောင်တန်း၏နေရာတိုင်းတွင် ပြန့်ကျဲနေသည်။
နဂါးကိုးကောင်နတ်မင်းဆက်၏ တပ်ပေါင်းစုများက အတော်လေးများပြားကာ နဂါးကိုးကောင်တောင်တန်းတစ်ခွင် ပြန့်ကျဲနေသော်လည်း သူတို့က သမုဒ္ဒရာထဲက အစက်အပျောက်လေးတစ်ခုပမာသာ။ နဂါးဝိဉာဉ်များ၏သဲလွန်စကို မရှာတွေ့သရွေ့ သူတို့အားလုံး နဂါးဝိဉာဉ်မြေသို့ ဦးတည်သွားကြရမည်။ မဟုတ်ပါက ရင်ဆိုင်ရန် အတော်လေးခက်ခဲပေလိမ့်မည်။
နဂါးကိုးတောင်တောင်တန်းကို ဖယောင်းနဂါး၊ ပိုင်လု၊ နဂါးနီ၊ လျှပ်စီးနဂါး၊ ပင်လယ်နဂါး၊ ကောင်းကင်ဘုံနဂါး၊ မြေနဂါး၊ လေနဂါးနှင့် အဇူရာနဂါးတို့အဖြစ် စုစုပေါင်း တောင်ထိပ်ကိုးခုအဖြစ် ခွဲခြားထားသည်။
ဤအရာများက မင်းသားကိုးပါး၏ ရာထူးများကို အတိအကျကိုယ်စားပြုသည်။
ယခုအဇူရာနဂါးစစ်တပ်က အဇူရာနဂါးတောင်၏နယ်မြေထဲတွင်ရှိသည်။
လက်ရှိတွင် အဇူရာနဂါးတောင်၏ တောင်ကုန်းတစ်နေရာ၌ အဇူရာနဂါးစစ်တပ်က ယာယီစခန်းချခဲ့သည်။
တပ်မှူးနှင့် ဒုတပ်မှူးအများစုက တစ်နေရာတည်းတွင်စုရုံးကာ မြေပုံကိုထုတ်ရင်း နည်းဗျူဟာများကို စတင်ဆွေးနွေးကြသည်။
မုဖူရှန်းနှင့်သူ့အဖော်နှစ်ယောက်က ဘေးကနေ နားထောင်နေကြသည်။
ထိုစဉ်တပ်မှူးပြောသည်။
"အတိတ်ဖြစ်ရပ်တွေအရဆိုရင် နဂါးဝိဉာဉ်ပေါ်ထွန်းမှုက မိုးနဲ့မြေကြားက ထူးခြားတဲ့ ဖြစ်စဉ်တစ်ခုနဲ့ တွဲဖက်နေဖို့လိုတယ်၊ ဒီမြေပုံမှာ အမှတ်အသားပြုထားတဲ့နေရာက ထူးခြားတဲ့ဖြစ်ရပ်တွေပေါ်လာတဲ့နေရာဖြစ်ပြီး အဇူရာနဂါးဝိဉာဉ်နဲ့ ဆက်စပ်နေတဲ့ ဖြစ်ရပ်ကတော့ ဒီတောင်နောက်မှာရှိတယ်"
ဒုတပ်မှူးတစ်ဦး အနည်းငယ်မျက်မှောင်ကြုတ်သည်။
"အဇူရာနဂါးတောင်ရဲ့နောက်ဘက်မှာတောင် အတော်လေးကြီးမားတဲ့နေရာတစ်ခုရှိသေးတယ်၊ ပြီးတော့ နဂါးဝိဉာဉ်တစ်ခု ပေါ်လာတာနဲ့ နဂါးချီကို အာရုံခံနိုင်မယ့် စွမ်းရည်မရှိသရွေ့ သူ့ရဲ့တည်ရှိမှုအရိပ်အယောင်ကို ပြသမှာမဟုတ်ဘူး"
သိုဝှက်နေသည့်နဂါးချီကို အာရုံခံရန်အတွက် နဂါးမျိုးနွယ်စုသွေးကြော သို့မဟုတ် နဂါးကလန်နှင့် ဆက်စပ်နေသည့် ပြင်ပအရာ၀တ္ထုတစ်ခုကို ပိုင်ဆိုင်ထားရန် လိုအပ်သည်။
ဤသည်ကိုကြားသောအခါ ရှောင်ဟိုင်ရောဖန်ချန်းပါ မုဖူရှန်းအားလှည့်ကြည့်ကြသည်။
သူတို့အကြည့်ကို ခံစားမိသော် မုဖူရှန်းရှေ့တိုးလိုက်သည်။
"ဒီလိုဆိုရင်တော့ ကျုပ်နဂါးချီကို ခံစားလို့ရနိုင်လောက်တယ်"
ထိုပြောဆိုချက်ကြောင့် တပ်မှူးများစွာမှာ ထိတ်လန့်သွားကြပြီး မုဖူရှန်းဘက်သို့ တညီတညွတ်တည်းလှည့်ကာ အံ့သြစွာ မေးလိုက်ကြသည်။
"တကယ်လား"
မုဖူရှန်းခေါင်းညိတ်လိုက်သော်လည်း နဂါးကိုးကောင်ဟဲပီချိတဖြစ်လဲ ကိုးနဂါးပီကို မထုတ်ဘဲ ယင်းအစားပြောသည်။
"မျှော်လင့်မထားတဲ့အရာတစ်ခုခု မဖြစ်ပျက်လာသရွေ့ပေါ့"
မည်သို့ပင်ဆိုစေကာမူ အပြစ်မဲ့လူတစ်ယောက်ကပင် ရတနာတစ်ခုကို ပိုင်ဆိုင်ထားရုံမျှနှင့် ဒုက္ခကိုလက်ယပ်ခေါ်နိုင်သည်ဟူသော မူကို မုဖူရှန်းနားလည်သည်။
အဇူရာနဂါးစစ်တပ်က အိမ်ရှေ့မင်းသားနှင့် ဆက်စပ်နေသော်လည်း တပ်အတွင်း တခြားမင်းသားများထံမှ သူလျှိုများရှိမနေနိုင်ဘူးဟု မည်သူအာမခံနိုင်မည်နည်း။
စိတ်လှုပ်ရှားနေသည့်ဒုတပ်မှူးတစ်ယောက်ပြောလာသည်။
"ဒါဆိုဘာလို့မြေပုံကိုကြည့်နေရသေးတာလဲ၊ အဲဒီနဂါးဝိဉာဉ်တွေကို အမြန်စုပြီး ရန်သူတွေရှာနေသေးတယ်ဆိုတဲ့အချက်ကို အခွင့်ကောင်းယူလိုက်ကြရအောင်၊ ငါတို့သာ အရင်ဆုံးနဂါးဝိဉာဉ်နှစ်ခု၊ သုံးခုလောက်ဖမ်းနိုင်မယ်ဆိုရင် အနည်းဆုံးတော့ ငါတို့အေးအေးဆေးဆေးနေနိုင်ပြီလေ"
တခြားဒုတပ်မှူးများကလည်း သဘောတူကြသည်။
သူတို့၏အမူအရာများက အတော်လေးစိတ်လှုပ်ရှားလာကြ၏။
အဇူရာနဂါးစစ်တပ်၏ တပ်မှူးပင်လျှင် ချက်ချင်းထရပ်ကာ ကျယ်လောင်စွာအော်ဟစ်သည်။
"ထွက်ခွာဖို့ပြင်ဆင်ကြ"
သို့သော်ထိုအချိန်မှာပင် မုဖူရှန်း အဆိုပ်အခြေအနေရပ်အား အချိန်မတန်ပဲ ရေအေးနှင့် လောင်းချရင်း အဇူရာနဂါးစစ်တပ်၏ လောင်ကျွမ်းနေသည့်စိတ်ဓာတ်များအား ပယ်ဖျက်ပစ်လိုက်သည်။
"ရှာဖွေရေးဆီတိုက်ရိုက်သွားတာက သေချာပေါက်အလုပ်ဖြစ်မှာမဟုတ်ဘူး၊ ကျုပ်မှာအကြံတစ်ခုရှိတယ်၊ ခင်ဗျားတို့ နားထောင်ချင်လား"
မုဖူရှန်းစကားကိုကြားသောအခါ လူတိုင်းမျက်မှောင်ကြုတ်ကြသည်။
"ဘာလို့တိုက်ရိုက်မရှာနိုင်ရမှာလဲ၊ ဒါကဘာကိုဆိုလိုတာလဲ"
"အခုလူတိုင်းကမြေပုံကို လေ့လာကြပြီး နဂါးဝိဉာဉ်တွေရဲ့ တည်နေရာအတိအကျကို ဆန်းစစ်နေကြတာ၊ ငါတို့မှာ နဂါးချီကို အာရုံခံဖို့နည်းလမ်းရှိတယ်ဆိုရင် ငါတို့ရှေ့တစ်လှမ်းလှမ်းနိုင်တယ်လို့ ဆိုလိုတာပဲလေ"
"ပဏာမခြေလှမ်းကို အမိအရဖမ်းဆုပ်တာက ဘယ်အချိန်မဆိုအရမ်းအရေးပါတယ်၊ မင်းဒါကိုနားမလည်ဘူးလား"
အဇူရာနဂါးတပ်မှူးကလည်း မုဖူရှန်းကို ပဟေဠိဖြစ်နေသည့်အသွင် မျက်မှောင်ကြုတ်ရင်းကြည့်သည်။
ဤလူအနည်းငယ်က အိမ်ရှေ့မင်းသားက သူတို့စစ်ရေးလေ့ကျင့်မှုအပြီးတွင် ရာထူးတိုးမည်ကိုစောင့်ဆိုင်းနေသည့် ရွှေအင်္ကျီတစ်ထည်အတွက် စေလွှတ်လိုက်သည်ဟုသာ သူတို့အားလုံးတွေးကြသည်။
ဤကဲ့သို့အရာမျိုးက အကြိမ်ပေါင်းများစွာ ဖြစ်ပျက်ခဲ့လေရာ သူတို့အတွက် နောက်ထပ်အံ့ဩသင့်စရာမကောင်းတော့ပါ။
မည်သို့ပင်ဆိုစေကာမူ အဇူရာနဂါးစစ်တပ်က နဂါးကိုးကောင်နတ်မင်းဆက်၌ တပ်ပေါင်းစုအားလုံး၏ အလယ်တွင် နေရာယူထားနိုင်လေရာ သူတို့၏စွမ်းဆောင်ရည်ကလည်း အရမ်းကြီးမညံ့ဖျင်းပေ။
သူတို့စိတ်ထဲတွင် 'မင်းတို့ဒီနေရာမှာ ရွှေသိမ်းဖို့လာတာဆိုရင် စကားလုံးတွေမဖြုန်းတီနဲ့၊ မင်းတို့အခန်းကဏ္ဍတစ်ခုခုက ပါ၀င်နိုင်ရင်တော့ အကောင်းဆုံးပဲပေါ့' ဟူ၍ဖြစ်သည်။
သို့စေကာမူ မုဖူရှန်းဒေါသထွက်ခြင်းအလျဉ်းမရှိဘဲ ထူးမခြားနားစွာပြောသည်။
"ပမာဏခြေလှမ်းကို ဖမ်းဆုပ်ယူတာက အချိန်အများစုမှာ အရေးပါတယ်ဆိုပေမယ့် တစ်ခါတစ်ရံ ပြောင်းပြန်ဖြစ်သွားစေနိုင်တယ်"
"ခင်ဗျားတို့အရင်က စစ်ရေးလေ့ကျင့်မှုတွေကို ဘယ်လိုကိုင်တွယ်ခဲ့သလဲဆိုတာ ကျုပ်မသိပေမယ့် ဒီတစ်ခါကတော့ လုံး၀ကွဲပြားသွားလိမ့်မယ်လို့ကျုပ်ထင်တယ်" မုဖူရှန်းဆက်ပြောသည်။
"ဒီတစ်ခါ န၀မမင်းသားကို အိမ်ရှေ့မင်းသားအဖြစ်ခန့်အပ်လိုက်တယ်၊ တတိယမင်းသားနဲ့ ပထမမင်းသားတို့ကလည်း အိမ်ရှေ့မင်းသားရာထူးကို လိုလားနေကြတာဆိုတော့ သူတို့ရဲ့လှုပ်ရှားမှုတွေကို ပွင့်ပွင့်လင်းလင်းလုပ်ဆောင်နေကြပြီ"
"ခင်ဗျားတို့က အိမ်ရှေ့မင်းသားရဲ့လူတွေဆိုမှတော့ ဒီစစ်ရေးလေ့ကျင့်မှုမှာ သံသယမရှိ ပစ်မှတ်ထားခံရမှာပဲ၊ ပထမနဲ့ဒုတိယအဆင့်မှာ ခင်ဗျားတို့ဒါကို ကြုံခဲ့ဖူးကြမယ်လို့ ကျုပ်ထင်တယ်"
ဤနေရာတွင် တပ်မှူးများတိတ်ဆိတ်သွားကြ၏။
မုဖူရှန်းပြောတာက မမှားပေ။
"ဒီတော့ သူတို့အကြံဉာဏ်က နဂါးဝိဉာဉ်တွေကို အရင်ရှာဖို့မဟုတ်ဘဲ ကျုပ်တို့ကိုရှာဖို့ပဲ၊ ပြီးတော့သူတို့ဒီကိုလာနေလောက်ပြီ"
"ဒါကိုထောက်ဆကြည့်ရမယ်ဆိုရင် ကျုပ်တို့လည်း ရန်သူကိုထောင်ချောက်ဆင်ဖို့အတွက် နဂါးဝိဉာဉ်တွေအနီးမှာ ရှောင်လွှဲလို့်မရနိုင်တဲ့ ကွန်ရက်တစ်ခုချထားလို့ရတာပဲလေ"
"ဒီနည်းနဲ့ ကျုပ်တို့နဂါးဝိဉာဉ်တွေကို ဘေးကင်းကင်းနဲ့ရယူနိုင်သလို ပြိုင်ဘက်ရဲ့ အင်အားကိုလည်း သိသိသာသာအားနည်းသွားအောင်လုပ်နိုင်မယ်"
မုဖူရှန်း၏အစီအစဉ်ကို ကြားသောအခါ တပ်မှူးအားလုံး၏ အမူအရာများက ပြောင်းလဲသွားကြ၏။
သူတို့မုဖူရှန်းကို အထင်အမြင်သေးကြသော်လည်း သူ့သဘောတရားက အတော်လေးမှန်ကန်တာကိုတော့ သူတို့၀န်ခံရပေမည်။