← Chapters

အစီအစဉ်ကို အကောင်အထည်ဖော်ခြင်း

Vol. 95 Ch. 1338

အစီအစဉ်ကို အကောင်အထည်ဖော်ခြင်း

Vol. 95 Ch. 1338

"ဒီလိုဆိုမှတော့ မင်းအစီအစဉ်အတိုင်း လုပ်ကြတာပေါ့" အဇူရာနဂါးတပ်မှူးမှာ ခေါင်းညိတ်ရင်း ရုတ်တရက်ပြောလာသည်။

တခြားဒုတပ်မှူးများက တပ်မှူးအား အံ့ဩစွာကြည့်လိုက်ကြသည်။

တပ်မှူးက ညှိနှိုင်းမှုရယူလိမ့်မည်ဟု သူတို့မျှော်လင့်မထားခဲ့ကြပေ။

"အစ်ကိုကြီး၊ ဘာလို့လဲ"

အဇူရာနဂါးတပ်မှူးပြောသည်။

"ဒီစိတ်ကူးကအတော်လေးကောင်းတာကို မပြောနဲ့ဦး၊ အိမ်ရှေ့မင်းသားကလည်း ငါတို့ကို သူတို့ရဲ့အကြံပြုချက်တွေနဲ့ အမိန့်တွေကို လိုက်နာဖို့ ညွှန်ကြားထားတယ်'

ထိုစကားကိုကြားသောအခါ ဒုတပ်မှူးများမှာ မျက်မှောင်ကြုတ်ရင်း နှုတ်ဆိတ်သွားကြသည်။

မုဖူရှန်းနှင့် သူ့အဖော်နှစ်ယောက်၏ ဆုတ်ခွာသွားသည့်ပုံရိပ်ကို ကြည့်ရင်း အဇူရာနဂါးတပ်မှူးထူးမခြားနားစွာပြောသည်။

"ဘာဖြစ်လာမလဲဆိုတာကို စောင့်ကြည့်တာကလည်းကောင်းပါတယ်၊ သူပြောခဲ့သလိုပဲ တတိယမင်းသား၊ ပဉ္စမမင်းသားနဲ့ မင်းသားကြီးတို့ရဲ့တပ်ရင်းတွေက ငါတို့ကို သေချာပေါက်ပစ်မှတ်ထားကြလိမ့်မယ်၊ ဒါကြောင့် ငါတို့ထူးကဲတဲ့ရလဒ်တွေကို မျှော်လင့်ထားလို့မရဘူး၊ အချည်းနှီးရုန်းကန်နေရတာထက် သူ့အစီအစဉ်ကို လိုက်နာတာက ပိုကောင်းတယ်၊ တကယ်လို့ မအောင်မြင်ဘူးဆိုရင်လည်း အိမ်ရှေ့မင်းသားဘက်က ငါတို့ကို အရမ်းကြီးအပြစ်တင်မှာမဟုတ်ပါဘူး"

အကယ်၍သူတို့သာနိုင်ပါက မုဖူရှန်း၏ ညွှန်ကြားချက်များကို လိုက်နာခဲ့တာကို အတည်ပြုပြီးသားဖြစ်သွားမည်ဖြစ်ကာ သိသာသည့်ဆုလာဘ်များကို ရရှိပေလိမ့်မည်။

သူတို့သာရှုံးပါက မုဖူရှန်းနှင့် သူ့အုပ်စုကို သူတို့အပြစ်တင်နိုင်သည်။

ကြည့်ရသည်မှာ ဘယ်နည်းလမ်းမှ အရှုံးမရှိပုံပင်။

ဤအကြောင်းပြချက်နှင့်အတူ တပ်မှူးမှာ မုဖူရှန်းနှင့်တခြားသူများနောက်လိုက်ရန် သူ့တပ်အား လက်ဟန်ခြေဟန်ပြလိုက်၏။

တပ်မတော်၏ အခြေခံလူတန်းစားများမှ လူအနည်းငယ်မှာ တပ်မှူးနှင့်မုဖူရှန်းတို့သုံးယောက်ကို စောင့်ကြည့်ရင်း သူ့တို့အကြည့်များက အမည်မသိအတွေးများကိုတွေးကာ တဖျပ်ဖျပ်လင်း၀င်းနေကြသည်။

အဇူရာတောင်နောက်ဘက်ကို ရောက်လာသောအခါ မုဖူရှန်း နဂါးကိုးကောင်ဟဲပီချိနှင့် ဝိဉာဉ်စွမ်းအားကို နဂါးချီတည်နေရာအား စတင်ရှာဖွေရန်အတွက် တိတ်တဆိတ် အသက်သွင်းလိုက်၏။

သူဝိဉာဉ်စွမ်းအားကိုထုတ်လွှတ်လိုက်သောအခါ ငြီးငွေ့ဖွယ်ရာနဂါးဟိန်းသံအစီအရင်တစ်ခုက အဆက်မပြတ်ပဲ့တင်ထပ်လာပြီး တခြားသူများသတိမထားမိပေ။

သူ့ဝိဉာဉ်၏ ကြည်လင်သည့်စွမ်းအင်က ဧရာမနဂါးကြီး၏ပုံသဏ္ဍာန်ကို ခပ်မှိန်မှိန်ယူလိုက်သည်။

အမွေးတိုင်တစ်တိုင်စာခန့်အကြာ၌ မုဖူရှန်း နဂါးဝိဉာဉ်တည်နေရာကို အတိအကျ သတ်မှတ်နိုင်ခဲ့သည်။

သို့စေကာမူ ဤထူးခြားသည့်နေရာအား အဇူရာနဂါးတပ်ကိုမပြောဘဲ ယင်းအစား သီးခြားနေရာတစ်ခုတွင်သာ ရပ်ခဲ့ကြသည်။

"ကောင်းပြီ၊ အားလုံးပဲ၊ ကျုပ်အစောပိုင်းက ပြောခဲ့သလိုမျိုး စပြီးပြင်ဆင်ကြပါ၊ ဒီပြင်ဆင်မှုပြီးသွားတာနဲ့ ဒီအဆောင်တွေကို ကပ်ပြီး ကိုယ့်ကိုကိုယ်ဖုံးကွယ်ထားကြပါ" သူညွှန်ကြားသည်။

စကားပြောပြီးနောက် မုဖူရှန်းအဆောင်များကို စတင်ပြသသည်။

ဖန်ချန်းက အနီးအနားတွင် အစီအရင်တစ်ခုဖန်တီးနေသည်။

ထိုသို့ဖန်တီးရင်း သုံးဦးသားတိတ်တိတ်လေးဆက်သွယ်နေခဲ့ကြသည်။

ဖန်ချန်းစိတ်ရှုပ်ထွေးစွာမေးသည်။

"စီနီယာအစ်ကိုမု၊ အခုလေးတင်က အဇူရာနဂါးစစ်တပ်ထဲက လူအနည်းငယ်ရဲ့ အပြုအမူက နည်းနည်းသံသယဖြစ်စရာပဲ၊ ရန်သူက စိုက်ပျိုးထားတဲ့သူလျှိုတွေဖြစ်ပုံပေါ်တယ်"

မုဖူရှန်းခေါင်းညိတ်သည်။

"ဒီလိုဆိုရင် ကျွန်တော်တို့ရဲ့အားထုတ်မှုတွေက အချည်းနှီးဖြစ်သွားမှာမလား၊ တကယ်လို့ရန်သူရောက်လာပြီး ကျွန်တော်တို့ရဲ့ အစီအစဉ်တွေကို သိနေမယ်ဆိုရင် ကျွန်တော်တို့ဝိုင်းရံခံရပြီး တိုက်ခိုက်ခံရနိုင်တယ်လေ"

ထိုအချိန်မှာပင် ရှောင်ဟိုင်ကြား၀င်ပြောသည်။

"မင်းတောင်ဒါကိုတွေးမိတယ်ဆိုရင် ဂျူနီယာညီလေးမုက ဒါကိုအတော်ကြာကတည်းက တွေးထားမိလောက်ပြီ၊ သူ့သဘာ၀ကို မင်းနားမလည်ဘူးလား"

မုဖူရှန်းကလည်းပြုံးပြသည်။

"ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းစိုးရိမ်စရာမလိုပါဘူး၊ တစ်ခါတစ်လေ ရန်သူရဲ့သူလျှိုတွေကိုလည်း အသုံးချနိုင်တာပဲလေ"

....

တစ်ချိန်တည်းမှာပင် ဖယောင်းနဂါးတောင်ထိပ်၌ ဖယောင်းနဂါးနှင့် အကြေးခွံပြောင်းပြန်တပ်များက အတူတကွရှိနေသည်။

တစ်ချိန်တည်းမှာပင် သူတို့၏သူလျှိုများထံမှ သတင်းအချက်အလက်များကိုလည်း ရရှိခဲ့ကြသည်။

"ကောင်းပြီ၊ ငါတို့အဇူရာနဂါးတည်နေရာကို သိပြီဖြစ်သလို အဇူရာနဂါးဝိဉာဉ်တည်ရှိရာကိုလည်း ရှာတွေ့ထားပြီဆိုတော့ ချက်ချင်းထွက်ခွာကြရအောင်"

.....

နဂါးနီတောင်ထိပ်တွင် နဂါးနီတပ်မှူးက လက်ဝှေ့ယမ်းပြသည်။

"လက်နက်ကိုင်တွေအပါအ၀င် အားလုံးထွက်ခွာကြ၊ အဲဒီနေရာကိုရောက်တာနဲ့ ဖယောင်းနဂါးနဲ့ အကြေးခွံပြောင်းပြန်စစ်တပ်တွေနဲ့တွေ့ဆုံပြီး သူတို့ပုန်းခိုရာနေရာကို ချောင်းမြောင်းတိုက်ခိုက်ကြ"

ဤသတင်းအချက်အလက်ကို ကြားသောအခါ ကျောင်းမင် သွေးဓားသွားကို တင်းတင်းဆုပ်ကိုင်းရင်း ‌သူ့ဘာသာတွေးနေသည်။

ဒီတစ်ကြိမ်တွင် သူ့၏အရင်အရှက်ရမှုကို ပြန်ပေးဆပ်အောင်လုပ်ရမည်။ သူတို့ မုဖူရှန်းကို အမြန်ဆုံးကိုင်တွယ်ရန်လိုအပ်သည်။ မဟုတ်ပါက တတိယမင်းသား ကတိပေးထားသည့် ဆုလာဘ်များက ပျောက်ကွယ်သွားပေလိမ့်မည်။

ရုတ်တရက်တပ်ရင်းကြီးသုံးဖွဲ့ စုရုံးပြင်ဆင်ထားကြသည်။

ထို့နောက် သူတို့အဇူရာနဂါးတောင်တည်နေရာသို့ စတင်ချီတက်လာကြ၏။

တောင်ထိပ်သုံးခုက အရမ်းကြီးမဝေးပေ။

များမကြာမီ သူတို့အဇူရာနဂါးတောင်ခြေရင်းကို ရောက်လာကြသည်။

ဤမြင်ကွင်းအား ကျိုးပိုင်လုတောင်တန်းအပြင်ဘက်က ကြည့်ရှုသူများကလည်း ပန်းရေလမင်းကြေးမုံပုံရိပ်ကနေတဆင့် ကြည့်နေခဲ့ကြသည်။

ပထမမင်းသား၊ တတိယမင်းသားနှင့် ပဉ္စမမင်းသားတို့မှာ ပါးစပ်ထောင့်စွန်းကနေ အေးစက်သည့်အပြုံးများကို ပြသနေကြ၏။

ဘေးက သူတော်စင်သားတော်ရွှမ်မင်က ပွင့်လင်းစွာပင်ပြောသည်။

"ကြည့်ရတာ အိမ်ရှေ့မင်းသားက အဇူရာကောင်းကင်စစ်တပ်အတွင်းမှာ သူလျိုရှိနေတာကို သတိမထားမိပုံပဲ၊ ခင်ဗျားရဲ့ အဇူရာနဂါးစစ်တပ်ကတော့ အစောကြီးဖယ်ရှားခံရတော့မယ်ထင်တယ်"

အားအကောင်းဆုံးတပ်ရင်းသုံးခု၏ ၀န်းရံခြင်းကိုခံထားသလို အဇူရာနဂါးစစ်တပ်၏ တည်နေရာကိုလည်း ကြိုသိနေသည်။ ဒါက အဇူရာနဂါးစစ်တပ်အတွက် အတော်လေးကို ဆိုးဝါးသည်။

ဧကရာဇ် အိမ်ရှေ့မင်းသားကို စိုက်ကြည့်ရင်း အနည်းငယ်မျက်ခုံးကျုံ့လိုက်မိသော်လည်း ဘာတစ်ခုမှမပြောပေ။

အိမ်ရှေ့မင်းသားအပြုံးဖြင့်တုံ့ပြန်သည်။

"အဲလိုလား"

"ဘာလဲ၊ အဇူရာနဂါးစစ်တပ်က အခုတခြားတပ်ဖွဲ့သုံးခုကိုရှာတွေ့သွားပြီလို့ မင်းပြောချင်တာလား" တတိယမင်းသားသရော်လိုက်သည်။

"သူတို့သာရှာတွေ့သွားရင် ဘာလို့အဇူရာနဂါးဝိဉာဉ်ကိုယူပြီး ဒီနေရာမှာအကြာကြီး ချောင်းမြောင်းနေရမယ့်အစား ဘာလို့မထွက်သွားရသေးတာလဲ"

"ဒါ့အပြင် ထောင်ချောက်ချထားတာကိုတောင် အပြည့်အ၀သိနေပြီ၊ ဒါကို ချုံခိုတိုက်ခိုက်မှုလို့ ခေါ်လို့ရသေးတာလား"

ထိုအချိန်တွင် ကျိုးပိုင်လုထူးမခြားနားစွာပြောသည်။

"ရလဒ်ကမသေချာသေးဘူး၊ ဘာမဆိုဖြစ်သွားနိုင်တယ်၊ တိတ်ဆိတ်စွာ စောင့်ကြည့်ကြရအောင်"

ထိုသို့ပြောဆိုနေစဉ် ကျိုးပိုင်လု၏အကြည့်က မုဖူရှန်းပေါ် ကျရောက်နေဆဲပင်။

တတိယမင်းသားမျက်မှောင်ကြုတ်သည်။

"ဒီအခြေအနေမှာ ရလဒ်က တခြားတပ်ရင်းသုံးခုနဲ့ယှဉ်ရင် ဉာဏ်ရည်နဲ့ အင်အားနှစ်ခုစလုံးမှာ အတော်လေးနောက်ကျကျန်နေတယ်၊ သူတို့ဘယ်လိုလုပ်တိုက်ခိုက်နိုင်မှာလဲ"

သူတော်စင်သားတော်ရွှမ်မင်ကလည်း ရယ်မောသည်။

"အတိအကျပဲ၊ စစ်ရေးကိစ္စတွေကို ဘာမှမသိတဲ့သူတွေတောင် ရလဒ်ကိုမြင်ပြီးသားပါ၊ အရှင်မင်းသားရဲ့တပ်တွေကို နောက်ထပ်အာရုံစိုက်စရာမလိုတော့ဘူးလို့ ကျုပ်ထင်တယ်"

အိမ်ရှေ့မင်းသားခပ်ပေါ့ပေါ့ရယ်မောသည်။

"ယုံကြည်မှုအပြည့်နဲ့ပြောမနေနဲ့၊ အရှက်တကွဲ အဆုံးသတ်သွားရင် ရလဒ်ကောင်းမှာ မဟုတ်ဘူး"

သူမုဖူရှန်းနှင့် သူ့အဖော်များအား ကောင်းကောင်းနားလည်သည်။

ယခုလိုသတိထားတတ်သောသူများက ထိုအကြောင်းကိုမပြောခဲ့လျှင်ပင် အဇူရာနဂါးစစ်တပ်အတွင်း သူလျှိုရှိနေမှာကို သေချာပေါက်မှန်းဆမိမည်သာ။

သို့သော် သူတို့ဤနည်းလမ်းအတိုင်း လုပ်ဆောင်နေသေးလေရာ သူတို့တွင် တခြားအစီအစဉ်များရှိနေသည်ဟု ဆိုလိုနေခြင်းပင်။

အိမ်ရှေ့မင်းသားစကားကိုကြားသောအခါ ပထမမင်းသားနှာခေါင်းရှုံ့ရင်း လက်ပိုက်လိုက်၏။

"မင်းအိမ်ရှေ့မင်းသားဘွဲ့ရာထူးကို ပိုသင့်တော်တဲ့တစ်ယောက်ယောက်ကို ပေးတာပိုကောင်းမယ်"

......

ဤတဒင်္ဂ၌ တပ်မကြီးသုံးခုက စုရုံးကာ တောင်အနောက်ဘက်သို့ချီတက်နေကြသည်။

များမကြာမီ သူတို့ထောက်လှမ်းရေးသတင်းများက ထောက်ပံ့ပေးထားသည့် နေရာကိုရောက်လာကြသည်။

အနှီမျက်စိနှင့်ကြည့်ပါက တောအုပ်က လုံး၀ဗလာကျင်းနေပုံပင်။

သို့သော် တပ်မကြီးသုံးခု၏ တပ်မှူးများက ခက်ထန်သည့်အပြုံးများကိုပြသကြသည်။

"မင်းတို့အားလုံး ငါတို့ဝေမျှခဲ့တဲ့နေရာတွေကို သိကြတယ်မလား၊ အားအပြည့်နဲ့ တိုက်ခိုက်ကြ"

သူတို့စကားလုံးများထွက်လာသည်နှင့်တစ်ပြိုင်နက် သစ်တောထဲက နေရာများစွာသို့ တိုက်ခိုက်မှုအများအပြားဦးတည်သွား၏။

ဤအခိုက်အတန့်၌ အရိပ်ထဲတွင် ပုန်းနေကြသည့် အဇူရာနဂါးစစ်တပ်မှလူများက ထိတ်လန့်သွားကြကာ သူတို့၏ပထမဆုံးအတွေးက အချက်ပြမှုများပို့နေသည့် သူလျှိုရှိနေခြင်းပင်။

သူတို့အရိပ်ထဲကနေ ချက်ချင်းခုန်ထွက်လာကြသည်။

ထို့နောက်အစွမ်းကုန်ခုခံကာကွယ်ရန်ပြင်ဆင်နေချိန်မှာပင် သူတို့ရှေ့ရှိ ရှေးဟောင်းကောင်းကင်သစ်ပင်များစွာ၌ အဆောင်အများအပြားက စတင်တဖျပ်ဖျပ်လင်း၀င်းလာခဲ့သည်။

တစ်ချိန်တည်းမှာပင် အစီအရင်အတားအဆီးတစ်ခုပေါ်လာသည်။

အဆောင်များက အပြန်အလှန်ချိတ်ဆက်သွားကြပြီး ကျယ်ပြန့်သည့်မိုးကြိုးကွန်ရက်တစ်ခုကို ဖွဲ့စည်းသည်။

အတားအဆီးနှင့် မိုးကြိုးကွန်ရက်၏ တစ်ပြိုင်နက်တည်းခုခံမှုအောက်တွင် တပ်မကြီးသုံးခု၏ တိုက်ခိုက်မှုက တိုက်ရိုက်ချေဖျက်ခံလိုက်ရသည်။

သို့သော် ထိုအဆောင်များနှင့် အစီအရင်ကလည်း အကျိုးဆက်အနေနှင့် ပျောက်ကွယ်သွားကြ၏။

ဤမြင်ကွင်းကိုမြင်သော် လူတိုင်းအနည်းငယ် ကြက်သေသေသွားကြသည်။

တပ်မသုံးခု၏တပ်မှူးများကလည်း ထိတ်လန့်သွားကြသည်။

ထောက်လှမ်းရေးသတင်း၌ ဤကာကွယ်ရေးအစီအရင်နှင့် အတားအဆီးအဆောင်များအကြောင်း ထည့်မပြောခဲ့ပေ။

ဖြစ်နိုင်တာက......!

သူတို့နှလုံးသား၌ စိုးရိမ်ပူပန်သည့်ခံစားချက်တစ်ခု မြင့်တက်လာသည်။

သူတို့၀န်းကျင်နှင့် အဇူရာနဂါးစစ်တပ် တပ်စွဲထားသည့်နေရာ၌ မိုးကြိုးက ရုတ်တရက် ပေါက်ကွဲသွား၏။

သူတို့ခေါင်းထက်တွင် ဧရာမအဖျက်အားတစ်ခုကို ထုတ်လွှတ်နေသည့် ဓားရှည်သုံးချောင်း ချိတ်ဆက်ဖြစ်တည်လာသည်။

All Chapters