← Chapters

အဇူရာနဂါးဝိဉာဉ်ကို စုပ်ယူခြင်း၊ အံ့ဩသင့်စရာအစီအစဉ်များ

Vol. 95 Ch. 1340

အဇူရာနဂါးဝိဉာဉ်ကို စုပ်ယူခြင်း၊ အံ့ဩသင့်စရာအစီအစဉ်များ

Vol. 95 Ch. 1340

မုဖူရှန်းနှင့်သူ့အဖော်နှစ်ယောက် အချိန်အကြာကြီးကတည်းက အဇူရာနဂါးစစ်တပ်အတွင်း သူလျှိုများရှိမည်ကို သံသယ၀င်နေပြီးသားဖြစ်သည်။

ထို့ကြောင့် သူတို့ အဇူရာနဂါးစစ်တပ်ထဲ ၀င်လိုက်သည့်အချိန်ကတည်းက သုံးယောက်စလုံး တပ်ဖွဲ့ထဲက အသေးစိတ်အရာအားလုံးကို အနီးကပ်အာရုံစိုက်ခဲ့ကြသည်။

သတ်ဖြတ်ခြင်းဆန္ဒကို အာရုံခံနိုင်သည့် ထူးခြားသောပါရမီရှိသောရှောင်ဟိုင်က အဇူရာနဂါးစစ်တပ်အတွင်း အဆိုပါဆန္ဒကို ပြသသည့်မည်သူ့ကိုမဆို ချက်ချင်းရှာဖွေနိုင်သည်။

မုဖူရှန်းကမူ အဇူရာနဂါးစစ်တပ်ထဲက လူတိုင်းကို လှည့်စားသိမြင်နိုင်ရန်အတွက် သူ့ဝိဉာဉ်၏ အားကောင်းသည့်စွမ်းအားကို မှီခိုအားကိုးခဲ့သည်။

နဂါးကိုးကောင်ဟဲပီချိ၏ အားဖြည့်မှုနှင့်အတူ မုဖူရှန်း၏ဝိဉာဉ်စွမ်းအားက ပိုကောင်းသည့်အဆင့်တစ်ခုသို့ တက်လှမ်းနိုင်ခဲ့သည်။

သူတို့ အဇူရာနဂါးဝိဉာဉ်အနီး ရှောင်လွှဲ၍မရနိုင်သည့် ကွန်ရက်တစ်ခုတည်ဆောက်ရန် အကြံပြုသောအခါ မတူညီသည့်မျက်နှာအမူအရာကိုယ်စီနှင့် သိမ်မွေ့သော လှုပ်ရှားမှုများစွာနှင့် လူခုနှစ်ယောက်ကို ကတိထားမိသည်။

ထိုအချိန်ကနေ သူတို့ထိုလူခုနှစ်ယောက်အပေါ် အကြည့်ပို့လွှတ်ထားခဲ့သည်။

'လွတ်သွားတာထက် မတရားသတ်ပစ်တာကပိုကောင်းသည်' ဟုသော စိတ်သဘောထားကိုကျင့်သုံးရင်း ခုနှစ်ယောက်စလုံးကို မုဖူရှန်းနှင့်သူ့အဖော်များက နဂါးကိုးကောင်တောင်တန်းကနေ ဖယ်ရှားပစ်ခဲ့ကြသည်။

......

တခြားတစ်ဘက်တွင် ဖယောင်းနဂါး၊ အကြေးခွံပြောင်းပြန်နှင့် နဂါးနီစစ်တပ်တို့၏ တပ်မှူးများမှာ အဇူရာနဂါးစစ်တပ်အတွင်း ပုန်းလျှိုနေသည့် လျှို့ဝှက်သူလျှိုများ ရှင်းလင်းခံရတာကို သိလိုက်ရသောအခါ သူတို့၏မျက်နှာများက ချက်ချင်းဆိုသလို ကြည့်ရဆိုးသွားကြ၏။

ယခုသူတို့ အဇူရာနဂါးစစ်တပ်၏ လှုပ်ရှားမှုများကို ခြေရာခံရန်အတွက် သူတို့၏ နည်းလမ်းများကိုလည်း ဆုံးရှုံးသွားရလေပြီ။

"ရွေးချယ်စရာမရှိတော့ဘူး၊ နဂါးဝိဉာဉ်တွေကို အရင်စုဖို့ပဲ အာရုံစိုက်ကြရအောင်၊ အဆုံးမှာ သူတို့အတူတကွစုရုံးကြဦးမှာပဲလေ"

တတိယအဆင့်၏အဆုံးသတ်က အချိန်ကန့်သတ်ချက်မရှိပေ။

နဂါးဝိဉာဥ်ကိုးခုစလုံးကိုစုစည်းပြီးမှသာ စစ်တပ်တစ်ခုချင်းစီက စုစည်းထားသည့် နဂါးဝိဉာဉ်အရေအတွက်ပေါ်မူတည်၍ အဆင့်သတ်မှတ်မည်ဖြစ်သည်။

ဒါ့အပြင် နဂါးဝိဉာဉ်ကိုးခုစလုံးကို စုစည်းရန်အတွက် နဂါးဖြူဝိဉာဉ်မပေါ်လာသေးခင် တခြားနဂါးဝိဉာဉ်ရှစ်ခုကိုအရင် စုစည်းရန်လိုအပ်သည်။

ထို့ကြောင့် မည်သို့ပင်ဆိုစေကာမူ အဆုံးတွင် နဂါးကိုးကောင်တောင်တန်းအတွင်းရှိ စစ်တပ်အားလုံးက နဂါးဖြူတောင်တွင် စုစည်းမိကြမည်သာ။

ဒါ့အပြင် ဒီသတင်းအချက်ကို အဇူရာနဂါးတပ်မှူးက မုဖူရှန်းနှင့် သူ့အဖော်များကိုလည်း ပြောပြခဲ့သည်။

ဒါကမုဖူရှန်း၏မျက်လုံးများကို လင်းဝင်းစေသည်။

"ဒီလိုဆိုရင် ကျုပ်တို့တခြားနဂါးဝိဉာဉ်တွေကို စုဆောင်းဖို့အတွက် ဒုက္ခခံနေစရာ မလိုလောက်တော့ဘူး"

အဇူရာနဂါးတပ်မှူးနှင့် များစွာသောတပ်မှူးများမှာ အနည်းငယ်‌ကြက်သေသေသွားကြ၏။

"အခုငါတို့မှာ အဇူရာနဂါးဝိဉာဉ်တစ်ခုပဲ ရှိသေးတာလေ၊ အဲချိန်ကျရင် ငါတို့အဆင့်က အလယ်အလတ်တန်းစားအဆင့်မှာပဲ ရှိနေမှာကို စိုးရိမ်မိတယ်"

ရှောင်ဟိုင်ကလည်း မုဖူရှန်း၏အတွေးကို မှန်းဆမိသည့်အလား စကားဝိုင်းထဲ၀င်ပါလာသည်။

"အဇူရာနဂါးဝိဉာဉ်ကိုရပြီးတာနဲ့ ကျုပ်တို့နဂါးဖြူတောင်ကို တိုက်ရိုက်သွားပြီး ကြိုတင်ချောင်းမြောင်းတိုက်ခိုက်လို့ ရတာပဲလေ"

ရှောင်ဟိုင်၏စကားလုံးများကိုကြားသောအခါ တပ်မှူးများစွာ၏ အမူအရာများက သိသာစွာပင် ပြောင်းလဲသွားကြ၏။

"ဒီအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ဆိုတာမဖြစ်နိုင်ဘူး" အဇူရာနဂါးတပ်မှူး လက်ဝှေ့ယမ်းကာ အစီအစဉ်ကိုချက်ချင်းငြင်းပယ်ရင်း ကျယ်လောင်စွာပြောသည်။

"အဲဒီအချိန်ကျရင် နဂါးဖြူတောင်က ကျန်ရှိနေနဲ့ စစ်တပ်ခုနှစ်ခု၊ ရှစ်ခုအတွက် စုဝေးရာနေရာဖြစ်လိမ့်မယ်ဆိုတာ မင်းသိမှာပါ၊ ငါတို့သာ နဂါးဖြူတောင်မှာ ကြိုတင်ချောင်းမြောင်းပြီး အဓိနေရာတွေကို လုံခြုံအောင်လုပ်ရင်း တိုက်ခိုက်မယ်ဆိုရင် ငါတို့ စုပေါင်းတပ်တွေရဲ့တိုက်ခိုက်မှုကို ခံရမှာ ကျိန်းသေတယ်"

"စစ်တပ်ခုနှစ်ခု၊ ရှစ်ခုရဲ့ပူး‌တွဲတိုက်ခိုက်မှုတစ်ခုနဲ့ဆိုရင် စစ်တပ်အားလုံးကို ကြည့်ရမယ်ဆိုရင် ကောင်းကင်သားတော်ရဲ့ အင်ပါယာအစောင့်တွေကပဲ အဲဒါကို ကိုင်တွယ်နိုင်လိမ့်မယ်၊ ဒီလိုသံရေကြီးတာမျိုးကို ဘယ်သူမှ မခံနိုင်ဘူး"

မုဖူရှန်း သူ့အကြံကိုဖမ်းဆုပ်မိသွားပုံရသည့် ဖန်ချန်းအားကြည့်ရင်း ပြုံးသည်။

"ဒါပေမယ့်ကျုပ်တို့မှာ အားသာချက်ရှိတယ်လေ"

တပ်မှူးများအားလုံးထိတ်လန့်သွားကြ၏။

ဘာအားသာချက်လဲ!

"ကျုပ်တို့မှာ အစီအရင်ဆရာတစ်ယောက်နဲ့ အဆောင်သခင်တစ်ယောက်ရှိနေတာပဲလေ" ဖန်ချန်းအပြုံးဖြင့်ပြောသည်။

"တကယ်လို့ခွန်အားကွာဟချက်က ကောင်းကင်ဘုံကိုစိန်ခေါ်နိုင်လောက်တဲ့အထိ မကြီးမားဘူးဆိုရင် အစီအရင်ဆရာနဲ့ အဆောင်သခင်တို့ကို ပုံသေနေရာတစ်ခုတည်းမှာ ကြိုတင်တပ်ဆင်ခွင့်ပေးတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ၊ ဒါဘာကို ညွှန်ပြနေတာလဲ"

ဒါ့အပြင် မုဖူရှန်းနှင့်ဖန်ချန်းတို့က အဆောင်နှင့်အစီအရင်များကို မည်မျှမြန်မြန်ပင် တပ်ဆင်နိုင်လေသနည်း။

ဒါက ကိန်းဂဏန်းဆိုင်ရာအသာစီးရမှုကို လျော့ပါးစေနိုင်သည်ဟု ဆိုလိုနေခြင်းပင်။

အစီအရင်နှင့်အဆောင်များကို တပ်ဆင်တည်ဆောက်ပြီးပါက ၎င်းတို့စွမ်းအားကို ချက်ချင်းထုတ်လွှတ်လိုက်သည်နှင့် ပြိုင်ဘက်၏နယ်ပယ်က အများကြီးမသာလွန်နေသရွေ့ အဆောင်နှင့်အစီအရင်များအား စီစဉ်ထားသည့်နေရာကို ဖောက်ထွင်းရန်ဟူသည် အတော်လေးခက်ခဲပေလိမ့်မည်။

ဒါကိုကြားသောအခါ တပ်မှူးများ အချင်းချင်းကြည့်လိုက်မိကြသည်။

တကယ်တမ်းတွင် သူတို့တပ်၌ အစီအရင်ဆရာနှင့် ‌အဆောင်သခင်များရှိခြင်းက အတော်လေးရှားပါးသည်။

အစီအရင်ဆရာများနှင့် အဆောင်သခင်များက ယေဘုယျအားဖြင့် စစ်ရေးလေ့ကျင့်မှုများတွင် မပါဝင်ကြဘဲ ကိုယ်တိုင်တပ်များကို လွတ်လပ်စွာပင် ဖွဲ့စည်းကြသည်။

ထို့ကြောင့် အစီအရင်ဆရာများနှင့် အဆောင်သခင်များအသုံးပြုသည့် တိုက်ခိုက်ရေးနည်းစနစ်များကို သူတို့ရင်းနှီးခြင်းမရှိတာက နားလည်ပေး၍ရသည်။

"မင်းမှာဒီယုံကြည်မှုရှိတယ်ဆိုရင်ရင်တော့...ငါတို့မင်းရဲ့အစီအစဉ်အတိုင်း လိုက်နာပြီး စွန့်စားမယ်" အဇူရာနဂါးတပ်မှူးအံကြိတ်ကာ ခိုင်မာစွာပြောသည်။

"ဘာပဲဆိုဆို သမားရိုးကျနည်းနဲ့ ငါတို့ဆက်လုပ်မယ်ဆိုရင် လိုချင်တဲ့ရလဒ်ကို ရနိုင်ချေနည်းတယ်"

အကယ်၍မအောင်မြင်ပါက စွန့်လွှတ်ရန်အတွက် ပြင်ဆင်ထားရ‌ပေမည်။

.....

ဤအစီအစဉ်ကို အတည်ပြုပြီးနောက် သူတို့အုပ်စု အဇူရာနဂါးဝိဉာဉ်ရှိရာနေရာသို့ ရောက်လာခဲ့ကြသည်။

ချိုင့်ဝှမ်းတစ်ခုအကြားတွင် နဂါးချီက အတော်လေးထူထဲနေသည်။

အလယ်ဗဟို၌ နဂါးဟိန်းသံများကို အဆက်မပြတ်ကြားနိုင်သည်။

ဤဒေသသိုချဉ်းကပ်ရုံမျနှင့် ဝိဉာဉ်ခွနါအားမလုံလောက်သည့် ကျင့်ကြံသူတစ်ချို့မှာ နဂါးဟိန်းသံတိုင်းနှင့်အတူ ဝိဉာဉ်များပင် တုန်ယင်လာတာကို ခံစားရသည်။

လူအတော်များများချဉ်းကပ်လာကြစဉ် ကြီးမားသည့်အဇူရာစွမ်းအားအစုအဝေးတစ်ခုက ဧရာမအဇူရာနဂါးတစ်ကောင်အဖြစ် ပေါင်းစည်းကာ ချိုင့်ဝှမ်းအထက်တွင် လည်ပတ်နေသည်။

မုဖူရှန်း အဇူရာနဂါးဝိဉာဉ်ကို မော့ကြည့်ပြီးပြောသည်။

"အစ်ကိုရှောင်ဟိုင်၊ ဒီအဇူရာနဂါးဝိဉာဉ်ကို တိုက်ရိုက်စုပ်ယူနိုင်လား"

ရှောင်ဟိုင် အဇူရာနဂါးပုံရိပ်ယောင်ကို ခေါင်းမော့ကြည့်ရင်း ခေါင်းညိတ်သည်။

"ပြဿာနာမရှိလောက်ဘူး"

အဇူရာနဂါးစစ်တပ်မှ လူတိုင်း၏ အံ့ဩသင့်နေသည့်အကြည့်အောက်တွင် ရှောင်ဟိုင် ကောင်းကင်သို့ပျံသန်းသွားပြီး အဇူရာနဂါးဝိဉာဉ်ကိုယ်ထည်ဆီသို့ တိုက်ရိုက်ဆင်းသက်သွား၏။

ဒါက....အဇူရာနဂါးဝိဉာဉ်ကို တိုက်ရိုက်စုပ်ယူနေတာလား!

ဘာအကာအကွယ်မှမရှိဘဲနဲ့လား!

ရလဒ်အနေနဲ့ ခန္ဓာနဲ့ဝိဉာဉ်က ဆုတ်ဖြဲခံရမှာလေ!

မည်သို့ပင်ဆိုစေကာမူ ဤသည်က နတ်တပိုင်းအဆင့်နဂါးသွေးကြောမှ ပျိုးထောင်ထားသည့် နဂါးဝိဉာဉ်တစ်ခုဖြစ်သည်။

သို့စေကာမူ ဒါကရှောင်ဟိုင်နှင့် ကျန်သောသူများအတွက်တော့ ပြဿာနာတစ်ခုမဟုတ်ပါ။

သူ့ဝိဉာဉ်အတွင်း လုချန်ရှန်းကိုယ်တိုင် တည်ဆောက်ထားသည့် ကာကွယ်ရေးအစီအမံများရှိသည်။

ရုပ်ခန္ဓာအတွက်မူ ရှောင်ဟိုင်ခန္ဓာက ပြုပြင်မွမ်းမံမှုများစွာကို ကျော်ဖြတ်ခဲ့ပြီး သူတော်စင်နတ်ဆိုးသွေးကြောကို ပိုင်ဆိုင်ထားသလို လုချန်ရှန်း၏ သွေးအဆီအနှစ်တစ်စက်လည်းပါ၀င်သည်။

အဇူရာနဂါးဝိဉာဉ်ခဲက ဧရာမနဂါးချီကို ဖိနှိပ်ထားရန်ဟူသည် ဖြစ်နိုင်နေဆဲပင်။

လူအုပ်စု၏အကြည့်အောက်တွင် အဇူရာနဂါးဝိဉာဉ်၏ စွမ်းအားက ရှောင်ဟိုင်ကိုယ်ထဲသို့ အဆက်မပြတ်ဝါးမြိုခံလိုက်ရသည်။

ချက်ချင်းဆိုသလို သွေးပြန်ကြောများက ပွင့်ထွက်လာပြီး သူတော်စင်နတ်ဆိုးသွေးကြောက အပြည့်အ၀ပေါက်ကွဲသွား၏။

အော်ဟစ်သံများကို တစ်ချိန်လုံးကြားနေရသည့်တိုင် ရှောင်ဟိုင်ခန္ဓာက ပိုမိုအားကောင်းလာနေတာကို သူတို့မြင်နိုင်ပါသေးသည်။

နတ်ဧကရာဇ်နယ်ပယ်နောက်ပိုင်းအဆင့်ကို ရောက်နေပြီဖြစ်သည့်ခန္ဓာက အဇူရာနဂါးဝိဉာဉ်ကို စုပ်ယူပြီးနောက် ဘိုးဘေးနယ်ပယ်အစွန်းသို့ တက်ရောက်သွားခဲ့သည်။

သွေးကြောအတွင်း နဂါးချီအမျှင်စများကလည်း ကျန်ရစ်နေခဲ့သည်။

ရှောင်ဟိုင်ဆင်းလာတာကိုမြင်ရသောအခါ လူအုပ်စုကြီးက စကားပြောရန်ပင် ဆွံအနေကြ၏။

အဇူရာနဂါးတပ်မှူးနှင့် ဒုတပ်မှူးများမှာ အကြည့်ချင်းဖလှယ်လိုက်ကြစဉ် အချင်းချင်းမျက်လုံးများထဲက ခါးသက်သည့်အပြုံးကို သတိထားမိကြသည်။

အိမ်ရှေ့မင်းသား သူတို့သုံးယောက်ကို ဤမျှထိယုံကြည်မှုရှိနေသည်မှာ အံ့ဩသင့်စရာမရှိတော့။

တစ်ယောက်တွင် ယှဉ်၍မရနိုင်သည့်အဆောင်များရှိပြီး နောက်တစ်ယောက်တွင် ပြိုင်ဘက်ကင်းအစီအရင်ရှိကာ ဒီတစ်ယောက်တွင်မူ မယှဉ်ပြိုင်သည့် ရုပ်ခန္ဓာရှိလေသည်။

"လုံလောက်ပြီ၊ နဂါးဖြူတောင်ကိုသွားကြရအောင်၊ အဲဒီကိုရောက်တာနဲ့ကျုပ်တို့ စပြီးပြင်ဆင်ကြမယ်"

.....

အဇူရာနဂါးစစ်တပ်၏လမ်းကြောင်းနှင့် အဇူရာနဂါးဝိဉာဉ်ကို စုပ်ယူနေသည့်မြင်ကွင်းအား နဂါးကိုးကောင်တောင်တန်းအပြင်ရှိ ကြည့်နေသူတိုင်း အပြည့်အ၀မြင်ခဲ့ကြသည်။

ဧကရာဇ်ပြုံးလိုက်သည်။

"စိတ်၀င်စားစရာပဲ"

ပထမမင်းသားနှင့် တတိယမင်းသားတို့နှစ်ယောက်စလုံး မျက်မှောင်ကြုတ်လိုက်ကြ၏။

၀န်ထမ်းဦးစီးကလည်း ပဟေဠိဖြစ်နေပုံရသည်။

"သူတို့နဂါးဖြူတောင်ကို တိုက်ရိုက်ဦးတည်နေကြတာလား"

"နဂါးဖြူတောင်ရဲ့ နဂါးဖြူဝိဉာဉ်က မပေါ်လာသေးဘူးမလား၊ အခုအဲကိုသွားတာက ဘာအကျိုးရှိလို့လဲ"

"ဖြစ်နိုင်တာက....."

ပဉ္စမမင်းသားထိုအတွေးကို ပြောလာသောအခါ လူတိုင်း၏အမူအရာက ပြောင်းလဲသွားကြ၏။

"သူတို့နဂါးဖြူတောင်ကို တိုက်ရိုက်သွားပြီး တခြားတပ်ဖွဲ့အားလုံးကို တစ်ချက်တည်းနဲ့ ထောင်ချောက်ဆင်ဖို့ ကြံရွယ်နေတာများလား"

All Chapters