← Chapters

မုဖူရှန်း၊ ဘေးကင်းအောင်နေပါ၊ ဘေးကင်းပါစေ.....

Vol. 95 Ch. 1341

မုဖူရှန်း၊ ဘေးကင်းအောင်နေပါ၊ ဘေးကင်းပါစေ.....

Vol. 95 Ch. 1341

နဂါးဖြူတောင်!

ဤ‌တောင်က နဂါးကိုးကောင်တောင်တန်းထဲတွင် အမြင့်ဆုံးတောင်ထိပ်မဟုတ်သော်လည်း အဆန်းကြယ်ဆုံးဖြစ်သည်။

၎င်းက နဂါးကိုးကောင်တောင်တန်းအတွင်း မလေ့လာရသေးသည့် နေရာအများဆုံးရှိသည့်တောင်လည်းဖြစ်သည်။

နဂါးဖြူတောင်ထိပ်ဖျားက တိမ်များကို ထိုးဖောက်ထားခြင်းမရှိသည့်တိုင် တောက်ပသည့် အဖြူရောင်အလင်းကို ထုတ်လွှတ်နေဆဲပင်။

အဇူရာနဂါးစစ်တပ် နဂါးဖြူတောင်ထဲသို့ ၀င်လာသောအခါ သူတို့ကို သာမန်ဝါးပင်မတားထက် ပိုမြင့်ပြီးခိုင်သည့် ဝါးပင်များက ၀န်းရံထားသည်။ စိမ်းလန်းသည့်ဝါးတောကြီးက လေနှင့်အတူလှုပ်ယမ်းနေပြီး လှုပ်ယမ်းမှုတိုင်းတွင် တဝီဝီမြည်သံက နဂါးဟိန်းသံနှင့်ပင် ဆင်တူနေသည်။

ဤနေရာသို့ခြေချရုံမျှနှင့် လူတိုင်းအား သူတို့ကိုယ်ထဲက သွေးများပင် စီးဆင်းသွားသလိုခံစားရစေသည်။

ရှောင်ဟိုင်နှင့်ကျန်နှစ်ယောက်ကလည်း ခြွင်းချက်မဟုတ်ပေ။

လမ်းလျှောက်ရင်း မုဖူရှန်း နဂါးဝိဉာဉ်များ၏ ဖြစ်နိုင်ချေရှိသည့်နေရာများကို စတင်ရှာဖွေရန်အတွက် နဂါးကိုးကောင်ဟဲပီချိကို အသုံးပြုနေသည်။

မည်သို့ပင်ဆိုစေကာမူ နဂါးဝိဉာဉ်များက ပေါ်လာပြီဖြစ်ကာ နဂါးဖြူတောင်၏ နဂါးဝိဉာဉ်တစ်ခုတည်းသာလျှင် ပုန်းလျှိုကျန်ရစ်နေသည်။ တခြားနဂါးဝိဉာဉ်ရှစ်ခုကို ရှာတွေ့ပြီးမှသာ ၎င်းကအပြည့်အ၀ပေါ်လာမည်ဖြစ်သည်။

ကောင်းစွာပုန်းလျှိုနေသည့်တိုင် ၎င်းနောက်လိုက်ရန်အတွက် ခြေရာများရှိနေဆဲပင်။

ရှာဖွေရင်း အနီး၀န်းကျင်ကို အာရုံခံကြည့်နေစဉ် မုဖူရှန်း ရုတ်တရက်တစ်ခုခုကို တွေးမိသွားသည်။

အိမ်ရှေ့မင်းသား ဒီနဂါးကိုးကောင်ဟဲပီချိနဲ့ ဒါကို ကြိုမြင်ခဲ့တာများလား!

ပထမဆုံးစောင့်ကြပ်ရေးတာ၀န်ကို ပြီးမြောက်ရုံနှင့် သူကစစ်ရေးလေ့ကျင့်မှုအတွက် ၎င်းကိုတခြားသူများထံမှ အကူအညီရစေရန်အတွက် အသုံးချမည်သာ။

မည်သို့ပင်ဆိုစေကာမူ ပထမစောင့်ကြပ်ရေးတာ၀န်ကတည်းက သူတို့၏တစ်ခုတည်းသောရည်ရွယ်ချက်က တတိယမင်းသားနှင့် ပထမမင်းသားတို့၏ သူလျှိုများကို ရောထွေးအောင်လုပ်ရန်ပင်။

ထိုအချိန်က အိမ်ရှေ့မင်းသားအနီးက လူများကိုထည့်တွက်ပါက စောင့်ကြပ်ရေးအလုပ်တစ်ခုကို အမှန်တကယ်ထုတ်ပြန်ရန်ပင် မလိုအပ်ပေ။

ဒီအကြောင်းကိုပိုတွေးမိလေလေ အိမ်ရှေ့မင်းသား၏ အကြံအစည်က အလွန်အမင်းနက်ရှိုင်းသည်ဟု မုဖူရှန်းပို၍ခံစားလာရလေလေဖြစ်သည်။

ဟင်း၊ အနာဂတ်မှာဝေးဝေးနေတာ ပိုကောင်းတယ်!

နဂါးဖြူဝိဉာဉ်ကို ရှာဖွေနေစဉ် မုဖူရှန်းနှင့် ဖန်ချန်းတို့ လမ်းတစ်လျှောက်က မြေမျက်နှာသွင်ပြင်ကိုလည်း စူးစမ်းနေကြသည်။

သူတို့ ပိုကောင်းသည့်ချောင်းမြောင်းတိုက်ခိုက်မှုတစ်ခုကို စီစဉ်ရာ၌ အကူအညီဖြစ်စေရန်အတွက် နဂါးဖြူတောင်၏ မြေမျက်နှာသွင်ပြင်အများစုကို နားလည်ရန်လိုအပ်သည်။

ဤတာ၀န်များကိုပြီးမြောက်ရန်အတွက် နေ့တစ်၀က်ခန့်ပင်ကြာမြင့်ခဲ့သည်။

သူတို့နဂါးဖြူဝိဉာဉ်ပေါ်လာမည့်နေရာကိုလည်း ရှာတွေ့သွားခဲ့သည်။

ဖန်ချန်းပြောသည်။

"အားလုံးပဲ၊ ကျုပ်ခင်ဗျားတို့ကို အစောပိုင်းက မြေပုံတစ်ခုပေးခဲ့တယ်နော်၊ ဝါးတောရဲ့ ဒီအပိုင်းကို ရှင်းလင်းဖို့အတွက် အဲဒီအပိုင်းကို သုံးပါ"

တပ်မှူးများစွာက မြေပုံကိုကိုင်ထားသည်။

နဂါးဖြူတောင်၏ မြေမျက်နှာသွင်ပြင်ကို လေ့လာပြီးနောက် မုဖူရှန်းနှင့်ဖန်ချန်းတို့ အစီအစဉ်တစ်ခုကြံဆခဲ့ကြသည်။

သူတို့ဝါးအမျှင်များတစ်ဝိုက်တွင် စုပ်ဝဲခါးပတ်ကြိုးတစ်ခုကို ဖန်တီးကာ ထိုစက်ဝိုင်းအတွင်းက ဝါးအားလုံးကို ဖြတ်တောက်ပစ်သည်။

တစ်ချိန်တည်းမှာပင် သူတို့ပျံသန်းခြင်းမဲ့အစီအရင်တစ်ခုကို တည်ဆောက်ခဲ့ကြသည်။

ရန်သူ့တပ်များ၀င်လာသောအခါ ပျံသန်းနိုင်မည်မဟုတ်သဖြင့် မည်သည့်အရာမှ ဖုံးကွယ်မထားသည့် ဗလာမြေကြီးပေါ်ကနေ‌ လျှောက်လှမ်းကြရပေလိမ့်မည်။

တပ်မှူးများကခေါင်းညိတ်ပြီးနောက် စစ်သားများအား တာ၀န်စတင်လုပ်ဆောင်ရန် အရိပ်အမြွက်ပြသည်။

ရှောင်ဟိုင်သူ့ကိုယ်သူလက်ညိုးထိုးပြရင်း မေးသည်။

"ငါကရော"

တပ်သားများ ထိုနေရာမှထွက်သွားတာကိုမြင်ရသောအခါ မုဖူရှန်းပြုံးသည်။

"စီနီယာအစ်ကိုအခုလှုပ်ရှားစရာမလိုသေးပါဘူး၊ သူတို့ရဲ့အဓိကအင်အားစုတွေ ရောက်လာတဲ့အထိ စောင့်ပါဦး၊ အဲချိန်ကျရင် အင်အားစုနှစ်ခု၊ သုံးခုလောက်ကို သေချာပေါက်တားဆီးဖို့ လိုလိမ့်မယ်"

ဒါကိုကြားသော် ရှောင်ဟိုင်ပြုံးလိုက်သည်။

"ဒါကငါ့အတွက်အလုပ်ဖြစ်တာယ်၊ ငါ့လက်ရှိခွန်အားက ဘိုးဘေးနယ်ပယ်နဲ့ ဘယ်လောက်ထိ ဝေးသေးသလဲဆိုတာ ငါလည်းသိချင်နေတာ"

ထို့နောက် ရှောင်ဟိုင်နေရာတစ်နေရာတွေ့သွားသဖြင့် ဝါးပင်များအား လက်သီးထိုးကာ စတင်လေ့ကျင့်သည်။

တခြားသူများကလည်း တိုက်ပွဲမစတင်မီ ခြေချင်းခတ်ထိုင်ပြီး သူတို့စိတ်ကို တည်ငြိမ်အောင်လုပ်ရင်း စိတ်ဓာတ်၊ စွမ်းအင်နှင့်ဝိဉာဉ်ကို အကောင်းဆုံးအခြေအနေတွင် ထိန်းသိမ်းထားသည်။

သို့သော်ရှောင်ဟိုင်က တခြားသူများနှင့်မတူပေ။ ခြေချင်းခတ်ထိုင်နေခြင်းက သူ့အတွက်မသင့်တော်ပေ။ သူလက်သီးချက်တစ်ချို့နှင့် သွေးပူအောင်လုပ်ခြင်းကို ပိုသဘောကျသည်။

မုဖူရှန်းနှင့် ဖန်ချန်းတို့ကလည်း အစောပိုင်းက အသံလွှင်စာများမှတဆင့် လျှို့ဝှက်စွာဆွေးနွေးခဲ့ကြသည့်အရာများကို စတင်ဖန်တီးကြသည်။

ပထမဆုံးအနေနှင့် ဤမြေကွက်လပ်တွင် သူတို့သေချာပေါက် အင်မော်တယ်တွေ့ဆုံခြင်းပုံရိပ်ယောင်အစီအရင်နှင့် ရှေးဦးမူလအစီအရင်တို့ကို တည်ဆောက်မည်ဖြစ်သည်။

အသေးစားနတ်ဘုရားသတ်ဓားအစီအရင်နှင့် အမြစ်သုတ်သတ်ဖြတ်ခြင်းချီဓားသွားက ဒုတိယပိုင်းတွင် တပ်ဆင်မည်။

မုဖူရှန်း၏အလုပ်တာ၀န်က အနည်းငယ်ကြီးမားသည်။

တောင်ခြေရင်းတွင် သူတို့သတ်ဖြတ်ခြင်းအဆောင်များစွာမထားဘဲ အများစုက ထောက်လှမ်းအဆောင်များသာဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ တောင်ပေါ်တက်ရန် လမ်းကြောင်းအများကြီးရှိသဖြင့် တောင်ခြေရင်းတွင် ချောင်းမြောင်းတိုက်ခိုက်ရန်အတွက် တပ်ဆင်ရမည်ဆိုပါက မီးစွမ်းအားစက်လုံးတစ်ခုကို ဖန်တီးရန်အတွက် မုဖူရှန်း၏အဆောင်အားလုံးပင် ဗလာကျင်းသွားနိုင်သည်။

၎င်းတို့ကိုစီစဉ်ရင်း မုဖူရှန်းစဉ်းစားနေသည်။

ခေးအောစ့်နယ်မြေနှင့် သေမျိုးနယ်မြေက လူများအကြားက ခွန်အားကွာဟချက်က သိသာလွန်းသဖြင့် သူတို့အရင်က ရန်သူများကို ရင်ဆိုင်ရန်အတွက် သေမျိုးနယ်မြေ၌ အသုံးပြုခဲ့သည့် မီးစွမ်းအားအပေါ် လုံး၀မှီခိုအားကိုး၍မရပေ။

အနည်းဆုံးတော့ ဆယ်ဆပိုအားကောင်းရန် လိုအပ်သည်။

ထို့ကြောင့်စီစဉ်ရင်း မူလက ဤဝါးအောက်၌ မြှုပ်နှံရန်အတွက် အဆောင်တစ်ခုတည်းသာလိုသည့်နေရာတွင် မုဖူရှန်း တစ်နေရာတည်းတွင် နှစ်ဆယ်ချပြီးနောက်မှသာ ရပ်သွားသည်။

"အဆောင်တွေရဲ့သက်ရောက်မှုက မလုံလောက်သေးဘူးလို့ ခံစားနေရတုန်းပဲ..."

ရက်တစ်၀က်အကြာတွင် မုဖူရှန်း နဂါးဖြူဝိဉာဉ်ပေါ်လာမည့်နေရာ၀န်းကျင်ကို အဆောင်များနှင့် ဖြည့်ပစ်ခဲ့သော်လည်း ပြန်တွေးကြည့်မိသောအခါ လုံခြုံမှုမရှိသေးဘူးဟု ခံစားရသဖြင့် မေးစေ့ပွတ်ကာ တွေးနေလေသည်။

"ငါတခြားတစ်ခုခုထပ်ဖြည့်သင့်တယ်"

အရာအားလုံးကို စီစဉ်ပြီးနှင့်ပြီဖြစ်သည့် ဖန်ချန်းမှာ ထိုစကားကိုကြားသောအခါ ချွေးအေးများပင် ပြန်သွားပြီး ဆွံအစွာသာ ပြုံးလိုက်မိတော့သည်။

"ဒါကလုံလောက်မှာပါ၊ စီနီယာအစ်ကိုမု၊ အစ်ကိုက ဒီမှာအဆောင် ၃၄၉၉ခုတောင် မြှုပ်နှံထားပြီးပြီလေ၊ ဆက်လုပ်နေဦးမယ်ဆိုရင် ဒါက စစ်ရေးလေ့ကျင့်မှုလို့ မထင်ရတော့ဘဲ အဓိကအင်အားစုနှစ်ခုကြားက စစ်ကြီးတစ်ခုနဲ့ ပိုတူသွားလိမ့်မယ်"

ဒါ့အပြင် ဤမျှများပြားသည့်အဆောင်များက နဂါးဖြူတောင်ကိုပင် အမှန်တကယ် ပြား၀ပ်သွားစေနိုင်သည် မဟုတ်ပေလော။

မုဖူရှန်းခေါင်းခါယမ်းသည်။

"ဒါကမလုံလောက်သေးဘူး၊ တခြားတစ်ဘက်မှာ ဘိုးဘေးနယ်ပယ်က လူတွေအများကြီးပါ၀င်ပြီး တပ်ဖွဲ့တစ်ခုစီမှာ လက်ရွေးစင်တွေပါ၀င်တယ်၊ ဒါက သေမျိုးနယ်မြေမဟုတ်တော့ဘူး"

သူသေမျိုး‌နယ်မြေတွင် နေထိုင်ခဲ့စဉ်က ယခုလိုမဟုတ်ခဲ့သည့်အလားပင်။

ရုတ်တရက် မုဖူရှန်း အဆောင်စာအုပ်မှ ထူးခြားသည့်အဆောင်တစ်မျိုးကို သတိရသွားသည်။

ချက်ချင်း သူအဆောင်စာအုပ်ကိုထုတ်ယူလိုက်ပြီး စာရွက်များကိုလှန်ဖျပ်လိုက်စဉ် အဆောင်တစ်ခုကို သရုပ်ဖော်ထားသည့် အဝါရောင်စာရွက်နှင့် စာမျက်နှာကို ရောက်လာသည်။

"မိုးကြိုးထိန်းချုပ်အဆောင်"

"ဒီအဆောင်မှာ သက်ရောက်ခြင်း ဒါမှမဟုတ် ကာကွယ်ရေးစွမ်းအားမရှိပေမယ့် အနီးအနားက မိုးကြိုးစွမ်းအားအားလုံးကို ဆွဲဆောင်နိုင်တယ်"

"ဒါက အဆောင်စွမ်းအားကို မိုးကြိုးဂုဏ်သတ္တိနဲ့ပေါင်းစပ်ပေးပြီး အစီအရင်ပုံစံတစ်ခုအဖြစ် ပြသပေးတယ်"

တကယ်တမ်းတွင် မုဖူရှန်း ဤနည်းကို အရင်ကသုံးဖူးသော်လည်း ထိုအချိန်က သူအဆောင်များစွာကို မဆက်သွယ်ခဲ့ပေ။

ယခုတွင်မူ သုံးထောင်ကျော်ရှိသည့်အဆောင်များနှင့်အတူ မုဖူရှန်း မိုးကြိုးကို ထိန်းချုပ်ရာ၌ မည်မျှပင်ကျွမ်းကျင်နေပါစေ သူဒါကိုမကိုင်တွယ်နိုင်ပေ။

ဒါကနယ်ပယ်တစ်ခု၏အရေးကိစ္စပင်။

သို့သော် ဤမိုးကြိုးထိန်းချုပ်အဆောင်နှင့်ဆိုပါက အချိန်ကျပါက သူနောက်ထပ်အနည်းငယ်ရေးထွင်းပြီး ဤနေရာကို အပိုင်းများစွာခွဲကာ ထိုအပိုင်းများမှ အဆောင်အားလုံးကို ထိန်းချုပ်ရန်အတွက် မိုးကြိုးထိန်းချုပ်အဆောင်ကို အသုံးပြု၍ရသည်။ အဆောင်များပေါက်ကွဲသွားပါက ၎င်းတို့၏စွမ်းအားက ပစ်မှတ်ထားတိုက်ခိုက်မှုများကို လုပ်ဆောင်နိုင်ပေလိမ့်မည်။

အဆောင်များ၏ပေါက်ကွဲမှုက အခြေခံအားဖြင့် အဆောင်အသုံးပြုသူက ပစ်မှတ်ထားမှုကို အောင်မြင်ရန်အတွက် ဦးတည်ချက်ကို မပြုပြင်သရွေ့ တာဝေးတိုက်ခိုက်မှုတစ်ခုဖြစ်သည်။

ထို့ကြောင့် အဆောင်များကို နေရာတိုင်းတွင် မြှုပ်နှံပြီး ဆန္ဒရှိသည့်အတိုင်း ပစ်မှတ်ထားတိုက်ခိုက်ရန်ဟူသည် မဖြစ်နိုင်တာ ရှင်းနေသည်။

ဒါကိုတွေးမိသောအခါ မုဖူရှန်းချက်ချင်းစတင်အလုပ်လုပ်ပြီး မြင့်မြတ်အက္ခရာဆန်းကြယ်မိုးကြိုးစုတ်တံကို ထုတ်ယူရင်း မိုးကြိုးထိန်းချုပ်အဆောင်ကို စတင်ရေးထွင်းလေတော့သည်။

တစ်ချိန်တည်းမှာပင် ဘေးက ရှောင်ဟိုင်နှင့် ဖန်ချန်းတို့ ဒီမြင်ကွင်းကိုမြင်သောအခါ အကူအညီမဲ့စွာသာ ခေါင်းခါယမ်းကြပြီးနောက် မုဖူရှန်းကိုကာကွယ်ရန်အတွက် ပတ်၀န်းကျင်သို့ သတိအပြည့်ထားလိုက်ကြသည်။

.....

အပြင်လူများက မုဖူရှန်းနှင့်သူ့အဖော်များ၏လုပ်ရပ်ကို ရှင်းလင်းစွာပင် စောင့်ကြည့်နေကြသည်။

နဂါးဖြူတောင်အတွင်းရှိ သူတို့ အစီအရင်နှင့် အဆောင်များအား သွေးရူးသွေးတန်း စီစဉ်ထညးတာကိုလည်း မြင်ရသည်။

တစ်ခဏကြာအထိ လူတိုင်းစကားပင် မပြောနိုင်တော့သည်အထိ အလွန်အမင်း ထိတ်လန့်သွားကြ၏။

ဤမြင်ကွင်းကိုစောင့်ကြည့်နေသည့် အိမ်ရှေ့မင်းသား၏ နှုတ်ခမ်းထောင့်စွန်းက အပြုံးနှင့်အတူ ကွေးညွတ်နေသည်။

"မျှော်လင့်ထားတဲ့အတိုင်းပဲ...ငါလူမှားမရွေးခဲ့ဘူးဘဲ"

All Chapters