တိုက်ပွဲကြီးစတင်ပြီ
Vol. 95 Ch. 1342
မည်သည့်အတွက်ကြောင့် အိမ်ရှေ့မင်းသားက မုဖူရှန်းကို ယုံကြည်စွာနှင့် အမိန့်အာဏာကို အပ်နှင်းရလေသနည်း။
စောင့်ကြပ်ရေးတာ၀န်စတင်ကတည်းက အိမ်ရှေ့မင်းသား အတွေ့အကြုံရင့်ကျက်သည့် မျက်လုံးများနှင့်အတူ မုဖူရှန်း၏ ထူးခြားမှုကို ပထမအကြည့်မှာပင် အသိအမှတ်ပြုခဲ့သည်။
ပထမက မုဖူရှန်း သူ့ခွန်အားနှင့် စရိုက်ကို မဖော်ထုတ်ခဲ့ပေ။
သို့သော်တစ်ချို့ရှုထောင့်များကနေ ကြည့်ပါက မုဖူရှန်း တစ်ခုခုကို ဖုံးကွယ်ထားနေပုံရသည်ဟု အိမ်ရှေ့မင်းသား ခံစားနေရဆဲပင်။
၎င်းကိုနက်ရှိုင်းစွာဖုံးကွယ်ထားသော်လည်း သူ့ကိုယ်ပိုင်နှင့်ဆင်တူသည့် စရိုက်လက္ခဏာတစ်ခုခုက အမြဲလိုလိုထွက်လာနေသည်။
ထိုအချိန်ကစပြီး အိမ်ရှေ့မင်းသား မုဖူရှန်း၏လုပ်ရပ်တိုင်းကို အနီးကပ်အာရုံစိုက်နေခဲ့သည်။
ထို့နောက် ကောင်းကင်ဘုံဓားဘိုးဘေး လူနှစ်ယောက်ကိုသတ်သောအခါ မုဖူရှန်း ပြိုင်ဘက်ကင်းစွမ်းအားရှင်တစ်ဦးပမာ ဟန်ဆောင်ခဲ့သည်။
ဤစစ်ဆင်ရေးမတိုင်ခင်က မုဖူရှန်းပြသခဲ့သည့် သတိထားတတ်မှုနှင့် ဉာဏ်ရည်ပြည့်၀မှုက အိမ်ရှေ့မင်းသားအား သူ့အပေါ် တန်ဖိုးရှိသည့်ယုံကြည်မှုတစ်ခုကို ပေါ်ပေါက်လာစေခဲ့သည်။
ယခုပြန်ကြည့်လိုက်ပါက ဒါကအမှန်တကယ်ပင် မှားယွင်းမနေခဲ့ပေ။
ခွန်အားမည်မျှအထိ ဖုံးကွယ်ထားတယ်ဆိုတာကို အိမ်ရှေ့မင်းသားမသိသော်လည်း အဇူရာနဂါးတောင်ကနေ နဂါးဖြူတောင်အထိ အစီအစဉ်များက အိမ်ရှေ့မင်းသားအား ဤတတိယအဆင့်၌ အဇူရာနဂါးစစ်တပ်၏ အနိုင်ရမည့်အခွင့်အလမ်းက အတော်လေးကြီးမားသည်ဟု ခံစားရစေသည်။
တခြားဟာတွေကို မဆိုထားနဲ့၊ ရှေ့ဆောင်နေသည့်အသိသုတ၊ နဂါးဖြူတောင်၌ မြှုပ်ထားသည့် ထောင်ချီသောအဆောင်များနှင့် မတူညီသည့်ပုံရိပ်ယောင်အစီအရင်များနှင့် သတ်ဖြတ်ခြင်းအစီအရင်များက ဥပမာပင်။
ဒီအချက်တစ်ချက်တည်းကပင် တခြားတပ်များအား ကြီးမားသည့်ဆုံးရှုံးမှုများကို ဖြစ်စေရန်အတွက် လုံလောက်ပေလိမ့်မည်။
ဒါကို ပထမမင်းသားနှင့် တတိယမင်းသားတို့၏ အလွန်အမင်းလေးနက်နေသည့် အမူအရာများကနေတဆင့် မြင်နိုင်သည်။
ထိုအချိန်မှာပင် ပဉ္စမမင်းသားသက်ပြင်းချသည်။
"ဒီတစ်ခါတော့ အတော်လေးမသေချာတော့ပုံပဲ"
သူတော်စင်သားတော်ရွှမ်မင်လည်း မျက်ခုံးအနည်းငယ်ကျုံ့လိုက်မိသည်။ အကယ်၍ သူသာပါဝင်ပါက မုဖူရှန်းလိုပြိုင်ဘက်မျိုးနှင့် ကြုံရပါက သူအလွန်အင်မတန် ဒုက္ခရောက်လိမ့်မယ်ဆိုတာကိုတော့ ၀န်ခံရပေမည်။
......
နောက်တစ်ရက်ကုန်ဆုံးသွားသည်။
မိုးကြိုးထိန်းချုပ်အဆောင်ကို ရေးထွင်းပြီးဖြစ်ကာ နေရာကိုးခုအဖြစ် ခွဲရင်း တပ်ဆင်ထားခဲ့သည်။
နဂါးဖြူဝိဉာဉ်ပေါ်လာတော့မည့်နေရာက သံစည်ပိုင်းကြီးတစ်ခုပမာ ၀န်းရံခြင်းခံထားရသည်ဟု ဆိုနိုင်သည်။
မုဖူရှန်းအလုပ်များနေသေးတာကို စောင့်ကြည့်ရင်း အဇူရာနဂါးတပ်မှူးများမှာ လုံး၀ဆွံအနေကြသည်။
ဤရက်များအတွင်း မုဖူရှန်းလုပ်ခဲ့တာတွေက သူတို့ကို အတော်လေးထိတ်လန့်စေသည်။
သို့သော် စိတ်ကျေနပ်မှာမရှိသေးဘဲ သူအဆောင်မျိုးစုံကို ဆက်ပြီး ဖြည့်စွက်နေလေသည်။
မုဖူရှန်း၏အဆိုအရ.....
'ပြိုင်ဘက်မှာ ဝှက်ဖဲတွေရှိနေရင်ရော၊ ဒီစစ်ရေးလေ့ကျင့်မှုက အရမ်းအရေးကြီးတယ်၊ ဒီအဆောင်နည်းနည်းလေးက လုံး၀လုံခြုံမှုကို အာမခံပေးနိုင်မယ်လို့ ခင်ဗျားတို့ထင်လား'
နည်းနည်းလေးတဲ့လား!
နည်းနည်းလေးဆိုတာ ဘာကိုဆိုလိုတာလဲ!
မုဖူရှန်း၏ခွန်အားက အဆောင်များနှင့်ပတ်သက်ပြီး သူ့ပါရမီကိုထည့်တွက်ပါက ဘာမှမထူးခြားဟု သူတို့ထင်ခဲ့ကြသော်လည်း နဂါးကိုးကောင်နတ်ပိုင်နက်အတွင်း မည်သူမှ သူ့ကိုမယှဉ်နိုင်ဟု သူတို့ပြောရဲသည်။
နောက်ထပ်ခုနှစ်ရက်ကုန်ဆုံးသွားခဲ့သည်။
ကောင်းကင်ပေါ်ရှိနဂါးချီက ဖြည်းဖြည်းချင်း ကျဆင်းသွားခဲ့သည်။
ဒါက နဂါးဝိဉာဉ်များက တစ်ခုပြီးတစ်ခု စုဆောင်းခံနေရတာကို ဖော်ပြနေသည်။
အဇူရာနဂါးတပ်မှူးများကလည်း ဤမြင်ကွင်းကို ကြည့်ရင်းပြောလိုက်ကြသည်။
"ကြည့်ရတာ တခြားတပ်ဖွဲ့တွေရောက်လာတော့မယ့်ပုံပဲ"
တပ်မှူးကမူ မုဖူရှန်းအားကြည့်လိုက်၏။
"ငါတို့အခုနေရာအသီးသီးကို စေလွှတ်တော့မယ်နော်"
မုဖူရှန်းခေါင်းညိတ်သည်။
"တကယ်လို့အခြေအနေတစ်ခုခုရှိလာခဲ့ရင် အသံလွှင့်ကျောက်စိမ်းဆွဲသီးနဲ့ ကျုပ်ကို ဆက်သွယ်ပါ"
တပ်မှူးကန့်ကွက်ခြင်းမရှိဘဲ မုဖူရှန်းနှင့် ဖန်ချန်းတို့၏ညွှန်ကြားချက်များကို လုံး၀လိုက်နာကာ သူ့လက်အောက်ငယ်သားများအား စတင်လှုပ်ရှားရန် အမိန့်ပေးသည်။
ဒါက ကနဦးမယုံကြည်မှုကနေ ယခုအပြည့်အ၀နာခံမှုအထိ ရောက်လာခဲ့သည့် အလုံးစုံပြောင်းလဲမှုတစ်ခုပေတည်း။
အောက်ကလူများပင်လျှင် လုံး၀ခုခံကန့်ကွက်ခြင်းမရှိပေ။
သူတို့ မုဖူရှန်းနှင့်ကျန်နှစ်ယောက်၏ အရည်အချင်းများကို လုံး၀ယုံသွားခဲ့ကြသည်။
"ကောင်းပြီ၊ ငါတို့လည်းပြင်ဆင်ထားသင့်တယ်...ခဏလေး၊ ငါနောက်တစ်ကြိမ် ထပ်စစ်ကြည့်မယ်" ထိုသို့ဆိုပြီးနောက် မုဖူရှန်း ထပ်မံပျောက်ကွယ်သွားကာ အဆောင်များ၏တည်နေရာများကို စစ်ဆေးနေသည်။
ဖန်ချန်း ရှောင်ဟိုင်အား အကူအညီမဲ့စွာ ကြည့်လိုက်၏။
"စီနီယာအစ်ကိုမု အခုစစ်ဆေးတာ ဘယ်နှစ်ကြိမ်တောင်ရှိသွားပြီလဲ"
ရှောင်ဟိုင်ထူးမခြားနားစွာပြန်ပြောသည်။
"တစ်ရာ့ခုနှစ်ဆယ့်ခုနှစ်ကြိမ်"
ဖန်ချန်းပြောစရာစကားမဲ့သွားရသည်။
.....
နောက်ထပ်နှစ်ရက်ကြာသွားခဲ့သည်။
နောက်ဆုံးတွင် နဂါးဖြူတောင်၀န်းကျင်၌ သူတို့အပေါ် အားကောင်းသည့်တည်ရှိမှုများစွာ ဆင်းသက်လာသည်။
ကမ္ဘာမြေကိုပင် လှုပ်ခါစေသည့် ခြေလှမ်းများက အလွှာတစ်လွှာပြီးတစ်လွှာ ထပ်ကျော့နေလေရာ ကျယ်လောင်သည့် သံစုံတေးသွားအလားထင်ရသည်။
ဖယောင်းနဂါးစစ်တပ်၊ အကြေးခွံပြောင်းပြန်စစ်တပ်နှင့် နဂ်းနီစစ်တပ်တို့က အတူတကွလုပ်ဆောင်ကြသည်။
ယခုသူတို့ ကြီးမားသည့် အင်အားနှင့်အတူ နဂါးဝိဉာဉ်လေးခုကိုပင်ရခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် တပ်ရင်းလေးခုကိုလည်း ထုတ်ပယ်ပစ်ခဲ့သည်။
ယခုနဂါးကိုးတောင်တောင်တန်းတစ်ခုလုံး၌ အဇူရာနဂါးစစ်တပ်အပြင် နောက်ထပ်တပ်ခြောက်ခုသာ ကျန်တော့သည်။
"နဂါးဝိဉာဉ်လေးခုနဲ့ဆိုရင် ပထမရဖို့ဆိုတာ ပြဿာနာမရှိတော့ဘူး၊ ဒါပေမယ့် နဂါးဝိဉာဉ်တွေက ငါတို့လက်ထဲမှာရှိနေနိုင်တာမို့ ငါတို့တခြားနဂါးဝိဉာဉ်တွေကို သိမ်းပြီး ပထမမင်းသားကို ကမ်းလှမ်းလိုက်မယ်ဆိုရင် ငါတို့အဆင့်အတန်းက ဒီရေလို မြင့်တက်လာမှာပဲ"
"ဟမ့်၊ ပထမမင်းသားနဲ့ တတိယမင်းသားပြောသလိုပဲ ဒီတစ်ကြိမ် ငါတို့အဇူရာနဂါးစစ်တပ်ကို အောက်ဆုံးအဆင့်မှာဆိုတာ သေချာအောင်လုပ်ရမယ်၊ ငါတို့အတွက် အဇူရာနဂါးဝိဉာဉ်ကိုလည်း လုယူဖို့ အခွင့်အရေးကောင်းပဲ"
"ငါတို့ဒီတစ်ကြိမ်သတိထားသင့်တယ်၊ ငါတို့ထောင်ချောက်ထဲ မကျသွားသရွေ့ အဇူရာနဂါးစစ်တပ်က သေချာပေါက်ငါတို့ရဲ့ ပြိုင်ဘက်မဟုတ်ပါဘူး"
ကျောင်းမင် စိတ်မချမ်းမြေ့ဖွယ်ရာ မျက်နှာထားဖြင့်ပြောသည်။
"အချိန်ကျလာရင် မုဖူရှန်းကိုငါနဲ့ထားခဲ့ပါ၊ ပြီးတော့ဘယ်သူမှ ၀င်မစွက်ဖက်ပါနဲ့"
တခြားတပ်မှူးများကလည်း အပြုံးဖြင့်ပြောသည်။
"ဒီတစ်ကြိမ်တော့ ရေမြောင်းထဲမှာ မပြိုလဲကျလောက်တော့ဘူးမလား"
ကျောင်းမင်နှာခေါင်းရှုံ့သည်။
"ဒီတစ်ကြိမ် ငါသူ့ကို အဆောင်သုံးခွင့်မပေးဘဲ ခွန်အားအပြည့်နဲ့ တိုက်ရိုက်ချေမွပစ်မယ်"
နောက်ဆုံးအကြိမ်က နဂါးဝိဉာဉ်များကိုသိမ်းပိုက်ရန်အတွက် သူတို့အင်အားကို ထိန်းသိမ်းရန် စစ်တပ်ကြီးသုံးခုက တိုက်ရိုက်တိုက်ခိုက်ခြင်းထက် နောက်ဆုတ်ဖို့ကိုသာ ရွေးချယ်ခဲ့ကြရသည်။
ယခုနောက်ဆုံးအဆင့်တွင် သူတို့မည်သည့်အနှောင့်အယှက်မှမရှိဘဲ တိုက်ခိုက်မှုကို စတင်နိုင်ပေတော့မည်။
စစ်တပ်ကြီးသုံးခု၏တပ်မှူးများ ဆွေးနွေးနေစဉ် သူတို့တပ်များကို နဂါးဖြူတောင်ခါးပတ်ဆီသို့ အမြန်ဆုံးချီတက်ရန် ညွှန်ကြားခဲ့သည်။
ဒီတစ်ကြိမ်တွင် မြေပုံတွင် ပြထားသည့်အချက်အလက်အရ နဂါးဖြူဝိဉာဉ်ပေါ်လာမည့်နေရာက တောင်ထိပ်တွင်ဖြစ်သည်။
သူတို့ချီတက်နေစဉ် တခြားတပ်ရင်းကြီးသုံးခုဖြစ်သည့် ကောင်းကင်နဂါးစစ်တပ်၊ မြေနဂါးစစ်တပ်နှင့် လျှပ်စီးနဂါးစစ်တပ်တို့နှင့်လည်း ဖြည်းဖြည်းချင်းဆုံခဲ့ကြသည်။
"တောင်ထိပ်ကိုရောက်တဲ့အခါကျမှ နဂါးဝိဉာဉ်အတွက် တိုက်ခိုက်ကြမလား"
"ကောင်းပြီလေ"
ကျန်သည့်တပ်မဟာခြောက်ခုကလည်း သဘောတူညီမှုရယူခဲ့ကြသည်။
သို့စေကာမူ သူတို့ကိုအံ့ဩသင့်စေတာက ဤနေရာထိရောက်လာသည့်တိုင် သူတို့ အဇူရာနဂါးစစ်တပ်ကို မတွေ့ရသေးခြင်းပင်။
ဒါက ဖယောင်းနဂါး၊ အကြေးခွံပြောင်းပြန်နှင့် နဂါးနီစစ်တပ်များ၏ တပ်မှူးများကို အနည်းငယ်မျက်မှောင်ကြုတ်စေပြီး သူတို့နှလုံးသားထဲ၌ မကောင်းသည့်ခံစားချက်တစ်ခုက ဖြည်းဖြည်းချင်းမြင့်တက်လာသည်။
သူတို့ တောင်ခါးပန်းအောက်က ရှင်းလင်းထားသည့် မြေရိုင်းဒေသကို ရောက်လာသောအခါ သူတို့၏အမူအရာအားလုံးက သိသာစွာပင် ပြောင်းလဲသွားကြ၏။
ဘိုးဘေးနယ်ပယ်စွမ်းအားရှင်များမှလွဲ၍ တခြားသူများအားလုံးက ဖိနှိပ်ခံရပြီး ကောင်းကင်ပေါ်က ကျဆင်းလာကြသည်။
ပျံသန်းခြင်းမဲ့အစီအရင်!
တပ်မှူးအားလုံးထိတ်လန့်သွားကြ၏။
တစ်ချိန်တည်းမှာပင် မယုံနိုင်မှုက သူတို့နှလုံးသားထဲ ပြည့်နှက်သွားခဲ့သည်။
အဇူရာနဂါးစစ်တပ်က နဂါးဖြူတောင်မှာ အစီအရင်တွေကို ကြိုတင်စီစဉ်ရင်း ချုံခိုတိုက်ခိုက်မှုတစ်ခုကို ချထားရဲတာလား!
တပ်ပေါင်းစုအားလုံးအနက် အဇူရာနဂါးစစ်တပ်တွင်သာ အစီအရင်ဆရာနှင့် အဆောင်သခင်များရှိသည်။
စစ်တပ်ခြောက်တပ်၏ တပ်မှူးများ သိနားလည်သည့် အကြည့်များဖလှယ်လိုက်ကြစဉ် အချင်းချင်းမျက်လုံးထဲက ရက်စက်သည့်အပြုံးကိုမြင်နိုင်သည်။
နောက်ဆုံးအကြိမ်က နဂါးဖြူတောင်၌ ကြိုတင်ချောင်းမြောင်းတိုက်ခိုက်သည်အထိ ရဲတင်းသည့်စစ်တပ်တစ်တပ်က တပ်ပေါင်းစုအားလုံး အတူတကွစုပေါင်းကြိုးစားမှုနှင့်အတူ ဖယ်ရှားခြင်းခံခဲ့ရသည်။
အချိန်အများကြီးကြာပြီးနောက် အလားတူလုပ်ရဲသည့် တပ်ပေါင်းစုများ ရှိလာလိမ့်မည်ဟု သူတို့မျှော်လင့်မထားခဲ့ကြပေ။
"အားလုံးပဲ၊ အရင်ဆုံးအဇူရာနဂါးစစ်တပ်ကို အရင်ဖယ်ရှားပစ်ရမယ်"
တစ်ချိန်တည်းမှာပင် တပ်မှူးခြောက်ယောက် ကျယ်လောင်စွာအော်ဟစ်လိုက်ကြ၏။
ဘိုးဘေးနယ်ပယ်စွမ်းအားရှင်များစွာက သူတို့နတ်အသိအာရုံကို ထုတ်လွှတ်ရင်း ပတ်၀န်းကျင်ကို အာရုံခံစောင့်ကြည့်ကြသည်။
ဘိုးဘေးနယ်ပယ်အောက်ကလူများကမူ လွင်ပြင်ကို ဖြတ်ကာ အရှိန်အဟုန်နှင့် ရှေ့သို့ချီတက်လာနေသည်။
သို့သော် သူတို့မီတစ်တစ်ရာထိပင်မသွားနိုင်ခင်မှာပင် သူတို့ခြေထောက်အောက်၌ လျှပ်စီးစင်းများက စတင်လင်း၀င်းလာသည်။
တစ်ချိန်တည်းမှာပင် အထက်ကောင်းကင်ယံ၌ အဖျက်အော်ရာများက စတင်ပေါ်ထွက်လာသည်။
ထိုအချိန်တွင် လူတိုင်းနီးပါး၏ အမူအရာများက မှိန်ဖျော့သွားကြ၏။
အမြစ်သုတ်ပုံရိပ်ယောင်သတ်ဖြတ်ခြင်းအစီအရင်!
ချက်ချင်းဆိုသလို ဘိုးဘေးနယ်ပယ်စွမ်းအားရှင်အများစု ထိုအစီအရင်ကနေ ပထမဆုံးလွတ်မြောက်ခဲ့ကြပြီး အားလုံးဖြူရော်နေကြသည်။
ချက်ချင်းသူတို့ကျင့်ကြံခြင်းနည်းစနစ်များကို စတင်လည်ပတ်ကြသော်လည်း နိယာမစွမ်းအားနှင့် နှိုးဆွရသည့် မည်သည့်ကျင့်ကြံခြင်းနည်းစနစ်မဆို ပထမအဆင့်မှာတင် ဖိနှိပ်ခံလိုက်ရသည်။
ရှေးဦးမူလအစီအရင်!
သို့စေကာမူ ဖိနှိပ်မှုကာလအနည်းငယ်အတွင်းမှာပင် လျှပ်စီးနှင့် အမြစ်သုတ်ပုံရိပ်ယောင်သတ်ဖြတ်ခြင်းအစီအရင်တို့က အပြည့်အ၀ပေါက်ကွဲသွားကြ၏။