← Chapters

သူလျှို ပြန်ထည့်ခြင်း

Vol. 33 Ch. 433

သူလျှို ပြန်ထည့်ခြင်း

Vol. 33 Ch. 433

အခန်းထဲတွင် အလယ်အဆင့် အင်မော်တယ်ကျောက်စိမ်း သန်းရာချီ ရှိသော်လည်း ကျောင်းတော် တပည့်များ ခက်ခက်ခဲခဲ စုဆောင်းထားရသည့် အရာများ ဖြစ်သောကြောင့် ယွမ်ရှောင်က မလိုချင်ပေ။ သူက စားပွဲပေါ်ရှိ သိုလှောင်အိတ်များကို လျစ်လျူရှုကာ အလောင်းများထံမှ သိုလှောင်အိတ်များ ဖြုတ်ယူနေစဥ် ထန်ဝမ်ချန်၏ အသံထွက်ပေါ်လာသည်။

"ငါ့ကို အကြပ်ကိုင်ပြီး အင်မော်တယ်ကျောက်စိမ်း မျှော်စင်ကနေ ငွေညှစ်ဖို့ ကြိုးစားနေရင်တော့ မဖြစ်နိုင်ဘူး"

မျက်ရည်များဝဲ၍ အခန်းထောင့်တွင် ပိတ်မိနေသော ထန်ဝမ်ချန်မှာ ရုပ်ပျက်ဆင်းပျက် သေဆုံးနေသော အလောင်းများကြောင့် တစ်ကိုယ်လုံး တုန်ရီနေသည်။ တစ်ဖက်လူက ရုတ်တရက် လှုပ်ရှား၍ လည်ပင်း ညှစ်ခံလိုက်ရသောအခါ သူမသည် အလန့်တကြား ရုန်းကန်ရင်း အသက်ရှူကြပ်လာ၏။ ယွမ်ရှောင်၏ နဖူးတွင် ခေါင်းကိုးလုံး နဂါး၏ ပုံရိပ် ထွက်ပေါ်လာကာ အေးစက်စက် စိုက်ကြည့်နေသဖြင့် စိတ်ဓာတ် ပြိုလဲ၍ အရူးတစ်ပိုင်း ဖြစ်သွားသည်။

"နင်က လမ်းပြအသင်းသား အားလုံးကို သတ်ဖြတ်ခဲ့တယ်။ သူတို့က အင်မော်တယ်သုံးပါးရဲ့ မျိုးဆက်တွေပဲ။ ကပ်ဘေးတစ်ခု ဖြစ်လာတော့မယ်။ အင်မော်တယ်သုံးပါးက ကျောင်းတော်မှာ မျိုးဆက်သစ်တွေကို ကျင့်ကြံဖို့ အပ်နှံပေးခဲ့တယ်။ အခု ကျောင်းအုပ်ယွီ ကာကွယ်ပေးထားတဲ့ လူတစ်ယောက် လက်ချက်နဲ့ သေကုန်ပြီ။ ဘုရားကျောင်းအကြီးအကဲကလည်း နင် ရောက်နေတာကို သိသွားလောက်ပြီ။ အခုလောက်ဆို ဒီနေရာကို ဆန်းကြယ်ဘုရားကျောင်း အင်အားစု ရောက်လာတော့မယ်"

ထန်ဝမ်ချန်သည် စိတ်တစ်ခုလုံး ဗလာဖြစ်၍ တစ်ကိုယ်လုံး ချွေးများ စိုရွှဲကုန်သော်လည်း သတ္တိမွေး၍ ခြိမ်းခြောက်လိုက်သည်။

"သွေးလင်းနို့ကျိန်စာက ဘယ်မှာလဲ။ အရုဏ်ဦးအိမ်တော်ကနေ ငါ ဘယ်မှမသွားတာကို ဘုရားကျောင်းအကြီးအကဲ သိတယ်။ ဒါဆိုရင် တရားခံက အပြင်လူဖြစ်တဲ့ မင်းပဲ ဖြစ်လာလိမ့်မယ်"

ယွမ်ရှောင်က လက်ဖဝါး ဖြန့်ပြလိုက်သောအခါ ကျိန်စာ မရှိသောကြောင့် ထန်ဝမ်ချန်ကို မင်သက်သွားစေသည်။

"မဟုတ်...မဟုတ်ဘူး။ ငါက သူတို့ကို သတ်ဖို့ အစွမ်းအစ မရှိဘူး။ သတ်ရမယ့် အကြောင်းအရင်းလည်း မရှိဘူး"

သူမသည် အသက်ကို ပြင်းထန်စွာ ရှူနေရင်း ခုခံရန် အင်အားများ စုစည်းလိုက်၏။

"အရေးမကြီးဘူး"

ခေါင်းကိုးလုံး နဂါးပုံရိပ်သည် သူမ၏ မျက်လုံးများအတွင်း ရုတ်တရက် ထိုးဖောက်ဝင်ရောက်ကာ ယွမ်ရှောင်၏ နဖူးတွင်မူ ဒေါင်လိုက်မျက်လုံးတစ်ခု ဖြစ်တည်လာပြီး ရောင်ခြည်အလင်းများ အနီးကပ် ပို့လွှတ်လိုက်သည်။

"အား"

သူမက တစ်ကိုယ်လုံး တောင့်တင်းသွားကာ နာနာကျင်ကျင် ငိုကြွေးအော်ဟစ်ရင်း ခြေထောက်များ အားပျော့၍ ဖင်ထိုင်ရက် လဲကျသည်အထိ ဖြူဖျော့သွား၏။ အချိန်တစ်ခုလုံး ခရမ်းရောင်နဂါး ပုံရိပ်များသည် သူမ၏ ဦးနှောက်အတွင်း ဆက်တိုက်ဝင်ရောက်လာနေကာ နာရီဝက်အကြာ၌ အဖြူရောင်မျက်လုံးများ ခရမ်းရောင် ပြောင်းလဲသွားသဖြင့် ယွမ်ရှောင်၏ လက်အောက်ခံ ဖြစ်လာကြောင်း သိသာသည်။

"မင်းတို့ စောက်ရူးသုံးကောင်က အသက်ဝါးမျိုဂူနဲ့ လူသားတွေကို ဦးနှောက်ဆေးချင်တာလား။ ငါက ဒီဂူကို ဝါးမျိုပြီး မင်းတို့ရဲ့ နောက်လိုက်တွေကို လုယူနိုင်တယ်ကွ ဟား ဟား"

ယွမ်ရှောင်က တီးတိုးရေရွတ်နေစဥ် အသက်ဝါးမျိုဂူကြောင့် ဦးနှောက်ဆေးခံထားရသည့် ထန်ဝမ်ချန်မှာ ပြောင်းလဲသွားပြီ ဖြစ်သည်။

"ဘန်း"

လည်ပင်းညှစ်ထားသော လက်အစုံ လွှတ်ချလိုက်သောအခါ သူမသည် အမြုပ်တစီစီ ထွက်ရင်း ကြမ်းပြင်၌ တက်နေခဲ့သည်။ ကျင့်ကြံထားသော မူလဝိညာဥ်သည် စိတ်ပိုင်းဆိုင်ရာ ကာကွယ်နိုင်သောကြောင့် အပြည့်အဝ ထိန်းချုပ်နိုင်ရန် ယွမ်ရှောင်လည်း ခက်ခက်ခဲခဲ ကြိုးစားလိုက်ရ၏။

"ဝိညာဥ်မျက်လုံးတွေ ဘယ်လောက်ထိရောက်မလဲ ကြည့်ရအောင်"

သူက အသက်ကို ပြင်းပြင်းရှူ၍ ငုံ့ကြည့်လိုက်သောအခါ သူမ၏ မျက်ဝန်းများ ဖြည်းဖြည်းချင်း ပြန်လည်ကြည်လင်လာကာ ဒူးထောက်လိုက်၏။

"အင်မော်တယ်ယွမ်"

သူမက အားနည်းသော ခန္ဓာကိုယ်ဖြင့် ဒူးထောက်ရန် အားတင်းထားရသော်လည်း မျက်ကန်း ယုံကြည်သူတစ်ယောက်ပမာ ကိုးကွယ်ဆည်းကပ်နေသည်။

"ခေါင်းမော့စမ်း"

ယွမ်ရှောင်က အမိန့်ပေးလိုက်သောအခါ ထန်ဝမ်ချန် ခေါင်းမော့လာပြီး မီးလျှံကို စွဲမက်နေသည့် ပိုးဖလံတစ်ကောင်ပမာ စိုက်ကြည့်နေခဲ့သည်။

"ကိုယ့်ကိုကိုယ် သန့်ရှင်းရေးလုပ်ပြီး ကျောက်စိမ်းအင်မော်တယ်မျှော်စင်ကို သွားစမ်း"

"ဟုတ်ကဲ့"

သူမ၏ ဝတ်ရုံတစ်ခုလုံး သွေးများ စွန်းထင်းနေပြီး ယောကျ်ားတစ်ယောက်ရှေ့တွင် အဝတ်အစားများ လဲလှယ်ဝတ်ဆင်လိုက်၏။ ထိုအချိန်တွင် သူမသည် ဘဝတလျှောက် အပျော်ဆုံးအချိန် ကြုံတွေ့နေရသကဲ့သို့ အပြုံးပန်းဆင်နေသည်။ ယွမ်ရှောင်ကမူ နောက်ထပ် စကားမပြောတော့ဘဲ အလောင်းများထံမှ ကောက်ယူလာသည့် သိုလှောင်အိတ်များအတွင်း စစ်ဆေးနေရင်း ဖန်ဆင်းရှင်မျိုးစေ့များ၊ အသက်တံဆိပ်များနှင့် ဓားဝိညာဉ်များကို စုပ်ယူဝါးမျိုခဲ့သည်။ ဆက်ကြေးများကို ဖယ်ရှားလိုက်လျှင်ပင် အင်မော်တယ်ကျောက်စိမ်း သန်းရာချီ ရှိနေပြီး စုစုပေါင်း အရင်းအမြစ်များမှာ ချင်လန်ထက် ဆယ်မက များပြားပေ၏။ လမ်းပြအသင်းသားများ၏ ဓားဝိညာဉ်နှင့် အသက်တံဆိပ်များက သူ့အောက် နိမ့်ကျသော်လည်း အရေအတွက်များသောကြောင့် ဓားအော်ရာ အလွှာ ငါးသိန်းနှင့် ရုန်းအရေအတွက် ငါးသိန်းကျော်အထိ တိုးတက်လာစေခဲ့သည်။ အခင်းဖြစ်နေရာကို ရှင်းလင်းပြီးနောက် သူက တိတ်တဆိတ် ထွက်ခွာသွားသကဲ့သို့ ထန်ဝမ်ချန်လည်း ကိုယ့်ကိုကိုယ် သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုပြင်၍ အဓိကတံခါး တွန်းဖွင့်ကာ လှမ်းထွက်လိုက်သည်။

"ကြီးကြပ်သူတွေကို ခေါ်လိုက်စမ်း"

ကျောက်စိမ်းမျှော်စင်၏ ၂၉ထပ်တွင် သူမသည် မာနကြီးစွာ အမိန့်ပေးလိုက်၏။ သူမသည် မျှော်စင်ပိုင်ရှင်၏ သမီးအကြီးဆုံးနှင့် အမွေဆက်ခံသူ ဖြစ်ကာ စီးပွားရေး ထူးချွန်မှုကြောင့် ကျော်ကြားသည်။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း အမြတ်အစွန်းများ တိုးတက်လာခြင်းမှာ သူမကြောင့် ဖြစ်ပြီး ငယ်ရွယ်သော်လည်း မျှော်စင်တစ်ခုလုံး၌ အဆင့်အတန်း မြင့်မားကာ ချုပ်ကိုင်နိုင်စွမ်း ရှိသည်။ စျေးကွက်မြှင့်တင်မှုကို အားကောင်းလာစေရန် အင်မော်တယ် သုံးပါး မျိုးဆက် လူငယ်များနှင့် ရင်းရင်းနှီးနှီး နေထိုင်ပြီး ချမ်းသာကြွယ်ဝသော လူငယ်မိန်းကလေးများအကြား ကျော်ကြားသူလည်း ဖြစ်သည်။

"သခင်မလေး"

"ငါက အထူးဧရိယာကို ဒီညသန်းခေါင်မှာ ပိတ်စေချင်တယ်။ ဧည့်သည်တွေ ထပ်ခေါ်မလာနဲ့"

ကြီးကြပ်သူ သုံးဆယ်ကျော် ရောက်ရှိလာပြီး တန်းစီ၍ အရိုအသေပေးလိုက်သောအခါ ထန်ဝမ်ချန်က တစ်ချက် ဝေ့ကြည့်ကာ အမိန့်ပေးခဲ့သည်။

"သခင်မလေး ဒီလိုပိတ်သိမ်းဖို့ ပိုင်ရှင်နဲ့ မတိုင်ပင်တော့ဘူးလား"

ကြီးကြပ်သူများက ဇဝေဇဝါဖြစ်နေပြီး မုတ်ဆိတ်ဖြူ အဘိုးအိုတစ်ယောက်က ရှေ့ထွက်လာ၍ မေးခွန်းထုတ်လိုက်၏။

"မလိုအပ်ဘူး။ အဖေက အင်မော်တယ်သုံးပါးနေ့ကို ပြင်ဆင်ပေးဖို့ ကောင်းကင်ရင်းမြစ် နယ်မြေဆီ ထွက်သွားတယ်။ စကားမများနဲ့။ ငါက အထူးဧရိယာရဲ့ ရောင်းအားကို မြှင့်တင်ဖို့ အင်မော်တယ်သုံးပါး မျိုးဆက်တွေနဲ့ ဆက်သွယ်ထားတယ်။ အချိန်ဖြုန်းနေလို့ အကျိုးအမြတ် နည်းရင် မင်းတို့ တာဝန်ယူနိုင်လို့လား။ အခု ထွက်သွားကြစမ်း"

"ဒီငယ်သားက မဝံ့ရဲပါဘူး"

သူမက တစ်ချက်စိုက်ကြည့်၍ ငေါက်ငမ်းလိုက်သောအခါ ကြီးကြပ်သူများ ခေါင်းငုံ့၍ စနစ်တကျ ထွက်ခွာသွားခဲ့ကြသည်။ တစ်ယောက်ချင်းစီက မျှော်စင်တစ်ထပ်စီကို တာဝန်ယူပြီး အထူးဧရိယာကိုမူ သူမကိုယ်တိုင်သာ ကြီးကြပ်၏။ သူမက ငယ်သားများကို တင်းတင်းကြပ်ကြပ် မှာကြားပြီးနောက် အထပ်သုံးဆယ်သို့ တက်လာခဲ့ပြီး မီးများအားလုံး ငြှိမ်းသတ်ထားသဖြင့် မည်းမှောင်နေသည်။

"အင်မော်တယ်ယွမ်"

မာနကြီးသော အသွင်အပြင်နှင့် တက်လာသော ထန်ဝမ်ချန်သည် ချက်ချင်း အမူအရာပြောင်းလဲကာ ကြမ်းပြင်တွင် ဝပ်တွား၍ အဖြူရောင်ပုံရိပ်ကို ဦးချလိုက်၏။

"နင်ပြောတဲ့ သိုလှောင်အိတ်က ဘယ်မှာလဲ"

"ဒီမှာပါ"

ယွမ်ရှောင် လက်ဝါးဖြန့်လိုက်သောအခါ သူမသည် သိုလှောင်အိတ်တစ်လုံး ကမ်းပေးလာ၍ အတွင်း၌ တောင်ကြီးဆယ်လုံး ထည့်သွင်းနိုင်လောက်အောင် ကျယ်ဝန်းသဖြင့် သူ့ကို ကျေနပ်သွားစေသည်။ အထပ်သုံးဆယ်တွင် မရေမတွက်နိုင်သော ရတနာများ ပြန့်ကြဲနေ၍ လက်နက်များနှင့် သတ္တုရင်းမြစ်များအပြင် ဆေးလုံးများနှင့် အရင်းအမြစ်မျိုးစုံ တည်ရှိသဖြင့် ပမာဏအတိအကျကို ခန့်မှန်းမရပေ။ များပြားလှသော အရင်းအမြစ်များကြောင့် သားရဲလေးမှာ စားချင်စိတ်ကို ထိန်းမရတော့ဟန်ဖြင့် ခုန်ထွက်လာ၏။ များပြားလှသော အရင်းအမြစ်များကို အစောင့်အကြပ် မရှိဘဲ ထားခြင်းသည် အင်မော်တယ်သုံးပါးအပေါ် ဤလူများ မည်မျှကိုးကွယ်ယုံကြည်ကြောင်း ထင်ရှားနေသည်။

"ကပ်ဘေးနတ်ဆိုးအရိုးတွေ ဘယ်မှာလဲ"

"အင်မော်တယ်ယွမ်ကို အစီအရင်ခံပါတယ်။ အမြင့်ဆုံး ၃၃ထပ်မှာ ရှိပါတယ်။ ဓားနှလုံးသားတွေရော ရှိပါတယ်"

ထန်ဝမ်ချန်၏ အဖြေစကားကြောင့် ယွမ်ရှောင်၏ မျက်လုံးများ တောက်ပလာကာ ပျော်ရွှင်စွာ ချီးကျူးလိုက်၏။

"မင်းက ငါ့အတွက် ကံကောင်းခြင်း ကြယ်လေး ဖြစ်ရမယ်။ ဘာကြောင့် စောစောမတွေ့ရတာလဲကွာ"

"ဘာဖြစ်ဖြစ် ကျွန်မရဲ့ အသက်နဲ့ ပိုင်ဆိုင်သမျှက အရှင်နဲ့သာ သက်ဆိုင်ပါတယ်"

ထန်ဝမ်ချန်က ခေါင်းမော့ကြည့်လိုက်ပြီး မျက်ဝန်း၌ ချစ်ခင်လေးစားမှုများ ပြည့်နှက်နေသည်။

"ကောင်းတယ်။ တံခါးကို စောင့်ကြပ်ထား။ ဘယ်သူ တက်မလာစေနဲ့"

အမိန့်ပေးပြီးနောက် သူက သိုလှောင်အိတ်ကို ဖွင့်၍ ရတနာများကို စစ်ဆေးမနေဘဲ ထည့်သွင်းလိုက်သောအခါ ဗီရိုများ၊ ကောင်တာများပင် မကျန်သောကြောင့် ကြယ်ပြာပင် ငိုရအခက် ရယ်ရအခက် ဖြစ်သွားလေသည်။

All Chapters