← Chapters

ခက်ခက်ခဲခဲ နှုတ်ဆက်ရခြင်း

Vol. 133 Ch. 1842

ခက်ခက်ခဲခဲ နှုတ်ဆက်ရခြင်း

Vol. 133 Ch. 1842

ပုံမှန်ဆို တစ်လတာအချိန်သည် လျှပ်တပြတ်သာ ကြာသည်။ သို့သော် သည်လှိုဏ်ဂူလောက၌ ဒီနောက်ဆုံးတလကမူ ကွာခြားပေ၏။

ဆယ်ရက်တာ ကုန်လွန်သွားခဲ့လေပြီ။

ဒီဆယ်ရက်အတောအတွင်း ဝမ်လင်းက ဖန်ရှန်လုကို ရှာခဲ့၏။ သူမက ကောင်းကင်ဘုံအုပ်စိုးသူ၏ ပထမဆုံးကိုယ်လုပ်တော် ဖြစ်ကာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ သွေးမျိုးဆက်ကိုလည်း ပိုင်ဆိုင်ထားသည်။ သူမသည် တံခါးကိုဖြတ်၍ သူမ၏မွေးရပ်မြေသို့ ပြန်နိုင်ပေမည်။

ဖန်ရှန်လုက သင်္ဘောကို ထား၍ ထွက်ခွာသွား၏။ ဝမ်လင်းက သည်သင်္ဘော၏ အဓိကတစ္ဆေရွက်ဖျင်ကို သန့်စင်ထားခဲ့ပြီး ဖြစ်ရာ သူက ၎င်းသင်္ဘောအား လွတ်လပ်စွာ ထိန်းချုပ်နိုင်ပေသည်။ သူက ၎င်းကို သူ၏ သိုလှောင်နေရာလွတ်အတွင်းသို့ ထည့်သိမ်းထားလိုက်၏။

သည်ဆယ်ရက်တာအတွင်း ဝမ်လင်းက ကျင့်ကြံခြင်းဂြိုဟ်တစ်လုံးကို ရှာခဲ့၏။ သူက သူ၏အစွမ်းထက်ကျင့်ကြံမှုကို အသုံးပြုကာ သေကာစ ခန္ဓာကိုယ်တစ်ခုကို ရှာဖွေပြီးနောက် လူထူးဆန်းငယ်၏ စိတ်ဝိညာဉ်ကို ၎င်းခန္ဓာကိုယ်ထဲ ထည့်ကာ မူလစိတ်ဝိညာဉ်တစ်ခု ဖြစ်ပေါ်စေခဲ့သည်။

ထိုအရာကို ပြုလုပ်ပြီးနောက် ဝမ်လင်းက ကြယ်အဖွဲ့အစည်းကို ဖြတ်၍ ငြိမ်သက်စွာ ပျံသန်းလာသည်။ သူ၏စိတ်နှလုံးအတွင်းနက်ပိုင်း၌ သူသည် အောက်မေ့တမ်းတမှုကို ခံစားမိနေသည်။

အစပိုင်း၌ ထိုခံစားမှုက သိပ်မများလှသေးပေ။ သို့သော် သူသည် ရင်းနှီးသောနေရာများကို ဖြတ်လျှောက်လာရင်း ၎င်းခံစားမှုက ပိုအားကောင်းလာခဲ့သည်။

သက်ပြင်းချကာ ဝမ်လင်းသည် ပျောက်ကွယ်သွား၏။ ထို့နောက် သူသည် ကြယ်အဖွဲ့အစည်းလေးခု၏ နယ်စပ်၊ ကောင်းကင်ဘုံနယ်မြေသစ်တွင် ပြန်ပေါ်လာခဲ့သည်။

သူသည် ထိုကောင်းကင်ဘုံနယ်မြေသို့ ခြေလှမ်း၏။ လှိုင်းဂယက်များ ထကုန်ကာ ဝမ်လင်း၏နတ်ဘုရားအာရုံသည် သည်နယ်မြေကို ခြုံလွှမ်း ပျံ့နှံ့သည်။ သူက သည်လှိုဏ်ဂူလောကထံမှ ထွက်ခွာဖို့အတွက် ပြန်လည်မွေးဖွားရန် လိုအပ်သည့်အကြောင်းကို သတင်းဖြန့်ခဲ့သည်။

“ထွက်သွားချင်တဲ့ ဘယ်သူမဆို၊ ငါ့ကို လာရှာပါ။ ခုက စပြီး လာမယ့် လဝက်ဆို ငါ ထွက်သွားတော့မယ်…” ဝမ်လင်းသည် တံခါးပိတ်ကျင့်ကြံနေကျ တောင်ပေါ်၌ ထိုင်နေ၏။ သူက မျက်လုံး ဖြည်းဖြည်းချင်း မှိတ်လိုက်သည်။

နေရမည်လား၊ သွားမည်လားက ရွေးချယ်မှုတစ်ခုပင်။ ဝမ်လင်းက ကြားဝင်ပတ်သတ်မည် မဟုတ်ပေ။ သူက ဒီတံခါးကို ဖွင့်ပေးခဲ့ရုံမျှ ဖြစ်၏။ သည်လောက၏ အပြင်ဘက်က ဒီလှိုဏ်ဂူလောက၏ လူများအတွက် ကောင်းလေမလား၊ ဆိုးလေမလားကို သူလည်း မသိပေ။

ထို့အတွက် သူသည် လူတိုင်းကို သူ့ဟာသူ ရွေးချယ်ခွင့် ပေးခဲ့၏။

ဝမ်လင်း တောင်ပေါ်၌ ထိုင်နေခဲ့သည့် ဒုတိယမြောက်နေ့တွင် စစ်ထူနန် ရောက်လာ၏။ သူ့လက်ထဲတွင် အရက်အိုးတစ်လုံး ကိုင်ထားလျက် သူက ဝမ်လင်းဘေးနားထိ လှမ်းလျှောက်လာသည်။

စစ်ထူနန်သည် အရင်ပုံစံအတိုင်းပင်။ သူ၏ဆံပင်ရှည်များက လွင့်ဝဲလို့နေကာ သူက အရက်တစ်ငုံ မော့သည်။ သူသည် တည်ငြိမ်ဟန် ပေါ်သော်လည်း သူ့စိတ်ထဲ၌ နောင်မည်သို့ ဖြစ်လာမည့်အပေါ် စဉ်းစားနေသည်က အရိပ်အမြွက် ပေါ်လွင်၏။

“ဝမ်လင်း…ငါ့ကို ပြောပါ။ ငါ ပြန်မွေးဖွားခဲ့ရင် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရဲ့ သေမျိုးမြို့တစ်မြို့ရဲ့ ဘုရင်တစ်ပါး ဖြစ်နိုင်လောက်လား…” စစ်ထူနန်က ခပ်တိုးတိုး ပြောလာ၏။

မူလတုန်းက ဝမ်လင်းသည် ခွဲခွာရမည့်အပေါ် ခံစားချက် ရှိနေခဲ့သည်။ သို့သော် သည်ခံစားချက်က စစ်ထူနန်၏ စကားကြောင့် တစစီ ဖြစ်သွားရ၏။ ဝမ်လင်းက ပြုံး၍ စစ်ထူနန်ထံမှ အရက်အိုးကို လှမ်းယူကာ အားပါးတရ တကျိုက် မော့ချလိုက်သည်။

“ငါသာ ဘုရင်တပါးအဖြစ် မတော်တဆ ပြန်မွေးဖွားလာခဲ့ရင် မင်း ငါ့ကို မြန်မြန် လာမရှာနဲ့အုံး။ ငါ့ဘဝကို ဘုရင်တစ်ပါးလို ကျေနပ်စေပြီးတဲ့ထိ စောင့်ပြီးမှ မင်း ငါ့ကို လာရှာပါ…” စစ်ထူနန်သည် ဝမ်လင်းကို ကြည့်ကာ ပြုံးလိုက်၏။

“သင် ဆုံးဖြတ်ပြီးပြီလား…” ဝမ်လင်းက စစ်ထူနန်ကို ကြည့်၏။ စစ်ထူနန်သည် သူ၏မိတ်ဆွေလည်းဟုတ်၊ ဆရာဆိုလည်း ဟုတ်ခဲ့၏။ သူတို့သည် နှုတ်ဆက်စကားများ ပြောနေကြစဉ် လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်ကျော်က အဖြစ်သနစ်များက သူတို့၏စိတ်ထဲ၌ တရိပ်ရိပ် ပေါ်လွင်၏။

“ငါ ဆုံးဖြတ်ပြီးပြီ။ ဒီအဘိုးအိုရဲ့ ပါရမီနဲ့ဆို ဒီလိုနေရာလေးမှာ ရှိနေရတာ အဆင်မပြေဘူး။ ငါ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှာ ပိုမို ပျော်ရွှင်ရတဲ့သူ ဖြစ်သင့်တယ်…” စစ်ထူနန်က ရယ်မောကာ ပြော၏။

“ငါတို့ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှာ စိတ်ရှိသလို လွတ်လွတ်လပ်လပ် နေထိုင်ကြမယ်။ ဒါဟာ ပျော်ဖို့ မကောင်းပေဘူးလား…” စစ်ထူနန်က ဝမ်လင်းထံမှ အရက်အိုးကို ပြန်လှမ်းယူကာ အားပါးတရ မော့၏။

ဝမ်လင်းသည် စစ်ထူနန်ကို တည်ငြိမ်စွာ ကြည့်သည်။ သူတို့အကြည့်ချင်း ဆုံ၏။ အချိန်အတန်ကြာပြီးနောက် စစ်ထူနန်က သက်ပြင်းချလိုက်မိသည်။

“ကောင်လေး…မင်း ငါ့ကို လာရှာဖို့ မမေ့သွားတာ ပိုကောင်းမယ်နော်။ ဒီသောက် ပြန်လည်မွေးဖွားခြင်း။ ဒီအဘိုးအိုက ဘုရင်တစ်ပါးအဖြစ် ပြန်မွေးဖွားတာဆို ပိုကောင်းမှာ…” စစ်ထူနန်က သက်ပြင်းချ၏။ ဝမ်လင်းက ခေါင်းညိတ်လိုက်သည်။

“ငါ မသေခဲ့ရင် ကျိန်းသေပေါက် သင့်ကို လာရှာမယ်…”

ချင်းရွှေသည် ဝမ်လင်းကို လာရှာသည့် ဒုတိယမြောက်လူ ဖြစ်၏။ သူက ဝမ်လင်းဘေးတွင် အနီရောင်လိပ်ပြာနှင့်အတူ ထိုင်နေသည်။ အဖေနှင့်သမီးတို့သည် တချိန်တည်း ရောက်လာခဲ့ခြင်းပင်။

ချင်းရွှေသည် စကားများများမဆိုပေ။ သူက နေရာတွင် ခဏရပ်ကာ မည်သို့မျှ မဆိုပေ။ သူ့ဘေး၌ အနီရောင်လိပ်ပြာက သူ့ကို ကြည့်နေ၏။ သူမ၏မျက်လုံးက အနီရောင်အနည်းငယ် သမ်းနေသည်။

“ဟန်ယန်…။ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှာ နင့်ကို ပြန်ခေါ်နိုင်မယ့် နည်းလမ်းတစ်ခု ရှိမှာပါ။ အဲ့ကျရင် ငါတို့မိသားစု အတူတူ ပြန်ဆုံစည်းကြမယ်…”

ချင်းရွှေ၏ အကြည့်က အနီရောင်လိပ်ပြာပေါ်သို့ ကျရောက်၏။ သူ၏အကြည့်ထဲ၌ အဖေတစ်ယောက်၏ ချစ်ခြင်းမေတ္တာ ပါဝင်သည်။

စစ်ထူနန်၊ ချင်းရွှေနှင့် အနီရောင်လိပ်ပြာတို့ပြီးနောက် လေးယောက်မြောက် ရောက်လာသူမှာ ဆယ့်သုံးပင်။

ဆယ့်သုံး၏အတွေးက အလွန်ရိုးစင်း၏။ ဝမ်လင်း၏ တပည့်တစ်ယောက်အနေဖြင့် သူသည် မီးပင်လယ်၊ဓားပင်လယ်ကို ဖြတ်ရပါစေ သို့မဟုတ် ပြန်လည်မွေးဖွားရလျှင်ပင် ဝမ်လင်း၏နောက်သို့ လိုက်ပေမည်။ သူ၏စိတ်ထဲ၌ သူ့ဆရာက သူ့ဘဝ ဖြစ်၏။ ပြန်လည်မွေးဖွားခဲ့လျှင်ပင် ဝမ်လင်းက သူ့ဆရာ ဖြစ်နေအုံးမည်ဟု တွေးထားသူသာ။

ဆယ့်သုံးက ဝမ်လင်းနောက်တွင် ထိုင်နေ၏။ သူ၏စိတ်နေစိတ်ထားက အရင်ထက် များစွာ ပိုတည်ငြိမ်လာ၏။ သူ၏သတ်ဖြတ်လိုစိတ် အများစုမှာလည်း လွင့်ပြယ်ကာ သူ၏ခန္ဓာကိုယ်တွင်း၌ ကောင်းကောင်း ကွယ်ဝှက်ထားသည်။

အချိန်သည် ပုံမှန်အတိုင်း ကုန်ဆုံးလာသည်သာ။ ကောင်းကင်ဘုံကုန်းမြေ၏ နေရာအနှံ့မှ လူများ ပိုရောက်လာကြပြီး ဝမ်လင်း၏နောက်တွင် ထိုင်ကျသည်။ သူတို့က ထွက်သွားဖို့ ရွေးချယ်ကြသူများပင်။

ဝမ်လင်း ကောင်းကင်ဘုံနယ်မြေသို့ ပြန်ရောက်လာပြီး ကိုးရက်မြောက်နေ့၌ လီချန်မေ ရောက်လာသည်။

အဖြူရောင်ဝတ်စုံဖြင့် သူမသည် အရင်ထက် အတော်လေး ပိန်သွားပုံ ပေါ်သည်။ သူမက ဝမ်းနည်းရိပ်တို့ ပြည့်နေ၏။ သို့သော် သူမထံ၌ ပြတ်သားမှုတို့လည်း ပြည့်နှက်နေသည်။ ဝမ်လင်းရှေ့၌ လီချန်မေက သူမ၏ဝမ်းနည်းမှုကို ဖုံးကွယ်လို့ထားသည်။

လီချန်မေက သူမ၏အောက်နှုတ်ခမ်းကို ကိုက်ကာ တိုးတိုးဖွဖွ မေးလာ၏။ “ငါ သွားသင့်လား…”

ဝမ်လင်းသည် မျက်လုံးဖွင့်လာကာ လီချန်မေကို အချိန်အကြာကြီး ကြည့်နေသည်။

“ငါ သွားသင့်လား…” လီချန်မေက ထပ်မံ မေးလိုက်ပြန်သည်။ သို့သော် သူမ၏အသံက စတင် တုန်ယင်လာသည်။

ဝမ်လင်းက လီချန်မေကို ကြည့်၏။ သူက လီချန်မေ၏ အကူအညီမဲ့မှုကို မြင်သည်။ သူမ၏ အတွင်းစိတ်ထဲ၌ သူ့လိုပင် ရုန်းကန်နေရသည်ကို မြင်သည်။

“ငါ သွားသင့်လား…” လီချန်မေက အတင်းလုပ်ယူ၍ ပြုံး၏။ သူမ၏ကျောက်စိမ်းကဲ့သို့ လက်ဖြင့် သူမ၏ဆံပင်ကို သပ်ကာ သူမသည် ထွက်သွားရန် နောက်လှည့်လိုက်သည်။

ဝမ်လင်းက လီချန်မေ၏ လက်ကို လှမ်းဆွဲကာ သူ၏အသံ ထွက်ပေါ်လာ၏။ “အင်မောတယ်ကောင်းကင်ဘုံကုန်းမြေကို သွားပါ။ ငါ နင့်ကို လာရှာတဲ့အချိန်ထိ စောင့်နေပါ။ ဒါဟာ ဆယ်နှစ်လည် ဖြစ်နိုင်တယ်။ နှစ်တစ်ရာလည်း ဖြစ်နိုင်တယ်။ နှစ်တစ်ထောင်လည်း ဖြစ်နိုင်တယ်။ နင် ငါ့ကို စောင့်နိုင်မှာလား…”

လီချန်မေသည် ရပ်၍ နောက်သို့ လှည့်ကြည့်သည်။ သူမက ဝမ်လင်းကို ကြည့်၏။ စကားတော့မဆိုပေ။ သူမက ခေါင်းညိတ်ပြလိုက်ရုံသာ။

“ငါ နင့်ကို လာရှာမယ်…” ဝမ်လင်းသည် လီချန်မေကို ကြည့်ကာ သူမကို သူ၏ဘေးသို့ ညင်ညင်သာသာ ဆွဲယူကာ သူနှင့်အတူ ထိုင်စေသည်။

လီချန်မေသည် ဝမ်လင်းက သူမကို လှမ်းဆွဲလိုက်သည့်အခိုက်၌ သူမ၏မျက်လုံးထံမှ မျက်ရည်စီးကြောင်းနှစ်ခု ကျဆင်းလာတော့သည်။ ထိုမျက်ရည်တို့က သူမ၏မျက်နှာမှသည် သူမ၏ဝတ်ရုံပေါ်သို့ ကျဆင်းသည်။

“အဖေက မထွက်သွားချင်ဘူး။ သူဟာ အမေနဲ့အတူ ဒီမှာပဲ နေရစ်ချင်ခဲ့တယ်။ ငါ သွားသင့်လား၊ မသွားသင့်လား တကယ် မသိတော့ဘူး။ ငါ အဖေကိုပဲ ဒီနေရာမှာ အဖော်ပြုပေးရမလား။ ဒါမှမဟုတ် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှာပဲ နင့်ကို စောင့်နေရမလား…” လီချန်မေသည် ခေါင်းငုံ့လိုက်၏။ သူမ၏စိတ်နှလုံးထဲ၌ အသံနှစ်သံ ရှိနေသည်။ သို့သော် ဝမ်လင်းက သူမကို လှမ်းဆွဲလိုက်သည့်အခါ သူမ၏စိတ်ထဲ၌ အသံတစ်သံသာ ကျန်ရစ်တော့လေသည်။

“နင်…နင် တကယ်ပဲ ငါ့ကို အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရှိ သွားစေချင်တာလား…” လီချန်မေက အောက်နှုတ်ခမ်းကို ကိုက်ကာ ဝမ်လင်းကို မော့ကြည့်၏။ သူမ၏မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှုတို့ ပြည့်နေသည်။ ဝမ်လင်းသည် အနည်းငယ် စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်၏။

“ဒီတော့…နင် ငါ့ကို မြန်မြန်လာရှာရမယ်။ ငါ နင့်ကို ထာဝရ စောင့်နေမှာနော်…”

လီချန်မေ၏မျက်လုံးထဲရှိ စိတ်ရှုပ်ထွေးမှုသည် ပျောက်ကွယ်သွားကာ ပြတ်သားမှု အစားဝင်လာသည်။

အချိန် ဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။ ဝမ်လင်း ကောင်းကင်ဘုံနယ်မြေတွင် နေထိုင်ရန် ဆယ့်ငါးရက်တွင် သုံးရက်က ကုန်လွန်လာခဲ့ပြန်ပြီ။ ပြီးခဲ့သော ရက်အနည်းငယ်က ဝမ်လင်းနှင့် ရင်းနှီးသောလူများ ရောက်လာခဲ့ကြ၏။ သို့သော် ထွက်သွားဖို့ ရွေးချယ်သူများသည် နေခဲ့မည်သူများထက် သိသိသာသာ နည်းပါးလှသည်။

လူတိုင်းသည် ပြန်လည်မွေးဖွားခြင်းနှင့် အပြင်ဘက်လောက၌ မည်သို့ရှိမှန်း မသိရသော အခြေအနေကို ရင်မဆိုင်နိုင်ကြပေ။ ထို့အတွက် သူတို့က ထွက်ခွာခြင်းသည် အန္တရာယ်များလွန်းသော တစ်စုံတစ်ရာ ဖြစ်သည်ဟု တွေ့မြင်ကြ၏။

အရှင်ဟုန်ရှန်က ပြန်လည်မွေးဖွားဖို့ ရွေးချယ်၏။ သို့သော် အရှင်တောင်ပိုင်းတိမ်ကမူ နေခဲ့ရန်သာ ဆုံးဖြတ်ခဲ့သည်။

ဝမ်လင်း သိသော တခြားသူများလည်း ရှိကြသေး၏။ ဥပမာ။ ကျန်ကုန်းလီ၊ အရှင်မီးတောက် စသဖြင့်။ သူတို့က နေခဲ့ရန် ရွေးချယ်ကာ မထွက်သွားချင်ကြပေ။

လဝက်အတိုင်းအတာအတွင်း နှစ်ရက်တာသာ ကျန်တော့၏။

ထိုစဉ် ပုံရိပ်သုံးခုသည် နီးကပ်လာသည်။ အလယ်မှလူက သက်လတ်ပိုင်းအရွယ်ရှိကာ သူ၏ပုံပန်းအသွင်အပြင်မှာ သာမန်ထက်ထူးကဲသည်။ သူ့ထံမှ ခေတ်တခေတ်၏အရှိန်အဝါကို ပေးစွမ်းသည်။ သူက ချင်းလင်ပင်။

သူ့ဘေးတွင် အေးစက်စက်အသွင်ဟန်ပန်ဖြင့် သူ၏သမီးချင်းရှောင် ရှိ၏။ သူမက ကျောက်ရီကို တစ်စက်လေးမျှ ဂရုမစိုက်သည့်သူလည်း ဟုတ်သည်။ ကျောက်ရီကလည်း ဤသည်ကို အလေးမစိုက်ပေ။ သူက ဒီအဖြစ်နှင့် အသားကျနေသည့်အလား။ သူက ချင်းရှောင်ကို အတိတ်တုန်းကလို တွယ်ငြိစွာ ကြည့်မိနေတုန်းပင်။

ကျောက်ရီက ချင်းရှောင်၏တူညီသောမျက်နှာကို ကြည့်နေရ၏။ သို့သော် သူမက မတူညီသောသူ ဖြစ်လာခဲ့ပေပြီ။ ဤခံစားချက်က ကျောက်ရီ၏စိတ်နှလုံးကို နာကျင်စေ၏။

“ဝမ်လင်း…ငါ့သမီးနဲ့ ငါက ထွက်သွားပြီး ပြန်လည်မွေးဖွားဖို့ အဆင်သင့် ဖြစ်နေပြီ…”

ချင်းလင်က ဝမ်လင်းဘေးနားသို့ ရောက်လာချိန်၌ ထိုသို့ ပြော၏။ သူက လှည့်၍ ကျောက်ရီထံသို့ လှမ်းကြည့်ကာ သက်ပြင်းချသည်။

လက်ကျန်သုံးရက် ကုန်လွန်လာစဉ် ကျိုးယု၊ ရှန်ကုန်းဟူနှင့် တခြားသူများက သူတို့၏စိတ်ကို ပြင်ဆင်၍ ဝမ်လင်းထံ ရောက်လာကြ၏။ ထွက်သွားဖို့ ရွေးချယ်သူများသည် အယောက်နှစ်ဆယ်ပင် မပြည့်လေပေ။

နောက်ဆုံးလက်ကျန် နေ့များ၌ ကောင်းကင်ဘုံနယ်မြေ၌ မိုးဖြောက်တောက်ဖြောက်တောက် ရွာနေ၏။ မူပင်းမေက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ကာ မိုးရေများကြား လျှောက်လှမ်းလာသည်။ ဝမ်လင်းက မျက်လုံးဖွင့်လာပြီး အပေါ်သို့မော့၍ ထီးတလက်ကိုင်ထားကာ အလွန်လှသော အမျိုးသမီးထံသို့ ကြည့်လိုက်သည်။

သူမ၏ ရှည်လျားနက်မှောင်သော ဆံနွယ်က ပန်းချီကားတစ်ချပ်နှယ်။ သူမ၏ ထူးကဲလှသောအလှက မိုးရေစက်သံကလွဲ၍ သည်လောကကို ငြိမ်သက်သွားစေသည့်အလား။

ဤသည်မှာ မူပင်းမေ၏ အလှတရားပင်။ သို့မဟုတ် ပို၍ တိတိပပဆိုရသော် လျှိုမေ၏ အလှတရား ဖြစ်၏။ သည်အခိုက်၌ မူပင်းမေ၏ ပုံပန်းသွင်ပြင်၊ ဝတ်ရုံ၊ အမူအရာတို့မှာ ဝမ်လင်းအဖို့ လုံးဝ မမေ့နိုင်မည့် အရာများ ဖြစ်လာတော့သည်။

All Chapters