အနှစ်သာရ
Vol. 60 Ch. 883
ကြီးမားသော အလင်းတန်းသည် ယီထျန်းယွမ်၏ လက်သီးမှ ပေါက်ကွဲထွက်လာသည်။ ချက်ချင်းပင် လုန်ထယ်ဗိုလ်ချုပ်အား ပြင်းထန်စွာ ရိုက်နှက်၍ လွင့်ထွက်သွားစေသည်။ မရေမတွက်နိုင်သော အနက်ရောင် ကျောက်သား အပိုင်းအစများသည် တစ်နေရာလုံးသို့ ပြန့်ကျဲသွားပြီး ကြီးမားသော အလင်းတန်းတစ်ခုသာ မိုးမြေကို ထိုးဖောက်လျက် ကျန်ရစ်ခဲ့သည်။
ရိုးရိုးရှင်းရှင်း တစ်ချက်တည်းဖြင့် ချက်ချင်း မယုံနိုင်စရာ အပြောင်းအလဲတစ်ခု ပေါ်ပေါက်လာသည်။ ဤသည်မှာ အဆင့်မြှင့်တင်မှု၏ စွမ်းအားပင်တည်း။ ကျင့်စဉ်အဆင့်သည် ဤသို့ အတင်းအဓမ္မ ထိုးဖောက်တက်လှမ်းနိုင်ခဲ့သည်။ ဤသည်မှာ မဟာမိတ်များ၏ ကျေးဇူး ဖြစ်သည်။ ၎င်းတို့သည် ရန်သူကို ရဲရင့်စွာ သတ်ဖြတ်ခဲ့ကြပြီး သုံးရာခုနစ်ဆယ့်ခုနစ်ဆ အတွေ့အကြုံ ထပ်ပေါင်းမှုနှင့်အတူ သူ နတ်ဘုရားနယ်ပယ်အဆင့် (၄) သို့ အောင်မြင်စွာ ထိုးဖောက်တက်လှမ်းနိုင်ခဲ့သည်။
သူသည် အမြဲတမ်း ဆက်လက် တောင့်ခံနေခဲ့သည်။ ဤ အခိုက်အတန့်ကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။ ကျင့်စဉ်အဆင့် တစ်ဆင့် တက်သွားသရွေ့ သူသည် ဆုံးရှုံးနိုင်ခြင်း မရှိသော မျှော်လင့်ချက်ကို ပိုင်ဆိုင်နိုင်သည်။
မူလက သူသည် လုန်ထယ်ဗိုလ်ချုပ်ကို ရင်ဆိုင်ရန် ခက်ခဲသည်ကို သိရှိသည်။ ထို့ကြောင့် သူတော်စင်နယ်ပယ်အဆင့် ယုံမင်နတ်ဆိုးမျိုးနွယ်များကို ဦးစားပေး၍ သတ်ဖြတ်ရန် ရည်ရွယ်ခဲ့သည်။ လွန်စွာ ကြီးစိုးလှသော လုန်ထယ်ဗိုလ်ချုပ်က သူ့အား လျင်မြန်စွာ တားဆီးလိုက်သဖြင့် အလွယ်တကူ အဆင့်မြှင့်တင်ရန် မဖြစ်နိုင်တော့ပေ။
မဟုတ်ပါက သူသည် စောစီးစွာ အဆင့် တက်နှင့်ပြီးဖြစ်သည်။ တစ်ဆင့် တက်ရုံသာမက နှစ်ဆင့်ပင် တက်ရန် လုံလောက်သည်။ ထိုမျှ များပြားသော သူတော်စင်နယ်ပယ်အဆင့် ယုံမင်နတ်ဆိုးများကို သတ်ဖြတ်နိုင်ပါက သုံးဆင့်ပင် ဆက်တိုက် တက်ရန် ပြဿနာ မရှိချေ။
သို့သော် ယခု ပြဿနာ မရှိတော့ချေ။ အချိန်သည် အနည်းငယ်သာ ကြာမြင့်ခဲ့သည်။ ရိုင်းစိုင်းသော လက်သီး တစ်ချက်က လုန်ထယ်ဗိုလ်ချုပ်အား သွေးအန်စေခဲ့သည်။ ခန္ဓာကိုယ်ပေါ်ရှိ မာကျောသော ကျောက်သားသည်ပင် ရိုက်ချိုးခံလိုက်ရသည်။
ဤ ကျောက်သားသည် လုံလောက်စွာ မာကျောသည်မှာ မှန်သော်လည်း ကျင့်စဉ်အဆင့် ကွာခြားချက် မရှိသည့် အခြေအနေအောက်တွင်သာ ဖြစ်သည်။ ယခု သူ၏ တိုက်ခိုက်နိုင်စွမ်းသည် လုန်ထယ်ဗိုလ်ချုပ်ထက် တစ်ဆင့် ပို၍ သန်မာနေသည်။ သဘာဝအားဖြင့် အလွယ်တကူ ရင်ဆိုင်နိုင်ခဲ့သည်။
အလင်းတန်း ပျောက်ကွယ်သွားပြီးနောက် လုန်ထယ်ဗိုလ်ချုပ်သည် အာကာသမှ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျလာသည်။ ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင် ကျောက်သားသည် ထက်ဝက်ကျော် ကွဲကြေနေသည်။ လွန်စွာ ဆိုးရွားလှသည်။ ခန္ဓာကိုယ်ပေါ်တွင် ကောင်းမွန်သော အသားတစ်စက်မျှပင် မရှိချေ။
မူလက သန်မာသော ခန္ဓာကိုယ်သည် လျင်မြန်စွာ ကျုံ့ဝင်သွားခဲ့သည်။ ချက်ချင်းပင် အတော် များများ ကျုံ့ဝင်သွားပြီး အိုမင်းသော အဘိုးအိုတစ်ဦးကဲ့သို့ မြေပြင်ပေါ် ခြောက်သွေ့စွာ လဲကျနေသည်။
ဤ အကျိုးသက်ရောက်မှု ပေါ်လာခြင်းသည် ယီထျန်းယွမ်၏ အင်အား သန်မာသောကြောင့် မဟုတ်ချေ။ လုန်ထယ်ဗိုလ်ချုပ်အား ရိုက်နှက်၍ လွင့်ထွက်သွားစေပြီးနောက် သူ့ကို ထိန်းသိမ်းထားသော အင်အားသည် လုံးဝ ပျက်စီးသွားခဲ့ခြင်း ဖြစ်သည်။ ယခု ပေါက်ကွဲမှု၏ ဘေးထွက်ဆိုးကျိုးသည် ချက်ချင်း ပေါ်လာခဲ့သည်။ ခန္ဓာကိုယ် ကျုံ့ဝင်သွားပြီး နှစ်အနည်းငယ် အချိန်ပင် ပေးခဲ့သည် ဖြစ်စေကာမူ အရင် အထွဋ်အထိပ် အခြေအနေသို့ ပြန်လည် ရောက်ရှိနိုင်ရန် မသေချာ မရေရာတော့ချေ။
ကျင့်စဉ်အဆင့်သည် တိုက်ရိုက် ကျဆင်းသွားသည်။ ယီထျန်းယွမ်၏ ကောင်းကင်မျက်လုံးသည် အချက်အလက်ကို တိကျစွာ ကြည့်နိုင်ခဲ့သည်။ ကြီးမားသော နယ်ပယ် တစ်ခု လုံးဝ ကျဆင်းသွားပြီး ဆက်လက် ကျဆင်းနေသည်။
ဤကဲ့သို့သော နည်းလမ်းသည် ရန်သူကို ထိရောက်စွာ တိုက်ခိုက်စေနိုင်သလို မိမိကိုယ်ကိုလည်း ပြင်းထန်စွာ ဆုံးရှုံးစေသည့် အကျိုးသက်ရောက်မှု ရှိသည်။ ပေါက်ကွဲမှုသည် ပြင်းထန်သော်လည်း ၎င်းသည် အလောင်းအစား တစ်ခုသာ ဖြစ်သည်။ ရှုံးနိမ့်ပါက လုံးဝ ရှုံးနိမ့်ခြင်းသာ ဖြစ်သည်။
ယခု လုန်ထယ်ဗိုလ်ချုပ်သည် ထွက်ပြေးရန် မဆိုထားနှင့် လမ်းလျှောက်ရန်ပင် မတတ်နိုင်တော့ချေ။ ခန္ဓာကိုယ် ကျုံ့ဝင်ပြီး အိုမင်းသော အဘိုးအိုတစ်ဦးနှင့် တူနေသည်။ သန်မာသော ပုံပန်းသဏ္ဌာန်သည် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။ နှစ်ပေါင်း တစ်ထောင် ကြာမြင့်အောင် ပြန်လည် ထူထောင်ခြင်း မပြုနိုင်ပါက ပြန်လည် ကောင်းမွန်ရန် ခက်ခဲသည်။ ဤသည်မှာ ဆေးလုံး အမျိုးမျိုး၏ အကူအညီဖြင့်သာ ဤ အချိန်အတွင်း ပြန်လည် ကောင်းမွန်နိုင်သည်။
ဤမျှ ကြီးမားသော ဘေးထွက်ဆိုးကျိုး မရှိခဲ့ပါက လုန်ထယ်ဗိုလ်ချုပ်သည် စောစောစီးစီးပင် သူ၏ လက်အားလုံးကို ပေါက်ကွဲဖျက်စီးပေလိမ့်မည်။ တဖြည်းဖြည်းမှ စွမ်းအားကို ထုတ်ဖော်မည် မဟုတ်ချေ။
ကျင့်စဉ်သမား၏ သွေးအနှစ်သာရကို မီးရှို့ခြင်းသည်လည်း ထိုနည်းတူပင် ဖြစ်သည်။ တစ်ခါတည်း မီးရှို့လိုက်ပါက နောက်ပိုင်းတွင် မသေဆုံးသည်ပင် ဖြစ်စေကာမူ အချိန် အတော်ကြာမှ ပြန်လည် ကောင်းမွန်နိုင်မည်။ ထိုအချိန်ကျမှ သက်တမ်း ကုန်ဆုံးသွားပါက ကျင့်စဉ်အဆင့်သည် ပြန်လည် ကောင်းမွန်တော့မည် မဟုတ်ချေ။
ယီထျန်းယွမ်သည် အသက်ကို ဝအောင် ရှူလိုက်သည်။ လုန်ထယ်ဗိုလ်ချုပ်ဘက်သို့ ပျံသန်းသွားကာ အေးစက်စွာ ကြည့်ရင်း ပြောလိုက်သည်။
“မင်း ရှုံးသွားပြီ...”
“မင်း... မင်း ဘယ်လို လုပ်ပြီး စွမ်းအားကို ထပ်ပြီး ဖုံးကွယ်ထားခဲ့တာလဲ...”
လုန်ထယ်ဗိုလ်ချုပ်သည် ထိုင်ရန်ပင် မတတ်နိုင်တော့ချေ။ သူ၏ သုံးစွဲမှုသည် လွန်စွာ ကြီးမားနေပြီ။ လုံးဝ ဗလာ ဖြစ်နေသည်နှင့် တူသည်။ မည်သည့် စွမ်းအားမျှ ရှိမနေတော့ဘဲ စဉ်းနှီးတုံးပေါ်မှ ငါးသေတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။
“စွမ်းအားကို ဖုံးကွယ်တာ... မဟုတ်ဘူး၊ ငါက စွမ်းအားကို ဖုံးကွယ်ခဲ့တာ မဟုတ်ဘူး၊ ငါက ရိုးရိုးလေး အဆင့်တက်သွားတာပဲ...” ယီထျန်းယွမ်သည် ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။ “ဒီ စစ်ပွဲမှာ မင်း ရှုံးနိမ့်သွားခဲ့ပြီ။ ဝမ်းနည်းစရာပဲ... မင်းတို့ နောက်တစ်ကြိမ် ထပ်ပြီး ရှုံးနိမ့်ခဲ့ကြပြန်ပြီ...”
“အဆင့်တက်သွားတာလား...”
လုန်ထယ်ဗိုလ်ချုပ်၏ မျက်လုံးများတွင် မယုံနိုင်စရာများ ပြည့်နှက်နေသည်။ အဆင့်တက်ခဲ့သည်ပင် ဖြစ်စေကာမူ နတ်ဘုရားနယ်ပယ်အဆင့်သာ ရှိသေးသည်။ မည်သို့ အလွယ်တကူ သူ့ကို ဖိနှိပ်နိုင်မည်နည်း။
ချက်ချင်း သူသည် မထီမဲ့မြင်ပြုသော အပြုံးကို ပြသလိုက်သည်။
“ငါတို့ ရှုံးနိမ့်ခဲ့တယ်ဆိုတော့ရော ဘာဖြစ်လဲ... ဇာတိမြေက ငါ ရှုံးနိမ့်ခဲ့တာကို သိသွားရင် ပိုပြီး သန်မာတဲ့ စစ်သည်တွေကို စေလွှတ်ပြီးတော့ မင်းတို့ကို နောက်တစ်ကြိမ် ထပ်ပြီး ကျူးကျော်အုံးမှာပဲ... ဒီတစ်ခါတော့ မင်းတို့ ကျိန်းသေပေါက် သေနေ့စေ့ပြီသာမှတ်...”
ဤတစ်ကြိမ် လုန်ထယ်ဗိုလ်ချုပ် သေဆုံးခဲ့ပါက နောက်တစ်ကြိမ်တွင် ပို၍ ထိတ်လန့်ဖွယ် သန်မာသော စစ်သည်ကို စေလွှတ်မည်မှာ သေချာသည်။ လုန်ထယ်ဗိုလ်ချုပ်ထက်ပင် အဆင့်များစွာ ပို၍ သန်မာသူများ ဖြစ်နိုင်သည်။
“မင်းတို့ ဇာတိမြေက နောက်တစ်ကြိမ် ထပ်လာနိုင်မှာ မဟုတ်ဘူး... ဘာလို့ဆို ငါ ကိုယ်တိုင် သွားပြီး သတ်ဖြတ်ပစ်မှာ မို့လို့ပဲ...” ယီထျန်းယွမ်၏ မျက်လုံးများ အေးစက်လာသည်။
“ဘာ... မင်း... မင်းရဲ့ စွမ်းအားလောက်နဲ့တင်လား... သွားစမ်းပါကွာ... အဓိပ္ပါယ်မရှိတာတွေ လာပြောမနေနဲ့... ငါတို့ဆီမှာဆိုရင် မင်းရဲ့ စွမ်းအားလောက်က ဘာတန်ဖိုးမှ မရှိဘူးကွ...”
လုန်ထယ်ဗိုလ်ချုပ်သည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ ယီထျန်းယွမ်သည် ၎င်းတို့၏ ဇာတိမြေကို နင်းချေနိုင်ဖို့ အပထား ခြေချနိုင်မည်ဟုပင် သူမထင်ချေ။
“ဟမ်... ဟုတ်လား... အေး ငါကလည်း မင်းသိအောင်ပြောလိုက်မယ် မင်းတို့ဇာတိမြေကလည်း ငါ့အတွက် ဘာမှတန်ဖိုးထားစရာ ဖြစ်နေမှာမဟုတ်ဘူးကွ သိလား... ငါ မင်းကိုပြောဖို့ မေ့သွားလို့... ငါ အခုလက်ရှိကျင့်စဉ်အဆင့်ကို ရောက်ဖို့ ဆယ်စုနှစ်တစ်ခုတောင် မကြာခဲ့ဖူးသိလား... အေး နောက်ထပ် ဆယ်စုနှစ် အတော်များများသာ အချိန်ရခဲ့လို့ရှိရင် ငါ ဘယ်အဆင့်ရောက်သွားမယ်လို့ မင်းထင်လဲ...”
ယီထျန်းယွမ်သည် ပြိုင်ဘက်၏ ထိတ်လန့်နေသော မျက်လုံးများအောက်တွင် လုန်ထယ်ဗိုလ်ချုပ်၏ ဦးခေါင်းကို ဆုပ်ကိုင်လိုက်ပြီး ဝိညာဉ်ကို ရူးသွပ်စွာ ရှာဖွေ စတင်လိုက်သည်။ သူသည် ပို၍ များသော သတင်းအချက်အလက်များကို သိလိုသည်။ ဇာတိမြေ၏ အခြေအနေ၊ ပြင်ပ ကမ္ဘာ၏ အခြေအနေများကို သိရှိလိုသည်။
သို့သော် ဝိညာဉ်ကို ရှာဖွေနေစဉ် လုန်ထယ်ဗိုလ်ချုပ်၏ ခန္ဓာကိုယ်သည် မတည်မငြိမ် ဖြစ်လာပြီး မကြာမီ ပေါက်ကွဲတော့မည့်အလား ဖြစ်နေသည်။
“မိစ္ဆာကောင်...”
ယီထျန်းယွမ်သည် လုန်ထယ်ဗိုလ်ချုပ်၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ ပစ်ထုတ်လိုက်သည်။ ထို့နောက် ရှေ့တွင် ပေါက်ကွဲပြီး ပြာမှုန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ခန္ဓာကိုယ်တွင် စွမ်းအင် မရှိတော့သောကြောင့် ပေါက်ကွဲမှုသည် ကြီးမားသော အကျိုးသက်ရောက်မှုတော့ မရှိခဲ့ချေ။
အခန်း (၈၈၃) ပြီးပါပြီ။