တာဝန်ပေးအပ်ခြင်း
Vol. 60 Ch. 886
ကြီးမားသော မင်္ဂလာပွဲသည် ဤသို့ဖြင့် ပြီးဆုံးသွားခဲ့သည်။ သုံးဘုံလောက တစ်ခုလုံး ပျော်ရွှင် ဝမ်းမြောက်နေကြပြီး သုံးရက်နှင့် သုံးညလုံးလုံး အပြည့်အဝ အောင်ပွဲခံခြင်းကို ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြသည်။
သုံးရက်နှင့် သုံးညသည် ကျင့်ကြံသူများအတွက် လုံးဝ ကျေနပ်စေသော အချိန်ဟု ဆိုနိုင်ခြင်း မရှိချေ။ သို့သော် ၎င်းတို့အား လွန်စွာ ကျေနပ် နှစ်သက်စေရန် လုံလောက်သည်။ ရတနာ စုံတွဲ၏ လက်ထပ် ပေါင်းဖက်ခြင်းကို မျက်မြင် တွေ့ရှိခဲ့ကြရသည်။ အထူးသဖြင့် သုံးဘုံလောက၏ နတ်ဘုရားက ရွေးချယ်သော အမျိုးသမီးမှာ မည်သူ ဖြစ်သည်ကို ၎င်းတို့ သိရှိခဲ့ကြရသည်။
မင်္ဂလာပွဲ ပြီးဆုံးပြီးနောက် ယီထျန်းယွမ်သည် ဆက်လက်၍ တာဝန်များကို စတင်စီစဉ်ခဲ့သည်။ ရှေးဦးစွာ ဘက်ပေါင်းစုံမှ အရာရာ ပြည့်စုံသော မဟာဝင်္ကပါအစီအရင်များကို စီစဉ်လိုက်သည်။ အများစုကို ပြည့်ပြည့်စုံစုံ ပြန်လည် အားဖြည့်လိုက်သည်။ ကျန်ရှိသော ကိစ္စများအတွက်မူ သူ ကိုယ်တိုင် စီစဉ်ရန် မလိုအပ်ချေ။ ရှီရွှေယွမ်တို့ ရှိနေခြင်းက လုံလောက်ပြီ ဖြစ်သည်။
သုံးဘုံလောက၏ ပြင်ပရှိ ကြယ်တာရာအာကာသတွင် ယီထျန်းယွမ်သည် ထိုနည်းတူ မဟာဝင်္ကပါအစီအရင်များ အတော် များများ စီစဉ်လိုက်သည်။ ယေဘုယျအားဖြင့် ပုံရိပ်ယောင်ဝင်္ကပါများ၊ သတိပေး ဝင်္ကပါများကို စီစဉ်ခြင်း ဖြစ်သည်။ သို့သော် ၎င်းတို့ အသုံးဝင်ခြင်း ရှိမရှိကိုမူ သူ မသိချေ။ အဘယ်ကြောင့်ဆိုသော် သူသည် ဤနေရာမှ ထွက်ခွာ၍ ပြင်ပကမ္ဘာကို ကြည့်ရှုရန် ရည်ရွယ်ထားသောကြောင့် ဖြစ်သည်။
ဤ စစ်ပွဲကြီးပြီးနောက် သူသည် မိမိ ကိုယ်တွင် အားနည်းချက် များစွာ ရှိနေသေးသည်ကို ခံစားရသည်။ ပြင်ပကမ္ဘာသည် လွန်စွာ ကျယ်ပြောလှသည်။ လွန်စွာ သန်မာသည်။ ယုံမင်နတ်ဆိုးမျိုးနွယ်၏ အလုံးစုံ အစွမ်းအစသည် လွန်စွာ သန်မာကြောင်း သူ တွက်ဆမိသည်။
သူသည် ယုံမင်နတ်ဆိုး တစ်ဦးကို ဖမ်းဆီးကာ စိတ်ညှို့ပြီးနောက် သူ့ ပါးစပ်မှ စကားများစွာ ဆွဲထုတ်နိုင်ခဲ့သည်။ အာဏာ အခွင့်အရေး မလုံလောက်သဖြင့် သိရှိရသော သတင်းအချက်အလက် များများစားစား မရှိချေ။ သို့သော် အကြမ်းဖျင်း ကိစ္စများကို သိရှိခဲ့ပြီ ဖြစ်သည်။
နောက်ဆုံး ရလဒ်မှာ ယုံမင်နတ်ဆိုးမျိုးနွယ်သည် လွန်စွာ သန်မာသည်။ မယုံနိုင်စရာကောင်းလောက်အောင် သန်မာသည်။ မည်မျှ သန်မာသည်ကို ပြောရလျှင် ဤ တစ်ကြိမ် စေလွှတ်လိုက်သူသည် သာမန်ခေါင်းဆောင် အဆင့် မျှသာ ဖြစ်သည်။ ဗိုလ်ချုပ်ဟု ခေါ်သော်လည်း ဤဘက်မှ အခြေအနေများနှင့် နှိုင်ယှဉ်လျှင် အုပ်ထိန်းသူ တစ်ဦးနှင့်သာ တူသည်။
အုပ်ထိန်းသူ တစ်ဦးသည် သာမန် အုပ်ထိန်းသူ တစ်ဦးပင်။ အုပ်ထိန်းသူ တစ်ဦးပင် ဤမျှ သန်မာလျှင် ပို၍ သန်မာသူများကို စေလွှတ်လိုက်ပါက ၎င်းတို့ ယှဉ်နိုင်ခြင်း မရှိသည်မှာ ဧကန်ပင်။
နောက်တစ်ကြိမ် ကျူးကျော်လာပါက လုံးဝ အပြည့်အဝ ပြင်ဆင်ထားမှ ဖြစ်မည်။ အကယ်၍ သူ၏ ကျင့်စဉ်အဆင့် မလုံလောက်ပါက ရလဒ်က သေလမ်း တစ်ခုတည်းသာ ရှိသည်။ ဤနေရာတွင် ဆက်လက် နေထိုင်ပါက ဆက်လက်၍ အဆင့်မြှင့်တင်ရန် ခက်ခဲသည်။ သုံးဘုံလောက၏ အရင်းအမြစ် အားလုံးကို ထုတ်ယူ၍ အဆင့်မြှင့်တင်ရန်လည်း မဖြစ်နိုင်ချေ။ သူသည် ယခုအခါ အလွန် များပြားသော အတွေ့အကြုံများ လိုအပ်နေသည်။
ရက်စက်စွာ ပြောရလျှင် သုံးဘုံလောကရှိ ကျင့်ကြံသူ အားလုံးကို ရူးသွပ်စွာ သတ်ဖြတ်ခဲ့သည်ပင် ဖြစ်စေကာမူ တစ်ဆင့် နှစ်ဆင့် တက်နိုင်ရန် မပြောနိုင်ချေ။ သူသည် ယခု အလွန် များပြားသော အတွေ့အကြုံများ လိုအပ်နေသည်။ သုံးဘုံလောက၏ ကျင့်ကြံသူများကို သတ်ဖြတ်ရန် လုံးဝ မဖြစ်နိုင်ချေ။ ထို့ကြောင့် သူသည် ဤနေရာမှ ထွက်ခွာ၍ ပို၍ ကျယ်ပြန့်သော ကမ္ဘာသို့ သွားရောက်ရန် မဖြစ်မနေ လိုအပ်သည်။
အကယ်၍ ပြင်ပတွင် ပို၍ သန်မာသူများ တွေ့ဆုံပြီး မိတ်ဖွဲ့နိုင်ပါက သူ့အတွက် အလွန် အကူအညီ ဖြစ်စေမည်ပင်။ ယုံမင်နတ်ဆိုးမျိုးနွယ်ကို အတူတကွ ရင်ဆိုင်နိုင်ဖွယ် ရှိသည်။
“တော်တော်လေးတော့ ပြီးဆုံးသွားပြီ...”
ယီထျန်းယွမ်သည် ဤ မဟာဝင်္ကပါအစီအရင်များအားလုံးကို စီစဉ်ပြီးနောက် လူ့ဘုံလောကသို့ ပြန်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် အကြီးဆုံး ညီလာခံတစ်ခုကို ကျင်းပလိုက်သည်။ သုံးဘုံလောက၏ နိုင်ငံတော်ခေါင်းဆောင် အားလုံးကို ခေါ်ယူ၍ အစည်းအဝေး ကျင်းပခြင်း ဖြစ်သည်။
သတင်းအချက်အလက်များ ထုတ်ပြန်ပြီးနောက် ၎င်းတို့သည် လျင်မြန်စွာ ရောက်ရှိလာကြသည်။ မည်သည့်အရာကို ကြေညာမည်ကို မသိချေ။
လူ အားလုံး ရောက်ရှိပြီးနောက် ယီထျန်းယွမ်သည် ထိပ်ဆုံးရှိ ထိုင်ခုံပေါ်တွင် ထိုင်လျက် တစ်ချက် ဝေ့ကြည့်လိုက်ပြီးမှ ပြောသည်။
“ငါ သုံးဘုံလောကကနေ ထွက်ခွာပြီး ပြင်ပကမ္ဘာကို သွားဖို့ ပြင်ဆင်နေတယ်...”
“ဘာ... ဘယ်လို...”
လူတိုင်း ရင်ထဲတွင် တုန်ခါသွားသည်။ ဘေးနားရှိ ရှီရွှေယွမ်၏ မျက်နှာအမူအရာသည် တည်ငြိမ်နေသည်။ ကြိုတင် ခန့်မှန်းထားပုံရသည်။ ဤ ကိစ္စကို ယီထျန်းယွမ်သည် မည်သူ့ကိုမှ မပြောခဲ့ချေ။ ဇနီး ဖြစ်သူ ရှီရွှေယွမ်ကိုပင် တစ်ခွန်းမျှ မပြောခဲ့ချေ။
“မဟာမိတ်ခေါင်းဆောင်... အသင် ထွက်မသွားပါနဲ့... အသင် ထွက်သွားရင် ကျွန်တော်တို့ ဘယ်လို လုပ်ရမလဲ...”
“ဟုတ်တယ်... ဒါ ခေါင်းဆောင်မဲ့ ဖြစ်သွားမှာ မဟုတ်လား... ကျွန်တော်တို့ အားလုံးက သခင်ကို အဓိကထားတာပါ...”
တစ်ဦးချင်းစီက ယီထျန်းယွမ်ကို ထွက်ခွာရန် မလိုလားကြချေ။ ယီထျန်းယွမ်သည် ၎င်းတို့၏ ကာကွယ်ရေး နတ်ဘုရား ဖြစ်သည်။ သူ မရှိလျှင် နောက်ပိုင်း ယုံမင်နတ်ဆိုးမျိုးနွယ် ကျူးကျော်လာပါက မည်သို့ လုပ်ဆောင်ကြရမည်နည်း။
“ငါ ထင်တယ်... မင်းတို့ ပို စိုးရိမ်တာက ငါ အရင် နတ်ဘုရားဘုရင် သုံးပါးလို ထွက်သွားပြီး ပြန်မလာမှာကို မဟုတ်ဘူးလား”
ယီထျန်းယွမ်သည် ၎င်းတို့၏ စစ်မှန်သော စိုးရိမ်မှုကို ဖွင့်ဟလိုက်သည်။ ၎င်းတို့သည် နိုင်ငံတော်အဆင့် ခေါင်းဆောင်များ ဖြစ်သည်။ နိုင်ငံတော်ကို စီမံခန့်ခွဲရာတွင် မည်သူက ၎င်းတို့ထက် ကျွမ်းကျင်နိုင်မည်နည်း။ ၎င်းတို့ စိုးရိမ်သည်မှာ ယီထျန်းယွမ် ထွက်သွားပြီး ပြန်မလာလျှင် သန်မာသော နတ်ဘုရားဘုရင် တစ်ပါး မရှိတော့လျှင် မည်သို့ မစိုးရိမ်ဘဲ နေနိုင်မည်နည်း။
နတ်ဘုရားဘုရင် သုံးပါး ထွက်သွားပြီး ပြန်မလာခြင်းက ဤလူများအား လုံးဝ မျှော်လင့်ချက်မဲ့စေခဲ့ပြီ ဖြစ်သည်။ ယီထျန်းယွမ် မပေါ်ပေါက်ခဲ့လျှင် သုံးဘုံလောကသည် စောစောကတည်းက ပျက်စီးခဲ့ပြီး ဖြစ်သည်။ ၎င်းတို့သည် ယုံမင်နတ်ဆိုးမျိုးနွယ် နောက်တစ်ကြိမ် ပြန်လာမည်ကို စိတ်ကူး ကြည့်နိုင်သည်။ ထို အခါ ယီထျန်းယွမ် မရှိလျှင် မည်သို့ ခုခံနိုင်မည်နည်း။
ယခု တစ်ခွန်းဖြင့် ၎င်းတို့၏ စိတ်ကူးကို ပြောလိုက်သဖြင့် နိုင်ငံတော်ခေါင်းဆောင် အတော်များများသည် မျက်နှာ တင်းမာသွားကြသည်။ ၎င်းတို့ ဤသို့ စဉ်းစားခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။
“မစိုးရိမ်ပါနဲ့... ယာယီအားဖြင့် သူတို့ ဒီလောက် ခပ်မြန်မြန် လာနိုင်မှာ မဟုတ်ပါဘူး။ တစ်ဦးတည်းကို အားကိုးခြင်းက မဖြစ်သင့်ဘူး။ မင်းတို့ အားလုံး ကောင်းကောင်း ကြိုးစားပြီး ကျင့်ကြံကြရမယ်။ ကိုယ့်ကိုယ်ကိုယ် သန်မာစေရမယ်။ ဒါမှသာ သုံးဘုံလောကကို တည်ငြိမ်စေနိုင်မှာပဲ”
ယီထျန်းယွမ်သည် ၎င်းတို့ကို တည်တည်ငြိမ်ငြိမ် ကြည့်ရင်း ပြောသည်။
“ဒါပေမဲ့ မင်းတို့ မစိုးရိမ်ပါနဲ့၊ ဒီနေရာမျာ အန္တရာယ် ရှိတာနဲ့ ငါ ချက်ချင်း ခပ်မြန်မြန် ပြန်လာခဲ့မှာပါ...”
ဤ စကားကို လူတိုင်း နားထောင်ကြသည်။ ပြန်လာရန် မည်မျှ အချိန် ယူမည်ကို မည်သူ သိနိုင်မည်နည်း။ အခြားသူများသည် လျင်မြန်စွာ ပြန်လာနိုင်ခြင်း မရှိချေ။ ယီထျန်းယွမ် လျင်မြန်စွာ ပြန်လာနိုင်သည်မှာ သူ့တွင် ကောင်းကင်ကို ဆန့်ကျင်သည့် ရတနာဖြစ်သည့် ခုန်ကူးနတ်ဘုရားပုလဲ ရှိခြင်းကြောင့် ဖြစ်သည်။ မည်သည့်နေရာတွင် အသုံးပြုသည် ဖြစ်စေ ချက်ချင်း ပြန်လည် ပို့ဆောင်နိုင်မည် ဖြစ်သည်။
ဤသည်မှာ သူ မစိုးရိမ်ရခြင်း အကြောင်းရင်း ဖြစ်သည်။ မည်သည့်နေရာသို့ သွားသည် ဖြစ်စေ၊ ပိတ်လှောင်ခံရသည် ဖြစ်စေ ခုန်ကူးနတ်ဘုရားပုလဲ တစ်ခုဖြင့် ပြန်လည် ပို့ဆောင်နိုင်မည် ဖြစ်သည်။ သို့သော် စည်းမျဉ်း အားလုံးကို လျစ်လျူရှုနိုင်ခြင်း ရှိမရှိကိုမူ သူ အဆုံးသတ် မပြောနိုင်ချေ။ ပြင်ပ နယ်မြေသည် သူ့ကို ပြန်လည် ပို့ဆောင်ရန် မဖြစ်နိုင်အောင် ကန့်သတ်ထားနိုင်ဖွယ် ရှိကောင်းရှိနိုင်မည်လား မဆိုနိုင်ချေ။
လူတိုင်း တိတ်ဆိတ်သွားကြသည်။ သို့သော် ၎င်းတို့ မြင်သည်မှာ ယီထျန်းယွမ်၏ ဆုံးဖြတ်ချက်သည် ပြောင်းလဲရန် မဖြစ်နိုင်တော့ပေ။
“သုံးဘုံလောကရဲ့ ကိစ္စကို မင်းတို့ အားလုံး လက်ထဲ အပ်ခဲ့ပြီ။ မင်းတို့ အားလုံး သုံးဘုံလောကကို ကာကွယ်ပေးလိမ့်မယ်လို့ ငါ ယုံကြည်တယ်... ပြင်ပ ရန်သူ ကျူးကျော်ခြင်းကို ခွင့်မပြုကြနဲ့...”
ယီထျန်းယွမ်က ၎င်းတို့ကို မှာကြားလိုက်သည်။
နောက် ဆက်လက်၍ အကြမ်းဖျင်း အခြေအနေကို ပြောပြသည်။ အခြေခံအားဖြင့် အစည်းအဝေး ပြီးဆုံးသွားသည်။ ယီထျန်းယွမ် ၎င်းတို့ကို ခေါ်ယူရခြင်းသည် ဤ အခြေအနေကို ရှင်းပြရန် ဖြစ်သည်။
ထို့အပြင် ရှီရွှေယွမ်ကို လူ့ဘုံလောက၏ စီမံခန့်ခွဲသူ အဖြစ် ကြေညာသည်။ အရာရာ သူမ၏ စကားကို အဓိကထားရန် ဖြစ်သည်။
လူ အားလုံး ထွက်ခွာသွားပြီးနောက် နန်းတော်ထဲတွင် ယီထျန်းယွမ်နှင့် ရှီရွှေယွမ်သာ ကျန်ခဲ့သည်။ ကျန်သူများ အလိုက်တသိ ထွက်ခွာသွားကြသည်။ ၎င်းတို့ သိသည်မှာ တကယ် ဝမ်းနည်းရမည့်သူမှာ ရှီရွှေယွမ် ဖြစ်သည်။ အခုမှ လက်ထပ်ပြီး မကြာမီမှာပင် ယီထျန်းယွမ် ထွက်ခွာရတော့မည်ဆိုလျှင် မည်သို့ ဝမ်းမနည်းဘဲ နေနိုင်မည်နည်း။
ယီထျန်းယွမ်သည် လက် တစ်ချက် ဆန့်၍ သူမအား ဆွဲယူကာ ထိုင်စေလိုက်သည်။ ၎င်းတို့သည် စကား တစ်ခွန်းမျှ မပြောဘဲ တိတ်ဆိတ်စွာ ဤနေရာတွင် ပွေ့ဖက်နေကြသည်။
ခဏအကြာတွင် ရှီရွှေယွမ်က ပြောသည်။
“ငါ အမြဲတမ်း နင် ပြန်လာမယ့်အချိန်ကို စောင့်နေမယ်နော်...”
“လူမိုက်မလေး... ဘာတွေ စိုးရိမ်နေတာလဲ ငါ ဘယ်အချိန်မဆို ပြန်လာနိုင်ပါတယ်...”
ယီထျန်းယွမ်သည် သူမ၏ နှာခေါင်းကို လက်ဖြင့် ညှစ်၍ ရယ်လိုက်သည်။
“မင်း ငါ့ကို လွမ်းနေတယ်ဆိုရင် အဲ့ဒီနေ့မှာ ငါ မင်းရှေ့မှာ ချက်ချင်း ပေါ်လာခဲ့ပါ့မယ်...”
“မနောက်ပါနဲ့ကွာ... အပြင်မှာ သတိထားပါ... အပြင်က အခြေအနေကို ငါ မသိပေမဲ့ သိပ်ကို အန္တရာယ်များကြောင်း ငါ သိတယ်... ထျန်းယွမ်... မင်း အေးအေးဆေးဆေး ဘေးကင်းပါစေ... ငါ့အတွက်သာမက ကလေးအတွက်ပါ မင်း ဘေးကင်းရမယ်နော်...”
သူမသည် ညင်သာစွာ မိမိ၏ ဗိုက်ကို ပွတ်သပ်လိုက်သည်။ ၎င်းတို့ ကလေး ရနှင့်ပြီ ဖြစ်သည်။
ကိုယ်ဝန် ရခြင်းသည် ခက်ခဲသော အရာ မဟုတ်ချေ။ အထူးသဖြင့် ၎င်းတို့ နှစ်ဦး၏ ပါရမီ မဆိုးခြင်းကြောင့် ပေါင်းစပ်ပြီး ကိုယ်ဝန် ရနိုင်သည့် အခွင့်အလမ်း လွန်စွာ များသည်။
ယီထျန်းယွမ်သည် လက်ဖြင့် သူမ၏ ဗိုက်ကို ပွတ်သပ်ရင်း နူးညံ့စွာ ရယ်လိုက်သည်။
“အင်းပါ... ငါ သိပါတယ်...”
၎င်းတို့သည် စကား များများစားစား မပြောခဲ့ကြချေ။ ဤနေရာတွင် အချိန် အနည်းငယ် ဆက်လက် နေပြီးနောက် ယီထျန်းယွမ်သည် ဤ သုံးဘုံလောကမှ ခရီး စတင် ထွက်ခွာခဲ့သည်။ ထွက်ခွာခြင်း မပြုမီ ရှီရွှေယွမ် တစ်ဦးတည်းသာ လိုက်ပို့ခဲ့သည်။ ယီထျန်းယွမ်သည် လူအများကြီး လိုက်ပို့ခြင်းကို မလိုလားချေ။ လွန်စွာ စိတ်အနှောင့်အယှက် မဖြစ်လိုပေ။
“နင် ပြန်လာရမယ်နော်...”
ရှီရွှေယွမ်သည် ယီထျန်းယွမ် ထွက်ခွာသွားသော နောက်ကျောကို ကြည့်နေသည်။ လှပသော မျက်ဝန်းတွင် မျက်ရည်များ ပြည့်နှက်နေသည်။ အခုမှ ထွက်ခွာသွားသော်လည်း လွမ်းဆွတ်မှုဖြင့် ပြည့်နှက်နေသည်။
အခန်း (၈၈၆) ပြီးပါပြီ။