← Chapters

နောက်ဆုံးရိုက်ချက်

Vol. 17 Ch. 225

နောက်ဆုံးရိုက်ချက်

Vol. 17 Ch. 225

“နေဦး”

လျိုချင်းချန် လက်တစ်ဖက်မြှောက်ကာ ကျောက်ကောင်းကို တားမြစ်လိုက်သည်။

"နင်ဘာလို့ အရမ်းကြီး လောနေရတာလဲ။ ဒါက အရှင်မင်းကြီး သေချာပေးအပ်ထားတဲ့ အခွင့်အရေးတစ်ခုလေ။ ငါတို့ ဂရုမစိုက်ပဲ လှုပ်ရှားလိုက်မယ်ဆိုရင် အရာအားလုံး ပျက်စီးသွားလိမ့်မယ်။ နင်အပြစ်ခံနိုင်မှာလား”

တော်ဝင်ဆရာမကြီးရဲ့ စကားကြောင့် ကျောက်ကောင်း အနည်းငယ် ရှက်ရွံ့သွား၏။

"ဟုတ်ပါတယ် တော်ဝင်ဆရာမကြီး မှန်ပါတယ်။ ကျွန်တော် ဂရုမစိုက်ပဲ ပြုမူမိသွားတယ်။ ဒါဆိုရင် တော်ဝင်ဆရာမကြီးရဲ့ အမြင်အရ ကျွန်တော်တို့ ဘာကို ဂရုစိုက်သင့်ပါသလဲ”

ကျောက်ကောင်း ချက်ချင်းပဲ ခေါင်းငုံ့လိုက်သည်။ လျိုချင်းချန်ရဲ့ ထူးခြားလှတဲ့ အလှတရားကို မကြည့်ရှုနိုင်တော့ပေ။ သူမလိုမျိုး လှပတဲ့မိန်းမတစ်ယောက်နဲ့ စကားပြောရတာက သူ့လို မိန်းမဆိုး တစ်ယောက်အတွက်ပင် အနည်းငယ် ထူးဆန်းစေသလိုပဲ။

ဖြစ်နိုင်တာ အတွင်းစိတ်သန့်စင်ခြင်း ဖြစ်စဉ်မှာ လုံလောက်အောင် မသန့်စဉ်ခဲ့ရလို့များလား…

ဒါပေမဲ့ ကျောက်ကောင်းရဲ့ ထူးဆန်းမှုကို လျိုချင်းချန် သတိမထားမိပါချေ။ သူမရဲ့ နှလုံးသားတစ်ခုလုံးက ရှကျိုးယွီအပေါ် လေးစားမှုတို့နှင့် ပြည့်နှက်နေခဲ့သည်။ သူမက နက်ရှိုင်းစွာ ပြောလိုက်၏။

"ငါတို့အနေနဲ့ သူတို့ကို လက်‌လျှော့ဖို့ တိုက်ရိုက် ပြောဆိုလိုက်မယ်ဆိုရင် သူတို့က ငြင်းဆိုလိမ့်မယ်။ ဒါပေမဲ့ ငါတို့ကသာ လုံလောက်တဲ့ တန်ကြေးတစ်ခုကို အရင်ကမ်းလှမ်းလိုက်မယ်ဆိုရင် မဖြစ်နိုင်တဲ့ အရာတော့မဟုတ်ဘူး”

လျိုချင်းချန်ရဲ့ မျက်လုံးထဲမှာ ယုံကြည်မှုတို့ ဝင်းလက်လာခဲ့သည်။ သူမရဲ့မျက်နှာထက်တွင် ငါဘုရင်မဆိုတဲ့ အရှိန်အဝါတွေက အဆက်မပြက် ထွက်ပေါ်နေခဲ့ပြီး ယုံကြည်မှုတို့ ပြင်းထန်နေခဲ့သည်။

ကျောက်ကောင်း မနေနိုင်စွာ မြှောက်ပင့်ပြောဆိုတော့၏။

"ကျွန်တော်တို့ရဲ့ တော်ဝင်ဆရာမကြီးက တကယ်ကို တွေးတတ်လိုက်တာ။ ဒါဆိုရင် ကျွန်တော် စိတ်ဝိဉာည်စွမ်းအင်ကျောက်တုံး နှစ်ထောင် အရင်ပို့လိုက်ရမလား။ ဒီနည်းနဲ့ သူတို့ဘက်က အဆင့်မြင့်ရာထူးကို ပိုင်ဆိုင်ထားတဲ့ လူတစ်ချို့ကို ဆွဲဆောင်နိုင်မယ်။ ဒါဆိုရင် သူတို့ကို တစိဖြည်းဖြည်း ချဥ်းကပ်လို့ရပြီ”

မကြာမီတွင် ကျောက်ကောင်းတစ်ယောက်ထဲ နှင်းနဂါးမြို့ရှိရာသို့ ဦးတည်သွားခဲ့သည်။

အဝေးက လာနေတဲ့ နာမည်ကျော်မိန်းမဆိုးကို ဟွမ်ပထျန်း ချက်ချင်းပဲ မြင်လိုက်၏။ သူ့ရဲ့မျက်နှာပေါ်က အထင်သေးမှုကို ဖုံးကွယ်ထားလို့ မရနိုင်တော့ပေ။

"လက်ထောက်ခေါင်းဆောင်ဟန် ကျောက်‌ကောင်းက ကျွန်တော်တို့ကို လာတွေ့တယ်။ ဖြစ်နိုင်တာ ဒီနေရာကို ရောက်လာတာ ငြိမ်းချမ်းမှု ဆွေးနွေးဖို့အတွက် များလား”

လီရှီ တွန့်ဆုတ်စွာဖြင့် မေးလိုက်သည်။

ဟွမ်ပထျန်း မတူညီစွာ ပြုံးပြလိုက်ရင်း…

"ငြိမ်းချမ်းမှုကို ဆွေးနွေးမယ်ဟုတ်လား။ မင်းက တရှားတိုင်းပြည်ရဲ့ အဲဒီ့လူအိုတွေကို အများကြီး တွေးနေခဲ့တာပဲ။ သူတို့သာ ဆွေးနွေးဖို့ ရောက်လာမယ်ဆိုရင် ငါ့ရဲ့ခေါင်းကို ချက်ချင်းပဲ လည်ပင်းကနေ ဖြုတ်ပစ်မယ်။ မင်းတို့ ဘောလုံးတစ်လုံးလို ကန်ချင်သလို ကန်ပစ်လိုက်ကြ”

လီရှီ အခြအနေကို ချက်ချင်းပဲ နားလည်သွားခဲ့သည်။ သူအများကြီး တွေးတောခဲ့မိတာပဲ….

ရုံးတော်ဘက်က ရောက်လာတာက မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ရောက်လာမှာတောင် စိုးရသည်။

ဒါပေမယ့် ဟွမ်ပထျန်းကတော့ သူ့ရဲ့ ပထမအဆင့်ကျင့်ကြံမှုအပေါ် လွန်စွာ ယုံကြည်ထား၏။ ကျောက်ကောင်း ရောက်လာတာတောင်မှ ဘယ်လို ဖိအားကိုမှ မခံစားရပေ။ ချက်ချင်းပဲ မြို့နံရံကနေ အောက်ကို ခုန်ဆင်းလိုက်သည်။

မြို့ဝင်ပေါက်ရဲ့ မိုင်တစ်ဝက်ခန့်အကွာတွင် ကျောက်ကောင်းနဲ့ ဟွမ်ပထျန်း ယှဉ်တွဲပြီး ရပ်နေခဲ့သည်။

"ဒီကသခင်ကြီးက ခေါင်းဆောင်ဟွမ်ပထျန်း ဆိုတာလား”

ကျောက်ကောင်း တည်ငြိမ်စွာဖြင့် မေးလိုက်သည်။ သူ့အနေနဲ့ လူကိုယ်တိုင် မတွေ့ဖူးသော်ငြား သူပုန်တပ်စခန်းနဲ့ ပတ်သက်ပြီး စုံလင်တဲ့ သတင်းများ ရရှိထားသည်။ ဒါပေမဲ့ အရင်နဲ့ မတူညီစွာပဲ ကျောက်ကောင်းရဲ့ မျက်နှာပေါ်မှာ ရွံရှာမှု တစ်စက်ကိုမှ မပြထားခဲ့ဘူး။ သူ့ရဲ့မျက်နှာကလည်း လွန်စွာ ရိုကျိုးနေ၏။ သာမာန် မိတ်ဆွေတစ်ယောက်ကို တွေ့ရသလိုမျိုး ဖော်ရွေနေခဲ့သည်။

ထို့ကြောင့် ဟွမ်ပထျန်းပင် ဇဝေဇဝါ ဖြစ်လာ၏။ ဒီမိန်းမဆိုး ဘာလုပ်နေချင်တာလဲ မခန့်မှန်းနိုင်တော့ပေ။

"ဟုတ်တယ် အဲ့ဒါ ငါပဲ။ ဘာလဲ။ မင်းတို့ တရှားတိုင်းပြည်ဘက်က သာမာန်လူ‌တစ်ယောက်ကို မပို့နိုင်လို့ မင်းလိုမျိူး မိန်းမဆိုးတစ်ယောက်ကို စေလွှတ်ရသလား။ ရယ်ချင်စရာကောင်းလိုက်တာ”

တစ်ကယ်တော့ ကျောက်ကောင်းက ရုံးတော်ရဲ့ အဆင့်မြင့်ပိုင်းကို အရယူနိုင်ထားသော သူတစ်ယောက်ဖြစ်သည်။ ဟွမ်ပထျန်း ဘယ်လိုပဲ စကားစစ်ထိုးနေပါစေ သူ့ရဲ့မျက်နှာပေါ်မှာ အပြုံးတစ်ခုကို အဆက်မပြက် ဆင်မြန်းထားနိုင်၏။

"အဓိပ္ပယ်မရှိတာတွေဗျာ။ လက်ထောက်ခေါင်းဆောင်ဟွမ်ကလည်း ကျွန်တော်က တရှားတိုင်းပြည်ရဲ့ ကိုယ်စား ရောက်လာခဲ့တာပါ။ လက်ထောက်ခေါင်းဆောင်ဟွမ်နဲ့ ဆွေးနွေးစရာရှိလို့ ရောက်လာခဲ့တာလေ”

ဟွမ်ပထျန်းတစ်ယောက် မိုးကြိုးပစ်ချခံလိုက်ရသလိုမျိုး အံ့ဩသွားခဲ့သည်။

'ဘာလဲ.. ငါ့ရဲ့ခေါင်းကို လည်ပင်းကနေ ဖြုတ်ချခံပြီး ဘောလုံးတစ်လုံးလို ကန်ခံရတော့မှာလား.. တာ့ရှားတိုင်းပြည်ဘက်က တကယ်ကြီး ဦးညွှတ်လာတာဟ’

"မင်းရဲ့ စကားတွေက အသုံးမဝင်ဘူး။ စကားလုံးတစ်ချို့လောက်နဲ့ မင်းတို့က တကယ်ကြီး လက်လျှော့ပြီး ငါတို့နဲ့ ပူးပေါင်းချင်တယ်လို့ ငါကဘယ်လိုလုပ် ယုံကြည်ရမှာလဲ။ အခု နှင်းနဂါးမြို့က ငါတို့လက်ထဲ ရောက်နေခဲ့ပြီ။ မင်းဘာလုပ်နိုင်မှာ မို့လို့လဲ”

ဒီတစ်ကြိမ်မှာတော့ ဟွမ်ပထျန်း အလွန်ဉာဏ်ရှိစွာဖြင့် တုံ့ပြန်ခဲ့သည်။

ကျောက်ကောင်း ပေါ့ပါးစွာ ပြုံးပြလိုက်၏။ သူ့ရဲ့ သိုလှောင် လက်စွပ်အတွင်းကနေ လက်စွပ်တစ်ခုကို ထုတ်ပြလိုက်သည်။

"ဒီမှာ စိတ်ဝိဉာဏ်စွမ်းအင် ကျောက်တုံးသုံးထောင် ပါတယ်။ ဒါက လက်ထောက် စစ်သူကြီးဟွမ်အတွက် လက်ဆောင်အဖြစ် ပေးတာပါ။ မင်းဘက်က လက်ခံပေးမယ်လို့ မျှော်လင့်တယ်”

'စိတ်ဝိဉာဏ်စွမ်းအင် ကျောက်တုံးသုံးထောင်..’

'ဒီစိတ်ဝိဉာဏ်စွမ်းအင် ကျောက်တုံးတွေနဲ့ဆိုရင် ငါ့အပျိုအိမ်တော်ကို ဘယ်လောက်တောင် လည်ပတ်လို့ရမှာလဲ’

ဟွမ်ပထျန်း အံ့ဩစွာဖြင့် ပင့်သက်ရှိုက်မိသွားသည်။

"ငါက အဲ့လိုလူစားမျိုး မဟုတ်ဘူး”

ကျောက်ကောင်း ရှုပ်ထွေးသွား၏။

"ဟုတ်လား”

ထို့နောက်မှာ အိတ်ကပ်အတွင်းကနေ ကျောက်ကောင်းက နောက်ထပ် လက်စွပ်တစ်ကွင်းကို ထုတ်ယူလိုက်သည်။

"ဒီထဲမှာ စိတ်ဝိဉာဏ်စွမ်းအင် ကျောက်တုံးနှစ်ထောင် ပါတယ်။ ဒါက ကျွန်တော့်ရဲ့ သီးသန့်စုဆောင်းမှုတွေပါ။ လက်ထောက်ခေါင်းဆောင်ဟွမ်ကို လက်ဆောင်အဖြစ် ပေးကမ်းဖို့လေ။ လက်ထောက်ခေါင်းဆောင်ဟွမ် ဘယ်လိုထင်လဲ”

ဟွမ်းပထျန်းရဲ့ အသက်ရှုနှုန်းတို့က ပိုမိုမြန်ဆန်လာတော့သည်။

"ဘာလဲ သခင်ကျောက်က ငါ့ကိုစော်ကားဖို့ ကြံစည်နေတာလား”

ကျောက်ကောင်း အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ သူ ချက်ချင်းပဲ တွေးမိသွား၏။ ဒီလူက တကယ်ကို ထူးခြားတာပဲ..

စိတ်ဝိဉာဏ်စွမ်းအင် ကျောက်တုံးငါထောင်သည် ငွေကြေးအဖြစ် ပြောင်းလဲလိုက်မယ်ဆိုရင် ရွှေတုံးငါးထောင်နှင့်ညီမျှ၏။ ဒါက သေချာပေါက် များပြာတဲ့ ငွေပမာဏပဲ။

ကျောက်ကောင်း စိတ်လျှော့လိုက်ပြီး အင်္ကျီထဲကနေ နောက်ထပ် သိုလှောင်လက်စွပ်နှစ်ကွင်းကို ထုတ်ယူဖို့ ပြင်လိုက်သည်။ ထိုအချိန်မှာပဲ လက်တစ်ဖက်ရဲ့ တားမြစ်ခြင်းကို ခံလိုက်ရသည်။

"နေဦး။ သခင်ကျောက်က ရိုးသားနေတယ်ဆိုမှတော့ ကျွန်တော့်ဘက်ကလည်း အနည်းငယ် ကူညီသင့်တယ်လို့ ထင်တယ်။ ကျွန်တော်လည်း ခံစားမိပါတယ်။ ဒါပေမဲ့ သခင်ကျောက်ဘက်က ဘာကြောင့်များ အလောတကြီး ဆွေးနွေးချင်ရလဲ ဆိုတာ နားမလည်နိုင်ဘူး။ ဒါ့ကြောင့် ကျွန်‌တော့်ရဲ့ ရင်ထဲမှာတော့ မသက်မသာခံစားချက်တစ်ချို့ ရှိနေဆဲပဲ”

ဟွမ်ပထျန်းရဲ့ မျက်နှာထားက အစကနေအဆုံးအထိ တစ်စက်ကလေးမှ မပြေလျှော့ခဲ့ပေ။ စစ်မှန်တဲ့ သူ့ရဲ့ မျက်နှာထားကြောင့် ကျောက်ကောင်းရဲ့ အမြင်သည် အနည်းငယ် ပြောင်းလဲလာခဲ့သည်။

"အဟမ်း... ဒါဆိုရင် လက်ထောက်ခေါင်းဆောင်ဟွမ်က ကျေးဇူးပြုပြီး ဒီကျောက်တုံးတွေကို လက်ခံပေးပါ။ ဒါတင်မကသေးဘူး။ ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းမှုဆွေးနွေးပွဲသာ အောင်မြင်စွာ ပြီးသွားခဲ့မယ်ဆိုရင် ဒီနှင်းနဂါးမြို့မှာ အရာရှိတစ်ယောက်အနေနဲ့ အေးဆေးသက်သာစွာ တာဝန်ထမ်းဆောင်နိုင်ပြီ။ ဒါဆိုရင် ရုံးတော်က ပေးအပ်တဲ့လစာတွေကို အချိန်နဲ့အမျှ လက်ခံနေရုံပဲ။ ကျွန်တော့်အနေနဲ့ လက်ထောက်ခေါင်းဆောင်ဟွမ်ကို တတိယအဆင့် အရာရှိတစ်ယောက် ဖြစ်လာနိုင်အောင် ထောက်ပံ့ပေးနိုင်တယ်။ အဲ့ဒီများပြားတဲ့ လစာငွေက တစ်လကို စိတ်ဝိဉာည်စွမ်းအင် ကျောက်တုံးတစ်ထောင်နီးပါး ရရှိစေနိုင်တယ်။ လက်ထောက်ခေါင်းဆောင်ဟွမ် ဘယ်လိုသဘောရပါသလဲ”

ဟွမ်ပထျန်း ပင့်သက် ရှိုက်မိသွား၏။ သူသည် နဂိုက ဆင်းရဲတဲ့ရွာတွင်‌ မွေးဖွားခဲ့တဲ့ သာမာန်သူတစ်ယာက်ဖြစ်ပြီး ဘဝတစ်လျှောက်လုံးကို ဓားပြအဖြစ် ရှင်သန်ခဲ့သည်။ သူ့ရဲ့မျက်လုံးထဲမှာ အဆင့်ကိုးအရာရှိတစ်ယောက် ဖြစ်လာတာတောင်မှ အရမ်းမြင့်မားတဲ့ ရာထူးတစ်ခုပဲ။ မထင်ထားစွာပဲ အခုဆိုရင် တတိယအဆင့် အရာရှိတစ်ယောက် ဖြစ်လာဖို့ အခွင့်အရေးရလာခဲ့ပြီ။ ဒါက သူ့ရဲ့ တစ်ဘဝတစ်ခုလုံးမှာ အလေးစားရဆုံး အခြေအနေကို မြှင့်တင်ပေးနိုင်တဲ့ ကြီးမားတဲ့ အခွင့်အရေးကြီးပဲ။

ဟွမ်းပထျန်းရဲ့ စိတ်လှုပ်ရှားနေတဲ့ ပုံစံကို ကျောက်ကောင်း ရှင်းလင်းစွာ မြင်နေရသည်။ ကျောက်ကောင်းက ဟွမ်ပထျန်းကို အာဏာမက်တဲ့ သူတစ်ယောက်အဖြစ် ချက်ချင်းပဲ မှတ်ယူလိုက်၏။ ထို့ကြောင့် ဆက်ပြောလိုက်သည်။

"ဒါ့အပြင် အရှင်မင်းကြီးဆီမှာ တင်ပြပြီးတော့ လက်ထောက်ခေါင်းဆောင်ဟွမ်ရဲ့ မိန်းမကိုပါ အဆင့်လေး အရာရှိတစ်‌ယောက် ဖြစ်လာအောင် ကျွန်တော် ပြောပေးလို့ရတယ်။ ဒါဆိုရင် ရုံးတော်ရဲ့ လစာငွေကို လက်ထောက်ဟွမ်ရဲ့ မိန်းမလည်း ရရှိလိမ့်မယ်။ ဒါ့အပြင် လက်ထောက်ဟွမ်ရဲ့ မိသားစုတစ်ခုလုံးကို မြင့်မြတ်တဲ့ ရာထူးတစ်ခု ခန့်အပ်ခိုင်းလိုက်မယ်လေ”

ကျောက်ကောင်းသည် စိတ်ရှည်စွာဖြင့် သိမ်းသွင်းနေခဲ့သည်။ ဒါတွေအားလုံးက သာမာန်ကတိတွေ မဟုတ်ဘူး။ အကယ်၍ အရှင်မင်းကြီးရဲ့ သဘောကျမှုကိုသာ ရရှိခဲ့မယ်ဆိုရင် ရာထူးတစ်ခု မကဘူး၊ ရာထူးဆယ်ခုလောက်တောင် ပေးအပ်ပစ်လို့ ရနိုင်သည်။

ဟွမ်ပထျန်းရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက ပျော်ရွှင်မှုကြောင့် တောင့်တင်းသွား၏။

သူ သဘောပေါက်သွားခဲ့သည်။ နှစ်ပေါင်းများစွာ တိုက်ခိုက်ပြီး ရရှိလာတဲ့ အကြောက်တရားတွေနဲ့ အတူ လီယုဟန်ရဲ့ အချိန်မရွေး ကျရောက်လာနိုင်တဲ့ စိတ်ဝိဉာည်စွမ်းအင် ကျောက်တုံးတွေကို ကြောက်ရွံ့နေရမယ့်အစား ဒီလိုအလုပ်မျိုးက အများကြီး သက်တောင့်သက်သာ ရှိသည်။ ရုံးတော်အတွက် အလုပ်လုပ်ပေးနေရင် ရှင်ဘုရင်ဆီကနေ ပေးအပ်တဲ့လစာငွေကို ထိုင်ယူနေရုံပဲ။ ဒါက ကောင်းချီးတစ်ခုပဲ မလား။

ဟွမ်ပထျန်း ချက်ချင်းပဲ လက်နှစ်ဖက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

"ကောင်းပြီ။ ငါဒီကိစ္စကို ခေါင်းဆာင်ဖူမဲ့နဲ့ ပြန်စဉ်းစားလိုက်ဦးမယ်”

ကျောက်ကောင်း ချက်ချင်း တွေးမိသွားသည်။

'မင်းဘာတွေ စဉ်းစားနေမှာလဲ။ မင်းရဲ့ခေါင်း‌ဆောင်ဖူမဲ့က ငါတို့ရဲ့ အရှင်မင်းကြီး မဟုတ်ဘူးလား။ ဘာလဲ။ တစ်ခုချင်းစီ တင်ပြပေး မလို့လား’

ဒါပေမဲ့ ကျောက်ကောင်း အများကြီး ပြောလို့မရပေ။ ထိုအစား သူက ဆန်းကြယ်စွာ ပြုံးလိုက်၏။

"တကယ်တော့ လက်ထောက်ခေါင်းဆောင်ဟွမ်အနေနဲ့ ဒီကိစ္စကို ခေါင်းဆောင်ဖူမဲ့ကို မပြောတာအကောင်းဆုံးပဲ။ ဘာကြောင့်များ လီယုဟန်နဲ့ မပူးပေါင်းရမှာလဲ။ နောက်ထပ် လက်ထောက်ခေါင်းဆောင် လီယုဟန်ကို ပြောပြပြီးတော့ သူမရဲ့ အကူအညီနဲ့ မြို့ဝင်ပေါက်ကို တိတ်တဆိတ် ဖွင့်လိုက်လေ။ ဒါဆိုရင် ကျွန်တော်တို့ တရှားနဲ့ ပူပေါင်းလို့ရပြီ။ အရှင်မင်းကြီးကိုယ်စား ကျွန်တော် အာမခံပေးနိုင်တယ်။ ငြိမ်းချမ်းမှု အောင်အောင်မြင်မြင် ပြီးခဲ့ရင် လက်ထောက်ခါင်းဆောင် နှစ်ယောက်လုံးကို နှင်းနဂါးမြို့ရဲ့ မြို့အုပ်ချုပ်ရေးမှူးနဲ့ လက်ထောက် မြို့အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ပေးမယ်။ ဒါဆိုရင် နှင်းနဂါးမြို့ကို လက်ထောက်ခေါင်းဆောင်ဟွမ် အုပ်ချုပ်လို့ရနိုင်တယ်”

ကျောက်ကောင်းရဲ့ စကားလုံးတွေက သေစေနိုင်လောက်တဲ့ အထိပြင်းထန်သည်။ ဟွမ်ပထျန်းရဲ့ မျက်လုံးက ပြူးကျယ်လာ၏။

ဒီမိန်းမဆိုး ရူးသွားပြီလား ဟုပင် ဟွမ်ပထျန်း ခံစားနေရသည်။ ဒါဆိုရင် သူက အမြင်ကောင်းတစ်ခု ရနိုင်ဖို့အတွက်နဲ့ ရာထူးကို ပေးချင်သလို ပစ်ပေးနေတာလား..။

ဟွမ်ပထျန်းရဲ့ နှလုံးသားတစ်ခုလုံး ပျော်ရွှင်မှုကြောင့် လှိုက်စားခံလိုက်ရသည်။ ဟွမ်ပထျန်းရဲ့ သေးငယ်လှတဲ့ ဦးနှောက်က အများကြီး မတွေးတောနိုင်ပေ။ ပျော်ရွှင်စွာဖြင့် လက်နှစ်ဖက်ကို ပူးကပ်နေခဲ့ပြီး လေးစားစွာ ပြောကြားလိုက်၏။

"သခင်ကျောက်က အရမ်းရိုးသားစွာ ပြော နေမှတော့ ကျွန်တော်လည်း ချက်ချင်းပဲ လီယုဟန်နဲ့ ဆွေးနွေးလိုက်ဦးမယ်။ ဒီညမတိုင်ခင် သခင်ကျောက်ကို အကြောင်းပြန်ပေးမယ်”

ကျောက်ကောင်း ခပ်ဖွဖွပြုံးလိုက်သည်။

"ကောင်းပြီ ဒါဆိုရင် ကျေးဇူးပါ လက်ထောက်ခေါင်းဆောင်ဟွမ်”

………

All Chapters