စံနမူနာရှင် နှာဗူးဘုရင်)
Vol. 17 Ch. 228
တရှားနန်းတော်၏ တော်ဝင်စာဖတ်ခန်းအတွင်တွင် ဖြစ်သည်။ အပြင်ကမ္ဘာရဲ့ ချမ်းသာတဲ့ အိမ်တော်အတွင်းမှာရှိတတ်သော စာဖတ်ခန်းတွေနဲ့ မတူညီစွာဘဲ တော်ဝင်စာဖတ်ခန်းအတွင်းတွင် အမျိုးအစားစုံလင်လှတဲ့ စာစောင်များစွာကို ထားရှိထားသည်။ ရွှေရောင်အမိုးကို ထိလုနီနီး မြင့်မားတဲ့ စာအုပ်စင် ၈ခုက အစဉ်လိုက်ရှိနေ၏။ ကျယ်ပြောတဲ့ အခန်းအကျယ်ကြီးအတွင်းတွင် ရွှေရောင်သုတ်ထားသော သစ်သားထောက်တိုင်ရှည်များနှင့် အလှဆင်ထားသည်။ အခန်းထဲကို ဝင်လိုက်တာနဲ့ ခန်းနားတဲ့ မြင်ကွင်းကြောင့် အံ့ဩမှင်သက်စေနိုင်သည်။
“အပြင်ဘက်မှာ မိန်းကလေးတစ်ယောက် အရှင်မင်းကြီးကို တွေ့ခွင့်တောင်းနေပါတယ်။ သူမက နှင်းနဂါးတောင်က လာတာလို့ပြောပါတယ်”
ရှကျိုးယွီ အနည်းငယ် အံ့ဩသွားခဲ့သည်။
“ နှင်းနဂါးတောင်ဟုတ်လား”
ရှကျိုးယွီ ချက်ချင်းပဲ ဘယ်သူဆိုတာကို သိလိုက်၏။
“မတွေ့ဘူး”
ကိစ္စတွေအားလုံး ဖော်ထုတ်ခံလိုက်ရတဲ့နေ့က ရှကျိုးယွီ သူမနဲ့ မတွေ့ခဲ့ရပေ။ ထို့အတွက် အနည်းငယ် စိတ်မကောင်းဖြစ်မိ၏။ ဒါပေမဲ့ အခုချိန်ကျမှ တွေ့လိုက်မယ်ဆိုရင် အရှက်ရစရာပဲမလား..
ရှကျိုးယွီ သက်သာစွာဖြင့် ဖိနပ်ချွတ်ဖို့ပြင်လိုက်သည်။ တမူထူးခြားတဲ့ အလှတရားကိုယ်စီကို ပိုင်ဆိုင်ထားတဲ့ နန်းတွင်အစေခံများစွာ ဝင်ရောက်လာ၏။ တစ်ယောက်က ရှကျိုးယွီရဲ့ပုခုံးကို နှိပ်နယ်ပေးချိန်မှာ ကျန်တစ်ယောက်က ရှကျိုးယွီရဲ့ပေါင်ကို နှိပ်နယ်ပေးနေသည်။ အဆက်မပြတ် ယပ်ခပ်ပေးနေသူလည်းရှိသလို အသီးခွံ့ကျွေးနေသူလည်း ရှိ၏။
မျက်လုံးများ ကျဉ်းမြောင်းရင်း ရှကျိုးယွီတစ်ယောက် ပျော်ရွှင်မှုကိုခံစားနေခဲ့သည်။ သူရဲ့လက်မှာလည်း စိတ်တည်ငြိမ်စေနိုင်သော တာအိုစိတ်နှလုံးစာလိပ်ကို ကိုင်ဆောင်ထား၏။
မကြာခင်မှာပဲ ဝေ့ကျုံးရှန့် ထပ်မံဝင်ရောက်လာခဲ့သည်။ သူ့ရဲ့မျက်နှာက အနည်းငယ်မျက်မှောင်ကြုတ်နေပြီး သတိထားနေဟန်ပဲ။
“ အရှင်မင်းကြီး အဲဒီအမျိုးသမီးရဲ့ ကျင့်ကြံမှုက ပထမအဆင့် ရှိနေပါတယ်။ သူမရဲ့ကျင့်ကြံမှုက အရမ်းမြင့်နေတယ်။ အကယ်လို့ ကျွန်တော်မျိုးခွင့်မပြုဘူးဆိုရင်း အတင်းအကြပ်ဝင်ရောက်မယ်လို့ ခြိမ်းခြောက်လာပါတယ်။ ပြီးတော့ သူမက ပြောသေးတယ်... သူမ ပြောတာက...”
ဝေ့ကျုံးရှန့်က တိတ်တဆိတ်ခေါင်းထောင်လာက ရှကျိုးယွီကို ခိုးကြည့်လိုက်သည်။ ရှကျိုးယွီရဲ့ ပုံမှန်အပြုအမူကို မြင်တဲ့အချိန်ကျမှ တောင့်တင်းစွာ ဆက်ပြောလိုက်၏။
“သူပြောတာက အရှင်မင်းကြီးက သူ့ကို ကြောက်နေတာလားတဲ့”
ရှကျိုးယွီ သလွန်ပေါ်ကနေ အပြုံးတစ်ခုနဲ့ ထလိုက်သည်။
“ ဒီကောင်မလေးတော့။ သွား ချက်ချင်း ဝင်ခိုင်းလိုက်”
အချိန်တစ်ခဏကြာပြီးနောက်မှာ မီးပွားစတစ်ခုလိုမျိုး အရှိန်အဟုန်နဲ့ မိန်းကလေးတစ်ယောက် ဝင်ရောက်လာခဲ့သည်။ သူမက အနီရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ အနည်းငယ်ပြင်ဆင်ချယ်သထားတဲ့ မျက်နှာချေမှုန့်ကြောင့် သူမရဲ့အလှတရားတို့က ကြာပွင့်တစ်ခုလိုမျိုး လက်ဆတ်ကာ လှပပွင့်လန်းနေခဲ့သည်။ ရှကျိုးယွီကိုမြင်တာနဲ့ သူမက လက်သီးလက်မောင်းတန်းပြီး စိတ်ဆိုးစွာဖြင့် အော်ဟစ်လေတော့၏။
“အရှင်မင်းကြီး။ ဒါမှမဟုတ် ကျွန်မ အရှင်မင်းကြီးကို ခေါင်းဆောင်ဖူမဲ့လို့ပဲ ခေါ်ရမလား”
ရှကျိုးယွီကို ခစားနေတဲ့ နန်းတွင်းအစေခံလေးယောက်လုံး အံ့ဩသွားခဲ့သည်။ အရှင်မင်းကြီးကို ဘယ်သူကမှ ဒီလိုမျိုး မပြောရဲဘူး။
ဒါပေမဲ့ အကုန်လုံးစိုးရိမ်နေချိန်မှာပဲ ရှကျိုးယွီက ဒေါသမထွက်ဘဲ ရယ်မောလိုက်သည်။ ထို့နောက်မှာ ပြန်လည်စနောက်လိုက်၏၊။
“မင်းပြောနေတဲ့ အရှင်မင်းကြီးကဘယ်သူလဲ။ ငါလား”
ထိုစကားလုံးတွေက လီယုဟန်ရဲ့ခန္ဓာကိုယ်ကို ပြင်းထန်စွာရိုက်ခက်သွားခဲ့သည်။ သူမရဲ့လှပတဲ့မျက်နှာက ချက်ချင်းပဲ နီရဲသွား၏။ အပူလှိုင်းက သူမရဲ့မျက်နှာမှတဆင့် လည်ပင်းကိုဆင်းသက်သွားကာ အဆုံးမှာတော့ လှပတဲ့ ရင်ဘက်နေရာသို့ ရောက်ရှိသွားသည်။ လီယုဟန်တစ်ယောက် တစ်ချိန်တည်းမှာပဲ အရှက်ရမှုနဲ့ ဒေါသတို့ကို ခံစားနေရသည်။ မျက်စိရှေ့ကလူကို အပိုင်းပိုင်းစုတ်ဖြဲချင်နေ၏။
ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာက သူမရဲ့ပထမအဆင့်ကျင့်ကြံမှုကို ထိုသူကိုယ်တိုင် ပေးအပ်ထားခြင်းဖြစ်သည်။ သူမက ဘယ်လိုအင်အားနဲ့ ထိုသူကို အနိုင်ယူနိုင်မှာလဲ…
“ကျွန်မ ဂရုမစိုက်ဘူး။ ရှင်သေချာပေါက် ရှင်းပြရမယ်”
ထိုအချိန်မှာပဲ ရဲတင်းစွာပြောဆိုခဲ့မိတဲ့ အတိတ်က စကားလုံးများစွာကို လီယုဟန် ပြန်လည်စဉ်းစားမိသွားသည်။ သူမ ချက်ချင်းပဲ တွင်းတစ်တွင်းတူးပြီးသာ ဝင်ပုန်းချင်မိ၏။ ဒါမှမဟုတ် မမြင်နိုင်တဲ့ အုတ်နီခဲကြားမှာ သူမရဲ့ခေါင်းကို ဖွက်ထားချင်မိသည်။ ဒါမှမဟုတ် ခေါက်ဆွဲတစ်ခုလိုမျိုး ကိုယ့်ကိုယ်ကို အရှက်ရအောင် ချိတ်ဆွဲထားလိုက်ရမလား?
ဘာ... တရှားရဲ့ဘုရင်ကို ဖမ်းဆီးမယ်ဟုတ်လား..
ဘာ... တရှားရဲ့ဘုရင်ကို သင်ခန်းစာပေးမယ်ဟုတ်လား…
သူမက အပြင်းအထန်နှိပ်စက်မည်လို့ပါ ပြောခဲ့သေးသည်။
အဲဒီစကားလုံးတွေကို သူမပြောနေခဲ့တဲ့အချိန်မှာ ရှကျိုးယွီက သူမကို ဘယ်လိုမျိုးကြည့်နေခဲ့မှာများလဲ..သူမကို ဟာသတစ်ခုလို မြင်နေခဲ့တာလား..
“ခွီး”
ရှကျိုးယွီ ထိန်းမထားနိုင်တော့ပေ။ ဒါပေမဲ့ ချက်ချင်းပဲ ရှကျိုးယွီရဲ့မျက်နှာက မဲမှောင်သွား၏။ ထို့နောက်မှာ အနားမှာရှိနေတဲ့ နန်းတွင်းအစေခံတွေကို အော်ဟစ်လိုက်သည်။
“ဘယ်သူရယ်လိုက်တာလဲ ဟမ်။ ထွက်သွားကြစမ်း”
“နယ်စပ်ကို စောင့်ကြပ်ပေးနေတဲ့ ပထမအဆင့်ကျင့်ကြံသူတစ်ယောက်ကိုများ မင်းတို့က ရယ်ရဲတာလား။ မင်းတို့ အသက်မရှင်ချင်ကြတော့ဘူးလား”
ကြားထဲက မြေစာပင်ဖြစ်သွားတဲ့ နန်းတွင်းအစေခံလေးတွေခမျာ ဖြူဖွေးနေတဲ့မျက်နှာနဲ့ အခန်းအပြင်ဘက်သို့ ထွက်သွားကြ၏။
ထိုရယ်သံက ရှကျိုးယွီဆီက ဆိုတာကို လီယုဟန်လည်း ကောင်းမွန်စွာသိသည်။ သူမက ပထမအဆင့်ကျင့်ကြံသူတစ်ယောက်ပဲ။ ဒါကိုတောင် မခွဲခြားနိုင်ရင် ပထမအဆင့်ကျင့်ကြံသူတစ်ယောက် ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒါပေမဲ့ မျက်နှာပြောင်တိုက်လွန်းတဲ့ ထိုသူကို သူမ ဘာမှမတတ်နိုင်ခဲ့ပေ။
အချိန်တစ်ခဏကြာသည်အထိ လီယုဟန်စိတ်ဆိုးစွာဖြင့် သူမနှုတ်ခမ်းကို ကိုက်ထားခဲ့သည်။ မျက်ရည်တွေက တိတ်တဆိတ်နဲ့ သူမရဲ့လှပတဲ့ မျက်နှာထက်မှာ ကျရောက်လာ၏။ အရှက်ကွဲမှုက သူမရဲ့နှလုံးသားတစ်ခုလုံးကို ပြင်းထန်စွာလောင်မြိုက်နေစေခဲ့သည်။
ရှကျိုးယွီပင် အနည်းငယ် အပြစ်တင်မှုကို ခံစားလာရ၏။
“အဟမ်း မငိုပါနဲ့။ မင်းဘာလိုချင်တာလဲ ပြောလိုက်ပါ။ ငါကိုယ်တော် မင်းကို ပြန်အလျော်ပေးမယ်”
ထိုအချိန်မှာ ဝေ့ကျုံးရှန့်သည် ကျောက်ရုပ်တစ်ခုလိုမျိုး ထောင့်တစ်ခု၌ ရပ်နေခဲ့သည်။ သူ့ရဲ့မျက်နှာထက်မှာ ခံစားချက် တစ်စုံတစ်ရာကိုမှ မဖော်ပြရဲပေ။ ဒါပေမဲ့ စိတ်အတွင်းမှာတော့ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
အရှင်မင်းကြီးရဲ့ စနောက်မှုက တဖြည်းဖြည်းကြီးမားလာပါလား..
လီယုဟန် သူမရဲ့ခံစားချက်တွေကို ထိန်းချုပ်လိုက်ပြီး အနည်းငယ် ခေါင်းမော့ကာ မျက်ရည်သုတ်လိုက်သည်။ သူမက ပင့်သက်ရှိုက်လိုက်၏။
“ကျွန်မကို အလျော်ပေးမယ် ဟုတ်လား။ ကောင်းပြီ ဒါဆိုရင် အလျော်ပေး”
သူမရဲ့မျက်နှာက အပြင်ပန်းအရ စိတ်ဆိုးနေခဲ့သည်။ ဒါပေမဲ့ သူမတို့ရဲ့ခေါင်းဆောင်ဖူမဲ့က အရှင်မင်းကြီးဆိုတာကို သိလိုက်ရချိန်မှာ တစ်ကယ်တော့ အနည်းငယ်ပျော်ရွှင်မိသေး၏။ သူမ အချိန်ကြာမြင့်စွာ မျှော်လင့်တောင့်တခဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက်က တစ်ကယ်တော့ သူမနဲ့ အနီးကပ်ဆုံးအခြေအနေမှာ ရှိနေခဲ့တာပါလား..
ဒါပေမဲ့ ရှကျိုးယွီဘက်က အလျော်ပေးမယ့် ကိစ္စနဲ့ ကမ်းလှမ်းလာချိန်မှာ သူမ ဘာပြောရမလဲ မသိတော့ပေ။ သူမပြောလိုက်သင့်လား..
ငါက နင့်ရဲ့ခန္ဓာကိုယ်ကို လိုချင်နေတာ။ အရှင်မင်းကြီး ငါ့ကိုပေးမလား..လို့လေ။
လီယုဟန် ထိုစကားလုံးကို လုံးဝပြောမထွက်ခဲ့ပေ။
ထိုအချိန်မှာ ရှကျိုးရီက အပြုံးတစ်ချို့နှင့် ပြောလိုက်၏။
“မင်းစဉ်းစားလို့မရဘူးဆိုမှတော့ အချိန်ယူပြီးစဉ်းစားပါ။ အကယ်လို့ မင်းဆန္ဒရှိမယ်ဆိုရင် နန်းတော်မှာနေပြီး ငါ့အတွက် အလုပ်လုပ်လို့ရတယ်။ ငါကိုယ်တော် မင်းကို မမျှမတ မဆက်ဆံပါဘူး။ မင်းကို စစ်သူကြီးတစ်ယောက်ရာထူးပေးမယ်လေ”
လီယုဟန်ရဲ့ လှပတဲ့မျက်နှာက ဆတ်ခနဲ မော့ကြည့်လာခဲ့သည်။ ပုံမှန်နဲ့မတူစွာ လိမ်းချယ်ထားတဲ့ မိတ်ကပ်က ငိုယိုထားမှုကြောင့် ပျက်ယွင်းနေပြီလေ။
“စစ်သူကြီးဟုတ်လား။ ကျွန်မ အဲဒီလိုမျိုး တိုက်ခိုက်ရပြီးသတ်ရမယ့် ကိစ္စတွေ မလုပ်ချင်ဘူး။ အရှင်မင်းကြီးက ကျွန်မကို မိန်းကလေးလို့ မမြင်တာလား။ မိန်းကလေးတစ်ယောက်က ဘယ်လိုလုပ် စစ်သူကြီးလုပ်လို့ရမှာလဲ”
ထိုအချိန်မှာ ရှကျိုးယွီရဲ့ဦးနှောက်က ခန်းနားပြီးဆွဲဆောင်မှုရှိလှတဲ့ အမျိုးသမီးစစ်သူကြီးတစ်ယောက်ကို ပုံဖော်မိသွားသည်။ ငွေရောင်သံချပ်ကာဝတ်ရုံအောက်က သူရဲကောင်းဆန်တဲ့ အရှိန်အဝါနဲ့ ဆံပင်ကိုမြင့်မားစွာစည်းထားတဲ့ အမျိုးသမီးစစ်သူကြီးက ကြောက်မက်ဖွယ်ကောင်းအောင် ခန်းနားလှ၏။ စိတ်ကူးယဉ်လိုက်တာနဲ့တင် ပြင်းထန်တဲ့ဖိနှိပ်ချင်စိတ်များ နှလုံးသားထဲမှာ ပေါ်ပေါက်လာခဲ့သည်။
မနက်ခင်းမှာ တိုင်းပြည်ကို ကာကွယ်ပြီး တိုက်ခိုက်မည်။ ညဘက်ကျရင် နန်းတော်ကိုပြန်လာပြီး သူနဲ့တိုက်ပွဲဝင်မည်။ ဘယ်လိုတောင် လှပတဲ့ကိစ္စတစ်ခုလဲ..
ရှကျိုးယွီရဲ့ မူမမှန်တဲ့မျက်နှာထားကြောင့် လီယုဟန်ရဲ့မျက်နှာက ပြန်လည်ပူနွေးသွားလေရဲ့။ သူမ အမြန်ဖြတ်ပြောလိုက်တော့သည်။
“အရှင်မင်းကြီး၊ တစ်ကယ်လို့ အရှင်မင်းကြီးဘက်က ကျွန်မကို တိုက်ပွဲကွင်းပြင်ကို သွားစေချင်တယ်ဆိုရင်လည်း မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး”
ရှကျိုးယွီ ပါးစပ်ဟလိုက်သည်။ အစကတော့ လီယုဟန်ကို စနောက်ဖို့စဉ်းစားထားတာပင်။ ဒါပေမဲ့ အံ့ဩဖို့ကောင်းစွာပဲ သူမက သူ့ရဲ့လှည့်ကွက်အတွင်းကို တိုက်ရိုက်ပဲ ဝင်ရောက်လာ၏။ ဘာလဲ မိန်းကလေးတွေက လူလိမ်တစ်ယောက်ကို ကြိုက်ကြတာလား…
“အဟမ်း ဒါဆိုလည်းကောင်းပြီလေ။ မင်းရဲ့ရွေးချယ်မှုကို ငါလေးစားမယ်။ မင်းဘက်က ငါကိုယ်တော်ရဲ့ အခက်အခဲတွေကို အခုလို ကူညီဖြေရှင်းပေးလာတာ ဝမ်းသာမိတယ်”
ရှကျိုးယွီရဲ့ စွမ်းအင်ပြည့်ဝတဲ့အသံက ဆွဲဆောင်မှုရှိလှသည်။ လီယုဟန်ချက်ချင်းပဲ သူမရဲ့ခေါင်းကို အနည်းငယ်အောက်ငုံ့လိုက်၏။ နီရဲနေတဲ့မျက်နှာကို ကာကွယ်ဖို့ကြိုးစားလိုက်သည်။
“အာ အရှင်မင်းကြီးကို ဘယ်သူက ကူညီဖို့လုပ်နေလို့လဲ။ ကျွန်မက ပြည်သူတွေကို စဉ်းစားမိလို့ပါနော်”
ရှကျိုးယွီ ချက်ချင်းပဲ သူ့ရဲ့အရင်ဘဝတုန်းက တွေ့ခဲ့ရတဲ့ မိန်းကလေးအတန်းခေါင်းဆောင်ကို ပြန်လည်စဉ်းစားမိသွားသည်။ တူညီတဲ့ရှက်ရွံ့မှုနဲ့ တူညီတဲ့တုံ့ဆိုင်းနေခြင်းပဲ။ သူမတို့နှစ်ယောက်လုံးက တူညီတဲ့ ဇစ်မြစ်က ရောက်လာတာဖြစ်ရမည်။
“လိုက်ရခက်ချင်ယောင်ဆောင်နေရင် အဆုံသတ်မကောင်းဘဲနေလိမ့်မယ်နော်”
ရှကျိုးယွီ နူးညံ့စွာပြောလိုက်၏။ ဒီလိုနဲ့ လီယုဟန်ရဲ့ဖုံးကွယ်ထားမှုက ရှကျိုးယွီရဲ့ စကားလုံးအနည်းငယ်ကြားမှာ ထိုးဖောက်ခံလိုက်ရသည်။
“ရှင်... ရှင် အရှက်မရှိလိုက်တာ”
ရပ်နားထောင်နေခဲ့တဲ့ ဝေ့ကျုံးရှန့်တစ်ယောက် မြေပြင်ပေါ်လဲကျမတက် ဖြစ်သွားလေရဲ့။
ဒီမိန်းကလေးက အရှင်မင်းကြီးရဲ့မိန်းကလေးတစ်ယောက်ပဲ။ အရှင်မင်းကြီးကို သူမတစ်ယောက်ပဲ အခုလိုမျိုးပြောရဲတာ။ ဖြစ်နိုင်တာ အရှင်မင်းကြီးရဲ့စကားလုံးတွေက သူမကိုအရှက်ရမိစေလို့ဖြစ်မယ်..
လီယုဟန်ရဲ့လှပတဲ့မျက်နှာတွင် ချက်ချင်းပဲ မျက်ရည်များစီးကျလာကာ နန်းတော်အပြင်သို့ ထွက်ပြေးသွားလေ၏။ ဝေ့ကျုံးရှန့်လိုက်သွားဖို့ပြင်နေမှာပဲ ရှကျိုးယွီ တားမြစ်လိုက်သည်။
“ရတယ် သူမသွားချင်တယ်ဆိုရင် သွားပါစေ။ သည်းမခံနိုင်တော့တဲ့ အချိန်ကျရင် ပြန်ရောက်လာလိမ့်မယ်”
ရှကျိုးယွီက လက်ထဲက စာအုပ်ကို ပြန်လည်ဖတ်ရှုရင်း ဂရုမစိုက်ဟန်ဖြင့် လက်တစ်ဖက်ယမ်းပြလိုက်သည်။ နဂိုထွက်သွားတဲ့ နန်းတွင်းအစေခံလေးယောက်ပြန်ဝင်လာကာ သူမတို့ရဲ့တာဝန်အသီးသီးကို ပြန်လည်လုပ်ဆောင်လိုက်ကြသည်။ ဝေ့ကျုံးရှန့်တစ်ယောက်သာ နေရာမှာ ရပ်မြဲအတိုင်းရပ်နေခဲ့သည်။ ရှကျိုးရီရဲ့လုပ်ရပ်တွေကြောင့် အံ့ဩမှင်သက်နေတာပင်။ ဒီလိုနည်းဗျူဟာမျိုးကို သူ့ရဲ့တစ်ဘဝလုံး ဘယ်မှာမှ မတွေ့ခဲ့ဖူးဘူး။ ဒါပေမဲ့ မိန်းကလေးတွေရဲ့စိတ်ကိုနားလည်တဲ့ ပညာရပ်နဲ့ပတ်သတ်ရင် အရှင်မင်းကြီးက... တကယ်ကို ဘဝရဲ့အကောင်းဆုံး စံနမူနာပဲ။
……..