← Chapters

ကျင်းလင်မင်းသမီး

Vol. 17 Ch. 232

ကျင်းလင်မင်းသမီး

Vol. 17 Ch. 232

ဝေ့ကျုံးရှန့် ကျောက်ကောင်း ထံမှ အကြိမ်များစွာ ကြားဖူးခဲ့သည်က… အရှင်မင်းကြီးကို ဘယ်သူကမှ မဖုံးကွယ်နိုင်ဘူးဆိုတဲ့ စကားလုံးပင်။

ဝေ့ကျုံးရှန့်က အရာရှိအားလုံးရဲ့ငွေကို လက်ခံခဲ့ပေမယ့် အလွန်ဂရုစိုက်ထားကာ ဘယ်သူမှ သတိမထားမိအောင် လုပ်ဆောင်ခဲ့သည်။ ဒါပေမဲ့ အရှင်မင်းကြီးက ရှာတွေ့သွားဆဲပဲ။

မြေပြင်ပေါ်က အရိပ်ကို ကြည့်နေရင်း ဝေ့ကျုံးရှန့် ရဲ့နှလုံးသားက လွန်စွာထိတ်လန့်နေခဲ့သည်။

“အရှင်မင်ကြီး ကျေးဇူးပြုပြီး ကျွန်တော်မျိုးရဲ့ ရှင်းပြချက်ကို နားထောင်ပေးပါ။ ကျွန်တော်မျိုးရဲ့ ရှင်းပြချက်ကို နားထောင်ပေးတော်မူပါ”

ရှကျိုးယွီ အနည်းငယ် မသက်မသာ ဖြစ်သွားသည်။

သမိုင်းတစ်လျှောက်လုံးမှာ ဘာကိစ္စ အမတ်တွေက အပြစ်ပေးခံရတိုင်း ဒီလိုမျက်နှာထားမျိုး လုပ်ပြကြရတာလဲ။ ဒီလိုစကားမျိုး မပြောဘဲနဲ့ လုပ်လို့မရဘူးလား။ ရှင်းပြမှာဆိုလည်း ရှင်းပြလိုက်ပေါ့။ ဘာကိစ္စ ရှင်းပြပါရစေ ရှင်းပြပါရစေ လာလုပ်နေရတာလဲ.. တစ်ကယ်ငကြောင်တွေ။

“ကောင်းပြီ ထပါ။ ငါကိုယ်တော် မင်းကို အပြစ်မတင်ဘူး။ ဒီလိုမျိုး သေးငယ်လှတဲ့ ငွေပမာဏကို ငါကိုယ်တော် ဂရုမစိုက်ဘူး။ နောက်တစ်ခါကျရင် မင်းပိုပြီး သတိထားဖို့ မျှော်လင့်တယ်။ ငါကိုယ်တော် ထပ်မံပြီး ရှာမတွေ့စေနဲ့”

ရှကျိုးယွီက ပြောပြီးတာနဲ့ အနောက်ဘက် ဥယျာဉ်ထဲကို ခေါင်းမော့ရင်း ဆက်လက်လျှောက်သွားလိုက်သည်။ တစ်ကယ်တော့ ရှကျိုးယွီရဲ့ စကားလုံးတွေက အများကြီး အဓိပ္ပါယ်မပါဝင်ပေ။ ရှကျိုးယွီက ဝေ့ကျုံးရှန့်ကို ပိုမိုရဲတင်းစွာ လာဘ်စားနိုင်စေရန် ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဘယ်လောက်ပဲ များပြားတဲ့ ငွေကြေးဖြစ်နေပါစေ၊ သေးငယ်တဲ့ ထုတ်ယူမှုက အချိန်ကြာမြင့်လာတာနဲ့အမျှ သိသာတဲ့ရလဒ်ဖြစ်လာမှာပဲမလား။ ရှကျိုးယွီ အခွင့်အရေးတိုင်းကို အသုံးချချင်သည်။

ထိုအချိန်မှာမှ ဝေ့ကျုံးရှန့် ပင့်သက်ရှိုက်လိုက်ပြီး မြေပြင်ပေါ်ကနေ ကြောက်ရွံ့စွာ ပြန်ရပ်လိုက်သည်။

“အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်”

“ထားလိုက်တော့”

ရှကျိုးယွီသည် အဝေးကနေ လက်တစ်ဖက်သာ ယမ်းပြလိုက်သည်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး စိတ်ရှုပ်နေဖို့ သူ့မှာ အချိန်မရှိဘူး။ သူ့ရဲ့ အာရုံတွေအားလုံးကို နောက်ထပ် မြင်ကွင်းတစ်ခုက ဖမ်းစားသွားခဲ့သည်လေ။

“အရှင်မင်းကြီး ကျွန်တော်မျိုးမကို ဘာကြောင့် တွေးမိခဲ့တာလဲ”

စကားပြောလိုက်တဲ့သူက ရှကျိုးယွီရဲ့ အသစ်ခန့်အပ်ထားတဲ့ ကိုယ်လုပ်တော်.. ကိုယ်လုပ်တော်ကျင်းပင်။

သာမန်ကိုယ်လုပ်တော်တွေက ရှကျိုးယွီကို မြင်တာနဲ့ စိတ်အားထက်သန်မှုများစွာကို ထုတ်ပြကြသည်။ သူတို့ရဲ့ အလှအပတွေကို မြင်သာအောင် ပြသရင်း ရှကျိုးယွီကို ဆွဲဆောင်ဖို့ ကြိုးစားကြ၏။ ဒါပေမဲ့ ဒီကိုယ်လုပ်တော်ကတော့ မတူညီဘူး။ သူမရဲ့ လေသံထဲမှာ လှောင်ပြောင်မှု တစ်ချို့တောင် ပါဝင်နေသေးသည်။ မသိရင် ရှကျိုးယွီက သူမကို ဘာမှမလုပ်ရဲတဲ့ အတိုင်းပဲ။ တစ်ကယ်တော့ ရှကျိုးယွီကလည်း သူမကို ဘာအပြစ်ဒဏ်မှ ပေးမှာမဟုတ်ပေ။ အကြောင်းရင်းက ရိုးရှင်း၏။

တစ်ကယ်တော့ သူမက မင်းသမီးကျင်းလင် အမည်ရ ဝေ့တိုင်းပြည်ရဲ့ မင်းသမီးတော် တစ်ယောက်ဖြစ်သည်။ သူမရဲ့ အမည်အရင်းက ကျန်းချီယွင်ပင်။ တရှားတိုင်းပြည်ရဲ့ နယ်စပ်တိုင်းပြည် ဖြစ်သော ဝေ့တိုင်းပြည်ရှင်ဘုရင်ရဲ့ သမီးတော် ဖြစ်သည်။ တိုင်းပြည်နှစ်ခုကြားက ခိုင်မာတဲ့ မဟာမိတ်ဆက်ဆံရေးကို ရရှိဖို့အတွက် ဝေ့တိုင်းပြည်ဘက်က သူတို့ရဲ့ မင်းသမီးတော်ကို တရှားတိုင်းပြည်အတွက် ကိုယ်လုပ်တော်အဖြစ် ပို့ပေးခဲ့သည်။

ကိုယ်လုပ်တော်လို့ ခေါ်ပေမယ့် သူမရဲ့ အခြေနေက တစ်ကယ်တော့ ဓားစာခံတစ်ယောက်နဲ့ ပိုမိုဆင်တူ၏။

ရှကျိုးယွီ ပြုံးလိုက်သည်။

“မင်းက ငါကိုယ်တော်ရဲ့ နှစ်သက်ခံရတဲ့ ကိုယ်လုပ်တော်ပဲလေ။ ဒါကြောင့် ငါကိုယ်တော် မင်းကို မေ့စရာလား”

တစ်ကယ်တော့ ရှကျိုးယွီအနေနဲ့ ထိုမင်းသမီးကို ဒုတိယအကြိမ်မြောက် မြင်တွေ့ခြင်းသာ ဖြစ်သည်။ ပထမဦးဆုံးတစ်ခေါက် တွေ့ဆုံချိန်က ရှကျိုးယွီသည် နှင်းနဂါးတောင်ကနေ ပြန်ရောက်ပြီးစအချိန် ဖြစ်သည်။ ထိုကြောင့် ကိုယ်လုပ်တော်တွေနဲ့ စကားများနေဖို့ ရှကျိုးယွီမှာ အင်အားမရှိတော့ပေ။ ဒါပေမဲ့ အခု ပြန်တွေ့ချိန်ကျမှ ကျန်းချီယွင်ရဲ့ သူမတူတဲ့ အလှတရားကို သတိထားမိတော့သည်။ သူမရဲ့အလှက အသက်ရှု မှားလောက်အောင် ဆွဲဆောင်မှုရှိတာပဲ။

ရှကျိုးယွီအနေနဲ့ လှပတဲ့ မိန်းကလေးများစွာကို တွေ့ဖူးပါသည်။ ထို့ပြင် ထိုမိန်းကလေးများစွာနဲ့လည်း ကစားဖူး၏။

ဒါပေမဲ့ ကျန်းချီယွင်ရဲ့ ပုံစံက ဒီဘက်ခေတ်ရဲ့ မိန်းကလေးတစ်ယောက်နဲ့ မတူဘူး။ သူမရဲ့ပုံစံ သူအရင်ဘဝက နိုက်ကလပ်တွေမှာ တွေ့ရတဲ့ ဆက်စီကျတဲ့ ခပ်ဟော့ဟော့ မိန်းကလေးတွေလိုမျိုးပဲ။

တင်ပါးအထိ ရှည်လျားတဲ့ ဆံပင်အခွေအကောက်ကြီးတွေနဲ့ ခါးနားမှာ တင်းကြပ်စွာ စည်းနှောင်ထားတဲ့ ဝတ်ရုံကြောင့် သွယ်လျတဲ့ ခါးလေးက ထင်းထွက်နေသည်။ ထို့အပြင် ရှည်လျားတဲ့ ခြေချောင်းရှည်များကြောင့် သူမရဲ့ပုံစံက ဗျိုင်းမလေး တစ်ကောင်လိုမျိုး ဆွဲဆောင်မှုပြင်း၏။ ထို့အပြင် ဝေ့တိုင်းပြည်ရဲ့ ထူးကဲတဲ့ ကောက်ကြောင်းတစ်ချို့ကိုပါ ပိုင်ဆိုင်ထားသေးသည်။

ရှကျိုးယွီရဲ့ အမြင်မှာတော့ သူမကထူးကဲတဲ့ အလှလေးပဲ။

“အရှင်မင်းကြီး ကျွန်တော်မျိုးမကို စနောက်နေတာ တော်ပါတော့။ ကျွန်မက ဒီနန်းတော်အတွင်းမှာ အထီးကျန်နေရတာပါ။ ဒီရက်တွေထဲမှာ အရှင်မင်းကြီးကို အခုမှကျွန်မမြင်တွေ့ဖူးတယ်”

သူမရဲ့ စကားလုံးတွေထဲမှာ မုန်းတီးမှုတစ်ချို့ ရှိနေသလိုပဲ။ သူမရဲ့ မုန်းတီးမှုက ဝေ့ကျုံးရှန့်ရဲ့ သရုပ်ဆောင်မှုထက်တောင် ပိုမို ပြင်းထန်သေး၏။

ရှကျိုးယွီ အနေနဲ့ ဒီအလှလေး ဘာတွေ တွေးနေသလဲဆိုတာကို မသိစရာလား။ အပေါ်ယံမှာတော့ သူမရဲ့ စကားလုံးတွေက မကျေနပ်ရုံလောက်သာ ရှိပေမယ့် တစ်ကယ်တော့ သူမရဲ့ နှလုံးသားတစ်ခုလုံးက နှစ်နှစ်ကာကာ မုန်းတီးနေတာပဲ။

ရှကျိုးယွီ အနေနဲ့ နားလည်ပေးဖို့ မခက်ခဲပါဘူး။ ကိုယ့်ရဲ့ အုပ်ထိန်းသူ ကိုယ်တိုင်က ဓားစာခံအဖြစ် စေလွှတ်ပြီး ရန်သူ့တိုင်းပြည်ရဲ့ အရှင်မင်းကြီး တစ်ယောက်နဲ့ လက်ထပ်ခွင့်ရတာကို ဘယ်သူက ပျော်ရွှင်နေပါ့မလဲ။

ထိုအချိန်မှာ သူမရဲ့ တစ်ခုတည်းသော ဆန္ဒက ရှကျိုးယွီရဲ့ လည်ပင်းကို သူမရဲ့ ရှည်လျားတဲ့ ခြေချောင်းတွေနဲ့ မသေမချင်း ဖိညှပ်ထားနိုင်ဖို့ပဲ။

ရှကျိုးယွီကတော့ အခွင့်အရေးကို အမိဖမ်းရင်း ကိုယ်လုပ်တော်ကျင်းရဲ့ ခါးကို ပွေ့ဖက်လိုက်သည်။ သူ ချက်ချင်း အံ့သြသွား၏။

ဖီးနစ် ဝတ်ရုံအောက်က သူမရဲ့ ပိန်ပါးတဲ့ခါးကို ရှကျိုးယွီ ချက်ချင်း သတိထားမိလိုက်သည်။ သူ့ရဲ့ပွေ့ဖက်မှုက သူမရဲ့ ခမ်းနားလှတဲ့ ရင်နှစ်မွှာကိုပင် ထိတွေ့နေ၏။

ဒါပေမဲ့ သူမရဲ့ မျက်နှာထက်က တစ်ဖြည်းဖြည်းချင်း ဖြစ်ပေါ်လာတဲ့ အေးစက်မှုကို ရှကျိုးယွီ သတိထားမိပါသည်။ သူ့အတွက်တော့ ထိုပုံစံကပင် ပိုမိုဆွဲဆောင်မှု ရှိလာသလိုပဲ။ ရုတ်တရက် သူမကို အနိုင်ယူချင်တဲ့ စိတ်ဆန္ဒတွေ ပြင်းထန်လာတော့သည်။

“အရှင်မင်းကြီး အခုလိုမျိုး နေ့ခင်းကြောင်တောင်ကြီးမှာ အားလုံးရဲ့ မြင်ကွင်းထဲ ဒီလိုလုပ်နေတာ မကောင်းပါဘူး။ ကျွန်တော်မျိုးမ ကျင်းလင်ကို မိဖုရားစီက အမျက်တော် ရှစေချင်လို့ပါလား”

ရှကျိုးယွီကို ဘယ်လောက်ပဲ မုန်းနေပေမယ့် သူမက အသက်နှစ်ဆယ် ဝန်းကျင်သာ ရှိသေးတဲ့ ငယ်ရွယ်တဲ့ မိန်းကလေးတစ်ယောက် ဖြစ်၏။ လူကြားထဲမှာ ပွေ့ဖက်ခံရမှုကြောင့် သူမမနေနိုင်စွာ ရှက်ရွံ့လာခဲ့သည်။ သူမရဲ့ ကျောက်စိမ်းလိုမျိုး လှပတဲ့ လည်ပင်းအထိပင် နီဆွေးမှုတို့ ရောက်ရှိလာခဲ့သည်။ သူမက ရှုပ်ထွေးနေတဲ့ မျက်နှာထားနဲ့ ရှကျိုးယွီကို မော့ကြည့်လိုက်၏။

“ငါကိုယ်တော်ရဲ့ ကိုယ်လုပ်တော်ကျင်းက ကျန်းနန်မြို့ကို ရောက်ဖူးလား”

သူမရဲ့ ခါးကို ပြန်လွှတ်ပေးလိုက်ရင်း ရှကျိုးယွီ ပုံမှန်လိုပဲ မေးလိုက်သည်။ ထို့နောက်မှာ ရှကျိုးယွီက မြင့်မြတ်တဲ့ ပုံစံနဲ့ လက်နှစ်ဖက်ကို ပြန်လည် အနောက်ပစ်လိုက်သည်။

“အရှင်မင်းကြီးကို ပြန်ဖြေပါတယ်။ ကျွန်တော်မျိုးမ အဲ့ဒီနေရာကို မရောက်ဖူးသလို စိတ်လည်းမဝင်စားပါဘူး”

သူမက ဂုဏ်သိက္ခာရှိတဲ့ ဟန်ပန်ကို ဖော်ဆောင်ထားသည်။ လက်နှစ်ဖက်နဲ့ အရိုသေပေးပြီး သူများနဲ့ မတူအောင် ပြောဆိုလိုက်၏။ ရှကျိုးယွီ ဘက်က သတိမထားမိတဲ့ အချိန်မှာ ခြေတစ်လှမ်း အနောက်ဆုတ်လိုက်သည်။

သူမဘက်က ရှင်းလင်းစွာ အကွာအဝေး ခြားထားမှုကြောင့် ဘေးမှာရပ်ကြည့်နေတဲ့ ဝေ့ကျုံးရှန့်ပင် မကျေမနပ် ဖြစ်လာတော့သည်။

အရှင်မင်းကြီးရဲ့ ဆိုလိုရင်းက သူမကို ကျန်းနန်မြို့ဆီ အတူခေါ်ဆောင်သွားဖို့ပဲ။ ဝေ့တိုင်းပြည်ရဲ့ မင်းသမီးက ဘာကြောင့်ဒီလောက်တောင် ကျေးဇူးမတင်တတ်ရတာလဲ။ သူမ သေချင်နေတာလား။

ဝေ့ကျုံးရှန့်ရဲ့ မျက်လုံးထဲမှာ အေးစက်မှုတို့ ဝင်ရောက်လာခဲ့သည်။ တတိယအဆင့် ပညာရှင်တစ်ယောက်ရဲ့ အရှိန်အဝါတို့ကို ခပ်ဖြည်းဖြည်း ဖော်ထုတ်မိသွား၏။

ကျင်းလင်ရဲ့ နူးညံ့သိမ်မွေ့တဲ့ ခန္ဓာကိုယ်ပင် အနည်းငယ် တုန်ယင်သွားခဲ့သည်။ သူမရဲ့ မျက်နှာက ချက်ချင်းပဲ ဖြူဖွေးသွား၏။

ထိုအချိန်မှာပဲ ရှကျိုးယွီ လက်တစ်ဖက်မြှောက်ပြီး ကျယ်လောင်တဲ့ အသံထွက်ပေါ်တဲ့အထိ ဝေ့ကျုံးရှန့်ရဲ့ မျက်နှာကို ရိုက်ချလိုက်သည်။

“ငါကိုယ်တော်ရဲ့ ကိုယ်လုပ်တော်ကို ငါကိုယ်တော်ပဲ ဆုံးမမယ်”

“မင်းလိုမျိုး အသုံးမကျတဲ့ အစေခံတစ်ယောက်က ရဲတင်းရဲတာလား။ မင်းက ငါကိုယ်တော် ကိုယ်တိုင်ကိုယ်ကျ ဆုလာဘ်တော် ချီမြှင့်တာကို လိုချင်နေတာလား”

ဝေ့ကျုံးရှန့် ချက်ချင်းပဲ မျက်နှာကို ကာကွယ်ရင်း မြေပြင်ပေါ် ဒူးထောက်ချလိုက်သည်။ မြှောက်ပင့်စကား တသီတတန်းကြီးနဲ့ ရှကျိုးယွီရဲ့ စိတ်ဓာတ်ကို ပြန်လည်ကောင်းမွန်လာအောင် ပြုလုပ်တော့မယ့်အချိန်မှာပဲ ရှကျိုးယွီကတော့ ဂရုမစိုက်စွာ လှည့်ထွက်သွားလေရဲ့။ ဝေ့ကျုံးရှန့် ရဲ့အနားမှာ အေးစက်နေတဲ့ မျက်နှာထားနဲ့ ကျင်းလင် တစ်ယောက်ပဲ ရပ်ကျန်နေခဲ့သည်။

ဝေ့ကျုံးရှန့် အမြန် အရှင်မင်းကြီး အနောက်ကို လိုက်သွားဖို့ ပြင်လိုက်သည်။ ကျင်းလင်ကို ပုံမှန်လိုမျိုး ကျော်ဖြတ်သွား၏။ ပိုမိုအေးစက်တဲ့ မျက်လုံးများနဲ့ ကျင်းလင်ကို လှည့်ကြည့်လိုက်ပြီး..

“အရှင်မင်းကြီးရဲ့ ကိုယ်လုပ်တော်အနေနဲ့ နာနာခံခံ ပြုမူပါ။ ဒီလိုမှ မဟုတ်ဘူးဆိုရင် အရှင်မင်းကြီးတောင် မဟုတ်ဘူး ငါတောင်မှ မင်းတို့ရဲ့ ဝေ့တိုင်းပြည်ကို ဖျက်ဆီးဖို့ စွမ်းဆောင်နိုင်တယ်”

ထိုကြမ်းတမ်းတဲ့ စကားလုံးတွေကို ပြောပြီးတာနဲ့ ဝေ့ကျုံးရှန့်က အရှေ့ကို ဆက်သွားခဲ့သည်။ ကျင်းလင် တစ်ယောက်ပဲ နေရာမှာအံ့သြသွာနဲ့ ရပ်ကျန်နေခဲ့၏။ သူမရဲ့ မျက်လုံးတွေက အလွန် မုန်းတီးနေဟန်ရှိသည်။ သူမရဲ့ နူတ်ခမ်းကို တင်းကြပ်စွာ ကိုက်လိုက်ပြီး မုန်းတီးမှုနဲ့ ရှကျိုးယွီ တို့ရဲ့ကျောပြင်ကို ကြည့်ရှုနေခဲ့သည်။ သူမရဲ့ နှုတ်ခမ်းက သွေးထွက်လုမတက် ဖြစ်လာခဲ့သည်။

တော်ဝင်ဥယျာဉ်တော်ရဲ့ ထွက်ပေါက်ကို ရောက်တဲ့ အချိန်မှသာ ဝေ့ကျုံးရှန့် ရှကျိုးယွီကို မှီသွားခဲ့သည်။ သူရဲ့ မျက်နှာပေါ်မှာ ချက်ချင်းပဲ မြှောက်ပင့်တဲ့ အပြုံးတစ်ခုကို တပ်စဉ်လိုက်၏။ သူ့ရဲ့ လည်ပင်းကို ဆန့်ထုတ်လိုက်ကာ အရှင်မင်းကြီး ကြားအောင် ပြောလိုက်သည်။

“အရှင်မင်းကြီး သူမကို ခရီးစဉ်မှာ ခေါ်သွားမလို့ပါလား။ အဲ့ဒီကိုယ်လုပ်တော်ကျင်းက ဒီနေရာမှာ အသစ်ဆိုတော့ ကျွန်တော်မျိုးတို့ တိုင်းပြည်ရဲ့ ဓလေ့တွေနဲ့ မရင်းနှီးသေးပါဘူး။ အရှင်မင်းကြီး သူမအပေါ်မှာ အချိန်မဖြုန်းလည်း ရပါတယ်”

ဝေ့ကျုံးရှန့် အနေနဲ့ ကိုယ်လုပ်တော်ကျင်းကို မကျေနပ်ပေမဲ့ သူ့ရဲ့နှလုံးသားထဲမှာ ဝေဝါးတဲ့ ခံစားချက်တစ်ခုကို ရရှိနေသည်။ အရှင်မင်းကြီးနဲ့ သူမရဲ့ကြားမှာ မရိုးရှင်းဘူး။ အကယ်လို့ သူမကိုသာ အရေးပေးလိုက်မယ်ဆိုရင် တရှားတိုင်းပြည်ရဲ့ တိုးတက်လာမှုအပေါ် သက်ရောက်လာနိုင်သည်။ နယ်စပ်မှာ ကာကွယ်ပေးနေတဲ့ စစ်သူကြီးတွေအတွက် မကျေမနပ် ဖြစ်စေနိုင်သည် မှတ်လား..။

ဒါပေမဲ့ ရှကျိုးယွီကတော့ ဘာကိုမှ ဂရုမစိုက်ပါချေ။ သူက ခပ်ဖြည်းဖြည်း ပြောလိုက်သည်။

“သူမကို ဘာကိစ္စ ခေါ်မလာရမှာလဲ။ သူမက ငါ့ကို အနှောက်ယှက် ဖြစ်စေတော့ရော ဘာဖြစ်သလဲ။ သူမက ငါကိုယ်တော် အလေးပေးရတဲ့ ကိုယ်လုပ်တော်ကျင်းပဲ။ ဒါပေမဲ့ သူမက ငါကိုယ်တော် အလေးပေးရတဲ့သူ ဖြစ်နေတာနဲ့ပဲ သူမရဲ့ မိသားစုတစ်ခုလုံးကို မသတ်ဘူးလို့ မဆိုလိုဘူး”

ဝေ့ကျုံးရှန့်ရဲ့ ခန္ဓာကိုယ် တစ်လျှောက်လုံး ချက်ချင်း အေးစက်သွားခဲ့သည်။ ကျောရိုးမှတဆင့် အေးစက်လာတဲ့ ခြောက်ခြားမှုက ဦးနှောက်ထဲအထိ ထုံကျင်လာစေ၏။ ထင်တဲ့အတိုင်းပဲ ရှင်ဘုရင်တစ်ယောက်ရဲ့ အတွေးအခေါ်က ကြောက်ဖို့ ကောင်းလိုက်တာ..

ရှကျိုးယွီက အကြင်နာတရား ကင်းမဲ့ပေမဲ့ သူမအတွက်တော့ လေးနက်တဲ့ ကြင်နာမှုကို ပြသပေးထားသည်။

သူမက နန်တော်ထဲကို ရောက်လာတဲ့ ကိုယ်လုပ်တော် တစ်ယောက်ဆိုတော့ သင့်တင့်တဲ့ လေးစားမှုကို ပြသမှ ဖြစ်တော့မည်။

ရှကျိုးယွီက ဘယ်လိုပဲ ရက်စက်ပါစေ တကယ်တော့ ပြည်သူတွေကို စဉ်းစားပြီး ပြုလုပ်ပေးနေတာပဲ။ ဒါ့အပြင် နှင်းနဂါးမြို့မှာတုန်းကလည်း များစွာတဲ့ ရန်သူတွေကို အနိုင်ယူနိုင်ခဲ့တာ မဟုတ်ဘူးလား။ ဒီလိုရှင်ဘုရင်မျိုးကို သူ့လိုမျိုးသေးငယ်တဲ့ အစေခံတစ်ယောက်က ဘယ်လိုလုပ် နားလည်နိုင်မှာလဲ။

ဝေ့ကျုံးရှန့် အနေနဲ့ မျက်စိရှေ့က အရှင်မင်းကြီးကို လွန်စွာ လေးစားသွားခဲ့သည်။

“အရှင်မင်းကြီးရဲ့ အမိန့်အတိုင်း သူမကို ခေါ်ဆောင်ခဲ့ပါ့မယ်။ ဒါဆိုရင် ကျွန်တော်မျိုးတို့ ဘယ်အချိန် စထွက်ကြမှာလဲ”

ဝေ့ကျုံးရှန့်ရဲ့ စကားက ရိုးရှင်းသည်။ သူ့အနေနဲ့ ပြင်ဆင်စရာရှိတာများအားလုံးကို ပြင်ဆင်ပြီးပြီ။ ထို့ကြောင့် ကျင်းလင်ကို ထပ်ပေါင်းအနေနှင့် ထည့်လိုက်မယ် ဆိုရင်တောင်မှ ကြီးမားတဲ့ ပြသနာတစ်ခု မဟုတ်ပေ။ ရှကျိုးယွီ အမိန့်ပေးလိုက်တာနဲ့ အချိန်မရွေး ထွက်ခွာနိုင်ပြီလို့ ပြောဆိုချင်ခဲ့တာပေ။

ရှကျိုးယွီ အသက်တစ်ချက် ရှုသွင်းလိုက်သည်။ သူ့ရဲ့ မျက်လုံးထဲမှာ တက်ကြွမှုတို့ ဝင်ရောက်လာ၏။ ထို့နောက်မှာ ကျယ်လောင်စွာ ပြောလိုက်တော့သည်။

“အချိန်ဖြုန်းနေဖို့ မလိုအပ်ဘူး။ မနက်ဖြန်ပဲ ထွက်ခွာကြမယ်”

ရှကျိုးယွီ ကောင်းကောင်းသိပါသည်။ သူ့အတွက် နောက်ထပ် ကြီးမားတဲ့ အစီစဉ်တစ်ခု စောင့်ဆိုင်းနေလေပြီ။ တရှားတိုင်းပြည်ရဲ့ ကံကြမ္မာကို ဖျက်စီးနိုင်မလား မဖျက်စီးနိုင်ဘူးလား ဆိုတာကို ဒီခရီးစဉ်ကပင် အဆုံးအဖြတ်ပေးနိုင်တော့မည်။

………

All Chapters