← Chapters

အလှူဋ္ဌာန

Vol. 17 Ch. 236

အလှူဋ္ဌာန

Vol. 17 Ch. 236

မြို့နယ်အုပ်ချုပ်ရေးမှူးက အဓိပ္ပါယ်ပါပါ လှည့်ပြုံးပြလာခဲ့သည်။

" ဒီလိုဆိုမှတော့ ကျုပ်တို့ သတိထားပြီး ဆောင်ရွက်သင့်တာပေါ့”

တဲအတွင်းကို ဝင်ရောက်လိုက်ချိန်မှသာ စိတ်ကူးထားတာထက်ကို ပိုမိုကျယ်ပြန့်တဲ့ကို ရှကျိုးယွီမြင်တွေ့လိုက်ရသည်။ ဖြစ်နိုင်တာက တာအိုပညာနဲ့ အတွင်းပိုင်းကို နေရာချဲ့ထားတာပဲ။ အပြက်ဘက်က မြင်ရတာထက် အတွင်းက နှစ်ဆမက ကျယ်ဝန်းနေခဲ့သည်။

"မြို့နယ်အုပ်ချုပ်ရေးမှူး ဒါက..."

ရှကျိုးယွီနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ အရှေ့မှာ ဆံပင်ဖြူဖွေးနေတဲ့တာအို ဘုန်းကြီးတစ်ယောက် ရပ်နေခဲ့သည်။ သူ့ရဲ့ပုံစံက သတိထားနေဟန်ပဲ...လက်ထဲမှာ ကိုင်ဆောင်ထားတဲ့ အဖြူရောင်ကြာပွတ်ကို အနည်းငယ် လှုပ်ရမ်းလိုက်သည်။

"အို..ဒါကလား။ သူက သခင်ဖူမဲ့ပါ၊ စိတ်ဝိညာဥ် စွမ်းအင်စုဆောင်းတဲ့ အစီအရင်ကို ပြုပြင်ဖို့ ကျုပ်ခန့်အပ်ခဲ့တာလေ"

ထိုတာအိုပညာရှင်ရဲ့ မျက်လုံးတွေက ချက်ချင်းပဲ ကျဥ်းမြောင်းသွားခဲ့သည်။ စူးရှတဲ့ အကြည့်နဲ့ ကြည့်လာလေရဲ့။

"အစီအရင်ကို ပြန်လည် ပြုပြင်ဖို့ဟုတ်လား။ သူကကျုပ်တို့ တာအိုဂိုဏ်းနဲ့ ဘယ်လိုပတ်သတ်မှုရှိတာလဲ”

သူကမြို့နယ်အုပ်ချုပ်ရေးမှူးလိုမျိုး အုပ်ချုပ်ရေးပိုင်းကို စီမံရတဲ့သူတစ်ယောက်မဟုတ်ပေ။ ထို့ကြောင့် အစီအရင်နဲ့ပတ်သတ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးထက် ကောင်းစွာနားလည်၏။

ဒီအစီအရင်က ဘယ်လောက်တောင် ဆန်းကြယ်လဲဆိုတာကို သဘောပေါက်ထားသည်။

သာမန်သူတစ်ယောက်အနေနဲ့ စိတိဝိညာဥ်စွမ်းအင် စုဆောင်းတဲ့အစီအရင်ရဲ့ နက်ရှိုင်းမှုကို သေချာပေါက် နားမလည်နိုင်ဘူး။ စာအုပ်ထဲမှာ ဖတ်ဖူးတယ်ဆိုရင်တောင်မှ အစီအရင်ကို ပြုပြင်နိုင်စွမ်းရှိမှာ မဟုတ်ကြပေ..။

ပြုပြင်ချင်ရင်တောင်မှ ထိုသူအနေနဲ့ အနည်းဆုံး ကျင့်ကြံဆင့် အဆင့် ၄ ရှိမှရမည်။

အဆင့် ၄ ကျင့်ကြံသူတစ်ယောက်ဆိုတာ သိုင်းလောကမှာ ရှားပါးတယ်ဟု ဆိုနိုင်သည်။

ရှကျိုးယွီ ခပ်ဖွဖွ ပြုံးလိုက်၏။

"ကျွန်တော်က သာမန်လူတစ်ယောက်ပဲ၊ ဒါပေမယ့် ကျွန်တော့်ရဲ့ ဆရာက တာအိုဂိုဏ်းရဲ့ကျန်းဖူရှန်နဲ့ အနည်းငယ် ရင်းနှီးတယ်လေ...ဒါကြောင့် စိတ်ဝိညာဥ်စွမ်းအင် စုဆောင်းတဲ့ အစီအရင်နဲ့ပတ်သတ်ပြီး သင်ပြထားတယ်၊ ဒီက သခင်ကြီးလည်း စိတ်မပျက်ဖို့ မျှော်လင့်ပါတယ်"

ရှကျိုးယွီအနေနဲ့ သူ့ရဲ့လျှို့ဝှက်ချက်အားလုံးကို မဖော်ထုတ်ချင်ပေ။

ပထမဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်တော့ရော ဘာဖြစ်လဲ..တရှားတိုင်းပြည်ရဲ့ ရှင်ဘုရင်တစ်ယောက် ဖြစ်တော့ရော ဘာဖြစ်သလဲ..

သူ့အနေနဲ့ ကိစ္စတိုင်းကိုလူတိုင်းကို ထုတ်ပြရမှာလား.. သေရမယ်ဆိုရင်တောင် လျှို့ဝှက်ချက်ကို မလိုအပ်ဘဲ မဖော်ထုတ်ချင်ဘူး။

ထို တာအိုဘုန်းတော်ကြီးက အနည်းငယ် အံ့သြသွားဟန်ပဲ။

"ဟုတ်ပြီ ဒါဆိုရင် မင်းတာအိုပညာရှင် ရှစ်ရန်ကို ကြားဖူးလား"

ထိုလူက ပြောပြီးတာနဲ့ ခေါင်းကိုစောင်းလိုက်၏။သူ့ရဲ့မျက်နှာမှာ ဂုဏ်ပြုတဲ့ အမူအရာများ ဝင်ရောက်လာခဲ့သည်။ ရှကျိုးယွီ အနည်းငယ်အံ့သြသွားတော့၏။

ဘာလား.. ဒီဘိုးတော် လာကြွားနေတာလား..

ရှကျိုးယွီ ရိုးရှင်းစွာ ခေါင်းယမ်းပြလိုက်တော့သည်။

" ကျွန်တော် မကြားဖူးဘူး"

ထိုတာအိုပညာရှင်က အနည်းငယ် ရှက်ရွံ့သွားဟန်ပဲ။

"ကောင်းပြီ ငါက ကျန်းဖူရှန်ကော ကျန်းထန်ရှစ်နဲ့ရော ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်၊ ဒါကြောင့်မို့ ရာထူးအစဥ်လိုက် စီလိုက်မယ်ဆိုရင် ငါကမင်းအထက်က ပုဂ္ဂိုလ်ပဲ"

ထိုတာအိုပညာရှင်က အရှက်မဲ့စွာဖြင့် အထက်ပုဂ္ဂိုလ်ရာထူးကို ရယူလိုက်သည်။ ရှကျိုးယွီ ရယ်ချင်သွား၏။ ဒါပေမယ့် သူ့ရဲ့နှလုံးသားထဲက ရယ်ချင်မှုကို ထိန်းချုပ်လိုက်သည်။

"ကောင်းပါပြီ ဦးလေး...ဒါဆို အစီအရင်နဲ့ပတ်သတ်ပြီး ဘာလို့ကျွန်တော့်ကို မရှင်းပြရမှာလဲ?"

ရှကျိုးယွီ ကိုယ့်ကိုယ်ကို နှိမ့်ချ ပြောဆိုလိုက်သည်။ သူကောင်းကောင်း သိပါသည်။ သူ့အနေနဲ့ လုံလောက်တဲ့လေးစားမှု မပြထားဘူးဆိုရင် အစီအရင်ရဲ့ အဓိကအချက်ကို နားလည်နိုင်မှာ မဟုတ်ဘူး...ထို့ကြောင့် သူ့မှာ ရွေးချယ်စရာ မရှိတော့ပေ။

ရှကျိုးယွီရဲ့ အစီအစဥ်က လူတွေရဲ့နှလုံးသားကို အပိုင်သိမ်းပြီး အဓိကနေရာကို ရောက်နိုင်စေရန်ဖြစ်သည်။ ထို့နောက်မှာ စိတ်ဝိညာဥ်စွမ်းအင် စုဆောင်းတဲ့အစီအရင်အတုကို ဖန်တီးလိုက်မည်။ ဒါက သေချာပေါက် ကံကြမ္မာအမှတ် အပေါ်မှာ သက်ရောက်လာမှာပဲ။

နှင်းနဂါးတောင်ပေါ်မှာတုန်းကလိုမျိုး သူ့ရဲ့ကိုယ်ပိုင်အာဏာတစ်ခုကို တည်ဆောက်လို့ရမည်။ အဲ့ဒီနောက်ပိုင်းကျရင် တရှားတိုင်းပြည်ကို တိုက်ရိုက်ရင်ဆိုင်မည်။

ရှကျိုးယွီ ယုံကြည်ချက်ရှိစွာဖြင့် ပြုံးလိုက်တော့၏။

"ကျွန်တော်က တစ်ခြားစွမ်းဆောင်ရည်မရှိပါဘူး တာအိုပညာကိုပဲ စိတ်နှစ်ပြီး လေ့လာခဲ့တယ်။ ဒါပေမယ့်အစီအရင်နဲ့ ပတ်သတ်ပြီး ကောင်းမွန်စွာ လေ့လာခြင်းမပြုခဲ့ဘူး၊ ဒါကြောင့် သခင်ကြီး စိတ်မပျက်ဖို့ပဲ မျှော်လင့်ပါတယ်"

ရှကျိုးယွီရဲ့ နှိမ့်ချပြောဆိုမှုကြောင့် ထိုသခင်က ကျေနပ်သွားဟန်ရှိသည်။

"ကောင်းပါပြီ မင်းတို့လိုလူငယ်တွေကို လမ်းပြပေးရတာက ငါတို့တာအိုဂိုဏ်းရဲ့ရိုးရာ တစ်ခုပဲ။ ဦးလေးသေချာပေါက် သင်ပေးမှာပါ၊ တူတောင်မောင်သာ ကြိုးစားပြီး လေ့လာခဲ့မယ်ဆိုရင် သေချာပေါက် တောက်ပတဲ့အနာဂတ်တစ်ခုကို ရရှိလိမ့်မယ်။ ဟုတ်ပြီလား”

ထိုအချိန်မှာ မြို့နယ်အုပ်ချုပ်ရေးမှူးယန် အနည်းငယ်စိတ်မရှည်လာပုံပဲ။

သူကမနေနိုင်စွာ ချောင်းဟန့်လိုက်တော့သည်။

"အဟမ်း ကျုပ်တို့စကားပြောလို့ ပြီးပြီဆိုရင် လိုရင်းကိစ္စကို ဆောင်ရွက်ကြတော့မလား။ အပြင်မှာလည်း သတင်းတွေထွက်နေတယ်၊ မြို့ထဲက ပြည်သူတွေတောင် သတိထားမိနေကြပြီ”

“အချိန်တစ်ခုအတွင်းမှာပဲ အရာရှိတွေလည်း ဒါကိုရှာတွေ့သွားလိမ့်မယ်၊ ကျုပ်တို့သာ အစိီအရင်ကို ပြီးမြောက်အောင် မလုပ်ထားမိလို့ စိတ်စွမ်းအင်ကျောက်တုံးတွေကိုလည်း အချိန်မှီ မဖန်တီးနိုင်ဘူးဆိုရင် အထက်ပုဂ္ဂိုလ်တွေကို ဘယ်လိုတင်ပြရတော့မှာလဲ"

တစ်ကယ်တော့ မြို့နယ်အုပ်ချုပ်ရေးမှူးယန်က ဒီကိစ္စနဲ့ပတ်သတ်ပြီး ပိုက်ဆံထပ်သုံးရန် တွေးထားခဲ့သည်။ ရတနာတစ်ချို့ကို အဆင့်မြင့်အရာရှိတွေကို လာဘ်ထိုးလိုက်ပြီး ဒီကိစ္စကို ပိတ်ပင်လိုက်မည်ဟု ကြံစည်ထား၏။

ဒါပေမယ့် ကူညီသူတစ်ယောက် ရောက်လာပြီးနောက်မှာ သူ့ရဲ့အကြံအစည်က ပြီးဆုံးသွားခဲ့သည်။ သူ့အနေနဲ့ ပိုက်ဆံအများကြီး မဖြန်းတီးချင်ခဲ့ဘူး။

စိတ်ဝိညာဥ်စုဆောင်းတဲ့ အစီအရင်ကိုသာ အမြန်ဆုံးတည်ဆောက်နိုင်ပြီး စိတ်ဝိညာဥ်ကျောက်တုံးတွေကို ဖန်တီးနိုင်မယ်ဆိုရင် သူသေချာပေါက် ချမ်းသာလာလိမ့်မည်။

ဒါကြောင့်ပဲ တာအိုပညာရှင်ရှစ်ရန်နဲ့ အတူဒီနေရာမှာ အစီအရင်ဖန်တီးဖို့ သဘောတူလိုက်တာ ဖြစ်သည်။

ဒါပေမဲ့ အစီအရင်က အဆင့်တစ်ခုမှာ ရှေ့ဆက်မတက်နိုင်ဘူးဖြစ်နေလေ၏။

ထိုအချိန်မှာ ဖူမဲ့က ရုတ်တရက်ပေါ်လာပြီး ကူညီပေးနိုင်ကြောင်း ကမ်းလှမ်းခဲ့သည်။ ထို့ကြောင့် အုပ်ချုပ်ရေးမှူး ယန် စမ်းသပ်ချင်ခဲ့သည်။

တာအိုပညာရှင် ရှစ်ရန်က အရှေ့ကနေ ဦးဆောင်ပြီး ရှကျိုးယွီကို ခေါ်သွားလိုက်သည်။ ဒီလိုနဲ့ပဲ ကျယ်ပြန်တဲ့ အစီအရင်တည်နေရာကို ရောက်ရှိလာခဲ့သည်။ စိတ်ဝိညာဥ်စွမ်းအင်ကိုစုဆောင်းနိုင်တဲ့ အစီအရင်စာရွက်တွေကို မြေပြင်ပေါ်မှာ ပုံစံခွက်ဖော်ရင်း ကပ်ထား၏။

အစီအရင် ဗဟိုချက်လေးချက်တွင် တာအိုပညာရှင်များ ရပ်နေကာ မန္တန်များ ရွတ်ဆိုနေကြသည်။ ဒါပေမယ့် အနီးကပ်လေ့လာပြီးနောက်မှာ ရှစ်ရန်ရဲ့ စွမ်းရည်က ကျန်းဖူရှန်ထက် အနည်းငယ် နှိမ့်ကျနေသေးတာကို ရှကျိုးယွီ တွေ့သွားခဲ့သည်။

အစီအရင်ရဲ့ ပမာဏက သေးငယ်ရုံသာမကဘဲ အကျိုးရလဒ်အပိုင်းမှာလည်း နိမ့်ကျ၏။

"အကယ်လို့ အစီအရင်သာ ပြီးမြောက်သွားမယ်ဆိုရင် တစ်နေ့မှာ စိတ်ဝိညာဥ်ကျောက်တုံး ဘယ်လောက်ထုတ်ယူနိုင်မလဲ”

ရှကျိုးယွီ ပုံမှန်လိုပဲ မေးလိုက်သည်။ ထိုနှစ်ယောက်က အကြည့်ချင်ဖလှယ်သွား၏။ သူတို့နှစ်ယောက်ရဲ့ မျက်လုံးထဲမှာ အရှက်ရနေဟန် ရှိနေသည်။

"အမ် တွက်ချက်မှုသာမှန်မယ်ဆိုရင် တစ်နေ့ကို စိတ်ဝိညာဥ်ကျောက်တုံး ၁၀၀ ထုတ်လုပ်နိုင်လိမ့်မယ်"

တာအိုပညာရှင် ရှစ်ရန်ရဲ့ မျက်နှာတွင် အရှက်ရမှုများ မထိန်းနိုင်အောင် ဝင်ရောက်နေခဲ့သည်။

စိတ်ဝိညာဥ်ကျောက်တုံး ၁၀၀ က သိုင်းလောကမှာတော့ အထင်ကြီးစရာ ပမာဏတစ်ခုဖြစ်သည်။ ဒါပေမယ့် သူတို့လိုမျိုး မြင့်မားတဲ့ တာအိုဂိုဏ်းတစ်ခုနဲ့ နှိုင်းယဥ်လိုက်မယ်ဆိုရင် ထိုပမာဏက ကြီးမားတဲ့ ခြင်းတောင်းထဲကို ရေတစ်စက် ပြုတ်ကျသလိုမျိုး သေးငယ်လှ၏။

မူလက ကျန်းဖူရှန်နဲ့အတူ စီစဥ်ခဲ့တဲ့ အစီအစဥ်အရဆိုရင် တစ်ရက်ကို ကျောက်တုံး ၃၀၀၀ နီးပါးထုတ်လုပ်ပေးနိုင်၏။ ဒါပေမယ့် သူကိုယ်တိုင်ဖန်တီးချိန်မှာ ကွာခြားချက်က ကြီးမားလာခဲ့သည်။

ရှကျိုးယွီပင်အနည်းငယ် ပူပန်သွား၏။

ဒါတော့ မဟုတ်သေးဘူး..

"ဒီအစီအရင်ရဲ့ ထုတ်ပေးနိုင်တဲ့ ပမာဏက မလုံလောက်ဘူးဆိုမှတော့ သခင်ကြီးတို့အနေနဲ့ နောက်ထပ်အစီအစဥ်များ စဥ်းစားမိသေးလား။ ကောင်းမွန်တဲ့ အစီအစဥ်ရှိရင် ကျောက်တုံးထုတ်လုပ်မဲ့ ပမာဏလည်း တက်လာလိမ့်မယ်”

ရှကျိုးယွီအနေနဲ့ ဒီကိစ္စကို မကျေနပ်စရာလား.. ဒါပေမယ့် ရှကျိုးယွီရဲ့ စကားကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးယန်နဲ့ တာအိုပညာရှင် ရှစ်ရန် အချင်းချင်း အကြည့်ဖလှယ်လိုက်ကြသည်။

"ဒီကိစ္စကိုနောက်မှ ဆွေးနွေးရအောင် အခုအလျင်လိုဖို့ မလိုအပ်သေးဘူး”

တစ်ဖက်လူရဲ့ ထူးဆန်းစွာ ပြောဆိုလာမှုကြောင့် ရှကျိုးယွီ ချက်ချင်း မေးခွန်းထုတ်လိုက်သည်။

"ဒါပေမဲ့ အဖြေကရှင်းပြီးသားလေ။ စုပ်ယူတဲ့ စိတ်ဝိညာဥ် စွမ်းအင် ပမာဏများရင် ထုတ်လုပ်တဲ့ ကျောက်တုံးလည်း များသွားမှာ မဟုတ်ဘူးလား”

တာအိုပညာရှင် ရှစ်ရန်က ရှည်လျားတဲ့ သက်ပြင်းရှည်ကြီးကို ချလိုက်တော့သည်။

"အမှန်အတိုင်း ပြောရမယ်ဆိုရင် ငါနဲ့မင်းရဲ့ အုပ်ချုပ်ရးမှူးယန်က ဒီအစီအရင်အတွက် စိတ်ဝိညာဥ်ကျောက်တုံး ၂၀၀၀ နီးပါး ရင်းထားခဲ့တယ်”

“ဒါပေမယ့် သိပ်ပြီးအကျိုးထူးမလာခဲ့ဘူး၊ ဒါတောင်မှ မြို့နယ်အုပ်ချုပ်ရေးမှူးက နှစ်စဉ်နှစ်တိုင်း ငွေတုံးများစွာ ပို့ပေးခဲ့သေးတယ်"

ရှကျိုးယွီအနည်းငယ် အံ့သြသွားခဲ့သည်။ ဒါဆိုရင် ဒီကကိစ္စ ပိုပြီးငွေကုန်ကြေးကျများတာလား…

“ဘာလဲ ခင်ဗျားတို့က အလှူဋ္ဌာန ဖွင့်ဖို့ ကြိုးစားနေကြတာလား”

ရှကျိုးယွီက ကဲ့ရဲ့လိုက်တော့၏။ သူ့ရဲ့စူးရှတဲ့ စကားတွေက ထိုသူနှစ်ယောက်ရဲ့ နှလုံးသားကို ဖောက်ထွင်းသွားခဲ့သည်။

"မင်းဘာတွေပြောနေတာလဲ။ မင်းရဲ့ဦးလေးကို အထင်မသေးစမ်းနဲ့"

ရှစ်ရန် အလွန်ဒေါသထွက်သွားပုံပဲ။

"ဒါက ကျုပ်တို့ရဲ့ အစဦးရင်းနှီးမှုပါ။ အစီအရင်သာ ပြီးမြောက်သွားမယ်ဆိုရင် ကျုပ်တို့တွေ ပိုက်ဆံပြန်ရမှာ၊ အနာဂတ်မှာ အချီကြီး ပြန်ရလာမှာပါဟ”

“အခုမင်းအတွက် အသင့်တော်ဆုံးအချိန်ပဲ မင်းသာ အခုမပူးပေါင်းဘဲ အောင်မြင်မှ လာ ပူးပေါင်းမယ်ဆိုရင် ဒီလိုမျိုး လွယ်ကူမှာ မဟုတ်တော့ဘူးနော်"

တာအိုပညာရှင်ရှစ်ရန်က ကောင်းမွန်တဲ့ လူတစ်ယောက်လိုမျိုး သရုပ်ပြထားမှတော့ မြို့တော်အုပ်ချုပ်ရေးမှူးယန်က ဆိုးဝါးတဲ့ သူတစ်ယောက်အနေနဲ့ ဆွဲဆောင် ပြောဆိုရတော့သည်။

ဒါက ရေရှည်အစီအစဥ်တစ်ခုပဲလေ..

ရှကျိုးယွီ ခေါင်းငြိမ့် ပြလိုက်တော့သည်။

"ကောင်းပြီ။ အကယ်လို့ ကျွန်တော့်မှာသာ အစီအရင်တိုးမြင့် နိုင်တဲ့ နည်းလမ်းရှိတယ်လို့ ပြောရင် ခင်ဗျားတို့ယုံမှာလား”

……..

All Chapters