← Chapters

အဖိုးသတ်ပေးမယ်

Vol. 17 Ch. 237

အဖိုးသတ်ပေးမယ်

Vol. 17 Ch. 237

“ အစီအရင်ကို ဆယ်ဆမြင့်တက်သွားအောင် ကျွန်တော်ကူညီပေးနိုင်တယ်”

"ဆယ်ဆဟုတ်လား"

အုပ်ချုပ်ရေးမှူးယန် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ့ရဲ့ပုံစံက အလွန်အံ့သြနေဟန်ပဲ။

စိတ်ဝိညာဉ်စွမ်းအင်စုဆောင်းတဲ့ အစီအရင်က သာမန်အစီအရင်တစ်ခုမဟုတ်ပေ။ ရှုပ်ထွေးတဲ့အဆင့် များစွာပါဝင်၏။ အောင်မြင်စွာဖန်တီိးချင်ရင် တတိယအဆင့် ကျင့်ကြံသူတစ်ယောက်သာ ဖန်တီးနိုင်လိမ့်မည်။

ရှစ်ရှန် ချက်ချင်းပဲ သံသယ မျက်လုံးများနဲ့ ရှကျိုးယွီကို စစ်ဆေးလိုက်၏။

ရှကျိုးယွီရဲ့ ပုံစံက ချီစွမ်းအင်ပေါများတဲ့ သိုင်းသမားတစ်ယောက်နဲ့သာ ဆင်တူပြီး တာအိုပညာရှင်လိုမျိုး နက်ရှိုင်းတဲ့ ခံစားချက်ကို မပေးစွမ်းနိုင်ပေ။ ထို့ကြောင့် မနေနိုင်စွာ မေးလိုက်တော့၏။

“ဒီကလူငယ်ကငယ်ရွယ်တဲ့အပြင် အကြွားလည်း တယ်သန်တာပဲ။ ငါ့ရဲ့စတုတ္ထအဆင့်ကျင့်ကြံမှုနဲ့တောင်မှ ဒီစိတ်ဝိညာဉ်စွမ်းအင် စုဆောင်းတဲ့အစီအရင်ကို အကြမ်းဖျင်းပဲဖန်တီးနိုင်ခဲ့တယ်။ ဒါတောင်မှဒီအစီအရင်ရဲ့ အကျိုးကျေးဇူးကို ၇၀ရာခိုင်နှုန်းတောင် အပြည့်အဝ အာမခံချက်မပေးရဲဘူး။ ဒါကိုမင်းကဆယ်ဆတိုးအောင် လုပ်ပေးမယ်ပြောခဲ့တယ်။ ဘယ်လိုသတ္ထိနဲ့ပြောရဲတာလဲ"

ရှကျိုးယွီအနေနဲ့ ထိုမေးခွန်းကိုမျှော်လင့်နေခဲ့တာပင်။ ချက်ချင်းပဲ သူ့ရဲ့ဘယ်ဘက်လက်ဖဝါးကို ဖြန့်ပြလိုက်သည်။ နတ်ဘုရားစာရင်းစာချုပ် ထွက်ပေါ်လာလေ၏။ နတ်ဘုရားစာရင်းစာချုပ်ကို ဝန်းရံထားတဲ့ ရွှေရောင်အလင်းတန်းကြောင့် ရှကျိုးယွီရဲ့ အရှိန်အဝါသည် လွန်စွာမြင့်တက်သွားခဲ့သည်။

မကြာခင်မှာ ရှစ်ရန်နဲ့ဆင်တူတဲ့ အဆင့်လေး ကျင့်ကြံသူတစ်ယောက်ရဲ့ အရှိန်အဝါကို ဖော်ထုတ်ပြလိုက်လေ၏။

သူတို့နှစ်ယောက်လုံးအံ့သြသွားတော့သည်။

"ဒါဘယ်လိုရတနာလဲ။ ဒီလိုကြောက်ဖို့ကောင်းတဲ့ အစွမ်းကိုပိုင်ဆိုင်ထားတယ် ဆိုမှတော့ သေချာပေါက်မရိုးရှင်းနိုင်ဘူး"

သူတို့မျက်လုံးထဲမှာ အထင်သေးမှုတို့ မရှိတော့ဘဲ ကြောက်ရွံ့မှုတို့ အစားဝင်ရောက်လာလေရဲ့။

ရှကျိုးယွီဘက်က အဆင့်လေး ကျင့်ကြံသူ အရှိန်အဝါကို ဖော်ထုတ်နိုက်ခဲ့သည်။ အုပ်ချုပ်ရေးမှူးယန်က ဉာဏ်များတဲ့ ရုံးတော်အမတ်ဆိုရင် တာအိုပညာရှင်ရှစ်ရန်က သိုင်းလောကအတွင်းကို အရည်ကျိုသလောက်လို နှံ့စပ်အောင် လည်ပတ်ခဲ့တဲ့ သူတစ်ယောက်ပဲ။ ရန်သူကို မလိုအပ်ဘဲ အထင်သေးမိရင် အရေးနိမ့်နိုင်မှန်း သူတို့နှစ်ယောက်လုံး ကောင်းမွန်စွာ နားလည်ကြသည်။

"ငါတို့မိတ်ဆွေလေးက ဒီလောက် ထူးချွန်မှတော့ ငါဘာမှ မပြောလိုတော့ပါဘူး”

တာအိုပညာရှင်ရှစ်ရန်ရဲ့ အခေါ်အဝေါ်က ချက်ချင်း ပြောင်းလဲသွားခဲ့သည်။

…..

ထျန်းလင်ဂိုဏ်းသည် ချီကျို့နယ်မြေတွင် တည်ရှိသည်။ ရှေးအချိန်တုန်းက ချီကျို့နယ်မြေက ထူးကဲတဲ့နယ်မြေတစ်ခုပဲ။ အဲဒီမှာရှိတဲ့လူတွေက ထူးချွန်ကာလှပကြသည်။ ထို့အပြင်အဲဒီနေရာက နယ်မြေကြီးတစ်ခုလုံးရဲ့ စိတ်ဝိဉာဥ်စွမ်းအင် ဗဟိုချက်ဟုခေါ်ဆိုနိုင်သည်။ စိတ်ဝိဉာဥ််စွမ်းအင် ပေါများတဲ့နေရာတစ်ခုဖြစ်တဲ့အတွက် ကမ္ဘာပေါ်မှာရှိတဲ့ ရှင်ဘုရင်တွေအားလုံး လိုချင်တပ်မက်နေတဲ့ နေရာတစ်ခုလည်းဖြစ်သေးသည်။

အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ လီယုဟန်က လမ်းတလျှောက်မှာ တိတ်တဆိတ် သွားလာနေခဲ့သည်။ တင်းကျပ်စွာ စည်းနှောင်ထားတဲ့ ခါးစည်းကြောင့် သူမရဲ့သိမ်သွယ်တဲ့ ခါးကို အထင်းသာမြင်နေရ၏။ သူမရဲ့လှပတဲ့ကောက်ကြောင်းက လမ်းတလျှောက်ရှိ ယောက်ျားသားများရဲ့ အာရုံကိုဆွဲဆောင်နိုင်ခဲ့သည်။ ဒါပေမဲ့ စိတ်ဝိညာဥ်စွမ်းအင် ကျောက်တုံးများစွာနဲ့ စီခြယ်ထားတဲ့ သူမရဲ့ မြင်းကြောင့် ဘယ်ယောက်ျားမှ မချဥ်းကပ်ရဲပေ။

ဒီလိုနဲ့ပဲ လီယုဟန် အရာအားလုံးကို လျင်မြန်စွာ ကျော်ဖြတ်ရင်း ဝင်ပေါက်မှာ စစ်ဆေးမှု ခံယူလိုက်သည်။ ထို့နောက်မှာ ဂိုဏ်းစံအိမ်သို့ တိုက်ရိုက်သွားခဲ့ပြီး အဖိုးဖြစ်သူ လီပဟန်နဲ့ တွေ့ဆုံခဲ့သည်။

အလွန်ကြီးမားတဲ့ ခန်းမကြီးကို မဲနက်နေတဲ့ထောက်တိုင်ကြီးများက ထောက်ပံ့ပေးထားသည်။ ထိုခန်းမရဲ့ခေါင်မိုးက အလွန်မြင့်မားသောနေရာတွင် တည်ရှိသည်။ အမှောင်ထုရဲ့ ထိတွေ့ခြင်းမခံထားရသလိုမျိုး နေရာတစ်ခုလုံးက ခမ်းနားလှသည်။ အပြင်ဘက်ရော အတွင်းဘက်ရောကို ဖောက်မြင်နိုင်ရုံတင်သာမကဘဲ နေရာတိုင်းမှာ သိမ်မွေ့တဲ့ တာအိုအရှိန်အဝါကို ခံစားနိုင်၏။

"ဂိုဏ်းခွဲခေါင်းဆောင် တပည့်လီယုဟန်က သတင်းတင်ပြတဲ့နေရာမှာ နောက်ကျခဲ့ပါတယ်။ ခေါင်းဆောင် ကျွန်မကိုအပြစ်ပေးပါ"

လီယုဟန် အရိုအသေပေးနေရင်း နှင်းနဂါးတောင်ပေါ်က နေ့ရက်တွေကို ပြန်လည် စဥ်းစားမိသွားသည်။ သူမရဲ့ နှလုံးသားထဲမှာ ခံစားချက်များ ရောထွေးလာတော့၏။ နာကျင်မှုတွေ၊ မျက်ရည်တွေကို ကျော်ဖြတ်ရင်း နောက်ဆုံးတော့ သူမရဲ့ အိမ်ဖြစ်တဲ့ ထျန်းလင်ဂိုဏ်းကို ပြန်ရောက်လာနိုင်ခဲ့ပြီ။ ဒီထျန်းလင်ဂိုဏ်းက သူမမွေးကတည်းက နေထိုင်ခဲ့တဲ့နေရာဖြစ်ပြီး သူမအဖိုးရှိတဲ့ အိမ်ဖြစ်သည်။

"လီယုဟန် မင်းဘာလို့ အရမ်းယဥ်ကျေးနေတာလဲ။ ဘာလဲ။ ဒီအဖိုးကို သမီးတောင်အောက်မှာ ကြုံခဲ့ရတာတွေ မပြောတော့ဘူးလား”

ဆေးလုံးမီးပေါင်းဖိုရဲ့ အနောက်ကနေ ဆံပင်ဖြူဖြူ၊ မုတ်ဆိတ်မွှေးဖြူဖြူနဲ့ လူအိုတစ်ဦးထွက်ပေါ်လာ၏။ အခန်းထဲမှာရှိနေတဲ့ စိတ်ဝိညာဉ်စွမ်းအင်ကျောက်တုံးတွေရဲ့ အဆီအနှစ်တွေက ထိုပုဂ္ဂိုလ်ရှိရာကို စုဝေးသွားခဲ့သည်။ ခန်းမတစ်ခုလုံးရဲ့ အရှိန်အဝါက ပိုမိုသိမ်မွေ့လာသလိုပဲ။

အဖိုးဖြစ်သူရဲ့ စကားကြောင့် လီယုဟန်ရဲ့ နှလုံးသားတစ်ခုလုံး တင်းကြပ်လာခဲ့သည်။ သူမချက်ချင်းပဲ ငိုကြွေးတော့မတက်ဖြစ်လာ၏။

"အဖိုး၊ သမီးစိတ်မရှည်ခဲ့ဘူး။ သမီး သတင်းမစုံစမ်းနိုင်ခဲ့ပါဘူး”

ထို့နောက်မှာ ရင်ထဲက ခံစားချက်တွေကို မထိန်းနိုင်စွာဖြင့် လီယုဟန်ရဲ့ လှပတဲ့မျက်နှာထက်ကို မျက်ရည်တစ်ကြောင်း စီးကျသွား၏။

ချက်ချင်းပဲ လီပဟန် အနားရောက်လာကာ မြေးဖြစ်သူကို နှစ်သိမ့်လိုက်သည်။ သူမရဲ့ ငိုကြွေးနေပုံက သူ့ရင်ကိုပါ နာကျင်စေပါသည်။

"အဖိုးရဲ့မြေးမလေးကို ဘယ်သူကများ ဒေါသထွက်အောင်လုပ်ခဲ့တာလဲ။ အဖိုးကိုပြော၊ အဖိုးချက်ချင်း တောင်အောက်ဆင်းပြီး ဓားနဲ့ခုတ်ပေးမယ်”

လီပဟန်ရဲ့ စကားက သာမာန်ဂိုဏ်းတွေရဲ့ ဂိုဏ်းအကြီးအကဲတွေလိုမျိုး မြွေခွေအိုးတစ်ယောက်နဲ့ မတူဘဲ အဖိုးတစ်ယောက်ရဲ့ မြေးဖြစ်သူအပေါ် ကြင်နာခြင်းများနဲ့ ပြည့်နေခဲ့သည်။

လီယုဟန်ရဲ့ နှာခေါင်းကထိန််းမရတော့ပေ။ သူမရင်ထဲက ခံစားချက်တွေကို အတင်းအကျပ် ထိန်းချုပ်လိုက်ပြီး နူးညံ့စွာပြောလိုက်တော့သည်။

"အဖိုး တစ်ကယ်တော့လေ..."

ဒီလိုနဲ့ပဲတောင်အောက်မှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်အားလုံးကို လီယုဟန်ပြောပြခဲ့သည်။ တစ်ကယ်တော့ သူမက ရှကျိုးယွီနဲ့ အချိန်ပိုဖြုန်းချင်ခဲ့၏။

နတ်ဘုရားစာရင်းစာချုပ်နဲ့ ပတ်သက်တဲ့အချက်ကလွဲလို့ အကုန်လုံးကို ပြောပြခဲ့သည်။ သူမရဲ့မျက်နှာက မကျေနပ်ချက်တို့ ပြည့်နေသလိုပဲ။ ရန်သူတစ်ယောက်ကို ဖော်ပြနေသလိုမျိုး ခံစားချက်များ ပြည့်နှက်နေခဲ့သည်။

လီပဟန် လက်နောက်ပစ်ထားရင်း မြေးဖြစ်သူရဲ့ဇာတ်လမ်းကို စိတ်ရှည်စွာနားထောင်နေလေ၏။ သူ့ရဲ့မျက်နှာထက်မှာ စနောက်လိုတဲ့ အရိပ်အယောင်တစ်ချို့ ဖြစ်ပေါ်လာခဲ့သည်။ ထို့နောက်မှာ ဒေါသအတုအယောင်နဲ့ အနောက်မှာချိတ်ဆွဲထားတဲ့ ကြာပွတ်ကိုယူလိုက်ပြီး ဒေါသတကြီးပြောလိုက်၏။

"အဲဒီတရှားဘုရင်က အရည်အချင်းမပြည့်မှီလိုက်တာ။ ရိုင်းလည်းရိုင်းစိုင်းသေးတယ်။ အသုံးမကျရုံတင်မကဘူး။ ဒီအဖိုးရဲ့တန်ဖိုးထားရတဲ့ မြေးမကိုတောင်မှ လိမ်ညာသေးတယ်ပေါ့။ အဖိုးသေချာပေါက် တောင်အောက်ဆင်းပြီး ဓားတစ်ချက်နဲ့ အဆုံးသတ်ပေးမယ်”

ဒီလိုနဲ့လီပဟန် ချက်ချင်းပဲ ထွက်ခွာဖို့ပြင်လိုက်သည်။ လီယုဟန် အလျင် အမြန် တားမြစ်ရတော့၏။ လီပဟန်ရဲ့ တာအိုဝတ်ရုံစကိုဆွဲထားရင်း အသည်းအသန်အော်ဟစ် လေတော့သည်။

" မဟုတ်ဘူး မဟုတ်ဘူး အဖိုး..။ အကယ်လို့ သူ့ကိုသတ်ရမယ်ဆိုရင်တောင်မှ မြေးကိုယ်တိုင်ပဲလုပ်မယ်။ ဒါကြောင့် အဖိုးတောင်အောက်ဆင်းပြီး အလုပ်ရှုပ်မခံပါနဲ့။ အဲ့ဒီသားရဲက မထိုက်တန်ဘူး”

အဖြူရောင် မျက်ခုံးမွေးအောက်က စူးရှတဲ့မျက်လုံးတစ်စုံက လီယုဟန်ကို စိုက်ကြည့်လာလေရဲ့။

သူမ ချက်ချင်းပဲ အပြစ်ရှိစိတ် ခံစားလိုက်ရသည်။

“အဖိုး၊ သမီးပြောမယ်။ အခုအဖိုး ဒေါသထွက်နေတယ်မလား။ ဒီလိုဆိုရင်ကော။ သမီးကိုနောက်ထပ် တာဝန်တစ်ခုပေးလေ။ အဲ့ဒီတာဝန်နဲ့ တောင်အောက်ဆင်းရင်း အခွင့်အရေးရှာပြီး သူ့ကိုတောင်ပေါ် ခေါ်ခဲ့လိုက်မယ်။ ဒါဆို သမီးတို့ပိုင်နက်ထဲမှာ အဖိုးကြိုက်သလို အပြစ်ပေးလို့ရပြီ”

မြေးဖြစ်သူရဲ့ ငယ်ရွယ်တဲ့ အတွေးအခေါ်ကို လီပဟန် ကောင်းမွန်စွာ နားလည်၏။ သူမရဲ့ စကားလုံးတွေက မုန်းတီးသလို ဖြစ်နေပေမယ့် ကြားထဲက ပြင်းအားကို ဒီအဖိုးကြီးက ရှာမတွေ့စရာလား။ အကယ်လို့ မြေးဖြစ်သူဘက်က ခံစားချက်လုံးဝ မရှိပါဘူးလို့ တိုက်ရိုက်ငြင်းလာခဲ့ရင်တောင် ဟွမ်ပထျန်း ယုံမည်မဟုတ်ချေ။

ထိုအချိန်မှာပဲ လီယုဟန်က သူမရဲ့ မျက်ဝန်းရွှဲကြီးများကို ထုတ်သုံးလာခဲ့သည်။

“လုပ်ပါအဖိုး သမီးကို နောက်ထပ်တာဝန် ပေးပါလို့”

လီပဟန် ပြုံးသွားပြီးမှ ခပ်တည်တည်ပြောလိုက်သည်။

“ ကောင်းပြီ။ တရှားတိုင်းပြည်ရဲ့ ကျိကျီမြို့နယ်အတွင်းမှာ စိတ်ဝိညာဥ်စွမ်းအင် ကျောက်တုံးဖန်တီးနေပုံပဲ။ မြေးသွားစုံစမ်းလိုက်ပါ”

လီယုဟန် အံ့သြသွားတော့သည်။

“ စွမ်းအင်ကျောက်တုံး ဟုတ်လား”

……

ထိုအချိန်တွင် ရှကျိုးယွီကလည်း အစီအရင်ကို အသေးစိတ် စစ်ဆေးနေခဲ့သည်။

"ဒီတော့ အစီအရင်က မပြီးပြည့်စုံသေးဘူး။ ခင်ဗျားတို့ ရတနာတစ်ခုခုနဲ့ ထောက်ပံ့ဖို့ မတွေးမိဘူးလား”

ရှကျိုးယွီ ချက်ချင်းပဲ အဓိက အချက်ကို ထုတ်ပြောလိုက်သည်။ ထိုစကားကို ရှစ်ရန်က အနည်းငယ်ရှက်ရွံ့ဟန်ဖြင့် ပြန်လည် တုံ့ပြန်လာလေရဲ့။

"မှန်တယ်။ အဲဒီ့ရတနာကို ချီစွမ်းအင်စုဆောင်းတဲ့ ပစ္စည်းလို့ခေါ်တယ်။ အဲ့ဒါကတာအိုဂိုဏ်းရဲ့ ရတနာတစ်ခုပဲ။ တာအိုပညာရှင်တွေရဲ့ ခွင့်ပြုချက်သာမရဘူးဆိုရင် အဲ့ဒါကိုယူလို့မရဘူး"

ရှကျိုးယွီ ချက်ချင်းပဲ တွေးမိသွားခဲ့သည်။

ဒီရှစ်ရန်က တာအိုရတနာတစ်ခုကိုတောင် မယူနိုင်ဘူး။ သူက တာအိုဂိုဏ်းမှာ လွှမ်းမိုးနိုင်စွမ်းရော ရှိရဲ့လား?

ကောင်းရော၊ တစ်ယောက်က သေးငယ်တဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ တစ်ယောက်က အာဏာမရှိတဲ့ တတ်ယောင်ကန်း တာအိုဘုန်းကြီး..

ဒီနှစ်ယောက်နဲ့ ငါ့ရဲ့အစီအစဥ်ကတော့ ခဲယဥ်းတော့မှာပဲ။

………

All Chapters