မစောင့်နိုင်တော့ဘူး
Vol. 17 Ch. 238
“ဒါဆိုရင် ခင်ဗျားမှာ ချီစွမ်းအင် စုဆောင်းတဲ့ ကျောက်တုံးကို ရယူနိုင်တဲ့ နည်းလမ်းရှိလား”
ရှကျိုးယွီ မသိချင် ယောင်ဆောင်ကာ မေးလိုက်၏။
ထိုမေးခွန်းကြောင့် မျက်စိရှေ့က ပုဂ္ဂိုလ်က အံ့ဩသွားဟန်ပဲ။ မြို့နယ်အုပ်ချုပ်ရေးမှူးယန်နဲ့ တာအိုပညာရှင်ရှစ်ရန်သည် အချင်းချင်း အကြည့်ချင်းဖလှယ် လိုက်ကြသည်။
“မရှိဘူး”
သေချာပေါက်ကို ရှကျိုးယွီရဲ့ ခန့်မှန်းချက်က မှန်ကန်ခဲ့၏။ ဒီနှစ်ယောက်က ကျန်းဖူရှန် ဖန်တီးခဲ့တဲ့ အဆင့်မြင့် စိတ်ဝိညာဉ်စွမ်းအင် စုဆောင်းတဲ့ အစီအရင်ကို မနာလိုပြီး အတုအယောင် ဖန်တီးကြတဲ့ သူတွေပဲ။ သူတို့အနေနဲ့ ဘာပညာရပ်မှ မသိကြသလို ဘာအာဏာမှလည်း မရှိဘူး။
တစ်ကယ်တော့ ချီစွမ်းအင် စုဆောင်းတဲ့ ကျောက်တုံးကို အသုံးပြုမယ်ဆိုရင်တောင်မှ ထိုကျောက်တုံးကို ကြားခံ ပစ္စည်းတစ်ခု အနေနဲ့သာ အသုံးပြုနိုင်မည်။ ထျန်းလင်ဂိုဏ်းလိုမျိုး စိတ်ဝိညာဉ်စွမ်းအင် ကျောက်တုံးကို ဖန်တီးချင်ရင် ကံကြမ္မာအမှတ်များကို စုပ်ယူဖို့ လိုအပ်သည်။ ကျန်းဖူရှန်ရဲ့ ကျွမ်းကျင်အရည်အချင်းကြောင့်သာ ကံကြမ္မာအမှတ်တစ်ချို့ကို စုပ်ယူနိုင်ခဲ့သည်။ ထို့ကြောင့် ကျန်းဖူရှန် ဖန်တီးတဲ့ အစီအရင်က တရှားတိုင်းပြည်ရဲ့ ကံကြမ္မာအမှတ်ကို ယုတ်လျော့စေခဲ့၏။
ထို့ကြောင့်ပဲ ရှကျိုးယွီ စိတ်ဝင်စားခဲ့ရသည်။ ကံကြမ္မာ အမှတ်ကို ယုတ်လျော့အောင် လုပ်နိုင်သ၍ သူ့အတွက် အကျိုးမရှိဘူး။ ဒီအစီအရင်ကနေ စိတ်ဝိညာဉ်စွမ်းအင် ကျောက်တုံး အစစ်အမှန်တွေကို မထုတ်လှုပ်နိုင်ဘူးဆိုရင်တောင်မှ ကံကြမ္မာအမှတ်ကို ယုတ်လျော့အောင် လုပ်နိုင်တာနဲ့တင် သူ့အတွက် လုံလောက်ပြီ..
ထိုအချိန်မှာ မြို့နယ်အုပ်ချုပ်ရေးမှူးယန်က ကောင်းကင်ပေါ်က နေလုံးကြီးကို စိုက်ကြည့်လိုက်ပြီး ရှကျိုးယွီကို ပြောလိုက်သည်။
“ညနေစောင်းနေပြီ။ မင်းအနားယူနိုင်မဲ့ နေရာရှိသလား သခင်ဖူမဲ့။ အကယ်လို့ မရှိဘူးဆိုရင် မြို့နယ်အုပ်ချုပ်ရေးမှူး အိမ်တော်မှာပဲ ဒီတစ်ညအနားယူလို့ ရတယ်နော်။ မင်းလိုချင်တဲ့ အချက်အလက်တွေ ရအောင် ငါမကူညီနိုင်ပေမဲ့ ဘဝရဲ့အခက်အခဲတစ်ချို့ကို ဖြေရှင်းဖို့ အတွက်တော့ ကူညီနိုင်ပါသေးတယ်”
မြို့နယ် အုပ်ချုပ်ရေးမှူးယန်က တည်ငြိမ်စွာ ကမ်းလှမ်းလာခဲ့သည်။
ဒါပေမဲ့ ရှကျိုးယွီ တည်ငြိမ်နေဆဲပဲ။
“တစ်ကယ်တော့ မြို့ထဲမှာ ကျွန်တော် နေစရာ ရထားပြီးပါပြီ။ ဒါကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူး စိတ်ပူဖို့ မလိုပါဘူး။ မနက်ဖြန်ကျမှပဲ ပြန်လာခဲ့မယ်။ ပြီးမှ သတင်းစုဆောင်းဖို့ ထွက်သွားရမယ်။ ချီစွမ်းအင် စုဆောင်းတဲ့ ကျောက်တုံးနဲ့ပတ်သက်ပြီး သတင်းရခဲ့ရင် မြို့နယ် အုပ်ချုပ်ရေးမှူးယန်ကို သတင်းပေးပါ့မယ်”
ရှကျိုးယွီက ပြောပြီးတာနဲ့ တဲအတွင်းကနေ တိုက်ရိုက်ပဲ ထွက်ခွာသွားခဲ့သည်။ မြို့နယ်အုပ်ချုပ်ရေးမှူးယန်လည်း အတူထွက်ခွာခဲ့ပေမဲ့ ခြေလှမ်းတစ်ချို့အပြီးမှာ ရပ်တန့်လိုက်သည်။
ရှကျိုးယွီရဲ့ နောက်ကျောကို ကြည့်နေရင်း မြို့နယ် အုပ်ချုပ်ရေးမှူးယန်က တိတ်တဆိတ် တဲအတွင်းသို့
ပြန်ဝင်သွားခဲ့သည်။
“ဒီလူရဲ့ လာရင်းကို မသိရသေးဘူး။ ဒါပေမဲ့ သူကအစီအရင်ရဲ့ အဓိကပြဿနာကို ထုတ်ပြနိုင်ခဲ့တယ်။ တာအိုဂိုဏ်းမှာ ဒီလူနဲ့ ပတ်သက်ပြီး သခင်ကြီး ကြားဘူးသလား”
မြို့နယ် အုပ်ချုပ်ရေးမှူးယန်က ရုံးတော်အရာရှိ တစ်ယောက်ဖြစ်သည်။ သူက ဉာဏ်နီဉာဏ်နက်များပြီး ကောက်ကျစ်၏။ ရှကျိူးယွီနဲ့ ပတ်သက်ပြီး သံသယမဝင်ဘူးဆိုတာ မဖြစ်နိုင်ပေ။
တာအိုပညာရှင် ရှစ်ရန်လည်း အနည်းငယ် သံသယဝင်နေခဲ့သည်။ ဒါပေမဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးယန် ကျေနပ်စေရန် ပြောလိုက်၏။
“အဲ့ဒီလူရဲ့လာရင်းကိုမသိရပေမဲ့ သူ့မှာ အရည်အချင်း တစ်ချို့တော့ ရှိပုံရတယ်။ သူ့ရဲ့ အရည်အချင်းက ငါတို့ကို ကူညီနိုင်သ၍ ဘာလို့မကြိုးစား ကြည့်ရမှာလဲ။ ဒီအတိုင်း ရေလိုက်ငါးလိုက် နေနေလိုက်ရအောင်။ အကယ်လို့ ပြဿနာတက်လာမယ် ဆိုရင်လည်း အဲ့ဒီအချိန်ကျမှ သူ့ကို ကန်ထုတ်လည်း နောက်မကျသေးပါဘူး။ ဒါပေမဲ့ အဆင့်လေး ကျင့်ကြံသူ တစ်ယောက်ပဲ ဆိုပြီးတော့ အထင်သေးဖို့ မကြိုးစားလိုက်နဲ့။ အဲ့ဒီလူက မြင်သလောက် မရိုးရှင်းနိုင်ဘူး”
တာအိုပညာရှင်က ပြောပြီးတာနဲ့ သူ့ရဲ့ကြာပွတ်ကို ဝှေ့ယမ်းလိုက်သည်။ အစီအရင်ရဲ့ စိတ်ဝိညာဉ်စွမ်းအင်များ ရုတ်တရက် ပြင်းထန်လာ၏။ များပြားလာတဲ့ ဖိအားတွေကို မြို့နယ် အုပ်ချုပ်ရေးမှူးယန် ခံစားလိုက်ရသည်။ အချိန်တစ်ချို့ကြာမှ ပြန်အသိစိတ် ဝင်လာခဲ့ပြီး တာအိုပညာရှင် ရှစ်ရန် အနောက်က အစီအရင်ကို ကြောက်မက်ဖွယ် မျက်လုံးများနဲ့ စိုက်ကြည့်လိုက်သည်။ ထို့နောက်မှာ လေးစားစွာ ပြောလိုက်၏။
“သခင်ကြီးက ယုံကြည်ချက် ရှိနေတယ်ဆိုမှတော့ ကျုပ်ဘာမှ မပြောတော့ပါဘူး။ ကျုပ်တို့ရဲ့ ကတိစကားကိုသာ အောင်မြင်အောင်လုပ်နိုင်ပြီး ဒီအစီအရင်ကို ပြီးပြည့်စုံစွာ ဆောင်ရွက်ပေးမယ်လို့ မျှော်လင့်ပါတယ်”
ရှစ်ရန်က ဂုဏ်ယူစွာပဲ ခေါင်းငြိမ့်ပြလိုက်သည်။
“သေချာပေါက် လုပ်နိုင်မှာပါ။ မင်းလိုမျိုး သေငယ်တဲ့ သေမျိုး တစ်ယောက်ကို ငါမလှည့်စားဘူး”
ကျိကျီနန်းတော်အတွင်း ဝင်ရောက်သွားတာနဲ့ ရှကျိုးယွီက ပုံမှန်အဝတ်အစားကို ပြန်လည်ဝတ်ဆင်လိုက်သည်။ နန်းတော်အတွင်းကို လှည့်ပတ်သွားလာလိုက်၏။ ရှကျိုးယွီ နန်းတော်အတွင်း ဝင်ရောက်လာတာနဲ့ ဝေ့ကျုံးရှန့် စိတ်လှုပ်ရှားစွာ အပြေး ရောက်လာခဲ့သည်။ သူ့ရဲ့အသားတွေက တဆတ်ဆတ်တုန်ယင်နေ၏။ သူ့ရဲ့အကြည့်ထဲမှာ အလိုမကျမှု တစ်ချို့ပါဝင်နေပုံပဲ။
“အရှင်မင်းကြီး”
“အရှင်မင်းကြီး”
“ကျွန်တော်မျိုး ရူးတော့မှာပဲ။ ကျွန်တော်မျိုး အရှင်မင်းကြီးကို တစ်ရက်လုံး မတွေ့ရသေးဘူး။ ဒီကျိကျီမြို့ရဲ့ အရာရှိတွေ အားလုံးက ကျွန်တော်မျိုးကို ထိုင်ခေါင်းစားနေကြတာ။ သူတို့ရဲ့ အစေခံတောင် မှတ်နေလား မသိဘူး”
ရှကျိုးယွီ နန်းတော်ထဲကို ရောက်လာတာနဲ့ အဖော်ပြုပေးနေကြ နန်းတွင်းအစေခံလေးယောက်လည်း အတူ ရောက်ရှိလာခဲ့သည်။ ပုခုံးနှိပ်ပေးသူနဲ့ ယပ်တောင်ခပ်ပေးသူရယ် ထို့အပြင် အသီခွှာပေးနေသူတို့နဲ့ ရှကျိုးယွီရဲ့ ဘဝကသာယာ နေတော့၏။ ထို့နောက်မှာ နန်းတွင်းအစေခံမလေး လေးယောက်ရဲ့ ခစားပေးမှုကို ဇိမ်ခံနေရင်း ရှကျိုးယွီ တည်ငြိမ်စွာပြောလိုက်သည်။
“ဒီကိစ္စတွေကို ဖြေရှင်းဖို့ မင်းအချိန်တစ်ချို့ ယူလိုက်ရမှာပဲ”
ဝေ့ကျူံးရှန့်က မြှောက်ပင့်စွာ ပြုံးပြလိုက်၏။
“အရှင်မင်းကြီးသာ ဆန္ဒရှိမယ်ဆိုရင် ကျွန်တော်မျိုး နေပူထဲမှာ အကြာပြီး ရပ်နေရလည်း ကိစ္စမရှိပါဘူး။ ကျွန်တော်က အရှင်မင်းကြီးရဲ့ အစေခံပဲ။ အရှင်မင်းကြီး လိုအပ်တဲ့အတိုင်း ကျွန်တော်မျိုး ဆောင်ရွက်ပေးမှာပါ”
ဝေ့ကျုံးရှန့်ရဲ့ ပုံစံကြောင့် အနားမှာ ခစားနေတဲ့ နန်းတွင်း အစေခံများပင် စိတ်ပျက်သွားခဲ့သည်။ ရှကျိုးယွီ တစ်ယောက်သာ ရွံရှာမှုမရှိနဲ့ သဘောကျဟန် ပြခဲ့သည်။ သူ့ရဲ့လက်အောက်ခံတွေက အကျင့်ပျက်လေလေ၊ ရှကျိုးယွီ သဘောကျ လေလေပင်။
အဲ့လို ပုဂ္ဂိုလ်တွေက နှစ်ဖက်ချွန်လုပ်တဲ့ နေရာမှာ ဆရာအကျဆုံးပဲ။ အထက်လူကြီးတွေကို မြှောက်ပင့် ဖားယားတက်ပြီး သူတို့ရဲ့ လက်အောက်ခံတွေကို ကြမ်းတမ်းစွာ ပြောဆိုဆက်ဆံ တတ်သည်။ ဒီလိုလူတွေနဲ့ပဲ တိုင်းပြည်ရဲ့ ကံကြမ္မာအမှတ်ကို ဖျက်ဆီးလို့ရမှာ မဟုတ်ဘူးလား။ ကြီးမားတဲ့ မိသားစုကို ဖျက်ဆီးချင်ရင် သေးငယ်တဲ့ မိသားစုအရေးတွေနဲ့ စတင်ရမည်ဟူသော စကားပုံကို ရှကျိုးယွီ အမှတ်ရသွား၏။
“အဟမ်း ငါကိုယ်တော်ပင်ပန်းနေပြီ။ ညနေစောင်းနေပြီကို ကိုယ်လုပ်တော်ကျင်းက ငါကိုယ်တော်ကို ထွက်မနှုတ်ဆက်ဘူးလား”
ဝေ့ကျုံးရှန့်သည် သူ့ရဲ့ ပုတိုနေသော လည်ပင်းကို ဆန့်တန်းလိုက်ခါ ပတ်ပတ်လည်ကို လှည့်ပတ်ရှာဖွေတော့၏။ ထို့နောက်မှာ တောင်းပန် တိုးလျှိုးစွာဖြင့် ပြောလိုက်သည်။
“ကိုယ်လုပ်တော်ကျင်း အရှင်မင်းကြီးလည်း သိပါတယ်။ သူမက.....”
ရှကျိုးယွီ မျက်ခုံးတစ်ဖက် ပင့်သွားခဲ့သည်။
“အဲ့ဒီတော့ ဘာဖြစ်သလဲ။ ငါကိုယ်တော် သဘောကျတယ်”
အရှင်မင်းကြီးရဲ့ ဆိုလိုရင်းကို ဝေ့ကျုံးရှန့် ချက်ချင်း သဘောပေါက် သွားခဲ့သည်။ သူ့ရဲ့ မျက်နှာပေါ်က မြှောက်ပင့်တဲ့ အပြုံးက ချက်ချင်းပဲ ဒေါသအဖြစ် ပြောင်းလဲသွားပြီး အနောက်မှာရှိနေသော အစေခံတွေကို အော်ဟစ်လိုက်တော့၏။
“မင်းတို့တွေ သွားပြီးတော့ ကိုယ်လုပ်တော်ကျင်းကို ခေါ်လာခဲ့စမ်း”
“အရှင်မင်းကြီးရဲ့ ရှေ့မှာ ဘယ်လိုမိန်းမကများ မောက်မာပြီး ပြုမူရဲတာလဲ။ သူမကိုယ်သူမ ဝေ့တိုင်းပြည်ရဲ့ မြို့တော်ထဲ ရောက်နေသလိုမျိုး ထင်နေသလား”
ထိုအစောင့်တွေက ချက်ချင်းပဲ အမိန့် နာခံလိုက်သည်။ ဒါပေမဲ့ သူတို့ မသွားရခင်မှာပဲ ကိုယ်လုပ်တော်ကျင်းက ရိုးရှင်းတဲ့ ဝတ်စုံကို ဝတ်ဆင်ထားပြီး ရှကျိုးယွီရဲ့ ဘေးကို ပေါ်လာခဲ့သည်။
“အရှင်မင်းကြီး ကျွန်တော်မျိုးမကို ခေါ်ဆိုပါသလား”
ရိုးရှင်းတဲ့ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားခြင်းက ကောင်းမွန်တဲ့ အရိပ်အယောင် မဟုတ်ပေ။ နန်းတော်ထဲက လူတစ်ယောက် သေမှသာ ကိုယ်လုပ်တော်က ရိုးရှင်းတဲ့ အဖြူဝတ်စုံကို ဝတ်ဆင်ရ၏။ သူမရဲ့ လက်ရှိ အပြုအမူက လွန်စွာ မကျေနပ်ဖွယ် ကောင်းလှသည်။
ဒါပေမဲ့ ရှကျိုးယွီက သူမရဲ့ ဝတ်စုံကို ဂရုမစိုက်ဟန်ပဲ။ ကိုယ်လုပ်တော်ကျင်းကို တိုက်ရိုက်ပဲ သူ့ရဲ့လက်မောင်း အတွင်းသို ဆွဲသွင်းလိုက်၏။
“မင်းကိုယ်မင်း ဘာကြောင့် မုဆိုးမ တစ်ယောက်လိုမျိုး ခံစားနေရတာလဲ။ ငါကိုယ်တော်က မင်းကို ဝမ်းနည်းအောင် လုပ်မိသွားတာလား”
ရှကျိုးယွီက အဖက်မလုပ်စွာ မေးလိုက်၏။
ကိုယ်လုပ်တော်ကျင်းရဲ့ မျက်နှာထားသည် လွန်စွာ အေးခဲသွားခဲ့သည်။ သူမက ရှကျိုးယွီကို ဒေါသထွက်အောင် လုပ်ပြီး သေဒဏ်ပေးခံရဖို့ စီစဉ်ခဲ့တာပင်။ သူမအနေနဲ့ အသက်ရှင်နေလည်း အကျိုးမထူးတော့ဘူး။
ဒါပေမဲ့ ရှကျိုးယွီက မတူညီစွာ ပြမူလာခဲ့သည်။ ရှကျိုးယွီရဲ့ ပုံစံက လုံးဝ စိတ်ထဲမထားပုံပဲ။ သူမအတွက် ဝါဂွမ်းအိတ်တစ်ခုကို လက်သီးနဲ့ ထိုးနေရသလိုရမျိုး နှစ်ဖက်စလုံးအတွက် အကျိုးမရှိသလိုသာ ခံစားရစေသည်။
“အရှင်မင်းကြီး”
ကိုယ်လုပ်တော်ကျင်း စိတ်ဆိုးစွာ အော်ဟစ်လိုက်တော့၏။
“ရေပူစမ်းက အသင့်ပြင်ပြီး ထားပါပြီ။ အရှင်မင်းကြီး တစ်နေကုန် ပင်ပန်းနေတာ ဆိုတော့ အနားယူသင့်ပြီ။ ဒါကြောင့် အရင် ရေချိုးတော်မူပါ့လား”
“ဟုတ်တယ် ငါကိုယ်တော် ပင်ပန်းနေပြီ၊ ငါကိုယ်တော် သွားနှင့်မယ်”
ကိုယ်လုပ်တော်ကျင်းက သူမရဲ့ အစီအစဉ် ကျရှုံးတာ မြင်တာနဲ့ ဖြူဖွေးနေတဲ့ မျက်နှာနဲ့ပဲ နောက်ဆုတ်ဖို့ ပြင်ဆင်လိုက်သည်။ သူမရှကျိုးယွီ အနားမှာ ရှိမနေချင်တော့ဘူး။
ဒါပေမဲ့ ရှကျိုးယွီက သူမရဲ့ သေးငယ်တဲ့ လှည့်ကွက်တွေကို မသိစရာလား။ များစွာတဲ့ အစေခံတွေ ရှေ့မှာပဲ ကိုယ်လုပ်တော်ကျင်းရဲ့ အော်ဟစ်သံတွေကို လျစ်လျူရှုရင်း သူ့ရဲ့ပုခုံးပေါ်ကို ထမ်းတင်သွားလိုက်သည်။
“အရှင်မင်းကြီး ကျွန်မကို လွှတ်ပေး”
သူမက ငယ်ရွယ်တဲ့ မိန်းမတစ်ယောက်ပဲ။ ရှကျိုးယွီရဲ့ ရဲတင်းတဲ့ အပြုအမူတွေက ကိုယ်လုပ်တော် ကျင်းကို လွန်စွာ အရှက်ရစေခဲ့သည်။ သူမရဲ့ သေးငယ်တဲ့ လက်သီးစုပ်များက ရှကျိုးယွီရဲ့ ကျောကုန်းကို အဆက်မပြတ် ရိုက်နှက်နေ၏။ ဒါပေမဲ့ သူမရဲ့ ရိုက်နှက်ချက်က နန်းတွင်းအစေခံတွေရဲ့ နှိပ်ပေးမှုနဲ့ ဘာမှ မကွာခြားသလိုမျိုးသာ ရှကျိုးယွီ ခံစားရသည်။ သူ့အတွက် ပိုလို့ ပျော်ရွှင်ဖွယ် ကောင်းလှ၏။ ဒီလိုနဲ့ပဲ ရေပူစမ်းရဲ့ ရေပြင်သည် နောက်တစ်ကြိမ် လှိုင်းထသွားခဲ့ရသည်။
ဒါပေမဲ့ ဒီတစ်ကြိမ်မှာ ရှကျိုးယွီ ထိန်းချုပ် မနေခဲ့ဘူး။
………..