သတ္တု တန် နှစ်ရာ လောက်ရှိတယ်
Vol. 26 Ch. 351
"ဘာ..."
"တကယ်ကြီးလား..."
"လူအိုကြီးဟူက ငါ တို့ရဲ့ တာဘိုဖန် X အင် ဂျင် ရဲ့ လိုအပ်ချက်ကို ပြည့်မီနိုင်တဲ့ သတ္တု တစ်ခုကို တွေ့ရှိခဲ့တယ်ဆိုပဲ... ဒါက ဘယ်လို သတ္တုအမျိုးအစားလဲ ပြည်တွင်းဖြစ်လား ဒါမှမဟုတ် ပြည်ပက သွင်းကုန်လား ... "
လျန်ဝမ်ချန်း ခဏ သတိလက်လွတ် တွေးမိ သွားပြီးမှ အံ့အားသင့်ကာ ပြန်ဖြေလိုက် သည်။
"တကယ်လား ..ဒါဆိုရင် သတ္တု စမ်းသပ် ထားတဲ့ အစီရင်ခံစာကို ဖက်စ်ပို့လိုက်ပါ ငါ ကြည့်ချင်တယ် သူငယ်ချင်း..."
ဖုန်းချပြီးနောက် စားပွဲပေါ်က ဖက်စ်စက်က မြည်လာပြီး စမ်းသပ်မှု့ ရလဒ်ကို ဟူကျန်း ကော်က စာမျက်နှာတစ်ခုပြီးတစ်ခု ဖက်စ် ပို့လာခဲ့သည်။
ဒီ စမ်းသပ်စာရွက်တွေကို လျန်ဝမ်ချန်း တစ်ရွက်ပြီး တစ်ရွက် လှန်ကြည့်လေလေ သူ ပို အံ့ဩရလေလေဖြစ်ကာ မယုံနိုင် အောင် ဖြစ်နေမိသည်။
သူ့ မျက်နှာတစ်ခုလုံး အံ့အားသင့်မှုတွေ ပြည့်နေပြီးနောက် တဖြည်းဖြည်း အံ့ဩ ပျော်ရွှင်တဲ့ အသွင်အပြင် ပေါ်လာ၏။
"ကောင်းလိုက်တာကွာ.."
မျှော်လင့်ချက် ပျက်စီးသွားတဲ့အချိန်မှာ ဘု ရားသခင်က သူ့ကို မိုးလောက်ကြီးတဲ့ ပြ တင်းပေါက်တစ်ချပ် ဖွင့်ပေးခဲ့သည်။ဒီ သတ္တုက ပြည်ပမှ အပူချိန်မြင့်မားတဲ့ သတ္တု စပ်တွေထက် အဆပေါင်းများစွာ ပိုကောင်း နေသည်။
တာဘိုဖန် X အင်ဂျင်ရဲ့ အဓိက အစိတ် အ ပိုင်းအချို့ကို ဒီလိုပစ္စည်းသာ အသုံး ပြု မယ်ဆိုရင် အင်ဂျင်ရဲ့ စွမ်းဆောင်ရည်က သိသိသာသာ မြင့်တက်လာမှာဖြစ်ပြီး အ ထူးသဖြင့် အသုံးပြုနိုင်တဲ့ သက်တမ်းက နိုင်ငံခြား အင်ဂျင်တွေထက် သေချာပေါက် ပိုကြာရှာလာတော့မည်လေ။
"ကောင်းလိုက်တာ"
လျန်ဝမ်ချန်း တုန်လူပ် ပျော်ရွှင်သွား၏။ သူ အိမ်မက်မက်နေသလားတောင် ထင်မိသည်။
အနီးအနားက လူအချို့က လျန်ဝမ်ချန်းရဲ့ အမူအရာကို သတိထားမိကြပြီး တစ် ယောက်ကိုတစ်ယောက် ကြည့်ကာ စိတ်ထဲမှ ဘာတွေဖြစ်နေလဲလို့ မေးလိုက်ကြသည်။
ပိုရဲရင့်သူတစ်ယောက်က သိလိုစိတ်ကြောင့် မေးမြန်းလိုက်၏။
“ဆရာလျန်..မျှော်လင့်ချက် ရှိပြီလား ..."
"မျှော်လင့်ချက်ထက် ပိုတယ်ကွ.."
လျန်ဝမ်ချန်း အသံကျယ်ကျယ်နဲ့ ပြောလိုက် သည်။
“ငါ တို့ ရင်ဆိုင်နေရတဲ့ ပြဿနာကို လုံးဝဖြေရှင်းနိုင်ပြီ.."
"ဘာ..."
"လုံးဝဖြေရှင်းပြီးပြီလား.."
အားလုံး ခဏတာ တောင့်တင်းသွားကြပြီး သတိပြန်ဝင်လာတဲ့အခါမှာတော့ လူတိုင်းက အရမ်းပျော်ရွှင်ကာ အတူတူ လက်ခုပ်တီးလု နီးပါး ဖြစ်သွားကြသည်။
" ပြဿနာကို ဖြေရှင်းနိုင်ပြီတဲ့ ဒါက ကျွန် တော်တို့ အိပ်မက်မက်နေတာ အရာ ပဲ လေ..."
လျန်ဝမ်ချန်း အသံကျယ်ကျယ်နဲ့ ပြောလိုက် ၏။
“ပညာရှင်ဟူနဲ့ တခြားသူတွေက သံမဏိအ မျိုးအစားသစ်ကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ တယ် ..ဒါက သတ္တုရဲ့ စမ်းသပ်မှု့ ရလဒ် အစီရင်ခံစာပဲ အားလုံး တစ်ချက် ကြည့်လို က်ကြပါ.."
စာမျက်နှာအနည်းငယ်သာပါဝင်တဲ့ ဒီအစီ ရင်ခံစာကို လူတိုင်းက တစ်ဆင့်ပြီးတစ်ဆင့် ဖတ်လိုက်ကြသည်။ ဖတ်ပြီးနောက် လူတိုင်း အံ့အားသင့်သွားကြ၏။
"ဘုရားရေ ဒီလို အထူးသတ္တုမျိုး ရှိနေတာ လား.. "
"ကောင်းလိုက်တာ အရမ်းကောင်းတာပဲဗျာ ဒီဟာ ကို ပြည်ပက အပူချိန်မြင့်မားတဲ့ သတ္တုစပ်တွေ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ... "
"ကျွန်တော်တို့ရဲ့ တာဘိုဖန် X အင်ဂျင်ရဲ့ အ ဓိက အစိတ်အပိုင်းအချို့ကို ဒီလို သတ္တု ပစ္စည်းမျိုးနဲ့ ပြောင်းလိုက်မယ်ဆိုရင် အင်ဂျင်ရဲ့ စွမ်းဆောင်ရည်ဟာ ကမ္ဘာ မြေ တုန်လှုပ်စေမယ့် ပြောင်းလဲမှု့တွေ ဖြစ်ပေါ် လာ မယ်ဆိုတာ သေချာတယ်.."
လူတိုင်းက စိတ်အားထက်သန်မှု့တွေနဲ့ အရ သာခံပြီး စကားပြောဆိုနေကြကာ အခန်းရဲ့ အငွေ့အသက်က နွေးထွေးနေပေသည်။
လျန်ဝမ်ချန်းရဲ့ စိတ်အခြေအနေက ကြီးမား တဲ့ ပြောင်းလဲမှု့တစ်ခု ဖြစ်ပေါ်ခဲ့ပြီး အရင်က ဖိအားတွေက လွင့်စင်သွားကာ မျှော်လင့် ချက်တွေနဲ့ ပြည့်လာခဲ့သည်။
ထပ်ပြီး အချိန်မဆွဲတော့ဘဲ ယန်နိုင်ငံရဲ့ အထူးသတ္တုပစ္စည်းများ သုတေသနဌာနကို လျန်ဝမ်ချန်း ချက်ချင်း သွားပြီး ဟူကျန်း ကော်ရဲ့ ရုံးခန်းထဲသို့ ဝင်လာခဲ့သည်။
သူငယ်ချင်းနှစ်ဦး ထပ်ပြီး အတူတူ ထိုင်ကာ စကား ပြောဆိုလိုက်၏။
ဒါက ဟူကျန်းကော်ရဲ့ သုတေသနရလဒ် မဟုတ်ဘဲ Universal က ပို့လိုက်တဲ့ သတ္တုနမူနာအပိုင်းအစလေး ဖြစ်တာကို သိလိုက်ရတော့ လျန်ဝမ်ချန်း ထိုင်မနေနိုင်တော့ပေ။
ဟူကျန်းကော်အား အကြံပြုချက်တစ်ခု သူ ပေးလိုက်သည်။
“လူအိုကြီးဟူ Universal ကို အတူတူသွားပြီး အသေးစိတ် အခြေအနေ သိအောင် လုပ်ကြ ရအောင် ဘယ်လိုလဲ... "
“ကောင်းပြီ အဲဒါကလည်း ငါ့ရဲ့ ရည်ရွယ် ချက်ပဲ "
နှစ်ဦးသား မြန်မြန်ဆန်ဆန်ပဲ သဘောတူ လိုက်ကြ၏။
သူတို့နှစ်ယောက်က ရပ်မနေဘဲ ချက်ချင်းပဲ ဟွာဟိုင်းမြို့ကိုသွားတဲ့ လေယာဉ်လက်မှတ် ဝယ်ပြီး လက်ထောက်တွေ ဒါမှမဟုတ် လက် အောက် ငယ်သားတွေကိုတောင် ခေါ်လာဖို့ အချိန် မရှိခဲ့ကြပေ။
....
Universalမှ လျူယောင် ရဲ့ စားပွဲပေါ်တွင် လက်ဆေးဇလုံရဲ့ တစ်ဝက်လောက် ရှိတဲ့ သတ္တုအပိုင်းအစတစ်ခု ရှိနေပြီး မှန်ဘီလူး ကို ကိုင်ကာ သူ အရသာခံ ကြည့်နေသည်။
ကြည့်နေရင်းနဲ့ စိတ်ထဲမှာ တွေးနေမိသည်။
" နမူနာကို သုံးလေးရက်လောက်က ပို့ထားတာဆိုတော့ တုံ့ပြန်မှု့ ရှိသင့်ပြီ... "
" ဒုန်း ဒုန်း ဒုန်း "
ခဏအကြာမှာတော့ ရုံးခန်းအပြင်ဘက်မှ တံခါးခေါက်သံ ကြားလိုက်ရပြီး ကျိုးယန် ဝင်လာကာ သတင်းပို့လိုက်သည်။
“ဘော့စ်...ဧည့်သည်နှစ်ဦး ရောက်နေပါတယ် သူတို့က အထူးသတ္တုများဌာနရဲ့ ဒါရိုက်တာ ဟူကျန်းကော်နဲ့ တာဘိုဖန် X အင်ဂျင်ရဲ့ ဒီ ဇိုင်နာ အကြီးအ ကဲ လျန်ဝမ်ချန်း ဖြစ်ပါ တယ်ခဗျ.."
“အိုး ဒါရိုက်တာဟူ ကိုယ်တိုင်တောင် ရောက် လာတာပဲ... မင်း ဧည့်ခံခန်း နံပါတ် ၁ ကို စီစဉ်ထားလိုက် ..ငါ အခုပဲ သွားတွေ့လိုက် မယ်..."
ပြောပြီးနောက် စားပွဲပေါ်ကို လျူယောင် အနည်းငယ် ရှင်းလင်းလိုက်ပြီး လက်ဆေး ဇလုံတစ်ဝက်လောက်ရှိတဲ့ သတ္တုအပိုင်း အစကို ကောက်ယူကာ ရုံးခန်းထဲကနေ သူ ထွက်လာခဲ့သည်။
ဟူကျန်းကော်နဲ့ လျန်ဝမ်ချန်းတို့ ဧည့်ခံခန်း နံပါတ် ၁ ထဲမှာ ထိုင်လိုက်တာနဲ့ လျူယောင် က သတ္တုအပိုင်းအစကို ကိုင်ပြီး ဝင်လာခဲ့ သည်။
လျူယောင့်လက်ထဲက ဒီလောက်ကြီးတဲ့ သတ္တုအပိုင်းအစကို ဟူကျန်းကော် မြင် လိုက်တော့ ရင်ထဲမှာ အနည်းငယ် လှုပ် ရှားသွားသည်။
“ဘုရားရေ ဒီလောက်ကြီးတဲ့ သတ္တု အပိုင်း အစက အနည်းဆုံး ဆယ်ကီလို ဂရမ် လောက်.ရှိလောက်တယ် .."
သတ္တုအပိုင်းအစကို လျူယောင် စား ပွဲပေါ်တင်လိုက်ပြီး သူတို့နှစ်ဦးစလုံးကို နွေးထွေးစွာ ဧည့်ခံလိုက်သည်။
နှစ်ဖက်စလုံးက ကိုယ်ပိုင်အကြောင်း အရာ တွေကို မိတ်ဆက်ကြပြီး ရိုသေလေးစားစွာနဲ့ ပျော်ရွှင်စွာ စကားစမြည်ပြောဆို လိုက် ကြသည်။
နောက်ဆုံးတော့ ဟူကျန်းကော်က ပြောလိုက် ၏။
“မစ္စတာလျူ အဲဒီ့ သတ္တုနမူနာအပိုင်းအစကို ကျွန်တော်တို့ လက်ခံရရှိပြီး သုတေသနနဲ့ စစ်ဆေးမှု့တွေ လုပ်ဆောင်ခဲ့ပါတယ်... ဒါက စမ်းသပ်မှု ရလဒ် အစီရင်ခံစာပါပဲ ..."
လျူယောင် ယူပြီး လှန်ကြည့်လိုက်ကာ အံ့ဩစွာနဲ့ စိတ်ထဲက ရေရွတ်မိသည်။
“အိုး ဒီလောက်ကောင်းမွန်တဲ့ စွမ်းဆောင် ရည်တွေ ရှိမယ်လို့ ငါ တစ်ခါမှ မတွေးထားခဲ့ ဘူး...အထူးသဖြင့် ရုပ်ပိုင်းဆိုင်ရာ ခုခံနိုင်တဲ့ စွမ်းဆောင်ရည်က အလွန်ကောင်းမွန်တာ ပဲ ဟ..."
ဟူကျန်းကော် ဆက်ပြီး ရှင်းပြလိုက်၏။
“ဒါက အလွန်ကောင်းမွန်တဲ့ သတ္တုဖြစ်ပြီး အသုံးပြုနိုင်တဲ့ နယ်ပယ်တွေ အများကြီး ရှိပါတယ်.. ဥပမာ လေကြောင်းအင်ဂျင် နယ်ပယ်မှာဆိုရင်... ကျွန်တော်တို့ရဲ့ အင် ဂျင်အဆင့်ကို မြှင့်တင်ပေးနိုင်ပြီး ဖွံ့ဖြိုး ပြီးသား နိုင်ငံတွေရဲ့ အဆင့်ကို လိုက်မီနိုင် လုနီးပါးပါပဲ ..."
သတ္တုနယ်ပယ်က ပညာရှင်တစ်ဦးအနေနဲ့ ဟူကျန်းကော်က ဒီသတ္တုကို ချီးကျူးဖို့ မတွန့်ဆုတ်တော့ပေ။
ဒီလို အရည်အသွေးကောင်းတဲ့ သတ္တုက ကြီးမားသည့် အဓိပ္ပာယ်ကို ယူဆောင်လ ာပေးပြီး လေကြောင်းနဲ့ အာကာသလိုမျိုး အချို့ နယ်ပယ်တွေမှာ ပြောင်းလဲမှု့တွေ့ကို တိုက်ရိုက် ဦးတည်နေခဲ့သည်။ ဒီလိုသတ္တု မျိုးနဲ့ဆိုရင် ပြောင်းလဲမှု့တွေက ကမ္ဘာကို တောင် တုန်လှုပ်စေပါလိမ့်မည်။
လျန်ဝမ်ချန်းရဲ့ မျက်နှာက အနည်းငယ် စိတ်လှုပ်ရှားနေသည်။ အခုချိန်အထိ သူ့ စိတ်ထဲတွင် တည်ငြိမ်မှု့ မရှိနိုင်သေးပေ။ ကြီးမားတဲ့ အခွင့်အရေးတစ်ခုကို မြင်နေရ သလိုမျိုးပေါ့။
ဆက်ပြီး သည်းမခံနိုင်တော့ဘဲ လျန်ဝမ်ချန်း မေးလိုက်သည်။
“မစ္စတာလျူက .. ဒီသတ္တု ဘယ်လောက် ပိုင်ဆိုင်ထားပါသလဲ..."
လျူယောင် ခဏလောက် တွေးပြီး ပြန်ဖြေ လိုက်သည်။
“လောလောဆယ်တော့ အနည်းဆုံး တန် ၂၀၀ ကျော်လောက် ရှိပါတယ်ဗျ "
"ဘာ..."
"တန် ၂၀၀ ကျော်တောင်လား..."
"အဲဒီလောက် အများကြီးလား.."
လျန်ဝမ်ချန်း၏ မျက်နှာပေါ်မှ စိတ်လှုပ်ရှား မှုက ပိုမို သိသာလာသည်။ တာဘိုဖန် X အင်ဂျင်ရဲ့ အဓိက အစိတ်အပိုင်းအချို့ကို ဒီ သတ္တုနဲ့ ပြုလုပ်နိုင်ပြီး အင်ဂျင်တစ်လုံးဆို သတ္တု ကီလို ၁၀၀ လောက်နဲ့ လုံလောက် ပေသည်။
တန် ၂၀၀ ကျော်က လုံလောက်တာထက် တောင် ပိုလျှံနေသည်။
"မစ္စလျူက ယာယီ ဆိုတဲ့ စကား လုံးကို အသုံးပြုသွားတာကို သူ သတိထားမိခဲ့ပြီး ဒါက အနာဂတ်မှာ ပိုပြီး ရှိလာမယ်လို့ ဆိုလိုတာပဲ... "
"မြတ်စွာဘုရား လောလောဆယ်တောင် အနည်းဆုံး တန် ၂၀၀ ရှိတယ်တဲ့.. "
စိတ်ထဲကနေ လျန်ဝမ်ချန်း ရေရွတ်လိုက်ပြီး သူ့ ရင်ထဲတွင် မြင်းအကောင်ရေတစ် သောင်းလောက် ခုန်နေသလိုမျိုး ခံစားနေ ရသည်။
ဧရာမစက်ဝိုင်းတွင်းရဲ့ အောက်ခြေတွင် ဒီလိုမျိုး သတ္တု အကြီး ၊အသေးတွေ အများကြီး ရှိနေပြီး အကြီးဆုံးတွေက အချင်း မီတာအနည်းငယ် ရှိ၏။ တစ်ခုစီက အနည်းဆုံး တန် ဆယ်ဂဏန်း လေးပြီး စုစုပေါင်း တန် ၂၀၀ ကျော် ရှိပေသည်။ ဒါက လျူယောင် ရဲ့ ခန့်မှန်းချက်သာ ဖြစ်သည်။
ဒါ့အပြင် လျူယောင် က အဲဒီ့ဧရာမတွင်း ကြီးထဲက သတ္တုတွေကို ရေဘဝဲတွေက တစ်နေရာကနေ ရခဲ့တာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းမိသည်။
အနာဂတ်မှာ လျူယောင်က ဒီလိုသတ္တု မျိုးကို ရေဘဝဲတွေ ဘယ်ကနေ ရလဲဆို တာကို စုံစမ်းဖို့အတွက် လိိပ်ကြီးကို ရှာခိုင်း ရမည်။ ရင်းမြစ်ကို တွေ့ရှိပြီဆိုတာနဲ့ ပိုပြီး ရှိလာမှာ သေချာပေသည်။
ဒီကောင်းကင်ကို ဆန့်ကျင်တဲ့ သတ္တုတွေက ကမ္ဘာပေါ်က ထုတ်ကုန်တွေ မဟုတ်ဘဲ တ ခြားဂြိုလ်က ဖြစ်နိုင်တယ်လို့လည်း လျူ ယောင် ခန့်မှန်းခဲ့သည်။
အဲဒီ ဧရာမတွင်းပေါက်နဲ့ မလှမ်းမကမ်းတွင် ဒီလိုသတ္တုတွေ အများကြီး ရှိနေနိုင်ပြီး ဒါတွေက လွန်ခဲ့တဲ့ နှစ် ၅၀,၀၀၀ က ကျန်ခဲ့တာ ဖြစ်နိုင် လောက် ၏။
အနာဂတ်တွင် ဒီလိုသတ္တုတွေ အများကြီး ရှိလာနိုင်မယ်လို့လည်း လျူယောင် ခံစားနေ ရသည်။ဟူကျန်းကော် စိတ်ဝင်စားတာက သတ္တုပမာဏ ဘယ်လောက်ရှိလဲဆိုတာ မ ဟုတ်ပေ။
ဒီထက် ပမာဏများရင် သူ ပျော်ရွှင်မှာပါ ဒါပေမယ့် ဒီသတ္တု ဘယ်ကနေ လာတာလဲ ဆိုတာကို သူ ပိုသိချင်မိသည်။
ဒါကြောင့် လျူယောင်ကို သူ မေးလိုက် ၏။
“မစ္စတာလျူ... ဒီသတ္တုက အရမ်းထူးခြားပြီး နည်းပညာအဆင့် မြင့်မားတာကြောင့် ဒီသတ္တုကို ဘယ်ကနေရတာလဲဆိုတာ... ကျွန်တော့်ကို ပြောပြလို့ရမလား ..."