လျို့ဝှက်စွာ သဘောတူညီချက်
Vol. 26 Ch. 352
ဒီမေးခွန်းကို ကြားတော့ လျူယောင် ပြုံး လိုက်မိသည်။
ဒီလို မေးမြန်းမှု့ကို ဘယ်နည်းလမ်းကို အသုံးပြုပြီး ပြန်ဖြေရ မလဲဆိုတာကို သူ အကြာကြီး တွေးထားပြီးပြီလေ။
အခုတော့ အခွင့်အရေး ရောက်လာခဲ့၏။
လျူယောင် ရဲ့ အမြင်တွင် ဟူကျန်းကော်က အကောင်းဆုံး ဒိုင်းကာပဲ ဖြစ်သည်။ သူ့ ကိုသာ ရှေ့မှာ ထားလိုက်ရင် ဒီလျှို့ ဝှက် ဆန်းကြယ်တဲ့ သတ္တုရဲ့ မူလအစက ပြ ဿနာ မဟုတ်တော့ဘဲ အပြင်လူတွေကို အပြည့်အဝ ရှင်းပြနိုင်ပြီပဲ ဖြစ်သည်။
လျူယောင် အလေးအနက်ထားကာ ပြောလိုက် ၏။ ။
“ဒါရိုက်တာဟူ ဒီသတ္တုရဲ့.. မူလအစနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် အာမခံ ပါတယ် ဒါက လုံးဝ တရားဝင်ပါတယ်... အခု ကျွန်တော်မှာ တောင်းဆိုချက် တစ်ခု ရှိပါတယ် ..."
ခဏ စဥ်းစားပြီးမှ ဟူကျန်းကော် ပြန်ဖြေ လိုက်၏။
“ပြောပါ မစ္စတာလျူက ဘာများ တောင်း ဆိုချင်တာလဲ..."
လျူယောင် လိုအပ်ချက်ကို ပြောပြလိုက် သည်။
“သုတေသနအတွက် သတ္တုအချို့ကို ကျွန် တော် အခမဲ့ ပေးနိုင်ပါတယ်.. ဒါပေမယ့် ခင်ဗျားက ဒီသတ္တုကို အောင်မြင်စွာ တီထွင်နိုင်ခဲ့တယ်ဆိုတာ ကြေညာပေးဖို့ သဘောတူရပါမယ်.."
" ဘာ.."
"ဒီလို လက်ဆောင်ကြီး ပေးလိုက်တာလား"
ဟူကျန်းကော် ခဏ ဆွံ့အသွားကာ သတိ ပြန်ဝင်လာပြီးနောက် သတိပေးလိုက်၏။
“မစ္စတာလျူ.. ဒီလိုလုပ်ဖို့ သေချာလား.. ဒါက ကြီးမားတဲ့ ဂုဏ်သိက္ခာတစ်ခုပဲနော်.."
ဒီလိုသတ္တုမျိုးက ကောင်းကင်ဘုံကို ဆန့် ကျင်နေပြီး နည်းပညာအဆင့်ကလည်း မကြုံဖူးလောက်အောင် မြင့်မားနေသည်။ ဒီသတ္တုကိုသာ ဟူကျန်းကော်ရဲ့ သိပ္ပံနည်း ကျ သုတေသနအဖွဲ့က တီထွင်နိုင်ခဲ့တယ်လို့ ကြေညာလိုက်တာနဲ့ သေချာပေါက် လူအမျ ားရဲ့ စိတ်ဝင်စားမှု့ကို ရရှိစေမှာဖြစ်ပြီး ဂုဏ်သိက္ခာအမျိုးမျိုးလည်း နောက်ကနေ လိုက်လာပါလိမ့်မည်။
လျူယောင် ခေါင်းခါကာ ပြောလိုက်၏။
“ ဂုဏ်သိက္ခာကို ကျွန်တော် မလိုချင်ပါဘူး. .ဒါရိုက်တာဟူကသာ ဒီဟာကို အောင်မြင်စွ ာ တီထွင်နိုင်ခဲ့တယ်လို့ လူသိရှင်ကြား ကြေ ညာဖို့ ဆန္ဒရှိပြီး... ကျွန်တော့်အတွက် လျှို့ ဝှက်ထားပေးမယ်ဆိုရင် ကျေးဇူးတင်မိမှာပါ ..."
ဟူကျန်းကော် ဝမ်းနည်းစွာ ပြောလိုက်၏။
“ဒီဂုဏ်သိက္ခာက အရမ်းကြီးပါတယ်.. ကျွန် တော် လက်ခံဖို့ ရှက်ရွံ့မိပါတယ်.. ကျွန်တော် လက်ခံဖို့ ရှက်ရွံ့မိပါတယ်ဗျာ ..”
လျူယောင် အာမခံကာ ပြောလိုက်၏။
“ကျွန်တော်တို့ လျှို့ဝှက်စာချုပ်တစ်ခုကို လက်မှတ်ထိုးနိုင်ပါတယ်...ကျွန်တော် ဒါကို လုံးဝ လျှို့ဝှက်ထားပြီး ခင်ဗျားရဲ့ သုတေ သနရလဒ်လို့ပဲ အခိုင်အမာ ပြောပါ့မယ်..."
ရိုးရိုးသားသား ပြောရရင် ဟူကျန်းကော် အ ရမ်း စိတ်ဝင်စားခဲ့ပေမယ့် သူက ဂုဏ်သိက္ခာ ရှိတဲ့ လူတစ်ယောက်ဖြစ်ပြီး ဒီလို အခွင့် အ ရေးကြီးကြီးကို မငြင်းပယ် ချင်ပေ။ ဒါ့ ကြောင့် ဝန်လေးစွာနဲ့ သဘောတူလိုက် တာ က ပိုကောင်းပါလိမ့်မည်။
ဟူကျန်းကော် ခေါင်းညိတ်ကာ ပြန်ပြော လိုက်သည်။
“ကောင်းပြီဗျာ.. ဒါပေမဲ့ အထက် လူကြီး တွေရဲ့ ခွင့်ပြုချက်ကို ကျွန်တော် တောင်းဖို့ လိုအပ်ပါတယ်.. အထက်လူကြီးတွေရဲ့ ခွင့်ပြုချက် ရမှပဲ ဒီလိုလုပ်နိုင်မှာပါ..."
ဟူကျန်းရဲ့ အထက်လူကြီးတွေက သာမန် လူများ လေးစားရတဲ့သူတွေ ဖြစ်ပြီး သူတို့ အားလုံးဟာ နိုင်ငံကို ကိုယ်စားပြုလုနီးပါး ဖြစ်၏။
အထက်လူကြီးတွေသာ သဘောတူမယ် ဆိုရင် အခြေခံအားဖြင့် နိုင်ငံက ဒီကိစ္စကို လျူယောင် အတွက် လျှို့ဝှက်ထားဖို့ သဘောတူတယ်လို့ ဆိုလိုပေသည်။ဒါက ကောင်းမွန်တဲ့ ကိစ္စတစ်ခုပါပဲ။
“ကောင်းပါပြီ ..လျှို့ဝှက်ထားဖို့ သဘော တူရင် ကျွန်တော့်မှာ သတ္တုအပိုင်းအစ အချို့ ကျန်သေးတယ်.. .အဲ့ဒါတွေအားလုံး ကို ခင်ဗျားတို့ကို အခမဲ့ ပေးနိုင်ပါတယ်.."
ပြောပြီးနောက် လျူယောင် က ကျန်နေ သေးတဲ့ သတ္တုသုံးချောင်းကို ယူလာလိုက် သည်။ သူတို့က ပိုကြီးပြီး တစ်ခုစီက လက် ဆေးဇလုံထက် ပိုကြီးကာ တစ်ချောင်းစီက ၂၀ ၊ ၃၀ ကီလိုဂရမ်ကျော် လေးပေသည်။
ဒီ သတ္တုလေးချောင်းကို မြင်တော့ ဟူကျန်း ကော်နဲ့ လျန်ဝမ်ချန်းရဲ့ မျက်နှာတွေက မ တည်မငြိမ် ဖြစ်သွားသည်။
ဟူကျန်းကော် မယုံကြည်နိုင်စွာ မေးလိုက် ၏။
“မစ္စတာလျူ.. ဒါတွေ အားလုံး ..ကျွန်တော် တို့ကို တကယ် အခမဲ့ ပေးတာလား... "
“ဟုတ်ပါတယ်..ခင်ဗျားတို့အတွက် အခမဲ့ပါ ပဲ.."
လျူယောင် ပြုံးကာ ဖြေလိုက်သည်။
သတ္တုအပိုင်းအစတွေကို ဟူကျန်းကော် ခဏလောက် ကြည့်ပြီး ရုတ်တရက် မေးလိုက်သည်။
“မစ္စတာလျူ နိုင်ငံက ခင်ဗျားရဲ့ သတ္တုတွေ အားလုံးကို ယူဖို့ တောင်းဆိုမှာ မကြောက် ဘူးလား.. နိုင်ငံက ဒီသတ္တုတွေရဲ့ ရင်းမြစ် ကို ဖော်ထုတ်ဖို့ တောင်းဆိုမှာကို မစိုးရိမ် ဘူးလား.."
“တကယ်လို့သာ ဒီလိုဖြစ်လာမယ်ဆိုရင် ကျွန်တော်မှာ တခြားရွေးချယ်စရာ မရှိဘူး.. ဘာမှ မဆန့်ကျင်နိုင်ပါဘူး.. ဒါပေမယ့် ဒီလို ဖြစ်လာမှာ မဟုတ်ဘူးလို့ ကျွန်တော် ယုံ ကြည်တယ်..."
ဟူကျန်းကော် ခေါင်းညိတ်လိုက်သည်။ နိုင်ငံအများစုက ဒီလို လုပ်မှာ မဟုတ်ပေ။
အများဆုံးဆိုရင်တော့ လျူယောင် အတွက် လိုအပ်ချက်အချို့ ရှိပါလိမ့်မည်။ လက်ထဲ မှာရှိတဲ့ သတ္တုကို နိုင်ငံခြားကို မရောင်းနို င်ရင် ပြည်တွင်း စီးပွားရေးလုပ်ငန်းတွေနဲ့ ဌာနအချို့ကိုပဲ ရောင်းချနိုင်လိမ့်မည်။
ဟူကျန်းကော် က ဖုန်းဆက်ကာ အထက် လူကြီးတွေကို ခွင့်ပြုချက်တောင်းခံခဲ့ပြီး မကြာခင်မှာပဲ ခွင့်ပြုချက် ရလာသည်။
ကိစ္စတွေက ကိုင်တွယ်ဖို့ လွယ်ကူလှ၏။
အခု အထက်လူကြီးတွေ သဘောတူလိုက်ပြီ ဆိုတော့ နှစ်ဖက်စလုံးကြားမှာ ပိုပြီး အသေး စိတ် ဆွေးနွေးမှုတွေ စတင်ခဲ့ပြီး တရားဝင် လျှို့ဝှက်စာချုပ်တစ်စောင်ကို လက်မှတ် ထိုးလိုက်ကြသည်။
အချိန်တန်ရင် ဒီသတ္တုက သူတို့ရဲ့ သုတေ သနအဖွဲ့ရဲ့ ရလဒ်ဖြစ်တယ်လို့ ဟူကျန်းကော် က ပြင်ပလောကကို ကြေညာမှာဖြစ်ပြီး လျူယောင် အတွက် ဒီသတ္တုရဲ့ ရင်းမြစ်ကို လျှို့ဝှက် ပေးထားမှာပဲ ဖြစ်၏။
လျန်ဝမ်ချန်း ကလည်း လျှို့ဝှက်စာချုပ်ကို လက်မှတ်ထိုးခဲ့ပြီး ဒီကိစ္စကို ပြင်ပလော က ကို မပေါက်ကြားစေရဘူးလို့ ကတိပေးခဲ့ သည်။
စုစုပေါင်း သတ္တုလေးတုံးရှိ၏။ နှစ်တုံးကို ဟူကျန်း ကော်တို့ သုတေသနအတွက် အခမဲ့ ပေးလိုက်ပြီး ကျန်နှစ်တုံးကို လျန်ဝမ်ချန်းကို အခမဲ့ ပေးလိုက်သည်။ ဒါကို တာဘိုဖန် X အင်ဂျင်တွင် အသုံးပြုမှာပဲ ဖြစ်၏။
သတ္တုနှစ်တုံးက ဆယ် ကီလိုဂရမ် လေးပြီး တာဘိုဖန် X အင်ဂျင်ရဲ့ အဓိက အစိတ် အပိုင်းတွေကို ပြုလုပ်ဖို့က လုံလောက် ပေ သည်။
ဒီသတ္တုတွေနဲ့သာ အဓိက အစိတ်အပိုင်း တွေကို ပြုလုပ်ရင် ဒီအင်ဂျင်ရဲ့ စွမ်းဆောင် ရည် ဘယ်လို တိုးတက်လာမလဲဆိုတာကို လျန်ဝမ်ချန်း စိတ်အားထက်သန်စွာ မျှော်လ င့်နေမိသည်။
“မစ္စတာလျူ..ဒီသတ္တုနှစ်တုံးအတွက် ကျေး ဇူးတင်ပါတယ်ဗျာ.. ကျွန်တော်တို့ အနာ ဂတ်မှာ အများအပြား လိုအပ်မှာ သေချာ ပါတယ်..ကျွန်တော် ခင်ဗျားဆီက လာဝယ် ပါ့မယ်..ဈေးနှုန်းကိုတော့.. အရမ်းမများ စေနဲ့နော်..."
လျူယောင် စိတ်အားထက်သန်စွာ ပြော လိုက်သည်။
“ဈေးနှုန်းက ဆွေးနွေးရတာ လွယ်ပါတယ်.. ကျွန်တော် သေချာပေါက် ပိုပြီး မတောင်း ဆိုပါဘူး ဗျာ "
သုံးဦးသား ပျော်ရွှင်စွာ စကားပြော ဆိုခဲ့ကြ သည်။ လျှို့ဝှက်စာချုပ်ကို လက်မှတ်ထိုးပြီး နောက် ဟူကျန်းကော် နဲ့ လျန်ဝမ်ချန်း တို့က ညစာအတွက် လျူယောင်ရဲ့ ဖိတ်ခေါ်မှု့ကို ငြင်းဆန်ခဲ့ကြပြီး သူတို့ အမြန်ပြန်ရ တော့ မှာပဲ ဖြစ်သည်။
တစ်ဦးက ဒီသတ္တုအပေါ် အသေးစိတ် သု တေသနကို ချက်ချင်း လုပ်ဆောင်မှာဖြစ်ပြီး နောက်တစ်ဦးကတော့ ဒီသတ္တုကို ချက်ချင်း အသုံးပြုကာ တာဘိုဖန် X အင်ဂျင်ရဲ့ အဓိ က အစိတ်အပိုင်းတွေကို ပြုပြင် ထုတ်လုပ် မှာပဲ ဖြစ်၏။
သူတို့နှစ်ဦးကို လိုက်ပို့ပြီးနောက် လျူယောင် စိတ်ထဲမှာ တွေးလိုက်မိသည်။
" အဲဒီ့တွင်းထဲမှာ အနည်းဆုံး တန် ၂၀၀ ကနေ ၃၀၀ လောက် ရှိသေးတယ်... ဒါက တော်တော်တန်ဖိုးရှိမှာ သေချာတယ်.."
ပြည်ပမှ အပူချိန်မြင့်မားတဲ့ သတ္တုစပ် တွေ က အရမ်းဈေးကြီးတယ်လို့ သူ ကြားဖူး ၏။ အထူးသဖြင့် လေယဥ်အင်ဂျင်တွေ အတွက် လိုအပ်တဲ့ ပြည်ပမှ သတ္တုစပ်တွေ အချို့ဆို တစ်ကီလိုဂရမ်ကို ဒေါ်လာ ထော င်ချီတောင် ကျပေသည်။
ဒီလို ကြီးမားတဲ့ ဈေးနှုန်းကြောင့် လျူ ယောင် တိတ်တိတ်ကလေး လျှာကို တွန့် လိုက်သည်။ သူပိုင်ဆိုင်တဲ့ ဒီသတ္တုမျိုးက ပြည်ပမှ အပူချိန်မြင့်မားတဲ့ သတ္တုစပ်ထက် အများကြီး ပိုကောင်း၏။
ဈေးနှုန်းတူရင်တောင် တစ်ကီလိုဂရမ်ကို ဒေါ်လာ ထောင်ချီ တောင်းတာက လုံးဝ မများပေ။
" အင်း တစ်ကီလိုဂရမ်ကို ဒေါ်လာ ထောင် ချီဆိုတော့.. တစ်တန်ကို ဒေါ်လာ သန်းချီ ငါ ရောင်းရမှာပဲ..."
ဒါကို တွေးမိတော့ လျူယောင် အနည်းငယ် အံ့အားသင့်သွားသည်။ အဲဒီ တွင်းထဲတွင် သတ္တု အနည်းဆုံး တန် ၂၀၀ ၊၃၀၀ လောက် ရှိနေသေးသည်။
ဒီ့ထက်ပိုပြီး ရှိနိုင်တယ်လို့လည်း လျူယောင် ခန့်မှန်းမိ၏။
" ဒီ သတ္တုတွေကို ရေဘဝဲတွေ တခြား နေ ရာက ယူလာတာပဲ ဖြစ်ရမယ်."
ဒီဖြစ်နိုင်ခြေကို တွေးမိပြီး လိပ်ကြီးကို လျူယောင်ဆက်သွယ်လိုက်သည်။
ပြင်ပ အမြင်ကနေတစ်ဆင့် လျူယောင် ကြည့်လိုက်ရာ လိပ်ကြီးက တောင် တန်း တစ်ခုရဲ့ အလယ်လောက်မှာရှိတဲ့ ဧရာမဂူ တစ်ခုထဲမှာ အနားယူနေတာကို သူ မြင် လိုက်ရသည်။
ဒီဂူကို လျူယောင် ကြည့်လိုက်ပြီး စိတ်ထဲ ကနေ အံ့အားသင့်ကာ တွေးလိုက်မိသည်။ သဘာဝတရားက အံ့ဩစရာတွေနဲ့ ပြည့်နေ တာကိုပင်။ အပေါက်က ထောင့်မှန်နီးပါး ဖြစ်ပြီး အနံက အနည်းဆုံး မီတာ ၅၀ နဲ့ အမြင့် မီတာ ၃၀ ကျော် ရှိ၏။ ဒါပေမယ့် ဘယ်လောက် နက်လဲဆိုတာတော့ သူ မသိ ရပေ။
ဂူထဲက အခြေအနေကို မြင်နိုင်မယ်ဆိုရင် လျူယောင် ပိုပြီးတော့တောင် အံ့သြ မိ လောက်သည်။ဂူရဲ့ အဝင်ဝက ထောင့် မှန် နီးပါး ဖြစ်ရုံသာမကဘဲ ဂူအတွင်းပိုင်း က လည်း ထောင့်မှန်နီးပါးဖြစ်ပြီး ကွေးကောက် မှု့မရှိဘဲ ဖြောင့်တန်းနေသည်ကို မြင်ရမှာပဲ ဖြစ်သည်။
လျူယောင် က ဂူရဲ့အဝင်ဝကိုသာ မြင်လိုက် ရပြီး ထောင့်မှန်နီးပါးဖြစ်နေတာကို သူ တွေ့လိုက်ရသည်။
“ငါ့ကောင်ကြီး မင်းအတွက် တာဝန်တစ်ခု ရှိတယ်..."
လိပ်ကြီး က ချက်ချင်း တုံ့ပြန်လိုက်၏။
“အိုး ပြောပါသခင် .. ဘာတာဝန်လဲ.."
စက်ဝိုင်းတွင်းထဲက မီးခိုးနက်ရောင် သတ္တု အကြောင်းကို လျူယောင် ပြောပြလိုက်ပြီး ညွှန့်ကြားလိုက်သည်။
“ဒီသတ္တုတွေက အဲဒီဧရာမရေဘဝဲတွေ တခြားနေရာတွေကနေ ရခဲ့တာ ဖြစ်နိုင် တယ်.. မင်း အနီးအနား ရေမိုင် ရာပေါင်း များစွာအတွင်းမှာ ဖြည်းဖြည်းချင်း ရှာဖွေ နိုင်တယ်.. ဒီသတ္တုကို တခြားနေရာတွေမှာ တွေ့လားဆိုတာကို ရှာဖွေကြည့်ပါ..."
လိပ်ကြီးက ချက်ချင်း သဘောတူ လိုက် သည်။
“အိုခေဘာသခင်.. အစာတွက် ကျွန်တော် စိတ်ပူစရာ မလိုတော့လို့ ..အနီးအနားကို သေချာ ရှာဖွေဖို့ အချိန် အများကြီး ရပါတယ်.."
ပြောပြီးနောက် ဧရာမလှံကို ကိုင်ကာ ဂူထဲမှ လိပ်ကြီး ထွက်ခွာလာခဲ့သည်။ ဒီဂူထဲတွင် ဧရာမရေဘဝဲ အသေကောင် ရှိနေတာ ကြောင့် အစာအတွက် လိပ်ကြီး တကယ် စိတ်ပူစရာ မလိုတော့ပေ။
လိပ်ကြီးက အရင်ဆုံး အနီးအနားကို ရှာဖွေ ခဲ့ပြီး ဗိုက်ဆာလာတဲ့အခါ ဒီရေဘဝဲကို ပြန် လာစား၏။
နာမည်ကြီး လေကြောင်းအင်ဂျင် ဒီဇိုင်း သု တေသနဌာနကို လျန်ဝမ်ချန်း ပျော်ရွှင်စွာ ပြန်လာခဲ့ပြီး သူ့နဲ့အတူ လက်ဆေးဇလုံထက် ကြီးတဲ့ သတ္တုနှစ်တုံးကို ယူလာသည်။