← Chapters

ဒီသတ္တုတွေ ဘယ်နေရာကနေ ရောက် လာတာလဲ

Vol. 26 Ch. 353

ဒီသတ္တုတွေ ဘယ်နေရာကနေ ရောက် လာတာလဲ

Vol. 26 Ch. 353

လျန်ဝမ်ချန်း ပြန်ရောက်တာနဲ့ ပထမဆုံး လုပ်တာက အဓိကအဖွဲ့ဝင်တွေ အားလုံးကို အစည်းအဝေးခေါ်ပြီး ဟူကျန်း‌ကော်၏ အ ဖွဲ့က အထူးသံမဏိတစ်မျိုးကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ပြီ ဖြစ်လို့ တာဘိုဖန် X အင်ဂျင် ရဲ့ အဓိက အစိတ်အပိုင်းအချို့ကို အစားထိုး နိုင်ပြီလို့ ကြေညာလိုက်သည်။

အစည်းအဝေးတွင်လည်း တာဘိုဖန် X အင် ဂျင်ရဲ့ အဓိက အပူပိုင်းအစိတ်အပိုင်းတွေ ဖြစ်တဲ့ တာဘိုင် ဓားသွားတွေနဲ့ တာဘိုင် အဆင့်အမျိုးမျိုးက အလုပ်လုပ်တဲ့ ဓားသွား တွေလိုမျိုး အရာတွေကို ဒီသတ္တုနဲ့ အစား ထိုးဖို့ ဆုံးဖြတ်လိုက်သည်။

"လက်ဆေးဇလုံထက် အနည်းငယ် ပိုကြီးတဲ့ သတ္တုနှစ်တုံးက ကျွန်တော်တို့ရဲ့ အလုပ်လုပ် တဲ့ ဓားသွားတွေနဲ့ တာဘိုင် အင်ဂျင် ဓား သွားတွေကို ထုတ်လုပ်ဖို့ လုံလောက်ပါတယ် ခဗျာ .."

အစည်းအဝေးအပြီးမှာတော့ အဓိက အဖွဲ့ဝ င်များက အလွန် အံ့အားသင့်သွားကြ၏။

“ပညာရှင်ဟူတို့က ဒီလို အရည်အသွေး ကောင်းတဲ့ သတ္တုကို တီထွင်နိုင်ခဲ့တာ အံ့ဩစရာပဲ "

“မယုံနိုင်စရာပဲ စက်ပိုင်းဆိုင်ရာ ခိုင်ခံ့မှု့ မြင့် မားတဲ့ သံမဏိထက် ငါးဆကျော် ပို ကောင်း တာပဲ.. ဒါက ပြည်ပမှ အပူချိန်မြင့်မားတဲ့ သတ္တုစပ်တွေထက် အများကြီး ပိုပြီး ခိုင်မာ တယ်..."

“ဒီလို အရည်ပျော်မှတ်မြင့်တာက အပူ ဒဏ် ကို အလွန်ခံနိုင်ရည်ရှိတာကို ပြသနေတယ် ..အနာဂတ်မှာ ကျွန်တော်တို့ က အစိတ်အ ပိုင်း ယတွေကို ပိုကောင်းအောင်လုပ်ပြီး တာဘိုင်ရှေ့က အပူချိန်ကို ထပ်ပြီး တိုးမြှင့် နိုင်ပြီဗျာ.."

အစည်းအဝေးပြီးဆုံးသွားပြီဖြစ်ပေမယ့် လူ အများစုက ချက်ချင်းပြန်ဖို့ အလျင်မလို ကြ ဘဲ ပျော်ရွှင်စွာ စကားပြောဆိုနေကြသည်။

ပြည်တွင်း စူပါသတ္တုစပ်တွေက လိုအပ်ချက် တွေကို မပြည့်မီနိုင်ပေမဲ့ အခုတော့ စိတ်ပူစ ရာ မလိုတော့ပေ။ကြီးမားတဲ့ ကုန်ကျစရိတ် တွေနဲ့ တစ်ခုတည်းသော သလင်းကျောက် စူပါသတ္တုစပ်တွေကို ပြည်ပကနေ နည်း လမ်းအမျိုးမျိုး အသုံးပြုပြီး ရရန် ကြိုးစား ဖို့လည်း မလိုအပ်တော့ပေ။

ဒီ သတ္တုက ပြဿနာအားလုံးကို ဖြေရှင်းနိုင် ခဲ့၏။

အစည်းအဝေးကို ရပ်ဆိုင်းပြီးနောက် တာ ဘိုင်ဓားသွားတွေ ထုတ်လုပ်မှု့ကို ချက်ချင်း ဆိုသလို စတင်ခဲ့သည်။

နည်းပညာနဲ့ ထုတ်လုပ်မှုပစ္စည်းတွေ အားလုံ းက အဆင်သင့်ရှိနေ၏။ လေယဥ်အင်ဂျင် ထုတ်လုပ်တဲ့ စက်ရုံနဲ့ ပုံသွင်းတဲ့ အလုပ်ရုံက ချက်ချင်း စတင်အလုပ်လုပ်ကြတော့သည်။

တာဘိုင်ဓားသွားရဲ့ အပိုင်းအစကို ပုံသွင်းပြီး ပုံစံထုတ်တဲ့ ပစ္စည်းဖြစ်လို့ ဓားသွားအပိုင်း အစကို အရင် ပုံသွင်းပြီးမှ ဓားသွားတွေကို တစ်ခုပြီးတစ်ခု ပြုပြင်ရတာပဲ ဖြစ်သည်။

ကြီးမားသည့် အပူပေးမီးဖိုထဲတွင် အပူချိ န်က ၁၅၀၀ ဒီဂရီအထိ မြင့်တက်လာသည်။ ဒါက သာမန်သံမဏိဖြစ်မယ်ဆိုရင် ဒီအပူချိ န်မှာတောင် အရည် ပျော့စပြုနေပြီ ဖြစ်၏။

ဒါပေမဲ့ ဒီ မီးခိုးနက်ရောင် သတ္တုနှစ်တုံး ကတော့ သူတို့ရဲ့ အရောင်တောင် မပြောင်း လဲဘဲ တည်ငြိမ်နေပေသည်။

ဘေးနားက အလုပ်သမားအချို့က တိတ် တိတ်ကလေး အံ့အားသင့်နေကြပြီး အသ က်ငါးဆယ်ကျော်အရွယ် သံမဏိလုပ်သ ားဟောင်းတစ်ဦးက စိတ်ခံစားမှု့ အပြည့်နဲ့ ပြောလိုက်သည်။

“ဘုရားရေ ဒီသတ္တုက အပူဒဏ်ကို ဒီ လောက်အထိ ခံနိုင်ရည်ရှိတာ..ကျွန်တော့် ဘဝမှာ တစ်ခါမှ မမြင်ဖူးဘူးဗျာ.."

“ဟုတ်တယ် အပူချိန်က ၁၅၀၀ ဒီဂရီတောင် ရောက်နေပြီ... "

ဘေးနားမှ နည်းပညာရှင်ကလည်း အသံ ကျယ်ကျယ်နဲ့ အော်ပြောလိုက်သည်။

“ဒါက အပူဒဏ်ကို အလွန်ခံနိုင်ရည်ရှိတဲ့ သတ္တုအမျိုးအစား အသစ်ဖြစ်တယ်.. ကျွန်တော်တို့ အပူချိန် ၂၆၀၀ ဒီဂရီအထိ အပူပေးလို့ရတယ်... "

"အိုး..ဘုရားရေ..."

ပတ်ဝန်းကျင်တစ်ခုလုံးက သက်ပြင်းချသံတွေ ထွက်ပေါ်လာကြသည်။

"ဒီလောက် မြင့်မားတဲ့ အပူချိန်အထိ ခံနိုင် ရည် ရှိနေတာလား..."

အပူချိန်က ဆက်လက် မြင့်တက်နေ၏။

ကံကောင်းထောက်မစွာနဲ့ ဒီဟာက ၂၈၀၀ ဒီဂရီအထိ အပူချိန် ရောက်ရှိနိုင်တဲ့ အထူးလျှပ်စစ်မီးဖိုဖြစ်တယ်။ မဟုတ်ရင် ဒီသတ္တုကို အနီရောင် ပြောင်းလဲတဲ့အထိ ထည့်သွင်းဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပေ။

အပူချိန်က ၂၅၀၀ ဒီဂရီကျော်သွားပြီး မီးဖိုထဲမှ သတ္တုနှစ်တုံးက နောက်ဆုံးတွင် နီရဲလာတဲ့ လက္ခဏာပြလာပြီးနောက် ၂၆၀၀ ဒီဂရီအထိ တက်လာတော့ အနီရောင်က ပိုပြီး သိသာလာပေမယ့် လုံလောက်သေး ပုံမပေါ်ပေ။

နည်းပညာရှင်အချို့က ယာယီ ဆွေးနွေးပြီး နောက် အပူချိန်ကို နောက်ထပ် ၁၀၀ ဒီဂရီ တိုးမြှင့်ပြီး ၂၇၀၀ ဒီဂရီအထိ ထပ်မြင့်ဖို့ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြ သည်။ အဲ့ဒါက ပုံသွင်းတဲ့ လုပ်ငန်းစဉ်၏ လိုအပ် ချက်တွေကို နောက်ဆုံးမှာတော့ ပြည့်မီပုံ ရသည်။

နောက်ဆုံးမှာတော့ သတ္တုနှစ်တုံးက နီရဲ လာပြီး သူတို့ထဲက တစ်ခုကို ညှပ်ထုတ် လိုက်ပြီး ပုံသွင်းစက်ပေါ်မှာ တင်ထားကာ ပုံသွင်းလိုက်ကြသည်။

နာရီအနည်းငယ်ကြာပြီးနောက် ပထမဆုံး ဓားသွား၏ အစိတ်အပိုင်းကို ပုံသွင်းပြီး နောက် ဒုတိယ၊ ပြီးတော့ တတိယ လုပ်ငန်း စဥ်ကို ဆက်လက်လုပ်ဆောင်ခဲ့ကြသည်။

......

ပင်လယ်ကြမ်းပြင် မီတာ ၃,၀၀၀ ကျော် အနက်မှာတော့...

ဧရာမလှံကို ကိုင်ထားတဲ့ လိပ်ကြီး က ဖြည်းဖြည်းချင်း ကူးခတ်နေပြီး လျူယောင် ရဲ့ ညွှန်ကြားချက်အရ ဖြစ်နိုင်ချေရှိတဲ့ မီးခိုး နက်ရောင် သတ္တုတွေကို ရှာဖွေနေပေသည်။

တော်တော်လေးကို အဝေးကြီး ကူးခတ် လာ ပြီး ဒီပင်လယ်ကြမ်းပြင်အောက်မှ လွင်ပြင် ရဲ့ အစွန်းကို ရောက်လုနီးပါးဖြစ်လာကာ မြေ မျက်နှာသွင်ပြင်မှာ အရင်ကလောက် မပြန့် ပြူးတော့ပေ။

“ဟေး ဒါတွေက မီးခိုးနက်ရောင် သတ္တု တွေမို့လား..."

လိပ်ကြီး၏ ထူးခြားတဲ့ အာရုံခံနိုင်စွမ်းတွင် အရာဝတ္ထုအကြီးကြီးတွေ ပေါ်လာပြီး ကျောက်တုံးနဲ့ အနည်းငယ် ဆင်ကာ မီးခိုးနက်ရောင် သတ္တုနဲ့လည်း အနည်းငယ် တူနေသည်။

လိပ်ကြီးက ရုတ်တရက် စိတ်ဝင်စားသွားပြီး ချက်ချင်း အနားကို ရေကူးသွားလိုက် သည်။ ကြည့်ပြီးနောက် စိတ်ပျက် သွား သည်။

" အာ ကျောက်တုံးတွေပဲ.."

အဲ့ဒါတွေက မီးခိုးနက်ရောင် သတ္တု လို့ခေါ် တဲ့ဟာတွေ မဟုတ်ဘဲ အရွယ်အစား အမျိုး မျိုးရှိတဲ့ ကျောက်တုံးအချို့ ဖြစ်နေသည်။

လိပ်ကြီးက စိတ်ပျက်သွားပေမယ့် အရှုံး မပေးဘဲ နာရီအတော်ကြာတဲ့အထိ ဆက် လက်ရှာဖွေနေခဲ့သည်။ အနည်းငယ် ဗိုက် ဆာလာတယ်လို့ ခံစားရပြီးမှသာ သူ့ရဲ့ ယာ ယီဂူဆီသို ပြန်လာခဲ့၏။

ဂူထဲမှာ သူ့ရဲ့ အစာ ရှိနေသည်။ ဒါက ဧရာမ ရေဘဝဲကြီးတစ်ကောင် ဖြစ်နေတုန်းပင်။ မကြာသေးမီက ငါးရက်တစ်ကြိမ် ပင်လယ် ကြမ်းပြင် ချိုင့်ဝှမ်းကြီးကို သွားပြီး ဧရာ မရေဘဝဲတွေကို လိပ်ကြီး ဖမ်းလာခဲ့သည်။

လိုချင်တပ်မက်မှု့ မရှိဘဲ တစ်ကြိမ်မှာ တစ် ကောင်ဆို လုံလောက်တာမို့ စားပြီးနောက် လိုက်လံရှာဖွေဖို့ သူ ထပ်ပြီး ထွက်လာ ခဲ့ သည်။

အဲဒီ့ ဧရာမ ချိုင့်ဝှမ်းကြီးထဲတွင် ဧရာ မရေဘဝဲတွေ အများကြီးရှိနေတာမို့လို့ သူ သွားရှာဖွေနေသရွေ့ လက်ဗလာနဲ့ ဘယ် တော့မှ ပြန်မလာခဲ့ရပေ။

အစာ လုံလောက်တဲ့အတွက်ကြောင့် လိပ် ကြီး ရဲ့ အလေးချိန်က တစ်နေ့ကို တန် အနည်းငယ်နှုန်းနဲ့ တိုးတက်နေ၏။ အခု ဆိုရင် တန် ၁,၀၀၀ နဲ့ မဝေးတော့‌ပေ။

ကံမကောင်းစွာနဲ့ပဲ လျူယောင် က သူ့ကို တာဝန်ပေးထားခဲ့ပြီး အဲ့ဒါကို ရက်ပေါင်း များစွာ ရှာပေမဲ့လည်း သူ ဘာမှ ရှာမတွေ့ သေးပေ။

ရေမိုင် တစ်ရာ နှစ်ရာ ပတ်လည်အတွင်းမှာ ဒီလို မီးခိုးနက်ရောင် သတ္တုရဲ့ အရိပ်အမြွက် တောင် ရှိပုံမရပေ။

တစ်ခါတစ်ရံတွင် ချိုင့်ဝှမ်းကြီးထဲကို ပိုနက်အောင် ဆင်းပြီး ရှာဖွေသင့်လားလို့ လိပ်ကြီး တွေးမိသည်။

ခံနိုင်ရည်ရှိတဲ့ အနက်ဆုံးအထိ ရောက် အောင် သူ ကြိုးစားခဲ့ဖူး၏။ ဒါပေမယ့် သူ ဘာမှ မတွေ့ပဲ အဲ့ဒီချိုင့်ဝှမ်းကြီးရဲ့ အောက် ခြေကိုလည်း မရောက်ခဲ့ပေ။

သိသာထင်ရှားတာက ဒီပင်လယ်ကြမ်းပြင် ချိုင့်ဝှမ်းကြီးရဲ့ အနက်က အနည်းဆုံး မီတာ ၇,၅၀၀ ရှိပြီး အလွန်နက်တဲ့ ချိုင့်ဝှမ်း ကြီးဖြ စ်နေခဲ့လို့ပဲ နေမည်။

လိပ်ကြီး က တခါတရံမှာ ဖြစ်နိုင်ခြေ နှစ်ခုပဲ ရှိနိုင်တယ်လို့ တွေးမိသည်။ဒီ သတ္တုက ပင်လယ်ကြမ်းပြင် ချိုင့်ဝှမ်းကြီးရဲ့ အောက် ခြေမှာ ရှိနိုင်တာလား ဒါမှမဟုတ် ပိုဝေးတဲ့ ပတ်ဝန်းကျင်မှာ ရှိနိုင်တာလား ဆိုတာ ကိုပင်။

လောလောဆယ်တော့ ပင်လယ်ကြမ်းပြင် ချိုင့်ဝှမ်းကြီးရဲ့ အောက်ခြေကို မရောက် နိုင်သေးတဲ့အတွက် နောက်ရက် အနည်း ငယ်မှာ ရှာဖွေတဲ့ ဧရိယာကို ချဲ့ထွင်ဖို့ လိပ် ကြီး ဆုံးဖြတ်လိုက်သည်။ ကံကောင်း ရင် တော့ အံ့အားသင့်စရာ တွေ့ရှိမှု့တွေ ရှိနိုင် ပါလိမ့်မည်။

.......

ယန်နိုင်ငံ၏ အထူးသတ္တုများဌာန..

ဟူကျန်းကော် နဲ့ သူ့အဖွဲ့က နက်ရှိုင်းတဲ့ သု တေသနကို ဆက်ပြီး လုပ်ဆောင်နေခဲ့သည်။ သုတေသန ပိုနက်ရှိုင်းလာတာနဲ့အမျှ အံ့ဩ စရာ ရလဒ်တွေ ပိုပြီး ပေါ်ထွက်လာသည်။

ဥပမာအားဖြင့် ကြီးမားတဲ့ အီလက်ထရွန် မိုက်ခရိုစကုပ်တစ်ခုရဲ့ အောက်တွင် ဒီ သတ္တုရဲ့ အသေးစိတ်ဖွဲ့စည်းပုံကို ရှင်းရှင်း လင်းလင်း မြင်ရသည်။

ဒီသတ္တုရဲ့ အသေးစိတ်ဖွဲ့စည်းပုံက ပုံမှန် ခြောက်ထောင့်ပုံစံ ပေါ်နေပြီး စိန်၏ အဏု မြူဖွဲ့စည်းပုံနဲ့ ဆင်တူနေတာပဲ ဖြစ်သည်။ ဒီပုံမှန် ခြောက်ထောင့်ပုံစံတွေဟာ အဏုမြူ အဆင့်မှာ မဟုတ်ဘဲ နာနိုမီတာအဆင့်မှာ ရှိနေသည်။

ဟူကျန်းကော် နဲ့ တခြားသူတွေက ဒီသတ္တုရဲ့ ခိုင်ခံ့မှု့ ဘာကြောင့် ဒီလောက်မြင့်မား ရတာ လဲဆိုတာကို နောက်ဆုံးမှာ နားလည် သွား ကြသည်။ အဲ့ဒါက ဒီ သတ္တုရဲ့ ဖွဲ့စည်းပုံ ကြောင့်ပဲ ဖြစ်၏။

ဂရပ်ဖိုက်နဲ့ စိန်လိုမျိုး တစ်ခုက ပျော့ပြီး ခိုင်ခံ့မှုနည်းကာ နောက်တစ်ခုကတော့ မာကျောပြီး ခိုင်ခံ့မှုမြင့်မားနေသည်။

သူတို့ကို ဖွဲ့စည်းထားတဲ့ ဒြပ်စင်တွေက ကာဗွန်အဏုမြူတွေပဲဖြစ်ပေမယ့် အဏု မြူတွေရဲ့ အစီအစဉ်က ကွဲပြားပြီး ပြသတဲ့ စွမ်းဆောင်ရည်ကလည်း အများ ကြီး ကွဲပြားနေသည်။

ဒီသတ္တုရဲ့ အသေးစိတ်ဖွဲ့စည်းပုံက အံ့အား သင့်စရာ ကောင်းနေပေမယ့် ပိုပြီး အံ့အား သင့်စရာကောင်းတာက မရှိဖူးဘူးလို့ ထင် ရတဲ့ ဒြပ်စင်အချို့ ရှိနေတာပဲ ဖြစ်သည်။

ဒီဒြပ်စင်အသစ်တွေဟာ ဒြပ်စင်အလှည့် ကျဇယားထဲမှာ မရှိပုံရပြီး ဟူကျန်းကော် တောင် တိတ်တိတ်ကလေး အံ့အားသင့် သွားရသည်။

အတွေးတစ်ခုက သူ့စိတ်ထဲတွင် ထပ်ခါတ လဲလဲ ပေါ်လာမိသည်။ ဒီသတ္တုက ကမ္ဘာမြေ ရဲ့ ထုတ်ကုန်မဟုတ်ဘဲ ဂြိုလ်သားခေတ်က လက်ရာတစ်ခု ဖြစ်နိုင်သလား ဆိုတာကိုပင်။

ဒီအတွေး ပေါ်လာတိုင်း သူက အံ့အား သင့်သွားပြီး ချက်ချင်း ငြင်းဆိုလိုက်သည်။

....

မြောက်ပစိဖိတ်သမုဒ္ဒရာတွင်...

လျူယောင် ကို လိပ်ကြီး သတင်းပို့နေ သည်။

“သခင်ရေ ကျွန်တော် ပတ်ဝန်းကျင် ရေမိုင် ၂၀၀ ကနေ ၃၀၀ လောက် ရှာဖွေခဲ့တာပဲ ..ဒါ ပေမယ့် ဒီလို မီးခိုးနက်ရောင် သတ္တုမျိုး လုံး ဝ မတွေ့ဘူးဗျာ... "

"ဘာ.."

"မရှိဘူးလား... "

လျူယောင် စိတ်ထဲကနေ တွေးလိုက်၏။

"ငါ့ရဲ့ ခန့်မှန်းချက် မှားနေတာများ ဖြစ်နေ မလား ဧရာမစက်ဝိုင်းတွင်းထဲက သတ္တု တွေ ကို အဲဒီရေဘဝဲတွေ ရွှေ့ပြောင်းထားတာ မဟုတ်ဘူးဆိုရင် ဘယ်နေရာကနေ ရောက် လာတာလဲကွာ ..."

All Chapters