အလွန်ကောင်းမွန်တဲ့ ဓားသွား
Vol. 26 Ch. 354
လျူယောင် အကြာကြီး ဆွံ့အသွားမိသည်။
အချိန်အနည်းငယ်ကြာတော့မှ သူ သတိပြန် ဝင်လာ ပြီး စိတ်ထဲကနေ တွေးလိုက်သည်။
အနီးအနားရှိ ရေမိုင် ၂၀၀-၃၀၀ အတွင်း ဒီလို မီးခိုးနက်ရောင် သတ္တုမျိုးမရှိဘူးဆိုရင် တကယ်ရှိဖို့က မသေချာတော့ပေ။
"နှမြောစရာပဲ..."
"တကယ်ကို နှမြောစရာကောင်းတာပဲကွာ.."
ကြီးမားတဲ့ ဆုံးရှုံးမှု့ကို လျုယောင် ခံစား လိုက်ရသည်။ ဒီလောက်ကောင်းမွန်တဲ့ သ တ္တုက အဲဒီ့ စက်ဝိုင်းတွင်းထဲမှာပဲ ရှိပြီး တန် ၂၀၀ ကနေ ၃၀၀ လောက်ပဲ သူရခဲ့သည်။
"တကယ် တန် ထောင်ချီ ဒါမှမဟုတ် သောင်း ချီ ရှိရင် ဘယ်လောက်ကောင်းမ လဲ ကွာ "
"ဒီသတ္တုတွေဟာ ဂြိုလ်သားခေတ်က ထုတ် လုပ်ထားတာ ထင်ရှားတယ်.. လွန်ခဲ့တဲ့ နှစ် ၅၀,၀၀၀ က ဂြိုလ်သားတွေ ကမ္ဘာကို လာ ရောက်လည်ပတ်ခဲ့တဲ့အချိန်က ကျန်ရစ်ခဲ့ တာ ဖြစ်နိုင်လောက်လား "
"ဧရာမ စက်ဝိုင်းတွင်းကိုလည်း ဂြိုလ်သား တွေ စွန့်ပစ်လိုက်တာဖြစ်ပြီး ဆက်မတူး တော့တာ ဖြစ်နိုင်လား..သူတို့ ဒီလို ဧရာမ အပေါက်ကြီးကို ဘာအတွက် တူးတာလဲ.. "
လျူယောင် တစ်ယောက်တည်း အကြာကြီး တွေးနေခဲ့ပြီး လိပ်ကြီးရဲ့ အသံ စိတ်ထဲမှာ ထွက်ပေါ်တော့မှ သူ့အတွေးတွေ ရပ်တန့် သွားခဲ့သည်။
“သခင်ရေ ကျွန်တော် အနီးအနားမှာ ကြီးမား တဲ့ ပင်လယ်ကြမ်းပြင်ချိုင့်ဝှမ်းကြီးတစ်ခု တွေ့လိုက်တယ်ဒါက အောက်ခြေ မရှိဘူး.. ဒီချိုင့်ဝှမ်းကြီးထဲမှာ ဧရာမရေဘဝဲတွေ ရှိလောက်ပြီး အောက် ခြေမှာ ဒီလိုသတ္တုမျိုး ရှိလောက်မယ် ထင်တယ်.. "
လျူယောင် ဝမ်းနည်းစွာ ပြန်ပြောလိုက်၏။
“အဲ့ဒါလည်း ဖြစ်နိုင်တာပဲ ဒါပေမယ့် မင်းက အရမ်းငယ်သေးတဲ့အတွက် ဒီချိုင့်ဝှမ်း ကြီး ရဲ့ အောက်ခြေကို မရောက်နိုင်တာ နှမြော စရာပဲကွာ..."
“သခင်ကလည်း စိတ်မပူပါနဲ့ ကျွန်တော် ကြီး ထွားဖို့ ကြိုးစားပါ့မယ်ဆို. "
လိပ်ကြီးနဲ့ ခဏကြာအောင် စကားပြော ပြီး အိမ်မွေးတိရိစ္ဆာန်ချပ်ပြားကို လျူယောင် ပိတ်လိုက်ပြီးနောက် အနည်းငယ် နောင်တ ရမိသည်။
တစ်ကယ်လို့ လိပ်ကြီးသာ ပိုကြီးလာခဲ့ရင် ပို နက်တဲ့ နေရာကို ဆင်းနိုင်ပါလိမ့်မည်။ အဲဒီ ပင်လယ်ကြမ်းပြင်ချိုင့်ဝှမ်းကြီးရဲ့ အောက် ခြေကို ရှာဖွေမယ်ဆိုရင် တစ်ခုခုတော့ တွေ့ နိုင်လောက်၏။
ဒါမှမဟုတ် လိပ်ကြီး မြောက်အတ္တလန္တိတ် ကို ထပ်သွားပြီး စက်ဝိုင်းတွင်းကြီး သုံးတွင်း ထဲသာ နက်ရိူင်းအောင် ဝင်နိုင်မယ်ဆိုရင် ရှာဖွေတွေ့ရှိမှုအသစ်တွေ တွေ့လောက်မယ် ဆိုပြီး လျူယောင် သူ့ကိုယ်သူ စိတ်သက် သာရာရစေခဲ့သည်။
.....
ပထမဆုံး အင်ဂျင်ရဲ့ အဆင့်အမျိုးမျိုးကို လည်ပတ်အောင် အလုပ်လုပ်တဲ့ ဓားသွား တွေနဲ့ လမ်းညွှန်ဓားသွားတွေကို နောက်ဆုံးမှ ာတော့ လျန်ဝမ်ချန်း ထုတ်လုပ်နိုင်ခဲ့သည်။
ဒါက စံချိန်တစ်ခုတင်လုနီးပါး ဖြစ်ခဲ့ပြီး တစ် ပတ်တောင် မကြာခဲ့ပါဘူး။ ပုံမှန် ထုတ်လုပ် မှု့အရဆိုရင် ရက် ၂၀ ဒါမှမဟုတ် တစ်လ လောက် ကြမြင့် သည်။
လေကြောင်းအင်ဂျင် တပ်ဆင်ရေး အလုပ် ရုံထဲတွင် တာဘိုဖန် X အင်ဂျင်တစ်လုံးကို တပ်ဆင်နေပြီး တာဘိုင်အစိတ် အပိုင်းတွေ အားလုံးကို အသစ်ထုတ်လုပ်ထားတဲ့ တာ ဘိုင် လမ်းညွှန်ဓားသွားတွေနဲ့ အစားထိုး လိုက်သည်။
ဒီအင်ဂျင်ပတ်ပတ်လည်တွင် လူတွေ အ တော်များများ ရှိနေပြီး ဒီဇိုင်နာအကြီးအကဲ ရှန်းဝိန်ချိန် အပါအဝင် အနည်းဆုံး လူ ၂၀ ကနေ ၃၀ လောက် ရှိသည်။
တပ်ဆင်မှု့ လုပ်ငန်းစဉ် အားလုံးက အရမ်း ချောမွေ့ခဲ့သည်။ တာဘိုဖန် X အင်ဂျင်ရဲ့ တပ်ဆင်မှု့က အလုပ်သမားတွေနဲ့ နည်းပည ာရှင်တွေအတွက် မထူးဆန်းတော့ပေ။ အထူးသဖြင့် တပ်ဆင်ရေးလုပ်သား အချို့ အတွက် ရင်းနှီးပြီးသားဖြစ်သည်။
အင်ဂျင်တပ်ဆင်ပြီး စစ်ဆေးပြီးတာနဲ့ စမ်း သပ်ပြေးဆွဲဖို့အတွက် စမ်းသပ်အလုပ်ရုံကို ချက်ချင်း ပို့ဆောင်မှာပဲဖြစ်၏။
စမ်းသပ်ခုံက အဆင်သင့်ရှိနေကာ အင်ဂျင် ရောက်လာတာနဲ့ စမ်းသပ်ပြေးဆွဲဖို့အတွက် စမ်းသပ်ခုံဆီ ချက်ချင်းသွားကြပေမည်။
စမ်းသပ်မှု့ အစီအစဉ်အရ စမ်းသပ် ပြေးဆွဲ မှု့တွေကို တစ်ခုပြီးတစ်ခု လုပ်ဆောင် ခဲ့ သည်။ အချက်အလက်တွေအရဆိုရင် အရာ အားလုံးက ပုံမှန်ပဲ ဖြစ်၏။
စက်လည်ပတ်အားကို အပူတိုးမြှင့်တဲ့ အခြေ အနေအပါအဝင် အချက်အလက်တွေ အား လုံးက ပုံမှန်ဖြစ်တာကြောင့် ရှန်းဝိန်ချိန် နဲ့ တခြားသူတွေ စိတ်သက်သာရာရ သွားကြ သည်။
စမ်းသပ်ပြေးဆွဲမှု့ ပြီးစီးပြီးတာနဲ့ အင်ဂျင်က စမ်းသပ်ခုံကနေ ထွက်လာပြီး ချက်ချင်း တပ်ဆင်ရေးအလုပ်ရုံကို ပို့ဆောင်ခဲ့သည်။
အင်ဂျင်က နွေးနေတုန်းမှာပဲ တာဘိုင် အစိတ်အပိုင်းတွေကို ဖြုတ်ဖို့ အချိန်နီးကပ် လာသည်။
တာဘိုင်အကာကို ဖွင့်လိုက်ပြီး အဆင့်အမျိုး မျိုးက တာဘိုင်တွေကို တစ်ခုပြီးတစ်ခု ဖြုတ်လိုက်ကာ ဖြုတ်ထားတဲ့ အစိတ်အပိုင်း တွေကိုစားပွဲပေါ်မှာ တင်ထားလိုက်သည်။
တာဘိုင်ဓားသွားတွေကို တာဘိုင်အပြား ကနေ ဖြုတ်ဖို့တောင် မစောင့်ဘဲ လျန်ဝမ် ချန်း နဲ့ တခြားသူတွေ စတင်စစ်ဆေးကြည့် ကြသည်။
တဖြည်းဖြည်းနဲ့ လူတိုင်းနီးပါး စိတ်လှုပ်ရှား တဲ့ လက္ခဏာတွေ ပြလာခဲ့သည်။
စမ်းသပ်ပြေးဆွဲပြီးနောက် တာဘိုင်ဓားသွာ းတွေက အပူချိန်မြင့်မားတဲ့ အခြေအနေမှာ ကြုံတွေ့ခဲ့ရတယ်လို့ ပြောနိုင်ပေမယ့် ဓားသွားတစ်ခုစီက အရောင်အပါအဝင် ဘာမှ မပြောင်းလဲခဲ့ပေ။
ဓားသွားတစ်ခုစီက မီးခိုးနက်ရောင် ရှိနေ တုန်းပင်။အရောင် ပြောင်းတာ ဒါမှမ ဟုတ် ပျက်စီးတာမျိုး မရှိပဲ လုံးဝ စမ်းသပ်ထား ခြင်း မရှိသလို နဂိုမူလ ပုံစံအတိုင်း ရှိနေပေ သည်။
“ကြည့်ပါဦး ဓားသွားတွေက အသစ်အတိုင်း ပဲ..ဘာမှ မပြောင်းလဲဘူး.."
“ကျွန်တော်မျက်စိနဲ့သာ ကိုယ်တိုင် မမြင်ခဲ့ ရင် ဒါကို ဓားသွားအသစ်လို့ သံသယဖြစ် မိမှာပဲ.."
“ကျွန်တော်တို့ရဲ့ ခက်ခဲတဲ့ ပြဿနာကို ဖြေရှင်းနိုင်ပြီ..ဒီပစ္စည်းနဲ့ ပြုလုပ်ထားတဲ့ ဓားသွားက ကျွန်တော်တို့ရဲ့ လိုအပ်ချက်တွေ ကို ပြည့်မီနိုင်တာပဲဗျာ.."
“ဟားဟားဟား တစ်ခုတည်းသော သလင်း ကျောက် စူပါသတ္တုစပ်တွေ ဆိုတဲ့ ဟာတွေ ကို ပြည်ပကနေ ရဖို့ အစွမ်းကုန် ကြိုးစားဖို့ မလိုတော့ဘူး...ဒီသတ္တုကိုပဲ အသုံးပြု လိုက် ... ဒါက သလင်းကျောက် စူပါသတ္တုစပ်တွေ ထက် အများကြီး ပိုကောင်းတယ်..."
လူတိုင်းက ပျော်ရွှင် အံ့သြစွာနဲ့ တစ်ယောက် တစ်ပေါက်ပြောနေကြသည်။
လူတိုင်း စိတ်လှုပ်ရှားကာ ပျော်ရွှင်နေ ကြ၏။ တပ်ဆင်ရေး အလုပ်ရုံတစ်ခုလုံးရဲ့ အငွေ့အသက်က မတူတော့ပုံရသည်။
တာဘိုင်ဓားသွားတွေကို ဖြုတ်လိုက်ပြီးနေ ာက် ပညာရှင်တွေ စစ်ဆေးကြည့်တော့ ဘာပြဿနာမှ မရှိခဲ့ပေ။
လျန်ဝမ်ချန်း လက်တစ်ဖက်ကို ဝှေ့ယမ်းပြ လိုက်ရာ အင်ဂျင်ကို နာရီ ၃၀၀ ကြာ စမ်းသပ်ပြေးဆွဲဖို့ အသင့်ဖြစ်နေခဲ့သည်။
နာရီ ၃၀၀ ကြာ စမ်းသပ်မှု့ကို စီစဉ်ပြီးနောက် လျူယောင် ကို ကိုယ်တိုင် စကားပြောဆိုပြီး ဒီသတ္တုပစ္စည်းအချို့ကို ဝယ်ဖို့အတွက် ဟွာဟိုင်းမြို့ကို နောက်တစ်ခေါက် သွားဖို့ လျန်ဝမ်ချန်း ဆုံးဖြတ်လိုက်သည်။
အရင် ယူလာတဲ့ သတ္တုနှစ်တုံးက စုစုပေါင်း ကီလိုဂရမ် ဆယ်ဂဏန်းလောက်ပဲ ရှိပြီး အင်ဂျင်တစ်လုံးရဲ့ လိုအပ်ချက်တွေကိုပဲ ပြည့်မီတာကြောင့် နောက်ထပ် တန်အနည်း ငယ်လောက် ဝယ်ဖို့ လျန်ဝမ်ချန်း စီစဉ်ထား ပြီး အနည်းဆုံး တာဘိုဖန် X အင်ဂျင်တွေရဲ့ အသေးစား ထုတ်လုပ်မှု့ လိုအပ်ချက်တွေကို ပြည့်မီစေဖို့အတွက်ပဲ ဖြစ်၏။
......
Universal တွင်...
ရုံးခန်းထဲမှာ လျူယောင် ရှိနေပြီး မြောက်ပ စိဖိတ်သမုဒ္ဒရာက ဧရာမ စက်ဝိုင်းတွင်း ပေါက်ထဲမှ သတ္တုတွေ အားလုံးကို ပြန်ရွှေ့ သင့်လား ဥပမာ ပင်လယ်နားက ဂိုဒေါင်ထဲ မှာ ထားရမလားဆိုတာ သူ စိတ်ထဲကနေ တွေးနေမိသည်။
ပင်လယ်ဘေးမှ ဂိုဒေါင်က စက်လေးလုံးကို သယ်သွားခဲ့တာကြောင့် အခုတော့ လွတ်နေ ပေသည်။
၅ နာနိုမီတာ စက်နှစ်လုံးကို ဟွာဟိုင်းမြို့က စက်ရုံ နံပါတ် ၁ ကို သယ်သွားပြီး ၈ နာ နိုမီ တာ စက်နှစ်လုံးကိုတော့ စက်ရုံ နံပါတ် ၂ ကို သယ်သွားခဲ့သည်။
ဂိုဒေါင်ထဲမှာ နေရာချထားတဲ့ လုံခြုံရေး အ စောင့် အားလုံးကို လျူယောင် ပြန်ရုပ်သိမ်း လိုက်ပြီပဲ ဖြစ်သည်။
လိပ်ကြီး က ဂိုဒေါင်ကြီးဆီ တိုက်ရိုက်သွား နိုင်ပြီး အဲ့ဒီ ရေလမ်းကြောင်းကို ဖြတ်သွား တဲ့အခါ ဂရုစိုက်ဖို့တော့ လိုအပ်သည်။ ဒါပေမယ့် ညဘက်ဆိုရင်တော့ ပြဿနာမ ရှိပဲ ဘယ်သူမှ ရှာမတွေ့နိုင်ပေ။
အိမ်မွေးတိရစ္ဆာန်ချပ်ပြားကို လျူယောင် ဖွင့်လိုက်ပြီး ပြင်ပ မြင်ကွင်းကို ဖွင့်ကြည့် လိုက်တော့ လိပ်ကြီးက သူ့ရဲ့ ယာယီဂူထဲမှာ အနားယူနေတာကို မြင်လိုက်ရသည်။
“ငါ့ကောင်ကြီးရေ ...မြောက်ပစိဖိတ် သမုဒ္ဒ ရာမှာ ရှိတဲ့ အဲဒီ ဧရာမစက်ဝိုင်းတွင်းထဲက သတ္တုအချို့ကို ငါတို့ရဲ့ ပင်လယ်ဘေး ဂို ဒေါင်ထဲကို ရွှေ့ပြောင်းပေးရင် ကျေးဇူးတင် မိမှာပဲကွာ..."
လိပ်ကြီးက ချက်ခြင်းပဲ သဘောတူကာ ပြန်ဖြေလိုက်၏။
"အိုကေဘာသခင် ကျွန်တော် ချက်ချင်းသွား လိုက်ပါ့မယ်...”
ဧရာမလှံကို ဂူရဲ့ အဝင်ဝမှာ ယာယီ ထားခဲ့ ပြီး ဒါကို ဘယ်သူမှ လာခိုးမှာ မဟုတ် ပေ။ဒါ့ကြောင့် လိပ်ကြီး က ပေါ့ပါးစွာ ထွက် ခွာ လာပြီး ဧရာမစက်ဝိုင်းတွင်းဆီ ဦးတည် သွားတော့သည်။
ရေမိုင် ၆၀ ၊၇၀ လောက်ပဲ ဝေးတာကြောင့် ဒီဧရာမစက်ဝိုင်းတွင်းရဲ့ အဝင်ဝကို မကြာ ခင်မှာပဲ လိပ်ကြီး ရောက်လာပြီး တွင်းရဲ့ အနက်ပိုင်းကို ရေကူးခတ်လာ၏။
အောက်ခြေကို ရောက်ပြီးနောက် ပိုကြီးတဲ့ သတ္တုအပိုင်းအစအချို့ကို အရင် ကောက် ယူပြီး ပါးစပ်ထဲမှာ ငုံထားလိုက်သည်။
တစ်တုံးစီက မသေးပေ။အကြီးဆုံးက တန် ၃၀ ကနေ တန် ၄၀ လောက် လေးနိုင်ပြီး အသေးဆုံးက တန်အနည်းငယ် ရှိနေကာ စုစုပေါင်း ဆယ်တန် ကျော်လောက်တော့ ရှိပေသည်။
တစ်နည်းအားဖြင့် လိပ်ကြီး ရဲ့ ပါးစပ်ထဲ တွင် မီးခိုးနက်ရောင် သတ္တု တန်တစ်ရာ ကျော်ကို ငုံထားခဲ့သည်။
ဒီသတ္တုတွေကို ပါးစပ်ထဲမှာ ထည့်ပြီး စက် ဝိုင်းတွင်းပေါက်ထဲကနေ လိပ်ကြီး ကူးခတ် ထွက်လာပြီးနောက် ဟွာဟိုင်းမြို့ဆီကို ဦး တည် ကူးခတ်လာခဲ့သည်။
.......
ရုံးခန်းထဲတွင်...
ပြင်ပအမြင်ကို လျူယောင် ပိတ်လိုက်ပြီး ကော်ဖီတစ်ငုံ သောက်နေစဥ် ဖုန်းမြည်လာ ခဲ့သည်။
"အော် ဒါက လျန်ဝမ်ချန်း ရဲ့ ဖုန်းပဲ... "
“မစ္စတာလျူ.. ကျွန်တော် မနက်ဖန်မနက်မှာ ဟွာဟိုင်း မြို့ကို လာဖို့ စီစဉ်ထားပါတယ်.. ဘယ်အချိန်တွေ့ဖို့ အဆင်ပြေမလဲ ကျွန် တော့်ကို လာရောက်တွေ့ဆုံခွင့် ပြုပါ ..."ဆိုတဲ့ အသံကို ကြားလိုက်ရသည်။
လျန်ဝမ်ချန်း ရောက်လာတဲ့ အကြောင်း အရင်းက ဒီ မီးခိုးနက်ရောင် သတ္တုကြောင့် ဆိုတာ လျူယောင် ချက်ချင်း သိတာ ကြောင့် ခဏလောက် တွေးပြီး ပြန်ဖြေလိုက် သည်။
“မနက်ဖန် နေ့လယ် သုံးနာရီဆို... ရုံးခန်းထဲ မှာ ကျွန်တော်… ခင်ဗျားကို စောင့်နေ ပါ့မယ် … "