အံအားသင့်စရာ ရှာဖွေတွေ့ရှိမူ့
Vol. 26 Ch. 355
နောက်တစ်နေ့....
Universal ကုမ္ပဏီကို လျန်ဝမ်ချန်း အချိန်မှီ ရောက်လာခဲ့ပြီး ဧည့်ခံခန်းထဲတွင် ထိုင်ကာ လျူယောင် လာတာကို စောင့်နေသည်။
မိနစ်အနည်းငယ်ကြာတော့ တံခါးအပြင် ဘက်တွင် ခြေသံတွေ ထွက်ပေါ်လာကာ လျူယောင်က စိတ်အားထက်သန်စွာ ဝင်လာခဲ့၏။
နှစ်ဦးသား ခဏလောက် လက်ဆွဲနှုတ် ဆက်ပြီးနောက် ဆိုဖာပေါ်မှာ ထိုင်ကာ ပျော်ရွှင်စွာ စကားပြောဆိုခဲ့ကြသည်။
“မစ္စတာလျူ ဒီသတ္တုက အရမ်းကောင်း တယ်ဗျာ.. ကျွန်တော်တို့က အင်ဂျင်တစ်ခုအ တွက် တာဘိုင်ဓားသွားကို ထုတ်လုပ်ဖို့ အဲ့ဒါ ကို အသုံးပြုခဲ့ပါတယ်.. စမ်းသပ်ပြေး ဆွဲပြီး နောက် စွမ်းဆောင်ရည်က အံ့ဩစရာ ကောင်းတာပဲ.."
သူက စမ်းသပ်ပြေးဆွဲမှု အခြေအနေကို ပျော်ရွှင်စွာ ပြောပြပြီးနောက် ဆက်ပြော လိုက်သည်။
“အရင်တစ်ခါတုန်းက ဒီသတ္တု တန် ၂၀၀ ကနေ ၃၀၀ လောက် ရှိသေးတယ်လို့ မစ္စတာလျူ ပြောခဲ့လို့ .. အရင်ဆုံး ၁၀ တန်လောက် ကျွန်တော် ဝယ်ချင်ပါတယ်.."
လျန်ဝမ်ချန်း ဒါကို တွေးထား ပြီးသား ဖြစ် ၏။ ဒီလိုသတ္တုမျိုးနဲ့ဆိုရင် တာဘိုင်ဓား သွားတွေအပြင် တာဘိုဖန် X အင်ဂျင်ရဲ့ တခြား အဓိက စက် အစိတ်အပိုင်း တွေကို လည်း ဒီသတ္တုများနဲ့ အစားထိုး အသုံးပြု နိုင်ပါသည်။
အင်ဂျင်တစ်ခုလုံးမှာ ပါဝင်တဲ့ အစိတ် အပိုင်းတွေရဲ့ ၂၀ ၊ ၃၀ ရာခိုင်နှုန်းအထိ ဒီသတ္တုကို အစားထိုးအသုံးပြုနိုင်ဖို့ လျန်ဝမ်ချန်း ကြိုးစားခဲ့သည်။
ဒီသတ္တုက ခိုင်ခံ့မှု့မြင့်မားခြင်း အပူဒဏ် ခံနိုင်ရည်ရှိခြင်း ချေးမတက်ခြင်းနဲ့ သိပ် သည်းဆ နည်းပါးတာကြောင့် လေယာဥ် အင်ဂျင်တွေအတွက် အထူးပြု လုပ်ထားသ လိုဖြစ်နေပြီး လေယဥ်အင်ဂျင် နယ်ပယ်တွင် အလိုအပ်ဆုံး သတ္တုတစ်ခုပဲ ဖြစ်၏။
အင်ဂျင်တစ်ခုစီရဲ့ ပမာဏက ကီလိုဂရမ် ၅၀ ကနေ ၁၀၀ ဖြစ်မယ်ဆိုရင် ဒီလိုသတ္တု ပ စ္စည်း တန် ၁၀ တန်က တာဘိုဖန် X အင်ဂျင် အလုံး တစ်ရာ ကျော်ကို ထုတ်လုပ်ဖို့ လုံ လောက်တာမို့လို့ အသေးစား ထုတ်လုပ်မှု့ကို ပြည့်မှီဖို့အတွက် ဘာပြဿနာမှ မရှိတော့ ပေ။
လျူယောင် ချက်ချင်း ခေါင်းညိတ်ကာ သ ဘောတူလိုက်သည်။
“ကောင်းလိုက်တာ.."
လျန်ဝမ်ချန်းက ပျော်ရွှင်တဲ့ အမူအရာနဲ့ သူ့ပေါင်ကို ပြင်းပြင်းထန်ထန် ရိုက်မိ လုနီး ပါး ဖြစ်သွားရသည်။
မစ္စတာလျူက ဒီလောက် တည့်တိုးဆန်ပြီး တစ်ပတ်အတွင်း ပစ္စည်းပို့ဖို့ တိုက်ရိုက် ကတိပေးမယ်လို့ သူ မတွေးထားခဲ့ပေ။ အခုအချိန်မှာ နာရီ ၃၀၀ စမ်းသပ်ပြေးဆွဲမှု့ရဲ့ တစ်ဝက်ကျော်ကို ပြီးစီးသွားပြီပဲ ဖြစ်၏။
လျန်ဝမ်ချန်း ပျော်ရွှင်နေတဲ့ အမူအရာနဲ့ မေးလိုက်သည်။
“မစ္စတာလျူ ဈေးနှုန်းက ဘယ်လောက် လဲ..."
လျူယောင် ချက်ခြင်း ပြန်ဖြေလိုက်၏။
“ဈေးနှုန်းကတော့ ပြည်ပသွင်းကုန် ဖြစ်တဲ့ သလင်းကျောက်စူပါသတ္တုစပ်ရဲ့ ဈေးနှုန်း အတိုင်းပါပဲ.. "
"ဘာ..."
လျန်ဝမ်ချန်းရဲ့ မျက်လုံးတွေ ပြူးကျယ်သွ ားပြီး သူ နားကြားမှားသွားတာလားလို့ လေးလေးနက်နက် တွေးလိုက်မိသည်။
ခဏအကြာမှာတော့ သတိပြန်ဝင်လာကာ သူ သတိပေးလိုက်၏။
“မစ္စတာလျူ..ခင်ဗျားရဲ့ သတ္တုက သလင်းကျောက် စူပါသတ္တုစပ်တွေထက် အများကြီး ပိုကောင်းတာကြောင့် စူပါသတ္တုစပ်တွေရဲ့ ဈေးနှုန်းထက် နှစ်ဆ ဒါမှမဟုတ် သုံးဆ ရှိသင့်ပါတယ်ဗျာ.. "
လျူယောင် က ပြုံးကာ ပြန်ဖြေလိုက်၏။
“စူပါသတ္တုစပ်တွေရဲ့ ဈေးနှုန်းအတိုင်းပဲ ပေးလိုက်ပါဗျာ..ကျွန်တော်က နိုင်ငံအတွက် အနည်းငယ် ပံ့ပိုးပေးတာပေါ့... "
တကယ်တော့ လျူယောင် ပိုက်ဆံ မရှား ပေ။ဒီ သလင်းကျောက် စူပါသတ္တုစပ်ရဲ့ ဈေးနှုန်းအတိုင်း ရောင်းရတာကို အရမ်း ကျေနပ်မိသည်။
လျူယောင် သိချင်စိတ်နဲ့ မေးလိုက်သည်။
"သလင်းကျောက် စူပါသတ္တုစပ်ရဲ့ ဈေးနှုန်း က ဘယ်လောက်လဲ.. "
လျန်ဝမ်ချန်း သဘောမတူပဲ ခေါင်းခါကာ ပြန်ဖြေလိုက်၏။
“ဒီဈေးနှုန်းနဲ့ဆိုရင် ခင်ဗျားက နစ်နာပါ တယ်..သလင်းကျောက် စူပါသတ္တုစပ်ရဲ့ ဈေးနှုန်းက တစ်ကီလိုဂရမ်ကို အမေရိ ကန်ဒေါ်လာ ၃,၅၀၀ လောက် ရှိပါတယ်.. ကျွန်တော်တို့ အရင်တစ်ခါက အမေရိ ကန်ဒေါ်လာ ၈,၀၀၀ ကျော် ပေးခဲ့ပေမယ့် သူတို့က မရောင်းခဲ့ဘူး.. "
လျူယောင် လက်ဝှေ့ယမ်းပြလိုက်ကာ ပြောလိုက်သည်။
“ဒါဆိုရင် တစ်ကီလိုဂရမ်ကို ယွမ် ၂၀,၀၀၀ ပဲ..လက်ရှိငွေလဲနှုန်းအရဆိုရင် အမေရိကန်ဒေါ်လာ ၃,၅၀၀ နီးပါး ရှိတယ်.. "
သေချာပေါက်ပဲ ဒီဈေးနှုန်းနဲ့ဆိုရင် လျန်ဝမ်ချန်း ပျော်ရွှင်သွားကာ ပြုံးပြီး ပြောလိုက်သည်။
“မစ္စတာလျူ အမေရိကန်ဒေါ်လာ ၃,၅၀၀ ကို ပြောင်းလိုက်ရင် ယွမ် ၂၁,၀၀၀ လောက် ဖြစ်ပါတယ်..ဒါက ခင်ဗျား နည်းနည်း နစ်နာသွားလောက်မယ် "
“ယွမ် ၂၀,၀၀၀ ကိန်းပြည့်ပဲ ထားလိုက် ပါ..ဒါက ကျွန်တော် လေကြောင်း လုပ်ငန်း အတွက် ပံ့ပိုးတယ်လို့ သဘောထား လိုက်ပါ ဗျာ.."
တစ်ကီလိုဂရမ်ကို ယွမ် ၂၀,၀၀၀ ဆိုတာက တစ်တန်ကို ယွမ် သန်း ၂၀ ပဲ ဖြစ်၏။
ဒီဈေးနှုန်းကို လျူယောင် မကျေနပ်စရာ မရှိပေ။ ဒါက ကုန်ကျစရိတ် မရှိတဲ့ အရောင်း အဝယ်တစ်ခုဖြစ်ပြီး အမြတ်စွန်း သက်သက် သူ ရသည်လေ။
အဲ့ဒီ နိုင်ငံခြားကောင်တွေကတော့ တစ်ကီ လိုဂရမ်ကို ဒေါ်လာ ၈,၀၀၀ နဲ့ စူပါသတ္တုစပ်ကို မရောင်းချင်ဘူးဆိုတာ တော့ အရမ်းကို အသည်းမာလွန်းသည်။
နှစ်ဦးသားက အရောင်းအဝယ်ကို မြန်မြန် ဆန်ဆန် ညှိနှိုင်းခဲ့ပြီး လျန်ဝမ်ချန်းက သတ္တု ၁၀ တန်ကို မှာယူလိုက်သည်။
လျူယောင်က တစ်ပတ်အတွင်း ပို့ပေးဖို့ ကတိပေးခဲ့သည်။သူ ဘာကြောင့် အခုမ ပို့တာလဲ ဆိုတော့ လိပ်ကြီး ပြန်ယူလာတဲ့ မီးခိုးနက်ရောင် သတ္တုကို ပြန် ပြုပြင်နိုင် တယ်လို့ သူ တွေးမိတာကြောင့်ပင်။
ဒီမနက်ပိုင်း မိုးမလင်းခင်တွင် လိပ်ကြီး က မြောက်ပစိဖိတ်သမုဒ္ဒရာကနေ သတ္တု ဆယ်တန် ကို သယ်လာခဲ့ပြီး ရေမိုင်ထောင် ချီ ကူးခတ်လာခဲ့သည်။
အဲ့ဒီအချိန်က မိုးအနည်းငယ် လင်းစပြုပေမဲ့ မှောင်နေတုန်းပဲ ပင်လယ်ဘေးက ဂိုဒေါင် ထဲကို လိပ်ကြီး ဝင်သွားပေမယ့် သူ့ကို ဘယ်သူမှ မတွေ့ပေ။
ပင်လယ်ဘေးက ဂိုဒေါင်ကို ပြုပြင်မွမ်းမံပြီး ချဲ့ထွင်ဖို့ လိုတယ်လို့တောင် လျူယောင် တွေးနေမိသည်။ အဓိကအားဖြင့် လိပ်ကြီး ဝင်ရ ထွက်ရ လွယ်အောင် ပင်လယ်ကို ဦးတည်တဲ့ ရေလမ်းကြောင်းကို ချဲ့ဖို့နဲ့ ရေ ပိုနက်အောင် လုပ်ဖို့ ပဲဖြစ်၏။
အရောင်းအဝယ် ညှိနှိုင်းပြီးတာနဲ့ လျန်ဝမ် ချန်း အရမ်းပျော်ရွှင်နေသည်။ သူက လျူ ယောင် နဲ့ စိတ်အားထက်သန်စွာ လက်ဆွဲ နှုတ်ဆက်ပြီး ကျေးဇူးတင်စကားတွေ ထပ်ကာထပ်ကာ ပြေလိုက်၏။
တစ်ကီလိုဂရမ်ကို ယွမ် ၂၀,၀၀၀ ဆိုတဲ့ ဈေးနှုန်းမှာ အရမ်းကောင်းတယ်လို့ လျန်ဝမ်ချန်း ယူဆခဲ့သည်။
ဒီ သတ္တုစပ် ကုန်ကျစရိတ်နဲ့ ပတ်သက်ပြီး အရမ်း သင့်တော်ပေသည်။ ဘာကြောင့်လဲ ဆိုတော့ ဒီသတ္တုက ပြည်ပသွင်းကုန် စူပါသလင်းကျောက်သတ္တုစပ်တွေထက် အများကြီး ပိုကောင်းရုံသာမက ဒီသတ္တုက နယ်ပယ်ပေါင်းစုံသုံး ပစ္စည်းဖြစ်ပြီး အစိတ်အပိုင်းအမျိုးမျိုးကို ပြုလုပ်နိုင်လို့ပဲ ဖြစ်၏။
"အရေးအကြီးဆုံးကတော့ ဒါက ပေါ့ပါး တာပဲ "
လေယဥ်အင်ဂျင် နယ်ပယ်တွင် ပေါ့ပါးတဲ့ သတ္တုတွေ ဒါမှမဟုတ် အလားတူ ပစ္စည်း တွေကို အများအပြား အသုံးပြုဖို့က အိပ်မက်တစ်ခုပဲ ဖြစ်သည်။
အလေးချိန် ပေါ့ပါးဖို့ လိုတာကြောင့် သုံးမဲ့ ပစ္စည်းက ကီလို ၅၀ ရှိသင့်သည်။ စူပါ သတ္တုစပ် ဖြစ်မယ်ဆိုရင် ထုတ်လုပ်ရမယ့် အစိတ်အပိုင်း အများကြီး မရှိပေ တာဘိုင် အပြားတစ်ခုကပင် ကီလို ၂၀ လောက် လေးတာကြောင့်ပဲ ဖြစ်သည်။
ဒီလိုသတ္တုမျိုးကတော့ ကီလို ၅၀ လောက်နဲ့ အစိတ်အပိုင်း အများကြီး ထုတ်လုပ်နိုင်ပြီး တာဘိုဖန် X အင်ဂျင် အစိတ်အပိုင်းတွေရဲ့ ၂၀% ကို ဒီသတ္တုမျိုးနဲ့ ပြုလုပ်နိုင်ပေသည်။
လျန်ဝမ်ချန်းက ပျော်ရွှင်စွာနဲ့ ပြန်သွား၏။
လျူယောင်ကတော့ ဖုန်းကို ကိုင်ပြီး ကျိုး ယန်ကို ခေါ်လိုက်ကာ ပင်လယ်ဘေးက ဂို ဒေါင်ထဲမှ ဆယ် တန် အလေးချိန်ရှိတဲ့ သတ္တု တွေကို ပုံသွင်းဖို့အတွက် ပုံသွင်းတဲ့ စက်ရုံတစ်ရုံကို ဆက်သွယ်ဖို့ အမိန့်ပေး လိုက်သည်။
ပိုက်ဆံရှိရင် လွယ်လွယ်ကူကူ လုပ်နိုင် တာ ကြောင့် ကျိုးယန်က ဟွာဟိုင်းမြို့မှ အင့် အားကြီးတဲ့ ပုံသွင်းတဲ့ စက်ရုံတစ်ရုံကို ချက် ချင်း ဆက်သွယ်ခဲ့ပြီး သူတို့က ဒီသတ္တု တွေကို အပူပေးပြီး ပုံသွင်းပေးမှာပဲ ဖြစ်၏။
မူလက ကျောက်တုံးလိုကြီးနေတဲ့ သတ္တု တုံးက ပုံသွင်းပြီးနောက် ပုံမှန်အတိုင်း အ ချောင်းတွေ ဖြစ်သွားပြီး အချင်း ၂၀ စင် တီမီတာနဲ့ အလျား ၂ မီတာ ရှိတဲ့ အချောင်း မျိုး ဖြစ်သွားပေလိမ့်မည်။
ပုံသွင်းပြီးတာနဲ့ လျန်ဝမ်ချန်းကို လျူ ယောင် ကိုယ်တိုင် ဖုန်းဆက်ပြီး လူတစ် ယောက်ကို စေလွှတ်ကာ စုစုပေါင်း ဒီသတ္တု ချောင်း ၁၀ တန်ကို ကားနဲ့ သယ်သွားခိုင်း လိုက်သည်။
ကျန်ရှိနေတဲ့ တန်ဆယ်ဂဏန်းရှိတဲ့ အ ချောင်းတွေကို ပင်လယ်ဘေးက ဂိုဒေါင် ထဲမှာ ယာယီထားလိုက်ပြီး တစ်ချိန် တည်း မှာပဲ ပင်လယ်ဘေးက ဂိုဒေါင်ကို ပြုပြင်မွ မ်းမံကာ ချဲ့ထွင်ဖို့လည်း စတင်ခဲ့သည်။
......
မြောက်ပစိဖိတ်သမုဒ္ဒရာတွင်...
လိပ်ကြီးက အစာ လုံလုံလောက်လောက်စား ကာ အနားယူနေပြီး ဒီလိုဘဝမျိုးက အရမ်း အေးချမ်းနေတယ်လို့ သူ ခံစားနေရသည်။
ယာယီဂူထဲမှာ ဧရာမရေဘဝဲ တစ်ဝက်ပဲ ကျန်တော့ကာ လိပ်ကြီး အတွက် ဗိုက်ပြည့်အောင်စားဖို့ လုံလောက်ပေသည်။
အစာအတွက် လိပ်ကြီး စိတ်ပူစရာ မလိုပေ။ စားပြီးတာနဲ့ အဲဒီ့ ပင်လယ်ကြမ်းပြင် အောက်မှ ချိုင့် ဝှမ်းကြီးကို သွားပြီး ဧရာ မရေဘဝဲကို အမြဲတမ်း ဖမ်းနိုင်ပေသည်။
လိပ်ကြီး အနားယူပြီးနောက် စိတ်အားအင် ပြည့်ဝနေသည်။ သူ့ရဲ့ ယာယီဂူကို ကြည့်ပြီး ရုတ်တရက် စိတ်ကူးပေါ်လာခဲ့ကာ သန့်ရှင်း ရေးလုပ်လိုက်ရင် ပိုပြီး နေလို့ကောင်း လောက်မယ်လို့ တွေးလိုက်မိသည်။
ဒါကြောင့် ဧရာမလှံကို လိပ်ကြီး ကောက် ယူပြီး ဂူကို စတင်သန့်ရှင်းရေး လုပ်လိုက် သည်။ ဂူထဲက မြေကြီးအချို့ ကျောက်တုံး အချို့ အပါအဝင် ဂူနံရံပေါ်က ဖုံးအုပ်ထား တဲ့ အရာအချို့ကို သူ သန့်ရှင်းရေး လုပ် လိုက်သည်။
လိပ်ကြီးက အလွန်အား အင်ပြည့်ဝတာ ကြောင့် နေရာ အများကြီးကို သန့်ရှင်းရေး လုပ်နိုင်ခဲ့သည်။ တဖြည်းဖြည်းနဲ့ ဂူက ပိုပြီး သန့်ရှင်းလာ၏။
" အာ ဒါ ဘာကြီးလဲဟ..."
သန့်ရှင်းရေးလုပ်နေစဥ်မှာပဲ ရုတ်တရက် လိပ်ကြီး တောင့်ခဲသွားသည်။ ဘာကြောင့် လဲဆိုတော့ သူ့ရဲ့ ဧရာမလှံက မာကျောတဲ့ သတ္တုတစ်ခုပေါ်ကို ထိုးမိသလို ခံစားရလို့ပဲ ဖြစ်၏။
သူ အလျင်အမြန် ထပ်ထိုးကြည့်တော့ တကယ်ပဲ ဖြစ်နေခဲ့သည်။သိပ်မနက်တဲ့ မြေကြီးအောက်တွင် မာကျောတဲ့ သတ္တု အလွှာတစ်ခု ရှိနေပုံရသည်။
ဧရာမလှံနဲ့ မြေကြီးအလွှာကို အလျင်အမြန် ထိုးစွကာ လိပ်ကြီး ဖယ်ထုတ်လိုက်သည်။
၂၀ ၊ ၃၀ စင်တီမီတာလောက်ရှိတဲ့ ဒီမြေကြီး အလွှာ ပိုင်းကို လိပ်ကြီး ဖယ်ရှားလိုက် ပြီး နောက် အောက်က သတ္တုအလွှာတစ်ခုလုံး ပေါ်လာခဲ့ပြီး အဲ့ဒါက မီးခိုးနက်ရောင် ရှိနေ၏။
ဒါက စက်ဝိုင်းတွင်းထဲက မီးခိုးနက်ရောင် သတ္တုနဲ့ အတိအကျ တူညီနေပေသည်။။