← Chapters

သတ္တုရဲ့ မူလ အသွင်အပြင်

Vol. 26 Ch. 356

သတ္တုရဲ့ မူလ အသွင်အပြင်

Vol. 26 Ch. 356

လိပ်ကြီး ထိုနေရာတွင် အံအားသင့်စွာရပ် နေမိပြီးခဏကြာမှ သတိပြန်ဝင်လာကာ ပေါ်လာတဲ့ သတ္တုကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ ဒီဂူက ဘာကြောင့် သတ္တုကြမ်းခင်း ဖြစ်နေတာလဲဆိုတာကို သူ မတွေးတတ်ပေ။

"ငါ နားမလည်မှတော့... သခင့်ကို မေးကြည့် မှ ရမယ်.. "

“သခင်ရေ ကျွန်တော့်ဘက်က အခြေအနေ ကို အမြန် ကြည့်ပါဦး..ဒီဂူကြီးထဲမှာ ဘာလို့ သတ္တုကြမ်းခင်းတွေ ဖြစ်နေတာလဲ... "

"ဘာ.."

လျူယောင်ရဲ့ မျက်လုံးတွေက ပြူးကျယ် သွားပြီး ဒါက တကယ်ဖြစ်တယ်ဆိုတာ မယုံနိုင်ခဲ့ပေ။

လိပ်ကြီးရဲ့ ယာယီဂူထဲမှာ ဒီလို မီးခိုးနက် ရောင် သတ္တုမျိုး တကယ်ရှိတယ်ဆိုတာကို လက်ခံဖို့ သူ အချိန်အကြာကြီး ယူခဲ့ရသည်။

ပြင်ပ အမြင်မှတစ်ဆင့် လျူယောင် အခြေအနေကို မြင်လိုက်ရသည်။

ဂူရဲ့ အဝင်ဝတွင် လိပ်ကြီးက ၂၀ ၃၀ စင်တီမီတာလောက်ရှိတဲ့ မြေကြီးအလွှာကို ရှင်းလင်းလိုက်တာကြောင့် အောက်က သတ္တုများ ပေါ်လာခဲ့ခြင်း ဖြစိလိမ့်မည်။

ဒါက မီးခိုးနက်ရောင် သတ္တုတစ်လွှာလုံး ဖြစ်နေကာ ပြန့်ပြူးပြီး ချောမွေ့နေကာ အရမ်းကြည့်ကောင်းနေသည်။

" လခွမ်း လိပ်ကြီးက ..သံဖိနပ်ပါးအောင် ရှာခဲ့ပေမယ့် ဘယ်နေရာမှ မတွေ့ခဲ့ဘူး ..အခုတော့ လွယ်လွယ်ကူကူ တွေ့လိုက် ရတာပဲ.. "

လိပ်ကြီးက အနီးအနားမှ ရေမိုင်နှစ်ရာ ဒါ မှမဟုတ် သုံးရာပတ်လည်အထိ အကြာကြီး ရှာဖွေခဲ့ပေမယ့် ဘာမှ မတွေ့ခဲ့ရပေ။ အခုတော့ မမျှော်လင့်ဘဲ မီးခိုးနက်ရောင် သတ္တုက ဒီနေရာမှာ ပေါ်လာခဲ့ပေသည်။

ဒီလို သတ္တုမျိုးက အလွန်ကောင်းမွန်ပြီး ဂြိုလ်သားခေတ်က ထုတ်ကုန် ဖြစ်နိုင်တာ ကြောင့် လျူယောင်က များလေလေ ကောင်းလေလေလို့ မျှော်လင့်ထားခဲ့သည်။

ဒါတွေက အလွန်အသုံးဝင်ပြီး စက်မှု့လု ပ်ငန်းများစွာမှာ အသုံးပြုနိုင်တဲ့အပြင် တစ်ကီလိုဂရမ်ကို ယွမ် ၂၀,၀၀၀ နဲ့လည်း ရောင်းချနိုင်သေးသည်။

စိတ်လှုပ်ရှားနေရာမှ တ ဖြည်းဖြည်း တည် ငြိမ်လာပြီး စိတ်ထဲကနေ လျူယောင် တွေး လိုက်မိသည်။

" လိပ်ကြီး ရဲ့ ယာယီဂူထဲမှာ ဘာဖြစ်လို့ ဒီလိုသတ္တုမျိုး ရှိနေတာလဲ.. "

"ဒီအပေါက်ရဲ့ အဝင်ဝက ထောင့်မှန်ပုံစံ နီးပါးဖြစ်နေတယ်.. ဒါက သဘာဝအတိုင်း ဖြစ်ပေါ်တာလား ဒါမှမဟုတ် လူလုပ်တာ လား.. "

မီးခိုးနက်ရောင် သတ္တုကို တွေ့ရှိခဲ့ပြီမို့လို့ ဒါက လူလုပ်တဲ့ဂူတစ်ခု ဖြစ်တယ်ဆိုတာကို လျူယောင် ပိုပြီး ယုံကြည်လာသည်။

“ငါ့ကောင်ကြီး...ဂူရဲ့ အဝင်ဝကို ရှင်းလိုက် အညစ်အကြေးတွေအားလုံးကို ရှင်းကြည့် လိုက်... "

“အိုကေဘာသခင် ပြဿနာ မရှိပါဘူး.."

လိပ်ကြီးက သဘောတူလိုက်ပြီး သူ့ရဲ့ ဧရာမလှံနဲ့ စတင် ရှင်းလင်းတော့သည်။

ဧရာမလှံက အတော်ကြီးပြီး သန့်ရှင်း ရေး လုပ်တာ မြန်ဆန်ပေမယ့် သန့်ရှင်းရေး လုပ်နေစဉ်မှာ မူလက ထူးထူးခြားခြား ကြည်လင်တဲ့ ပင်လယ်ရေက ရုတ်တရက် နောက်ကျိသွား၏။

ဒီနောက်ကျိနေတဲ့ ပင်လယ်ရေက လျူ ယောင် ရဲ့ အမြင်အာရုံကို တစ်စိတ်တစ်ပိုင်း ထိခိုက်စေခဲ့ပေမယ့် သူက အကြမ်းဖျင်း အခြေအနေအချို့ကို ဝိုးတဝါး မြင်နိုင်တုန်းပဲ ဖြစ်သည်။

ဂူရဲ့ အဝင်ဝမှာရှိတဲ့ မြေကြီးက ကျစ်ကျစ် လျစ်လျစ်ရှိနေပြီး ပိန်ပိန်ညှပ်ညှပ် ရွှံ့တွေ မဟုတ်တာကြောင့် သန့်ရှင်းရေးလုပ်ရတွင် လိပ်ကြီး အများကြီး လွယ်ကူနေသည်။

လိပ်ကြီး က သူ့ရဲ့ ဧရာမလှံနဲ့ အရင် အကြမ်းဖျင်း သန့်ရှင်းရေးလုပ်ပြီးမှ သူ့ရဲ့ ခြေသည်းတွေနဲ့ ဆက်လုပ်ခဲ့သည်။

ရေလိပ်က မြေတူးရာမှာ ကျွမ်းကျင် တာကြောင့် လိပ်ကြီး ရဲ့ ခြေသည်းတွေက ကြီးမားတဲ့အတွက် သန့်ရှင်းရေးလုပ်ရတာ အရမ်း အဆင်ပြေလှသည်။

ဂူရဲ့ အဝင်ဝကို အခြေခံအားဖြင့် သန့်ရှင်း ရေးလုပ်ခဲ့ပြီး အပေါ်က မာကျောတဲ့ မြေကြီး အလွှာကို အားလုံး ရှင်းလင်းလိုက်ပြီမို့ လို့ အခွံခွာထားတဲ့ ကြက်ဥတစ်လုံးလို ဖြစ်နေ ပေသည်။

နောက်ဆုံးတော့ သူ့ရဲ့ မူလအသွင်အပြင်ကို ပေါ်လွင်စေခဲ့သည်။

ဒါတွေ အားလုံးက သတ္တုတွေဖြစ်ပြီး အား လုံးကို မီးခိုးနက်ရောင် သတ္တုနဲ့ ပြုလုပ် ထားပြီး သတ္တုရောင်ခြည်တစ်ခု ပေါ်ထွက် နေပေသည်။

"ဘုရားရေ..."

"ဒါက သဘာဝဂူတစ်ခု လုံးဝ မဟုတ် ဘူးဟ... "

"ဒါက မီးခိုးနက်ရောင် သတ္တုနဲ့ ပြုလုပ်ထား တဲ့ လူလုပ်ဂူတစ်ခုပဲ ..."

"နေအူံး ..ဒါက ဂူတစ်ခု လုံးဝ မဟုတ်ဘဲ တခြားအရာတစ်ခု ဖြစ်နိုင်လောက်မယ်..."

ဒီအတွေးက လျူယောင် ရဲ့ စိတ်ထဲမှာ ပေါ် လာတာနဲ့ သူ လန့်သွားခဲ့ပြီး သူ့စိတ်ထဲကနေ စိတ်လှုပ်ရှားမှု့များ ထိန်းချုပ်မရ ဖြစ်လာ ခဲ့သည်။

" ဟူး.."

အသက်ပြင်းပြင်းအနည်းငယ် ရှူဖို့ ကြိုးစ ားပြီး လျူယောင် စိတ်ကို တည်ငြိမ်အောင် ကြိုးစားရင်း လိပ်ကြီးအား အမိန့်ပေးလိုက် သည်။

“လိပ်ကြီး...နောက်ရက်အနည်းငယ်အတွင်း မင်းရဲ့ တာဝန်က ဒီဂူကို သန့်ရှင်းရေးလုပ်ပြီး သူ့ရဲ့ မူလ အသွင်အပြင်ကို ပေါ်လွင် စေဖို့ ပဲ..."

“ အိုကေဘာ သခင်.. စိတ်သာချလိုက်..."

လိပ်ကြီးတွင် အခု အချိန်အများကြီး ရှိနေပြီ ဖြစ်လို့ တခြားနေရာမှာ လိုက်လံရှာဖွေ ဖို့အတွက် အချိန်အများကြီး ပေးစရာ မလို တော့ပေ။ဒါ့ကြောင့် သူ တစ်နေ့ကို နာရီ ၁၀ နာရီကျော်လောက် သန့်ရှင်းရေးလုပ်နိုင်ပေ သည်။

လျူယောင်ရဲ့ အစီအစဉ်က အရမ်းရိုးရှင်း ၏။ ဂူကို သန့်ရှင်းရေးလုပ်ဖို့နဲ့ ပတ်ဝန်းကျင် ဧရိယာကိုပါ ရှင်းလင်းပြီး ဂူ၏ မူလ အသွင်အပြင်ကို အပြည့်အဝ ပေါ်လွင်စေဖို့ပဲ ဖြစ်သည်။

......

နာမည်ကြီး လေကြောင်းအင်ဂျင် ထုတ်လုပ် တဲ့ နေရာတွင်....

စမ်းသပ်အလုပ်ရုံထဲက စမ်းသပ်ခုံပေါ်တွင် ၁၀ ရက်ကျော်နဲ့ စုစုပေါင်း နာရီ ၃၀၀ ကြာအောင် စမ်းသပ်ပြေးဆွဲပြီးနောက် ဒီ တာဘိုဖန် X အင်ဂျင်က နောက်ဆုံးမှာတော့ အလုပ်လုပ်တာ ရပ်တန့်သွားသည်။

စမ်းသပ်ပြေးဆွဲရေး အလုပ်ရုံရဲ့ ဒါရိုက်တာ က စိတ်လှုပ်ရှားနေပြီး လျန်ဝမ်ချန်း ဆီကို အလျင်အမြန် လျှောက်သွားကာ အသံကျယ်ကျယ်နဲ့ သတင်းပို့လိုက်သည်။

“ဒီဇိုင်နာချုပ် တာဘိုဖန် X နံပါတ် ၀၀၅ အင်ဂျင်က နာရီ ၃၀၀ ကြာ စမ်းသပ် ပြေးဆွဲမှု့ကို အောင်မြင်စွာ ပြီးဆုံး သွားပါ ပြီ.အချက်အလက်ညွှန်းကိန်းတွေ အားလုံး ပြည့်မီပါတယ် ခဗျာ.."

" ဝိူး.. ဖြောင်း ဖြောင်း ဖြောင်း.. "

သူပြောပြီးတာ နဲ့ ဘေးနားမှ ပူနွေးတဲ့ လက် ခုပ်သံတွေ ထွက်ပေါ်လာပြီး အချိန်အတော် ကြာခဲ့သည်။ ဒါက မလွယ်ကူခဲ့ပေ။

စမ်းသပ်ပြေးဆွဲမှု့မှာ ပါဝင်သူအားလုံးက ဒါဟာ အိပ်မက်တစ်ခုလိုပဲလို့ ခံစားနေ ရသည်။ စမ်းသပ်ပြေးဆွဲမှု့က အလွန် ချောမွေ့ခဲ့ပြီး တာဘိုင်အပူချိန် မြင့်မားတာ၊ တွန်းအားမလုံလောက်တာနဲ့ တုန်ခါမှု အရမ်းများတာလိုမျိုး လူတိုင်း စိုးရိမ်ခဲ့တဲ့ ပြဿနာတွေ မပေါ်ပေါက်ခဲ့ပေ။

လျန်ဝမ်ချန်းလည်း အများကြီး စိတ်သက်သ ာရာရသွားပြီး သူ့မျက်နှာပေါ်မှာ ပျော်ရွှ င်တဲ့ အသွင်အပြင်တစ်ခု ပေါ်နေပေသည်။ သူက တာဘိုဖန်X အင်ဂျင်ရဲ့ ဒီဇိုင်းအပေါ် ယုံကြည်မှု့ ရှိ၏။ ဒါက စတုတ္ထမျိုးဆက် လေကြောင်းအင်ဂျင်ရဲ့ ဒီဇိုင်းအဆင့်မှာ လုံးဝ ရှိနေပေသည်။

အရင်က ပြဿနာအမျိုးမျိုး အမြဲရှိခဲ့ပြီး စီမံကိန်းကို စတင်ဖွဲ့စည်းခဲ့တဲ့ အချိန်ကနေ အခုအချိန်အထိ နှစ်အနည်းငယ်အတွင်းမှာ သူတို့ အနည်းငယ်ပဲ ထုတ်လုပ်နိုင်ခဲ့သည်။ အဓိကအကြောင်းအရင်းက ဒီဇိုင်း ဒါမှမ ဟုတ် ထုတ်လုပ်မှု့ လုပ်ငန်းစဉ်မှာ မဟုတ်ဘဲ ပစ္စည်း မှာပဲ ဖြစ်သည်။

အထူးသဖြင့် တာဘိုင် အစိတ်အပိုင်းမှာရှိတဲ့ အပူချိန်မြင့်မားတဲ့ ပစ္စည်းတွေမှာ အမြဲတမ်း ပြဿနာရှိနေခဲ့ပေမဲ့ အခုတော့ ဒီလိုပြဿနာ မျိုး မရှိတော့ပေ။

ဒါကို ဒီစမ်းသပ်ပြေးဆွဲမှု့ကနေ မြင်နိုင် ပါသည်။

လျန်ဝမ်ချန်း အသံကျယ်ကျယ်နဲ့ ပြောလိုက် သည်။

“နာရီ ၃၀၀ ကြာတဲ့ စမ်းသပ်ပြေးဆွဲမှုကို အောင်မြင်စွာ ပြီးဆုံးခဲ့တာကြောင့်... အင်ဂျင်ရဲ့ အစိတ်အပိုင်းတွေ အားလုံးဖြုတ် ပြီး..စစ်ဆေးဖို့ တပ်ဆင်ရေး အလုပ်ရုံကို ပို့လိုက်ပါ... "

ထိုအင်ဂျင်ကို စမ်းသပ်ခုံကနေ ထုတ်လာပြီး ကားပေါ်တင်ကာ ဖြုတ်ပြီး စစ်ဆေးဖို့ အ တွက် အထွေထွေတပ်ဆင်ရေး အလုပ်ရုံကို ပို့လိုက်သည်။

နောက်တစ်နေ့....

လျန်ဝမ်ချန်း နဲ့ လူအုပ်ကြီးက အထွေထွေ တပ်ဆင်ရေး အလုပ်ရုံကို ရောက်လာကြ သည်။ အင်ဂျင်ကို ဖြုတ်တာ ပြီးစီးခဲ့ပြီး အခုတော့ အစိတ်အပိုင်း တွေ အဖြစ် ရှိနေ ပေသည်။ စစ်ဆေးသူတွေနဲ့ နည်းပညာ ရှင်တွေက အစိတ်အပိုင်းတစ်ခုစီကို စစ်ဆေးနေကြသည်။

လျန်ဝမ်ချန်း က တာဘိုင်ဓားသွားတွေဆီကို လျှောက်သွားပြီး သေချာ ဂရုတစိုက် ကြည့် လိုက်ရာ တဖြည်းဖြည်းနဲ့ သူ့မျက်နှာပေါ်မှာ ကျေနပ်တဲ့ အသွင်အပြင်တစ်ခု ပေါ်လာ၏။

နာရီ ၃၀၀ ကြာအောင် စမ်းသပ်ပြီးနောက် ဒီဓားသွားတွေက အရောင်တောင် မပြောင်း လဲပေ။ အရင်ကအတိုင်းပဲ မီးခိုးနက်ရောင် ရှိနေပြီး သေးငယ်တဲ့ အက်ကြောင်းတွေနဲ့ တခြားအရာတွေဆို အထူး ပြောစရာတောင် မလိုတော့ပေ။

“ဒါက နာရီ ၃၀၀ စမ်းသပ်ထားတဲ့ ဓားသွာ းဖြစ်တယ်ဆိုတာ ငါ မယုံနိုင်ဘူးကွာ..."

“ဟူး ကောင်းလိုက်တာ ကျွန်တော်တို့ ရင် ဆိုင်နေရတဲ့ ပစ္စည်းပြဿနာကို လုံးဝ ဖြေရှင်းနိုင်ခဲ့ပြီ... "

ပတ်ဝန်းကျင်ကလူများမှာ တစ်ယောက် ပြီးတစ်ယောက် ပျော်ရွှင်နေကြသည်။အ ဓိက နည်းပညာရှင်တွေပဲဖြစ်ဖြစ် ဒါမှမဟုတ် အကြီးတန်း စီမံခန့်ခွဲသူတွေပဲ ဖြစ်ဖြစ် အကုန်လုံး ပျော်ရွှင်နေကြသည်။

ဒီအင်ဂျင်က နာရီ ၃၀၀ ကြာ စမ်းသပ်ပြေး ဆွဲမှု့ကို အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။ နောက်တစ်ခုက လျန်ဝမ်ချန်းနဲ့ အခြားလူ များတွင် လုပ်စရာတွေ ကျန်နေသေးသည်။

အစိတ်အပိုင်းအချို့ရဲ့ ပစ္စည်းများကို မီးခိုးနက်ရောင် သတ္တုနဲ့ ပြောင်းလဲလိုက်ပြီး အချိုးအစားက ၂၀% ထက် ပိုများရမှာပဲ ဖြစ်သည်။

တာဘိုဖန် X အင်ဂျင် အစိတ်အပိုင်းတွေရဲ့ ၂၀% ကျော်ကို မီးခိုးနက်ရောင် သတ္တု ပစ္စည်းတွေနဲ့ အစားထိုးပြီးနောက် စွမ်း ဆောင်ရည်က ဘယ်လိုဖြစ်မလဲ၊ ဘယ် လောက်အထိ တိုးတက်လာမလဲဆိုတာ လျန် ဝမ်ချန်း မျှော်လင့်နေမိသည်။

သံသယဖြစ်စရာ မလိုတဲ့ အချက်အချို့ ရှိ သည်။ တစ်ခုကတော့ အင်ဂျင်ရဲ့ တွန်း အား-အလေးချိန် အချိုးအစား တိုးတက် လာတာဖြစ်ပြီး နောက်တစ်ခုကတော့ အင်ဂျင် အသုံးပြုနိုင်တဲ့ သက်တမ်း တိုးတက်လာတာပဲ ဖြစ်၏။

...

ရက်အနည်းငယ်ကြာတဲ့အထိ လိပ်ကြီး က အစားစားတာနဲ့ အိပ်တာကလွဲပြီး ဂူကို အခြေခံအားဖြင့် သန့်ရှင်းရေးလုပ်နေသည်။

သူ့ရဲ့ ချွန်ထက်တဲ့ ခြေသည်းတွေက အရမ်း ကောင်းတဲ့ သန့်ရှင်းရေး ကိရိယာတွေ ဖြစ် လာခဲ့၏။

ဒီဧရာမဂူကြီးအပါအဝင် ဂူရဲ့ အဝင်ဝမှာရှိတဲ့ ဧရိယာအကျယ်ကြီးကို သူ သန့်ရှင်းရေး လုပ်ခဲ့ပြီး မျက်နှာပြင်ပေါ်မှ မြေကြီးအလွှာ ကို ရှင်းလင်းလိုက်တာကြောင့် သတ္တုရဲ့ မူလအသွင်အပြင်ကို ပေါ်လွင်လာစေသည်။

All Chapters