← Chapters

ဒီ ကြီးမားတဲ့ အရာက ဘာများ ဖြစ်နိုင်မလဲ

Vol. 26 Ch. 357

ဒီ ကြီးမားတဲ့ အရာက ဘာများ ဖြစ်နိုင်မလဲ

Vol. 26 Ch. 357

လျူယောင်က နေ့တိုင်း လိပ်ကြီးရဲ့ အခြေ အနေကို ပြင်ပအမြင်မှတဆင့် ကြည့်နေခဲ့ပြီး သူ ကြည့်လေလေ အံ့ဩမှု့များ ပိုများလာ လေလေ ဖြစ်နေသည်။

ဂူတစ်ခုလုံးတွင် ရွှံ့အလွှာကို ရှင်းလင်း လိုက်တဲ့မျက်နှာပြင်များ အားလုံးက မီးခိုးနက်ရောင် သတ္တုများ ဖြစ်နေသည်။

သန့်ရှင်းရေးကို ဆက်လုပ်ပြီး နေရာကို ချဲ့ထွင်လိုက်တာလည်း အတူတူပဲ ဖြစ်ပြီး မီးခိုးနက်ရောင် သတ္တုများသာ ထပ်မံ ပေါ် ထွက်လာမယ်လို့ လျူယောင် ယုံကြည်ထား သည်။

လျူယောင် ခန့်မှန်းတာက ဒီပင်လယ် ကြမ်းပြင် ရွှံ့အလွှာအောက်တွင် နှစ်ပေါင်း ၅၀,၀၀၀ ခန့်က ရှိနေခဲတဲ့ ဂြိုလ်သားခေတ် က လက်ရာ ဖြစ်နိုင်ပေသည်။

နှစ်ပေါင်း ၅၀,၀၀၀ ကြာအောင် စုပုံမှု့ကြောင့် သူ့ရဲ့မျက်နှာပြင်ကို ထူထဲတဲ့အလွှာနဲ့ ဖုံးလွှမ်းသွားပြီး ပါးလွှာသောအပိုင်းက ၂၀ မှ ၃၀ စင်တီမီတာ ထူပြီး ထူတဲ့အပိုင်းက ၂ မှ ၃ မီတာ ဒါမှမဟုတ် ၁၀ မီတာကျော်ပင် ရှိနိုင်လောက်သည်။

"သခင်ရေ ကြည့်ပါဦး ကျွန်တော် ဆက်ပြီး သန့်ရှင်းရေးလုပ်ဖို့ လိုသေးလား ..."

လိပ်ကြီးရဲ့ အသံက လျူယောင် ရဲ့ စိတ်ထဲ တွင် ပေါ်လာခဲ့၏။ပြင်ပအမြင်မှတဆင့် လျူယောင် ထိုနေရာမှ အခြေအနေကို ရှင်းလင်းစွာ မြင်နေရသည်။

ဂူတစ်ခုလုံးအပါအဝင် ဂူဝရှေ့ရှိ ဧရိယာ ကျယ်ကြီးကိုပါ လိပ်ကြီး ရှင်းလင်းလိုက်ရာ ထွက်ပေါ်လာတဲ့အရာများက မီးခိုးနက် ရောင် သတ္တုများသာ ဖြစ်နေသည်။

အဲဒါကို ချဲ့ထွင်ပြီး ဆက်လက်ရှင်းလင်း လိုက်ပါကလည်း အတူတူပင်ဖြစ်ပြီး ထိုမီးခိုးရောင် သတ္တုက ဒီ ဧရိယာကျယ် ကြီးတွင် ထင်ရှားစွာ ပေါ်လွင်နေလောက် မည်။

မြေအလွှာဖြင့် ဖုံးလွှမ်းထားတဲ့အရာက ဂြိုလ်သားခေတ်က ထုတ်ကုန်တစ်ခု ဖြစ်တယ်လို့ အခြေခံအားဖြင့် လျူယောင် အတည်ပြုပြီးသာ ဖြစ်သည်။

ဒါပေမဲ့ ဘယ်‌လောက်ထိကြီးမားပြီး ဘယ် လိုအရာဖြစ်တယ် ဆိုတာကိုတော့ လျူ ယောင် မသိသေးပေ။

“လိပ်ကြီး..မင်း ဒီတောင်တစ်ဝိုက်ကို ဖြည်း ဖြည်းချင်း ကူးခတ်နေလိုက် ဒီတောင်ရဲ့ အခြေအနေကို ငါ ကြည့်ချင်လို့..."

လိပ်ကြီး ချက်ချင်း သဘောတူပြီး တောင် တစ်ဝိုက်ကို ဖြည်းဖြည်းချင်း ကူးခတ် နေ တော့သည်။ ပြင်ပ မြင်အမြင်မှတဆင့် တောင်ရဲ့ အခြေအနေကို လျူယောင် သေ ချာ ကြည့်လိုက်သည်။

ထို ပတ်ဝန်းကျင် ဧရိယာက ၁၀၀ ကီလိုမီတ ာကျော် ရှည်လျားပြီး အနံမှာ ကီလိုမီတာ အနည်းငယ်မှ ၁၀ ကီလိုမီတာကျော်အထိ ရှိနေကာ ပင်လယ်အောက်လွင်ပြင်နဲ့ နှိုင်းယှဉ်ပါက ဒီတောင်ရဲ့အမြင့်မှာ မီတာ ၃၀၀ မှ ၅၀၀ အထိ ရှိနေ၏။

သူ ကြည့်လေလေ ဒီတောင်က ပို ထူးဆန်း လေလေ ဖြစ်နေသည်။

အထူးသဖြင့် အချို့နေရာများတွင် မြင်ရတဲ့ မျဉ်းကြောင်းများက သဘာဝတောင်ကုန်းမျ ားလို ကွေးညွှတ်တဲ့မျဉ်းများနဲ့ မတူဘဲ တည့်တည့် ပြန့်ပြူးနေသည်။

ဒါက ညီညာ ပြန့်ပြူးပြီး ကျယ်ပြန့်တဲ့ ပင် လယ်အောက်လွင်ပြင်ဖြစ်တာကြောင့် ရုတ် တရက် တောင်တစ်ခု ထွက်ပေါ်လာရာ ဘယ် လိုပဲဖြစ်စေ စီလျော်မှု့မရှိသလို ဖြစ်နေ သည်။

"ဖြစ်နိုင်တာက…"

လျူယောင် ရဲ့ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာပြီး ချက်ချင်းဆိုသလို သူ ထပ်မံ ထိတ်လန့်သွားမိသည်။

သူ့ဘာသာ တွေးလိုက်မိသည်မှာ " ဒါက တောင်မဟုတ်ဘဲ ပင်လယ်ကြမ်းပြင် အောက်တွင် နှစ်ပေါင်း ၅၀,၀၀၀ ကြာ လဲလျောင်းနေကာ ဂြိုလ်သားတွေ လုပ် ထားတဲ့ အရာ ဖြစ်နိုင်ပြီး ရွှံ့နွံများဖြင့် ဖုံးလွှမ်းသွား၍ တောင်အဖြစ်ကို ပြောင်းလဲသွားခြင်းမှာ ဖြစ်နိုင်ပါသလား .."

ဒါပေမဲ့ ၁၀၀ ကီလိုမီတာကျော် ရှည်လျားတဲ့ အလျားမှာ အရွယ်အစား အလွန်ကြီးမားလှ ၏။

ဒီခန့်မှန်းချက်ကို လျူယောင် အတည်ပြု ရန်အတွက် လိပ်ကြီး ကို ပတ်ပတ်လည်တွင် ကူးခတ်ရန် အမိန့်ပေးလိုက်ရာ လိပ်ကြီးက အခု ဒီတောင်ရဲ့ အပေါ်ဆုံးတွင် ရှိနေပေ သည်။

“လိပ်ကြီး မင်းရဲ့ လက်ရှိနေရာကနေ မြေ ကြီးကို တူးလိုက်ရင် အောက်မှာ မီးခိုးနက် ရောင် သတ္တု ထွက်ပေါ်လာအုံးမလား မသိဘူး.."

" အိုခေဘာ သခင် ခနစောင့်ပါအူံး ..."

လိပ်ကြီးက ချက်ချင်းတူးလိုက်၏။ လိပ်ကြီးရဲ့ခြေသည်းများက ကြီးမားပြီး ထက်မြက်တာကြောင့် မြန်မြန်ဆန်ဆန်ပင် မြေအလွှာကို မီတာအနည်းငယ်အထိ တူးထုတ်လိုက်သည်။

“အိုး..သခင်ရေ..အောက်မှာ မီးခိုးနက်ရောင် သတ္တု ထွက်ပေါ်လာပြန်ပြီ.... "

ဒါက ကြီးမားတဲ့ တွေ့ရှိမှု့တစ်ခု ဖြစ်နေတဲ့အ လားလိပ်ကြီးရဲ့ စိတ်လှုပ်ရှားဖွယ်အသံ ထွက်ပေါ်လာသည်။

ဖုံးလွှမ်းထားသော မြေအလွှာကို တူးလိုက် တဲ့အခါ မှာလည်း မီးခိုးနက်ရောင် သတ္တု ထွက်ပေါ်လာမယ်လို့ လျူယောင် ကြိုတင်ခ န့်မှန်းထားပေမဲ့ သတ္တု တကယ်ပေါ်လာ တဲ့ အခါ သူ့ရဲ့ စိတ်လှုပ်ရှားမှု့ကို မဖုံးကွယ်နိုင်ခဲ့ ပေ။

“ကောင်းပြီ...အရမ်း ကောင်းတယ်..ငါ့ ကောင်ကြီး ကြီး တခြားနေရာမှာ ထပ်တူး ကြည့်ပါအူံး... "

ဒီနေရာကို ဖုံးလွှမ်းထားသော မီတာ အနည်း ငယ် ထူတဲ့ ရွှံ့ကျောက်တုံးကို တူးလိုက်ရာ အောက်ခြေမှာလည်း မီးခိုးနက်ရောင် သတ္တု ပင် ဖြစ်နေသည်။

နောက်ထပ် နေရာတစ်ခု ပြောင်းပြီး ထပ် တူးကြည့်လည်း အတူတူပဲ ဖြစ်၏။

ပြီးနောက် နေရာပြောင်းပြီး အပြင်ဘက်တွင် ထပ်တူးလည်း အခြေအနေက အတူတူပဲ ဖြစ်နေပေသည်။

ဆက်တိုက် ၁၂ နေရာကျော် ပြောင်းလဲ တူး ခဲ့ရာ အခြေအနေအားလုံး အတူတူပင် ဖြစ် ကာ မတူညီတဲ့ ရွှံ့အလွှာအထူကို တူးလိုက် သောအခါ အောက်ခြေတစ်ခုလုံးက မီးခိုး နက်ရောင် သတ္တုများပင် ဖြစ်နေသည်။

လျူယောင် ဒီဖြစ်ရပ်ကို မယုံကြည်သေးဘဲ တောင်ရဲ့ အပေါ်ဆုံးကို သွားရန် လိပ်ကြီးကို အမိန့်ပေးလိုက်သည်။

“လိပ်ကြီး ဒီတောင်ရဲ့ အရှေ့ပိုင်းမှာ တူး လိုက်ရင်လည်း မီးခိုးနက်ရောင် သတ္တုပဲ ဖြစ်နေမလား မသိဘူး... "

လိပ်ကြီးက သူ့ရဲ့ ဧရာမ ရှေ့ခြေ သည်းနှစ် ခုဖြင့် တူးလိုက်ရာ မီတာအနည်းငယ် ထူတဲ့ မြေအလွှာက ချက်ခြင်း ပဲ့ထွက်လာသည်။

“သခင်ရ.. အတူတူပဲ အောက်မှာ သတ္တု အလွှာ ရှိနေတယ်... "

လျူယောင် အံ့အားသင့်ကာ ထပ်ပြော လိုက်၏။

“ဒါဆို ဒီတောင်ရဲ့ ဟိုဘက်ခြမ်းကို သွားတူး ကြည့်လိုက်..”

တောင်ရဲ့ ရှေ့ပိုင်းမှ အဆုံးအထိ ၁၀၀ ကီလို မီတာကျော် ရှည်လျားပေမဲ့ လိပ်ကြီး အတွက်တော့ အချိန်အကြာကြီး မယူရပေ။

တောင်ရဲ့ အဆုံးကို ရောက်တဲ့အခါ လျူ ယောင် ရဲ အမိန့်မပါဘဲ လိပ်ကြီးက သူ့ရဲ့ ဧရာမခြေသည်းများကို ဝှေ့ယမ်းကာ တူးလိုက်သည်။

ထူထဲတဲ့ မြေအလွှာကို ထပ်မံတူးလိုက်ရာ သေချာတာက မီးခိုးနက်ရောင် သတ္တု ပဲ ထပ်မံပေါ်ထွက်လာပြန်သည်။

ဒါကိုကြည့်ခြင်းအားဖြင့် ဒီဂူက တောင် မဟုတ်ဘဲ တောင်တစ်ခုနှင့်တူရုံသာဖြစ်ပြီး အမှန်တကယ်တော့ ဂြိုလ်သားခေတ်မှ ဧရာမအရာကြီးတစ်ခု ဖြစ်တယ်ဆိုတာ လျူ ယောင် အခြေခံအားဖြင့် သေချာစေခဲ့သည်။

ဒီ အရာက ဧရာမ အရွယ်အစား ဖြစ်နေ ပေသည်။

ဒီလောက်ကြီးမားတဲ့ အရွယ်အစားက အလွန် အံ့ဩစရာကောင်းလှ၏။

လျူယောင်ရဲ့ စိတ်ထဲတွင် ဒီလောက် ကြီးမားတဲ့ဟာက ဘယ်အရာဖြစ်နိုင်လဲ ဆိုတာ တွေးနေမိသည်။

ဒီအချိန်တွင် လျူယောင် အလိုချင်ဆုံးအ ရာမှာ ဖုံးလွှမ်းထားတဲ့ မြေကြီးအားလုံးကို ဖယ်ရှားပြီး သူ့ရဲ့ မူလ အသွင်အပြင်ကို ထုတ်ဖော်ကာ ဒီ တောင်ကြီးက ဘယ်အရာ ဖြစ်တာလဲဆိုတာကိုကြည့်ရှု့ရန်ပဲ ဖြစ်၏။

လိပ်ကြီးတွင် တန်တစ်ထောင်နီးပါး ဧရာမ ခြေသည်းများ ရှိနေပေမဲ့ တစ်ကြိမ်တည်းနဲ့ တန်အနည်းငယ် မြေကြီးကိုသာ တူးနိုင် သည်။ဒီလောက် ကြီးမားတဲ့ တောင်ကြီးကို တူးရန် အချိန်ဘယ်လောက် ကြာမလဲ ဆိုတာကိုတော့ လျူယောင် မသိပေ။

လျူယောင် ခဏ စဉ်းစားပြီးနောက် အမိန့်ပေးလိုက်သည်။

“ငါ့ကောင်ကြီး..ငါ့မှာ မင်းအတွက် တာဝန် တစ်ခု ရှိတယ်.. ရက်အနည်းလောက် ဒီတောင်ရဲ့ အပေါ်ဆုံးက မြေကြီးလွှာကို မင်း.. ရှင်းလင်းရမယ်.. ဒီတောင်ရဲ့အောက်မှ ာ ဘာရှိလဲဆိုတာကို ငါ သိချင်တယ်... "

“အိုခေဘာသခင်.. ကျွန်တော် ဒါကို ဆက် လုပ်လိုက်ပါ့မယ်..တောင်ရဲ့ အပေါ်ဆုံးက မြေကြီးတွေကို တတ်နိုင်သမျှ ရှင်းလင်းဖို့ ကြိုးစားပါ့မယ်ဗျ.. "

“အင်းပါ မင်းရဲ့ကြိုးစားမှု့အတွက် ကျေးဇူး တင်ပါတယ်ကွာ.."

လိပ်ကြီးကို ဒီလို ပြုလုပ်ရန် အမိန့်ပေးပြီး နောက် အိမ်မွေးတိရစ္ဆာန်ချပ်ပြားရဲ့ ပြင်ပအမြင်ကို လျူယောင် ပိတ်လိုက်သည်။

ဒီတောင်ကြီးကို ဖုံးလွှမ်းထားတဲ့ မြေ အလွှာ အားလုံးကို တစ်ကြိမ်တည်း ရှင်းလင်းရန်မှာ မဖြစ်နိုင်ပေ။ဒါ့ကြောင့် တောင်ရဲ့ ထိပ်ပိုင်း တွင် နည်းလမ်းတစ်ခုရှာကာ တစ်စိတ် တစ် ပိုင်းကို ရှင်းလင်းဖို့ လျူယောင် စဥ်းစားမိ သည်။

ဖြစ်နိုင်တာက ကျားကွက်ကိုကြည့်ပြီး ကျား တစ်ကောင်လုံးကို ခန့်မှန်းနိုင်သလို ပေါ်ထွက် လာတဲ့ အစိတ်အပိုင်းလေးအပေါ် အခြေခံ ပြီး ဒါက ဘယ်လိုအရာ ဖြစ်နိုင်တယ် ဆိုတာကို မှန်းဆလို့ရနိုင်လိမ့်မည်။

ဒါကို ယာယီအားဖြင့် သူ ဆုံးဖြတ်ပြီးပြီပဲ ဖြစ်သည်။

ဆိုဖာပေါ်ထိုင်တွင် ထိုင်ရင်း အချိန် အကြာ ကြီး လျူယောင် တွေးနေမိသည်။ လိပ်ကြီး အနေဖြင့် ဒီတောင်ရဲ့ ထိပ်ကို ရှင်းလင်းရန် အချိန်ယူရမှာ ဖြစ်တာကြောင့် သူ တစ်ခုခု ကို ကြိုတင် လုပ်ရပေမည်။

အနာဂတ်တွင် ဒီပင်လယ်ကြမ်းပြင်ကို ကိုယ်တိုင် သွားကြည့်ရန် လျူယောင် စီစဉ် ထားလိုက်သည်။ မီတာ ၃,၀၀၀ ကျော် နက် တဲ့ ပင်လယ်ကြမ်းပြင်က မှောင်မိုက်နေ တာ ကြောင့် အလင်း အား ကောင်းတဲ့ ဓာတ်မီး တစ်လတ် လိုအပ်နေသည်။

မီတာ ၃,၀၀၀ ကျော် အနက်မှ ရေဖိအားကို ခံနိုင်တဲ့ ဓာတ်မီးကို မှာယူရမှာပဲ ဖြစ်၏။ ဒါ့ကြောင့် ဒန်ဖန်း လျှပ်စစ်ပစ္စည်း ထုတ် လုပ်ရေး ကုမ္ပဏီပိုင်ရှင်ရဲ့ ဖုန်းနံပါတ်ကို လျူယောင် ရှာလိုက်သည်။

ယခင်က. မီတာ ၁,၀၀၀ ကျော် ရေအနက်ထိ လျူယောင် ဆင်းခဲ့ဖူးသည်။ ထိုအချိန်ကလ ည်း ဓာတ်မီးကြီး တစ်လက်ကို မှာယူခဲ့ပြီး မီတာ ၁,၀၀၀ ကျော်အထိ သူ ဆင်းသက်ခဲ့ သည်။ ယခုတစ်ကြိမ်တွင်လည်း မီတာ ၃,၀၀၀ ကျော် ရေဖိအားကို ခံနိုင်တဲ့ နောက် ထပ် ဓာတ်မီးကြီး တစ်လက်ကို ထုတ်လုပ် ခိုင်းရန် သူ စီစဉ်ထားသည်။

အမှန်ပါပဲ လျူယောင့်ဆီမှာ စူပါအာရုံခံနိုင် တဲ့ စွမ်း စွမ်းရည်ရှိတာကြောင့် မီတာ ၅၀၀ အတွင်းရှိ အခြေအနေကို အခြေခံအားဖြင့် ရှင်းလင်းစွာ သိရှိနိုင်ပေမဲ့ အလင်းများ ထပ် ပေါင်းထည့် လိုက်ပါက ပိုမို ရှင်းလင်း စွာ သူ မြင်နိုင်ပေလိမ့်မည်။

ရုံးခန်းထဲမှ လျူယောင် ထွက်လာပြီး ကား ပေါ် ရောက်တဲ့အခါ ချန်းဟူကို ပြောလိုက် သည်။

" ဒန်ဖန်း လျှပ်စစ်ပစ္စည်းကုမ္ပဏီကို သွားပေး ...သူတို့ဆီကနေ..ငါ ပစ္စည်း တစ်ခုခု မှာ ချင်လို့...”

ဒီကုမ္ပဏီက အလွန် ပညာရှင်ဆန်ပြီး နက် ရှိုင်းတဲ့ ပင်လယ်သုံး လျှပ်စစ် ပစ္စည်းများ ထုတ်ရာတွင် ကြီးမားသော အင့်အားရှိပေမဲ့ ကုမ္ပဏီက အရွယ်အစားသေးငယ်ပြီး နှစ်စဉ်ဝင်ငွေမှာ ယွမ်တစ်ဘီလီယံအောက် သာ ရှိပေသည်။

Universalရဲ့ သူဋေး ကိုယ်တိုင်ရောက် လာ မှာကြောင့် အဲ့ဒီ့ ကုမ္ပဏီက သူ့ကို အလွန် အလေးထားဆက်ဆံခဲ့သည်။

ထိုကုမ္ပဏီရဲ့ သူဋေးက လုပ် နေတဲ့ ကိစ္စ များအားလုံးကို ဖျက်သိမ်းပြီး လျူယောင် ရောက်လာဖို့ကို စောင့်ဆိုင်း နေ ပေသည်။

All Chapters