← Chapters

ကွဲပြားသော နေရာ

Vol. 26 Ch. 358

ကွဲပြားသော နေရာ

Vol. 26 Ch. 358

"မစ္စတာလျူ..မင်္ဂလာပါဗျာ ကျွန်တော်က ယွမ်ဟိန်ပါခဗျ..."

အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသား တစ်ဦးက သူ့ကို ကိုယ်တိုင်ကိုယ်ကျ လာ ရောက်ကြိုဆိုခဲ့သည်။ဒီလူက ဒီကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာ မဟုတ်ဘဲ သူဋေး ဖြစ်နေသည်။

ဒီကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာက ပညာ ရှင် တစ်ဦးသာဖြစ်ပြီး သူဋး မဟုတ်ပေ။

နောက်ကွယ်က သူဋေးကြီးကိုယ်တိုင် လာ ရောက်ကြိုဆိုခြင်းကို ဘယ်သူမှ မရဖူး တာကြောင့် မျက်နှာသာပေးခံရသလိုမျိုး လျူယောင် ခံစားနေရသည်။

ဒါက Universal ရဲ့ အင့်အားနဲ့ နိူင်းယှဥ်လို့ မရတာကြောင့် ဖြစ်လိမ့်မည်။ လက်ရှိ Universal ရဲ့ စုစုပေါင်း ပိုင်ဆိုင်မှု့များက ယွမ်ဘီလီယံ ၁၀၀ ကျော်ရှိပြီး သင်္ဘော တင် နိုင်မှု့ ပမာဏက တန် ၁၅ သန်းကျော် ရှိ၏။ သူ့ကုမ္ပဏီက ကမ္ဘာပေါ်ရှိ ထိပ်တန်း သင်္ဘော ကုမ္ပဏီကြီး ၅ ခုတွင် ပါဝင်ခဲ့ပေသည်။

ဒါ့အပြင် Universalက ဟွားဟိုင်မြို့တွင် လည်း နာမည်ကြီးလှသည်။Universal အဆောက်အအုံကို မကြာမီ ပေးအပ် ပြီးနောက်မှာလည်း ဂုဏ်သတင်း ပိုမို တိုး တက်လာပေလိမ့်မည်။

“မစ္စတာယွမ် မင်္ဂလာပါဗျာ..."

နှစ်ဦးသား လက်ဆွဲနှုတ်ဆက်ကြရာ နှစ် ပေါင်းများစွာ ခင်မင်ခဲ့ကြတဲ့ မိတ်ဆွေဟေ ာင်းများလိုပင် ဖြစ်နေသည်။ဒါက လုပ်ငန်း နယ်ပယ်တွင် သဟဇာတဖြစ်မှု့ကို အလေး ထားတာပဲ ဖြစ်၏။

ယွမ်ဟိန် နှုတ်ဆက်ပြီးနောက် လျူယောင် ကို ဧည့်ခံခန်းထဲ ယဉ်ကျေးစွာ ဖိတ်ခေါ် လိုက်သည်။ ဧည့်သည်နှင့် အိမ်ရှင် ထိုင်ပြီး နောက် လျူယောင် က အဓိကအချက်ကို တည့်တိုး ပြောလိုက်သည်။

“မစ္စတာယွမ် ကျွန်တော်က မီတာ ၄,၀၀၀ အနက် ပင်လယ်ရေဖိအားကို ခံနိုင်တဲ့ ဓာတ်မီးတစ်လက်ကို မှာယူချင်ပါတယ် .."

လျူယောင် လိုအပ်ချက်အချို့ကို ပြောပြ လိုက်သည်။

ယွမ်ဟိန်က သေချာ ဂရုတစိုက် နားထောင် နေ၏။

ယွမ်ဟိန်က ခဏရပ်ပြီးနောက် စဉ်းစား၍ ပြောလိုက်သည်။

“ပင်လယ်ရေရဲ့ အနက်က မီတာ ၄,၀၀၀ ရှိနေတာလား.. ဒီလို ပင်လယ်ရေဖိအားကို ခံနိုင်ဖို့ဆိုရင် ဒီဓာတ်မီးက တော်တော်လေး ကြီးမားပြီး အလေးချိန်များလို့ ရှုပ်ထွေးသွားလိမ့်မယ်. "

လျူယောင် ဂရုမစိုက်ပဲ မေးလိုက်၏။

“အလေးချိန် ဘယ်လောက်ရှိမလဲ...”

ယွမ်ဟိန် ခဏ စဥ်းစားကာ ပြန်ဖြေလိုက် သည်။

" တစ်တန်ကျော် လေးနိုင်ပါတယ် မစ္စတာ လျူ..”

ဒီစကားကို ကြားတော့ လျူယောင် စိတ် သက်သာရာရသွားသည်။

" တစ်တန်ပဲလား ပေါ့ပေါ့လေးပဲ ...ဒါက ငါ့အတွက် ဘာမဟုတ်ဘူး .."

" နှစ်တန်ဖြစ်ရင်လည်း အရေးမကြီး ဘူး မီတာ ၄,၀၀၀ အနက် ပင်လယ်ရေဖိအားကို ခံနိုင်ရင် ရပြီ "

နှစ်ဦးသား အချိန်အကြာကြီး စကားပြောခဲ့ ကြပြီး ထိုဓာတ်မီးကြီး မှာယူခြင်းနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။

ဈေးနှုန်းနှင့် ပတ်သက်လို့လည်း သူတို့ ကောင်းမွန်စွာ ညှိနိူင်းခဲ့ကြသည်။

ယွမ်ဟိန် က ယွမ် ၁၅ သန်း တောင်းဆို တာ ကို လျူယောင် လုံးဝ ဈေးမဆစ်ချင် တော့ ပေ။ပစ္စည်းများ ကောင်းမွန်သရွေ့ ယွမ် သန်း ၂၀ ဖြစ်ရင်လည်း အဆင်ပြေပေ သည်။

ဒီကိစ္စကို ဆွေးနွေးခဲ့ပြီးနောက် စပေါ်ငွေ ယွမ် ၅ သန်းကို ချက်ခြင်း ပေးချေလိုက် သည်။ သူထပြီး ထွက်ခွာဖို့ ပြင်လိုက်တဲ့ အခါ ယွမ်ဟိန် က သူ့ကို တားလိုက်၏။

“မစ္စတာလျူ ခဏစောင့်ပါဦး ကျွန်တော် ခင်ဗျားကို အကူအညီတောင်းချင်တာ တစ်ခု ရှိပါတယ်.."

လျူယောင် အနည်းငယ် အံ့ဩသွားသည်။

“မစ္စတာယွမ် ဘာကိစ္စမဆို ပြောပါဗျာ.."

ယွမ်ဟိန်က လက်များကို အနည်းငယ် စိုးရိမ် တကြီး ပွတ်သပ်လိုက်သည်။

သူက မျှော်လင့်ချက်များ အပြည့်နဲ့ ပြောလို က်၏။

“မစ္စတာလျူ..ကိစ္စက ဒီလိုပါဗျာ..ကျွန်တော် က Universal တာဝါမှာ ရုံးခန်းတစ်ဝက်ကို ငှားချင်ပါတယ် ဒါပေမယ့် ခင်ဗျားရဲ့ ကုမ္ပဏီက အားလုံးကို ငှားရမ်းပြီးသားလို့ ပြောနေလို့ပါ.... "

ပြောပြီးနောက် သူက လျူယောင့် ကို ရိုးသားစွာ ကြည့်လိုက်သည်။

Universal တာဝါက ဟွာဟိုင်းမြို့ရဲ့ အထ င်ကရ အဆောက်အအုံဖြစ်ပြီး အဆင့်မြင့် ရုံးအဆောက်အအုံတစ်ခုလည်း ဖြစ်တာ ကြောင့် ဒီလိုမျိုး ရုံးအဆောက်အအုံတွင် အလုပ်လုပ်နိုင်ခြင်းက ဂုဏ်ယူစရာကိစ္စပဲ ဖြစ်၏။

အင့်အားအနည်းငယ်ရှိတဲ့ ကုမ္ပဏီတိုင်းက Universal တာဝါတွင် အလုပ်လုပ်ရန် မလိုလားဘဲ နေမှာ မဟုတ်ပေ။

Universal တာဝါ ငှားရမ်းမှု့အကြောင်း ကြေညာလိုက်တာနဲ့ ငှားရမ်းခက စျေး မပေါပေမဲ့ နှစ်ရက် သုံးရက်အတွင်း အလွှာ ၂ မှ ၉၀ အထိ အားလုံး ပြည့်သွားသည်။

လက်မြန်သူသာ ရလိုက်ပြီး လက်နှေးသူ ကလည်း နောက်ကျခဲ့ရသည်။

ယွမ်ဟိန်က တစ်လွှာတောင် မငှားနိုင်ခဲ့တာ ကြောင့် သူ နှမြောမိသည်။Universal ၏ သူဋေး ကိုယ်တိုင် ဓာတ်မီး မှာဖို့ လာခဲ့ရာ တွင် မျှော်လင့်ချက်များ တဖန် သူ တွေ့လိုက် ရသည်။

သူကိုယ်တိုင် ကုမ္ပဏီတံခါးဝကို သွား ရောက် တွေ့နေသလိုမျိုး အလွန်စိတ်အား ထက်သန် နေသည်။

ယွမ်ဟိန်က တစ်ဝက်တစ်ပျက် ငှားချင်တာ ကို မြင်တော့ လျူယောင် က နောင်တရ ကြောင်းသာ ဖော်ပြနိုင်ခဲ့သည်။

“မစ္စတာယွမ် Universal တာဝါ ကို ငှားရမ်းပြီးသွားပါပြီ ကျွန်တော်လည်း ခင်ဗျားကို ငှားဖို့ အလွှာ မရှိတော့ဘူးဗျ.. "

" တကယ်ပဲလား .."

ယွမ်ဟိန်ရဲ့ မျက်နှာတွင် မျှော်လင့်ချက်များ အပြည့်ရှိနေတာမို့ လျူယောင် အနည်းငယ် အနေရခက်သွားပြီး နှစ်သိမ့်လိုက်သည်။

“ဒီလိုလုပ်ပါလား..နောက်နှစ်ထိ စောင့်ပေးပါ လား.. အလွှာတွေလွတ်တာနဲ့ ခင်ဗျားကို ပထမဆုံး ဦးစားပေးပါ့မယ်ဗျာ...”

Universal တာဝါ ငှားရမ်းမှု့ စာချုပ်ကို တစ်နှစ်တစ်ကြိမ် ချုပ်တာကြောင့် စာချုပ် သက်တမ်း တစ်နှစ်ပြည့်ပြီးနောက် သက်တမ်းကုန်သွားတာနဲ့ ထိုအချိန်တွင် အလွှာများ ရှိကောင်းရှိနိုင်လိမ့်မည်။

ဒီစကားကို ကြားတော့ ယွမ်ဟိန် ဝမ်းသာ သွားသည်။

“တကယ်လား..ကောင်းလိုက်တာဗျာ.. "

"ဒီနှစ် မျှော်လင့်ချက်မရှိရင်လည်း နောက်နှစ်ဆိုရင် တော့ရှိလောက်မှာပါ "

နောက်နှစ်မှာ Universal အဆောက်အအုံ ထဲကို သူ ဝင်နိုင်မယ်ဆိုရင် ကောင်းမွန်တဲ့ ကိစ္စတစ်ခု ဖြစ်ပါလိမ့်မည်။

ဒန်ဖန်းလျှပ်စစ် ကုမ္ပဏီမှ လျူယောင် ထွက်လာပြီး ကားပေါ်တွင် ထိုင်နေစဉ် သူ့ စိတ်ထဲတွင် ရေဖိအား ဒဏ် ခံနိုင်ရည်ရှိတဲ့ ဓာတ်မီး ဖြေရှင်းပြီးပြီဟု တွေးလိုက်သည်။

ပြီးတော့ သူ့ ဘာသာ ထပ်တွေးလိုက်မိ သည်။

" Universal တာဝါ က ဒီလောက် လူကြိုက် များလိမ့်မယ်လို့ ငါ ..မထင်ထားဘူး. .ယွမ် ဟိန်တောင် လာပြီး အကူအညီတောင်းတာပဲ ကြည့်.. "

ဒါပေမဲ့ ဒီလူ့ကို နောက်ထပ်တစ်နှစ် စောင့်ဖို့ သာ လျူယောင် ပြောလိုက်ရသည်။

Universalကို ပြန်လာပြီး ဆိုဖာထိုင်တွင် ထိုင်နေစဉ် ဓာတ်မီးကိစ္စ ပြီးဆုံးသွားပြီဖြစ် တာကြောင့် လိပ်ကြီးရဲ့ သန့်ရှင်းရေး လုပ်င န်း ဘယ်လိုလဲဆိုတာ တွေးလိုက်မိသည်။

.......

မြောက်ပစိဖိတ်သမုဒ္ဒရာတွင်..

ပင်လယ်ကြမ်းပြင်မှ မီတာ ၃,၀၀၀ ကျော် အနက်ရှိတဲ့ ထိုနေရာတွင် လိပ်ကြီးက ကြိုးစား အလုပ်လုပ်နေသည်။ ပြီးခဲ့သည့် နှစ်ရက်လုံးလုံး တောင်ထိပ်တွင် ဖုံးလွှမ်း နေတဲ့ ရွှံ့နှင့် ကျောက်တုံးများကို စိတ်ရှည် စွာ သူ ရှင်းလင်းထား၏။

ဧရာမလှံကို သုံရမဲ့အစား သူ့ရဲ့ ခြေသည်းမျ ားကိုသာ အမြဲတမ်း အသုံးပြုတာမို ပို ထိရောက်ခဲ့သည်။

လိပ်ကြီးက နှစ်ရက်အတွင်း စတုရန်းမီတာ ထောင်ပေါင်းများစွာရှိတဲ့ ဧရိယာကို ရှင်း လင်းခဲ့ပြီး တန်ထောင်ပေါင်းများစွာ ရှိတဲ့ မြေကြီးများကို တူးထုတ်ခဲ့သည်။

ဖုံးအုပ်ထားတဲ့ မြေအလွှာ အထူက မီတာ အနည်းငယ်မှ ၁၀ မီတာကျော်အထိ ကွဲ ပြားခဲ့သည်။ မြေအလွှာကို ဖယ်ရှားပြီး နောက် ပေါ်ထွက်လာတဲ့ အရာက မီးခိုးနက် ရောင် သတ္တုများပဲ ဖြစ်နေသည်။

စတုရန်းမီတာ ထောင်ပေါင်းများစွာရှိတဲ့ ဧရိယာက မီးခိုးနက်ရောင် သတ္တုများ သာ ဖြစ်နေတာကြောင့် လျူယောင့်အတွက် တော့ ကျေနပ်ဖွယ်ရာ ဖြစ်ခဲ့ရသည်။

ထိုအခြေအနေကို လျူယောင် မြင်တဲ့အခါ အကြောင်းပြချက်မရှိ ပျော်ရွှင်သွားမိသည်။

“ငါ့ကောင်ကြီး..မင်းရဲ့ လုပ်ဆောင်နိုင်စွမ်းက တကယ် ကောင်းတာပဲကွာ..."

“သခင် ဒါဘာလဲဆိုတာ ခန့်မှန်းနိုင်လား” လိပ်ကြီးမေးလိုက်၏။

လျူယောင် ပြင်ပအမြင်မှတဆင့် စတုရန်း မီတာ တစ်ထောင်ကျော် ဧရိယာကို ဖုံးလွှမ်း ထားသော မီးခိုးနက်ရောင် သတ္တုကို ကြည့် ပြီး ခေါင်းညင်ညင်သာသာ ခါလိုက်သည်။

“ဒီဟာက ဘာလဲဆိုတာကိုတော့ လောလော ဆယ် မပြောနိုင်သေးပေမယ့် ဒါက ဂြိုလ်သားခေတ်က တစ်ခုခုဖြစ်တယ်ဆိုတာ သေချာပါတယ်... "

စတုရန်းမီတာ ထောင်ပေါင်းများစွာ ဧရိယာ က ကြီးမားပုံရပေမဲ့ ၁၀၀ ကီလိုမီတာကျော် ရှည်လျားပြီး ကီလိုမီတာများစွာ ကျယ်ဝန်း တဲ့ ဒီ ဧရာမတောင်နှင့် နှိုင်းယှဉ်ပါ ကတစ် သောင်းပုံတစ်ပုံ ဒါမှမဟုတ် တစ်သိန်းပုံ တစ်ပုံတောင် မရှိသေးပေ။

လျူယောင်လည်း ဒါက ဘာလဲဆိုတာ တကယ် မပြောနိုင်သေးပေ။

"သခင်.. ဒါဆို.. ကျွန်တော် သန့်ရှင်းရေး ဆက်လုပ်ပြီး ..ပိုကြီးတဲ့ ဧရိယာကို ထပ်ရှင်းလင်းလိုက်ပါ့မယ်”

ဒါပေါ့ နောက်ထပ် ရက်အနည်းငယ်လောက် ဆက်ပြီး သန့်ရှင်းရေးလုပ်ပေးနော်..မင်း ရှင်းတဲ့ ဧရိယာ ကျယ်လေလေ ဒီတောင်က ဘာလဲဆိုတာကို ငါ ပိုမြင်နိုင်လေလေပဲ... "

ဘာပဲ ဖြစ်ဖြစ် အလျင်စလိုလုပ်စရာ မလို ပေ။ ဒီအရာက ပင်လယ်ကြမ်းပြင် အောက် မှာ နှစ် ၅၀,၀၀၀ ကြာအောင် ရှိနေခဲ့တာမို့ ထွက်ပြေးသွားမှာ မဟုတ်ပေ။

အဓိကအချက်မှာ ရေဖိအား ခံနိုင်ရည်ရှိတဲ့ ဓာတ်မီးရဖို့က အချိန်အတိုင်းအတာ တစ် ခုတော့ စောင့်ရအုံးမည်။ ပိုကြီးတဲ့ ဧရိ ယာတစ်ခုလုံးကို လိပ်ကြီး ရှင်းလင်း ပြီး နောက် ဒါဟာ ဘာလဲဆိုတာကို အခြေခံ အားဖြင့် သူ ဆုံးဖြတ်နိုင်ပါလိမ့်မယ်။သူက မီတာ ၃,၀၀၀ ကျော် နက်တဲ့ ပင်လယ် ကြမ်းပြင်ကို ကိုယ်တိုင် ဆင်းပြီး လာကြည့် မှာပဲ ဖြစ်သည်။

ရက်အနည်းငယ်အတွင်း လိပ်ကြီးက လုံ့လ ရှိတဲ့ တောင်တူးသမား တစ်ယောက်အဖြစ် ပြောင်းလဲသွားပြီး သူ့ရဲ့ ဧရာမခြေသည်း များဖြင့် တောင်၏ ရှေ့ပိုင်းကို ဖုံးအုပ် ထားတဲ့မြေကြီးလွှာကို တူးနေခဲ့သည်။

လိပ်ကြီး မောပန်းလာတဲ့အခါ သူ့ရဲ့ ယာယီ ဂူကို ပြန်လာပြီး အနားယူလိုက် သည်။ ပြီး ရင် ပင်လယ်ရေပြင်ပေါ် တက်ကာ နေပူစာ လှုံ၏။

ယာယီဂူက အခုတော့ သန့်ရှင်းနေပြီး မြေ ကြီးလုံးဝမရှိဘဲ တောက်ပတဲ့ မီးခိုးနက် ရောင် သတ္တုအဖြစ် သတ်မှတ်နိုင်ပေသည်။

လိပ်ကြီး အနည်းငယ် ဗိုက်ဆာလာတာကို ခံစားရတဲ့ အခါ သူ့ရဲ့ဧရာမလှံကို ကိုင်ကာ ဂူထဲမှ ထွက်ခွာလာပြီး ရေမိုင် ၆၀ ၇၀ အ ကွာအဝေးမှာရှိတဲ့ ချိုင့်ဝှမ်းကြီးထဲက ဧရာ မရေဘဝဲများကို ရှာဖွေ စားပစ်လိုက်သည်။

လိပ်ကြီးက ဒီနေ့အတွက် နှစ်နာရီ သုံးနာ ရီလောက် မြေကြီးကို ရှင်းလင်းပြီးနောက် သူ အနားယူတော့မှာပဲ ဖြစ်၏။ သူက ဧရာ မတောင်တစ်ဝိုက်ကို ကူးခတ်သွားပြီး တောင် ရဲ့ အခြေအနေကို ထပ်မံစစ်ဆေး လိုက်သည်။

ဖြည်းဖြည်းချင်း ကူးခတ်လာပြီးနောက် ဒီ တောင်ရဲ့ အလယ်က တောင်ခြေတွင် လိပ် ကြီး ရပ်တန့်လိုက်သည်။

ဒီနေရာ တစ်နေရာက မတူညီပဲ ကွဲပြား နေ တာကို သူ တွေ့လိုက်ရသည်။

All Chapters