ဒီကောင်ကြီးက ငါ ရက်ပေါင်းများ စွာ စားလို့ ရတယ်
Vol. 26 Ch. 359
တစ်ခုခုမှားယွင်းနေတယ်လို့ လိပ်ကြီး သတိ ထားမိတာနဲ့ ချက်ချင်း ကူးခတ်လာပြီး အနီး ကပ်ကြည့်လိုက်သည်။
ကြည့်ရင်းကြည့်ရင်းနဲ့ ဒီနေရာက တခြား နေရာတွေနဲ့မတူဘူးဆိုတာ သူ ပိုခံစား လာ ရသည်။
ဒီတောင်ကြီးရဲ့ ခြေရင်းတွင် အရွယ်အစား အမျိုးမျိုးရှိတဲ့ ကျောက်တုံးတွေ ပြန့်ကျဲနေ ပေသည်။
တချို့ကျောက်တုံးတွေက ကျောက်ပြားနဲ့ တူပြီး တချို့ကတော့ အတုံးအခဲတွေဖြစ် နေ သည်။ လိပ်ကြီး ကူးခတ်လာပြီး မျက်နှာပြင် က အညစ်အကြေးအနည်းငယ်ကို ဖယ်လိုက် တဲ့အခါ မီးခိုးနက်ရောင် သတ္တုအပိုင်းအစ တွေဆိုတာ တွေ့လိုက်ရသည်။
ဒီနေရာဟာ ပုံမှန်မဟုတ်ဘူးလို့ လိပ်ကြီး ခံစားမိ၏။ထူးဆန်းတဲ့အရာတစ်ခုခု တွေ့ရင် လျူယောင်ကို အမြဲတမ်းဆက်သွယ် လေ့ရှိ တာကြောင့် မေးလိုက်သည်။
"သခင်ရေ ဒီမှာ ဘာတွေဖြစ်နေလဲဆိုတာ ကြည့်ပါဦး... "
ပြင်ပအမြင်နဲ့ လျူယောင် ကြည့်လိုက်တော့ တောင်၏ ခြေရင်းတွင် မီးခိုးနက်ရောင် သတ္တုအများအပြား ပြန့်ကျဲနေတာကို သူ ရှင်းရှင်း လင်းလင်း မြင်လိုက်ရသည်။
အဲ့ဒါတွေက အရွယ်အစားအမျိုးမျိုးရှိပြီး အသေးဆုံးက တစ်မီတာတောင် မပြည့်ဘဲ အလေးချိန် တစ်တန်နှစ်တန်လောက် ရှိမယ်လို့ ခန့်မှန်းရသည်။ အကြီးဆုံးတွေ ကတော့ ဆယ်မီတာ ဒါမှမဟုတ် ဆယ်မီ တာထက် ပိုကြီးကြပြီး တန် ဆယ်ဂဏန်း ၊ ရာဂဏန်း ဒါမှမဟုတ် ထောင်ဂဏန်းအထိ လေးကြသည်။
လျူယောင် နောက်ဆုံးတော့ သဘောပေါက် သွား၏။ အရင်က ကြီးမားတဲ့ စက်ဝိုင်းတွင်း ကြီးထဲတွင် မီးခိုးနက်ရောင် သတ္တုအပိုင်းအ စတွေ ရှိနေတာဟာ ဧရာမရေဘဝဲကြီးတစ် ကောင်က ဒီကနေ သယ်လာတာ ဖြစ်နိုင် သည်။
"ဟုတ်ပြီ ..ငါ သဘောပေါက်ပြီ.. "
"စက်ဝိုင်းတွင်းထဲမှ မီးခိုးနက်ရောင် သတ္တုတွေဟာ ဒီနေရာက လာတာပဲ..."
ဒါပေမဲ့ လျူယောင် မနားလည်နိုင်တာ တစ် ခုရှိ၏။ ဒီတောင်ကြီးရဲ့ တခြား နေရာတွေမှာ မီးခိုးနက်ရောင် သတ္တုတွေ မရှိဘဲ ဒီနေရာ တစ်ခုတည်းမှာ ပြန့်ကျဲနေတာ ဘာ့ကြောင့် လဲ အရေ အတွက်လည်း များပြီး အကြီး အသေးအားလုံးပေါင်းလိုက်ရင် သတ္တု တန်ချိန် သောင်းချီရှိနေသည်။
"ဘုရားရေ.."
"ဒီလောက်တောင် များတာလားဟ "
ဒီနေရာမှာ မီးခိုးနက်ရောင် သတ္တုတွေ ဘာကြောင့် ဒီလောက်များပြားနေလဲဆိုတာ ရှင်းရှင်းလင်းလင်းမသိရပေမယ့် ဒီလောက် များပြားတဲ့အရေအတွက်ကို တွေ့ရတော့ လျူယောင် အံ့သြသွားသည်။
"လခွမ်း ဒီလောက်များတာ..."
"တန်ချိန် သောင်းချီ ရှိလောက်တယ် ဟ"
"လက်ရှိဈေးက တစ်တန်ကို သန်း ၂၀ ဆို.. တန်ချိန် သောင်းချီဆိုတော့ ဘယ်လောက် ပေါက်ဈေးရှိမလဲ "
"ဘုရားရေ ဒါက မဖြစ်နိုင်တဲ့ ပမာဏ ရှိတဲ့ငွေကြေးပဲ.."
လျူယောင့်ရဲ့ နှလုံးသားက အနည်းငယ် လှုပ်ခတ်သွားပြီး သူ့ကိုယ်သူ အေးအေး ဆေးဆေးဖြစ်အောင် လေ အနည်းငယ် ရူရိူက်လိုက်သည်။
ဒီနေရာရဲ့ အခြေအနေကို သေချာကြည့်ပြီး နောက် လျူယောင် အမိန့်ပေးလိုက်သည်။
"လိပ်ကြီး မင်း..ဒီနေရာကို တူးရမယ်လို့ ငါထင်တယ်..တစ်ခုခု တွေ့နိုင် လောက် မယ်..."
လိပ်ကြီး ပြန်မေးလိုက်၏။
" ဒါဆို ကျွန်တော် အရင်နှစ်ရက်က တူးခဲ့တဲ့ နေရာကိုရော ဘယ်လိုလုပ်ရမလဲ သခင်.."
"အဲ့နေရာကို ခန ရပ်ထားပြီး ဒီကိုပြောင်း လုပ်လိုက် ..ဒီနေရာက မြေကြီးနဲ့ တွယ်ကပ် နေတဲ့ အရာတွေကို ရှင်းလင်းဖို့ ရက်အနည်း ငယ်လောက် အချိန်ယူပြီးရင် အသစ်တစ်ခုခု တွေ့နိုင်လောက်တယ် "
လျူယောင် ရှင်းပြလိုက်သည်။
" အိုကေဘာသခင် ဒါပေမဲ့ ကျွန်တော် အခု ဗိုက်ဆာနေပြီမို့ ဂူထဲက ဧရာမရေဘဝဲကို စားပြီးရင် နောက်တစ်ကောင်ကို သွားဖမ်း ပြီး ပြန်လာခဲ့မယ်နော်... "
"မြေကြီးရှင်းတာနဲ့ တူးတာက အလျင်မလိုပါ ဘူး မင်းအရင်ဆုံး ရေဘဝဲတွေကို သွား သတ်လည်း ရပါတယ်... "
ပြင်ပအမြင်ကို လျူယောင် ပိတ်ပြီးနောက် ဒီတောင်ကြီးအောက်မှာ ဘာပဲရှိရှိ ဒါက ကြီးမားတဲ့ ဘဏ္ဍာတိုက် ဖြစ်တယ်ဆို တာကို ပဲ သူ့စိတ်ထဲကနေ မှတ်ထားလိုက်သည်။
တောင်ကြီးအောက်ကအရာတွေ ပေါ်လာ တာနဲ့ တစ်ပြိုင်နက် လူသားမျိုးနွယ်တစ်ခု လုံးအပေါ် ကြီးမားတဲ့ သက်ရောက်မှု့ရှိ နိုင်မယ်လို့လည်း သူခံစားမိသည်။
သူသာ ဒီလိုအရာမျိုးကို ရရင် တချို့လူတွေ မနာလိုဖြစ်မှာ သေချာပေသည်။ဒါကို ဘယ် လိုထိန်းသိမ်းပြီး ကောင်းကောင်းအသုံး ချ ရမလဲဆိုတာ သူ စတင်စဉ်းစားဖို့ လိုနေပြီ ပဲ ဖြစ်သည်။
လိပ်ကြီးအကြောင်းကတော့ ပြောစရာမလို တော့ပေ။
ဧရာမလှံကြီးကို ကိုင်ပြီး ထွက်လာခဲ့သည်။ ကြီးမားတဲ့ နက်ရှိုင်းတဲ့ ချိုင့်ဝှမ်းကြီးဆီကို ဦးတည်လာပြီး လမ်းသိနေတဲ့အတိုင်း သူ ကူးခတ်ဝင်သွားသည်။
ရေအနက်က တဖြည်းဖြည်းတိုးလာပြီး မီ တာ ၃၀၀၀ ကျော်ကနေ မီတာ ၄၀၀၀ ကျော် ပြီးတော့ မီတာ ၅၀၀၀ ကျော်ကို သူ ရောက် လာသည်။
အရင်ကဆို လိပ်ကြီး မီတာ ၅၀၀၀ ကျော် ရောက်တာနဲ့ ဆက်ဆင်းလိုက်ရင် ရေဖိအား ကို တဖြည်းဖြည်းခံစား လာရ၏။
ဒီတစ်ခါတော့ လိပ်ကြီး၏ အခုလက်ရှိအနေ အထားအရ အနက် ဘယ်အထိ ရောက်နိုင် လဲဆိုတာ စမ်းကြည့်ဖို့ ဆက်ဆင်းနေတာပဲ ဖြစ်သည်။
လိပ်ကြီး ဘာလို့ ဒီလိုစိတ်ကူးပေါက်ပြီး အနက်ဆုံး ဘယ်အထိရောက်နိုင်လဲဆိုတာ စမ်းကြည့်ချင်ရတာလဲဆိုတော့ သူ့ ကိုယ်အလေးချိန်က တန် ၁၀၀၀ နီးပါးကို ရောက်နေလို့ပင်။
လိပ်ကြီးရဲ့ လက်ရှိအလေးချိန်က ၉၈၂ တန် ရှိပြီး တစ်ရက်ကို နှစ်တန် ဒါမှမဟုတ် သုံး တန်နှုန်းနဲ့ တိုးလာတာကြောင့် တစ်ပတ် လောက်ဆိုရင် တန် ၁၀၀၀ ကို ရောက် တော့ မှာပဲ ဖြစ်သည်။
တန် ၁၀၀၀ က အတားအဆီးတစ် ခုဖြစ်နိုင် ပြီး လိပ်ကြီး ဒီအတားအဆီးကို ဘယ်လို ဖြတ်ကျော်ရမလဲဆိုတာကို ယာယီမသိ သေးပေ။ဘာဖြစ်မလဲဆိုတာကိုတော့ တန် ၁၀၀၀ ပြည့်မှ ဆက်ကြည့်ရမှာပဲ ဖြစ်၏။
အခုတော့ သူ ဘယ်လောက်အနက်အထိ ငုပ်နိုင်မလဲဆိုတာ သိချင်တာကြောင့် ဆက် လက် ကူးခတ်လာခဲ့သည်။
လိပ်ကြီး၏ အရှိန်က သိပ်မမြန်ပေ။ စူပါ အာရုံခံနိုင်စွမ်းကိုလည်း အပြည့်အဝဖွင့် ထားကာ တဖြည်းဖြည်း ပိုနက်တဲ့ နေရာကို ရောက်လာခဲ့သည်။
မကြာခင်မှာပဲ မီတာ ၆၀၀၀ ကျော် အနက် ကို ရောက် လာပြီး နောက် ပင်လယ်ရေဖိ အားကို သူ တဖြည်းဖြည်း စခံစားခဲ့ရသည်။ ဆက်ဆင်းလာပြီး မီတာ ၆၈၀၀ လောက် ရောက်တော့ ဖိအားက အရမ်းကြီးမားနေပြီ။ ဒါပေမဲ့ လိပ်ကြီးက ဆက်ဆင်းနိုင်သေး တယ်လို့ ထင်မိသည်။
"ရေအနက် မီတာ ၇၁၀၀..."
လိပ်ကြီး ဒီအနက်ရောက်တော့ သူ့ရဲ့ အဆုံး သတ်နီးပါးဖြစ်နေပြီလို့ ခံစားမိသည်။ ရက် အနည်းငယ်ကြာရင် ကိုယ်အလေးချိန်က တန် ၁၀၀၀ ကို ရောက်လာပြီးနောက် အများ ဆုံးရောက်နိုင်တဲ့ ရေအနက်က မီတာ ၇၂၀၀ လောက်ရှိနိုင်တယ်လို့ ခန့်မှန်းရသည်။
"ဟူး..."
များပြားလှတဲ့ ရေဖိအားကို လိပ်ကြီး ခံစား လိုက်ရပြီး အပေါ်ကိုတက်ဖို့ လုပ်နေစဥ် သူ့ ရဲ့ စူပါအာရုံခံနိုင်စွမ်း အကွာအဝေးထဲတွင် ကြီးမားတဲ့ ရေဘဝဲတစ်ကောင်ကို တွေ့ လိုက်ရသည်။
ဒီရေဘဝဲက ပုံမှန်မဟုတ်ဘဲ အရမ်းကြီးမား လှ၏။ သူ အရင်က မြင်ဖူးတဲ့ကောင်တွေ ထက် အနည်းဆုံး တစ်ဝက်လောက်ပိုကြီးပြီး ဒီကောင်က တစ်နေရာရာမှာ ပုန်းနေတာ ဖြစ်နိုင်လောက်သည်။
" ဝိူး ငါကြိုက်တယ်..ဒီလောက်ကြီးတဲ့ ရေဘဝဲက ပိုပြီးအရသာရှိမှာပဲ.."
အစားအသောက်ပိုးရှိတဲ့ လိပ်ကြီးက ဒီကောင့်ကို သေချာပေါက် လက်လွှတ်ခံမည် မဟုတ်ပေ။ ကြီးမားတဲ့ ရေဖိအားနဲ့အတူ အနီးသို့ လိပ်ကြီး ကူးခတ်လာပြီး ရန်စ လိုက်သည်။
မျှော်လင့်ထားတဲ့အတိုင်းပဲ ဧရာမရေဘဝဲ ကြီး ရန်စ ခံလိုက်ရသည်။
"ဟမ်း..ဒီနေရာမှာ ငါ က ဘုရင်ပဲ..ဘယ်တု န်းကများ ရန်စ ခံခဲ့ရဖူးလို့လဲ..."
လိပ်ကြီး ရန်စတာကို ခံလိုက်ရတော့ ရေဘဝဲ ကြီး ချက်ချင်းဒေါသထွက်လာပြီး သူ့ပုံစံက ယမ်းမှုန့်အိုးကို မီးရှို့လိုက်သလိုပင်။ ချိုင့် ဝှမ်းထဲကနေ အရှိန်မြန်မြန်နဲ့ ကူးထွက် လာ သည်။တိကျစွာပြောရရင် ပြေးထွက်လာ တာပဲ ဖြစ်၏။
ဒါကိုမြင်တော့ လိပ်ကြီး ချက်ချင်းပဲ အပေါ် ကို မြန်မြန်တက်ပြီး ရေစီးကြောင်းအတိုင်း ဦးတည်ကူးခတ်လိုက်သည်။
ပုံစံကတော့ တစ်ကောင်က အပေါ်ကသွားနေ ပြီး နောက်တစ်ကောင်က နောက်ကနေ လိုက်လာတာပဲ ဖြစ်သည်။ဒီ ရေဘဝဲကြီး လိုက်နေတဲ့ အရှိန်ကလည်း နှေးကွေးမနေ ပေ။
လိပ်ကြီးရဲ့ စူပါအာရုံခံနိုင်စွမ်းထဲတွင် ဧရာ မရေဘဝဲပုန်းနေတဲ့ နေရာတွင် တကယ်ပဲ မီးခိုးနက်ရောင် သတ္တုတွေ အများကြီး ရှိနေတာကို တွေ့လိုက်သည်။
တချို့က တန်အနည်းငယ် ဒါမှမဟုတ် ဆယ် တန်ရှိကြပြီး အသေးဆုံးတွေကတော့ တစ် တန်ပင် မပြည့်ပေ။ တချို့ဆိုရင် ကီလိုရာ ဂဏန်း ဒါမှမဟုတ် ကီလိုဆယ်ဂဏန်း လောက်ပဲ ရှိ၏။
လိပ်ကြီးက ရေစီးကြောင်းအတိုင်း အပေါ်ကို တက်သွားရင်း စိတ်ထဲမှာ တွေးလိုက်သည်။
"သခင်ပြောတာမှန်တာပဲ ဒီဧရာမရေဘဝဲ တွေက ဒီလို မီးခိုးနက်ရောင် သတ္တုတွေကို တကယ်ပဲ စုဆောင်းရတာ ကြိုက်ကြတာကိုး .."
မီးခိုးနက်ရောင်သတ္တုတွေကို လိပ်ကြီး လှည့်မကြည့်တော့ဘဲ မီတာ ၅၀၀၀ ကျော်အနက်ကို လျင်မြန်စွာ ကူးခတ်လာပြီး ပြန်လှည့်ကာ ရပ်တန့်လိုက်သည်။
ဧရာမရေဘဝဲလည်း ရပ်လိုက်၏။ရေဘဝဲနဲ့ လိပ်ကြီး ကြားတွင် မီတာ သုံးလေးရာ လောက်သာ ဝေးတော့သည်။
လိပ်ကြီး ရပ်လိုက်တာ ဘာကြောင့်လဲဆိုပြီး ရေဘဝဲကြီးက စိတ်ထဲကနေ မကျေမနပ် ဖြစ်နေ သည်။
ဒီရေဘဝဲက လိပ်ကြီးကို ကြည့်နေပြီး လိပ် ကြီး ကလည်း ရေဘဝဲကို ပြန်ကြည့် နေ သည်။
လိပ်ကြီးက စိတ်ထဲတွင် အရသာ ရှိတဲ့ ဟင်းတစ်ခွက်လို ရေရွတ်လိုက်သည်။
"ဒီရေဘဝဲက တကယ်ကြီးတာပဲ.. လက်တံ တစ်ချောင်းချင်းစီက ထူရုံမကပဲ အင်အား လည်း အရမ်းကောင်းပုံရတယ် အလျားက မီတာ နှစ်ရာနီးပါးလောက် ရှိတာပဲ... "
"ဒီလောက်ကြီးတဲ့ ရေဘဝဲရဲ့အလေးချိန်က အနည်းဆုံး တန် ၁၅၀၀ လောက်ရှိမယ် ဒါက ငါစားဖို့ ရက်ပေါင်းများစွာ လုံလောက်တယ် ဟီးဟီး. "
လိပ်ကြီး စိတ်ထဲက တွေးနေတာကိုသာ ရေ ဘဝဲက သိခဲ့ရင် သူ့ကို အစာအဖြစ် သတ် မှတ်ပြီး ဘယ်နှစ်ကြိမ်စားရမလဲ စဉ်းစားနေ တာကို သိလိုက်ရင် ဒေါသကြောင့် သေသွား နိုင်ပေသည်။
နှစ်ကောင်သား စက္ကန့်အနည်းငယ်ကြာ ရင်ဆိုင်ကြည့်ပြီးနောက် ထိုဧရာမရေဘဝဲက လှုပ်ရှားလာခဲ့သည်။ ယုံကြည်မှုရှိတဲ့ ရေ ဘဝဲက လိပ်ကြီးကို သူ့ရဲ့ အစာအဖြစ် သတ်မှတ်လိုက်တာ ဖြစ်လောက်မည်။
သူ့ရဲ့ ကြီးမားတဲ့ လက်တံနဲ့ ခြေတံတွေကို ဝှေ့ ယမ်းပြီး မြန်မြန်ဆန်ဆန် ပြေးဝင်ခဲ့ပေမဲ့...
ကံမကောင်းစွာနဲ့ပဲ ဒီကောင်ကြီးရဲ့အရှိန်က လိပ်ကြီးရဲ့ မျက်စိထဲတွင် အရမ်းနှေးနေတာကြောင့် အပြေးစွမ်းရည်ကိုပင် လိပ်ကြီး အသုံးပြုဖို့ စိတ်မကူးတော့ဘဲ ဧရာမလှံနဲ့အတူ ပြေးဝင်လိုက်တော့သည်။