← Chapters

အခန်း (၄၂၃-၄၂၄)

Vol. 31 Ch. 423-424

အခန်း (၄၂၃-၄၂၄)

Vol. 31 Ch. 423-424

အပိုင်း (၄၂၃)

“အဲဒါသေချာတယ်။ ဒီတော့ သူတို့ကို မလိုက်ဘဲနဲ့ တောင်ဘက်ခြမ်းကနေ ပတ်ပြီးလိုက်တာက အကောင်းဆုံးပဲ။ ဒီလူက အရမ်းကိုအားကောင်းပြီး အရေးအကြောင်း အခြေအနေမျိုးတွေမှာလည်း ပြတ်သားတတ်တယ်။ ဒါပေမဲ့ အနည်းငယ်လေး သက်တောင့်သက်သာ ဖြစ်သွားတာနဲ့ လောဘတရားကို မထိန်းချုပ်နိုင်တဲ့ လောဘသား တစ်ယောက်ပဲ။

စစ်သည်တွေ နှစ်ထောင်ကို စေလွှတ်ပြီးတော့ ကျန်းယွမ်နယ်စားအိမ်တော်ကို တိုက်ခိုက်သလို ဟန်ဆောင်ခိုင်းလိုက်။ ကျန်တဲ့ မြင်းသည်တော် ရှစ်ထောင်ကျော်က ညအချိန် ချင်နိုင်ငံထဲကို ခိုးဝင်ကြ။ စုနန်ရဲ့ ကင်းထောက်တွေ မသိစေနဲ့။ ငါ ခန့်မှန်းတာသာ မမှားဘူးဆိုရင် လေးရက်အတွင်း ချင်နိုင်ငံမှာ စုနန်နဲ့ တိုက်ခိုက်ရလိမ့်မယ်။ အဲအချိန်ရောက်ရင် စုနန်ရဲ့ မျိုးနွယ်စုတစ်ခုလုံးကို သတ်ဖြတ်ပစ်ရမယ်”

ဤအရာက ရှမ့်လန်နှင့် စုနန်တို့၏ အကြီးမားဆုံးသော အားပြိုင်မှုတစ်ခု ဖြစ်၏။ တစ်ကြိမ်တည်းနှင့် တစ်ဖက်ဖက်က အဆုံးသတ်သွားရမည့် ကိစ္စမျိုး ဖြစ်သည်။

….

သတင်းဆိုးကို မလွဲမသွေ ကြားရမှာဖြစ်၏။ ခြားနားချက်မှာ သာမန်သတင်းဆိုးလား သို့မဟုတ် အကြီးအကျယ် ဆိုးဝါးသော သတင်းဆိုးလားဟူ၍သာ ကွာခြားပေလိမ့်မည်။ သို့ပေမည့် ဝူစစ်တပ်၏ ဗျူဟာမှူးသည် ယခု သူ ကြုံတွေ့နေရသည့် ကိစ္စရပ်မှာ ကြောက်မက်ဖွယ်ကောင်းလောက်သည့် အရာမျိုး ဖြစ်ကြောင်း သိရှိလိုက်ရ၏။

ရဲတိုက်အတွင်း၌ ပေါက်ကွဲမှုများက အဆက်မပြတ် ဖြစ်တည်လျက် ရှိနေပြီး ဝူမူသည် မိမိ၏ လက်ကျန် စစ်သည်များကို ရဲတိုက်ထဲသို့ ဝင်စေကာဖြင့် အဆုံးအဖြတ်တိုက်ပွဲတစ်ခုကို ဆင်နွှဲလိုစိတ် ပြင်းပြနေခဲ့၏။ သို့ပေမည့် သူသည် ပင်ကိုယ်စရိုက်သဘာဝအရ အရာရာကို သတိကြီးကြီးနှင့် စဉ်းစားချင့်ချိန် ပြုမူ ဆောင်ရွက်တတ်သူ ဖြစ်သောကြောင့် ထိုကဲ့သို့သောအရာကို ပြုလုပ်ရန် စွန့်လွှတ်လိုက်သည်။

ဤသို့ဖြင့် အာရုံတက်ချိန်သို့ ရောက်ရှိလာ၏။ ပြီးနောက် ကျင်းမိသားစု၏ စစ်သည်များက ရဲတိုက်၏ မြို့ရိုးနံရံတွင် တစ်ယောက်ပြီး တစ်ယောက် ပေါ်ပေါက်လာခဲ့၏။ ကျင်းမူလန် ပေါ်လာ၏။ ကျင်းရှိယန် ပေါ်လာသည်။ ပြီးနောက် ကျင်းကျိုးကိုယ်တိုင်ပင် ပေါ်လာခဲ့၏။

ရွှမ်ဝူနယ်စားကြီး ကျင်းကျိုးပင်ဖြစ်သည်။

အားလုံးက အံ့အားသင့်စွာဖြင့် ထကာ အော်ဟစ်လိုက်မိ၏။ နယ်စားကြီးကျင်းကျိုးက သေဆုံးခဲ့ပြီ မဟုတ်ပါလား။ အချိန်ကြာမြင့်စွာ လူရှေ့သို့ မပေါ်ပေါက်လာခဲ့သည်သာမက သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း အချက်ပြမှု ပေါင်းများစွာကိုပင် ပြသခဲ့၏။ သို့ပေမည့် လက်ရှိအခြေအနေမှာတော့ ရဲတိုက်၏ မြို့ရိုးထိပ်တွင် ရုတ်တရက် ထွက်ပေါ်လာခဲ့၏။

ဤမြင်ကွင်းက ရဲတိုက်ကြီး၏ အပြင်ဘက်တွင်ရှိနေသည့် ဝူစစ်သည်များ၏ စိတ်ဓာတ်ကို အပြင်းအထန် ထိုးနှက် ရိုက်ချိုးလိုက်ခဲ့သကဲ့သို့ပင်ဖ။ ဝူမူ၏မျက်လုံးများက ပြာဝေသွားခဲ့ပြီး မေ့မျောလုမတတ်ပင် ဖြစ်နေသည်။

ထိုအချိန်မှာတော့ ကျင်းရှိယန်က ရှေ့ဆီသို့ တစ်လှမ်း တိုးလိုက်၏။ ပြီးနောက် ဦးခေါင်းတစ်ခုကို အောက်သို့ပစ်ချလိုက်၏။ ထိုအရာက ဝူမူ၏ စိတ်ချရသည့် တပ်မှူး ဝူလင်းပင်ဖြစ်၏။

ဘုတ်… ဘုတ်… ဘုတ်…

ဦးခေါင်းပေါင်း မြောက်များစွာတို့ကလည်း မြို့ရိုးအောက်သို့ ပြုတ်ကျလာခဲ့၏။ လူဦးခေါင်းမိုးများ ရွာသွန်းလိုက် သကဲ့သို့ပင် ဖြစ်၏။ ထိုအရာများက ဝူစစ်သည်များ၏ ဦးခေါင်းပင်ဖြစ်၏။ ဦးခေါင်းတိုင်းက သေဆုံးခါနီး အချိန်တွင် ဆိုးဝါးလွန်းသည့် နာကျင်မှုများကို ခံစားရပုံပေါ်၏။ အသားအရေများကလည်း မီးလောင်ကျွမ်း၍ မည်းနက်နေသည်။

ကျင်းရှိယန်က အေးစက်စက်ဖြင့် ပြောဆိုလိုက်၏။ “ဝူမူ.. ရဲတိုက်ထဲကိုလွှတ်လိုက်တဲ့ စစ်သည်တစ်သောင်းလုံး ရှုံးနိမ့်ခဲ့ပြီ။ တကယ်ဆိုရင် အားလုံးကို သတ်ပစ်ရမှာ။ ဒါပေမဲ့ နယ်စားကြီးက မေတ္တာကရုဏာ ကြီးမားလွန်းတာကြောင့် ကျန်တဲ့ ၇၀၀၀ လောက်ကို အရှင်ဖမ်းထားတယ်”

ထိုအချိန်မှာပဲ ဝူယုက ပြန်လည်သတိရလာ၏။ မြို့ရိုးထက်တွင်ရှိနေသည့် ကျင်းရှိယန်ကို လှမ်းကြည့်ရင်း ......

“ကျင်းရှိယန်.. ရှင် လိမ်ညာခဲ့တယ်။ ရှင် ကျွန်မ ကို လိမ်ညာခဲ့တယ်” ဝူယုက သွေးတစ်လုတ် အန်ချပြီး ရုတ်တရက် မေ့မျောသွားသည်။

ကျင်းရှိယန်က သူမအား တစ်ချက်လောက် စူးစိုက်ကြည့်လိုက်၏။ သို့ပေမည့် မည်သည့်စကားကိုမှ ထပ်မဆိုဘဲ နေ၏။

ဝူယုက သတိပြန်လည်ရလာပြီး ရှေ့ဆီသို့ ပြေးထွက်သွားရန် ပြင်လိုက်၏။ ဝူမူသည် သူမကို လှမ်းကာ တားဆီးထား၏။ ပြီးနောက် လှမ်းကာ အော်ဟစ်လိုက်သည်။ “ဒီလိုမလုပ်နဲ့။ မင်းအခု အရမ်းကိုအားနည်းနေတယ်”

သူမက အသက်ကိုပြင်းပြင်းရှူရှိုက်လိုက်၏။

ဝူမူက ပြောလိုက်သည်။ “ရွှမ်ဝူနယ်စားကြီး... ခင်ဗျားက ရိုးသားဖြောင့်မတ်တဲ့လူတစ်ယောက်လို့ ပြောကြတယ်။ ဒါပေမဲ့ အခု အဲလိုမဟုတ်ပါလား”

ကျင်းကျိုးက လှမ်းကာအော်ဟစ်လိုက်၏။ “အင်း.. နယ်စားကြီးဝူ သဘောပေါက်တာ မှားနေပြီနဲ့ တူတယ်။ ရိုးသားခြင်းက ရိုးသားခြင်းပဲ။ ရိုးသားခြင်းဆိုတာ မိုက်မဲခြင်းမှ မဟုတ်တာ”

ရွှမ်ဝူနယ်စားကြီး၏ ရိုးသားမှု ဆိုသည်မှာ သူ၏နှလုံးသားနှင့် အရိုးအကြောထဲမှာ ထွက်ပေါ်လာခဲ့သည့် မူရင်း စိတ်အမှန်ပင်ဖြစ်၏။ ကျော်ကြားမှုကို တပ်မက်၍ ဟန်ဆောင်နေခြင်း မဟုတ်ချေ။ သူသည် ကျော်ကြားမှုအတွက် အလုပ်လုပ်နေခြင်းမဟုတ်ဘဲ မိမိ၏ စိတ်နှလုံးစေညွှန်ရာအတိုင်း နေထိုင်တတ်သူဖြစ်သည်။

“ဝူမူ.. ဆက်ပြီးတော့ တိုက်ခိုက်ချင်သေးလား”

ဝူမူသည် အနောက်ဘက်သို့ လှည့်ကြည့်လိုက်၏။ စစ်သည်ပေါင်း ၁၇,၀၀၀ ခန့်တော့ ရှိနေသေး၏။ သို့ပေမည့် ထိုအထဲမှာ ၅,၀၀၀ လောက်က ပင်လယ်ဓားပြများဖြစ်၏။ ထို့နောက် မြို့ရိုးထိပ်ကိုကြည့်၏။

ကျင်းမိသားစုတွင် စစ်သည်ပေါင်း ၂,၀၀၀ ကျော် ထပ်မံကာ တိုးပွားလာခဲ့၏။ ထိုစစ်သည်ပေါင်း ၂,၀၀၀ ကျော်က ယခင်တုန်းက တစ်ခါမှ ပေါ်ပေါက်လာခဲ့ခြင်း မရှိသည့်သူများဖြစ်ပြီး တိုက်ပွဲအပြင်းထန်ဆုံး အခြေအနေသို့ ရောက်သည့် အခြေအနေမျိုးမှာပင်လျှင် ဝင်ရောက်လှုပ်ရှား တိုက်ခိုက်ခဲ့ခြင်း မရှိချေ။ ထိုသူတို့က ကျင်းမိသားစု၏ ကိုယ်ပိုင်စစ်သည်များ မဟုတ်ကြဘဲ ကောင်းကင်တာအိုအဖွဲ့အစည်းဆီမှ စစ်သည်များဖြစ်သည်။

ဝူစစ်သည်တို့၏ အင်အားက ကျင်းမိသားစုထက် အဆလေးဆခန့် ပိုမိုကာများပြား၏။ သို့ပေမည့် လိပ်ခွံကဲ့သို့ ခိုင်မာလွန်းသည့် ရဲတိုက်ကြီးအတွင်းသို့ မည်သို့မှ ချိုးဖောက်ဝင်ရောက်နိုင်တော့မည် မဟုတ်ကြောင်းကို ဝူမူက ကောင်းကောင်းသိ၏။ ဝူစစ်သည်များသည် ရှိသမျှအားအင်ကို အသုံးပြုခဲ့ပြီးပြီ ဖြစ်၏။

ညတုန်းကလည်း သူတို့က နောက်ဆုံးထိုးစစ်အဖြစ် တိုက်ခိုက်ခဲ့သည်။ သို့ပေမည့် မအောင်မြင်ခဲ့ရုံသာမက အဓိကတပ်ဖွဲ့ဝင် ၁၀,၀၀၀ ကျော်ကိုပင် ဆုံးရှုံးခဲ့ရ၏။ ဤကဲ့သို့သော အခွင့်အရေးမျိုးကို နောက်ထပ် မရရှိနိုင်တော့ပေ။ စစ်သည်တော် ၃၀,၀၀၀ ကို ခေါ်ဆောင်လာခဲ့သည်ဆိုသော်လည်း ၁၂,၀၀၀ ခန့်သာလျှင် ကျန်ရှိတော့၏။ ဤအရာက သွေးအန်ရလောက်သည်အထိ ဆုံးရှုံးမှုပင်ဖြစ်၏။ နောက်ဆုံးမှာတော့ သူသည် မည်သည့်အရာကိုမှ မရရှိခဲ့ချေ။

နယ်စားကြီးကျင်းကျိုးက ပြောလိုက်သည်။ “နယ်စားကြီးဝူ... ကျုပ်တို့ ဆက်ပြီးတိုက်ခိုက်အုံးမှာလား”

အရှေ့တွင် ကြီးမားသည့် ရဲတိုက်ကြီးရှိနေ၏။ ထိုအရာကို မည်သို့မှ ထွင်းဖောက်ကာ ဝင်မရနိုင်ခဲ့ချေ။ ဘာဆက်လုပ်ရမည်နည်း။ ရဲတိုက်ကြီးကို ဆက်လက်ကာ ဝန်းရံပိတ်ဆို့ထားရမည်လား။ သို့မဟုတ် နုရှောင့်မြို့၏ အခြားသော ရဲတိုက်နှစ်ခုဆီသို့ သူတို့ဆုတ်ခွာသွားရမည်လား။ သို့မဟုတ် သူတို့ ကောင်းကင်လေ (ထျန်းဖန်) မြို့ဆီသို့ တစ်ခါတည်း ဆုတ်ခွာရမည်လား။

ထိုအချိန်မှာပဲ နယ်စားကြီးကျင်းကျိုးက လှမ်းကာပြောလိုက်၏။ “နယ်စားကြီးဝူ.. ကျုပ်ဆီမှာ ခင်ဗျားတို့ရဲ့သုံ့ပန်း ၇၀၀၀ ရှိနေသေးတယ်။ ဒီလူတွေကို ပြန်လိုချင်လား”

ထိုစကားကို ကြားသည့်အချိန်မှာတော့ ဝူမူ၏ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်သွား၏။ ကျင်းမိသားစုက စစ်သည် တစ်သောင်းလုံးကို မသတ်ခဲ့ပေဘူးလား။ ၇၀၀၀ ကို ဖမ်းဆီးထားခဲ့သည်လား။

ဟုတ်ပေ၏၊ လူ ၇၀၀၀ ကို ဖမ်းဆီးချုပ်နှောင်ထား၏။ ထိုသူများထဲတွင် ဝူမူ၏လက်အောက်မှ တချို့သော တပ်မှူးများလည်း ပါဝင်၏။ သူတို့၏ ဒဏ်ရာများကို ကုသနိုင်၏။ အသက်ရှင်နေသေးသည်ဆိုပါက အဆင်ပြေနေသေးသည်။ ထို့ကြောင့် သူက ထိုလူများကို ပြန်လည်ကာ လိုချင်သည်။

ကျင်းကျိုးက ပြောလိုက်၏။ “နယ်စားကြီးဝူ.. ဒီသုံ့ပန်း ၇၀၀၀ ကို ကျုပ်က မြေအောက်ခန်းထဲမှာ ချုပ်နှောင်ထားတယ်။ တစ်ယောက်ချင်းစီရဲ့ ခန္ဓာကိုယ်မှာ မီးလောင်ဒဏ်ရာတွေရှိတယ်။ သူတို့ကို အမြန်ဆုံး ကုသဖို့ လိုအပ်တယ်။ ပြန်လိုချင်တယ်ဆိုရင် အလျင်အမြန် လုပ်တော့။ မဟုတ်ရင်တော့ ရက်အနည်းငယ်အတွင်း သူတို့သေသွားလိမ့်မယ်”

ဝူမူက လှမ်းကာအော်ဟစ်လိုက်၏။ “နယ်စားကြီးရွှမ်ဝူ... ကိုယ့်ကိုယ်ကိုယ် မြင့်မြတ်သူတစ်ယောက်လို့ ထင်နေရသလား။ ကျုပ်ရဲ့ စစ်သည် ၇၀၀၀ သေဆုံးသွားရင်တောင် ခင်ဗျားက မျက်နှာလွှဲခဲပစ် ကြည့်နေအုံးမှာ မဟုတ်လား”

ကျင်းကျိုးက ပြောလိုက်သည်။ “ကိုယ့်ကိုယ်ကိုယ် မြင့်မြတ်သူတစ်ယောက်လို့ ဘယ်တော့မှ မထင်ခဲ့ဖူးဘူး။ ပြီးတော့ ကျုပ် ဘာလုပ်နေတယ်ဆိုတာကို တခြားသူတွေက ဝေဖန်ဆုံးဖြတ်ခွင့် မရှိဘူး။ ရန်သူ့အပေါ် ကြင်နာခြင်း၊ ရန်သူ့အပေါ် ရက်စက်ခြင်း၊ ဒါတွေအကုန်လုံးကို ကျုပ် ကောင်းကောင်းနားလည်တဲ့အရာပဲ”

ကျင်းရှိယန်က ရုတ်တရက်မတ်တတ်ထရပ်ကာ အော်ဟစ်လိုက်၏။ “နယ်စားကြီးဝူ.. ဒီသုံ့ပန်း ၇၀၀၀ ကို ပြန်လိုချင်တယ်ဆိုရင် အပေးအယူလုပ်ရမယ်။ ဒီ ၇၀၀၀ ကို ခေါင်းတစ်လုံးတည်းနဲ့ အပေးအယူလုပ်မယ်”

ထိုစကားကိုကြားသည့်အချိန်မှာတော့ စစ်သည်တော်များကြားထဲတွင် ရှိနေသည့် တစ်စုံတစ်ယောက်က ကြောက်လန့်သွားသည်။

ပင်လယ်ဓားပြ ချောင်ထျန်းဝေ၏ မွေးစားသား ချောင်ဟောင်ပင်ဖြစ်၏။ အကယ်၍ သာမန်လူတစ်ဦးသာဆိုပါက ‘နယ်စားကြီးဝူ ဒီလိုမလုပ်နဲ့’ ဟု မလွဲမသွေထကာ အော်ဟစ်မှာဖြစ်၏။ သို့ပေမည့် ချောင်ဟောင်က ပင်လယ်ဓားပြ ခေါင်းဆောင်တစ်ဦးဖြစ်၏။ သဘာဝအားဖြင့် သံသယစိတ်လည်း ကြီးမား၏။ ကျင်းရှိယန်၏ စကားကို ကြားသည်နှင့်တပြိုင်နက် သူက တဖြည်းဖြည်း အနောက်ကို ဆုတ်သွား၏။

ကျင်းရှိယန်က လှမ်းကာအော်ဟစ်လိုက်သည်။ “နယ်စားကြီးဝူမူ.. ချောင်ဟောင်ကို သတ်လိုက်ရုံနဲ့ ကျုပ်တို့က အထဲမှာ ဖမ်းထားတဲ့ စစ်သည်ပေါင်း ၇၀၀၀ ကို ပြန်ပေးမယ်။ ဒါဆိုရင် တန်ဖိုးကြီးတဲ့ အလဲအထပ် ဖြစ်လာပြီ မဟုတ်လား”

ချောင်ဟောင်၏ မျက်နှာအမူအရာက ပျက်ရွင်းသွားခဲ့၏။ “သွား… သွား… ဆုတ်ကြ”

သူသည် ဝူမူကို မည်သို့မှ အခွင့်အရေးမပေးချေ။ စစ်သည် ၅,၀၀၀ ကျော်ကို ဦးဆောင်ပြီး ချက်ချင်း အနောက်သို့ ဆုတ်ခွာသည်။

ဝူမူက ရုတ်တရက် တုန်လှုပ်သွားခဲ့၏။ “နေပါအုံး။ စစ်သူကြီးကျန့်ဟိုင် နေအုံး။ ဝူမူ.. ဒီလိုကိစ္စမျိုးကို ဘယ်တော့မှလုပ်မှာ မဟုတ်ဘူး”

ဝူမူသည် သူ၏စစ်သည်များကို အနောက်သို့ လှမ်းခေါ်လိုက်သည်။

ချောင်ဟောင်က ထိတ်လန့်သွားခဲ့၏။ သူက ဓားကိုဆွဲထုတ်၏။ “နယ်စားကြီးဝူ.. အထင်မလွဲနဲ့။ ခင်ဗျားရဲ့စစ်သည်တွေ ကျုပ်ဆီ တိုးလာပြီဆိုတာနဲ့ ကျုပ် တိုက်ခိုက်ရတော့မှာပဲ”

ဝူမူက ဒေါသပုန် ထသွားမိ၏။ ချောင်ဟောင်သည် အချိန်မရွေး သခင်ကို ပြန်ကိုက်တတ်သည့် ခွေးတစ်ကောင် ကဲ့သို့ပင်။ အဓိကအချက်အားဖြင့် သူက ချောင်ဟောင်ကို သတ်ရန် စိတ်ကူးမရှိချေ။ စစ်သည်ပေါင်း ၇၀၀၀ ကျော်ကို ပြန်လည်ကာ လိုချင်သော်လည်း ချောင်ဟောင်၏ဦးခေါင်းနှင့် လဲလှယ်လိမ့်မည် မဟုတ်ချေ။

သူသည် ချောင်ဟောင်ကို မနှစ်သက်သော်လည်း ချောင်ဟောင်ကို သတ်၍မဖြစ်မှန်းတော့ သူသိ၏။ မဟုတ်ပါက အနာဂတ်တွင် သူ့ကိုမည်သူက လွယ်လွယ်ကူကူ သစ္စာခံတော့မည်နည်း။ အရေးအကြီးဆုံး အချက်မှာ ချောင်ဟောင် သေဆုံးသွားသည်နှင့် တပြိုင်နက် ပင်လယ်ပြင်ကို ထိန်းချုပ်နိုင်စွမ်း သူ၌ မရှိတော့ချေ။

သို့ပေမည့် ချောင်ဟောင်ကတော့ ထိုကဲ့သို့ မတွေးချေ။ သူက လူယုတ်မာ တစ်ဦးဖြစ်သောကြောင့် လူယုတ်မာတစ်ဦး ၏ စိတ်ဓာတ်ကိုသာလျှင် ပိုင်ဆိုင်၏။ ဝူမူက စစ်သည် ၇၀၀၀ ကျော်ကို ပြန်လည်ရရှိရန် သူနှင့် သူ၏ရေတပ် တစ်ခုလုံးကို သိမ်းပိုက်ရန် ကြံစည်လိမ့်မည်။ သူ့ကို ထိုးကျွေးလိမ့်မည်ဟု တွေးထင်ခဲ့၏။ ထို့ကြောင့် သူက လက်ရှိအခြေအနေတွင် စွန့်စားမှုကို မပြုလုပ်ရဲချေ။

ချောင်ဟောင်၏စစ်သည်များ ဓားကိုဆွဲထုတ်လိုက်သည်ကို မြင်သည့်အချိန်မှာတော့ ဝူမူက ရုတ်တရက် တားဆီးလိုက်၏။

“စစ်သူကြီး ချောင်ဟောင် မသွားပါနဲ့အုံး။ မဟုတ်ရင် နုရှောင့်မြို့ရဲ့ အနောက်ဘက်ရဲတိုက်မှာ သွားနေလေ။ အဲရဲတိုက်ကြီးက အရင်တုန်းက ခင်ဗျားရဲ့ ပိုင်ဆိုင်မှုပဲ မဟုတ်ဘူးလား။ ကျုပ်က နုရှောင့်မြို့ရဲ့ အရှေ့ဘက် ရဲတိုက်မှာ နေမယ်။ ကျုပ်တို့နှစ်ဖွဲ့ပေါင်းပြီး သုံးပွင့်ဆိုင်အနေအထားနဲ့ ကျင်းမိသားစုရဲ့ ရဲတိုက်ကို ပိတ်ထားကြမယ်။ နုရှောင့်မြို့တိုက်ပွဲက အလုံးစုံ ရှုံးနိမ့်တဲ့ အခြေအနေမျိုး မရောက်သေးဘူး။ ကျုပ် ဘုရင်မင်းမြတ်ဆီ စာရေးပြီးတော့ စစ်ကူတွေ တောင်းခံလိုက်မယ်”

ချောင်ဟောင်၏မျက်လုံးများက အရောင်တောက်သွားခဲ့၏။ ဝူမူ၏အဆိုပြုချက်ကို သူက သဘောကျသည်။

ထိုအချိန်မှာပဲ အန်းစိုက်ထျန်းက ရုတ်တရက်ရယ်မောလိုက်၏။ “ချောင်ဟောင်.. မင်းတကယ်ကို မိုက်မဲပါလား။ ဝူမူက နုရှောင့်မြို့ကို ဘယ်တော့မှ သိမ်းပိုက်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ သူက မင်းကို ကျင်းမိသားစုကို ထိန်းချုပ်စေဖို့ တစ်ခုတည်း သုံးတာ။ နုရှောင့်မြို့တိုက်ပွဲပြီးသွားရင် ဝူပြည်နယ်က မင်းရဲ့ ကောင်းကင်လေ ကျွန်းကို သိမ်းပိုက်လိမ့်မယ်။ သူတို့အတွက် အရှုံးဆိုတာ မရှိဘူး”

ထိုစကားကြားသည့်အချိန်မှာတော့ ချောင်ဟောင်၏မျက်နှာက ရုတ်တရက် ပြောင်းလဲသွား၏။ ဤစကားက အနည်းငယ် ကျိုးကြောင်းဆီလျော်သည်ဟု ခံစားမိ၏။ ဝူပြည်နယ်က ကြီးမားသည့် ရင်းနှီးမှုကို ပြုလုပ်ခဲ့ပြီးဖြစ်သောကြောင့် အလဟဿ အဖြစ်ခံလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူ၏ ကောင်းကင်လေကျွန်း ကို မလွဲဧကန် သိမ်းပိုက်မှာ သေချာသည်။

“သွား… ကောင်းကင်လေကျွန်းကို ပြန်ကြရအောင်။ နယ်စားကြီးဝူမူ… ကောင်းကင်လေကျွန်း တစ်စုံတစ်ခု ဖြစ်မှာ ကျုပ် စိုးရိမ်မိတယ်။ ဒါကြောင့် ခွင့်ပြုပါအုံး”

ပြီးနောက် သူက သူ၏ ပင်လယ်ဓားပြစစ်သည်ပေါင်း ၅,၀၀၀ ကျော်ကို ဦးဆောင်ပြီး ကောင်းကင်လေကျွန်းဆီသို့ အလျင်အမြန် ဆုတ်ခွာသွား၏။

ဝူမူက အနောက်မှလိုက်ပါလာခဲ့သည်။ “ချောင်ဟောင်.. သူတို့ရဲ့အကွက်ထဲ မဝင်စေနဲ့။ ခင်ဗျား မြို့စားကြီးရာထူး မလိုချင်ဘူးလား”

ချောင်ဟောင်က ရုတ်တရက် ရပ်တန့်လိုက်၏။ ပြီးနောက် မထီမဲ့မြင် ပြုံးကာပြောလိုက်၏။ “ကျုပ် မြို့စားရာထူးကို လိုချင်တာပေါ့။ ဒါပေမဲ့ ကျုပ် အသက်ရှင်ချင်သေးတယ်။ ဒီခေတ်ဒီအခါမှာ တခြား ကိစ္စရပ်တွေ အကုန်လုံးက အတုအယောင်တွေပဲ။ ကိုယ့်လက်ထဲမှာ ရှိနေတဲ့အရာနဲ့ ကိုယ့်ရဲ့လက်ထဲမှာ ရှိနေတဲ့ စစ်သည်တွေကသာ အစစ်အမှန်ပဲ”

ပြီးနောက် ချောင်ဟောင်၏စစ်သည်များသည် ခပ်တည်တည်နှင့် ဆုတ်ခွာသွားခဲ့ကြ၏။ သူတို့က သင်္ဘောပေါ်သို့ တက်ပြီးနောက် နုရှောင့်မြို့ကို တစ်ချက်လေးမှပင် လှည့်မကြည့်ဘဲပြန်သွားခဲ့သည်။

“အောက်တန်းစားကောင်” ဝူမူက ဒေါသအပြည့်နှင့် ချောင်ဟောင်ကို ဆဲဆိုလျက် ရှိနေ၏။ ပင်လယ်ဓားပြတစ်ဦး ပင်လျှင် သူ့ကို ယုံကြည်မှု မရှိပေဘူးလား။ အရေးအကြောင်း အခြေအနေမျိုး၌ သူသည် ကျိန်းသေပေါက် အတူတူ ပူးပေါင်းပြီး တစ်ဖက်လူများကို တိုက်ခိုက်ချင်စိတ် ရှိခဲ့၏။

သူက ဂုဏ်သရေရှိသည့် နယ်စားကြီး ဝူမူဖြစ်၏။ အဘယ်ကြောင့် သူ့ကို မယုံကြည်ရသနည်း။ ကျန်းချုံးသည် ချောင်ဟောင်နှင့် ဆက်ဆံသည့်အချိန်တိုင်း သူ၏အသက်ကို တစ်ဖက်လူ၏လက်ထဲသို့ အပ်နှံထားသည့် ပုံစံမျိုးနှင့် အမြဲတမ်း ဆက်ဆံခဲ့သည်။

ဝူမူမှာတော့ ထိုအချက်ကိုသတိပြုရန် အသက် ငယ်ရွယ်လွန်းသေး၏။ ကျန်းချုံးက ချောင်ဟောင်ကဲ့သို့သော ကောက်ကျစ်သည့် ပင်လယ်ဓားပြကို ကိုင်တွယ်ရန် လုံလောက်သည့် အတွေ့အကြုံ ကြီးမားသည့် လူတစ်ယောက် ဖြစ်ခဲ့သော်လည်း ဝူမူမှာတော့ အတွေ့အကြုံ နုနယ်လွန်းလှချေ၏။

ဝူမူ နုရှောင့်မြို့ရဲတိုက်ရှေ့သို့ ပြန်လည်ရောက်ရှိလာချိန်မှာတော့ ကျင်းကျိုးက အော်လိုက်သည်။ “ဝူမူ… ကျုပ်တို့ ဆက်ပြီးတိုက်ခိုက်အုံးမှာလား”

ဝူမူ၏ နှလုံးသားတစ်ခုလုံးက နာကျင်သွားခဲ့၏။ အခြေအနေတစ်ခုလုံး ပြိုလဲသွားပြီး အခြေအနေက ဤသို့ ပျက်စီးသွားလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။ စစ်သည်ပေါင်းတစ်သောင်း၊ အဓိက အင်အားစုကြီး ပျက်စီးသွားသည်ဆိုလျှင်တောင်မှ သူနှင့်ချောင်ဟောင်တို့ ပူးပေါင်းလျှင် စစ်သည်ပေါင်း ၁၇,၀၀၀ ခန့်ရှိနေသေး၏။ ကျင်းမိသားစု၏ စစ်တပ်ထက် လေးဆခန့် ပိုမိုကာများသေး၏။

သူက ချောင်ယောင်းအာ၏ အရှေ့ဘက်ရဲတိုက်ကို ဦးဆောင်ပြီး ကျင်းမိသားစုကို ဆက်လက်ပိတ်ဆို့ထား နိုင်သေး၏။ ထို့အပြင် ကျင်းမိသားစုက ပင်လယ်ပြင်တွင် ဆက်လက်ပိတ်ဆို့ခြင်းကို ခံထားရဦးမှာဖြစ်၏။ နုရှောင့်မြို့ကို ချက်ချင်း မသိမ်းပိုက်နိုင်သော်လည်း ဗျူဟာအရ အသာစီးရနေဦးမှာပင်။

ပြီးနောက် ဝူပြည်နယ်မှ စစ်ကူ ၁၀,၀၀၀ ကျော်လောက် ထပ်မံရောက်ရှိလာသည် ဆိုပါက နုရှောင့်မြို့ကို ပြန်လည်ကာ တိုက်ခိုက်နိုင်စွမ်းရှိ၏။ ဤတစ်ကြိမ်မှာတော့ ရဲတိုက်တံခါးကို ဖွင့်ပေးမည့်လူကို စောင့်မျှော်နေစရာ မလိုအပ်ဘဲ အားလုံးသောသူတို့က အသက်စွန့်၍ သိမ်းပိုက်နိုင်၏။ ထို့ကြောင့် လက်ရှိအခြေအနေတွင် တိုက်ပွဲကို ရှုံးနိမ့်ခဲ့သည်ဆိုသော်လည်း အစစ်အမှန်ရှုံးနိမ့်ခြင်းမဟုတ်သေးချေ။

သို့ပေမည့် ချောင်ဟောင် ထွက်ခွာသွားခြင်းက ဝူမူ၌ တပ်သား ၁၂,၀၀၀ ကိုသာ ကျန်ရှိခဲ့စေ၏။ သို့ပေမည့် ဤအင်အားကသည်ပင်လျှင် ကျင်းမိသားစုထက် သုံးဆခန့်ပိုမိုကာ များပြားနေသေး၏။ သို့ပေမည့် သူတို့ ဘာလုပ်နိုင်တော့မည်နည်း။ ပင်လယ်ပြင်ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။

ချောင်ဟောင် ကောင်းကင်လေကျွန်းသို့ ပြန်သွားသည်နှင့်တပြိုင်နက် ကျင်းမိသားစု၏ ရေတပ်ကြီးက ဤပင်လယ်ပြင်ကို မလွဲမသွေ ပြန်လည်ကာထိန်းချုပ်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် မြို့ထဲတွင် ပိတ်မိနေသည့် လူများမှာ ကျင်းမိသားစု မဟုတ်တော့ဘဲ ဝူမူ၏တပ်သား ၁၂,၀၀၀ ခန့်သာလျှင် ဖြစ်သွားပေမည်။

ထိုသို့ဆိုလျှင် ဘာဆက်လုပ်ရမည်နည်း။ ဤနေရာတွင်ဆက်နေရမည်လော သို့မဟုတ် ထွက်ခွာသွားရမည်လော။ သူ ချက်ချင်းဆုံးဖြတ်ရပေလိမ့်မည်။ ဝူမူက ဦးနှောက်ကို ညှစ်ထုတ်၍ စဉ်းစားလျက်ရှိနေ၏။ သူ အနောက်သို့ ဆုတ်ခွာရန် စိတ်မရှိချေ။ လုံးဝကို စိတ်မရှိခြင်းပင်။ သူ၌ စစ်သည်ပေါင်း ၁၂,၀၀၀ ရှင်းရှင်းလင်းလင်း ပိုင်ဆိုင်နေသေး၏။

ရေတပ်သား ၄,၀၀၀ ကျော်ကို ပင်လယ်ပြင်သို့ စေလွှတ်၍ ပင်လယ်ကို ထိန်းချုပ်ထားနိုင်စွမ်းရှိသေး၏။ ကျန်သည့် ၈,၀၀၀ ဖြင့် နုရှောင့်မြို့၏ အရှေ့နှင့်အနောက် ရဲတိုက်များကို စိုးမိုးထားနိုင်၏။ ထိုမျှနှင့် မလုံလောက်သေးသည် ဆိုလျှင်တောင်မှ သူတို့က မတိုက်ခိုက်လျှင်ပင် ခုခံနိုင်စွမ်းရှိနေသေးသည်။

သို့ပေမည့် သူတို့၌ လိုအပ်နေသည်မှာ စားနပ်ရိက္ခာပင်ဖြစ်၏။ ယူဆောင်လာခဲ့သည့် ရိက္ခာများက အကန့်အသတ်ဖြင့် တည်ရှိနေပြီး မကြာခင် ကုန်ဆုံးသွားပေလိမ့်မည်။ စစ်တပ်တွင် ရိက္ခာပြတ်လပ်ခြင်းဆိုသည့် အကျိုးဆက်မှာ စဉ်းစား၍ မရနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသည့် အရာမျိုးဖြစ်သည်။

သို့ပေမည့် ကျင်းမိသားစုမှာတော့ စားနပ်ရိက္ခာ ပြတ်လပ်မှု မရှိချေ။ သူတို့၏ ရဲတိုက်ထဲတွင် စားနပ်ရိက္ခာ မည်မျှ သိုလှောင်ထားသည်ဖြစ်ကြောင်း မည်သူ သိရှိမည်နည်း။ နှစ်ပေါင်းများစွာခံသည့် အသားခြောက်များကို သိမ်းဆည်း ထားနိုင်လောက်၏။

အပိုင်း (၄၂၄)

နုရှောင့်မြို့ကို တိုက်ခိုက်ရန်အတွက် ဝူပြည်နယ်မှ စစ်သည်များကို စေလွှတ်လျှင် အနည်းဆုံး တစ်လခွဲလောက် ကြာမြင့်ပေလိမ့်မည်။ ဝူမူ၏ စားနပ်ရိက္ခာက ထိုအချိန်ထိ ခုခံနိုင်ပါမည်လော။ မခံနိုင်ချေ။ ဝူပြည်နယ်မှ စားနပ်ရိက္ခာကို သယ်ယူလာသည်ဆိုလျှင် အချိန်ကာလကြာမြင့်ပေဦးမည်။

နုရှောင့်မြို့ကို တိုက်ရိုက် ဝင်ရောက် တိုက်ခိုက်မည်လား သို့မဟုတ် အလစ်ချောင်း လုယက်တိုက်ခိုက်မည်လား။ ထိုသို့ဆိုလျှင် ပို၍ပင် ဆိုးဝါးသွားပေလိမ့်မည်။ နုရှောင့်မြို့ရှိ ကုန်သည်အားလုံးတို့၌ လက်နက်ကိုင်အစောင့်များ ရှိကြ၏။

ယခု ဝူပြည်နယ်နှင့် ကျင်းမိသားစု စစ်ဖြစ်နေတဲ့အချိန်တွင် ထိုသူတို့အားလုံးက တံခါးပိတ်ကာဖြင့် ကြားနေ မူဝါဒကို ကျင့်သုံး၏။ အကယ်၍ ဝူမိသားစုကသာ ထိုသူတို့၏ စားနပ်ရိက္ခာကို သွားရောက်ကာ လုယက်သည်နှင့် တပြိုင်နက် ဤလူစုက ကျင်းမိသားစုဘက်မှ ရပ်တည်ပြီး သူတို့ကို ပြန်လည်ကာ တိုက်ခိုက်လာပေလိမ့်မည်။ ဝူမူက များပြားလွန်းသည့် ကုန်သည်များ၏လက်ချက်နှင့် အမှန်တကယ် ရေထဲနစ်မြုပ်သွားပေလိမ့်မည်။

သူက ဦးနှောက်ကို အသည်းအသန် ညှစ်ထုတ်ကာစဉ်းစားသော်လည်း အလုံးစုံ ပြည့်စုံသည့် အစီအမံတစ်ခုကို မစဉ်းစားနိုင်ခဲ့ချေ။ ပြီးနောက် ဤနေရာက ရန်သူ၏ပိုင်နက်၊ ကျင်းမိသားစု၏ ပိုင်နက်ဖြစ်၏။ ကျင်းမိသားစု၏ ရေတပ်သည် ချောင်ဟောင်၏ရေတပ်ကို မနိုင်သော်လည်း ဝူမူ၏ရေတပ်ကို မနိုင်ဟု သတ်မှတ်၍မရနိုင်ချေ။

ပင်လယ်ပြင်တွင် အတွေ့အကြုံ မရှိသည့် လူနှစ်ဦးဖြစ်၏။ ပင်လယ်ပြင်တွင် ထိန်းချုပ်နိုင်စွမ်း မရှိသည်နှင့် ဝူပြည်နယ်သို့ ပြန်သည့်ကိစ္စမှာပင် အန္တရာယ်များပေမည်။ တပ်အင်အား သုံးဆခန့် ပိုမိုကာများပြားသည် ဆိုလျှင်တောင်မှ သူ့အတွက် ဘာအသုံးဝင်မည်နည်း။ သူ့အနေနှင့် ဆက်နေ၍လည်း မဖြစ်ချေ။ ဆုတ်ခွာဖို့လည်း စိတ်မရှိချေ။

ဝူမူသည် တကယ့်ကို နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ကြီးမားသည့် ဖိအားဒဏ်ကို ခံစားနေရ၏။ ထို့အပြင် သူက ရက်ပေါင်းများစွာ အိပ်စက်ခြင်း မရှိခဲ့ချေ။ ရုတ်တရက် ခေါင်းတစ်ခုလုံး ချာချာလည်သွားပြီး မေ့မျော သွားခဲ့၏။

တစ်နာရီခန့် ကြာသည့်အချိန်မှာတော့ ဝူမူက နိုးထလာ၏။ မော့ကြည့်လိုက်သည့်အချိန်တွင် လူပေါင်းများစွာတို့က စိုးရိမ်တကြီး ကြည့်ရှုနေခဲ့ကြသည်။

ဤတစ်ကြိမ် ဘာဖြစ်ပြန်သနည်း။

စစ်သည်တစ်ယောက်က ပြောလိုက်၏။ “ကျင်းမိသားစုက ကျုပ်တို့ရဲ့ သုံ့ပန်း ၇၀၀၀ လုံးကို ပြန်လွှတ်လိုက်ပါပြီ”

ဝူမူက အံ့အားသင့်သွား၏။ သုံ့ပန်းများကို ပြန်လွှတ်လိုက်ခြင်းက ကောင်းသည်မဟုတ်ပါလား။ တပ်မှူး တစ်ယောက်က ပြောလိုက်သည်။ “ဒါပေမဲ့ သုံ့ပန်း ၇၀၀၀ လုံးက အပြင်းအထန် ဒဏ်ရာရရှိပြီး အဖျားကြီးနေတယ်။ သူတို့ကို အမြန်ဆုံး ကယ်တင်ပေးဖို့လိုတယ်။ မဟုတ်ရင် အကုန်သေကုန်လိမ့်မယ်”

ဝူမူက ချက်ချင်းပဲ နားလည်လိုက်၏။ ဤသုံ့ပန်း ၇၀၀၀ ဆိုသည်မှာ တကယ့်ကို ဝန်ထုပ်ဝန်ပိုးကြီးပင် ဖြစ်၏။ ကျန်တပ်သား ၁၂,၀၀၀ ကျော်ကို သေခြင်းတရားဆီသို့ ဆွဲခေါ်သွားနိုင်သည့် ဝန်ထုပ်ဝန်ပိုးကြီး တစ်ခုပင်။ အကယ်၍ နုရှောင့်မြို့ထဲတွင် ဆက်လက်နေထိုင်ပါက ဤဒဏ်ရာရ သုံ့ပန်း ၇၀၀၀ လုံးက သေဆုံးသွား ပေလိမ့်မည်။

“ပြီးတော့ ကျွန်မတို့ရဲ့ ရိက္ခာ ၇၀ ရာခိုင်နှုန်းလောက်က မီးလောင်သွားခဲ့ပြီ” ဝူယုက လှမ်းကာပြောလိုက်၏။

“ဘာ”

ဝူမူက ထကာ အော်လိုက်သည်။ “ဘယ်လိုဖြစ်ရတာလဲ။ ရိက္ခာတွေကို လုံလုံခြုံခြုံနဲ့ စောင့်ကြည့် ထားတာ။ ဘေးမှာလည်း ရေတွေပတ်ပတ်လည် ဝိုင်းထားသေးတယ်။ မီးငြှိမ်းဖို့ အဆင်သင့်ရှိနေတဲ့ အနေအထားမှာ ဘယ်လိုဖြစ်ပြီး မီးလောင်သွားရတာလဲ”

ဝူယုက ပြောလိုက်၏။ “ကျင်းမိသားစုက လက်နက်တစ်မျိုးကို သုံးသွားတာ။ အဲလက်နက်က ရိက္ခာနဲ့ ထိလိုက်တာနဲ့ တစ္ဆေမီးတောက်တွေလိုမျိုး စိမ့်ဖန့်ဖန့်အရောင်တောက်လာတယ်။ ပြီးတော့ ရေနဲ့ငြှိမ်းသတ်လို့ မရဘဲ တစ်ခါတည်းလောင်ကုန်တယ်”

ဤအရာက တစ်ပူပေါ် နှစ်ပူဆင့်ခြင်းဖြစ်၏။ နိုးထလာခဲ့သော ဝူမူသည် ရင်ဘတ်တွင် စူးရှသည့်နာကျင်မှုကို ခံစားရ၏။ သူက သွေးမအန်မိအောင် ကြိုးစားခဲ့သော်လည်း သွေးစများပါသော သလိပ်များကိုပင် ထွေးထုတ် လိုက်မိ၏။ သူ နောက်ဆုံးတွင် ဆုံးဖြတ်ချက်ကို ချနိုင်ပြီ။

“နောက်ကိုဆုတ်ကြတော့”

သူ၏ လက်အောက်မှ တပ်မှူးက ရုတ်တရက် လှမ်းကာမေးလိုက်သည်။ “ဘယ်.. ဘယ်ကိုဆုတ်မှာလဲ”

ဝူမူ၏ မျက်လုံးများမှ မျက်ရည်များပင် စီးကျလာခဲ့၏။ “ဝူပြည်နယ်ကို ပြန်ကြမယ်”

ထိုတပ်မှူးက ပြောလိုက်သည်။ “ကျုပ်တို့ ကောင်းကင်လေကျွန်းကို မပြန်တော့ဘူးလား။ ချောင်ဟောင်ကို နှိမ်နင်းပြီး ကျုပ်တို့ကောင်းကင်လေကျွန်းကို သိမ်းပိုက်လို့ ရသေးတယ်”

ဝူမူက ချက်ချင်းပဲ ခေါင်းကိုခါယမ်းကာဖြင့် သက်ပြင်းချလိုက်၏။ “နုရှောင့်မြို့ကို မသိမ်းပိုက်နိုင်မှတော့ ကောင်းကင်လေကျွန်းကို ရတော့လည်း ဘာထူးမှာလဲ။ ကောင်းကင်လေကျွန်းက ဟို ကောက်ကျစ်ယုတ်မာတဲ့ ကလေကချေ ချောင်ဟောင်ရဲ့လက်ထဲမှာပဲရှိတာ။ အဲဒီမှာရှိနေတာက ငါတို့လက်ထဲမှာရှိတာထက်တောင် ပိုပြီး အသုံးဝင်နေသေးတယ်”

ထိုအချိန်မှာပဲ ဝူမူက မိမိကိုယ်ကို ပြန်လည်ဆင်ခြင်သုံးသပ်လျက် ရှိနေ၏။ သူက အတွေ့အကြုံ နိမ့်ပါးလွန်းခဲ့၏။ စစ်ပွဲစတင်သည့်အချိန်တွင် မည်သည့် အမှားအယွင်းတစ်စုံတစ်ရာကိုမှ သူ မပြုလုပ်ခဲ့ချေ။ ကျင်းမိသားစု၏ မကောင်းသည့် အကြံအစည်ထဲသို့ ကျရောက်သွားခဲ့ပြီး လက်ရွေးစင် စစ်သည် ၁၀,၀၀၀ ကျော် သေဆုံးသွားခဲ့ခြင်းက အမှားအယွင်းကြောင့် မဟုတ်ဘဲ သူ၏အတွေ့အကြုံ နိမ့်ပါးမှုကြောင့်သာဖြစ်သည်။

အကယ်၍ သူသာ အတွေ့အကြုံရင့်ကျက်သည့် စစ်သူကြီးတစ်ယောက် ဖြစ်ပါက စစ်သည်ပေါင်း ၁၀,၀၀၀ ပျက်စီးခဲ့ပြီး ချောင်ဟောင် ဘက်ပြောင်းနိုင်သည့် အခြေအနေကိုလည်း ကြိုတင်ကာ တွက်ဆမိပေလိမ့်မည်။ ထိုသို့ဆိုလျှင် ချက်ချင်းပဲ ချော့မော့နှစ်သိမ့်၍ဖြစ်စေ သို့မဟုတ် ပြတ်ပြတ်သားသား သတ်ဖြတ်၍ဖြစ်စေ သူက ရေတပ်ကြီး တစ်ခုလုံးကို သိမ်းပိုက်နိုင်ပေလိမ့်မည်။ ကျင်းမိသားစုက သူနှင့်ချောင်ဟောင်၏ကြား၌ ဤသို့ သွေးခွဲ နိုင်လိမ့်မည်မဟုတ်ချေ။

“နောက်ကိုဆုတ်ကြတော့” ဝူမူသည် မျက်ရည်များ စီးကျလျက်ရှိနေသည့် မျက်နှာဖြင့် အမိန့်ပေးလိုက်၏။

ဝူယုက ရုတ်တရက် ပြောလိုက်သည်။ “တပ်မှူး.. ကျွန်မတို့ဆီမှာ ဒဏ်ရာရထားတဲ့စစ်သည် ၇၀၀၀ ကျော် ပါနေတယ်။ ဒီတော့ ဆုတ်ခွာရတာ အရမ်းကို နှောင့်နှေးနေတယ်။ သင်္ဘောပေါ်ကို တက်တဲ့အချိန်မှာလည်း တပ်ရဲ့အရှိန်တစ်ခုလုံးကို ထိခိုက်စေနိုင်တယ်။ ဒီအချိန်က ကျွန်မတို့အတွက် အားအနည်းဆုံးအချိန်ပဲ။ ကျင်းမိသားစုက အခွင့်အရေးယူပြီး ဒီအခြေအနေမျိုးမှာ တိုက်ခိုက်မလား မသိဘူး”

ဝူမူက ခေါင်းကိုခါယမ်းလိုက်၏။ “သူတို့ လုပ်မှာမဟုတ်ဘူး”

တိုက်ပွဲအတွေ့အကြုံအရ အနည်းဆုံး သူက တချို့သော အကြောင်းအရာများကို နားလည်ထား၏။ အကယ်၍ ဒဏ်ရာရသုံ့ပန်း ၇၀၀၀ သာမရှိပါက ကျင်းမိသားစုသည် သူတို့သင်္ဘောပေါ်သို့ တက်သည့်အချိန်ကို အခွင့်ကောင်းယူပြီး တိုက်ခိုက်ကောင်း တိုက်ခိုက်နိုင်သည်။

သို့ပေမည့် ပြင်းထန်စွာ ဒဏ်ရာရရှိထားသည့် သုံ့ပန်းပေါင်း ၇၀၀၀ ရှိနေသောကြောင့် ကျင်းမိသားစုက ဤကဲ့သို့ ချောင်းမြောင်းတိုက်ခိုက်ခြင်းကို ဘယ်တော့မှ ပြုလုပ်လိမ့်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ကျင်းကျိုး၏ ကိုယ်ကျင့်တရားနှင့် ဂုဏ်သိက္ခာက ဖြောင့်မတ်ပြီး မြင့်မားလွန်းသောကြောင့်ပင်။

နာရီအနည်းငယ်ခန့် ကြာသည့်အချိန်မှာတော့ ဝူမူ၏ တပ်သားပေါင်း ၁၂,၀၀၀ ကျော်တို့သည် သင်္ဘော ဒါဇင်ပေါင်း များစွာတို့အပေါ်သို့ တက်ကာဖြင့် အနောက်ဘက်အရပ်သို့ ပြန်လည်ကာ ဆုတ်ခွာသွားခဲ့ကြ၏။ လွန်ခဲ့သည့် လဝက်တုန်းက သူက စစ်သည်ပေါင်း ၃၀,၀၀၀ ကျော်ကို ဦးဆောင်ပြီး တောင်ပိုင်းဆီသို့ ခမ်းနားကြီးကျယ်စွာဖြင့် ချီတက်လာခဲ့၏။

မည်မျှ ခမ်းနားကြီးမားသည်ဟုဆိုသော် လမ်းတစ်လျှောက်တွင် ကြီးမားသည့်အရှိန်အဝါမျိုးကိုပင် ထုတ်ဖော်ခဲ့သေး၏။ မျက်စိရှေ့တွင်လည်း ကြီးမားသည့် သရဖူကြီး တည်ရှိနေသကဲ့သို့ပင်။ သို့ပေမည့် ယခု အချိန်မှာတော့ အမြီးကုတ်ကာ ထွက်ပြေးနေရသည့် လမ်းဘေးခွေးတစ်ကောင်ကဲ့သို့ပင်။

ဝူမူသည် သင်္ဘောကုန်းဘက်ပေါ်တွင် လဲလျောင်းရင်း နာကျင်စွာဖြင့် ကောင်းကင်ပေါ်ကို မော့ကာကြည့်လျက် ရှိနေ၏။ နေဝင်ရီတရောအချိန် ကောင်းကင်ကြီးကို လှမ်းကာကြည့်၏။ တိုက်ပွဲ၌ သူက သင်ခန်းစာပေါင်း များစွာကို ရရှိခဲ့၏။ သို့ပေမည့် ထိုအမှားများကို ပြန်လည်ပြင်ဆင်ဖို့ရာ အခွင့်အရေး သူ့၌ ရှိပါဦးမလား မသေချာချေ။ ဤကဲ့သို့ ကြီးကြီးကျယ်ကျယ် ရှုံးနိမ့်ခဲ့ပြီးနောက် ပြန်လည် နိုးထနိုင်ဖို့ အခြေအနေပင် သူ့၌ ရှိပါ့မလား မသိချေ။

“အရှင်မင်းကြီး.. ကျုပ်ရှုံးနိမ့်ခဲ့ပြီ။ အရှင်မင်းကြီးရဲ့ယုံကြည်မှုကို ကျုပ် ဖျက်ဆီးခဲ့မိပြီ။ ကျုပ် ဆယ်ခါတိတိ သေဖို့ ထိုက်တန်ပါတယ် အရှင်မင်းကြီး”

သူ၏ရှုံးနိမ့်မှုက အရေးမကြီးပေ။ သူ၏အနာဂတ်ကလည်း အရေးမကြီးချေ။ အဓိက အချက်အားဖြင့် အရှင်မင်းကြီး မည်မျှထိခိုက်ခံစားရမည်နည်း။ နန်းတော်ထဲရှိ ရှေးရိုးစွဲ အမတ်အိုကြီးများ၏ တန်ပြန် တိုက်ခိုက်မှုကို မည်ကဲ့သို့ ခုခံရတော့မည်နည်း။ အရှင်မင်းကြီး၏ ဂုဏ်သိက္ခာ မည်မျှထိခိုက်မည်နည်း။

ထိုအကြောင်းအရာကို တွေးမိသည့်အချိန်မှာတော့ ဝူမူ၏ နှလုံးသားတစ်ခုလုံးသည် လက်ဖြင့် ဆွဲညှစ်ခံရ သကဲ့သို့ပင် နာကျင်လျက်ရှိ၏။

“အရှင်မင်းကြီး... ကျုပ် ဆယ်ခါတိတိ သေဖို့ထိုက်တန်ပါတယ်”

သူသည် ပြင်းထန်လွန်းသည့် ထိုးနှက်ချက် နှစ်ခုကို ခံရ၏။ ထို့ကြောင့် မည်သို့မှ မထိန်းနိုင်တော့ဘဲ သွေးတစ်လုတ်ကို အန်ထုတ်လိုက်မိသည်။

...........

ချင်နိုင်ငံ

စုနန် ထွက်ပြေးလွတ်မြောက်သွားခဲ့သည်မှာ ခုနစ်ရက်ကြာမြင့်ခဲ့ပြီဖြစ်၏။ သူတို့က ကျန်းယွမ်နယ်စားကြီး အိမ်တော်နှင့် ကီလိုမီတာ ၁,၈၀၀၊ မိုင်ပေါင်း ၁,၁၀၀ ကျော်ခန့်အဝေးဆီသို့ ရောက်ရှိနေ၏။ ခုနစ်ရက်တာ အတောအတွင်း စုမိသားစုက နေ့နေ့ညည မနားတမ်း ခရီးနှင်ခဲ့၏။ ခုနစ်ရက်အတွင်း လူတော်တော်များများတို့က အစာငတ်ခဲ့သည် ဆိုသော်လည်း မြင်းများကိုတော့ ကောင်းကောင်းအစာကျွေး၏။ လူတွေ မနားသော်လည်း မြင်းများနားရ၏။

ရှစ်ရက်မြောက်နေ့ .....

ဤအချိန်မှာတော့ သူတို့က အနောက်ဘက်ဒေသနှင့် ကီလိုမီတာ ၁,၃၀၀၊ မိုင် ၈၀၀ ခန့်သာ ဝေးကွာတော့၏။ စုနန်က အရပ်လေးမျက်နှာသို့ ကင်းထောက်များကို စေလွှတ်ပြီး အဆက်မပြတ် ကြည့်ရှုစေ၏။ သတင်းချက်လက်များကို ဆက်တိုက်ရယူ၏။ ကီလိုမီတာ ၂၀၀၊ မိုင် ၁၂၅ ပတ်လည်ဝန်းကျင်ရှိ လှုပ်ရှားမှုများကို သူက စောင့်ကြည့်သည်။

အထူးသဖြင့် သူ၏အနောက်ဘက်ဆီမှ ကင်းထောက်များက တကယ့်ကိုဝေးကွာခဲ့၏။ ရန်သူများလိုက်လာပါက သူ၏ကင်းထောက်များက အမြန်အဆန်ပင် သူ့ဆီကို လာရောက်ကာ သတင်းပေးဖို့မှာ ဖြစ်၏။ ရန်သူများသည် ကီလိုမီတာ ၄၀၀၊ ၅၀၀ အတွင်းသို့ရောက်ရှိလျှင်ပင် စုနန်က ချက်ချင်းသိရှိပေလိမ့်မည်။

“သခင်ကြီး.. အရှေ့ဘက်၊ ဘေးဘက်၊ ညာဘက်၊ ဘယ်ဘက်မှာမှ ရန်သူမရှိဘူး”

“သခင်ကြီး အနောက်ဘက် ကီလိုမီတာ ၅၀၀ အတွင်းမှာလည်း ဘယ်ရန်သူမှ မရှိပါဘူး”

ထိုသတင်းကို ကြားသည့်အချိန်မှာတော့ စုနန်က မည်သို့မှ မနေနိုင်ဘဲ စိတ်သက်သာရာရစွာ သက်ပြင်းချ လိုက်မိ၏။ စုမိသားစုတစ်ခုလုံးက ဘေးကင်းလုံခြုံသွားခဲ့ပြီဖြစ်၏။ ကျန့်ထော်၊ ရှမ့်လန် မည်သူပဲဖြစ်ဖြစ် သူ့ကို လိုက်မှီနိုင်တော့မည်မဟုတ်ချေ။

ချင်နိုင်ငံ၏ အဓိကမြင်းတပ်များသည် တော်ဝင်ကပ်ဘေးနန်းတော်၌ သေဆုံးသွားခဲ့ကြပြီဖြစ်သည်။ ကျန်သော တပ်များက ရှမ့်လန်၏လက်ထဲတွင် ရှိနေ၏။ သို့ပေမည့် ထိုသူများကလည်း ရွှဲ့ပြည်နယ်တွင်သာ ကျန်ရှိခဲ့၏။ ရက်အနည်းငယ်ကြာလျှင် စုမိသားစုတစ်ခုလုံးက အနောက်ဘက်ဒေသထဲသို့ ဝင်ရောက်နိုင်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူတို့လုံခြုံသွားပေပြီ။

ကံကောင်းထောက်မစွာဖြင့် သူက ဆုံးဖြတ်ချက်ကို ပြတ်သားစွာ ချနိုင်ခဲ့၏။ အဓိကတပ်ကြီးတစ်ခုလုံး ရှုံးနိမ့်သွားခဲ့သည့် သတင်းပြန့်နှံ့ပြီးနောက် သူက တစ်ညတာ အချိန်ယူခဲ့၏။ မိသားစုတစ်ခုလုံးကို ဦးဆောင်ကာဖြင့် တစ်ခါတည်း ထွက်ပြေးခဲ့၏။ မဟုတ်ပါက စုမိသားစုသည် ရန်သူတပ်များ၏ ဝန်းရံခြင်းကိုခံရပြီး မျိုးဖြုတ် သတ်ဖြတ်ခြင်းနှင့် ရင်ဆိုင်နေရလောက်ပြီဖြစ်၏။

“သခင်ကြီး.. စစ်သည်တွေရဲ့ စိတ်ဓာတ်က အရမ်းကို ကျဆင်းနေတယ်။ ကျုပ်တို့ ကိုယ့်ရဲ့နေရပ်နဲ့ ပိုပြီး ဝေးကွာလေ စိတ်ဓာတ်တွေ ပိုပြီးကျဆင်းလာလေပဲ။ စစ်သည် တော်တော်များများက ကျုပ်တို့ ထွက်ပြေး လာတယ် ဆိုတာကို ရိပ်မိနေကြပြီ။ သူတို့က နေရပ်ကို မစွန့်ခွာချင်ကြဘူး။ ဒီတော့ ကွယ်ရာမှာ မကျေမနပ်နဲ့ ပြောဆိုနေကြတယ်”

ဤကိစ္စက အမှန်ပင်ဖြစ်၏။ အစပိုင်းက စစ်သည်တော် ထောင်ပေါင်းများစွာတို့က ဤအရာမှာ သာမန် စစ်ကြီး တစ်ခုဟု ထင်မှတ်ခဲ့ကြ၏။ ယခု ရွှဲ့ပြည်နယ်နှင့် တဖြည်းဖြည်း ဝေးကွာလာခဲ့ပြီး အနောက်ဘက်အရပ်ဆီသို့ ဦးတည်နေကြောင်း သိရသည့်အချိန်မှာတော့ အရူးတစ်ယောက်ပင်လျှင် စုမိသားစုသည် ထွက်ပြေးလာခဲ့ခြင်း ဖြစ်ကြောင်း ခန့်မှန်းနိုင်သည်။

ထို့အပြင် သူတို့၏ဦးတည်ရာက ချင်နိုင်ငံမဟုတ်၊ ချောင်ပြည်နယ်လည်း မဟုတ်ချေ။ အကယ်၍ ချောင်ပြည်နယ်သို့ သွားမည်ဆိုလျှင် အနောက်ဘက်မဟုတ်ဘဲ မြောက်ဘက်ကို ဦးတည်ရမည် မဟုတ်ပါလား။ ထို့အပြင် စုမိသားစု၏ ကိုယ်ပိုင်စစ်တပ်ကြီးကို ချောင်ပြည်နယ်က လက်ခံနိုင်စွမ်း ရှိနေသေး၏။ ထို့အပြင် သူတို့က သေသေချာချာ လေ့ကျင့်ထားခဲ့သည့် စစ်သည်များဖြစ်သောကြောင့် အသုံးဝင်၏။ ထို့အပြင် သူတို့၏ အရှင်ကလည်း ထိုနေရာတွင် နယ်စားကြီးဘွဲ့ကို ရရှိနိုင်သေး၏။

သို့ပေမည့် အနောက်ဘက်ဒေသဆီသို့ သွားသည်နှင့်တပြိုင်နက် ထိုနေရာက လူရိုင်းများ နေထိုင်ရာဖြစ်၏။ အထူးသဖြင့် ရှုပ်ထွေးလွန်းလှ၏။ ထိုနေရာဆီသို့ ရောက်ရှိသည်နှင့်တပြိုင်နက် သူတို့က ထပ်မံကာ တိုက်ခိုက်ရပေလိမ့်မည်။ သူတို့၏မြေပိုင်နက်ကို ရရှိရန်အတွက် အလွန်အမင်း တိုက်ခိုက်ရပေဦးမည်။

စုနန်က တကယ့်ကို အမြင်ကျယ်လွန်းလှသူ ဖြစ်၏။ သို့ပေမည့် သူ၏အောက်တွင် ရှိနေသည့် စစ်သည်တော်များမှာတော့ သူ့လိုမဟုတ်ကြချေ။ သူတို့က သက်တောင့်သက်သာ ဘဝကို နေထိုင်ချင်၏။ တကယ့်ကို မာကြောခက်ထန်လွန်းသည့် ရဲတိုက်ကြီးထဲတွင်သာ လုံလုံခြုံခြုံနှင့် ခုခံ နေထိုင်ချင်စိတ်ရှိသည်။

သူတို့က အနောက်ဘက်ဒေသဆီသို့ သွားချင်စိတ် မရှိကြချေ။ နေရာအနှံ့တွင် နိုင်ငံခြားသားများ ရှိနေသောကြောင့် တကယ့်ကိုအန္တရာယ်များ၏။

စုနန်က အသာပင် ပြောဆိုလိုက်သည်။ “မင်းမြင်တယ်မလား။ ဒါ လူသားတွေရဲ့ နှလုံးသားပဲ။ ဒါပေမဲ့ စိုးရိမ်စရာ မလိုဘူး။ အနောက်ပိုင်းဒေသကို ရောက်ပြီဆိုတာနဲ့ ရွေးချယ်ခွင့်မရှိတော့ဘဲ သူတို့ ငါ့ရဲ့ဘေးနားမှာပဲ နေရမယ်။ ပြီးတော့ ငါ့ကို ပိုပြီးတော့ သစ္စာရှိလာရလိမ့်မယ်။ သူတို့ စောဒကတက်ပြီဆိုတာနဲ့ မိုင်ထောင်ချီ အဝေးမှာ ချန်ခဲ့ရလိမ့်မယ်”

စုကျန်က ပြောလိုက်၏။ “ဒါဆိုရင် သူတို့ရဲ့စိတ်ဓာတ်တွေ ပိုပြီးတိုးတက်လာစေဖို့ ရွှေတချို့ပေးလိုက်မယ်”

ရွှေက အချိန်မရွေး အသုံးဝင်သည့်အရာဖြစ်သည်။

စုရုံက ပြောလိုက်၏။ “ရွှေတွေမှ များများစားစား မကျန်တော့တာ”

စုနန်က မေးမြန်းလိုက်သည်။ “ဘယ်လောက်ကျန်သေးရလဲ”

စုလုက ဖြေ၏။ “စုစုပေါင်း လေးသိန်းလောက်ပဲကျန်တော့တယ်”

စုနန်၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့၏။ ထိုမျှနည်းပါးသည်လား။ သို့ပေမည့် ထိုအရာက များပြားသည့် အရာဖြစ်၏။ တိုက်ပွဲအတွက် စုနန်က တကယ်ပင် ရွှေဒင်္ဂါး တော်တော်များများကို ပေးအပ်ခဲ့ပြီးဖြစ်သည်။

တော်ဝင်ကပ်ဘေးဘုရားကျောင်းဆီမှ ဘုန်းကြီးစစ်သည်များကို ငှားရမ်းခြင်း၊ အနောက်ပိုင်းဒေသဆီမှ ကုန်သည် စစ်သည်များကို ငှားရမ်းခြင်းအပြင် ချင်ဘုရင်ကို သွေးဆောင်ရန် သူ ရွှေဒင်္ဂါးတော်တော်များများကို အသုံးပြုခဲ့၏။ အထူးသဖြင့် စုနန်၏ ပိုင်ရီစီရင်စုကို ဝင်ရောက်တိုက်ခိုက်သည့်အချိန်တွင် နေ့စဉ်နေ့တိုင်းဆိုသလို ရွှေဒင်္ဂါးများကို အသုံးပြုခဲ့ရ၏။

ပိုမို၍ အရေးကြီးမားသည်မှာ စစ်ပွဲတစ်ခုတွင် အရေးကြီးဆုံးမှာ အစားအစာပင် ဖြစ်၏။ စုနန်သည် ရွှေဒင်္ဂါး တော်တော်များများကို အစားအစာများနှင့် လဲလှယ်ပြီး နယ်စားကြီးအိမ်တော်သို့ သိုလှောင်ခဲ့၏။ အစားအစာ တော်တော်များများ ကို ယူဆောင်လာခဲ့ခြင်း မရှိချေ။ စုနန်အနေနှင့် သူတို့ရဲ့ လက်ထဲတွင် လူပေါင်း ၅,၀၀၀ ကျော်သာလျှင်ရှိသည်။

အနောက်ပိုင်းဒေသဆီသို့ သွားရောက်ချိန်၌ သူက လမ်းတစ်လျှောက် အင်အားသုံးကာဖြင့် ပွင့်ပွင့်လင်းလင်း မသွားခဲ့ချေ။ ထို့ကြောင့် ရွှေဒင်္ဂါးများကို အသုံးပြုရ၏။ အနောက်ပိုင်းဒေသရှိလူများက အရှေ့ပိုင်းလောကရှိ လူများထက် ပိုမိုကာလောဘကြီး၏။ ရွှေဒင်္ဂါး လေးသိန်းကျော်ဆိုသည်မှာ သူ့အတွက် ကိုင်တွယ်ရန် များပြားလွန်းသည့် ပမာဏတစ်ခုဖြစ်၏။

လုံလောက်သည့် ရွှေပမာဏသာရှိပါက စုနန်က အခြေအနေတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်ပြီး အချိန် အတိုင်းအတာ တစ်ခုအတွင်း အနောက်ပိုင်းဒေသတွင် တည်နေရာပိုင်နက်တစ်ခုကို အပိုင်စီး ရယူနိုင်လိမ့်မည်ဟု မျှော်လင့်မိ၏။ ထို့အပြင် သူနှင့် ဆောင်ကောင်တို့သည် ခမည်းခမက်များဖြစ်သည်။

စုရုံက ရုတ်တရက်ပြောလိုက်၏။ “အရှင်.. ချင်နိုင်ငံထဲမှာ ရွှေတွေရှိတယ်။ အာယုခန်က နှစ်ပေါင်းများစွာ ရွှေတွေကို လုယက်ထားခဲ့တာ။ သူ့ရဲ့နန်းတော် အမိုးတောင်မှ ရွှေနဲ့လုပ်ထားတာ။ မြေပြင်တစ်ခုလုံးကလည်း ရွှေနဲ့ပဲ။ အနည်းဆုံး ရွှေဒင်္ဂါးနှစ်သန်းလောက် ရှိမယ်နဲ့တူတယ်”

ထိုအရာကိုကြားသည့်အချိန်မှာတော့ စုနန်၏မျက်လုံးများသည် ကျဉ်းမြောင်းသွားခဲ့၏။ ချင်နိုင်ငံတွင် ရွှေဒင်္ဂါး မည်မျှရှိကြောင်းကို စုရုံထက် သူက ပို၍သိ၏။ အာယုခန်က အရူးတစ်ယောက်ဖြစ်ပြီး လုယက်ထားသမျှ ရွှေဒင်္ဂါးများကို မသုံးဘဲ အလှဆင်တတ်သူဖြစ်သည်။

သူသည် လူရိုင်းဘုရင်တစ်ယောက် ဖြစ်သည်ဆိုလျှင်တောင် သူ၏နန်းတော်သည် ချောင်နှင့်ရွှဲ့ပြည်နယ်တို့ ထက် ပိုမိုကာခမ်းနားပြီး ကြီးကျယ်၏။ သို့ပေမည့် သူသည် အလှပရေးရာနှင့်ပတ်သက်၍ ဂရုစိုက်တတ်သည့် လူတစ်ယောက် မဟုတ်ချေ။ ရွှေများကို တစ်ခါတည်း အရည်ဖျော်ပြီး နံရံများတွင် လိုက်လံကာ ကပ်ထားခြင်းသာ ဖြစ်၏။ ထို့ကြောင့် နန်းတော်၏တစ်ခုလုံး၌ ရွှေများဖြင့် ဖုံးလွှမ်းလျက်ရှိနေ၏။

စုနန်သည် ထိုရွှေများအကြောင်းကို သေသေချာချာ စဉ်းစားခြင်း မရှိခဲ့ချေ။ သို့ပေမည့် လက်ရှိအခြေအနေ၌ သူက ပိုက်ဆံပြတ်လုမတတ် ဖြစ်နေ၏။ ထို့ကြောင့် သူ၏အလိုလောဘက ပိုမိုကာကြီးမားလာခဲ့၏။ လောဘတရားက ထပ်မံကာ ဖြစ်တည်လာခဲ့သည့်အချိန်မှာတော့ ထိုအရာကို မဖိနှိပ်နိုင်တော့ခဲ့ချေ။ သို့တစေ စုနန်က ခက်ခဲသည့် ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ရသည်။

“မဖြစ်သေးဘူး”

သူ ချင်နိုင်ငံဆီသို့သွား၍ မဖြစ်နိုင်ချေ။ သူ လောဘကြီး၍ မဖြစ်ချေ။ လောဘကြီးခြင်း၏ သင်ခန်းစာများက လုံလောက်အောင် ရက်စက်သည် မဟုတ်ပါလား။ သို့ပေမည့် စုကလန်က ရွှေဒင်္ဂါးပြတ်လပ်လျက်ရှိ၏။ ချင်နိုင်ငံဆီမှ ရွှေဒင်္ဂါးများကို ရရှိပါက အနည်းဆုံး အနောက်ပိုင်းဒေသတွင် နှစ်နှစ်၊ သုံးနှစ်ခန့် အလုပ်ကြိုးစားရမည့်နှုန်းမှ သက်သာသွားပေလိမ့်မည်။

All Chapters