← Chapters

အခန်း (၄၂၇-၄၂၈)

Vol. 31 Ch. 427-428

အခန်း (၄၂၇-၄၂၈)

Vol. 31 Ch. 427-428

အပိုင်း (၄၂၇)

နာရီဝက်ခန့် ကြာမြင့်ပြီးသည့်နောက် စုရုံသည် စုနန်အဖြစ် ဟန်ဆောင်ပြီး ဖြစ်၏။ သူက စုကလန်၏ စစ်သည်တော် ထောင်ချီကို ဦးဆောင်ပြီး ချင်နိုင်ငံ၏ မြင်းသည်တော်များကို အာရုံလွှဲရန် ထွက်ခွာသွားခဲ့၏။

စုနန်သည် သာမန်စစ်သည်တော်တစ်ယောက်အဖြစ် ဟန်ဆောင်ပြီး ယုံကြည်ရသည့် စစ်သည်နောက်လိုက် ရာချီတို့ကို ဦးဆောင်ကာ ရွှေ ပမာဏတော်တော်များများကို ယူဆောင်၍ ညအချိန်၌ မြောက်ဘက်ပိုင်းဆီသို့ ပြေး၏။ စုနန်သည် ကျိန်းသေပေါက် စစ်တပ်ကြီးကိုပင် နှစ်ခြမ်းခွဲကာဖြင့် အသက်ရှင်ရပ်တည်ရန် ကြိုးစားခဲ့သည်။

နေ့ဝက်နီးပါးခန့် ကြာမြင့်ပြီးနောက် များပြားလွန်းသည့် စုကလန်မှ တိုက်ရိုက်မျိုးဆက်များက မြောက်ဘက်ပိုင်းသို့ ရူးရူးမူးမူး ဦးတည်နေခဲ့ကြပြီ ဖြစ်၏။ သူတို့က အနောက်ဘက်ကို တစ်ချက်လေးမှ လှည့်မကြည့်ခဲ့ကြချေ။ နာရီအနည်းငယ် ကြာပြီးနောက် သူတို့က ကီလိုမီတာ ငါးဆယ်နီးပါးခန့်ကို ပြေးလွှားခဲ့ပြီးသား ဖြစ်၏။ သူတို့ လွတ်မြောက်ခဲ့ပြီ ဖြစ်၏။

စုရုံက စစ်သည်ပေါင်း ထောင်ချီကို ဦးဆောင်ကာ အနောက်ဘက်ပိုင်းကို သွား၏။ ကြည့်ရသည်မှာ သူက အဓိကအင်အားစုများနှင့် ဆင်တူ၏။ ဤအချိန်မှာတော့ သူတို့သည် ရှမ့်လန်ကို လှည့်စားနိုင်ခဲ့ပြီဟု သတ်မှတ် ရပေလိမ့်မည်။ သူတို့အားလုံး အနောက်ဘက်ဒေသဆီသို့ ရောက်ရှိရန် လီတစ်ထောင် နီးပါးခန့်သာ ကျန်ရှိတော့၏။ လီတစ်ထောင်နီးပါးခန့်သာ သွားသည်ဆိုပါက ကျိန်းသေပေါက် အနောက်ဘက်ပိုင်းဒေသဆီသို့ ရောက်ရှိမှာပင်။

သို့ပေမည့် စုနန်သည် ခေါ်ယူသွားခဲ့သည့် လူပေါင်းရာချီ၊ ရွှေပမာဏအနည်းငယ်လောက်နှင့် မည်သည့်အချိန်တွင် ပြန်လာနိုင်မည်နည်း။ မည်သည့်အချိန်တွင်ဖြစ်ဖြစ် ပြန်လာရပေလိမ့်မည်။ စုကလန်က ကျိန်းသေပေါက် ပျောက်ကွယ်ပျက်စီးသွားမည့် အရာမျိုး မဟုတ်ချေ။ ကျိန်းသေပေါက် မဟုတ်ချေ။ သူ စုနန်၌ အသက်ပေါင်း ကိုးသက်ရှိ၏။ ရှမ့်လန် သူ့ကို သတ်ဖြတ်ဖို့ဆိုသည်မှာ မဖြစ်နိုင်ချေ။ လုံးဝမဖြစ်နိုင်ချေ။

သူ အသက်ရှင်နေသည်နှင့်အမျှ စုကလန်က မကြာခင် ပြန်လည်ကာ မြင့်တက်လာပေလိမ့်မည်။ တစ်နေ့ သူသည် ရွှဲ့ပြည်နယ်ဆီသို့ ပြန်လည်ရောက်လာခဲ့ပြီး ရှိရှိသမျှသော လူများကို ပြန်လည်ကာ သတ်ဖြတ်ရမည်။ စုကလန် နိုင်ငံတော်ကြီးကို ပိုင်ဆိုင်သည့် မိသားစုတစ်ခုအဖြစ် ဖြစ်တည်စေရပေလိမ့်မည်။ တစ်ရက်တွင် သူက ကျင်းမိသားစုကို သွားရောက် သုတ်သင်ရှင်းလင်းမည်။ ရှမ့်လန်ကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ဆုတ်ဖြဲပစ်မည်။

သို့ပေမည့် ထိုအချိန်မှာပဲ အသံတစ်ခုက လေထုထဲ ပေါ်ပေါက်လာခဲ့၏။ “ဦးရီးတော် စုနန်.. ဘယ်လိုဖြစ်ပြီး အရမ်း အလျင်လိုနေရတာလဲ။ ခင်ဗျား မြောက်ဘက်ပိုင်းကနေပြီး ချောင်ပြည်နယ်ကို သွားမှာမဟုတ်ဘူးလား။ ပြီးတော့မှ အနောက်ပိုင်းဒေသကို ဆက်ပြီးသွားချင်တာလား”

ရုတ်တရက် သာမန်စစ်သည်တော်တစ်ယောက်လို ဝတ်ဆင်ထားခဲ့သည့် စုနန်က တုန်ယင်သွားခဲ့၏။ သူ တကယ်ပဲ လန့်ဖျပ်သွားခဲ့၏။ မယုံကြည်နိုင်မှုနှင့် ပိတ်ဝန်းကျင်ကို စူးစိုက်ကြည့်လိုက်သည်။

ပြီးနောက် အမှောင်ထဲမှ စစ်သည်တော် ထောင်ချီတို့ ပေါ်ပေါက်လာခဲ့ပြီး သူတို့ကို ဝိုင်းပိတ်လိုက်ကြ၏။ စုနန်နှင့် စစ်သည်တော်ရာချီတို့က အလျှင်အမြန် ထွက်ပြေးကြ၏။ သူတို့အနေနှင့် ကင်းထောက်များကို စေလွှတ်ရန် အချိန်ပင် မရှိခဲ့ချေ။

“ဦးရီးတော် စုနန်... ဒီနေရာမှာ ကျုပ်စောင့်နေတာ အချိန်တော်တော်ကြာပြီ။ ခင်ဗျား ဒီလိုမျိုး ထွက်ပြေးမယ် ဆိုတာ ကျုပ် သိတာပေါ့။ ပြီးတော့ ခင်ဗျားအစား ဟန်ဆောင်ဖို့ တချို့လူတွေကိုတောင် စေလွှတ်ခဲ့သေးတယ်။ တကယ့်ကို ရက်စက်တဲ့လူပဲ”

ခဏလောက်ကြာပြီးနောက် စစ်သည်တော် ထောင်ချီတို့သည် စုနန်၏ စစ်သည်တော်ရာချီတို့ကို ဝိုင်းပိတ်ထားပြီးသား ဖြစ်သွား၏။ ဝိုင်းပိတ်ခံရသည့်သူများသည် စုကလန်၏ တိုက်ရိုက်မျိုးဆက်များ ဖြစ်ကြ၏။

ရှမ့်လန်က ထူးမခြားနားသလို ပြောလိုက်သည်။ “ဦးရီးတော် စုနန်.. စုမိသားစုတစ်ခုလုံးက ဒီနေ့ဒီအချိန်မှာ သုတ်သင်ရှင်းလင်းခြင်း ခံရမယ်။ သတ်ကြတော့”

ရှမ့်လန်က အမိန့်ပေးလိုက်၏။

ရုတ်တရက် စစ်သည်တော် ထောင်ချီတို့သည် သူတို့၏လေးများကို မြှောက်လိုက်သည်။

ဆွစ် ဆွစ်...

စုကလန်၏ လူပေါင်းရာချီတို့သည် မြေပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားခဲ့၏။ သွေးများကလည်း တည်နေရာ အနှံ့ဆီသို့ ပျံ့နှံ့ကုန်၏။ တကယ့်ကို သွေးခင်းသည့်လမ်းကဲ့သို့ပင်။

စုနန်သည် သူ၏ဝတ်ရုံကြီးကို ဆွဲချွတ်လိုက်၏။ ရှမ့်လန်သည် စုနန်၏ မူရင်းမျက်နှာသွင်ပြင်ကို ပထမဦးဆုံးအကြိမ် မြင်တွေ့လိုက်ရခြင်း ဖြစ်၏။

ယခင်တွေ့ဆုံခဲ့သည့်အချိန်က စုနန်သည် အိုမင်း ရင့်ရော်သလို ဟန်ဆောင်ထားခဲ့၏။ သို့ပေမည့် တကယ်တမ်းမှာတော့ လူငယ်တစ်ယောက်လို ဖျတ်လတ် သွက်လက်သည့် လူတစ်ယောက်ဖြစ်သည်။

သို့ပေမည့် ယခုအချိန်မှာတော့ လူငယ်တစ်ဦးနှင့် အလုံးစုံ မတူညီတော့ချေ။ သူ၏မျက်နှာက အိုမင်းလျက် ရှိနေပြီး မျက်လုံးထောင့်များတွင်လည်း အရေးအကြောင်းများက ထင်ထင်ရှားရှား ပေါ်ပေါက်နေ၏။ ထိုမျှပင် မကသေးချေ။ ဆံပင်များကလည်း နေရာကွက်၍ ဖြူဖွေးနေ၏။

ဓားဘုရင် လီချင်းချိုးသည် တစ်ချက် လှမ်းကြည့်ပြီးနောက် အနည်းငယ် အံ့အားသင့်သွားမိ၏။ လွန်ခဲ့သည့် တစ်လအတွင်း စုနန်၏ ရုပ်ရည်သွင်ပြင်က ဤမျှလောက် ပြောင်းလဲသွားခဲ့၏။ ဆယ်နှစ်ကျော်လောက် ရုတ်တရက် အိုမင်းသွားသကဲ့သို့ပင်။

လျန်ခရိုင်ရှိ အနောက်ဘက် တည်းခိုခန်းတွင် စုနန်အား လုပ်ကြံရန် သူကြိုးစားခဲ့စဉ်က စုနန် မည်မျှနုပျို၍ မည်မျှရဲရင့်၊ တက်ကြွ ခန့်ညားခဲ့သနည်း။ ယခုအချိန်တွင်မှာတော့ စုနန်သည် ဤမျှ စိတ်ဓာတ်ကျဆင်း ညှိုးငယ်နေကြောင်း သူ မြင်ခဲ့ရသည်။

ရှမ့်လန်၏ စစ်သည်တော် ထောင်ပေါင်းများစွာတို့က မြားများကို တပြိုင်နက်တည်း ပစ်လွှတ်ကြ၏။ စုကျန့်နှင့် မျက်စိသုံးလုံးမိစ္ဆာတို့သည် စုနန်၏အရှေ့ဆီသို့ သွားရောက်ပြီး ကာကွယ်ပေးရန် ပြင်ဆင်လိုက်ကြ၏။ မျက်စိသုံးလုံးမိစ္ဆာသည် သူ၏ ချပ်ဝတ်အနက်ရောင်ကို ဝတ်ဆင်ထားဆဲဖြစ်ပြီး သူ၏ မျက်နှာဖုံးအထက် နဖူးပေါ်တွင် မျက်လုံးတစ်လုံးပုံစံကို ရေးဆွဲထား၏။

ယခုအချိန်မှာတော့ စုနန်၏အနားတွင် သစ္စာစောင့်သိသည့် တိုက်ရိုက်လက်အောက်ခံ အင်အားကြီးနှစ်ယောက်ဟူ၍ သူတို့နှစ်ယောက်တည်းသာလျှင် ကျန်ရှိတော့သည်။

“သခင်... ကျုပ်တို့ သေရင် သေပလေ့စေ။ သခင်ကြီးကို ကာကွယ်ပေးပါ့မယ်”

“ဟုတ်တယ် အစ်ကိုကြီး.. ကျုပ်တို့ သခင်ကြီးနဲ့ ဆက်ခံသူကို ကာကွယ်ပါ့မယ်။ ကျုပ်တို့မှာ တိုက်ခိုက်ဖို့ အင်အား ရှိပါသေးတယ်”

မျက်စိသုံးလုံးမိစ္ဆာနှင့် စုကျန့်တို့သည် ရုတ်တရက် ဓားများကို ဆွဲထုတ်ကာ ဟစ်အော်လိုက်၏။

“အားလုံး ဓားတွေကို ဆွဲထုတ်ပြီးတိုက်ခိုက်ကြမယ်။ သခင်ကြီးအတွက် သေကြစို့။ စုမျိုးနွယ်အတွက် သေကြမယ်”

ပြီးနောက် စစ်သည်ရာပေါင်းများစွာတို့သည် ဓားများကို ဆွဲထုတ်ပြီး ရုတ်တရက် တိုက်ပွဲတစ်ခုကို ဖန်တီး လိုက်ကြသည်။

“ရပ်ကြစမ်း” စုနန်က ရုတ်တရက် ဟိန်းဟောက်လိုက်၏။ စုကျန့်နှင့် မျက်စိသုံးလုံးမိစ္ဆာတို့သည် သူတို့၏ တိုက်စစ်ကို ချက်ချင်းရပ်တန့်လိုက်၏။

စုနန်သည် ရှမ့်လန်ကို လှမ်းကာ ကြည့်ရှုလိုက်သည်။ “ရှမ့်လန်.. နောက်ဆုံးတော့ မင်းလက်ထဲမှာ ရှုံးရလိမ့်မယ်လို့ ငါ မထင်ခဲ့မိဘူး။ ဟား ဟား ....။”

စုနန်သည် လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်၏။ “လူတစ်ယောက်ရဲ့ စရိုက်ဆိုးဆိုတာ သူ့ဘဝတစ်ခုလုံးကို ဖျက်ဆီးပစ်ဖို့ လုံလောက်ခဲ့တာကိုး”

စုနန်က ဆက်လက်ကာ ပြောလိုက်၏။ “ငါက လောဘကြောင့် ပျက်စီးခဲ့ရတာ။ အခြေအနေကောင်းတွေ အကုန်လုံး ငါ့ရဲ့လက်ထဲမှာ ရှိနေရက်နဲ့ ခုလိုဖြစ်ခဲ့တဦ။ ငါက ပိုပြီးတော့ကောင်းတာကို ... ပိုပြီးတော့ များတာကို လိုချင်ခဲ့တယ်။ ငါ့ရဲ့ လောဘတရားတွေသာ မရှိခဲ့ဘူးဆိုရင်၊ လူရမ်းကားတွေဆီက ရွှေဒင်္ဂါးတွေကို လိုချင်စိတ် မရှိခဲ့ဘူးဆိုရင် ငါ ပိုင်ရီမြို့ကို တစ်ခါတည်း သိမ်းပိုက်လို့ ရနိုင်ခဲ့ပြီ။ တစ်ချက်ခုတ် သုံးချက်ပြတ် အစီအစဉ်တွေ ဘာတွေတောင် မလိုခဲ့ဘူး။ မင်း ပိုင်ရီမြို့တိုက်ပွဲထဲကို ဝင်ခွင့်ရမှာတောင် မဟုတ်ဘူး”

ဤအရာ အမှန်တရား ဖြစ်၏။ တချို့သောလူများသည် အလွန်ကောင်းမွန်သော ဖဲချပ်များကို ကိုင်ဆောင်ထားခဲ့ပြီး အနိုင်ရမည်မှာ ထင်ရှားသော်လည်း ပို၍ကြီးမားသည့် အောင်မြင်မှုကို လိုချင်သောကြောင့် အနိုင်မရရှိရုံသာမက ရှုံးပင် ရှုံးနိမ့်သွားခဲ့သည်။

“ဒီတစ်ခေါက်မှာလည်း လောဘကြောင့်ပဲ။ ချင်ဘုရင်ရဲ့ရွှေတွေကို လိုချင်ခဲ့လို့၊ ငါတို့မျိုးနွယ်စုတစ်ခုလုံး မျိုးတုံးမယ့် အန္တရာယ်ကို ကြုံတွေ့ခဲ့ရတာပဲ” စုနန်သည် မျက်ရည်များ စီးဆင်းလာခဲ့၏။

စုကျန့်က လှမ်းကာ အော်ဟစ်လိုက်သည်။ “အစ်ကိုကြီး... တော်ပါတော့။ ဒါတွေအားလုံးက ကျုပ်ကြောင့်ပဲ။ ကျုပ်ကြောင့်... အစ်ကိုကြီးက ရွှေတွေကို မယူဘဲ အနောက်ပိုင်းဒေသဘက်ကို သွားချင်ခဲ့တာ”

စုနန်က ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “မဟုတ်ဘူး။ အဆုံးစွန်ထိ ပြောရမယ်ဆိုရင် ဒီရွှေတွေကို ငါကိုယ်တိုင် လိုချင်ခဲ့လို့ပဲ။ ကိုယ့်ကိုယ်ကိုယ် ဉာဏ်ကြီးရှင်ဆိုပြီး အမြဲတမ်း ဂုဏ်ယူခဲ့တယ်။ လောကကြီးမှာ ဘယ်သူရဲကောင်းမှ ငါ့လောက် မတော်ဘူးလို့ထင်ခဲ့တယ်”

စုနန်က သက်ပြင်းချကာ ပြောဆိုလိုက်သည်။ “ဒီလောကကြီးထဲမှာ သူရဲကောင်း ဘယ်နှစ်ယောက်များ ရှိလဲ။ ဝူဘုရင်၊ ရွှဲ့ဘုရင်၊ ကျန့်ထော်၊ ပျံ့ရှောင်း၊ နင်ယီ၊ နင်ချီ၊ ကျန်းချုံး၊ ရန်နန်းဖေး၊ ဟုတ်သားပဲ။ လောကကြီး တစ်ဝက်လောက်ကို ပြောင်းပြန်လှန်ပစ်နိုင်တဲ့ အင်အားကြီး သူရဲကောင်းတစ်ယောက် ရှိသေးတယ်။ ဒါက ကျင်းမင်းသားပဲ”

ရှမ့်လန်က ပြောလိုက်၏။ “စုနန်... ခင်ဗျားမသေခင် လောကကြီးက သူရဲကောင်းတွေကို မှတ်ချက်ပေးသွား ချင်သေးတာလား”

စုနန်က ပြောလိုက်သည်။ “ရှမ့်လန်... ဒီလောကကြီးထဲမှာ ငါဘယ်သူ့ကို အထင်ကြီးဆုံးလဲဆိုတာ မင်းသိလား”

ရှမ့်လန်က ပြန်လည်ကာ ပြောဆိုလိုက်၏။ “အင်း... အသေးစိတ်ကြားချင်ပါတယ်”

စုနန်က ပြောလိုက်သည်။ “ကျင်းမင်းသားပဲ။ မင်းစောင့်ကြည့်လိုက်။ တစ်နေ့နေ့မှာ သူက တောင်ပိုင်းဒေသ တစ်ခုလုံးကို သိမ်းပိုက်ပြီး ယဉ်ကျေးတဲ့ လောကကြီးကို လက်တစ်ဖက်၊ အရိုင်းအစိုင်းတွေကို လက်တစ်ဖက်နဲ့ ထိန်းချုပ်လိမ့်မယ်။ သူက မျိုးဆက်သစ်တို့ရဲ့ ရှင်ဘုရင် ဖြစ်လာလိမ့်မယ်”

ရှမ့်လန်က ပြောလိုက်၏။ “အင်း... ဆရာကြီးစု... ခင်ဗျားက လောကကြီးရဲ့ သူရဲကောင်းတွေကို မှတ်ချက်ပေးပြီးပြီဆိုတော့ ကျုပ်ကိုလည်း မှတ်ချက်ပေးသင့်တာပေါ့”

စုနန်သည် ရှမ့်လန်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ “ရှမ့်လန်... မင်းက ဉာဏ်အရမ်းကောင်းတယ်။ နတ်ဆိုး တစ်ကောင်လိုပဲ။ အခြေအနေ တော်တော်များများမှာ မင်းကို ရန်သူအဖြစ် ရင်ဆိုင်ရတာ ငါ့ကို မျှော်လင့်ချက်တွေတောင် မဲ့စေခဲ့တယ်။ ဒါပေမဲ့ မင်းရဲ့အားနည်းချက်က ဘာလဲသိလား”

ရှမ့်လန်က ပြောလိုက်၏။ “ကျေးဇူးပြုပြီးတော့ ပြောပြပါအုံး”

စုနန်က ပြောလိုက်၏။ “မင်းရဲ့မာန။ မင်းက မာနအရမ်းကြီးလွန်းတယ်။ ရွှေဒင်္ဂါးပေါင်းများစွာကို မင်း ဂရုမစိုက်ဘူး။ ရာထူးကြီးကြီးမားမားနဲ့ လစာကောင်းကောင်းကိုလည်း မင်း ဂရုမစိုက်ဘူး။ လောကကြီးက လူသန်းပေါင်းများစွာကိုလည်း မင်း ဂရုမစိုက်ဘူး။ သူတို့ကို လိမ်ညာလှည့်ဖြားပြီး သတ်ရမယ်ဆိုရင်လည်း မင်းက မျက်တောင်တစ်ချက် မခတ်ဘူး။ မင်းရဲ့မျက်လုံးတွေက ကောင်းကင်ပေါ်မှာ ကြီးပျင်းလာတဲ့ လူတစ်ယောက်ရဲ့ မျက်လုံးလိုပဲ။ မင်းရဲ့ပတ်ဝန်းကျင်က လူအနည်းငယ်ကလွဲရင် ကျန်တဲ့လောကကြီးမှာရှိတဲ့ လူတွေအကုန်လုံးက မင်းရဲ့မျက်စိထဲမှာ ဝက်တွေ၊ ခွေးတွေလိုပဲ အဆင့်အတန်း နိမ့်ကျတယ်။ မင်း ဘယ်လောက်တောင် မောက်မာလိုက်လဲ”

ရှမ့်လန်က သံသယဖြင့် လှမ်းကာ မေးမြန်းလိုက်သည်။ “ဒါတကယ်ပဲလား”

စုနန်က ပြောလိုက်၏။ “မင်းက ကောင်းကင်ဘုံမှာ ကြီးပြင်းလာခဲ့တဲ့ လူတစ်ယောက်လို နေထိုင်နေတယ်။ လူတွေကို ခွေးလိုနွားလို သဘောထားတယ်။ မင်းရဲ့စိတ်ထဲမှာ လက်စားချေခြင်းကလွဲရင် တခြားဘာဆန္ဒမှ မရှိဘူးလေ။ ဒီအတိုင်းဆို မင်းအကြီးအကျယ် ဒုက္ခရောက်လိမ့်မယ်။ ဒီအကျင့်ကြောင့်ပဲ မင်း သေရလိမ့်မယ်”

ရှမ့်လန်က မထီမဲ့မြင် ပြုံးလိုက်သည်။

စုနန်က ပြောလိုက်၏။ “နောက်ဆုံးအနေနဲ့ ငါတစ်ခုမေးချင်တယ်။ ငါ့အဖေ ကျင်းမိသားစုဆီ ရေးခဲ့တဲ့ လျှို့ဝှက်စာကို ကျင်းကျိုး မီးရှို့ပစ်ခဲ့လား”

ရှမ့်လန်က ပြောလိုက်သည်။ “အင်း.. သူ မီးရှို့ပစ်ခဲ့တယ်။ ဒါပေမဲ့ ကျုပ်က မိတ္တူတစောင် ကူးထားတယ်။ ဒါပေမဲ့ အားယားနေလို့ တုပြီး ရေးထားတာပဲ၊ အဲဒါကို ကျုပ်တို့ မသုံးဘူး။ အဲစာက သိပ်ပြီး အသုံးမဝင်လို့ပဲ”

“သူ မီးရှို့ခဲ့တာ သေချာတာပေါ့။ ငါ ကျင်းကျိုးရဲ့ စာရိတ္တကို ယုံကြည်ခဲ့သင့်တာပဲ”

စုနန်က ပြောလိုက်၏။ “အဲဒီတုန်းက ကျင်းမိသားစုက လျှို့ဝှက်စာကို မီးမရှို့ခဲ့ဘူးဆိုတဲ့ လျှို့ဝှက်သတင်းတစ်ခုကို ငါရခဲ့တယ်။ ငါ မယုံခဲ့ဘူး။ ဒါပေမဲ့ သတင်းပေးက လျှို့ဝှက်စာထဲက အကြောင်းအရာတွေကို သေသေချာချာ ပြန်ပြီး ရွတ်ပြနိုင်ခဲ့တဲ့သူ ဖြစ်နေတယ်”

ရှမ့်လန်က ပြောလိုက်သည်။ “အင်း.. ယင်ယွမ်အဖွဲ့အစည်း ဒါမှမဟုတ် ရွှယ်မိသားစုကပဲ ဖြစ်မှာပေါ့။ ဘာလို့လဲဆိုတော့ မြို့စားကြီးကျင်းက ဒီမိသားစုနှစ်ခုကို မဟာမိတ်စစ်စစ်တွေအဖြစ် သဘောထားခဲ့တယ်”

“ဘာမှ အရေးမကြီးတော့ဘူး။ အခု ဘာမှအရေးမကြီးတော့ဘူး”

စုနန်သည် သက်ပြင်းရှည်ကြီးကို ချပြီး သူ၏လှံကို ခပ်ပြင်းပြင်း လှုပ်ခါလိုက်၏။

ထိုအခိုက်မှာတော့ မြို့တော်၌ အလွန်ခန့်ညားထည်ဝါလွန်းသော စုနန်၏ပုံရိပ်က ပြန်လည်ကာ ပေါ်ပေါက်လာခဲ့သလိုပင်။ မျက်နှာပေါ်၌ အရေးအကြောင်းများ ရှိနေသော်လည်း .... ဆံပင်များမှာ ဟိုတစ်ကွက်၊ ဒီတစ်ကွက် ဖြူဖွေးသွားခဲ့သည် ဆိုသော်လည်း စုနန်၏ ဩဇာအာဏာ ကြီးမားလွန်းသည့် ပုံရိပ်က ပြန်လည်ကာ ပေါ်ပေါက်လာခဲ့သည်။

“ဓားဘုရင် လီချင်းချိုး.. မင်းငါ့ကို လုပ်ကြံဖို့ ကြိုးစားခဲ့တာ မအောင်မြင်ခဲ့ဘူး။ ငါ့ရဲ့အရှိန်အဝါကြောင့် မင်း လန့်ဖျပ်သွားခဲ့တာ မဟုတ်လား။ မင်းရဲ့စိတ်ထဲမှာ မတင်မကျ ခံစားနေရမယ်ဆိုတာ သေချာတယ်”

စုနန်က ရုတ်တရက် အော်ဟောက်လိုက်၏။ “ဒီတစ်ခေါက် ငါတို့ပြန်ပြီး တိုက်ခိုက်ကြရင် ဘယ်လိုလဲ။ ဓားဘုရင် လီချင်းချိုး.. ငါတို့သေတဲ့အထိ တိုက်ခိုက်ကြရင် ဘယ်လိုလဲ”

ဓားဘုရင် လီချင်းချိုးသည် စုနန်ကို အချိန်အတော်ကြာ စိုက်ကြည့်လိုက်သည်။ “ခင်ဗျားရဲ့ သိုင်းပညာရော၊ အတွင်းအားတွေရော အကုန်လုံးက ယိုယွင်းပျက်စီးနေပြီ”

“ဟား ဟား ဟား ဟား”

စုနန်က ပြောလိုက်၏။ “ကိုယ်ခံပညာဆိုတာ အရက်သောက်နိုင်စွမ်းလိုပဲ။ ကိုယ့်ရဲ့စိတ်ဓာတ်အင်အား အထွတ်အထိပ်ကို ရောက်နေတဲ့အချိန်မှာ ဘယ်လောက်သောက်သောက် မမူးဘူး။ အေး... လမ်းဘေးခွေးတစ်ကောင်လို ဆုတ်ယုတ်ပြီး စိတ်ဓာတ်တွေကျနေတဲ့အချိန်မှာဆိုရင်တော့ ပက်ပက်စက်စက် မူးသလိုပေါ့။ ကဲ .... ကျုပ်လာပြီ”

စုနန်က ဟိန်းဟောက်လိုက်၏။ သူက မြင်းကို စီးနင်းပြီး ဓားဘုရင် လီချင်းချိုးဆီသို့ တရှိန်ထိုး ပြေးဝင်လာခဲ့၏။ ပြီးနောက် လျင်လျင်မြန်မြန်ဖြင့် အရှိန်ကို ထပ်မံကာ မြှင့်တင်လိုက်သည်။

“ကျား၊ ကျား”

သူ၏ပါးစပ်ဆီမှ မိုးခြိမ်းသံကဲ့သို့ ဟစ်အော်သံများ ဆက်တိုက် ထွက်ပေါ်လာ၏။ သို့ပေမည့် “လီချင်းချိုး၊ မင်းသေချင်နေတာလား” ဆိုသည့် ဝါကျမှာမူ ပျောက်ဆုံးနေ၏။ စုနန်သည် ထိုဝါကျကို အော်ဟစ် ပြောဆိုနိုင်စွမ်း မရှိတော့ချေ။ သူ၏ပါးစပ်ထဲမှ ထွက်ပေါ်လာသည့် ရေရွတ်သံများတွင် ပြတ်သားမှု၊ လေးနက်မှုတို့နှင့်တော့ ပြည့်နှက်နေတုန်းပင်။

“သေစမ်း” စုနန်သည် သူ၏လှံရှည်ဖြင့် ဓားဘုရင် လီချင်းချိုးကို ထိုးနှက်လိုက်၏။

ဓားဘုရင် လီချင်းချိုးသည် သူ၏ဓားကို ညင်သာစွာဖြင့် ဝှေ့ယမ်းလိုက်၏။ ပုံရိပ်နှစ်ခုသည် မျက်စိတစ်မှိတ်အတွင်း တစ်ယောက်နှင့်တစ်ယောက် ဖြတ်ကျော်သွားခဲ့သည်။

ရွှီး ...

မျက်စိတစ်မှိတ်အတွင်းမှာပဲ စုနန်၏ လက်ထဲမှ ဓားရှည်က တစ်စစီ ကျိုးပဲ့သွားခဲ့၏။ သူ၏ရင်ဘတ်တွင် သွေးစို့နေသော ဒဏ်ရာတစ်ခု ပေါ်ပေါက်လာ၏။

“ဟူး”

စုနန်သည် အသက်ကို ခက်ခက်ခဲခဲ ရှူသွင်းနေမိသော်လည်း အသက်ရှူနေရင်းမှာပဲ သွေးတစ်လုတ် အန်ထုတ်လိုက်မိ၏။ သူ၏ကလီစာအားလုံးတို့သည် လီချင်းချိုး၏ ထက်ရှသောဓားချက်ကြောင့် ပြတ်တောက် သွားခဲ့ပြီဖြစ်၏။ သူ ကြာကြာအသက်ရှင်နိုင်တော့မှာ မဟုတ်ပေ။

စုနန်သည် သူ၏မြင်းကို အသာလှည့်ပြီး ဝန်းရံထားမှုအလယ်သို့ ပြန်ရောက်သွားခဲ့၏။ ဤအချိန်မှာတော့ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက ကွေးညွတ်လျက်ရှိနေပြီး မတ်တတ်ပင် မရပ်နိုင်တော့ချေ။ ရင်ဘတ် နှင့် ပါးစပ်ထောင့်ဆီမှ သွေးများ စီးဆင်းကျလာနေသည်။

“ရှမ့်လန်.. မင်း ငါ့မိသားစုဝင်တစ်ယောက်ကိုမှ အလွတ်ပေးမှာ မဟုတ်ဘူး မလား” စုနန်က မေးမြန်းလိုက်၏။

ရှမ့်လန်က ခေါင်းညိတ်လိုက်သည်။

“အင်း.... ငါ့သား စုကျန့်ကျန်းက အသက် ၁၈ နှစ်ပဲ ရှိသေးတယ်။ သူလည်း အသက်ရှင်ခွင့် မရှိဘူးလား”

ရှမ့်လန်က ခေါင်းခါယမ်းလိုက်၏။

“မင်းက ငါ့မိသားစုတစ်ခုလုံးကို သတ်မယ်လို့ ပြောခဲ့တယ်။ ပြောတဲ့အတိုင်း မင်းတကယ်လုပ်ခဲ့တာပဲ။ တော်တော်ရက်စက်တယ်။ ဒါ၊ ဒါ ကောင်းပြီ”

စုနန်သည် သူ၏သားဖြစ်သူ စုကျန့်ကျန်း၏အရှေ့ဆီသို့ လျှောက်သွား၏။ သူ၏သားက ငယ်ရွယ်ထက်မြက်ပြီး တကယ့်ကို ထူးချွန်လွန်းသည့် လူတစ်ယောက်ဖြစ်၏။ စုကျန့်ထင် သေဆုံးသွားသည်ဆိုလျှင်တောင်မှ သူတို့၏မိသားစု လုပ်ငန်းများ၊ သူတို့၏ မိသားစုအမွေကို ထပ်မံကာ ဆက်ခံနိုင်မည့် လူမျိုးပင်။

ဤကလေးသည် သူ၏မျှော်လင့်ချက်၊ မိသားစု၏ မျှော်လင့်ချက်လည်း ဖြစ်၏။

“သား.. မင်းကြီးပြင်းလာတာကို မမြင်နိုင်တော့လို့ အဖေ တောင်းပန်ပါတယ်” စုနန်သည် လက်ကို ဆန့်ထုတ်လိုက်ပြီး သူ၏သား စုကျန့်ကျန်း၏ မျက်နှာကို ပွတ်သပ်လိုက်၏။ ပြီးနောက် ရုတ်တရက် သူ့သား၏ နှလုံးသားကို ဓားဖြင့် ထိုးဖောက်လိုက်၏။ ချက်ချင်းပဲ သူ၏သားက အသက်ပျောက်သွားခဲ့သည်။

ထိုအခိုက်မှာပဲ ရှမ့်လန်၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်လှုပ်သွားခဲ့၏။

စုနန်က တစ်ယောက်တည်း တီးတိုး ရေရွတ်လျက်ရှိသည်။ “ငါ့ရဲ့ကြီးကျယ်တဲ့ ရည်မှန်းချက်တွေ အားလုံး ပြီးဆုံးသွားခဲ့ပြီ။ အကုန်လုံး အချည်းနှီးဖြစ်ကုန်ပြီ။ ငါတို့ စုမိသားစုရဲ့ နှစ်ပေါင်းရာချီတဲ့ အခြေခံ အုတ်မြစ်တွေ အကုန်လုံးကလည်း အဆုံးသတ်သွားပြီ။ နှမြောစရာ ကောင်းလိုက်တာ”

စုနန်သည် သူ၏ညီငယ်အရှေ့ဆီသို့ လျှောက်သွားခဲ့ပြီး တစ်ဖက်လူ၏ ရင်ဘတ်ကို လက်သီးဖြင့် ထုလိုက်၏။ “ညီလေး.. ငါတောင်းပန်တယ်။ မင်းက ရဲရင့်တဲ့ တပ်မှူးတစ်ယောက်ဖြစ်တယ်ဆိုပေမယ့် ဘယ်တော့မှ ထွန်းတောက်ခွင့် မရခဲ့ဘူး။ ဒါတွေအားလုံးက ငါ အသုံးမကျလို့ပဲ။ ငါမင်းကို သေသေချာချာ ဦးမဆောင်နိုင်ခဲ့ဘူး”

စုကျန့်က ငိုယိုလျက်ရှိနေပြီး ခေါင်းကို အပြင်းအထန် ခါယမ်းနေ၏။ သို့ပေမည့် မည်သည့်စကားကိုမှ မဆိုနိုင်ချေ။ ပြီးနောက် စုနန်သည် သူ၏ညီငယ် စုကျန့်၏ ရင်ဘတ်ကို ဓားဖြင့်ထိုးစိုက်လိုက်သည်။

တပ်မှူး စုကျန့်က သေဆုံးသွားခဲ့သည်။ မသေဆုံးမီ သူက အော်ဟစ်ခြင်း မပြုသလို ခုခံခြင်းလည်း တစ်ချက်မှ မလုပ်ခဲ့ချေ။

အပိုင်း (၄၂၈)

“နှစ်တစ်ရာ အခြေခံအုတ်မြစ်တွေ အကုန် ကုန်ပြီ”

စုနန်သည် ချောင်းဆိုးသွေးအန်လျက ရှိနေပြီး မိမိဘာသာ တစ်ယောက်တည်း တီးတိုးရေရွတ်နေ၏။ “ဒါပေမဲ့ ဒါက ဘာမှမဟုတ်ဘူး။ အနိုင်ရရှိသူက ဘုရင်၊ ရှုံးတဲ့လူက အပြစ်သားပဲ။ ဒါ တရားမျှတတယ်”

စုနန်သည် မျက်စိသုံးလုံးမိစ္ဆာ၏ အရှေ့ဆီသို့ လျှောက်သွားသည်။ “မင်းက အရင်တုန်းက စစ်ဘေး ဒုက္ခသည်တစ်ယောက်ပဲ။ ငါ့အိမ်မှာ ကြီးပြင်းလာခဲ့တယ်။ မင်းတစ်သက်လုံး မျက်နှာပြလို့ မရခဲ့ဘူး။ မင်းကို ပင်ပန်းစေခဲ့ပြီ”

မျက်စိသုံးလုံးမိစ္ဆာ၏ ခန္ဓာကိုယ်က တုန်ယင်နေသော်လည်း သူက တစ်ချက်ကလေးမှ တောင်းပန်ခြင်း မပြုခဲ့ချေ။ “သခင်ကြီး”

စုနန်သည် သူ၏ဓားဖြင့် မျက်စိသုံးလုံးမိစ္ဆာ၏ နှလုံးသားထဲသို့ ထိုးစိုက်လိုက်၏။ မျက်စိသုံးလုံးမိစ္ဆာသည် “သခင်ကြီး” ဟုသာ တစ်ခွန်းထပ်မံခေါ်ဆိုပြီး မျက်လုံးများမှိတ်ကာ သေဆုံးသွားခဲ့၏။

ပြီးနောက် စုနန်က သူ၏မိန်းမရှေ့သို့ လျှောက်သွားပြန်၏။ ထိုအမျိုးသမီးကလည်း မျက်ရည်များ စီးကျနေသည်။

“ဘာလို့... ဘာလို့ လုပ်ရတာလဲ ယောက်ျား။ ဘာလို့ဒီလိုလုပ်ရတာလဲ” ထိုအမျိုးသမီးသည် ကျယ်လောင်စွာ ငိုကြွေးလျက်ရှိနေ၏။

“အင်း.. စီးပွားရေးမှာ ရှုံးနိမ့်သွားပြီဆိုရင် ဒေဝါလီခံရတယ်။ ပုန်ကန်မှုမှာ ရှုံးနိမ့်ရင်တော့ အားလုံး အသတ်ခံရမှာပဲ” စုနန်၏ဓားသည် သူ့မိန်းမ၏ ရင်ဘတ်ကို ထိုးဖောက်သွားခဲ့၏။ ကျက်သရေရှိပြီး လှပလွန်းသည့် အမျိုးသမီးသည် ထိုနေရာမှာပင် သနားဖွယ်ရာပင် သေဆုံးသွားခဲ့သည်။

ပြီးနောက် စုနန်၏ဓားက လျှပ်စီးကဲ့သို့ပင် လှုပ်ရှားသွားခဲ့၏။ ကျန်ရှိသော စုမိသားစု၏ တိုက်ရိုက် လက်အောက်ခံ အဖွဲ့ဝင်အားလုံးတို့က သေဆုံးသွားခဲ့ကြ၏။ ထိုအချိန်မှာတော့ စုမိသားစုတစ်ခုလုံးက အမြစ်ပြတ် မျိုးတုံးသွားခဲ့၏။ အမြစ်မှ ကိုယ်တိုင် ဆွဲနုတ်ရှင်းလင်းပစ်ခြင်းပင်။

စုနန်ကိုယ်တိုင်က ထိုကိစ္စကို ပြုလုပ်ခဲ့ပြီး သူကိုယ်တိုင် အားလုံးသောသူတို့ကို သတ်ဖြတ်ပစ်ခဲ့၏။

“နှစ်ပေါင်းရာချီတဲ့ စုမိသားစုက ပျောက်ကွယ်သွားခဲ့ပြီ။ ပြာမှုန်တွေအဖြစ် လောကကြီးထဲမှာ လွှင့်စင်သွားခဲ့ပြီ”

စုနန်က အသာပင် ရယ်မောလိုက်သည်။ “ရှမ့်လန်.. ဒီနေ့ဖြစ်ခဲ့တာတွေကို မှတ်ထား။ မင်းရဲ့ကျင်းမိသားစုကို ဒီလိုအခြေအနေမျိုး မရောက်အောင်လုပ်”

ရှမ့်လန်က ပြောလိုက်၏။ “အင်း.. သခင်ကြီးစုရဲ့ သွန်သင်ဆုံးမမှုအတွက် ကျေးဇူးတင်ပါတယ်”

စုနန်က ပြောလိုက်သည်။ “ရှမ့်လန်.. ငါတို့မိသားစုနှစ်ခုကြားက အမုန်းတရားတွေ ပြေလည်သွားပြီလား”

ရှမ့်လန်က ပြောလိုက်၏။ “နည်းနည်းပဲ လိုတော့တယ်။ ပြီးဆုံးဖို့”

“ငါနားလည်ပြီ။ ငါနားလည်သွားပြီ”

စုနန်က ပြောလိုက်၏။ “ရှမ့်လန်.. မင်းရဲ့စာပေစွမ်းရည်က အရမ်း ထက်မြက်တယ်။ မင်းရဲ့ကဗျာစွမ်းရည် ကလည်း အထွတ်အထိပ်ပဲ။ ငါ့ရဲ့ စုမျိုးနွယ် အခြေအနေကို ကြည့်ပြီး ကဗျာတစ်ပုဒ်လောက် စပ်ဆိုပေးနိုင်မလား။ နှစ်ကြောင်းလောက်ဆို ရပါပြီ”

ရှမ့်လန်က ခဏလောက် စဉ်းစားလိုက်သည်။

“ဒေါသမြစ်ရေက အရှေ့သို့ စီးဆင်း၊ လှိုင်းတံပိုးများက သူရဲကောင်း တို့ကို မျောပါစေ”

စုနန်က ငြိမ်သက်သွားမိ၏။ “မင်းတကယ့်ကို တော်တာပဲ။ တကယ်ကောင်းတယ်။ နှစ်တစ်ရာမှာ တစ်ခါပေါ်တဲ့ ဂန္တဝင်ကဗျာတစ်ပုဒ်လိုပဲစပ်ဆိုသွားခဲ့တာ။ နင်ယွမ်ရှန်းက မင်းကို ဘာလို့ဒီလောက် သဘောကျလဲဆိုတာ ငါ မအံ့ဩတော့ဘူး။ မင်းက တကယ့်ကို ထက်မြက်တယ်။ မင်းရဲ့အရည်အချင်း က တကယ့်ကို အံ့အားသင့်စရာကောင်းတယ်။

နှစ်ထောင်ပေါင်းများစွာအတွင်းမှာ သူရဲကောင်းတွေ ဘယ်လောက်များများ သေဆုံးခဲ့ပြီးပြီလဲ။ ထင်ရှား ကျော်ကြားတဲ့ မိသားစုတွေရော ဘယ်လောက်များများ သေဆုံးခဲ့ပြီးပြီလဲ။ ဘယ်သူသိနိုင်လဲ။ ဒါပေမဲ့ ငါ့ရဲ့ စုမိသားစု ပျက်စီးသွားခဲ့တာ တုန်လှုပ်စရာကောင်းတယ် ဆိုတာတော့ သေချာတယ်။ ဒါပေမဲ့ နှစ်တစ်ရာသမိုင်းအတွင်းမှာ ဒါက ပြောပလောက်တဲ့ အရာတစ်ခု မဟုတ်ပါဘူး။

နှစ်သန်းပေါင်းများစွာ ကြာမြင့်တဲ့ သမိုင်းထဲမှာ ဒီကိစ္စက သမုဒ္ဒရာထဲက ကျဆင်းသွားခဲ့တဲ့ ရေတစ်စက်လိုပဲ ပျောက်ကွယ်သွားလိမ့်မယ်။ သူရဲကောင်းတွေက ကောင်းကင်ပေါ်က ကြယ်တွေလိုပဲလို့ ပြောကြတယ်။ ဒါပေမဲ့ ကောင်းကင်မှာ ကြယ်တွေအများကြီး ရှိတယ်။ ဒီနေ့ တစ်လုံးကြွေသွားတယ်။ မနက်ဖြန် နောက်တစ်လုံး ကြွေလိမ့်မယ်။ ဘယ်သူမှ သတိထားမိမှာ မဟုတ်ဘူး။ စုနန် ဘိုးဘေးတွေကို မျက်နှာပြရဲမှာ မဟုတ်ပါဘူး။ ရှမ့်လန်... ငါတို့မျိုးနွယ်နှစ်ခုကြားက ရန်ငြိုးတွေ ဒီမှာပဲ ပြေငြိမ်းကြစို့”

ပြီးနောက် စုနန်သည် သူ၏လက်ဝါးကို မြှောက်ကာဖြင့် ဦးခေါင်းကို ရိုက်ချလိုက်သည်။

“ဘန်း”

မျက်စိတစ်မှိတ်အတွင်း ခန့်ညားထည်ဝါလွန်းသည့် စုနန်၏ဦးခေါင်းတစ်ခုလုံးက ဖရဲသီးတစ်လုံးကဲ့သို့ပင် ပေါက်ကွဲထွက်သွား၏။ စုနန်က ကြေကွဲဖွယ် သေဆုံးသွားခဲ့၏။

သူပြောခဲ့သည့်အတိုင်းပင်။ သူ၏ဘိုးဘေးများကို မျက်နှာပြရဲတော့မည် မဟုတ်ချေ။ ထို့ကြောင့် သူက မျက်နှာနှင့် ဦးခေါင်းတို့ကို တိုက်ရိုက်ဆိုသလိုပင် ဖောက်ခွဲကာ သတ်သေခဲ့သည်။

ကျန်ရှိသော စုမိသားစု၏ စစ်သည်ရာပေါင်းများစွာတို့က ထိုအဖြစ်အပျက်ကို ငေးကြောင်ကာ ကြည့်ရှုနေကြ၏။ သူတို့က ရှမ့်လန်ကို ကြည့်လိုက်၏။ အဓိပ္ပာယ်မှာ ရှင်းလင်း၏။

‘မင်းငါတို့ကို လိုက်ပို့မှာလား။ ဒါမှမဟုတ် ငါတို့ဘာသာ ငါတို့ သွားရမှာလား”

ရှမ့်လန်က ပြောလိုက်သည်။ “ခင်ဗျားတို့ဘာသာ သွားကြပါ”

ပြီးနောက် ကျန်ရှိသည့် စစ်သည်ရာပေါင်းများစွာတို့သည် ဓားကို လည်ပင်းပေါ်သို့ တင်ကာ ပွတ်ဆွဲလိုက်၏။ အားလုံးက မိမိကိုယ်ကိုယ် အဆုံးစီရင်သတ်သေလိုက်ကြ၏။

……..

တစ်ချိန်တည်းမှာပဲ စုနန်၏ အဝတ်အစားများကို ဝတ်ဆင်ပြီး စုနန်၏လှံကို ကိုင်ဆောင် ထားသော စုရုံသည် လူထောင်ပေါင်းများစွာကို ဦးဆောင်ကာ အနောက်ဘက်ဒေသ၏ တောင်ကြားဆီသို့ ချီတက်လျက် ရှိနေ၏။ သူမြင်တွေ့ခဲ့ပြီးပြီဖြစ်၏။ တောင်ကြားတစ်ခုလုံးသည် ချုံခိုတိုက်ခိုက်မှုများနှင့် ပြည့်နှက်လျက် ရှိနေပြီး အားလုံးသောသူတို့က အမြင့်နေရာများမှ စောင့်ကြည့်နေလျက်ရှိသည်။

စုရုံ၏မျက်လုံးများထဲတွင် မျက်ရည်များ ပြည့်လျှံနေ၏။ “သတ်... စုမိသားစုက ဘယ်တော့မှ မပျက်စီးဘူး။ သခင်ကြီးက ဘယ်တော့မှ မသေဆုံးဘူး”

စုမိသားစု၏ ကြွင်းကျန်နေသည့် စစ်သည်ထောင်ပေါင်းများစွာတို့က တောင်ကြားထဲသို့ လျင်မြန်စွာ တိုးဝင် သွားခဲ့ကြသည်။

ရုတ်တရက် မြားပေါင်းမြောက်များစွာတို့ ပစ်လွှတ်လာ၏။ မရေတွက်နိုင်သော ကျောက်တုံးကြီးများကလည်း တောင်ပေါ်မှ လိမ့်ဆင်းကျဆင်းလာ၏။

နာရီဝက်ဆိုသည့် အချိန်အတိုင်းအတာအတွင်း စုရုံဦးဆောင်သည့် စုမိသားစု၏ စစ်သည်ထောင်ပေါင်း များစွာတို့က သေဆုံးသွားခဲ့ကြ၏။ စုရုံသည် မသေဆုံးမီတွင် သူ၏သခင်ကြီးကို ကယ်တင်နိုင်ခဲ့ပြီဟု ထင်မှတ်ခဲ့သည်။

…………

ရှမ့်လန်သည် မြေပြင်တစ်ခုလုံးတွင် ပြန့်ကျဲလျက်ရှိနေသည့် အလောင်းများကို ကြည့်ရင်း မျက်မှောင်ကြုတ် လိုက်၏။ လီချင်းချိုးသည် ဤမြင်ကွင်းကို ကြည့်ရှုရင်း စိတ်ခံစားချက် အမျိုးမျိုး ဖြစ်ပေါ်လျက် ရှိနေ၏။ သို့ပေမည့် အချိန်အတော်ကြာ စဉ်းစားပြီးနောက် သူက စကားလုံးတစ်ခုကို ဖျစ်ညှစ်ကာ ပြောလိုက်၏။ “ငါ လယ်သမားတစ်ယောက် ဖြစ်ရတာ တော်တော်ကောင်းတယ်လို့ ခံစားမိတယ်။ ဓားကျွန်းကလည်း တော်တော် ကောင်းတယ်”

ဆိုလိုသည်မှာ ဤအကြီးအကဲများက အမှန်ပင် ခန့်ညားထည်ဝါသည့် လူများဖြစ်သော်လည်း တကယ်တမ်း သေဆုံးသည့်အချိန်မှာတော့ ကြေကွဲဖွယ်ရာ ကောင်းလွန်းလှသည်။

ရှမ့်လန်က သက်ပြင်းချလိုက်၏။ “စုနန်က အစွမ်းထက်တဲ့ လူတစ်ယောက်ပဲ။ တကယ်လည်း အစွမ်းထက်တယ်။ သူ့ရဲ့လောဘကြီးတဲ့ အားနည်းချက်ကိုသာ ဖယ်ရှားနိုင်ခဲ့ရင် ကျန်းချုံးနဲ့ ကျုပ်တောင် သူ့ရဲ့ပြိုင်ဘက် ဖြစ်ချင်မှ ဖြစ်လိမ့်မယ်”

လီချင်းချိုးက ပြောလိုက်သည်။ “ရှမ့်... မင်းရဲ့လက်စားချေမှု ပြီးသွားတော့ ဘယ်လိုခံစားရလဲ”

“အင်း... အရမ်းကျေနပ်စရာ ကောင်းတယ်”

ရှမ့်လန်က ပြောလိုက်၏။ “ဒါပေမဲ့ စုနန်က တော်တော်ကို ကြမ်းတမ်းတာပဲ။ မသေခင်မှာ ကျုပ် သူ့ကို မမုန်းအောင်၊ စုမိသားစုကို မမုန်းအောင် လုပ်သွားတယ်။ သောက်ကျိုးနည်း.... ကျုပ်က လက်စားချေချင်ခဲ့တာ။ ဒါပေမဲ့ အဆုံးသတ်မှာတော့ သူကိုယ်တိုင် စုမိသားစု တစ်ခုလုံးကို သတ်ပစ်ခဲ့တယ်။ တကယ်တော်တဲ့ လူပဲ”

ရထားလုံး အနည်းငယ်၏ ရှေ့ဆီသို့ ရောက်ရှိသွားခဲ့ပြီးသည့်နောက် သူက ထိုအရာကို ဖွင့်ကာ ကြည့်ရှုလိုက်၏။ အထဲတွင် ရွှေများ တောက်ပလျက် ရှိနေသည်ကို မြင်ရ၏။ တစ်ခုလျှင် ဆယ်ကီလိုဂရမ်ခန့် အလေးချိန်ရှိသော ရွှေများပင်။ ရွှေသည် လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို လှုပ်ရှားစေနိုင်သည့် အရာမျိုးပင် ဖြစ်၏။ ယခုကဲ့သို့ များပြားသည့် ရွှေများဆိုလျှင် ပြောနေစရာပင် မလိုတော့ချေ။

သို့ပေမည့် ရှမ့်လန်နှင့် လီချင်းချိုးတို့က လုံးဝ စိတ်လှုပ်ရှားခြင်း မရှိကြချေ။ လီချင်းချိုး၏ ပိုင်ဆိုင်မှုသည် ရွှေဒင်္ဂါး သုံးရာပင် မကျော်သော်လည်း သူသည် ငွေကို အညစ်အကြေးကဲ့သို့ပင် သဘောထားသည့် လူ ဖြစ်၏။ သူ့၌ ငွေရှိလျှင် ဘာသုံးရမှန်းပင် မသိရှိချေ။

လက်ရှိငွေပမာဏသည် ဇိမ်ခံအိမ်များ၊ မိန်းမများ၊ ကိုယ်လုပ်တော်များ အများအပြားကို ရယူနိုင်စွမ်း ရှိ၏။ သို့ပေမည့် ရှမ့်လန်၌ ထိုအရာအားလုံး ရှိပြီးသားဖြစ်၏။ ထို့ကြောင့် ရွှေဆိုသည်မှာ သူ့အတွက် အလွန် အရေးကြီးသည့် အရာမျိုး မဟုတ်ပေ။

“နာနာ... ဒီရွှေတွေက မင်းအဖေ လုယက်ခဲ့တဲ့ အရာတွေပဲလေ။ ဒါတွေကို မင်းတို့မိသားစု ပိုင်တယ်။ ပြီးရင် ပိုင်ရှင်အမှန်ဆီ ပြန်ပေးလိုက်ပါ”

အာယုနာနာသည် သူ့ကို တစ်ချက်လှမ်းကြည့်၏။ သူမသည် ရွှေကို စိတ်မဝင်စားချေ။ ရွှေဆိုသည်မှာ စားလို့လည်း မရ၊ သောက်လို့လည်း မရချေ။

“အင်း.. လိုချင်ရင် ဒါတွေအကုန် ယူသွားလိုက်လေ” ဤဘုရင်မသည် တကယ်ပင် ရက်ရောလွန်းလှချေ၏။

ရှမ့်လန်က ခေါင်းကို ခါယမ်းလိုက်၏။ သူငွေလိုသည်နှင့် လက်ကို အသာဆန့်တန်းလိုက်ရုံသာ ရှိ၏။ သူသည် သူ၏ဇနီးနှင့် ကောင်းကင်တာအိုအဖွဲ့အစည်းဆီမှ ငွေကို တောင်းဆိုနိုင်စွမ်း ရှိ၏။ ရွှေကို သူကိုယ်တိုင် ယူဆောင်သွားမည်ဆိုပါက မပျောက်အောင် ထိန်းသိမ်းထားရင်း အလုပ်ရှုပ်ပေမည်။

“ငါမလိုချင်ဘူး”

ရှမ့်လန်က ပြောလိုက်သည်။ “ဒီလိုလုပ်ကြရအောင်။ ရွှေတွေကို ချင်ဘုရင်ရဲ့ နန်းတော်ဆီ ပြန်ယူသွားပြီး မြေအောက်ခန်းတစ်ခုကို ရှာ၊ ရွှေတွေအားလုံးကို အရည်ကျိုပြီးတော့ မြေကြီးပေါ် လောင်းချလိုက်။ အဲဒါဆိုရင် ဘယ်သူမှ ခိုးလို့မရတော့ဘူး”

“ကောင်းပြီ”

အာယုနာနာက ပြောလိုက်၏။ “လိုချင်တဲ့အခါ ကျွန်မကို ပြောပေါ့”

ရှမ့်လန်က ပြောလိုက်သည်။ “အင်း.. ကျေးဇူးတင်ပါတယ် ဘုရင်မ”

ဤရွှေပမာဏက အနာဂတ်တွင် တကယ်ပဲ အသုံးဝင်လာနိုင်၏။

“အရူးကြီး.. မင်းကို အချိန်တစ်ညပေးမယ်။ ငါတို့ မနက်ဖြန်စောစော ထွက်ကြမယ်”

ထိုညမှာတော့ ရှမ့်လန်သည် မည်သို့မှ မနေနိုင်တော့ဘဲ တစ်ကီလိုမီတာခန့် ဝေးသောနေရာသို့ ထွက်ပြေးကာ အိပ်စက်ရ၏။ အရူးကြီးနှင့် အာယုနာနာတို့သည် တကယ်ပင် ဆူညံလွန်းလှချေ၏။ မဟုတ်သေးပေ။ ပို၍တိတိကျကျ ပြောရမည်ဆိုလျှင် အာယုနာနာက အသံကျယ်ခြင်းပင်။

ယနေ့အချိန်ထိ အရူးကြီးသည် ဘယ်တုန်းကမှ အစပြုသူတစ်ယောက် မဖြစ်ခဲ့ချေ။ တကယ့်ကို ရှက်တတ်လွန်းလှပြီး ဤကဲ့သို့သော အမှုကိစ္စများကို လုပ်ဆောင်ရခြင်းက ရှက်စရာကောင်းသည်ဟုလည်း ခံစားတတ်သူပင်။ ထို့ကြောင့် သူက အမြဲတမ်း ငြိမ်သက်စွာ လဲလျောင်းနေခဲ့၏။ ထိုကိစ္စများ ပြီးဆုံးလျှင် သူက နာရီ ၂၀ ခန့်အထိ မည်သူနှင့်မျှ မတွေ့ရဲတော့ပေ။

လောကကြီးထဲတွင် ဤသို့ရှက်စရာကောင်းသည့် အရာတစ်ခုရှိနေပြီး ထိုအရာကလည်း တကယ် စိတ်ဝင်စားစရာကောင်းသည့် အရာတစ်ခုဖြစ်ကြောင်း သူသိရှိခဲ့ပြီး ဖြစ်၏။ ထိုအရာက တခြားသော အရာများထက် ပိုမိုကာ ပျော်ရွှင်စရာကောင်း၏။ အရူးကြီးသည် ကမ္ဘာကြီးတစ်ခု၏ တံခါးကို ဖွင့်လှစ်လိုက် သကဲ့သို့ ခံစားမိသော်လည်း ထိုအထဲတွင် နစ်မွန်းမသွားခဲ့ပေ။ ထို့ကြောင့် သူက အစပြုသူအဖြစ် မဖြစ်ရဲခြင်းပင်။

………….

နောက်တစ်နေ့ မနက်ခင်း

ရှမ့်လန်သည် အရူးကြီးနှင့် တခြားသောသူများကို ဦးဆောင်ပြီး ချင်ဘုရင်မ အာယုနာနာကို နှုတ်ဆက်လိုက်၏။ ချင်ဘုရင်မသည် မြင်းစီးစစ်သည်များကို ဦးဆောင်ကာဖြင့် နန်းတော်ဆီသို့ ပြန်ရပေလိမ့်မည်။ ရှမ့်လန်သည် အရူးကြီး၊ ဝူလဲ့နှင့် တခြားသောသူများကို ဦးဆောင်ကာ ရွှဲ့ပြည်နယ်ဆီသို့ ပြန်သွားရ၏။

အာယုနာနာသည် ရှမ့်လန်အား ရွှဲ့ပြည်နယ်ဆီသို့ ပြန်ပို့ရန် မြင်းစီးစစ်သည် နှစ်ထောင်ကျော်ကို အစောင့်အဖြစ် လိုက်ပါစေခဲ့၏။ ရက်အနည်းငယ်ကြာပြီးနောက် သူတို့ ချင်နိုင်ငံဆီမှ ထွက်ခွာသွားခဲ့၏။ သူတို့က နှင်းများဖုံးလွှမ်းလျက် ရှိနေသည့် တောင်တန်းများရှိသော ရွှဲ့ပြည်နယ် - ချင်ပြည်နယ်တို့၏ နယ်စပ်သို့ ပြန်လည်ကာ ရောက်ရှိလာသည်။

ထိုအချိန်မှာတော့ ရှမ့်လန်က ရင်းနှီးနေသည့် မျက်နှာတစ်ခုကို တွေ့လိုက်ရ၏။ မဟာပညာရှင် ပန်ရော့သည် တော်ဝင်ကပ်ဘေးဘုရားကျောင်း၏ ကျောက်ပန်းပုများကို သယ်ဆောင်ကာ နွားဖြူကြီးတစ်ကောင်ကို စီးနင်းပြီး ခရီးနှင်လာ၏။

ရှမ့်လန်က သူမ၏ ပေါင်တံများကို မကြည့်ဘဲ မနေနိုင်ခဲ့ချေ။ သူမ၏ ကောက်ကြောင်းများကလည်း တကယ့်ကို လှပ၏။ တြိဂံပုံစံက ပို၍ပင် ထင်ရှားနေသည်။

“ဟွန့်... နှာဘူး” ပန်ရော့က ကျိန်ဆဲလိုက်၏။ ပြီးနောက် အနားတွင် မည်သူမှ မရှိသကဲ့သို့ပင် ထွက်ခွာသွားခဲ့၏။ သူမက ချောင်ပြည်နယ် လားရာဘက်သို့ လျှောက်လှမ်းသွားခဲ့၏။ ဘဝဆိုသည်မှာ အမှန် မခန့်မှန်းနိုင်စရာပင် ဖြစ်၏။ မူလက လျှို့ဝှက်ကျမ်းကို ကျန်းယွမ်နယ်စားကြီး စံအိမ်ဆီသို့ ပြန်ပေးလိုသော်လည်း စံအိမ်ကို ကျန့်ထော်က သိမ်းပိုက်လိုက်ပြီဟု ကြားသိခဲ့ရသည်။ ထို့ကြောင့် သူမ ဘာမှ လုပ်စရာ မရှိတော့ချေ။

“အင်း... ငါပြန်မပေးချင်တာ မဟုတ်ဘူး။ ပိုင်ရှင်ကို ပြန်ရှာမတွေ့ခဲ့တော့တာပဲ”

ပန်ရော့က အတော်အတန် ဝေးကွာသွားသည့်အထိ ရှမ့်လန်သူမ၏ နောက်ကျောကို ကြည့်ရှုနေဆဲဖြစ်ကြောင်း ခံစားမိ၏။

အင်း... ကောင်းလိုက်တဲ့ဖင်။

လီချင်းချိုးက မေးလိုက်၏။ “ရုပ်ရည်အရ ပြောရင် မင်းသမီး နင်ကျဲ့က ညီမလေး ပန်ရော့ထက် မနိမ့်ပါဘူး။ ဘာလို့ မင်း နင်ကျဲ့ကိုမကြည့်ဘဲ ပန်ရော့ကို ဘာလို့ လိုက်စနောက်နေရတာလဲ”

ရှမ့်လန်က ပြန်ပြောလိုက်သည်။ “နင်ကျဲ့က အမှောင်လောကကြီးကို သေသေချာချာ မြင်တွေ့ဖူးတဲ့ လူတစ်ယောက်ပဲ။ သူ့ရဲ့နှလုံးသားနဲ့ စိတ်ဝိညာဉ်က အဲဒီအမှောင်ဓာတ်တွေနဲ့ စွန်းထင်းသွားခဲ့ပြီ။ မဟာပညာရှင် ပန်ရော့ကတော့ အပြင်ဘက်မှာ အေးစက်ပြီး မာနကြီးတဲ့ပုံပေါ်တယ်ဆိုပေမဲ့ တကယ်တမ်း မှာတော့ ဖြူစင်ပြီး အပြစ်ကင်းစင်တယ်။ တကယ်ဆိုရင် အနည်းငယ် ညုတုတုတောင် နိုင်သေးတယ်။ သူ့ကို စနောက်ရတာ ပျော်ဖို့ကောင်းတယ်”

လီချင်းချိုးသည် လူရှုပ်တစ်ယောက်၏ စိတ်ပိုင်းဆိုင်ရာကို လုံးဝ နားမလည်နိုင်ခဲ့ချေ။

ရှမ့်လန်က ပြန်လည်ကာ ဖြေဆိုလိုက်၏။ “ပြီးတော့ သူ့ကို တစ်ခုခုလုပ်ဖို့ ကျုပ်မှာ ဘာရည်ရွယ်ချက်မှ မရှိပါဘူး။ ကျုပ်က သူ့ကို လေးစားတဲ့အကြည့်နဲ့ ကြည့်နေတာပါပဲ”

လီချင်းချိုးက ပြန်ပြောလိုက်သည်။ “ဒါဆိုရင် အနာဂတ်မှာ မင်း ငါ့မိန်းမကို ဆေးကုပေးရင် အဲလို လေးစားတဲ့အကြည့်နဲ့ မကြည့်ဖို့ ငါ တောင်းဆိုချင်တယ်။”

ရှမ့်လန်က အံ့အားသင့်သွား၏။ ပြီးနောက် သူက အနေရခက်သလိုလည်း ဖြစ်သွား၏။ “ဘယ်လိုဖြစ်နိုင်မှာလဲ။ ကျုပ်က အဲလိုလူစားမျိုးလား။ ကျုပ်က အိမ်ထောင်ရှိတဲ့ အမျိုးသမီးတွေကို ဘယ်တော့မှ ပရောပရည် မလုပ်ဘူး။ အင်း... ကျုပ်က သာမန်အိမ်ထောင်ရှိတဲ့ မိန်းမတွေကို ဘယ်တော့မှ ပရောပရည် မလုပ်ဘူးလို့ ပြောတာ”

ပြီးနောက် ရှမ့်လန်သည် အဖွဲ့ကို ဦးဆောင်ပြီး ရွှဲ့ပြည်နယ်ဆီသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။

မဟာပညာရှင် ပန်ရော့က နွားဖြူကြီးကို စီးနင်းကာဖြင့် စိတ်အေးလက်အေး ခရီးနှင်လျက်ရှိ၏။ “ငါ နတ်ဆိုးချောက်ကမ်းပါး တာအိုနန်းတော်ကို ပြန်ရောက်ရင် တပည့်တွေကို သင်ပြပေးရတော့မယ်။ တခြား ဘာမှလုပ်စရာမရှိဘူး။ ပျင်းဖို့ကောင်းလိုက်တာ။ ဘာအကြောင်းပြချက်နဲ့ နောက်တစ်ခါ ထပ်ထွက်ရမလဲ။

သစ္စာဖောက်လင်းချန်ရဲ့ နှင်းတောင်နန်းတော်ကို ရှင်းပသ်ဖို့ ပြန်လာသင့်လား။ မဟုတ်ဘူး၊ မဟုတ်ဘူး။ သူ့ရဲ့နှင်းတောင်နန်းတော်မှာ လူ ၁၉ ယောက်ပဲ ကျန်တော့တာ။ ငါထပ်ပြီးတော့ ဒုက္ခပေးရင် ဘယ်သူမှ ကျန်တော့မှာ မဟုတ်ဘူး။ လင်းချန်က ရုပ်ဆိုးပြီး စိတ်ဓာတ်မကောင်းဘူးဆိုပေမဲ့ ဘာပဲပြောပြော သူက ငါ့ရဲ့အစ်မကြီးပဲ။ ငါသူ့ကို အနိုင်ကျင့်လို့ မဖြစ်ဘူး။

ဒါဆိုရင် နတ်ဆိုးချောက်ကမ်းပါး တာအိုနန်းတော်ကို မပြန်ဖို့ တခြားဘယ်လိုအကြောင်းပြချက်တွေ ရှိသေးလဲ။ စဉ်းစားရမယ်၊ စဉ်းစားရမယ်။ ဒါပေမဲ့ ဘယ်လောက်စဉ်းစားစဉ်းစား အကြောင်းပြချက် မရှိပါလား။ နတ်ဆိုးချောက်ကမ်းပါး တာအိုနန်းတော်မှာ ရန်သူ နည်းနည်းလေးပဲ ရှိတယ်။ လင်းချင်းချိုးနဲ့ လင်းချန် နှစ်ယောက်တည်းရယ်။ လက်စားချေရမယ့်သူတွေသာ များရင် ငါ အပြင်ဘက်ကို လွတ်လွတ်လပ်လပ် လျှောက်သွားနိုင်မှာပဲ။

ဟို လူရှုပ်လူပွေ ရှမ့်လန်ဆိုရင် ရန်သူတွေ အများကြီးရှိတယ်။ သူဆိုရင် လက်စားချေမယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ နေ့တိုင်း အပြင်ထွက်လို့ရတယ်။ ငါမပြန်သေးဘဲ အကြောင်းပြချက်တစ်ခုခုရှာပြီး အပြင်မှာ ရက်အနည်းငယ်လောက် နေရင် ကောင်းမလား။

တောင်ပိုင်းနိုင်ငံက သဲကန္တာရ အရိုင်းအစိုင်းမျိုးနွယ်တွေနဲ့ တိုက်ပွဲပြင်းထန်နေတယ်။ အဲဒီတော့ အိမ်ခြေရာမဲ့တွေ အများကြီးရှိလိမ့်မယ်။ အင်း... မဟာပညာရှင် တစ်ယောက်အနေနဲ့ အပြစ်မဲ့ပြည်သူတွေကို ကာကွယ်ဖို့ ငါ့မှာ တာဝန်နဲ့ ဝတ္တရားရှိတယ်။

မဟုတ်သေးဘူး။ ငါက နတ်မိမယ် ရွှယ်ရင်မှ မဟုတ်တာ။ ငါက တခြားသူတွေကို ကူညီတတ်တဲ့သူ မဟုတ်ဘူး။ ပြီးတော့ ဘယ်သူ့အပေါ်မှ အပြစ်မလုပ်ဖူးဘူး။ ဒီတော့ ဘာမှလည်း ရင်ဆိုင်ဖြေရှင်းစရာ မရှိဘူး။ အင်း .. ပျင်းစရာ ကောင်းလိုက်တာ”

ပြီးနောက် မဟာပညာရှင် ပန်ရော့သည် နတ်ဆိုးချောက်ကမ်းပါး တာအိုနန်းတော်ဆီသို့သာ ပြန်သွားနိုင်ခဲ့၏။ “အင်း... တပည့်တွေထဲက ဘယ်သူ ထူးချွန်လာမှာလဲ။ မြန်မြန်ဆန်ဆန်နဲ့ အားကောင်းလာကြစမ်းပါ။ ငါဂိုဏ်းချုပ် လုပ်ရတာ ပျင်းနေပြီ”

…….

တစ်ချိန်တည်းမှာပဲ ဆံပင်ဖြူဖြူ၊ ခါးကိုင်းလျက် ရှိနေသည့် သားမွေးဝတ်စုံကို ဝတ်ဆင်ထားသည့် သိုးကျောင်းသား အဘိုးအိုတစ်ယောက်က သိုးအုပ်တစ်အုပ်ကို ဦးဆောင်ပြီး တောင်ဘက်ဆီသို့ ချီတက်နေ၏။ သူက သဲကန္တာရ လူရိုင်းမျိုးနွယ်တို့ရှိရာဘက်သို့ ဦးတည်လျက်ရှိနေသည်။

“ဟူး.. မြေမှုန်များ၊ ဖုန်မှုန်များ၊ ဂုဏ်ကျက်သရေနဲ့ ကြွယ်ဝမှုက တိမ်တိုက်တွေလို ဖြတ်သန်းသွားတာလား”

သူသည် ချင်နိုင်ငံ၏ သံစဉ်ကို ရွတ်ဆိုလျက်ရှိနေ၏။ “ညီမလေး... ငါ့နွားပေါ်မထိုင်နဲ့။ မင်းက ဖင်အရမ်းကြီးတော့ နွား လမ်းလျှောက်နိုင်မှာ မဟုတ်ဘူး။”

………………

All Chapters