← Chapters

အခန်း (၄၃၁-၄၃၂)

Vol. 31 Ch. 431-432

အခန်း (၄၃၁-၄၃၂)

Vol. 31 Ch. 431-432

အပိုင်း (၄၃၁)

ဝူကျိ၏ စကားလုံးက နှလုံးသားထဲမှ ထွက်ပေါ်လာသည့် အရာများဖြစ်ပြီး ဝူဘုရင်၏နှလုံးသားကို တည့်တည့်ထိမှန်၏။ ဝူဘုရင်၏ အေးစက်နေသည့် ခန္ဓာကိုယ်က ပြန်လည်ကာ နွေးထွေးလာ၏။ စောဏတုန်းက ဖြစ်တည်ခဲ့သည့် စိတ်ဆန္ဒသည် သူ့ကို တကယ်ပင် ကြောက်လန့်သွားစေခဲ့၏။

“ဟုတ်တယ်။ ကျုပ် အရှုံးပေးလို့ မဖြစ်ဘူး။ ကျုပ်က ဝူဘုရင်ပဲ။ ဘယ်လိုအကျိုးဆက်ပဲဖြစ်ဖြစ်၊ ဘယ်လို တာဝန်မျိုးကိုပဲဖြစ်ဖြစ် ကျုပ် တာဝန်ခံရမယ်။ နင်ယွမ်ရှန်းနဲ့ ဆက်ပြီး ညှိနှိုင်းရမယ်။ တိုက်ပွဲက မပြီးသေးဘူး။ အခုမှ အစပဲရှိသေးတာပဲ”

……….

ကျန်းယွမ်နယ်စားအိမ်တော်၏ အတွင်းဘက်မှာတော့ ကျန့်ထော်သည် စုနန်၏ လှပသည့် မိန်းမများနှင့် ကိုယ်လုပ်တော်များကို သိမ်းပိုက် အိပ်စက်ပြီး ဖြစ်၏။ ပြီးနောက်မှာတော့ သူက စုကျန့်ထင်၏ မိန်းမ၊ ကိုယ်လုပ်တော်များနှင့်လည်း အိပ်စက်ခဲ့သေး၏။ တကယ့်ကို ကောင်းကင်ဘုံသို့ ရောက်ရှိနေသကဲ့သို့ပင်။

ရက်အနည်းငယ်ကြာမြင့်ပြီးနောက် အလုပ်ကိစ္စ ပြုလုပ်ရန် အချိန်ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ မှတ်တမ်းမှတ်ရာ များကို ရေးသားပြီး ဘုရင်မင်းမြတ်ဆီသို့ ပေးပို့ရန် အချိန်ကျရောက်လာခဲ့၏။

သူ့အနေနှင့် ကျန်းယွမ်နယ်စားအိမ်တော်ကို သိမ်းပိုက်ရရှိခဲ့ပြီးနောက် ဘုရင်မင်းမြတ်၏ဆီသို့ အောင်ပွဲသတင်း ကို အဘယ့်ကြောင့် မပေးပို့ရမည်နည်း။ သို့ပေမည့် သူ ပြုလုပ်၍ မရသေးချေ။ ကျန်းယွမ်နယ်စားအိမ်တော်ကို သိမ်းပိုက်ခဲ့သည့် အချိန်ကာလက တိုတောင်းလွန်းနေသောကြောင့်ပင်။

မဟုတ်ပါက ကျန်းယွမ်နယ်စားအိမ်တော်ကို သိမ်းပိုက်ခြင်းက သူ့အတွက် အရမ်း လွယ်ကူခဲ့သည်ဟု လူပေါင်းများစွာတို့က သံသယဝင်ပေလိမ့်မည်။ ထို့ကြောင့် ရက်အနည်းငယ်ကြာ အိမ်တော်ကို တိုက်ခိုက်ခဲ့ရသလို ဟန်ဆောင်ရပေလိမ့်မည်။

ထိုတင်သာ မကသေးချေ။ ကျန်းယွမ်နယ်စားကြီး အိမ်တော်တစ်ခုလုံးရှိ နံရံများကို သွေးများနှင့် လိုက်လံကာ ပက်ဖြန်း၏။ အလောင်းပေါင်းများစွာတို့ကလည်း ပုံလျက်ထားရှိ၏။ အတိုချုပ်ပြောရမည်ဆိုလျှင် ဆိုးဝါးသည့် တိုက်ပွဲကြီးတစ်ခုကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရသကဲ့သို့ပင်။

ကျန့်ထော်က စစ်သူကြီးတစ်ယောက်ဖြစ်၏။ ထို့ကြောင့် သူ၏မှတ်တမ်းမှတ်ရာများကို သေသေချာချာ အသေးစိတ် ရေးသားနေစရာ မလိုအပ်ချေ။

“ပိုင်ရီမြို့တိုက်ပွဲပြီးတဲ့နောက်မှာ ကျုပ်က စစ်သည်တွေကို ဦးဆောင်ပြီး ကျန်းယွမ်နယ်စား အိမ်တော်ကို နေ့နေ့ညည တိုက်ခိုက်ခဲ့တယ်။ ငါးရက်နဲ့ ငါးညတိတိ ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ခဲ့ပြီး လူပေါင်းတစ်ထောင်ကျော်လောက် သေဆုံးခဲ့ပြီးနောက်မှာ စုနန်ရဲ့ ပုန်ကန်တဲ့ စစ်သည်ပေါင်း ရှစ်ထောင်ကျော်ကို သတ်ဖြတ်နိုင်ခဲ့ပြီး စုကလန်ရဲ့ ရဲတိုက်ကြီးကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဝံပုလွေအိုကြီး စုနန်က ကောက်ကျစ်လွန်းတယ်။ ယုံကြည်ရတဲ့ နောက်လိုက်တွေကိုခေါ်ပြီး ထွက်ပြေး သွားခဲ့ပါတယ်။ ဒါကြောင့် စုနန်ကို မသတ်ဖြတ်ပစ်နိုင်ခဲ့ပါဘူး။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ အရှင်မင်းကြီး”

ထိုစာကို တိုတိုတုတ်တုတ် ရေးသားခဲ့ပြီးနောက် မြင်းသည်တော်နှစ်ဖွဲ့ကို စီစဉ်ကာ ဘုရင်မင်းမြတ်နှင့် အိမ်ရှေ့စံမင်းသား ဆီသို့ ပေးပို့လိုက်၏။

မြို့စားကြီး ကျန့်ထော်က ပြောလိုက်သည်။။ “အင်း… ဘုရင်မင်းမြတ်နဲ့ အိမ်ရှေ့စံဆီကို ပေးပို့ရုံတင် မကသေးဘူး။ ကျုပ်တို့က နေရာအနှံ့ ဒီသတင်းကို ဖြန့်ဝေရမယ်။ ကျုပ်တို့ရဲ့ အောင်မြင်မှုသတင်းက တည်နေရာအနှံ့အပြားကို ပျံ့နှံ့ပြီး ကျန့်ထော်နဲ့ လျန်ယုံနင်တို့က စုနန်ရဲ့ ပုန်ကန်တဲ့တပ်ကြီးတစ်ခုလုံးကို ဖျက်ဆီးနိုင်ခဲ့တယ်ဆိုတဲ့အကြောင်း အားလုံးသိရမယ်။ ဒါမှအားလုံးက ကျုပ်တို့ကို အထင်ကြီး လေးစား တော့မှာပေါ့”

လျန်ယုံနင်သည် မည်သို့မှ မနေနိုင်ဘဲ ကြောင်အသွားခဲ့မိ၏။ ပြီးနောက် ခေါင်းကို တဆတ်ဆတ် ညိတ်လိုက်၏။

ကျန့်ထော်က ပြောလိုက်သည်။ “အရှင်လျန်... ကြီးမားတဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးပဲ။ ဒီနေ့ကစပြီး ခင်ဗျားက ရွှဲ့ပြည်နယ်ရဲ့ ထောက်တိုင်တစ်ခု ဖြစ်လာခဲ့ပြီ”

လျန်ယုံနင်က ပြောလိုက်၏။ “မဝင့်ရဲပါဘူး၊ မဝင့်ရဲပါဘူး။ အဓိကအားဖြင့် စုနန်ရဲ့ ပုန်ကန်တဲ့ စစ်တပ်ကြီး တစ်ခုလုံးကို သုတ်သင်ရှင်းလင်းပစ်ခဲ့တာက ဆရာကြီး ကျန့်ထော်ပါပဲ။ ခင်ဗျားမှ တကယ့်ကို ရွှဲ့ပြည်နယ်ရဲ့ ထောက်တိုင်ကြီးပါပဲ”

ပြီးနောက် လျန်ယုံနင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ “ဒါပေမဲ့ အရှင်မင်းကြီးက ရှမ့်လန်နဲ့ ကျန်းချုံးတို့ စုနန်ရဲ့ အဓိကစစ်တပ်ကြီးကို သုတ်သင်ရှင်းလင်းပစ်တယ်ဆိုတာကို သိနေတယ်မလား။”

ကျန့်ထော်က နှာခေါင်းရှုံ့လိုက်၏။ “ရှမ့်လန်က စုနန်ရဲ့ အဓိကအင်အားစုကြီးကို သုတ်သင်ရှင်းလင်းပစ်ဖို့ အတွက် ဘယ်စစ်တပ်ကို အသုံးပြုခဲ့တာလဲ။ ချင်နိုင်ငံရဲ့ စစ်တပ်ပဲ။ ချင်နိုင်ငံစစ်တပ်က လူရိုင်းတွေကို ကျုပ်တို့နိုင်ငံထဲ ခေါ်ဆောင်လာခဲ့တယ်။ ဒါက စုနန်နဲ့ ဘာများ ခြားနားနေလို့လဲ”

မျက်နှာပြင်ထက်မှာ သစ္စာရှိပုံ ပေါ်နေတယ်ဆိုပေမဲ့ သူက ပုန်ကန်ဖို့ စီစဉ်နေတာနဲ့ အတူတူပဲ။ လူရိုင်းတွေ ကျုပ်တို့နယ်မြေထဲကို ဝင်လာခဲ့ပြီဆိုရင် လွန်ခဲ့တဲ့ နှစ်တစ်ရာတုန်းကလိုပဲ အကုန်လုံး အစိတ်စိတ် အပိုင်းပိုင်းဖြစ်အောင် ဖျက်ဆီးတော့မှာပေါ့”

လျန်ယုံနင်က ပြောလိုက်သည်။ “ဟုတ်တယ်။ ဟုတ်တယ်။ ပြီးတော့ သူက ချင်ဘုရင်ရဲ့ မြင်းတပ်ကြီးကို နောက်ခံရှိနေတယ်ဆိုတဲ့ အားသာချက်နဲ့ ကျန်းယွမ်နယ်စားကြီးအိမ်တော်ကို တိုက်ခိုက်ဖို့စေခိုင်းတဲ့ ကျုပ်တို့ရဲ့ အမိန့်ကိုတောင်မှ ဖယ်ရှားခဲ့သေးတယ်။ ဒါတင်သာ မကသေးဘူး။ ကျုပ်တို့ကို နည်းလမ်း အမျိုးမျိုးနဲ့ တားဆီးခဲ့သေးတယ်။ ဒါကြောင့်လည်း စုနန် ထွက်ပြေးသွားခဲ့တာမဟုတ်လား”

ကျန့်ထော်က ပြောလိုက်၏။ “ဒါတင်သာ မကသေးဘူး။ ချင်နိုင်ငံရဲ့ မြင်းသည်တော်တွေကို ပိုင်ရီမြို့ထဲမှာ ရှိတဲ့ အရာအားလုံးကို ယူဆောင်ဖို့ ခွင့်ပြုပေးခဲ့သေးတယ်။ တိုက်ပွဲမှာ ကောင်းကျိုးပြုခဲ့တယ်ဆိုရင်တောင်မှ သူ့ရဲ့ ပြုမူဆောင်ရွက်ပုံတွေက ခွင့်လွှတ်လို့ရတဲ့အရာမျိုး မဟုတ်ဘူး”

လျန်ယုံနင်က ကြောင်အသွားခဲ့၏။ သူ နည်းနည်း လိုက်မမှီတော့ချေ။

ကျန့်ထော်က ပြောလိုက်သည်။ “သူ လုပ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျုပ်တို့က သူ့အစား လုပ်ရတော့မယ်”

လျန်ယုံနင်သည် ထိုအရာကိုကြားသည့်အချိန်မှာတော့ နားလည်သွားခဲ့၏။ ပြီးနောက် သူတို့က ချင်ဘုရင်၏ မြင်းသည်တော်များကဲ့သို့ ဟန်ဆောင်ကာ တည်နေရာအနှံ့တွင် ရှိနေသည့် လူများကို လိုက်လံကာ လုယက်၏။ အပြစ်မဲ့သည့် လူများကို သတ်ဖြတ်၏။ ထို့နောက် အပြစ်အားလုံးကို ရှမ့်လန်၏ခေါင်းပေါ်သို့ ပုံချရန် ပြင်ဆင်ခဲ့၏။ အရေးအကြောင်း အခြေအနေမျိုးတွင် သူတို့က ရက်စက်ကြမ်းတမ်းပြီး စိတ်ဆုံးဖြတ်မှု ကလည်း ထက်မြက်ကြ၏။

နှစ်ရက်ခန့်ကြာပြီးနောက် ချင်နိုင်ငံ၏ မြင်းသည်တော်အဖွဲ့သည် ပိုင်ရီမြို့ထဲတွင် ပေါ်ပေါက်လာခဲ့၏။ ထိုသူတို့အားလုံးက နေရာအနှံ့အပြားတွင် သတ်ဖြတ်ကြ၏။ သူတို့က မြို့တစ်မြို့ပြီး တစ်မြို့ကို လိုက်လံကာ သတ်ဖြတ်၏။ ကျန်းယွမ်မြို့နှင့် ပိုင်ရီမြို့မှလွဲလျှင် တခြားသော မြို့အသီးသီးတို့သည် ထိုကဲ့သို့ လုယက် သတ်ဖြတ်ခြင်းကို ခံရ၏။ ပိုင်ရီစီရင်စု တစ်ခုလုံးသည် ကျိန်းသေပေါက် နှစ်ခါနာခဲ့ရသည်။

သို့ပေမည့် ပထမအကြိမ် ရှမ့်လန်နှင့် သူ၏လူများက အနောက်တိုင်းကုန်သည်များကိုသာ ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဤတစ်ကြိမ်မှာတော့ မြို့သူမြို့သားများအားလုံး ခံစားခဲ့ရ၏။ မြေပေါ်တွင် ခေါင်းများက လိမ့်လျက်ရှိနေပြီး ရထားလုံးပေါင်းများစွာတို့နှင့် ခေါင်းများကို သယ်ဆောင်ကာ လွှင့်ပစ်ခြင်းခံရ၏။ အိမ်ပေါင်းများစွာတို့က မီးရှို့ခြင်းကို ခံရပြီး ရွှေငွေများက လုယက်ခံရ၏။

ချင်နိုင်ငံမှ မြင်းသည်တော်များသည် မြို့ထဲသို့ဝင်လာသည့်အချိန်တိုင်း ရှမ့်လန်ပြုလုပ်ခိုင်းခြင်း ဖြစ်ကြောင်း အော်ဟစ်ကြွေးကြော်တတ်သည်။

ရှမ့်လန်သည် စုကလန်၏ အရေးကိစ္စကို ဖြေရှင်းရန် ချင်နိုင်ငံစစ်သည်များကို ငှားရမ်းခဲ့သည်။ ပြီးနောက် ငွေရှင်းရန် မရှိသောကြောင့် မြို့ထဲသို့ ဝင်ရောက် လုယက်ခိုင်းခြင်း ဖြစ်ကြောင်း သတင်း ထွက်ပေါ်လာ၏။

ထို့ပြင် မြို့သူမြို့သားများသည် ချင်နိုင်ငံ၏ မြင်းသည်တော်များအကြောင်း သေသေချာချာ မသိရှိကြချေ။ သူတို့အနေနှင့် လင်းတပုံအလံကြီး ကိုင်ထားသည်ကို မြင်ပါက ချင်နိုင်ငံ၏ စစ်တပ်ဟုသာ မှတ်ယူထားခဲ့သည်။

ရှမ့်လန်က ချင်နိုင်ငံ၏မြင်းသည်တော်များနှင့်အတူ စုနန်၏စစ်တပ်ကြီးကို အနိုင်ယူရရှိခဲ့၏။ သို့သော်ငြား ပိုင်ရီစီရင်စုအတွင်းရှိ မြို့သူမြို့သားပေါင်းများစွာတို့က ရှမ့်လန်ကို ကျိန်ဆဲနေကြ၏။

“ဒီခပ်ချောချော မြို့တော်ဝန်က ဆိုးဆိုးရွားရွား သေသင့်တယ်။ အရင်တုန်းက အနောက်တိုင်း ကုန်သည်တွေဆီကပဲ လုယက်ပြီး မြို့သူမြို့သားတွေကို မထိခိုက်စေခဲ့ဘူး။ အခု ပိုက်ဆံမရှိတဲ့အချိန်မှာတော့ သာမန် မြို့သူမြို့သားတွေဆီကတောင် လိုက်ပြီး လုယက်နေခဲ့ပြီ”

“နတ်ဘုရားတွေ.. ကျေးဇူးပြုပြီး မျက်လုံးဖွင့်ကြည့်ပါအုံး။ ရှမ့်လန်ကို မိုးကြိုးမပစ်တော့ဘူးလား။ နတ်ဘုရားတွေ.. ခင်ဗျားတို့ ဘာလုပ်နေကြတာလဲ”

………….

ကျန့်ထော်နှင့် လျန်ယုံနင်တို့က တကယ့်ပဲ ကြမ်းတမ်းလွန်း၏။ ပိုင်ရီစီရင်စုအတွင်းရှိ မြို့တိုင်းကို ဝင်ရောက်ကာ လုယက် သတ်ဖြတ်သည်။ နေရာအနှံ့တွင် အသုဘပွဲများ ကျင်းပနေရပြီး နေရာအနှံ့အပြားတွင် အသုဘ အဝတ်အစားများနှင့် ပြည့်နှက်နေခဲ့၏။

တချို့က ပိုင်ရီမြို့ဆီသို့ သွားရောက်ပြီး ကျန်းချုံးကို တင်ပြ တိုင်တန်းကြသည်။ တချို့မှာတော့ လျန်ခရိုင်သို့ သွားရောက်ပြီး တတိယမင်းသားကို တိုင်ကြားရန် ပြင်ဆင်ခဲ့၏။ တချို့မှာတော့ ကျန်းယွမ်နယ်စား အိမ်တော်ဆီသို့ သွားပြီး မြို့စားကြီးကျန့်ထော်ကို သွားရောက်ကာ တိုင်ကြား၏။

ပိုင်ရီခရိုင်တစ်ခုလုံးက အစောပိုင်း ငြိမ်သက်သလောက် လက်ရှိအခြေအနေတွင် အကြိတ်အခဲများဖြင့် ဆူညံနေခဲ့ပြီဖြစ်သည်။

ယခု ကျန့်ထော်က ကျန်းယွမ်နယ်စားကြီးအိမ်တော်၌ စခန်းချလျက်ရှိပြီး လျန်ယုံနင်မှာတော့ ကျန်းယွမ်မြို့ထဲတွင် စခန်းချ၏။ သူတို့က ခဏတာ အုပ်ချုပ်ရေးတာဝန်ကို ရယူထားခဲ့၏။

နေ့စဉ်နေ့တိုင်းဆိုသလို လူပေါင်းများစွာတို့က လျန်ယုံနင်၏ရှေ့တွင် ဒူးထောက်ပြီး အော်ဟစ်ငိုယိုလျက် ရှိနေသည်။ “အုပ်ချုပ်ရေးမှုး.. ကျေးဇူးပြုပြီး ပြည်သူပြည်သားတွေအတွက် တရားမျှတမှု ဆောင်ကြဉ်းပေးပါအုံး။ ကျုပ်တို့ရဲ့ မိဘတွေက ချင်နိုင်ငံလူရိုင်းတွေရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတယ်။ ကျုပ်မိန်းမက အဲဒီသားရဲတွေရဲ့ ဒုက္ခပေးခြင်းကို ခံခဲ့ရတယ်”

“အုပ်ချုပ်ရေးမှုး... ကျေးဇူးပြုပြီးတော့ ကျုပ်တို့ကို အကူအညီပေးပါအုံး။ ကျုပ်တို့ရဲ့မိသားစုတစ်ခုလုံးက ချင်နိုင်ငံကလူရိုင်းတွေရဲ့ သတ်ဖြတ်ခြင်းကို ခံရတယ်။ ကျုပ်တို့အိမ်တွေကိုလည်း မီးရှို့သွားခဲ့တယ်။ အခု ကျုပ်တို့မှာ ပြန်စရာအိမ်ဆိုတာတောင် မရှိတော့ပါဘူး။ အဲဒီသူခိုးရှမ့်လန်က လူရိုင်းတွေကို နိုင်ငံထဲကို ဝင်ခွင့်ပြုခဲ့တယ်။ သူ့ကို သေမိန့် ပေးပေးပါ။”

“အုပ်ချုပ်ရေးမှုး”

လူပေါင်းထောင်ချီတို့က လျန်ယုံနင်၏အုပ်ချုပ်ရေးမှုးရုံးအပြင်ဘက်တွင် ဒူးထောက်ကာဖြင့် အော်ဟစ်နေခဲ့သည်။

ကျန်းရှစ်စီရင်စု၏ အုပ်ချုပ်ရေးမှုး လျန်ယုံနင်သည် ခေါင်းအစ၊ ခြေအဆုံး တစ်ကိုယ်လုံး တုန်ယင်လျက်ရှိနေ၏။ မျက်နှာထက်မှလည်း မျက်ရည်များ စီးဆင်းလျက်ရှိနေ၏။

“သစ္စာဖောက် ရှမ့်လန်.. တကယ်ပဲ လူရိုင်းစစ်သည်တွေကို ကျုပ်တို့ ရွှဲ့ပြည်နယ်ထဲ ခေါ်ဆောင်လာခဲ့ပြီး အထဲမှာရှိတဲ့ အိမ်တွေကို မီးရှို့၊ လူတွေကို သတ်ဖြတ်ပြီး ရွှေငွေတွေ လုယူသွားခဲ့တယ်။ ကျုပ်ရဲ့ ပြည်သူပြည်သားတွေကို သတ်ဖြတ်တယ်ဆိုတာ ကျုပ်မိဘကို သတ်ဖြတ်တာနဲ့တူတူပဲ။ ဒီအမုန်းက အရမ်းကြီးတယ်”

“အမှုထမ်းတွေ... သေသေချာချာ အမိန့်ထုတ်ပြန်ထား။ ရှမ့်လန်က ကြမ်းတမ်းရက်စက်လွန်းတယ်။ စုနန် ပုန်ကန်ပြီလို့ကြေညာပြီးတဲ့နောက်မှာ ဘာမကောင်းမှုတွေကို ပြုလုပ်ခဲ့လဲ။ ပိုင်ရီစီရင်စုထဲမှ ဘာတစ်ခုမှ မကောင်းတာ မလုပ်ခဲ့ဘူး။ ဒါပေမဲ့ ရှမ့်လန် ကယ်တင်ရှင်ကြီးလုပ်ပြီး လူအားလုံးကို ဒုက္ခပေးခဲ့တယ်။ တကယ့်ကို ကြီးမားလွန်းတဲ့ ပြစ်မှုကို ကျူးလွန်ခဲ့တာပဲ။

အားလုံး စိတ်မပူနဲ့။ ကျုပ် လျန်ယုံနင်က ရာထူးကနေ ဖယ်ရှားခံရမယ်ဆိုရင်တောင်မှ ကျိန်းသေပေါက် တရားမျှတမှု ကိုတော့ ဆောင်ရွက်ပေးမယ်။ အဲဒီ ခွေးသူခိုးရှမ့်လန်က ကောင်းကင်က သည်းခံနိုင်စွမ်းရှိတဲ့အရာတွေကို ပြုလုပ်ခဲ့တာ ....... ဒီကောင် မဟုတ်တော့ဘူး”

ချက်ချင်းပဲ လူပေါင်းထောင်ချီတို့က ဒူးထောက်ကာ အော်ဟစ်လိုက်သည်။ “အရှင်… အရှင် ကယ်ပါအုံး”

ပြီးနောက်မှာတော့ ကျန့်ထော်နှင့် လျန်ယုံနင်တို့သည် သူတို့၏ ရှိရှိသမျှသောလူများကို စုစည်းပြီး ရှမ့်လန်နှင့် ပတ်သက်၍ တိုင်ကြားစာများကို စတင်ကာ ရေးသားခဲ့၏။ တိုင်ကြားစာများသည် တစ်ခုပြီးတစ်ခု နန်းမြို့တော် ဆီသို့ ရောက်ရှိလာခဲ့၏။

နိုင်ငံအတွင်းသို့ လူရိုင်းများကို ခေါ်ဆောင်လာခဲ့ခြင်း၊ ပြီးနောက် လွန်ခဲ့သည့် နှစ်တစ်ရာတုန်းက ဖြစ်ပွားခဲ့သည့် ဘေးဒုက္ခများကဲ့သို့ ထပ်တူညီအောင် ပြုလုပ်လျက်ရှိနေခြင်း၊ ဤအရာက ဆိုးဝါးလွန်းသည့် ပြစ်မှုမျိုးပင်။

လျန်ယုံနင်က ရယ်မောလျက်ရှိ၏။ “ဒါဆိုရင် ရှမ့်လန်လုပ်ခဲ့တဲ့ ကောင်းမှုတွေအကုန်လုံး ပျောက်ကွယ်သွားခဲ့ပြီ။ ပိုင်ရီမြို့မှာ နင်ကျဲ့ရှိတော့ ဘုရင်မင်းမြတ်ကို အရူးလုပ်လို့ရမှာ မဟုတ်ဘူး”

ကျန့်ထော်က ပြောလိုက်သည်။ “အင်း… ဘုရင်မင်းမြတ်ကို လိမ်စရာ မလိုဘူး။ လောကမှာရှိတဲ့ လူတွေကိုလိမ်၊ ဒီမှာရှိတဲ့ လူတွေအကုန်လုံးကို လိမ်လိုက်ရုံပဲ။ ပြီးတော့ မီးလောင်ခံရတဲ့၊ အသတ်ဖြတ်ခံရတဲ့၊ အလုခံရတဲ့လူတွေက ပိုင်ရီခရိုင်ထဲက လူတွေပဲ။ ပြီးတော့ လုပ်သွားတဲ့လူတွေကလည်း ချင်နိုင်ငံက လူတွေပဲ။ ဘာပဲပြောပြော ကျုပ်တို့ဘက်က တစ်ပန်းသာနေပါတယ်။

ပြီးတော့ အရင်တုန်းကလည်း ရှမ့်လန်က သူခိုးဂျပိုးတွေကို ခေါ်ပြီး ဒီလိုမျိုးလုပ်ခဲ့ဖူးတယ်။ ဒီတော့ အခုလုပ်ခဲ့တဲ့ ညစ်ပတ်တဲ့အပြစ်တွေ အကုန်လုံး သူ့အပေါ် ပုံချလိုက်ရုံပဲ။ ရှမ့်လန်က အကောင်းဆုံး လုပ်ခဲ့ပေးတယ်။ ဒါပေမဲ့ အဲဒီကောင်းကျိုးတွေအကုန်လုံးကို ကျုပ်တို့က ရတော့မယ်။ ဟား ဟား ဟား ဟား”

ချင်မြင်းတပ်ကြီး နှစ်ထောင်ကျော်တို့၏ ကာကွယ်ပေးမှုအောက်မှာပဲ လူဦးခေါင်းပေါင်းများစွာကို သယ်ဆောင်ပြီး ရှမ့်လန်က ရွှဲ့ပြည်နယ်၏ တည်နေရာထဲသို့ ဟိတ်ဟန်ကြီးစွာဖြင့် ဝင်ရောက်လာခဲ့ကြ၏။ ပိုင်ရီမြို့ဆီသို့ရောက်ရှိပြီး မကြာခင်မှာပဲ ကင်းထောက်များဆီမှ သူ့၌ရန်သူများ ပေါ်ပေါက်နေကြောင်း သတင်း ရရှိခဲ့၏။

ရှမ့်လန်က ကြောင်အသွားခဲ့သည်။ “ရန်သူ ဟုတ်လား”

မကြာခင်မှာပဲ လူပေါင်းများစွာတို့သည် စစ်စည်များကို တီးကာဖြင့် အော်ဟစ်လျက်ရှိနေ၏။ လူဦးရေ ငါးထောင်ကျော်လောက်သည် ရှမ့်လန်၏ရှေ့သို့ ရောက်ရှိလာ၏။ လျန်ယုံနင်၏ စစ်တပ်ကြီးပင်။

ကျန်းရှစ်စီရင်စု၏ အုပ်ချုပ်ရေးမှုးသည် လူပေါင်းများစွာတို့ကို ခေါ်ဆောင်ကာဖြင့် တိုက်ခိုက်ရန် ပြင်ဆင်နေခဲ့၏။

“မပြေးနဲ့ ရှမ့်လန်”

“ခွေးကောင်ရှမ့်လန်”

“ငါတို့မိသားစုရဲ့အသက်တွေကို ပြန်ပေး”

“ရှမ့်လန်ကို အစိတ်အပိုင်း တစ်ထောင်လောက် ဖြစ်အောင် ခုတ်ပိုင်းပစ်”

လူပေါင်းထောင်ချီတို့က ဒေါသထွက်လျက်ရှိ၏။ သူတို့သည် ရှမ့်လန်ကို အလွန်မုန်းတီးသည့် မျက်လုံးများဖြင့် ကြည့်ရှုလျက်ရှိနေပြီး အသက်ရှင်လျက် အရေခွံခွာချင်နေသည့် ပုံစံမျိုးပင်။

“ဘန်း ဘန်း”

စစ်စည်သံများက ထွက်ပေါ်လာခဲ့၏။

စစ်ဝတ်စုံကို ဝတ်ဆင်ထားခဲ့သည့် သွက်လက်ဖျတ်လတ်သည့် လူတစ်ယောက်က ရှေ့ကို လှမ်းထွက်လာခဲ့၏။ သူက ကျန်းရှစ်စီရင်စု၏ အုပ်ချုပ်ရေးမှူး လျန်ယုံနင်ပင် ဖြစ်သည်။

“ရှမ့်လန်.. ဘယ်လိုပြစ်မှုတွေကို ပြုလုပ်ခဲ့တယ်ဆိုတာ သိလား” လျန်ယုံနင်က အော်ဟစ်လိုက်၏။

ရှမ့်လန်၏ မျက်လုံးများကကျဉ်းမြောင်းသွားခဲ့၏။ သူ လက်ကို အသာဖြန့်ကာဖြင့် ပခုံးတွန့်လိုက်သည်။

လျန်ယုံနင်က ပြောလိုက်၏။ “လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာတုန်းက ဒီလူရိုင်းတွေ ကျုပ်တို့ ရွှဲ့ပြည်နယ်ထဲ ကျူးကျော်ဝင်ရောက်ပြီး အိမ်တွေကို မီးရှို့၊ လူတွေကို သတ်ပြီး ပစ္စည်းတွေ လုယူခဲ့တယ်။ လူပေါင်းထောင်ချီ၊ သောင်းချီ သေဆုံးခဲ့တယ်။

မနေ့တုန်းကလည်း ဒီလိုကိစ္စရပ်မျိုး ဖြစ်ခဲ့တယ်။ မင်းက ချင်နိုင်ငံ စစ်သည်တွေကို ခေါ်ဆောင်လာပြီး ရွှဲ့ပြည်နယ်ထဲ ဝင်ခဲ့တယ်။ မင်း သူတို့ကို ငှားယမ်းဖို့အတွက် ပိုက်ဆံ မတတ်နိုင်ဘူးမလား။ ဒါကြောင့် မြို့သူမြို့သားတွေဆီက ရတဲ့ပစ္စည်းတွေကို လုခိုင်းခဲ့တာပေါ့။

ဒီရက်ပိုင်းအတွင်းမှာ ချင်နိုင်ငံရဲ့ မြင်းသည်တော်တွေက လုပ်ချင်တာတွေ လျှောက်လုပ် ခဲ့ကြတယ်။ ရှမ့်လန်.. ဒီမြို့သားတွေက အပြစ်ကင်းစင်တယ်။ စုနန်ရဲ့ပုန်ကန်မှုနဲ့ သူတို့က ဘာဆိုင်နေလို့လဲ။ မင်းက သားရဲထက်တောင် ပိုပြီး ဆိုးနေပြီ”

လျန်ယုံနင်က အော်ဟစ်လိုက်သည်။ “မြို့သူမြို့သားတွေ သေသေချာချာ ကြည့်။ ဒီလူတွေက ခင်ဗျားတို့ကို လုယက်ခဲ့ကြတဲ့သူတွေလား”

လူအုပ်ကြီးသည် သေသေချာချာ ကြည့်ရှုလိုက်၏။ ပြီးနောက် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “မှန်တယ်။ သူတို့ပဲ။ ဒီဝတ်စုံ၊ ဒီအလံကို ကိုင်ဆောင်ထားတဲ့လူတွေေပဲ။ ဒီလူတွေ ကျုပ်တို့အိမ်တွေကို မီးရှို့ခဲ့တာပဲ”

ရှမ့်လန်က ချက်ချင်းပဲ နားလည်သွားခဲ့၏။ လျန်ယုံနင်နှင့် ကျန့်ထော်တို့က တကယ့်ကို ရိုင်းစိုင်းလွန်း လှချေ၏။ စုနန်ပင် မလုပ်မည့်အရာများကို ပြုလုပ်ခဲ့၏။ ချင်နိုင်ငံက မြင်းသည်တော်များ အယောင်ဆောင်ကာဖြင့် တည်နေရာအနှံ့ကို လိုက်လံက လုယက်ခဲ့၏။

အပြစ်ကင်းစင်သည့် လူပေါင်းများစွာတို့ကို သတ်ဖြတ်ပြီး အမှတ်ယူခြင်း ဖြစ်၏။ ပြီးနောက် အပြစ်ဟူသမျှကို သူ့အပေါ်သို့ ပုံချခဲ့၏။ လျန်ယုံနင်တို့ လူမည်မျှများများ သတ်ဖြတ်ခဲ့သနည်း။ မကြာခင်မှာပဲ ရထားလုံး အနည်းငယ် ရောက်ရှိလာခဲ့၏။ များပြားလွန်းသည့် ခေါင်းများက ထိုရထားလုံးပေါ်မှ လှိမ့်ဆင်းကျလာခဲ့၏။ လူတစ်ထောင်လောက် အနည်းဆုံး ရှိသည်။

အပိုင်း (၄၃၂)

“ဒါက နည်းနည်းပဲ ရှိသေးတယ်”

လျန်ယုံနင်သည် သွေးများဖြင့် ပြည့်နှက်နေသော တည်နေရာဆီသို့ လက်ညိုးထိုးကာ ပြောလိုက်၏။ “ရှမ့်လန်.. မင်းဆီမှာ လူစိတ်ကော ရှိသေးရဲ့လား။ ချင်နိုင်ငံက မြင်းသည်တော်တွေကို လုချင်တာ လုယက်ခိုင်းရုံတင် မကဘူး။ အားလုံးကိုလည်း သတ်သွားခဲ့သေးတယ်။ ဒါ လူသားမဆန်ဘူးပဲ”

ရှမ့်လန်သည် အံ့ချီးနပမ်းဖြင့် သက်ပြင်းချလိုက်၏။ ကျန့်ထော်နှင့် လျန်ယုံနင်တို့ ဤမျှ ကြမ်းတမ်းလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။ အမှတ်ယူရန် အလို့ငှာ ... သူ့ကို အပြစ်ပုံချနိုင်ရန် အလို့ငှာ ... ပိုင်ရီခရိုင် တစ်ခုလုံးကို ရှုပ်ထွေးအောင်ပြုလုပ်ခဲ့ပြီး လူပေါင်းထောင်ချီကိုပင် သတ်ဖြတ်ခဲ့၏။ ဤအရာက ဆိုးဝါးလွန်းသည့် အရာမျိုးပင်။

လျန်ယုံနင်သည် သူ၏ဓားကို ရုတ်တရက် ဆွဲထုတ်ကာ အော်ဟစ်လိုက်သည်။ “ရွာသူရွာသားတွေ... အရှေ့မှာရှိနေတာ အဓိက တရားခံပဲ။ ကျုပ်တို့ ခင်ဗျားတို့ကို ထောက်ပံ့ပေးထားမယ်။ ခင်ဗျားတို့ မိသားစုဝင်တွေအတွက် လက်စားချေတော့။ အားလုံးကို လက်စားချေပြီး သတ်ပစ်။ စစ်သည်တွေအားလုံး၊ တိုက်ပွဲအတွက် ပြင်ဆင်ထားကြ။ လူတွေကို ကာကွယ်ကြ။ ရှမ့်လန်... ချင်နိုင်ငံသားတွေကို အညံ့ခံခိုင်းစမ်း”

လူပေါင်းထောင်ကျော်တို့က သူတို့အား စစ်သည်တော်ငါးထောင်ကျော်တို့ ထောက်ပံ့၊ စောင့်ရှောက် ပေးထားသည်ဟု ခံစားမိကြ၏။ ထို့ကြောင့် သူတို့က ချက်ချင်းပဲ ဒေါသထွက်လာ၏။ ရှေ့ကို လှမ်းတက်ပြီး ရှမ့်လန်၏ စစ်သည်တော် နှစ်ထောင်ကျော်တို့ကို ဘေး၊ ဘယ်ညာဆီမှ ဝိုင်းရံလိုက်၏။

သို့ပေမည့် သူတို့က အနီးမကပ်ရဲချေ။ အဝေး မီတာဒါဇင်အနီးနားမှ လှမ်းကာ အော်ဟစ်လိုက်သည်။ သူတို့က မြေပေါ်မှ ကျောက်တုံးများကို ကောက်ယူပြီး ရှမ့်လန်ကို လှမ်းပစ်၏။

“သောက်တလွဲရှမ့်လန်... ငါတို့ရဲ့မိသားစုတွေကို ပြန်ပေး”

“ရှမ့်လန် ခွေးကောင်.. မင်းက သေဖို့ထိုက်တန်တဲ့လူပဲ”

ရှမ့်လန်၏စစ်သည်များ မတုံ့ပြန်သည်ကို မြင်ရချိန်မှာတော့ သူတို့က တဖြည်းဖြည်း အနားသို့ ကပ်လာ၏။ ကျောက်တုံးများနှင့်လည်း ပိုမိုကာ ပစ်လာခဲ့၏။ တံတွေးနှင့်လှမ်းထွေး၊ ကျိန်ဆဲသူက ကျိန်ဆဲ လုပ်ကြသည်။

လျန်ယုံနင်သည် ထိုအခြေအနေကို မြင်သည့်အချိန်မှာတော့ ပျော်ရွှင်သွားမိ၏။ “ရှမ့်လန်.. မင်း အခု နုရှောင့်မြို့ရဲ့ မြစ်ရေထဲ ခုန်ဆင်းသွားမယ်ဆိုရင်တောင် မင်းရဲ့နာမည်ကို ပြန်ပြီး သန့်ရှင်းအောင် လုပ်လို့ရမှာ မဟုတ်ဘူး။ မင်းက ငါတို့နဲ့ ယှဉ်ပြိုင်ဖို့ အတွေ့အကြုံ နည်းပါးလွန်းတယ်”

ရှမ့်လန်က နှုတ်ခမ်းကိုသပ်ပြီး နှာခေါင်းကို ကုတ်လိုက်၏။ ‘လျန်ယုံနင်.. ခင်ဗျား တော်တော် ညံ့တာပဲ။ ဒီဟာတွေကို ကျုပ်က ဂရုစိုက်မယ်လို့ ထင်နေတာလား။ ကျုပ်ကို အပြစ်တင်ချင်တာနဲ့ လူပေါင်းထောင်ချီကို သတ်ဖြတ်ခဲ့တယ်။ ဒါပေမဲ့ ပျင်းစရာပဲ။ ကျုပ်မလုပ်ခဲ့တဲ့အရာနဲ့ ကျုပ်ခေါင်းပေါ်ပုံချချင်တာပေါ့။ ရတယ်။ အခု အစစ်အမှန် လုပ်လိုက်ကြတာပေါ့။

လျန်ယုံနင်.. ကျုပ် ခင်ဗျားကို အသက်ရှင်လျက် အရေခွံခွာပြီး အပိုင်းပိုင်း ခုတ်ပိုင်းပစ်မယ်။ ခင်ဗျားရဲ့ မိသားစုတစ်ခုလုံးကို သတ်မယ်လို့ ကျုပ်ပြောပြီးပြီ။ ဒီတော့ ကျုပ် ခင်ဗျားရဲ့ မိသားစုတစ်ခုလုံးကို သတ်ပစ်မယ်’

ပြီးနောက် ရှမ့်လန်၏အမူအရာက အေးစက်သွားခဲ့သည်။ “ရှေ့မှာရှိတဲ့ ရန်သူတွေကို သတ်ကြ။ ငါတို့စစ်တပ်နဲ့ ဆယ်ပေအကွာအဝေး ရောက်လာတဲ့လူတိုင်း၊ ဘယ်သူပဲဖြစ်ဖြစ်၊ မြို့သူမြို့သား၊ အပြစ်ကင်းစင်သူ၊ ဘယ်သူပဲဖြစ်ဖြစ် သစ္စာဖောက်လို့ သတ်မှတ်ပြီး အားလုံးကို သတ်။”

“သတ်ကြ”

ချက်ချင်းပဲ ချင်နိုင်ငံမှ မြင်းသည်တော်နှစ်ထောင်ကျော်တို့က ရှေ့ဆီသို့ လှမ်းတက်လာခဲ့၏။ သူတို့က ရှေ့ဆီသို့ လှမ်းတက်ပြီး သစ်သီး၊ သစ်ရွက်များကို ခုတ်ပိုင်းနေသကဲ့သို့ပင် ပက်ပက်စက်စက်နှင့် တစ်ဖက်သတ် သတ်ဖြတ်မှုကို ပြုလုပ်ကြတော့၏။

…

ကျန်းရှစ်စီရင်စု အုပ်ချုပ်ရေးမှူးသည် စစ်သည် ငါးထောင်ကို အဘယ်မှ ခေါ်ဆောင်လာခဲ့သနည်း။ ထိုစစ်သည်ပေါင်း သုံးထောင်ကျော်က စီရင်စု၏ မြို့စောင့်တပ်မှ စစ်သည်များဖြစ်ပြီး ဒုတိယတန်းစား စစ်သည်များသာ ဖြစ်သည်။

ထို့အပြင် ထိုသူအားလုံးသည် စုကလန်၏ လက်အောက်တွင် အကျင့်ပျက် ခြစားမှုကို ပြုလုပ်ခဲ့သောကြောင့် စွမ်းဆောင်ရည်မဲ့သည့် အသုံးမဝင်သော လူများလည်း ဖြစ်၏။ ကျန်သည့် စစ်သည်တော် နှစ်ထောင်ကျော် မှာမူ လျန်ယုံနင် ခဏတာ ငှားရမ်းလာခဲ့သည့် လူများဖြစ်၏။ ထိုသူအားလုံးတို့သည် သူခိုး၊ ဂျပိုး၊ ခွေးလေ၊ ခွေးလွင့်များပင် ဖြစ်၏။

နင်ယွမ်ရှန်းသည် တကယ်တမ်း အရေးကြီးသည့် တိုက်ပွဲကို ရင်ဆိုင်မည့် အချိန်တွင် လျန်ယုံနင်၏ စစ်သည်ပေါင်း ၅၀၀၀ ကို တစ်ချက်ကလေးမှ ထည့်သွင်းတွက်ချက်ခဲ့ခြင်း မရှိခဲ့ချေ။

စုနန်သည်လည်းငွေကြေး အမြောက်အများကို အသုံးပြုခဲ့ပြီး တော်ဝင်ကပ်ဘေးဘုရားကျောင်းဆီမှ ဘုန်းကြီး စစ်သည်များ၊ အနောက်တိုင်းစစ်သည်များကို ငှားရမ်းခဲ့၏။ လျန်ယုံနင်၏ စစ်သည်ပေါင်း ၅၀၀၀ ကို သုံးပင် မသုံးခဲ့ချေ။ တကယ့်ကို အသုံးမဝင်သည့်လူများ ဖြစ်၏။

ရှမ့်လန်၏ အမိန့်ပေးမှုအောက်တွင် ချင်နိုင်ငံ၏ မြင်းသည်တော် ၂၀၀၀ ကျော်သာလျှင် ရှိ၏။ သို့ပေမည့် ထိုသူအားလုံးတို့က ကျိန်းသေပေါက် အသုံးဝင်သည့် လူများဖြစ်၏။ တိုက်ခိုက်သည့်နေရာတွင် ခွေးရူးကဲ့သို့ပင် ရူးရူးမူးမူး တိုက်ခိုက် သတ်ဖြတ်သည့် သူများဖြစ်၏။ ခုခံခြင်းကိုပင် ပြုလုပ်တတ်သည့်လူများ မဟုတ်ကြချေ။

လျန်ယုံနင်၏ အမှိုက်ကဲ့သို့ စစ်တပ်နှင့် ရင်ဆိုင်ရချိန်မှာတော့ အားလုံးသောသူတို့သည် ဖရဲသီး ခွဲခံရသလို၊ ဟင်းသီးဟင်းရွက်များ ခုတ်ပိုင်းခံရသလိုပင် သေဆုံးကုန်ကြ၏။ တစ်ဖက်သတ် တိုက်ခိုက်ခြင်း ဖြစ်၏။ အချိန်အတိုင်းအတာတို အတွင်းမှာပဲ လူပေါင်းထောင်ချီတို့က သတ်ဖြတ်ခြင်း ခံခဲ့ရသည်။

လျန်ယုံနင်သည် ကျောရိုးမကြီး စိမ့်တက်သွားခဲ့၏။ ရှမ့်လန် ရူးသွပ်နေပြီလား။ သူက နန်းမှုထမ်း တစ်ယောက် ဖြစ်၏။ အနည်းဆုံးအနေနှင့် သူက ကျန်းရှစ်စီရင်စု အုပ်ချုပ်ရေးမှူး ရာထူးအလံကို ကိုင်ဆောင်ထားခဲ့၏။ သို့ပေမည့် တစ်ဖက်လူက ချင်နိုင်ငံ၏ စစ်သည်ကြီးကို ခေါ်ဆောင်ကာဖြင့် ရွှဲ့ပြည်နယ်၏ စစ်တပ်ကို သတ်ဖြတ်လျက် ရှိနေ၏။

“မင်း… မင်း ဒါတောင်မှ ပုန်ကန်မှု မဟုတ်ဘူးဆိုရင် ဒါ ဘာလဲ။ ရှမ့်လန်… ရှမ့်လန် မင်း ပုန်ကန်နေတာပဲ။ မင်း ပုန်ကန်နေတာပဲ”

ပြီးနောက် လျန်ယုံနင်က အော်ဟစ်လိုက်သည်။ “မြို့သားတွေ ကြည့်ကြ။ ချင်နိုင်ငံ စစ်သည်တွေ သတ်ဖြတ်နေကြပြီ။ သူတို့က မင်းတို့ရဲ့ ရန်သူတွေပဲ။ အားလုံး ရှေ့ကိုတက်ပြီး လက်စားချေကြ”

သို့ပေမည့် လူပေါင်းထောင်ချီတို့သည် အဘယ်သို့ ချဉ်းကပ်ရဲမည်နည်း။ သူတို့က လျန်ယုံနင်၏ စစ်တပ် ထောက်ပံ့မှုကြောင့်သာ ရှေ့သို့ တက်လှမ်းလာခဲ့ခြင်း ဖြစ်၏။ ရှမ့်လန်က အကျိုးအကြောင်း ဆီလျော်မှုကို တစ်ချက်ကလေးမှ နားထောင်ခြင်း မရှိဘဲ ချက်ချင်းပဲ တန်ပြန်တိုက်ခိုက်လိမ့်မည်ဟု အဘယ်သို့ ထင်မှတ်မည်နည်း။ ထို့ကြောင့် ဘေးတစ်ဖက်ဆီသို့ မြန်မြန်ဆန်ဆန် ဆုတ်ခွာပြီး အဝေးမှသာ ကြည့်ရှုနေ၏။

လျန်ယုံနင်၏ စစ်သည်ပေါင်း ၅၀၀၀ ကျော်တို့သည် သရဲတစ္ဆေများကဲ့သို့ပင် တစ်ယောက်ပြီးတစ်ယောက် သေဆုံးကုန်ခဲ့ရ၏။ ထို့ပြင် တော်တော်များများတို့သည် ခြေလျင်တပ်သားများသာဖြစ်ပြီး မြင်းသည်တော်များ မဟုတ်ကြချေ။ ထို့ကြောင့် သူတို့၏ ခြေနှစ်ဖက်သည် မြင်းကဲ့သို့ပင် ပြေးနိုင်လိမ့်မည် မဟုတ်ချေ။

ချင်နိုင်ငံဆီမှ မြင်းသည်တော်များသည် တစ်ယောက်ပြီးတစ်ယောက်ကို လိုက်လံကာ သတ်ဖြတ်၏။ လျန်ယုံနင်၏ စစ်သည်ပေါင်း ၅၀၀၀ ကျော်တို့က ဆိုးဆိုးရွားရွား သေဆုံးခြင်း၊ မြင်းနင်း၍ သေဆုံးခြင်းများ ဖြစ်ပေါ်နေ၏။ မြေပေါ်တွင် ဒူးထောက်လည်း အလကားပင်။ ချင်နိုင်ငံမှ စစ်သည်များက ရူးသွပ်နေခဲ့ကြပြီ ဖြစ်၏။ သူတို့၏ ဓားမော့ကြီးများကို မြောက်ကာဖြင့် ရှိရှိသမျှသော ခေါင်းများကို လိုက်လံကာ ခုတ်ပိုင်း၏။

လျန်ယုံနင်က သူ၏အသက်အတွက် ထွက်ပြေး၏။ ရှမ့်လန်ကလည်း ရူးသွပ်နေ၏။ သူက တကယ့်ကို ရူးသွပ်နေသည့် လူတစ်ယောက်ဖြစ်သည်။ နိုင်ငံရေးရာကိစ္စရပ်များကို လုံးဝဂရုမစိုက်သည့် ရူးသွပ်နေသည့် လူကဲ့သို့ပင်။ အဘယ်သို့ လွတ်မြောက်တော့မည်နည်း။

ဝူလဲ့သည် လျှပ်စီးကဲ့သို့ မြန်ဆန်သည့် မိန်းကလေးတစ်ယောက်ဖြစ်၏။ ချက်ချင်းပဲ စစ်သည်ပေါင်းများစွာကို ခေါ်ဆောင်ကာ နောက်မှလိုက်၏။ လျန်ယုံနင်၏ လက်ကျန်စစ်သည်အားလုံးကို သတ်ဖြတ်ပြီးနောက် လျန်ယုံနင်၏ လည်ကုပ်ကို ဆွဲကိုင်ကာ ရောက်ရှိလာခဲ့၏။ ပြီးနောက် မြေပြင်ပေါ်သို့ ခပ်ပြင်းပြင်း ကိုင်ပေါက်ချသည်။

လျန်ယုံနင်၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်လျက်ရှိ၏။ စစ်သည်ပေါင်း ၅၀၀၀ ကျော်ကို ဦးဆောင်ပြီး မြို့သူမြို့သား ထောင်ကျော်ကို ခေါ်ဆောင်ကာ ရှမ့်လန်ကို လာရောက် ဝိုင်း၏။ သူက တကယ့်ကို ရှုပ်ထွေးအောင် ပြုလုပ်ခဲ့ပြီး မြို့သူမြို့သားများကို ရှမ့်လန်အား တိုက်ခိုက်စေရန် စီစဉ်ခဲ့၏။ ချင်နိုင်ငံမှ စစ်သည်တော်များသည် မည်သို့မှ ခုခံနိုင်လိမ့်မည် မဟုတ်ဟုလည်း သူက တွေးတောထားခဲ့၏။

တကယ်တမ်း တိုက်ခိုက်သည်ဆိုပါက ရှမ့်လန်၏ လူရိုင်းများသည် အပြစ်ကင်းစင်သည့် လူများကို အရင်ဆုံး သတ်ဖြတ်ရမည် မဟုတ်ပါလား။ ထိုသို့ဆိုလျှင် သူက ထိုကဲ့သို့သော အကြောင်းပြချက်ကို အခြေပြုကာဖြင့် ရှမ့်လန်ကို ပြန်လည်ကာ သတ်ဖြတ်ပေလိမ့်မည်။

သို့ပေမည့် ရှမ့်လန်က ဤမျှ ကြမ်းတမ်းပြီး ရက်စက်လိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။ တထိုင်တည်းမှာပဲ သူ၏ စစ်တပ်ကြီးကို တစ်ယောက်အကျန် သတ်ဖြတ်ပစ်ခဲ့ပြီး ရှေ့ဆီသို့ တိုးဝင်လာခဲ့သည့် မြို့သူမြို့သား ရာချီတို့ကိုလည်း သတ်ဖြတ်ခဲ့သည်။

“ရှမ့်လန်… မင်း… မင်း ရူးသွားပြီပဲ”

ရှမ့်လန်က လျန်ယုံနင်ကို ကြည့်ရှုကာ ပြောလိုက်၏။ “ခင်ဗျား ဘာလုပ်ချင်လဲ။ ကျုပ် ခင်ဗျားကို မေးပါအုံးမယ်။ ခင်ဗျား ဘာလုပ်ချင်တာလဲ”

လျန်ယုံနင်က ကျယ်လောင်စွာ ပြောလိုက်သည်။ “မိစ္ဆာလို သတ္တဝါတွေကို ရှင်းပစ်ချင်တာပဲ”

“ချီးတဲ့မှ”

ရှမ့်လန်က ဓားမြောင်ကို ထုတ်ယူပြီး လျန်ယုံနင်၏ နားရွက်ကို လှီးဖြတ်လိုက်၏။

“လူစကားပြောစမ်း။ လူစကားကို ပြောစမ်း” ရှမ့်လန်က အော်ဟစ်လိုက်သည်။

လျန်ယုံနင်သည် ပူကနဲ ခံစားလိုက်ရ၏။ သွေးများ စီးကျလာသည်ကို သိရှိလိုက်၏။ သူ၏ နားရွက်တစ်ဖက်က မရှိတော့ချေ။ ရုတ်တရက် ဆိုးဆိုးရွားရွား အော်ဟစ်လိုက်၏။ “အား… အား…”

ရှမ့်လန်က ပြောလိုက်သည်။ “လျန်ယုံနင်.. လူစကား မပြောနိုင်သေးဘူးလား”

ချီးတဲ့မှ... လူစကားပြောဆိုချင်သည်ဆိုလျှင် အဘယ့်ကြောင့် သူ၏နားရွက်ကို လှီးဖြတ်ရသနည်း။ လူစကားပြောဆိုချင်သည်ဆိုလျှင် သက်တောင့်သက်သာ ချော့မြူ ပြောဆိုသင့်သည် မဟုတ်ပါလား။

ရှမ့်လန်က ပြောလိုက်၏။ “ပိုင်ရီခရိုင်ကို ခင်ဗျားက ရှုပ်ထွေးအောင် လုပ်ခဲ့တယ်။ ပြီးတော့ ကျုပ် လုပ်ပါတယ် ဆိုပြီး အပြစ်ကို ကျုပ်ခေါင်းပေါ်ကို လာတင်ခဲ့တယ်။ ပြီးရင် ခင်ဗျားနဲ့ ကျန့်ထော်တို့က စုကလန်ကို ဖျက်ဆီးတဲ့ ကောင်းကျိုးကို ယူသွားမယ်။ ဟုတ်တယ်မလား”

“လျန်ယုံနင်… ခင်ဗျားက ကျုပ်ကို အပြစ်ကင်းစင်တဲ့ လူပေါင်းများစွာကို သတ်ဖြတ်ပစ်တယ်ဆိုပြီး အပြစ်တွေ ခေါင်းပေါ်တင်ချင်တယ်။ ကျုပ်ကို လုပ်ကြံချင်တယ်မလား။ ကိစ္စမရှိဘူး။ ကျုပ်အားလုံးကို သတ်ပစ်မယ်”

ရှမ့်လန်က လက်ကို ယမ်းခါလိုက်၏။ စစ်သည်တော်နှစ်ယောက်သည် ပိုင်ရီခရိုင်ဆီမှ လူတစ်ယောက်ကို ဆွဲမလာခဲ့သည်။

ရှမ့်လန်က မေးလိုက်၏။ “ခင်ဗျား ဘယ်ကလဲ”

ထိုလူက ပြန်ဖြေသည်။ “ဆီးနှင်းတောင်မြို့ကပါ”

ရှမ့်လန်က ပြောလိုက်၏။ “ခင်ဗျားအပေါ်မှာ ကျုပ်တစ်ခုခု လုပ်ခဲ့ဖူးလား”

ထိုသူတို့သည် တေလေဂျပိုးများပင် ဖြစ်၏။ အခွင့်အရေးရမည်ဆိုပါက လူ့အသားပင် စားမည့်လူများ ဖြစ်၏။ သူတို့ကို ကြည့်ရှုရမည်ဆိုလျှင် တကယ်ပင် လောဘကြီးသည့် လူများဖြစ်၏။ ထိုသူ၏ မျက်နှာ သွင်ပြင်တစ်ခုလုံးက တုန်ယင်နေခဲ့၏။

ရှမ့်လန်က မေးလိုက်သည်။ “ခင်ဗျားတို့ စုကလန်ကလူတွေ လိုက်လံသတ်ဖြတ်တာကနေ လွတ်မြောက်ပြီးတည်းက ကောင်းကောင်းမွန်မွန် နေသင့်တယ်မဟုတ်လား။ ဘယ်လိုဖြစ်ပြီးတော့ ပြဿနာထပ်ရှာရတာလဲ”

ထိုသူ၏ မျက်နှာပေါ်ရှိ ကြွက်သားများက တုန်ယင်နေခဲ့၏။

“တစ်စုံတစ်ယောက်က ခင်ဗျားကို ငှားခဲ့တာလား” ရှမ့်လန်က မေးမြန်းလိုက်သည်။

“မဟုတ်ပါဘူး”

ရှမ့်လန်က မေးလိုက်၏။ “ဒါဆိုရင် ဘာကြောင့်လဲ”

ထိုသူ၏ မျက်နှာပေါ်တွင် ထူးခြားသည့် အရိပ်အယောင်များ ပေါ်လာသည်။ သို့ပေမည့် မဖြေခဲ့ချေ။

ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ်ကို လက်စားချေဖို့ ကြိုးစားချင်တာ။ ဟုတ်တယ်မလား”

မှန်ပေ၏။ ထိုအချိန်တုန်းက ရှမ့်လန်က ရှိရှိသမျှ အရာအားလုံးကို လုယူရန် သူတို့ကို ခေါ်ဆောင်သွားခဲ့၏။ အရေးအကြောင်း အခြေအနေမျိုးမှာတော့ ပိုင်ရီမြို့၏ အပြင်ဘက်၌ သူတို့ကိုပစ်ထားခဲ့ပြီး စုကလန်၏ စစ်တပ်ကြီးကိုသာလျှင် လိုက်လံတိုက်ခိုက်ခဲ့၏။

သူတို့လူ တော်တော်များများကို သတ်ဖြတ်ခဲ့သည်မှာ စုကလန်မှ လူများဖြစ်သော်လည်း သူတို့က ရှမ့်လန်ကို အလွန်ပဲ မုန်းတီး၏။ သူတို့က ရှမ့်လန် သူတို့ကို လိမ်လည်လှည့်စားခဲ့ခြင်းအတွက် မုန်းတီးခဲ့၏။ သူတို့ကို အသုံးချခဲ့ခြင်းနှင့်ပတ်သက်၍ မုန်းတီးခဲ့သည်။ ပိုင်ရီမြို့ထဲဝင်ပြီး လုယက်ရန် မြို့တံခါးဖွင့်မပေးခြင်းအတွက် မုန်းတီးသည်။

မှန်ပေ၏။ သူတို့က စုကလန်ကို မုန်းတီးခြင်းမရှိချေ။ သူတို့က ရှမ့်လန်ကိုသာလျှင် မုန်းတီး၏။ ထူးခြားသည်မှာ သူတို့ကို ပိုမိုကြွယ်ဝချမ်းသာအောင် ပြုလုပ်ပေးခဲ့သည်မှာ ရှမ့်လန်ပင်ဖြစ်၏။

ရှမ့်လန်က ထိုသူတို့ကို ကောင်းကောင်းမှတ်မိ၏။ ရှေ့ဆီသို့ လှမ်းတက်ပြီး သူ့ကို ခဲလုံးနှင့် ပေါက်ကြသည့် သူများသည် ထိုကဲ့သို့သော အခြေအနေဆီမှ အသက်ရှင်ကျန်ရှိခဲ့သည့် လူများဖြစ်သည်။

ယခု ထိုလူတစ်ရာကျော်ကို ရှမ့်လန်က ဖမ်းဆီးခဲ့ပြီဖြစ်၏။ ရှမ့်လန်က ထိုသူတို့ ဖွက်ကိုင်ထားသည့် ဓားမြောင်များ၊ ဒုတ်များ၊ ဓားများကို စစ်ဆေးကာ ယူ၏။ တစ်ဖက်လူများသည် ကြိုတင်ပြင်ဆင်ပြီး ရောက်ရှိလာခြင်း ဖြစ်၏။ တကယ်ပဲ ရှမ့်လန်ကို သတ်ဖြတ်ချင်ကြ၏။

ရှမ့်လန်က ပြုံးကာ ပြောလိုက်သည်။ “အံ့အားသင့်စရာပဲ။ ခင်ဗျားတို့ ကျုပ်ဆီ လာတာ တကယ်ကြီး လက်စားချေဖို့လား။ ကောင်းပြီ၊ ကောင်းပြီ။ ခင်ဗျားတို့က လက်စားချေဖို့ လာပြီဆိုမှတော့ မအောင်မြင်ခဲ့တဲ့ အကျိုးဆက်ကိုလည်း ခံရမှာပေါ့၊။

ခင်ဗျားတို့က ကျုပ်ကို လာပြီးသတ်ကြတယ်။ ပြီးတော့ ကျုပ်ကလည်း ခင်ဗျားတို့ကို ကောင်းကောင်း ပြန်ပြီး ဆက်ဆံရမယ်။ အင်း… ခင်ဗျားတို့က သာမန်လူတွေဖြစ်တယ်ဆိုပြီး ဒီကိစ္စကို လက်လွတ် မပေးနိုင်ဘူး။ ဟုတ်တယ်မလား”

ပြီးနောက် ရှမ့်လန်က အမိန့်ပေးလိုက်၏။ “အားလုံးကို သတ်ပစ်လိုက်တော့”

ချင်နိုင်ငံမှ စစ်သည်များသည် ဓားများကို မြောက်ကာဖြင့် သူခိုးဂျပိုး ၁၀၀ ကျော်တို့ကို သတ်ဖြတ်လိုက်ကြသည်။ အားလုံးက သေဆုံးကုန်ကြသည်။

ဤနေရာတွင် ရှိနေသည့် လူအားလုံးတို့၏ ဘောင်းဘီခွကြားများပင် စိုစွတ်စပြုလာခဲ့၏။ ရှမ့်လန်က လူမြင်ကွင်းတွင် လူပေါင်းများစွာကို သတ်ဖြတ်လိမ့်မည်ဟု သူတို့ မထင်မှတ်ခဲ့ချေ။ ဤလူများက လူဆိုး၊ ဂျပိုး၊ သူခိုးများ ဖြစ်သည်ဆိုသော်လည်း မြို့သူမြို့သားများသာ ဖြစ်၏။ တည်နေရာတွင် ရှိနေသည့် လူပေါင်းထောင်ချီ တို့သည် လည်ကုပ်များပင် အေးကနဲ ဖြစ်သွားကြ၏။

ရှမ့်လန်က ထိုလူပေါင်းထောင်ချီကို လှမ်းကြည့်ကာဖြင့် တစ်လုံးချင်း ပြောလိုက်သည်။ “ပိုင်ရီခရိုင်ထဲမှာ အရာအားလုံး လုယက်ခံရတယ်။ ပြီးတော့ လူပေါင်းထောင်ချီ သတ်ဖြတ်ခံရတယ်။ ဒီကိစ္စကို ခင်ဗျားတို့ မျက်လုံးနဲ့ မြင်ခဲ့တယ်မလား။ ဒါကို ချင်နိုင်ငံက စစ်သည်တွေ လုပ်ခဲ့တာလား”

လူပေါင်းထောင်ချီတို့က ပြန်လည်ကာ မဖြေဆိုရဲချေ။

“ပြောစမ်း” ရှမ့်လန်က မေးမြန်းလိုက်၏။

“ချင်နိုင်ငံက စစ်သည်တွေ လုပ်ခဲ့တာပါ။ ကျုပ်တို့ ရှင်းရှင်းလင်းလင်း မြင်ခဲ့ပါတယ်”

တစ်စုံတစ်ယောက်က အော်ဟစ်လိုက်၏။ “ခင်ဗျားက ချင်နိုင်ငံက စစ်သည်တွေကို နိုင်ငံထဲကို ခေါ်ဆောင်လာခဲ့ပြီး စုကလန်ရဲ့ စစ်တပ်ကို တိုက်ခိုက် အနိုင်ယူခဲ့တယ်။ ဒီလူတွေအတွက် ခင်ဗျား ပိုက်ဆံ မပေးနိုင်ဘူး။ ဒါကြောင့် ဒီနေရာကို ခေါ်ဆောင်လာခဲ့ပြီး အားလုံးကို လုယက်စေခဲ့တာပေါ့”

ရှမ့်လန်က လက်ကို ဝှေ့ယမ်းလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “ထွက်ခဲ့”

ထိုသူသည် လူကြားထဲသို့ အသာပင် ကျုံ့ဝင်သွားခဲ့၏။ “ဘာလုပ်ချင်တာလဲ။ ကျုပ်က သာမန်လူ တစ်ယောက်ပဲ”

ရှမ့်လန်က လက်ကိုသာ ဝှေ့ယမ်းလိုက်၏။ ဝူလဲ့သည် ရှေ့ဆီသို့ လှမ်းတက်ပြီး ထိုလူကို အပြင်ဘက်သို့ ဆွဲထုတ်၏။ ထိုသူက ကျောင်းတော်သားတစ်ယောက် ဖြစ်သည်။

All Chapters