← Chapters

အခန်း (၄၃၃-၄၃၄)

Vol. 31 Ch. 433-434

အခန်း (၄၃၃-၄၃၄)

Vol. 31 Ch. 433-434

အပိုင်း (၄၃၃)

ရှမ့်လန်က မေးလိုက်၏။ “ကျောင်းတော်သားတစ်ယောက်လား။ တရားဝင် ကျောင်းတော်သား နာမည် ဂုဏ်ပုဒ်တွေ၊ ဘာတွေ ရှိလား”

ထိုသူက ပြောလိုက်သည်။ “ကျုပ်က ကြိုးစားနေတဲ့ လူတစ်ယောက်ပဲ။ မကြာခင်မှာ ကျောင်းတော်သား ဂုဏ်ပုဒ်ကို တရားဝင် ရမယ့်လူပဲ”

ထိုသူက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်ခြင်းပင်။ အဘယ်ကြောင့်ဆိုသော် ရှမ့်လန်၌ တကယ် အစစ်အမှန် ကျောင်းတော်သား ဂုဏ်ပုဒ်ရှိသည် မဟုတ်ချေ။ စာမေးပွဲမဖြေဘဲ နန်းတွင်းမှ ပေးအပ်ထားသည့် ဂုဏ်ပုဒ်ကို ရယူထားခြင်းဖြစ်၏။

ရှမ့်လန်က ပြောလိုက်သည်။ “ခင်ဗျားရဲ့ ခွေးမျက်လုံးကို ဖွင့်ပြီး သေချာကြည့်။ ချင်စစ်သည်တော်တွေက ဘယ်လိုပုံစံမျိုးလဲ။ အလံတွေကို ဝှေ့ယမ်းလိုက်ရုံနဲ့ ချင်နိုင်ငံက လူတွေ ဖြစ်သွားပြီလား။ သေချာကြည့်စမ်း”

တကယ်ပင် ရွှဲ့ပြည်နယ်မှ လူများအနေနှင့် ချင်နိုင်ငံမှ လူများဖြစ်ကြောင်း လွယ်လွယ်ကူကူ ပြောဆိုနိုင်၏။ ချင်နိုင်ငံမှ လူများသည် ကုန်းမြေဒေသများတွင် နေထိုင်ခဲ့ကြသောကြောင့် သူတို့၏ အသားအရေများသည် နီမြန်းပြီး မဲပြာ၏။ သူတို့၏ မျက်နှာသွင်ပြင်ကလည်း ကြမ်းတမ်း၏။

“ပြောနိုင်ပြီလား” ရှမ့်လန်က ပြောလိုက်၏။ “သေချာကြည့်စမ်း။ ဒါ ချင်နိုင်ငံက စစ်သည်တော်တွေပဲ။ ဒီလူတွေရဲ့ အသားအရေက နီတယ်။ မဲတယ်။ ပြီးတော့ အားကောင်းတယ်။ အရပ်ပုတယ်။ ရုပ်လည်း ဆိုးတယ်”

ပြောပြီးနောက်မှာတော့ ချင်နိုင်ငံမှ စစ်သည်တော်များသည် ရှမ့်လန်ဆီသို့ ဒေါသတကြီးဖြင့် လှမ်းကာ ကြည့်ရှုလိုက်၏။

‘ချီးတဲ့မှ... ဥပမာပေးတာကလည်း ဘယ်လိုဖြစ်ရတာလဲ။ ခင်ဗျားအတွက် ကျုပ်တို့က တိုက်ခိုက်ပေးခဲ့ တာလေ။ ခင်ဗျား ကျုပ်တို့ကို အရှက်မခွဲသင့်ဘူး’

ရှမ့်လန်၏ အကြည့်သည် ထိုသူများအားလုံးကို ဝေ့ကြည့်လိုက်၏။ ချက်ချင်းပဲ ချင်နိုင်ငံမှ စစ်သည်တော်များက တွန့်ကနဲ ဖြစ်သွားကြသည်။

‘ဟုတ်ပြီ၊ ထားပါတော့။ ကျုပ်တို့က မဲမဲ၊ နီနီပေါ့’

သူတို့ရှေ့တွင်ရှိမှ ဤကောင်လေးသည် ချင်နိုင်ငံမှ စစ်သည်ပေါင်း သောင်းချီကို သတ်ဖြတ်ပစ်ခဲ့ဖူးသည့် လူတစ်ယောက် ဖြစ်၏။ ချင်နိုင်ငံ၏ ဘုရင် အာယုထိုင်ကိုပင် သတ်ဖြတ်ခဲ့သည့်လူ ဖြစ်၏။ ကြမ်းတမ်းလွန်းလှချေ၏။ သူတို့အနေနှင့် သွားရောက် ရန်ပြု၍ မဖြစ်နိုင်ချေ။

ရှမ့်လန်က ကျောင်းတော်သားဘက်သို့ လှည့်ကာ ပြောလိုက်၏။ “ပြောနိုင်ပြီလား။ သေသေချာချာ ပြန်စဉ်းစားစမ်း။ တိုက်ခိုက်ပြီး လုယူတဲ့၊ လူသတ်တဲ့လူတွေအကုန်လုံးက အတုတွေလား၊ အစစ်တွေလား”

ကျောင်းတော်သားသည် မျက်လုံးကို မှိတ်လိုက်၏။ ပြီးနောက် တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။

ရှမ့်လန်က ပြောလိုက်၏။ “ကျုပ်ကို ပြောစမ်း။ မြို့ထဲဝင်ပြီး သတ်သွားတဲ့သူတွေက ချင်နိုင်ငံစစ်သည် အတုတွေလား၊ အစစ်တွေလား”

ကျောင်းတော်သားက ပြောလိုက်သည်။ “ဘယ်လိုသိမှာလဲ။ ခင်ဗျားရဲ့ လက်ထဲမှာ ဓားရှိနေတာလေ။ ခင်ဗျား ပြောချင်တာကို ပြောနိုင်တာပဲ”

ရှမ့်လန်၏ မျက်လုံးများက ကျဉ်းမြောင်းသွား၏။ “ဪ.. ဒီတော့ ခင်ဗျားက သိတယ်။ ဒါပေမဲ့ မသိချင်ယောင်ဆောင်နေတာပေါ့။ ဒီတော့ ခင်ဗျားက ကျုပ်ကို အပြစ်ဟူသမျှ ခေါင်းပေါ်ပုံချဖို့ ကြိုးစား နေခဲ့တာပဲ။ ကောင်းပြီ။ ခင်ဗျားရဲ့ဆန္ဒကို ကျုပ် ဖြည့်ဆည်းပေးရုံပဲ။”

ရှမ့်လန်၏ ဓားမြောင်သည် ထိုကျောင်းတော်သား၏ ရင်ဘတ်ကို ထိုးစိုက်သွား၏။ လူများအားလုံးက ကြက်သီးမွေးညှင်းများပင် ထသွားခဲ့ကြ၏။ ကျောင်းတော်သား၏ ပါးစပ်ထဲမှ သွေးများ စီးကျလာခဲ့၏။ သူသည် ရှမ့်လန်ကို မယုံကြည်နိုင်သလို ကြည့်လိုက်၏။ ရူးသွပ်နေသည်လား။

ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ် လိုချင်သလောက် စုကလန်အဖွဲ့ဝင်အားလုံးကို သတ်ပစ်နိုင်တယ်”

ရှမ့်လန်က လူအုပ်ထဲသို့ လှမ်းကြည့်ကာ ပြောလိုက်၏။ “ခင်ဗျားတို့ထဲက တချို့က ညံ့ဖျင်းလွန်းတယ်။ တချို့ကတော့ ညံ့ဖျင်းချင်ယောင်ဆောင်ကြတယ်။ တချို့ကကျတော့ ရေသာခိုချင်ကြတယ်။ သာရာနောက် လိုက်ချင်ကြတယ်။

ပြီးတော့ ကျုပ် ထပ်ပြီးပြောမယ်။ ချင်နိုင်ငံက စစ်သည်တော်တွေက မီးရှို့ခဲ့တယ်။ မြို့ကြီးလေးမြို့ကို လုယက်ခဲ့တယ်။ လူပေါင်းထောင်ချီကို သတ်ဖြတ်ပစ်ခဲ့တယ်။ ဒီအရာတွေအကုန်လုံးက ဒီချင်နိုင်ငံက စစ်သည်တော်တွေနဲ့ မဆိုင်ဘူး။ တစ်စုံတစ်ယောက်က ချင်နိုင်ငံစစ်သည်တော် ဟန်ဆောင်ပြီး လုပ်ခဲ့တာပဲ။ ဒီကိစ္စက ကျုပ်တို့နဲ့ မဆိုင်ဘူး။ ခင်ဗျားတို့ ကျုပ်ပြောတာကို ကြားလား”

ရှမ့်လန်က အော်ဟစ်လိုက်သည်။

လူအုပ်ထဲမှ တစ်စုံတစ်ယောက်က ရုတ်တရက် လှမ်းကာ ပြောလိုက်သည်။ “ဘာသက်သေရှိလို့လဲ။ ခင်ဗျားနဲ့ မဆိုင်ဘူးဆိုတာ ဘာသက်သေရှိလို့လဲ။ ဒီကိစ္စကို လုပ်ခဲ့တဲ့အားလုံးကလည်း ခင်ဗျားပဲလေ”

ရှမ့်လန်က ထိုသူကို လက်ညှိုးထိုးကာ ပြောလိုက်၏။ “အခုပြောလိုက်တဲ့လူ ထွက်ခဲ့”

ထိုအချိန်မှာတော့ လူပေါင်းထောင်ချီတို့က တိတ်ဆိတ်ငြိမ်သက်သွား၏။ လူအုပ်ကြားတွင် ရှိနေသည့်လူသည် မည်သည့်အသံမှ မထွက်ရဲချေ။ စိတ်ထဲတွင်တော့ အေးစက်စက် ရယ်မောလျက်ရှိ၏။ ‘ငါ လူအုပ်ထဲမှာလေ။ မင်း ဘာလုပ်နိုင်လဲ’

လူပေါင်းများစွာတို့ကို လိုက်လံကာ သတ်ဖြတ်ပစ်ရန် မဖြစ်နိုင်ချေ။ အပြစ်ရှိသူက သူဖြစ်၏။ သို့ပေမည့် စောဏက အော်လိုက်သူက သူ ဖြစ်မှန်း ဘယ်သူမှ သိလိမ့်မည်မဟုတ်ချေ။ ညံ့ဖျင်းလွန်းလှချေ၏။ တစ်ဖက်လူသည် ချောမောရုံသာရှိ၏။ ဦးနှောက်မရှိချေ။

ရှမ့်လန်မှာတော့ လူအုပ်ကြားရှိ တည်နေရာတစ်ခုခုဆီသို့ လက်ညှိုးညွှန်ကာ ပြောလိုက်သည်။ “အဲလူက အဲနေရာမှာပဲ။ တစ်စုံတစ်ယောက်က အဲလူဖြစ်ကြောင်း ပြသမယ်ဆိုရင် ဆွဲထုတ်ခဲ့လိုက်တော့”

ဘယ်သူမှ စောဏက အော်လိုက်သူ မည်သူဖြစ်ကြောင်း ထုတ်ဖော်မပြသကြချေ။ ထိုအစား လူပေါင်းများစွာတို့က ထိုနေရာ၌ တဖြည်းဖြည်း ပိုမိုကာ များပြာလာပြီး တရားခံကို ထုတ်ဖော်မရအောင် ပြုမူထားကြသည်။

“စိတ်ဝင်စားစရာပဲ”

ရှမ့်လန်က ပြောလိုက်၏။ “အင်း.. အခုဖြစ်နေတဲ့ ပြဿနာက ကျုပ်နဲ့ ဘာမှမသက်ဆိုင်ဘူးဆိုတာကို ခင်ဗျားတို့ သိနေပြီသား ဆိုပေမဲ့ ကျုပ်အပေါ် အပြစ်ဟူသမျှ ပုံချချင်နေကြတယ်။ ခင်ဗျားတို့က ကျုပ်နဲ့ ရန်သူ ဖြစ်ချင်နေကြတယ်။ ခင်ဗျားတို့နှလုံးသားထဲက မုန်းတီးမှုကို ကျုပ်အပေါ် ဖြေလျော့ချင်တာ မဟုတ်လား။

ကောင်းပြီ။ ခင်ဗျားတို့က ဒီလူ့ကို ထုတ်ဖော်မပြောချင်ဘူးဆိုမှတော့ .... အဲနေရာမှာရှိတဲ့ လူတွေအကုန်လုံးကို ဖမ်းလိုက်။ ဖမ်းကြစမ်း”

ရှမ့်လန်က အမိန့်ပေးလိုက်သည်။

စစ်သည်တော်ရာချီတို့သည် ထိုနေရာဆီသို့ လှမ်းဝင်သွားခဲ့ပြီး ထိုနေရာတွင်ရှိနေသည့် လူတစ်ဒါဇင်ကျော် တို့ကို ဖမ်းဆီးလိုက်၏။ လူအားလုံးတို့သည် ခွေးများ၊ ဝံပုလွေများကဲ့သို့ပင် အော်ဟစ်နေခဲ့၏။

“အားလုံးကို သတ်ပစ်လိုက်။”

ရှမ့်လန်က ပြောလိုက်၏။ “အမှန်ပဲ။ အားလုံးကို သတ်ပစ်လိုက်တော့”

ထိုစကားစုထွက်ပေါ်လာချိန်မှာတော့ လူပေါင်းတစ်ဒါဇင်ကျော်တို့က လူတစ်ယောက်တည်းကို လက်ညှိုး ညွှန်ပြလိုက်သည်။ “သူပါပဲ၊ သူပါပဲ။ ခုဏက ပြောခဲ့တာ သူပါပဲ။ ကျုပ်တို့ မဟုတ်ပါဘူး”

တစ်ဖက်လူကို ချက်ချင်းပဲ ချောက်ချကြပြီဖြစ်၏။ ထိုသူက ချက်ချင်းပဲ ဖမ်းဆီးခံလိုက်ရ၏။

ရှမ့်လန်က ပြောလိုက်သည်။ “အင်း.. လျန်ယုံနင်ရဲ့လူ မဟုတ်လား။ ဒါမှမဟုတ် ကျန့်ထော်ရဲ့ လူလား။ စုကလန်ရဲ့ လူလား။ မီးလောင်ရာ လေပင့်တဲ့လူလား။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ကိစ္စမရှိဘူး။ သူ့ကို သတ်ပစ်လိုက်တော့”

ခဏလောက်ကြာပြီးနောက် ထိုသူသည် ခါးမှ နှစ်ပိုင်း ပိုင်းဖြတ်ခြင်းကို ခံရ၏။ တည်နေရာတွင် ရှိနေသည့် လူပေါင်းများစွာတို့က ကြောက်လန့်သွားခဲ့ကြပြီး သေးများထွက်လုမတတ်ပင်။

ရှမ့်လန်က လူပေါင်းထောင်ချီတို့ကို လှမ်းကာ ကြည့်လိုက်၏။ သူသည် ပေတံတစ်ချောင်းကို အသာယူကာဖြင့် လူတစ်ယောက်ချင်းစီ၏ မျက်နှာကို လိုက်လံကာ ရိုက်နှက်နေ၏။

ဖြောင်း… ဖြောင်း… ဖြောင်း…။

ထိုသူတို့၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာခဲ့၏။

“အခု ဘယ်သူမှ ကျုပ်ကို မနှောင့်ယှက်တော့ဘူး မဟုတ်လား။ ဘယ်သူ ထပ်ပြီးသရုပ်ဆောင်ချင် သေးတာလဲ” ရှမ့်လန်က မေးမြန်းလိုက်သည်။

လူပေါင်းထောင်ချီတို့သည် ဦးခေါင်းကို ငုံ့ထားလိုက်၏။ မည်သူမှ စကားမပြောရဲချေ။

“ချင်နိုင်ငံ စစ်သည်တော်တွေက ခင်ဗျားတို့ အခုဖြစ်ခဲ့တဲ့ မီးရှို့တာ၊ လုယက်တာနဲ့ပတ်သက်ပြီး ဘာမှ မလုပ်ခဲ့ဘူး။ ဒါပေမဲ့ အပြစ်တွေ ခေါင်းပေါ်ရောက်လာမှာ စိုးလို့ လျှောက်ပြောနေတယ် ထင်နေတာလား။ မှားတယ်။ တကယ်ပဲ ကျုပ်တို့ ဘာမှမလုပ်ခဲ့ဘူး။ ဒါပေမဲ့ ဘယ်သူကမှ ကျုပ်ကို လာပြီး အပြစ်တင်လို့ မရဘူး။ ကျုပ်က အရင်တုန်းက မလုပ်ခဲ့ဖူးဘူး။ ဒါပေမဲ့ ဒီနေ့ ကျုပ်လုပ်ပြီ။ ကျုပ်က ခင်ဗျားတို့ အကုန်လုံးကို သတ်ပစ်ရုံသာမကဘူး။ စုကလန်ရဲ့ အကြွင်းအကျန် အကုန်လုံးကို သတ်ဖြတ်မယ်။ ကျန်းယွမ်မြို့တော်ဝန် တစ်ယောက်အနေနဲ့ လူတွေအတွက် ဆုံးဖြတ်မပေးနိုင်ဘူးဆိုရင် အိမ်ပြန်ပြီး အာလူးပူပူလေးပဲ ထိုင်စားနေတော့မှာပေါ့။ ဘာလုပ်ဖို့ အလုပ်လုပ်တော့မှာလဲ။”

ရှမ့်လန်က သူ၏ အရာရှိ စည်းတံဆိပ်တုံးကို ထုတ်ယူကာဖြင့် ပြောလိုက်၏။ “အင်း… ကျုပ်က မြို့တော်ဝန် တစ်ယောက်ပဲ။ ခင်ဗျားတို့ စိတ်ထဲမှာ ဘာတွေဖြစ်နေလဲ၊ ခင်ဗျားတို့က ဘာတွေလဲဆိုတာ ကျုပ် စိတ်မဝင်စားဘူး။ ခင်ဗျားတို့ လုပ်ချင်တာကိုလည်း လုပ်လို့ရတယ်။ ခင်ဗျားတို့ မကျေနပ်ရင် နန်းမြို့တော်ကို သွားတိုင်လည်းရတယ်။ ကြိုက်တာလုပ်လို့ရတယ်။

ကျုပ်က ကျန်းရှစ်စီရင်စုကို လာခဲ့တာ လက်စားချေဖို့ပဲ။ ကျုပ်ရဲ့ ရည်ရွယ်ချက်က စုကလန်ကို ဖျက်ဆီးဖို့ပဲ။ ဘာလဲ တရားမျှတမှု။ တရားမျှတမှုဆိုတာ ဘာလဲ။ တရားမျှတမှုက လူတွေအတွက် ဘာလုပ်ပေးနိုင်လဲ။ ကျုပ် ဘာတစ်ခုကိုမှ ဂရုမစိုက်ဘူး။ ခင်ဗျားတို့ စိတ်ထဲမှာ ကျုပ်ကို ဆဲရင် ဆဲလိမ့်မယ်။ ကိစ္စမရှိဘူး။ ဒါပေမဲ့ ကျုပ်ကို ပြဿနာရှာရဲတဲ့လူတိုင်းက ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် သေရလိမ့်မယ်။

ကျုပ်… စုကလန်ရဲ့ အကြွင်းအကျန်တွေအကုန်လုံးကို သတ်ပစ်မယ်။ ကျန်းယွမ်မြို့ထဲမှာရှိတဲ့ လူတွေက ကျုပ်နဲ့အတူတူ ဘေးချင်းယှဉ်ပြီး တိုက်ခိုက်ခဲ့ကြတယ်။ ဒီလူတွေ အကုန်လုံးကို ကျုပ်နဲ့ တသားတည်းလို ဆက်ဆံသွားမယ်။ ခင်ဗျားတို့အတွက်ကတော့ အင်း… ခင်ဗျားတို့အကုန်လုံး သေသွားမယ်ဆိုရင်တော့ ကျုပ်က မျက်မှောင်တစ်ချက် တွန့်မှာမဟုတ်ဘူး။

ကျုပ်နာမည်က ရှမ့်လန်၊ ရွှမ်ဝူနယ်စားကြီးရဲ့ သမက်တော်ပဲ။ ခင်ဗျားတို့ရဲ့ လည်ကုပ်တွေက မာကြောတယ်လို့ ထင်ရင် ကျုပ်ကို လာပြီး လက်စားချေနိုင်တယ်။ ဒါပေမဲ့ ခင်ဗျားတို့ မသေချင်ဘူးဆိုရင် ခပ်ဝေးဝေးကို ရှောင်ထား။ မဟုတ်ရင် စုကလန်ရဲ့ မျိုးနွယ်လက်ကျန်စာရင်းထဲမှာ ခင်ဗျားတို့ပါ ပါသွားလိမ့်မယ်။

စပြီး ရေမယ်။ ၃… ၂… ၁…”

စတင်ရေရွတ်နေစဉ်မှာပဲ လူပေါင်းထောင်ချီတို့က နောက်သို့ လျင်လျင်မြန်မြန်နှင့် ဆုတ်ခွာသွားခဲ့ကြ၏။

“အရူးတွေပဲ” ရှမ့်လန်သည် နှာခေါင်းကို အသာပွတ်သပ်ကာဖြင့် အထင်အမြင် သေးသလို အော်ဟစ်လိုက်မိသည်။ သူသည် ထွက်ပြေးသွားခဲ့သည့် လူပေါင်းထောင်ချီတို့ကို အထင်အမြင်သေးသလို လှမ်းကာကြည့်ရှု၏။ ပြီးနောက် လျန်ယုံနင်ဆီသို့ လှမ်းလိုက်သည်။

“ဟား ဟား သခင်ကြီးလျန်.. ကဲ ပြန်ကြရအောင်”

လျန်ယုံနင်သည် သူ၏ နားကိုအုပ်ကိုင်ကာဖြင့် ရှမ့်လန်ကို လက်ညှိုးထိုးလိုက်၏။ “ရှမ့်လန်.. မင်းကတော့ သွားပြီပဲ။ မင်း တကယ့်ကို သွားပြီပဲ။ ချင်နိုင်ငံက မြင်းသည်တော်တွေကို ခေါ်ဆောင်လာခဲ့ပြီး ရွှဲ့ပြည်နယ်ရဲ့ စစ်တပ်ကို တိုက်ခိုက်ခဲ့တယ်။ ဒါက ပုန်ကန်တာနဲ့ အတူတူပဲကွ။ မင်းတော့ ဒုက္ခရောက်ပြီ”

ပြီးနောက် လျန်ယုံနင်က တုန်ယင်သွားခဲ့၏။ “ရှမ့်လန်.. မင်း… မင်း ဘာလုပ်တာလဲ”

ရှမ့်လန်က ပြန်လည်ကာ ဖြေဆိုလိုက်၏။ “အများကြီး မဟုတ်ပါဘူး။ ခင်ဗျားအနေနဲ့ မြန်မြန်ဆန်ဆန် လမ်းမလျှောက်နိုင်မှာ စိုးရတယ်။ ဒါကြောင့် ကျုပ် ခင်ဗျားကို ကူညီတာပါ”

လျန်ယုံနင်သည် ကျိန်းသေပေါက် ကြောက်လန့်သွားခဲ့၏။ သူသည် မကြာခင်မှာပဲ သူ၏ လည်ပင်းကို သိုင်းချည်သည့် ကြိုးတစ်ချောင်း ရောက်ရှိလာသည်ကို တွေ့မြင်၏။ ကြိုး၏ တခြားသော အစွန်းမှာတော့ ရှမ့်လန်၏ လက်တွင် ရှိသည်။

ရှမ့်လန်သည် လျန်ယုံနင်ကို ခွေးထွက်ကျောင်းသလို ကြိုးနှင့် ချည်ပြီး လှမ်းသွားခဲ့၏။

ပထမတုန်းက အရှိန်မမြန်ချေ။ လျန်ယုံနင်က လိုက်မီ၏။ သို့ပေမည့် ကြာလာချိန်မှာတော့ ရှမ့်လန်က မြင်းစီးနေသောကြောင့် အရှိန်ပိုမြန်လာပြီး လျန်ယုံနင် လိုက်မမီတော့ချေ။ ထို့ကြောင့် မြေပေါ်တွင် တရွတ်တိုက် ပါလာခဲ့သည်။

“သွား… သွား…” ရှမ့်လန်သည် မြင်းကို ဖနောင့်နှင့် ပေါက်ကာဖြင့် အမြန်ဆုံး မောင်းနှင်လျက် ရှိနေ၏။ ကျန်းရှစ်စီရင်စု၏ အုပ်ချုပ်ရေးမှူးတဖြစ်လည်း လျန်ယုံနင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် မြေပေါ်တွင် တရွတ်တိုက်ဆွဲခြင်းကို ခံရ၏။ မကြာခင်မှာပဲ အဝတ်အစားအားလုံးက စုတ်ပြတ်လျက် ရှိနေပြီး အရေပြားများကလည်း စုတ်ပြတ်လာ၏။ သွေးချင်းချင်းရဲလာ၏။

“အား… အား…”

လျန်ယုံနင်သည် သွေးပျက်ဖွယ် အော်ဟစ်လျက်ရှိနေသည်။ “ရှမ့်လန်.. ကျေးဇူးပြုပြီး ငါ့ကို ညှာတာပါ။ ငါ့ကို ညှာတာပါ။ ငါ ဝန်ခံပါတယ်။ ငါ ဝန်ခံပါတယ်။ ဒါ ကျန့်ထော်လုပ်တာပါ။ ကျန့်ထော်ရဲ့ မြင်းသည်တော်တွေက ချင်နိုင်ငံက စစ်သည်တော်တွေ အယောင်ဆောင်ပြီး လူတွေကို လိုက်သတ်ခဲ့တာပါ။ သူက မြို့သူမြို့သား သောင်းချီကို သတ်ဖြတ်ခဲ့ပါတယ်။

ကျုပ်တို့က ကျန်းယွမ်နယ်စားကြီး အိမ်တော်ကို လွယ်လွယ်ကူကူနဲ့ ရယူခဲ့တယ်။ တစ်ဖက်လူတွေကလည်း ပြန်ပြီး မတိုက်ခိုက်ခဲ့ဘူး။ ဒါပေမဲ့ ပြင်းထန်တဲ့တိုက်ပွဲတစ်ခုကို တိုက်ခိုက်ရသလို အစီရင်ခံရမှာ။ ဒါကြောင့် စုကလန်ရဲ့ စစ်သည် ၈၀၀၀ ကျော်ကို သတ်ဖြတ်ပစ်ခဲ့ဖို့ ကျုပ်တို့ လူ့ခေါင်းတွေ အများကြီးလိုနေတယ်။ ဒါကြောင့်မို့လည်း အပြစ်မဲ့တဲ့ ပြည်သူပြည်သားတွေကို သတ်ခဲ့တာပါ။ ကျုပ်တို့… ကျုပ်တို့ လုပ်ခဲ့တာဆိုပေမဲ့ ကျန့်ထော်က ပိုပြီးလုပ်ခဲ့တာပါ”

လျန်ယုံနင်က ကျယ်လောင်စွာ အော်ဟစ်လျက်ရှိ၏။

ရှမ့်လန်က မြင်းကို အသာရပ်ကာဖြင့် နောက်တွင်ရှိနေသည့် လူပေါင်းထောင်ချီကို လှမ်းကာ ပြောလိုက်သည်။ “ခင်ဗျားတို့ အခု ကြားပြီလား”

သူတို့အားလုံး ကြားပြီဖြစ်၏။ အမှန်တရားက ပေါ်ပေါက်လာခဲ့ပြီ။ အပြစ်မဲ့သည့် လူပေါင်းများစွာကို သတ်ဖြတ်ခဲ့သည့်လူက ကျန့်ထော်ဖြစ်၏။ ရှမ့်လန် မဟုတ်ခဲ့ချေ။ သို့ပေမည့် လူပေါင်းထောင်ချီတို့သည် ရှမ့်လန်ကို အမုန်းတရားဖြင့် လှမ်းကာ ကြည့်ရှုနေတုန်းပင်။

ဤကဲ့သို့သော ရလဒ်မျိုး ပေါ်ပေါက်လာမည်ဟု သူသိရှိ၏။ အချိန်တော်တော်များများတွင် လူများသည် အမှန်တရားကို ယုံကြည်ရန် မလိုအပ်ချေ။ သူတို့အနေနှင့် အမုန်းတရားကို ပုံချရန် ပစ်မှတ် တစ်ခုကိုသာ လိုအပ်သောကြောင့်ပင်။

လျန်ယုံနင်ကို သူတို့ယုံကြည်သည်။ စစ်သူကြီး ကျန့်ထော် နှင့် မရင်းနှီးကြသော်လည်း ထိုစစ်သူကြီးသည် သူတို့ကို အစားအသောက်များ ဝေငှပေးသည်။ ထို့ကြောင့် သူတို့က ဤလူနှစ်ယောက် နှင့် ပတ်သက်၍ စိတ်ထဲတွင် ချစ်ခင်ရင်းနှီးစွဲ ရှိသည်။

သို့ပေမည့် သူတို့က ရှမ့်လန်ကို မမြင်ခဲ့ဖူးချေ။ ရှမ့်လန်သည် တကယ့်ကို မောက်မာဝင့်ကြွားလှသူ တစ်ယောက် ဖြစ်၏။ ကိုယ်ပိုင်ဂုဏ်သိက္ခာဟူ၍ မရှိလှချေ။ ထို့ကြောင့် ရှမ့်လန်ပြောသမျှကို မယုံကြည်ခြင်းသာ ဖြစ်၏။ သူတို့အားလုံး၏ နှလုံးသားထဲရှိ အပြစ်ဟူသမျှက ရှမ့်လန် အပေါ်တွင်သာ ရှိ၏။

ထိုအရာက ထူးခြားသည့်အကြောင်းရင်း မရှိပေ။ သူတို့က ရှမ့်လန်ကို မုန်းတီးသောကြောင့်ပင်။ ဤအရာက လူသားများ၏ စိတ်နှလုံးသားလည်း ဖြစ်၏။ လူများ၏နှလုံးသားထဲတွင် ကောင်းမွန်သည့် လူတစ်ယောက်ဖြစ်ဖို့ ဆိုသည်မှာ လွယ်ကူသည် မဟုတ်ပေ။

ရှမ့်လန်က ထိုအခြင်းအရာကို အစောကြီးတည်းက သိရှိထားပြီးသားဖြစ်၏။ ထို့ကြောင့်ပင် သူက မည်သူ့ကိုမှ ဂရုမစိုက်ခြင်းပင်။ ခရိုင်အတွင်းရှိ လူများ၏ နှလုံးသားကို စွဲဆောင် သိမ်းပိုက်ဖို့ ကိစ္စကို သူက ကျန်းချုံးထံသို့ သာ လွှဲပြောင်း ပေးအပ်ထားပေလိမ့်မည်။

“သောက်ရူးတွေပဲ” ရှမ့်လန်က ထပ်မံကာ ဆဲဆိုလိုက်၏။ ပြီးနောက် သူက အရှိန်မြှင့်လိုက်၏။

“အား… အား…”

လျန်ယုံနင်၏ ဆိုးဆိုးရွားရွား အော်ဟစ်သံက ထပ်မံကာ ထွက်ပေါ်လာခဲ့၏။ ကီလိုမီတာ ဒါဇင်ချီ အဝေးဆီသို့ ရောက်ရှိပြီးနောက် လျန်ယုံနင်က မအော်နိုင်တော့ချေ။ အဘယ်ကြောင့်ဆိုသော် သူ၏ ပေါင်အောက်ပိုင်းတစ်ခုလုံး စုတ်ပြတ်သတ်လျက်ရှိနေသောကြောင့်ပင်။

အပိုင်း (၄၃၄)

တစ်နာရီခန့်ကြာပြီးနောက် ရှမ့်လန်၏ မြင်းသည်တော် ၂၀၀၀ တို့က ကျန်းယွမ်မြို့ထဲသို့ ဝင်ရောက်လာခဲ့၏။

ထိုအချိန်မှာတော့ လျန်ယုံနင်၏ ခါးအောက်ပိုင်းတစ်ခုလုံးသည် စုတ်ပြတ်သတ်နေပြီး အသက်ရှုနှုန်း များကလည်း နှေးကွေးနေခဲ့သည်။

ရှမ့်လန်က မေးမြန်းလိုက်၏။ “လျန်ယုံနင်ရဲ့ မိသားစုက ကျန်းယွမ်မြို့ထဲမှာရှိလား”

ဝူလဲ့က ပြန်လည်ကာ ဖြေဆိုသည်။ “ရှိပါတယ်။ သားနှစ်ယောက်၊ အစ်ကိုတစ်ယောက် ပြီးတော့ တူ ရှစ်ယောက် ရှိတယ်”

ရှမ့်လန်က မေးမြန်းလိုက်၏။ “အားလုံးက မကောင်းမှုတွေ လုပ်တယ်မလား”

ဝူလဲ့က ပြောဆိုလိုက်သည်။ “အားလုံးက မကောင်းတဲ့လူတွေချည်းပါပဲ။ ချင်နိုင်ငံက စစ်သည်တော်တွေ အယောင်ဆောင်ပြီးတော့ မီးရှို့တယ်။ သတ်ဖြတ်တယ်။ ဒီလူတွေ အကုန်လုံး ပူးပေါင်းပါဝင်ခဲ့တာပဲ”

ရှမ့်လန်က ပြောလိုက်၏။ “ဒါဆိုရင် အားလုံးကိုသတ်။ ပြီးတော့ သူတို့ရဲ့ အလောင်းတွေကို ကျန်းယွမ်နယ်စားကြီး အိမ်တော်မှာရှိနေတဲ့ ကျန့်ထော်ဆီ ပို့လိုက်”

“ကောင်းပါပြီ”

တစ်နာရီခန့်ကြာသည့်နောက် လျန်ယုံနင်၏ မိသားစု အကုန်လုံးသည် သတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။ လျန်ယုံနင်၏ ထောင်ချီသော စစ်သည်အလောင်းများနှင့် အတူ တောင်လိုပုံထားသည့် အရာရှိများ၏ အလောင်းများကို မြင်းရထားပေါ်သို့ တင်ပြီး နယ်စားကြီးအိမ်တော်ဆီသို့ ပေးပို့လိုက်သည်။

ရှမ့်လန်က ပြောလိုက်၏။ “စစ်သည်အကုန်လုံး ဒီမှာနားမယ်။ ပြီးမှ ပြန်စုစည်းမယ်။ ပြီးရင် ကျုပ်တို့ နယ်စားကြီး အိမ်တော်ကို တိုက်ခိုက်ကြမယ်”

ဝူလဲ့သည် တုန်ယင်နေသည့်အသံဖြင့် မေးမြန်းလိုက်သည်။ “သခင်လေး.. တကယ်ပဲ နယ်စားကြီးအိမ်တော်ကို သွားတိုက်ခိုက်မှာလား”

ရှမ့်လန်က ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ်”

ဝူလဲ့က ပြောလိုက်သည်။ “ဒါပေမဲ့ ကျွန်မတို့ စုနန်ရဲ့ မိသားစုတစ်ခုလုံးကို သုတ်သင်ပစ်ခဲ့ပြီးပြီ မဟုတ်လား”

ရှမ့်လန်က ပြောလိုက်၏။ “အင်း.. အရင်တုန်းက ကျန့်ထော်နဲ့ပတ်သက်ပြီး ကျုပ်က စိတ်ဝင်စားမှုမရှိဘူး။ သူ့သမီး ကျန့်ဟုန်ရှန်းက ကျင်းဟွေ့ရဲ့ မိန်းမဖြစ်နေလို့ပဲ။ ဒီတော့ ဘုရင်မင်းမြတ်ဘာသာ သူနဲ့ ရင်ဆိုင်လိမ့်မယ်ဆိုပြီး ထားခဲ့တာ။ ကျုပ် သူ့ကို ပြဿနာမရှာခဲ့ဘူး။ ဒါပေမဲ့ သူက ကျုပ်ကို စပြီးတော့ ပြဿနာရှာခဲ့တယ်။ ဒီတော့ သူ့ရဲ့ စစ်တပ်ကြီးတစ်ခုလုံးကို သုတ်သင်ပေးပါလို့ လာပြီး တောင်းဆို နေသလိုပဲ။”

ဤနေရာတွင် မဟာပညာရှင်ပန်ရော့သာရှိသည်ဆိုပါက ရှမ့်လန်သည် အဘယ်ကြောင့် ရန်သူများရသည် ဖြစ်ကြောင်း ကျိန်းသေပေါက် သိရှိပေလိမ့်မည်။

ဝူလဲ့က ပြောလိုက်သည်။ “သခင်လေး.. ဒါပေမဲ့ ကျန့်ထော်မှာ စစ်သည်ပေါင်း ၂၀၀၀၀ ကျော် ရှိနေတယ်။ ကျန်းယွမ်နယ်စားကြီး အိမ်တော်ကလည်း တကယ့်ကို အန္တရာယ်များပြီး ဖောက်ထွင်းလို့ရတဲ့ အရာမျိုး မဟုတ်ဘူး”

ရှမ့်လန်က ပြောလိုက်၏။ “စိတ်မပူနဲ့။ နိုင်ဖို့ ယုံကြည်ချက် မရှိတဲ့ တိုက်ပွဲတစ်ခုကို ကျုပ် ဘယ်တုန်းက တိုက်ခိုက်ဖူးလို့လဲ။ ကျုပ်ပြောပြီးပြီ ... ကျန့်ထော်ကို သုတ်သင်ရှင်းလင်းပစ်မယ်လို့။ ကျုပ်က ပြောပြီးရင် ပြောပြီးတဲ့အတိုင်း လုပ်မယ်”

“အင်း”

............

ကျန်းယွမ်နယ်စားကြီးအိမ်တော်၏ အတွင်းဘက်မှာတော့ ...

ကျန့်ထော်က အလွန်တရာ အံ့အားသင့်လျက်ရှိ၏။ သူ၏ ရှေ့တွင် အလောင်းပေါင်းထောင်ချီ တည်ရှိနေ၏။ ထိုသူတို့ထဲတွင် ကျန်းရှစ်စီရင်စု၏ အုပ်ချုပ်ရေးမှူး လျန်ယုံနင် အပါအဝင် ထိုသူ၏ မိသားစုများလည်း ပါဝင်နေ၏။ လျန်ယုံနင်သည် ဆိုးဆိုးရွားရွား သေဆုံးခဲ့ပြီး ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံးပင် ပါမလာခဲ့ချေ။ တကယ့်ကို ဆိုးဆိုးရွားရွား တရွတ်တိုက်ဆွဲကာ သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။

ကျန့်ထော်က မည်သို့မှမနေနိုင်ဘဲ ကြက်သီးမွေးညှင်းများပင် ထသွားခဲ့၏။ “ရှမ့်လန်က အရူး တစ်ယောက်လား”

သူက ကျန်းရှစ်စီရင်စု၏ အုပ်ချုပ်ရေးမှူးတစ်ယောက်ဖြစ်၏။ သို့ပေမည့် တကယ်ပဲ သတ်ဖြတ်ပစ်ခဲ့၏။ အဆင့်မြင့် ရာထူးရာခံရှိသည့် လူတစ်ယောက်ပင်။ ဤကဲ့သို့ ပြုလုပ်သတ်ဖြတ်ဖို့ဆိုသည်မှာ တော်ရုံစိတ်ထားမျိုး နှင့် မဖြစ်နိုင်ချေ။

ရှမ့်လန်ကဲ့သို့သော သေးငယ်သည့် မြို့တော်ဝန်လေးတစ်ယောက်ကို မဆိုနှင့် ကျန်းချုံး သို့မဟုတ် ဘုရင်မင်းမြတ် ၏ သားတစ်ယောက်ယောက်ပင်လျှင် ဤကဲ့သို့ သတ်ဖြတ်ရဲလိမ့်မည် မဟုတ်ချေ။ ဘုရင်မင်းမြတ် တစ်ယောက်တည်းသာလျှင် ထိုကဲ့သို့ ပြုလုပ်နိုင်စွမ်း ရှိနေ၏။

အဆုံးသတ်မှာတော့ ရှမ့်လန်သည် တစ်ဖက်လူကို သေဆုံးအောင် ပြုလုပ်ခဲ့၏။ လျန်ယုံနင်၏ စစ်တပ်ကြီးတစ်ခုလုံးကို အကုန်နီးပါး သတ်ဖြတ်ခဲ့သည်။ ထိုအရာက ချင်နိုင်ငံတော်၏ စစ်သည်များကို ဦးဆောင်ပြီး ရွှဲ့ပြည်နယ်၏စစ်တပ်နှင့် တိုက်ခိုက်စေခဲ့ခြင်းပင်။

ဘာတွေဖြစ်နေသနည်း။ ရူးသွပ်နေလေပြီလား။ ကျိန်းသေပေါက် ပုန်ကန်ခြင်းနှင့် ဆင်တူနေ၏။ လောကကြီးတွင် ဤကဲ့သို့ ရူးသွပ်နေသည့်လူမျိုး ရှိနေသည်လား။

ကျန့်ထော်၏ အထင်အရဆိုလျှင် ရှမ့်လန်က ကောင်းကျိုးပြုခဲ့၏။ ကျိန်းသေပေါက် ငြိမ်ငြိမ်သက်သက်နှင့် နေထိုင်သင့်၏။ ပထမဦးဆုံး တုံ့ပြန်မှုအနေနှင့် ဤကဲ့သို့ အခြေအနေမျိုး ကြုံဆုံရပြီဆိုလျှင် ပထမဦးဆုံး နန်းမြို့တော် ဆီသို့ ပြန်ပြီး ဘုရင်မင်းမြတ်ဆီသို့ သွားရောက် လျှောက်တင်ပြီး သူ၏ အပြစ်ကင်းစင်မှုကို ထုတ်ဖော် ပြသရပေလိမ့်မည်။ လျှောက်လဲတင်ပြရမည်။

သို့ပေမည့် အပြစ်ကင်းစင်မှုကို သက်သေပြဖို့ နည်းလမ်းမရှိချေ။ မြစ်ထဲသို့ ခုန်ချမည်ဆိုလျှင်တော့ အပြစ်ကြွေးက ပျောက်ကွယ်မှာ မဟုတ်ပေ။

သို့ပေမည့် ရှမ့်လန်က နန်းမြို့တော်ဆီသို့ သွား၍ မိမိကိုယ်ကို ခုခံကာကွယ်မှု၊ လျှောက်တင်မှုကို မပြုလုပ်ဘဲ တိုက်ရိုက် သတ်ဖြတ်ခြင်းကို ပြုလုပ်ခဲ့သည်။ တကယ့် ခွေးရူးတစ်ကောင် ကဲ့သို့ပင်။

ကျန့်ထော်က မည်သို့မှ မနေနိုင်ဘဲ မေးမြန်းလိုက်မိ၏။ “ဘာကြောင့်လဲ။ ဘာကြောင့် သူ ဒီလိုလုပ်ခဲ့ ရတာလဲ။ သူက ငါ့ရဲ့ ချောက်ချခြင်းကို ခံခဲ့ရတာလေ။ ကျိန်းသေပေါက် နန်းမြို့တော်ကိုပြန်ပြီး သူ့ရဲ့ အပြစ်ကင်းစင်ကြောင်းကို တောင်းပန်တင်ပြနေရမှာ မဟုတ်လား”

ကျန့်လုံက ဇဝေဇဝါ ဖြစ်မိနေသည်။ “အဖေ.. မဟုတ်သေးဘူး။ ရှမ့်လန် သေတွင်းထဲ ခုန်ဆင်းနေတာ ကျုပ်တို့အတွက် ပိုကောင်းတယ်မဟုတ်လား”

ဤအရာက အမှန်ပင်ဖြစ်၏။ ရှမ့်လန်က ဆိုးဆိုးရွားရွား သေဆုံးချင်စိတ် ရှိနေသည်ဆိုမှတော့ ကျိန်းသေပေါက် သူတို့အနေနှင့် ထိုရောဂါကို ကုသပေးရန် စိတ်ဆန္ဒ မရှိချေ။ တစ်ခါတည်း သတ်ဖြတ်ရပေမည်။

ကျန့်ထော်က ဤတစ်ကြိမ်တွင် သူ ဒုက္ခရောက်လိမ့်မည်ဟု တွေးထင်ခဲ့၏။ ထို့ပြင် စုကလန်က ပုန်ကန်ခဲ့ပြီး သူက ပုန်ကန်မှုထဲတွင် ပါဝင်ခဲ့သည့် သဘောမျိုးပင်။ သူက စုကလန်နှင့် ပူးပေါင်းပြီး ကျန်းချုံးကို သေတွင်းထဲ တွန်းပို့ခဲ့သလို ဖြစ်ခဲ့သည်။

ရှမ့်လန်က စုကလန်၏ အဓိကအင်အားစုကြီးကို သုတ်သင်ရှင်းလင်းပစ်ပြီး ကောင်းကျိုးကို ပြုခဲ့၏။ ထို့ပြင် ရှမ့်လန်သည် သေခြင်းတရားကို ကြောက်ရွံ့ခြင်းမရှိဘဲ ကြီးမားသည့် ပြစ်မှုကြီးတစ်ခုကို ပြုလုပ်ခဲ့သည်လား။

ယခု စုမိသားစုကို သုတ်သင်ရှင်းလင်းပစ်ခြင်း၏ အဓိက သူရဲကောင်းက ကျန့်ထော် သူတစ်ယောက်တည်း သာ ကျန်ရှိပေတော့မည်။

“ဟား ဟား ဟား ဟား။ ငါ ရှမ့်လန်ကို ကျေးဇူးတင်တယ်။ သူက ကောင်းကျိုးပြုလုပ်ခဲ့ရုံသာ မကဘူး။ ပြစ်မှုကြီးကိုလည်း ကျူးလွန်ခဲ့တယ်။ ချင်နိုင်ငံတော်ရဲ့ စစ်တပ်က ဒီခရိုင်ထဲက အိမ်တွေကို မီးရှို့တယ်။ ပစ္စည်းတွေကို ယူခဲ့တယ်။ လူပေါင်းသောင်းချီကို သတ်ဖြတ်ပစ်ခဲ့တယ်။

ဒါက အပြစ်တစ်ခုဖြစ်ကြောင်း ဝန်ခံရမှာ မဟုတ်လား။ ဒါပေမဲ့ မတောင်းပန်တဲ့အပြင် သူက လူတွေကို ပွင့်ပွင့်လင်းလင်း သတ်ဖြတ်ပစ်ခဲ့တယ်။ ရွှဲ့ပြည်နယ်မှာရှိတဲ့ စစ်သည်တွေကို ပွင့်ပွင့်လင်းလင်း တိုက်ခိုက်ခဲ့တယ်။ ကျန်းရှစ်စီရင်စု၏ အုပ်ချုပ်ရေးမှူးကိုတောင် လူမြင်ကွင်းမှာ သတ်ဖြတ်ခဲ့တယ်။ ဘယ်သူမှ သူ့ကို ကယ်တင်နိုင်မှာ မဟုတ်တော့ဘူး။

သွားပြီ၊ သူကတော့ တကယ့်ကို သွားပြီပဲ။ စောင့်နေလိုက်။ သူ ကျိန်းသေပေါက် သေပြီပဲ။ ခွေးသူခိုး ရှမ့်လန်... မင်းရဲ့ ကူညီပေးမှုအတွက် ငါ ကျေးဇူးတင်တယ်။ မင်းကြောင့် ငါက နိုင်ငံ့အပေါ် ကောင်းကျိုးပြုသူ ဖြစ်လာခဲ့ပြီ”

ကျန့်လုံက ပြောလိုက်သည်။ “အဖေ.. ရှမ့်လန်က ကျုပ်တို့ဆီ အလောင်းပေါင်းများစွာ ပို့လိုက်တယ်။ ဒါက ရန်စတာ မဟုတ်လား။ သူ့ဆီမှာ လူလေး ၂၀၀၀ ကျော်ပဲရှိတာ။ ကျုပ်တို့ဆီမှာ လူ ၂၀၀၀၀ ကျော်လောက် ရှိတယ်။ ကျုပ်တို့ အားကုန်ထုတ်ပြီး သူတို့ကို သွားသတ်ဖြတ်ပစ်ရမှာ မဟုတ်လား”

ကျန့်ထော်၏ မျက်လုံးများက လင်းလက်သွားခဲ့၏။ သူ၏ စစ်တပ်ကြီးသည် ရှမ့်လန်ထက် ၁၀ ဆကျော် များ၏။ ကျန်းယွမ်မြို့ကို တိုက်ခိုက်ဖို့ဆိုသည်မှာ ပြဿနာတစ်ခု မဟုတ်ချေ။

ရှမ့်လန်၏ ချင်စစ်တပ်ကြီးသည် ပုန်ကန်သည့်လူများ ဖြစ်၏။ သူတို့အနေနှင့် ကျိန်းသေပေါက် အခွင့်အရေးကို အရယူပြီး ဖျက်ဆီးပစ်နိုင်စွမ်း ရှိနေ၏။ တကယ့်ကို မဟာအခွင့်အရေး တစ်ခုကဲ့သို့ပင်။ ဤခွေးသူတောင်းစားလေး ကို သတ်ဖြတ်ဖို့ဆိုသည်မှာ သူ၏ အမုန်းတရားများ အတွက်သာ ဖြစ်၏။

ခဏလောက် တိတ်ဆိတ်ငြိမ်သက်ပြီးနောက် ကျန့်ထော်က ခေါင်းကို ခါယမ်းလိုက်ပြီး ငြင်းပယ်လိုက်၏။ ချင်နိုင်ငံက တကယ့်ကို နီးကပ်လျက် ရှိနေ၏။ ရှမ့်လန်သာ သေဆုံးသွားပါက ချင်နိုင်ငံ၏ ဘုရင်မက ကျိန်းသေပေါက် လူပေါင်းသောင်းချီကို ဦးဆောင်ပြီး လာရောက် လက်စားချေပေလိမ့်မည်။

ထို့အပြင် ကျန့်ထော်၏ လက်ထဲတွင် စစ်သည်ပေါင်း ၂ သောင်းကျော် တည်ရှိနေ၏။ ထိုစစ်သည်များ အားလုံးက တန်ဖိုးကြီးမား၏။ ထိုသူတို့က သူ၏ အသက်ရှင်ရပ်တည်မှုအတွက် အခြေခံများပင်ဖြစ်၏။

“အိမ်ရှေ့စံမင်းသားနှင့် တတိယမင်းသားက ရှမ့်လန်လုပ်ရပ်ကြောင့် ပျော်ရွှင်နေလိမ့်မယ်။ နန်းမြို့တော်ထဲမှာ ရှိနေတဲ့ အမှုထမ်းအားလုံးက ရှမ့်လန်ကို သေလမ်းရောက်အောင် ဝိုင်းပို့ကြလိမ့်မယ်။ အင်း.. ငါတို့ လုပ်ဖို့ မလိုဘူး။ ငါတို့က ငြိမ်ငြိမ်သက်သက်နဲ့ ထိုင်ပြီး ခွေးကောင်... သူ့ဟာသူ သေဆုံးသွားတာကို ကြည့်နေရုံပဲ”

ကျန့်ထော်က ပြတင်းပေါက်ဆီသို့ အသာလှမ်းလျှောက်၏။ ပြီးနောက် ကျန်းယွမ်မြို့ကို လှမ်းကာကြည့်ရှု၏။ ကျန်းယွမ်နယ်စားကြီး အိမ်တော်မှာ တကယ့်ကို ကောင်းမွန်၏။ အထက်မှ လှမ်းကာ ကြည့်ရှုမည်ဆိုလျှင် အရာအားလုံးကို မြင်နေရသည်။ “စုနန်.. ခင်ဗျားရဲ့ ရဲတိုက်ကြီးအတွက် ကျေးဇူးပဲ။ ခုကစပြီး ကျုပ် ခင်ဗျားရဲ့ ရဲတိုက်ကြီးမှာ နေထိုင်တော့မယ်။ ဒီရဲတိုက်ကြီးက ကျုပ်ပိုင်တဲ့အရာ ဖြစ်သွားခဲ့ပြီ။”

သို့ပေမည့် နောက်တစ်ရက်မနက်ခင်းမှာတော့ ကျန့်ထော်သည် တုန်လှုပ်စရာ သတင်းတစ်ခုကို လက်ခံ ရရှိခဲ့၏။ ရှမ့်လန်သည် မြင်းသည်တော် ၂၀၀၀ ကို ဦးဆောင်ပြီး ကျန်းယွမ်နယ်စားကြီးအိမ်တော်ကို တိုက်ခိုက်မည် ဆိုခြင်းပင်။

ကျန့်ထော်က ရူးသွပ်လုမတတ်ပင် ဖြစ်နေ၏။ သူ နားကြားမှားသလားဟုပင် ထင်မှတ်ခဲ့၏။ ရှမ့်လန် ရူးသွပ်နေလေပြီလား။ သို့မဟုတ် လောကကြီးက ရူးသွပ်သွားလေပြီလား။

ရှမ့်လန်က ကျန်းရှစ်စီရင်စု၏ အုပ်ချုပ်ရေးမှူးကို သတ်ဖြတ်ပစ်ခဲ့ပြီး စစ်သည်ပေါင်းထောင်ချီကိုလည်း သတ်ဖြတ်ပစ်ခဲ့၏။ သို့ပေမည့် ငြိမ်ငြိမ်သက်သက် မနေဘဲ ယခု ကျန်းယွမ်နယ်စား အိမ်တော်ဆီသို့ လာရောက်ကာ တိုက်ခိုက်ရန် စီစဉ်နေသည်။ မြင်းသည်တော် ၂၀၀၀ ကို ခေါ်ကာ တိုက်ခိုက်ခြင်းပင်။

ရဲတိုက်ထဲတွင် စစ်သည်ပေါင်း ၂ သောင်းကျော်ရှိ၏။ ထို့ပြင် ရဲတိုက်ကြီးတစ်ခုလုံးက တောင်အထက်တွင် တည်ဆောက်ထားသည်။ ဖောက်ထွင်း၍ မရနိုင်အောင် မာကြောလွန်း၏။ တိုက်ခိုက်ဖို့ဆိုသည်မှာ မဖြစ်နိုင်သလောက် နီးပါးပင်။

ရှမ့်လန်က စိတ်လွတ်သွားသည်လား။ သို့မဟုတ် မိမိကိုယ်ကိုယ် သေလမ်းရှာနေသည်လား။ ကောင်းကင်ဘုံသို့ သွားရန်လမ်းရှိ၏။ သို့ပေမည့် မသွားခဲ့ချေ။ ငရဲသို့သွားရန် တံခါးမရှိချေ။ သို့ပေမည့် ကိုယ့်ဟာကိုယ် ထွင်းဖောက်ကာ ဝင်ရောက်ခဲ့၏။

“ရှမ့်လန်... ခွေးသူတောင်းစားလေး၊ မင်းသေချင်နေပြီဆိုမှတော့ ငါမင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့”

..............

နန်းမြို့တော်တစ်ခုလုံးကလည်း ရူးသွပ်လျက်ရှိနေ၏။ ပထမဦးဆုံး တိုက်ပွဲအောင်မြင်မှု သတင်းကြောင့်ပင်။ စုကလန်၏ အဓိကအင်အားစုကြီးတစ်ခုလုံး ဖျက်ဆီးခံရပြီး ရှမ့်လန်က ကောင်းကျိုးပြုခဲ့သည်ဆိုသည့် သတင်းကို အိမ်ရှေ့စံမင်းသားက ရရှိခဲ့၏။ ပြီးနောက် သူက မြောက်ပိုင်းနယ်စပ် စစ်စခန်း၌ ရှိနေသော ဘုရင်မင်းမြတ်ဆီသို့ ပေးပို့ခဲ့၏။

ထို့အတူ ကျန့်ထော်ကလည်း သတင်းပေးပို့ခဲ့၏။ ကျန့်ထော်နှင့် လျန်ယုံနင်တို့သည် ကျန်းယွမ်နယ်စားအိမ်တော်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စုနန်ကို အနောက်ပိုင်းဒေသဆီသို့ ထွက်ပြေး စေခဲ့၏။ ဤအရာက စုကလန် ပုန်ကန်မှုကို ဝင်ရောက်ကာ ဖြေရှင်းခဲ့ခြင်းပင်။

ကျန့်ထော်နှင့် လျန်ယုံနင်တို့သည် အိမ်ရှေ့စံမင်းသားဆီသို့ လျှို့ဝှက်စာများကို ပေးပို့ခဲ့ပြီး သူတို့၏ သစ္စာရှိမှုကို ထုတ်ဖော်ပြသခဲ့၏။ အိမ်ရှေ့စံမင်းသားသည် မြောက်ဘက်ပိုင်းရှိ ဘုရင်မင်းမြတ်ဆီသို့ ထိုစာကို ပေးပို့လိုက်ပြန်၏။

ကျန့်ထော်နှင့် လျန်ယုံနင်တို့သည် စစ်သည်ပေါင်းဒါဇင်ချီကို အသုံးပြုပြီး ထိုသတင်းကို တည်နေရာ အနှံ့ဆီသို့ ဖြန့်ဝေလျက် ရှိနေ၏။ ကျန်းရှစ်စီရင်စု၏ အောင်ပွဲ သတင်းပင်။

ကျန့်ထော်နှင့် လျန်ယုံနင်တို့၏ စစ်တပ်ကြီးသည် ကျန်းယွမ်နယ်စားအိမ်တော်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စုကလန်၏ ပုန်ကန်မှုကို ဖြေရှင်းနိုင်ခဲ့၏။ နေ့နေ့ညည တိုက်ခိုက်ခဲ့ပြီး လူဦးရေ သောင်းချီနီးပါးကို ခေါင်းဖြတ်သတ်ခဲ့၏။

ကျန့်ထော်မြို့စားကြီးက စိတ်နှလုံးတစ်ခုလုံး ပုံအပ်ကာဖြင့် စုကလန်၏ ပုန်ကန်မှုကို ဖြေရှင်းခဲ့၏။ နိုင်ငံအတွက် ကြီးမားသည့် ကောင်းကျိုးတစ်ရပ်ကို ဖန်တီးခဲ့ခြင်းပင်။ ကျန့်ထော်သည် တကယ်ပဲ အောင်မြင်မှု ရရှိအောင် ပြုလုပ်နိုင်ခဲ့သည်။

လူပေါင်းများစွာတို့၏ စိတ်နှလုံးက ပျော်ရွှင်လျက် ရှိနေ၏။ နန်းမြို့တော်တစ်ခုလုံး ဆူပွက်နေ၏။ လူပေါင်းများစွာတို့ကလည်း ထိုသတင်းနှင့်ပတ်သက်၍ အောင်ပွဲခံလျက် ရှိနေ၏။ တချို့သော စားသောက်ဆိုင်များ ဆိုလျှင် ပျော်ရွှင်မှုအတွက် အရက်ကိုပင် ဈေးချကာ ရောင်းချနေ၏။

ကျန့်ထော်သည် ပုန်ကန်မှုကို ဖြေရှင်းသည့် အဓိကထောက်တိုင်တစ်ခု ဖြစ်လာခဲ့ပြီး ရွှဲ့နိုင်ငံ တစ်ခုလုံး ပြောင်းပြန်လန်သွားမည့်အခြေအနေကို ဖြေရှင်းနိုင်ခဲ့သည့် အားကိုးအားထားပြုရသူအဖြစ် ကဗျာများ၊ သီချင်းများပင် သူ့အတွက် ပေါ်ပေါက်လာခဲ့၏။ နိုင်ငံသူနိုင်ငံသားအားလုံးတို့က ကျန့်ထော်အား ကြီးမားသည့် ကောင်းကျိုးပြုမှု၊ ဆောင်ရွက်နိုင်သူအဖြစ် သတ်မှတ်ခဲ့ကြပြီဖြစ်သည်။

တခြားသော တစ်ဖက်တွင် ရှိနေသည့် ကျန်းချုံးနှင့် ရှမ့်လန်တို့၏ အောင်ပွဲသတင်းမှာတော့ အားလုံးသောသူတို့၏ လျစ်လျူရှုခြင်းကို ခံနေရ၏။ အဘယ်ကြောင့်သနည်း။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့က သေးငယ်သည့်လူများဖြစ်ပြီး ကျန့်ထော်မှာတော့ ဩဇာအာဏာ ကြီးမားသည့်လူတစ်ယောက် ဖြစ်သောကြောင့်ပင်။

ကျန့်ထော်သည် ရွှဲ့ပြည်နယ်၏ စစ်နတ်ဘုရားတစ်ပါး ဖြစ်၏။ ဟုတ်ပေ၏။ အဓိက အကြောင်းအရင်းက တည်ရှိနေ၏။

အိမ်ရှေ့စံမင်းသားက အသာထိုင်ကာ ကြည့်ရှုနေခြင်းပင်။ သူက တွန်းအားမပေးသလို ကျန့်ထော်၏ ပြုမူဆောင်ရွက်မှုများကို တားဆီးခြင်းလည်း မရှိချေ။ ရှမ့်လန်ကို ဂုဏ်ပြုချီးမြှင့်ခြင်းထက် ကျန့်ထော်ကို ချီးမြှင့်ရခြင်းက ပို၍ကောင်းသည်။

ပြီးနောက်နောက်ထပ်သတင်း တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာခဲ့၏။ ရှမ့်လန်က ချင်စစ်တပ်များကို ခေါ်ဆောင်လာခဲ့ပြီး ပိုင်ရီခရိုင်အတွင်းမှ လူပေါင်းများစွာတို့ကို လုယူသတ်ဖြတ်ခဲ့ခြင်းပင်။ ခေါင်းများက လိမ့်လျက် ရှိနေပြီး ပိုင်ရီခရိုင်တစ်ခုလုံးက ငိုယို ဟစ်ကြွေးလျက် ရှိနေ၏။

တကယ့်ကို ဆိုးရွားလွန်းလှချေ၏။ လူပေါင်းများစွာတို့က ရှမ့်လန်ကို သတ်ဖြတ်ပစ်ရန် အော်ဟစ်နေကြ၏။ နိုင်ငံအပေါ် သစ္စာဖောက်ပင် ဖြစ်သည်။

နန်းမြို့တော်တစ်ခုလုံးသည် တဖြည်းဖြည်းနှင့် ဆူညံလာခဲ့သည်။ သတင်းများက တစ်ခုပြီးတစ်ခု ရောက်ရှိလာခဲ့၏။ ရှမ့်လန်က ချင်နိုင်ငံစစ်သည်များကို ခေါ်ဆောင်လာပြီး အုပ်ချုပ်ရေးမှုး လျန်ယုံနင်ကို ရက်ရက်စက်စက် သတ်ဖြတ်ပစ်ခဲ့သည်။

ရှမ့်လန် ပုန်ကန်သည်လား။ ရူးသွပ်သွားသည်လား။ ထိုအရာအားလုံးက အိမ်ရှေ့စံမင်းသား တွေးတောထားသည့်အရာ၏ အထက်သို့ ရောက်ရှိသွားသည်။ ထို့ကြောင့် သတင်းများကို မြောက်ဘက်ပိုင်းဆီသို့ ပေးပို့ပြီး သူ၏ အဖေကို ဆုံးဖြတ်ပေးပါရန် တောင်းဆိုခဲ့၏။

မြောက်ဘက်ပိုင်း အကာအကွယ်စည်းမျဉ်းမှာတော့ ...

နင်ယွမ်ရှန်းဆီသို့ သတင်းပို့ချက်များက တစ်ခုပြီး တစ်ခု ရောက်ရှိနေ၏။ စုနန် လွတ်မြောက်သွားခဲ့ပြီး ကျန့်ထော်နှင့် လျန်ယုံနင်တို့က နေ့ပေါင်း ညပေါင်းများစွာ တိုက်ခိုက်ခဲ့သောကြောင့် ကျန်းယွမ်နယ်စားကြီး အိမ်တော်ကို အရယူခဲ့၏။ ရှမ့်လန်က စစ်သည်ပေါင်းထောင်ချီကို အသုံးပြုပြီး ပိုင်ရီခရိုင်အတွင်းရှိ လူများကို ဝင်ရောက် တိုက်ခိုက်၏။ လျန်ယုံနင်ကို သတ်ဖြတ်ခဲ့ပြီး ကျန်းရှစ်စီရင်စု၏ စစ်သည်ပေါင်းထောင်ချီကိုလည်း သတ်ဖြတ်ခဲ့သည်။

ဘုရင်မင်းမြတ်၏ ဦးခေါင်းတစ်ခုလုံးက ပေါက်ကွဲလုမတတ် ဖြစ်နေ၏။ သူက ဝူဘုရင်နှင့် ညှိနှိုင်း ဆွေးနွေးရန် ပြင်ဆင်နေ၏။ အရေးကြီးသော အခြေအနေမျိုးသို့ ရောက်ရှိနေသည်။ သို့ပေမည့် များပြားလွန်းသည့် ကိစ္စရပ်များ ဖြစ်ပေါ်ခဲ့၏။

အဓိကအားဖြင့် စုကလန်၏ အဓိကအင်အားစုကြီးတစ်ခုလုံး ဖျက်ဆီးခဲ့ပြီး ချောင်စစ်တပ်ကြီးကလည်း တိုက်ခိုက်ခြင်းကို ရပ်တန့်သွားခဲ့သည်။

သို့ပေမည့် လက်ရှိအချိန်မှာတော့ ကျန်းရှစ်စီရင်စုနှင့် ပိုင်ရီခရိုင်တစ်ခုလုံးက ရှုပ်ထွေးနေခဲ့၏။ ချောင်စစ်တပ်ကြီး က ထပ်မံ လှုပ်ရှားရန် ပြင်ဆင်လာခဲ့၏။

ဘေးတစ်ဖက်တွင် ရှိနေသည့် မှတ်တမ်းရေးရာအရာရှိကပင် သွေးများဆူပွက်နေမိသည်။

သတင်းပေးပို့သူများသည် အပြင်ဘက်မှ အော်ဟစ်လျက်ရှိ၏။ “အရှင်မင်းကြီး.. ရှမ့်လန်ကို အပြစ်ပေးပါ။ ရှမ့်လန်က ပုန်ကန်နေပြီ”

“ရှမ့်လန်ကို အပြစ်ပေးပါ။ ရေနက်တပ်ဖွဲ့ကို စေလွှတ်ပြီး ရှမ့်လန်ကို ဖမ်းဆီးသတ်ဖြတ်ဖို့ တောင်းဆိုပါတယ်”

“အရှင်မင်းကြီး.. ရှမ့်လန်ကို ကျုပ်တို့ မသတ်ဘူးဆိုရင် လူတွေအားလုံးရဲ့ ဒေါသကို ဖိနှိပ်နိုင်မှာ မဟုတ်ပါဘူး”

နောက်ဆုံးမှာတော့ ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက ဒေါသထွက်သွားခဲ့၏။ သူက အော်ဟစ်လိုက်သည်။ “ခွေးအိုကြီး.. အပြင်မှာအော်နေတဲ့ကောင်တွေ အကုန်လုံးကို သတ်ပစ်လိုက်စမ်း။ ပြီးတော့ သူတို့ကို ရိုက်သတ်။ မသေသေးဘူးဆိုရင် မင်း ပြဿနာတက်မယ်။”

All Chapters