← Chapters

နယ်စပ်များအလွန်မှ စစ်ပွဲ

Vol. 22 Ch. 291

နယ်စပ်များအလွန်မှ စစ်ပွဲ

Vol. 22 Ch. 291

"အကိုကြီး 'နဂါးများ ရှာဖွေခြင်းနဲ့ ရွှေကို ထိတွေ့ခြင်း' ဆိုတာ ကြားဖူးလား"

"ငါ ကြားဖူးတယ်"

ကျန်းပေရန်က ခေါင်းညိတ်လိုက်သည်။

"ကျွန်မ အဖေက အဲ့ဒါနဲ့ ဆင်တူတဲ့ အလုပ်မျိုး လုပ်တယ်"

"မင်း အဖေက... ဂူသင်္ချိုင်း ဓားပြလား"

ကျန်းပေရန် အနည်းငယ် အံ့အားသင့်မသွားဘဲ မနေနိုင်တော့ပေ။

ဒါပေမဲ့ ပြန်စဉ်းစားကြည့်တော့ ဒါက ကျိုးကြောင်းမဆီလျော်တာတော့ မဟုတ်ဘူး။

ဂူသင်္ချိုင်း တူးဖော်ခြင်းက နည်းပညာပိုင်းဆိုင်ရာ လက်မှုပညာတစ်ခု ဖြစ်ရုံသာမက ချမ်းသာကြွယ်ဝအောင် လုပ်နိုင်တဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်တယ်။

အထူးသဖြင့် ဒီလို သိုင်းလောက ကမ္ဘာမျိုးမှာ မင်းသာ အင်အားကြီး ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ဂူသင်္ချိုင်းကို ဝင်တူးမိခဲ့ရင် အဲ့ဒီနေရာမှာတင် ကောင်းကင်ဘုံကို ပျံတက်သွားနိုင်ဖို့ လုံလောက်တာ မဟုတ်ဘူးလား။

"အင်း အဲ့ဒါနဲ့ နည်းနည်း ဆင်တူပါတယ် ဒါပေမဲ့ ဂူသင်္ချိုင်း တူးဖော်တာက ကျွန်မ အဖေရဲ့ ဘေးထွက်အလုပ်ပဲ သူ့ရဲ့ အကြီးမားဆုံး ကျွမ်းကျင်မှုက 'ဟင်းလင်းပြင် အာရုံခံနိုင်စွမ်း' ပဲ"

[ဟင်းလင်းပြင် အာရုံခံနိုင်စွမ်း] နောက်ထပ် မရင်းနှီးတဲ့ ဝေါဟာရတစ်ခုကို ကြားရတော့ ကျန်းပေရန်သည် စပ်စုသော အမူအရာကို မပြဘဲ မနေနိုင်တော့ပေ။

လင်ယုယန်က သူ့ကို ဆက်လက် မှန်းဆခိုင်းမနေတော့ဘဲ တိုက်ရိုက် ရှင်းပြလိုက်သည်။

"ဟုတ်တယ် ကျွန်မ အဖေက ချီတိုင်းပြည်က ထိပ်တန်း 'ကမ္ဘာလောကဓာတ် သခင်' တွေထဲက တစ်ယောက်ပဲ ချီတိုင်းပြည်က 'ကမ္ဘာလောကဓာတ် သခင်' အားလုံးထဲမှာ သူက 'ကြယ်တာရာ နယ်မြေ' တွေနဲ့ 'လျှို့ဝှက် နယ်မြေ' တွေကို အများဆုံး ရှာတွေ့ထားသူပဲ"

"'ကမ္ဘာလောကဓာတ် သခင်'... ဒါက 'လျှို့ဝှက်တံခါးရဲ့ အတတ်ပညာ ဆယ့်ခြောက်ပါး' ထဲက တစ်ခု မဟုတ်လား"

"အင်း"

လင်ယုယန်က ခေါင်းကို ပြင်းပြင်းထန်ထန် ညိတ်လိုက်သည်။

" 'ကမ္ဘာလောကဓာတ် သခင်' တစ်ယောက်ရဲ့ လျှို့ဝှက်ဆန်းကြယ် အတတ်ပညာက နေရာလွတ် အသစ်တွေ ဖွင့်လှစ်တာနဲ့ ဝှက်ထားတဲ့ နေရာလွတ်တွေကို စူးစမ်းရှာဖွေတာပဲ ဥပမာ..."

လင်ယုယန်က သူမ၏ လက်ညှိုးမှ သိုလှောင်လက်စွပ် တစ်ကွင်းကို ချွတ်လိုက်သည်။

"ဒါက 'ကမ္ဘာလောကဓာတ် သခင်' တစ်ယောက်ရဲ့ ကိုယ်စားပြု ပစ္စည်းတွေထဲက တစ်ခုပဲ ဒါပေမဲ့ သိုလှောင်လက်စွပ်က သက်မဲ့ အရာဝတ္ထုတွေကိုပဲ သိုလှောင်နိုင်ပြီး သူ့ရဲ့ သိုလှောင်နိုင်စွမ်းက အရမ်း သေးငယ်တယ် ဒါကြောင့် အများဆုံးတော့ ဒါကို 'ကမ္ဘာလောကဓာတ် သခင်' တစ်ယောက်ရဲ့ ဝင်ခွင့်အဆင့် လက်ရာတစ်ခုလို့ပဲ သတ်မှတ်နိုင်တယ် နည်းနည်း အဆင့်မြင့်တဲ့ ဘယ် 'ကမ္ဘာလောကဓာတ် သခင်' မဆို ဒါကို လုပ်ဖို့ အပင်ပန်းခံမှာ မဟုတ်ဘူး"

သူ့လက်ပေါ်က သိုလှောင်လက်စွပ်ကို တစ်ချက် ကြည့်လိုက်ပြီး ကျန်းပေရန်က ခေါင်းညိတ်လိုက်သည်။

သူက သိုလှောင်လက်စွပ်တွေက ဒီကမ္ဘာမှာ ထူးထူးခြားခြား တန်ဖိုးမရှိမှန်း အမြဲ သိခဲ့ပေမယ့် သူတို့ ဘယ်က လာသလဲ ဆိုတာကိုတော့ ဘယ်တုန်းကမှ မမေးခဲ့မိဘူး နေရာ တော်တော်များများမှာ ဝယ်လို့ ရနိုင်တယ် ဆိုတာပဲ သိခဲ့တယ်။

[ဒါဆို သူတို့က 'ကမ္ဘာလောကဓာတ် သခင်' တွေက လုပ်ထားတာကိုး...]

သူ့ကိုယ်ပိုင် သိုလှောင်လက်စွပ်ကို တို့ထိရင်း ကျန်းပေရန်သည် သူ မသိသေးသော ဒီ လက်မှုပညာအပေါ် ပြင်းထန်သော စိတ်ဝင်စားမှုတစ်ခု ရုတ်တရက် ခံစားလိုက်ရသည်။

"ရှန့်တိုင်းပြည်မှာတော့ 'ကမ္ဘာလောကဓာတ် သခင်' တွေအကြောင်း ငါ တစ်ခါမှ မကြားဖူးဘူး ထင်တယ်"

"ဒါပေါ့ မကြားဖူးဘူးပေါ့"

လင်ယုယန်က အနည်းငယ် ဂုဏ်ယူဟန်ဖြင့် မေးစေ့ကို ချီလိုက်သည်။

" 'ကမ္ဘာလောကဓာတ် ပညာရပ်' က အတတ်ပညာ ဆယ့်ခြောက်ပါးထဲမှာ ဝင်ရောက်ဖို့ အခက်ခဲဆုံး အတတ်ပညာတွေထဲက တစ်ခုပဲ ချီတိုင်းပြည်မှာတောင် 'ကမ္ဘာလောကဓာတ် သခင်' တွေ အများကြီး မရှိဘူး အဆင့်မြင့်တဲ့ သူတွေဆို ဖီးနစ်ငှက် အမွေးအတောင်တွေနဲ့ ချီလင် ဦးချိုတွေလို ရှားပါးတယ်"

"ရှန့်တိုင်းပြည်က သိုလှောင်လက်စွပ်တွေ အတွက်ကတော့ သူတို့က တကယ်တော့ အလယ်ပိုင်း ဒေသတွေက အဆင့်နိမ့် 'ကမ္ဘာလောကဓာတ် သခင်' တွေက တိတ်တဆိတ် ရောင်းချသွားတဲ့ ဟာတွေချည်းပဲ ဘာပဲဖြစ်ဖြစ် ဂုဏ်သိက္ခာရှိတဲ့ 'ကမ္ဘာလောကဓာတ် သခင်' တစ်ယောက်က အလယ်ပိုင်း ဒေသမှာ ဒီလို ညံ့ဖျင်းတဲ့ လက်စွပ်တွေ ရောင်းပြီး အသက်မွေးဝမ်းကျောင်း လုပ်နေရင် ရယ်စရာ ဖြစ်သွားမှာပေါ့"

"ညံ့ဖျင်းတဲ့ ထုတ်ကုန်တွေ"

ကျန်းပေရန်က သူ့ကိုယ်ပိုင် သိုလှောင်လက်စွပ်ကို ချွတ်လိုက်သည်။

"ဒါဆို အလယ်ပိုင်း ဒေသက ဟာတွေက ပို ကောင်းတယ်ပေါ့"

"ဒါပေါ့"

လင်ယုယန်က ခေါင်းညိတ်လိုက်ပြီး ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်ကာ အသံ နှိမ့်လိုက်သည်။

"ကျွန်မ အဖေက ဒါကို ဘယ်သူ့ကိုမှ မပြဖို့ ပြောထားပေမယ့် အကိုကြီးကတော့... မတူဘူးလေ"

ကျန်းပေရန်ကို ငြင်းဆိုခွင့် မပေးဘဲ လင်ယုယန်က ခရမ်းရောင် ခါးစည်း တံဆိပ်ပြား တစ်ခုကို ဆွဲထုတ်ပြီး သူ့ရှေ့သို့ တွန်းပို့လိုက်သည်။

"ဒါက ကျွန်မတို့ လင်မိသားစုရဲ့ သက်သေခံ တံဆိပ်ပြားပဲ ဒါက သိုလှောင်ခြင်း၊ သက်သေခံခြင်း၊ အသံ လွှဲပြောင်းခြင်း နဲ့ ဂိုဏ်း ပံ့ပိုးမှု မှတ်တမ်းတင်ခြင်း လုပ်ဆောင်ချက်တွေ ပါတယ်"

ကျန်းပေရန်၏ နားထဲတွင် အဲ့ဒီ လုပ်ဆောင်ချက်များက "မှတ်ပုံတင်ကတ်" "ဖုန်း" နှင့် "Kpay" ဟု တိုက်ရိုက် ဘာသာပြန်သွားသည်။

[ဒါ မင်းပဲ စမတ်ဖုန်း]

လက်ဆန့်တန်းပြီး ခါးစည်း တံဆိပ်ပြားကို ယူလိုက်ရာ ကျန်းပေရန်သည် ၎င်းကို သူ့လက်နှင့် ထိလိုက်သည့် အခိုက်အတန့်တွင် သူ၏ နှလုံးသား တုန်လှုပ်သွားသည်။

[အဆင့်မြင့် ဝိညာဉ် ကျောက်တုံး]

[သူဌေးမဆိုတာ ဘာလဲ ဒါကမှ သူဌေးမအစစ်ပဲ အဆင့်မြင့် ဝိညာဉ် ကျောက်တုံးနဲ့ လုပ်ထားတဲ့ "ဖုန်း" တစ်လုံး ဒါက ကျန်းပေရန်ကို စမတ်ဖုန်းတွေ မော်ဒယ်အသစ်ထွက်ထွက်ခြင်း နှစ်မှာ iPhone 17 Pro Max တွေ ကိုင်ထားတဲ့ သူဌေးမလေးတွေကို သတိရသွားစေတယ်]

အစပိုင်း တုန်လှုပ်မှု ပြီးနောက် ကျန်းပေရန်သည် 'ကမ္ဘာလောကဓာတ် ပညာရပ်' ၏ အံ့ဖွယ်ရာများကို လေ့လာရန် ကြိုးစားရင်း ခါးစည်း တံဆိပ်ပြားပေါ်မှ ပုံစံများကို ဖြည်းညှင်းစွာ ပွတ်သပ် ကြည့်ရှုလိုက်သည်။

[အာ အကိုကြီးက... ငါ့ရဲ့... ငါ့ရဲ့ ဟာကို ကိုင်နေတာ...]

သူမ၏ အကိုကြီးက သူမ၏ ကိုယ်ပိုင် ပစ္စည်းကို ညင်သာစွာ ပွတ်သပ်နေသည်ကို ကြည့်ရင်း လင်ယုယန်သည် သူမ၏ မျက်နှာ နီရဲလာပြီး တစ်ကိုယ်လုံး ယားယံလာသည်ကို မထိန်းနိုင်ဘဲ ဖြစ်သွားသည်။

ကျန်းပေရန်က ခါးစည်း တံဆိပ်ပြား၏ အစိတ်အပိုင်း တိုင်းကို စစ်ဆေးပြီးသွားသောအခါ သူ မျက်လုံးများကို မှိတ်ပြီး တွေးတောလိုက်သည်။

အကယ်၍ 'ကမ္ဘာလောကဓာတ် ပညာရပ်' နှင့် ဆင်တူသော လျှို့ဝှက်ဆန်းကြယ် အတတ်ပညာ တစ်ခုခု ရှိခဲ့လျှင် ဒါက အစီအရင်များ ဖြစ်လိမ့်မည်။ ဒါပေမဲ့ မသဲမကွဲ ဆင်တူရုံမျှသာ ဖြစ်သည်။

'ကမ္ဘာလောကဓာတ် ပညာရပ်' သည် ဟင်းလင်းပြင်ကို လေ့လာသည့် နည်းပညာတစ်ခု ဖြစ်ပုံရပြီး ၎င်းသည် ဝင်ရောက်ရန် အလွန် ခက်ခဲသည်ဟု နာမည်ကြီးခြင်းနှင့် အမှန်တကယ် ထိုက်တန်သည်။

[စိတ်ဝင်စားဖို့ကောင်းတယ် တကယ် စိတ်ဝင်စားဖို့ကောင်းတာပဲ]

သူ မသိသော အရာများအတွက် ကျန်းပေရန်သည် အမြဲတမ်း ပြင်းထန်သော စပ်စုစိတ် ရှိသည်။

အခု 'ကမ္ဘာလောကဓာတ် ပညာရပ်' က ဒီလောက် မှော်ဆန်ပုံ ပေါ်နေမှတော့ သူ ဘယ်လိုလုပ် စိတ်မဝင်စားဘဲ နေနိုင်မှာလဲ။

ခါးစည်း တံဆိပ်ပြားကို လင်ယုယန်ထံ ပြန်ပေးလိုက်ပြီး ကျန်းပေရန်က မေးလိုက်သည်။

"ဒီ ခါးစည်း တံဆိပ်ပြားက ဘယ်လို အလုပ်လုပ်တာလဲ"

"ရှန့်တိုင်းပြည်မှာတော့ ဒီ ခါးစည်း တံဆိပ်ပြားက သိုလှောင် ပစ္စည်းတစ်ခု အဖြစ်ပဲ သုံးလို့ရတယ် ဒါပေမဲ့ တစ်ပေ ပတ်လည်ပဲ ရှိတဲ့ သိုလှောင်လက်စွပ်နဲ့ နှိုင်းယှဉ်ရင် ကျွန်မ ခါးစည်း တံဆိပ်ပြားရဲ့ သိုလှောင်နိုင်စွမ်းက ဆယ်ဆ ပို ကြီးပြီး သူက ဝိညာဉ် စွမ်းအင် ရှိတဲ့ သက်ရှိတွေကို သိုလှောင်နိုင်တယ်"

"ပြီးတော့ မင်း ရှန့်တိုင်းပြည်မှာ မရှိရင်ရော"

"ကျွန်မသာ ချီတိုင်းပြည်မှာ ရှိနေရင် ကျွန်မရဲ့ မျိုးနွယ်စုဝင်တွေကို ဆက်သွယ်ဖို့ ခါးစည်း တံဆိပ်ပြားကို သုံးနိုင်တယ် ဘာလို့လဲဆိုတော့ အသံ လွှဲပြောင်းခြင်းက အရင်ဆုံး ဟင်းလင်းပြင် အစီအရင်ကြီးတစ်ခု ထူထောင်ထားဖို့ လိုအပ်လို့ပဲ ကျွန်မ ချီတိုင်းပြည်က ထွက်သွားတာနဲ့ အသံ ထပ် လွှဲပြောင်းလို့ မရတော့ဘူး"

[လိုင်း ပျောက်သွားတာပေါ့ ဟုတ်လား]

သူ၏ အတွင်းစိတ်က လှောင်ပြောင်မှုကို ချိုးနှိမ်ရင်း ကျန်းပေရန်က ဆက်ပြောသည်။

"တစ်နည်းအားဖြင့် ပြောရရင် ဒီ ခါးစည်း တံဆိပ်ပြားက အသံလိုမျိုး မမြင်နိုင်တဲ့ အရာတွေကို လွှဲပြောင်းနိုင်တယ် တခြား ဘာတွေရော"

"အကိုကြီးက တကယ် ဉာဏ်ကောင်းတာပဲ အကိုကြီးက ဒီ ခါးစည်း တံဆိပ်ပြားရဲ့ အနှစ်သာရကို ချက်ချင်း ထွင်းဖောက် မြင်နိုင်တာပဲ"

သူ့ကို ချီးကျူးပြီးနောက် လင်ယုယန်က ဆက်ပြောသည်။

"အသံအပြင် သူက စာသားတွေ၊ ပုံရိပ်တွေ၊ ဝိညာဉ် အာရုံ၊ အစရှိတာတွေကိုလည်း လွှဲပြောင်းနိုင်တယ် ပြီးတော့ ချက်ချင်း ရောက်တယ် "

[စာတိုတွေလား ဓာတ်ပုံတွေလား ဓာတ်မှန်တွေလား ကျစ်... မင်း ဒီ ခါးစည်း တံဆိပ်ပြားကို စမတ်ဖုန်းနဲ့ ချိတ်ဆက်လိုက်တာနဲ့ ဒီ မြင်ကွင်းက ရပ်တော့မှာ မဟုတ်ဘူး...]

ဆက်ပြီး ပြက်လုံးထုတ်ချင်စိတ်ကို တွန်းလှန်ရင်း ကျန်းပေရန်က ခေါင်းညိတ်လိုက်သည်။

"'ကမ္ဘာလောကဓာတ် သခင်' တွေက တကယ် အထင်ကြီးစရာပဲ"

"အင်း သူတို့က တကယ် အံ့ဩစရာ ကောင်းတယ် ပြီးတော့ ကျွန်မ အဖေက သူတို့ထဲက အကောင်းဆုံးတွေထဲက တစ်ယောက်ပဲ သူက 'ကမ္ဘာလောကဓာတ် ပညာရပ်' ရဲ့ အထွတ်အထိပ် အတတ်ပညာ ဖြစ်တဲ့ 'ဟင်းလင်းပြင် အာရုံခံနိုင်စွမ်း' မှာ ကျွမ်းကျင်တယ်"

"ဟင်းလင်းပြင် အာရုံခံနိုင်စွမ်း..."

ကျန်းပေရန်က တိုးတိုး ရေရွတ်လိုက်ပြီး လင်ယုယန် အစောပိုင်းက 'နက်မှောင်သော နယ်မြေများ' အကြောင်း ပြောခဲ့သည်ကို ပြန် သတိရလိုက်သည်။

"'ဟင်းလင်းပြင် အာရုံခံနိုင်စွမ်း' ဆိုတာ 'နက်မှောင်သော နယ်မြေများ' ရဲ့ ဝင်ပေါက်တွေကို ရှာဖွေနိုင်စွမ်းကို ဆိုလိုတာ ဖြစ်နိုင်မလား"

"အကိုကြီးက အရိပ်အမြွက်လေးနဲ့ တကယ် နားလည်တာပဲ"

လင်ယုယန်က ခေါင်းကို အကြိမ်ကြိမ် ညိတ်လိုက်သည်။

"ဟုတ်တယ် ဟင်းလင်းပြင် အာရုံခံနိုင်စွမ်း' ဆိုတာ 'နက်မှောင်သော နယ်မြေများ' ရဲ့ ဝင်ပေါက်တွေ တည်နေရာကို ရှာဖွေနိုင်စွမ်းကို ရည်ညွှန်းတာပါ"

အဲ့ဒီမှာတင် ကျန်းပေရန်သည် လင်မိသားစု မည်မျှ ချမ်းသာကြွယ်ဝသည်ကို နားလည်သွားသည်။

ဂူသင်္ချိုင်း တူးဖော်ခြင်း တစ်ခုတည်းကတင် လုံလောက်အောင် အကျိုးအမြတ် ရှိနေပြီ... ဒါပေမဲ့ လင်မိသားစုက တကမ္ဘာလုံးကို ဝင်စီးနေသလိုပဲ။

ဒီ စွမ်းရည်က ဘယ်လောက် တန်ဖိုးရှိသလဲ ဆိုတာ စဉ်းစားကြည့်ဖို့ လွယ်ကူသည်။

လင်ယုယန် အရင်က ပြောခဲ့သလိုပဲ သူမ အဖေက ဝိညာဉ် စွမ်းအင် ကြွယ်ဝပေမယ့် ကျင့်ကြံသူတွေ အားနည်းတဲ့ ကမ္ဘာတစ်ခုကို ရှာတွေ့ခဲ့ရင် ဒါက သူငယ်တန်းကျောင်းထဲကို စစ်တပ်တစ်တပ် စေလွှတ်လိုက်သလိုပဲ သူတို့ လိုချင်တာ မှန်သမျှ ယူလို့ ရတယ်။

[ကျစ်... ဒီကမ္ဘာမှာ ဒီလောက် အကျိုးအမြတ် များတဲ့ အလုပ်လိုင်းတစ်ခု ရှိလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး]

ဒီအချက်ကို သဘောပေါက်လိုက်ရသောအခါ ကျန်းပေရန်က မေးလိုက်သည်။

"ဒါဆို မင်း မိသားစုက နိုင်ငံတစ်နိုင်ငံလောက် ချမ်းသာရမှာပဲ မင်း အဖေက အဓိက ဂိုဏ်းသုံးခုထဲက ဘယ်တစ်ခုမှာ အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ယောက်လဲ"

လင်ယုယန်က ခေါင်းခါလိုက်သည်။

"ဘယ်တစ်ခုမှ မဟုတ်ဘူး ကျွန်မ အဖေက ကြားနေ"

"အဲ့လို နိုင်ငံမျိုးမှာ ကြားနေနိုင်တာက မင်း မိသားစုရဲ့ အင်အားကို သက်သေပြနေပြီပဲ"

"မဟုတ်ပါဘူး မဟုတ်ပါဘူး ကျွန်မတို့ အဲ့လောက် မသန်မာပါဘူး အကိုကြီး ဖိအား မများစေချင်ပါဘူး"

လင်ယုယန်က လက်ကို အလျင်အမြန် ခါယမ်းလိုက်သည်။

"ကျွန်မ အဖေ ကြားနေရတဲ့ အကြောင်းရင်းက သူက အဲ့ဒီ 'ကြယ်တာရာ နယ်မြေ' တွေရဲ့ တည်နေရာ အမှတ်အသားတွေကို လေလံတင်ဖို့ လိုအပ်လို့ပဲ သူသာ ဂိုဏ်းတစ်ခုထဲ ဝင်လိုက်ရင် ဒီလောက် ကောင်းတဲ့ ဈေးတွေ ရမှာ မဟုတ်တော့ဘူး"

"သြော်... လုပ်ငန်းစဉ်ကို ရှင်းပြနိုင်မလား"

"ဒါပေါ့"

လင်ယုယန်က ခေါင်းညိတ်လိုက်ပြီး စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

"အကိုကြီးက အရမ်း ဉာဏ်ကောင်းတာပဲ အကိုကြီးသာ ကျွန်မ မိသားစုဆီ လာခဲ့ရင် 'ကမ္ဘာလောကဓာတ် ပညာရပ်' ကို မြန်မြန် သင်ယူနိုင်မှာ သေချာတယ် ကျွန်မ အဖေ့ကို ပြောပေးလို့ ရ"

"မလိုဘူး ငါ အဲ့ဒါကို သင်ယူဖို့ စိတ်မဝင်စားဘူး ငါက လုပ်ငန်းစဉ်ကိုပဲ နားလည်ချင်တာ"

[အာ….. အကိုကြီးရဲ့ ရှက်နေတဲ့ ပုံစံလေးက ချစ်စရာလေး]

သူမ၏ ပါးစပ်ထောင့်မှ သရေကို သုတ်လိုက်ပြီး လင်ယုယန်က ရှင်းပြလိုက်သည်။

"ဘာလို့လဲဆိုတော့ အလယ်ပိုင်း ဒေသက ကြီးမြတ်တဲ့ နိုင်ငံ ခြောက်နိုင်ငံက အင်အားချင်း အတော်လေး ညီမျှနေလို့ပဲ သူတို့က မဟာမိတ်တွေ ဖွဲ့လိုက်၊ တန်ပြန် မဟာမိတ်တွေ ဖွဲ့လိုက်နဲ့ ဘယ်သူကမှ တခြားသူတွေကို အနိုင်မယူနိုင်ကြဘူး ဒါကြောင့် သူတို့ရဲ့ နိုင်ငံတော် အင်အားကို ဆက်ပြီး တိုးမြှင့်နေဖို့ သူတို့အားလုံးက 'နက်မှောင်သော နယ်မြေများ' ကို မျက်စိကျနေကြတယ်"

"နယ်စပ်ပြင်ပ စစ်ပွဲတွေလား"

ကျန်းပေရန်က တိုက်ရိုက် မေးလိုက်သည်။

"ဟုတ်တယ်"

လင်ယုယန်က ခေါင်းညိတ်လိုက်သည်။

"နိုင်ငံ ခြောက်နိုင်ငံလုံးက သူတို့ကိုယ်သူတို့ အားကောင်းအောင် 'နက်မှောင်သော နယ်မြေ' တွေ ပို ရှာဖွေနေကြတယ် ဒါပေမဲ့ 'နက်မှောင်သော နယ်မြေ' တချို့ကလည်း အလွယ်တကူ လက်ခံမယ့်သူတွေ မဟုတ်ဘူး သူတို့က 'လျှို့ဝှက်ဆန်းကြယ် နဂါးတိုက်ကြီး' က တိုက်ခိုက်မှုတွေကို ခုခံရုံတင်မကဘဲ တန်ပြန် တိုက်ခိုက်မှုတွေတောင် လုပ်နိုင်ကြတယ်"

"တန်ပြန် တိုက်ခိုက်မှုတွေ တခြား ကမ္ဘာတွေက 'လျှို့ဝှက်ဆန်းကြယ် နဂါးတိုက်ကြီး' ကို အရင်က ကျူးကျော်ခဲ့ဖူးလို့လား"

"ဒါပေါ့ ဒါက အများအားဖြင့် အလယ်ပိုင်း ဒေသမှာ ဖြစ်လေ့ ရှိတယ်"

ဒီစကားကို ကြားသောအခါ ကျန်းပေရန် ရုတ်တရက် တစ်ခုခုကို သဘောပေါက်လိုက်သည်။

သုံးနှစ်အကြာတွင် ဖြစ်မည့် အဖြစ်အပျက်များအတွက် သူ အခု ခန့်မှန်းချက်တစ်ခု ရလိုက်ပြီ။

[ဒါဆို ဂြိုလ်သားတွေ ကျူးကျော်တာ မဟုတ်ဘူး... ဒါပေမဲ့ တခြား ကမ္ဘာတစ်ခုက ကျူးကျော်တာပဲ]

ဒါပေါ ဒါက ခန့်မှန်းချက်တစ်ခု သက်သက် ဖြစ်သော်လည်း အခြေအနေ အရပ်ရပ်အရ ဒါက ဖြစ်နိုင်ခြေ အလွန် များပုံရသည်။

သူမ၏ အကိုကြီးက သူမကို ထပ် ကြည့်နေသည်ကို မြင်သောအခါ လင်ယုယန်က ဆက်ပြောသည်။

"ကျွန်မ အဖေလို 'ဟင်းလင်းပြင် အာရုံခံနိုင်စွမ်း' ရှိတဲ့ 'ကမ္ဘာလောကဓာတ် သခင်' တွေက အလွန် လေးစားခံရရုံတင်မကဘဲ အင်အားကြီး ပုဂ္ဂိုလ် အများအပြားက 'နက်မှောင်သော နယ်မြေများ' ကို ရှာဖွေပြီး ကနဦး စူးစမ်းရှာဖွေမှုတွေ လုပ်ဖို့ သူနဲ့ ပူးပေါင်းဆောင်ရွက်ရတာကို သဘောကျကြတယ်"

"'နက်မှောင်သော နယ်မြေ' ထဲက ကျင့်ကြံသူတွေက မသန်မာဘူး ဆိုရင် သူတို့ ကိုယ်တိုင် တစ်ခုလုံး မျိုချလိုက်တယ် သူတို့က သန်မာတယ် ဆိုရင်တော့ သူတို့က ပထမဆုံး အကိုက်ကို ယူပြီးနောက် အင်အားကြီး ဂိုဏ်းတွေကို တည်နေရာ အမှတ်အသားတွေ ရောင်းချလိုက်တယ် မဟုတ်လား"

"အတိအကျပဲ ဒါက ကျွန်မတို့ မိသားစုရဲ့ စီးပွားရေးပဲ အကိုကြီး စိတ်ယိုင်နေပြီလား ဒါက တကယ် အကျိုးအမြတ် များတယ်နော် ကျွန်မ အဖေက အများအားဖြင့် လူ ရှစ်ယောက်ကနေ ဆယ့်နှစ်ယောက်အထိ အထဲကို ခေါ်သွားတယ် အနက်ရောင် ဧကရာဇ်အဆင့် ပညာရှင်တွေအပြင် တခြား ထူးချွန်သူတွေလည်း ပါတယ် အကိုကြီးလို လူမျိုးက အသွင်ဖျောက် အထူးကျွမ်းကျင်သူ အဖြစ် ပြီးပြည့်စုံမှာပဲ ကိုယ့်ရဲ့ သက်သေခံကို ဖုံးကွယ်တာ၊ ဒေသခံတွေနဲ့ ဆက်သွယ် ကုန်သွယ်တာ၊ ပြီးတော့ ကနဦး စူးစမ်းရှာဖွေမှုနဲ့ တွေ့ရှိမှုတွေ လုပ်ဆောင်တာတွေ အတွက် တာဝန်ယူရမှာ ကျွန်မ အဖေက အကိုကြီးလို လူမျိုးကို ရှာနေခဲ့တာ"

ကျန်းပေရန်က တုံ့ပြန်မှု မရှိသောအခါ လင်ယုယန်က အလျင်မလိုခဲ့ပေ။

သူမက သူမ၏ မိသားစု စီးပွားရေး၏ ပုံရိပ်ကို ဆက်လက် ပုံဖော်နေသည်။

"ကျွန်မတို့ ကိုယ်တိုင် အပြည့်အဝ မယူနိုင်တဲ့ 'နက်မှောင်သော နယ်မြေများ' အတွက် ကျွန်မ အဖေက အရင်ဆုံး အများဆုံး အကျိုးအမြတ်ကို ရယူပြီးတော့ လျှို့ဝှက် လမ်းကြောင်းတွေကနေ သတင်း လွှင့်ထုတ်လိုက်တယ် တည်နေရာ အမှတ်အသား လေလံပွဲ ပြီးဆုံးသွားပြီးနောက် ဂိုဏ်းတွေက 'နက်မှောင်သော နယ်မြေ' ရဲ့ အတွင်းပိုင်း သတင်းအချက်အလက်အတွက် စပေါ်ငွေ အဖြစ် ဝိညာဉ် ကျောက်တုံး တစ်ဝက်ကို ပေးချေလေ့ ရှိပြီး အတည်ပြုဖို့ ကင်းထောက် အဖွဲ့တစ်ဖွဲ့ စေလွှတ်တယ် အတည်ပြုပြီးတာနဲ့ သူတို့က လက်ကျန်ငွေကို ပေးချေတယ်"

ကျန်းပေရန်သည် လက်ဖက်ရည် နောက်တစ်အိုး ဖျော်ရင်း နားထောင်နေသည်။

သူ အမှန်တကယ် စိတ်ဝင်စားသည်။ဘာပဲဖြစ်ဖြစ် အောင်မြင်တဲ့ အရောင်းအဝယ် တစ်ခုတည်းက မင်းကို ချက်ချင်း ပျံတက်သွားစေနိုင်တယ်။

ဒါပေမဲ့ လင်ယုယန်က ဒါကို လွယ်ကူသလို ပြောနေပေမယ့် ကျန်းပေရန်က အန္တရာယ်များမှန်း သိသည်။အစွမ်းထက် ဒေသခံများ၊ သတင်းအချက်အလက် ရောင်းချသည့်အခါ ခံရခြင်း၊ လုယက်ပစ္စည်းများ အတွက် အတွင်းပိုင်း ရန်ပွဲများ...

ဒီလို အကျိုးအမြတ် များတဲ့ စီးပွားရေးမျိုးကို အလွန် လည်ပတ် ပါးနပ်သူများသာ ကောင်းကောင်း လုပ်နိုင်လိမ့်မည်။

လင်ယုယန်၏ ဖခင်သည် အဲ့ဒီလူတွေထဲက တစ်ယောက် ဖြစ်သည်မှာ ရှင်းလင်းသည်။

ကျန်းပေရန်ကတော့... လူအလေးတွေနဲ့ ကစားရတာကို ပို သဘောကျသည်။

လင်ယုယန်က ကင်းထောက် အဖွဲ့ထဲ ဝင်ခြင်း၏ အကျိုးကျေးဇူးများကို ဆက်လက် ရေတွက် ပြနေသော်လည်း ကျန်းပေရန်က သူ ကြားချင်သည့် အပိုင်းများကိုသာ နားထောင်နေသည်။

အမွှေးတိုင် တစ်တိုင် လောင်ကျွမ်းသည့် အချိန် ကြာပြီးနောက် ကျန်းပေရန်သည် လင်မိသားစု၏ အင်အားကို အပြည့်အဝ နားလည်သွားသည်။ ဘယ် အင်အားစုကမှ မလွှဲဖယ်နိုင်ဘဲ ချီတိုင်းပြည်တွင် ခိုင်မာစွာ ရပ်တည်နိုင်သော မိသားစုတစ်စု ဖြစ်သည်။

[ကောင်းကင်ဘုံ တာအို လမ်းစဉ်... မင်း ရက်စက်တယ်]

လင်ယုယန်၏ နောက်ခံကို သိရှိပြီးနောက် ကျန်းပေရန်သည် ရှီဖုန်းလန် နောက်ကွယ်မှ အင်အားကို ရုတ်တရက် စပ်စုသွားသည်။ သူက ဒါက လင်မိသားစုထက်တောင် ပို သန်မာလိမ့်မည်ဟု သံသယ ဝင်မိသည်။

[ကျန်းပေရန် မင်း မောက်မာလာနေပြီ မင်း အခု ဒုက္ခ ရှာနေတာပဲ]

အဲ့ဒီ အန္တရာယ်ရှိတဲ့ စပ်စုစိတ်ကို အလျင်အမြန် ဖယ်ရှားလိုက်ပြီး ကျန်းပေရန်က သူ၏ စိတ်ကို ရှင်းလင်းလိုက်သည်။

သူမ၏ အကိုကြီး စိတ်မလှုပ်ရှားသည်ကို မြင်သောအခါ လင်ယုယန်က သူ့ကို ဆက်လက် ဖျောင်းဖျရန် မကြိုးစားတော့ဘဲ သူမ၏ မေးစေ့ကို လက်ဖြင့် ထောက်ကာ သူ တွေးတောနေသည်ကို ကြည့်နေလိုက်သည်။

[အာ အကိုကြီးက ငါ့အကြောင်း တွေးတောတဲ့အခါ အဲ့ဒီ အမူအရာနဲ့ ငါ့ကို ကြည့်စေချင်လိုက်တာ ငါ ဘယ်လို လုပ်ရင် သူက ငါ့အကြောင်း စပ်စုလာမှာလဲ]

လင်မိသားစု၏ မယုံနိုင်စရာ စီးပွားရေးကို အစာကြေအောင် ချေဖျက်ပြီးနောက် ကျန်းပေရန်သည် အရေးကြီးသော မေးခွန်းတစ်ခုကို ရုတ်တရက် သတိရလိုက်သည်။

"ချီတိုင်းပြည်က ကျင့်ကြံသူတွေကလည်း ဝိညာဉ် ကျောက်တုံးတွေကို ငွေကြေးအဖြစ် သုံးကြလား"

"အင်း"

လင်ယုယန်က ခေါင်းညိတ်လိုက်သည်။

"ဒါပေမဲ့ ကျွန်မတို့ရဲ့ ဝိညာဉ် ကျောက်တုံးတွေက အများကြီး ပို သန့်စင်တယ်"

သူမက သူမ၏ သက်သေခံ တံဆိပ်ပြားထဲမှ ဆယ့်နှစ်မျက်နှာ ပုံသဏ္ဌာန် ရှိသော အပြာရောင် ဝိညာဉ် ကျောက်တုံး တစ်တုံးကို ထုတ်ယူလိုက်သည်။

[နောက်ထပ် အဆင့်မြင့် ဝိညာဉ် ကျောက်တုံး တစ်တုံး]

ကျန်းပေရန်၏ မျက်လုံးများ ပြူးထွက်မတတ် ဖြစ်သွားသည်။

[သူဌေးမက ငါ့ဘေးမှာ အမြဲ ရှိနေခဲ့တာပဲ]

သူ လင်ယုယန်ကို နောက်တစ်ကြိမ် မကြည့်ဘဲ မနေနိုင်တော့ပေ။

ဒီလောက် ချမ်းသာကြွယ်ဝမှုနဲ့ အင်အားကြီး မိသားစု နောက်ခံ ရှိလျက်နဲ့ ဒီလောက် နှိမ့်ချစွာ ပြုမူနေတယ် ဒီ စိတ်နေသဘောထားက ကြီးမြတ်တဲ့ အရာတွေ ပြီးမြောက်အောင် လုပ်ဆောင်နိုင်သူ တစ်ယောက်ရဲ့ စိတ်နေသဘောထား ဖြစ်သည်မှာ ရှင်းလင်းသည်။

အပြာရောင် ဆယ့်နှစ်မျက်နှာ ဝိညာဉ် ကျောက်တုံးကို ကောက်ယူလိုက်ပြီး ကျန်းပေရန်က ၎င်းကို စစ်ဆေးလိုက်သည်။

"မင်းတို့ရဲ့ ငွေကြေး ယူနစ်က ဘာလဲ"

"ကောင်းကင်၊ မြေကမ္ဘာ၊ အနက်ရောင်၊ အဝါရောင်၊ ပြီးတော့ အထူး ယူနစ် တချို့ ရှိတယ် အကိုကြီး လက်ထဲက တစ်တုံးက မြေကမ္ဘာအဆင့် ဝိညာဉ် ကျောက်တုံးပဲ"

"ဒါဆို အနက်ရောင်အဆင့်က အလယ်အလတ်တန်းစား ဝိညာဉ် ကျောက်တုံးလား"

"ဟုတ်တယ် အနက်ရောင်အဆင့် ဝိညာဉ် ကျောက်တုံးတွေက ရှစ်မျက်နှာ ပုံသဏ္ဌာန် ရှိတယ် အဝါရောင်အဆင့်က လေးထောင့်တုံး ပုံသဏ္ဌာန် ရှိပြီး ကောင်းကင်ဘုံအဆင့်က မျက်နှာ နှစ်ဆယ် ပုံသဏ္ဌာန် ရှိတယ် အောက်အဆင့် တစ်ရာက အပေါ် အဆင့် တစ်ခုနဲ့ လဲလှယ်လို့ ရတယ်"

"မျက်နှာ နှစ်ဆယ် ရှိတဲ့ ကောင်းကင်ဘုံအဆင့် ဝိညာဉ် ကျောက်တုံး ဟုတ်လား ဒါက ဘယ်လို ပုံစံ ရှိလဲ"

ကျန်းပေရန်၏ ကမ္ဘာ့အမြင်တွင် အဆင့်မြင့် ဝိညာဉ် ကျောက်တုံးများက အမြင့်ဆုံး ဖြစ်နေပြီ။

အခု ပို မြင့်မားတဲ့ ကောင်းကင်ဘုံအဆင့် ရှိသေးတယ် ရှင်းလင်းတာက အလယ်ပိုင်း ဒေသတွေက ရှန့်တိုင်းပြည်နဲ့ လုံးဝ ကွဲပြားတဲ့ စည်းမျဉ်းတွေနဲ့ ကစားနေတာပဲ။

"အဲ့ဒါ... ကျွန်မဆီမှာလည်း တစ်တုံးမှ မရှိဘူး"

လင်ယုယန်သည် သူ၏ စပ်စုစိတ်ကို မဖြည့်ဆည်းပေးနိုင်သည့်အတွက် အနည်းငယ် စိတ်ပျက်သွားပုံရပြီး နောက်တစ်ခေါက် အိမ်ပြန်သည့်အခါ သူမ အဖေထံမှ တစ်တုံး ရအောင် ယူရမည်ဟု ဆုံးဖြတ်လိုက်ပြီး ဖြစ်သည်။

"ထားလိုက်ပါ မင်း ငါ့ကို ဖော်ပြရုံပဲ ဖော်ပြပေး"

ခဏတာ တွေးတောပြီးနောက် လင်ယုယန်က ပြန်ဖြေလိုက်သည်။

"အလယ်ပိုင်း ဒေသမှာတောင် ကောင်းကင်ဘုံအဆင့် ဝိညာဉ် ကျောက်တုံးတွေက အလွန် ရှားပါးတယ် ငွေကြေးအဖြစ် သုံးတဲ့အခါ သူတို့ကို မြေကမ္ဘာအဆင့် ဒါမှမဟုတ် ပို မြင့်တဲ့ သိုင်းပညာရပ်တွေ ဒါမှမဟုတ် မှော်ဆန်တဲ့ ရတနာတွေ ဝယ်ဖို့ သုံးလေ့ ရှိတယ်"

[ရှီး...]

သူ စိတ်ကူးထားခဲ့ပေမယ့် မြေကမ္ဘာအဆင့် ပညာရပ်တွေနဲ့ ရတနာတွေကို အလယ်ပိုင်း ဒေသမှာ တကယ် အရောင်းအဝယ် လုပ်ကြတယ်လို့ ကိုယ်တိုင် နားနဲ့ ဆက်ဆက် ကြားရတာက ကျန်းပေရန်ကို လေအေးတစ်ချက် ရှူရှိုက်မိသွားစေသည်။

ဘာပဲဖြစ်ဖြစ် ဒီလို ရတနာမျိုးတွေက စီရင်စု တစ်ခုလုံးကို အလွယ်တကူ ချေမှုန်းပစ်နိုင်တယ်။

"ပြီးတော့ ငွေကြေးအဖြစ် မသုံးတဲ့အခါ ကောင်းကင်ဘုံအဆင့် ဝိညာဉ် ကျောက်တုံးတွေကို ဘာအတွက် သုံးကြလဲ"

"သူတို့က အသုံးဝင်ပုံ ကျယ်ပြန့်တယ် ထိပ်တန်း လျှို့ဝှက်ဆန်းကြယ် ပညာရှင် တိုင်းက သူတို့ကို ရေရှည် ဈေးကြီးကြီး ပေးပြီး ဝယ်ကြလိမ့်မယ် ဘာလို့လဲဆိုတော့ ကောင်းကင်ဘုံအဆင့် ဝိညာဉ် ကျောက်တုံးတွေက ဘယ် လျှို့ဝှက်ဆန်းကြယ် အနုပညာ ထုတ်ကုန်မဆိုရဲ့ အရည်အသွေးကို အဆင့် များစွာ မြှင့်တင်ပေးနိုင်လို့ပဲ"

[ဒါက... တကယ် စိတ်ယိုင်စရာပဲ] ကျန်းပေရန် တောင့်တစိတ်တစ်ခု လှုပ်ရှားလာသည်ကို ခံစားလိုက်ရသည်။

All Chapters