← Chapters

အခန်း (၄၄၁-၄၄၂)

Vol. 31 Ch. 441-442

အခန်း (၄၄၁-၄၄၂)

Vol. 31 Ch. 441-442

အပိုင်း (၄၄၁)

ကျန့်ထော်က အော်ဟစ်လိုက်၏။ “ရဲတိုက်ကို ပြန်ကြမယ်။ ရဲတိုက်ကိုပြန်မယ်။ အားလုံးကို ကုသပေးမယ်”

သို့ပေမည့် ထိုအချိန်မှာပဲ အနောက်ဘက်ဆီမှာ စီကနဲ အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ ရှမ့်လန်၏ ချင်နိုင်ငံမြင်းသည်တော်များ လိုက်ပါလာခဲ့ခြင်းပင်။ အရှိန်အဟုန်ကလည်း မြန်ဆန်လွန်း၏။ အဘယ့်ကြောင့်ဆိုသော် ရှမ့်လန်၏ မြင်းသည်တော်များက မြင်းများ လဲလှယ်ထားပြီး ဖြစ်သောကြောင့်ပင်။ သူတို့ အားလုံးက ဆုတ်ခွာရာလမ်းတွေ စစ်စခန်းတစ်ခု ဖန်တီးခဲ့ပြီးသားဖြစ်ပြီး ထိုထဲတွင် စစ်မြင်းနှစ်ထောင်ကျော်ကို သိမ်းဆည်းထားခဲ့သည်။

ချင်နိုင်ငံမှ စစ်မြင်းများက အရပ်ပုလွန်း၏။ ထိုမြင်းများကို စီးနင်း၍ ပြေးလွှား တိုက်ခိုက် နိုင်လိမ့်မည်မဟုတ်ချေ။ ထို့ကြောင့် သူတို့က လူတစ်ယောက်ကို မြင်းနှစ်ကောင်စီ ပိုင်ဆိုင်ထားကြခြင်းပင်။

“သတ်ကြ၊ သတ်ကြစမ်း။ ကျောက်ရောဂါ ကျောက်ရောဂါပိုး ကူးဆက်ခံရသူတွေ ....” ချင်နိုင်ငံ၏စစ်သည်ပေါင်း နှစ်ထောင်ကျော်တို့က နောက်မှ လိုက်ပါလာခဲ့၏။

ကျန့်လုံက ပြောလိုက်သည်။ “အဖေ.. ဘာလုပ်ကြမလဲ။ လှည့်ပြီး တိုက်ခိုက်ကြမှာလား”

ကျန့်ထော်သည် သူ၏မြင်းသည်တော်များကို လှမ်းကာ ကြည့်ရှု၏။ မောပန်းလျက်ရှိနေကြပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာ ကလည်း ပြိုလဲနေခဲ့၏။ သို့ပေမည့် ထွက်ပြေးရမည်လား။

“လှည့်ပြီးတိုက်ခိုက်မယ်” ကျန့်ထော်က အမိန့်ပေးလိုက်၏။ မြင်းသည်တော်ပေါင်း လေးထောင်ကျော်တို့သည် အသာလှည့်ပြီး ရှမ့်လန်ကို တိုက်ခိုက်ရန် ပြင်ဆင်ကြ၏။ သို့ပေမည့် ခွေးသူတောင်းစား ရှမ့်လန်၏ မြင်းသည်တော်များက ရုတ်တရက် ရပ်တန့်သွားခဲ့ပြန်၏။

ဆွစ် ဆွစ်

မြားများနှင့် စတင်ကာ ပစ်ခတ်သည်။

ကျန့်ထော်က အမိန့်ပေးလိုက်၏။ “ပစ်စမ်း”

သို့ပေမည့် ကျန့်စစ်တပ်မှ မြင်းသည်တော်များ၏ မြားပစ်စွမ်းရည်သည် ချင်နိုင်ငံမှ မြင်းသည်တော်များလောက် ကောင်းမွန်ခြင်း မရှိကြချေ။ မြင်းစီးရင်း မြားပစ်ခြင်းဆိုလျှင် ပိုမို၍ ဆိုးဝါးသည်။

ရှမ့်လန်သည် ကျန့်ထော်၏ မြင်းသည်တော်များကို ထိခိုက်အောင် ပစ်နိုင်စွမ်းရှိနေပြီး ကျန့်ထော်၏ စစ်သည်တော်များမှာတော့ ချင်စစ်သည်များကို ထိမှန်ရန် ဆံခြည်တစ်မျှင်စာ ဝေးကွာလျက် ရှိနေတုန်းပင်။ ထိမှန်သည် ဆိုလျှင်တောင်မှ ချင်စစ်သည်တို့၏ ချပ်ဝတ်များကို ထွင်းဖောက်နိုင်စွမ်း မရှိကြချေ။

မြားနှင့် ပစ်ခတ်သည့်နေရာတွင် ရှမ့်လန်တို့က အသာစီးရယူလျက် ရှိနေ၏။

ကျန့်ထော်၏ မြင်းသည်တော်များက တကယ်ကို ဒေါသထွက်သွားခဲ့ကြ၏။ သို့ပေမည့် မည်သို့မှ မတတ်နိုင်ချေ။ သူတို့က ရှေ့ကို လှမ်းတက်ပြီး အနီးကပ် တိုက်ခိုက် ပစ်ခတ်ရန် ပြင်ဆင်ကြ၏။

သို့ပေမည့် ရှမ့်လန်၏ စစ်သည်တော်များက အနောက်သို့တစ်ခါ ဆုတ်ခွာပြန်၏။ သူတို့၏ စစ်မြင်းများက အားပြည့်အင်ပြည့်နှင့် ဖြစ်နေသောကြောင့် ကျန့်ထော်၏ မြင်းသည်တော်များက လိုက်မမှီခဲ့ချေ။

“လိုက်တာကို ရပ်တော့၊ ပြန်ကြမယ်”

သို့ပေမည့် ကျန့်ထော်၏ စစ်သည်တော်များ အနောက်ဘက်သို့ လှည့်လိုက်သည့်အချိန်မှာပဲ ရှမ့်လန်၏ မြင်းသည်တော်များက ထပ်မံကာ လိုက်လာခဲ့ပြန်၏။ ထိုအချိန်မှာတော့ သူတို့က အနောက်မှ လိုက်ရင်း မြှားနှင့် ပစ်ကြသည်။

ကျန့်ထော်က ရူးသွပ်လုနီးပါးပင်ဖြစ်နေ၏။ ဤကဲ့သို့ ဆိုးရွားသည့် ပြိုင်ဘက်မျိုးနှင့် ရင်ဆိုင်တွေ့ရလိမ့်မည်ဟု သူတစ်ခါမှ မထင်မှတ်ခဲ့ချေ။ သူတို့ တိုက်ခိုက်ချိန်တွင် ထွက်ပြေး၏။ သူတို့ထွက်ပြေးလျှင် တစ်ခါပြန်လည်ကာ လိုက်လံ တိုက်ခိုက်၏။ အဆုံးမဲ့သည့် အလစ်ချောင်း တိုက်ခိုက်မှုများနှင့် အဆုံးမဲ့စွာ အရှက်ခွဲခံနေရ၏။

သူတို့အားလုံးက ယနေ့ တစ်ဖက်လူများကို မုန်းတီးသည့် အမုန်းတရားလောက် တစ်သက်နှင့်တစ်ကိုယ် တစ်ခါမှ မမုန်းတီးခဲ့ဖူးကြောင်း ကျိန်ဆိုနိုင်၏။ သုံးကြိမ်၊ လေးကြိမ်လောက် ပြုလုပ်ပြီးနောက် ကျန့်ထော်၏ မြင်းသည်တော်များသည် အလုံးစုံ မောပန်းကုန်ကြ၏။ သူတို့အားလုံးက ကျန်းယွမ်နယ်စားအိမ်တော်သို့ ပြန်ရန်ပင် လက်လျှော့လိုက်ကြ၏။ မြင်းသည်တော်များ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာသည် ကျောက်ရောဂါ ပိုးကြောင့် အစောကြီးတည်းက ပြိုလဲပြီးဖြစ်သည်။ ယခုအချိန်မှာတော့ သေချင်သေပါလေ့စေ ။ မလှုပ်ချင်တော့ပေ။

“ရဲတိုက်ကိုပြန်ကြမယ်။ ရဲတိုက်ကိုပြန်မယ်။ အမြန်ဆုံးနှုန်းနဲ့ပြန်ကြမယ်။ နားရင် သေကုန်လိမ့်မယ်” ကျန့်ထော်က အားပေးလိုက်သည်။

ကျန့်ထော်၏ မြင်းသည်တော်သုံးထောင်ကျော်တို့သည် အားတင်းပြီး အိမ်တော်ဆီသို့ လှည့်ပြန်ကြ၏။

ထိုအချိန်မှာပဲ ရှမ့်လန်က အမိန့်ပေးလိုက်သည်။ “သတ်ကြ၊ သတ်ကြ”

ထိုအချိန်မှာတော့ မြင်းသည်တော်နှစ်ထောင်ကျော်တို့သည် ရှေ့ဆီသို့ လှမ်းတက်လာခဲ့၏။ မြင်းများက အင်ပြည့်အားပြည့် နှင့် ဖြစ်ပြီး အမြန်ဆန်ဆုံး ပြေးလွှားနေခဲ့၏။ ကျန့်ထော်၏ မြင်းသည်တော်များနှင့် နီးကပ်လာသည့်အချိန်မှာတော့ သူတို့က ပြိုင်တူဆိုသလို ပစ်ခတ်ကြ၏။

အရူးကြီးက သစ်ပင်ကြီးတစ်ခုကို တွေ့ရှိ၏။ ထိုအရာကို ကိုင်ဆောင်ပြီး ကျန့်ထော်၏ မြင်းသည်တော်များ ဆီသို့ လှမ်းဝင်သွားခဲ့သည်။

“ဝှစ် ဝှစ် ဝှစ်”

သူက တည်နေရာအနှံ့ သစ်ပင်ကြီးကို ဝေ့ယမ်းပြီး တိုက်ခိုက်၏။

ကျန့်ထော်သည် ဆက်လက်ကာ ဂရုမစိုက်နိုင်တော့ချေ။ ပြန်လှည့်ပြေးရန်သာ ပြင်ဆင်၏။ ထိုကဲ့သို့နှင့်ပင် မြင်းသည်တော် လေးထောင်ကျော်တို့သည် ရှမ့်လန်၏ ချင်နိုင်ငံမှ စစ်သည်တော် နှစ်ထောင်ကျော်တို့၏ လိုက်လံ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး အလုံးစုံ ဖိနှိပ်ခံထားရ၏။ ကျိန်းသေပေါက် ဆိုးဆိုးဝါးဝါး ရှုံးနိမ့်၏။ ကပ်ဘေးကြီးကို လုံးဝ ရှောင်ရှား၍ မရနိုင်ခဲ့ချေ။

ကျန့်ထော်တို့ စစ်စခန်းသို့ ရောက်သည့်အချိန်မှာပဲ သူတို့၌ မြင်းသည်တော် နှစ်ထောင်ကျော်သာလျှင် ကျန်ရှိတော့ကြောင်း သိရှိရ၏။ တစ်ဝက်လောက်က သေဆုံးခဲ့ကြ၏။ ထိုအရာက သူ့ကို သွေးအန်ရန် လုံလောက်စေ၏။ နယ်စားအိမ်တော်သို့ ပြန်ရောက်တော့ အခြေအနေက ပိုမိုကာ ဆိုးရွားလျက် ရှိနေ၏။

သူသည် စစ်တပ်ထဲတွင် ကျောက်ရောဂါပိုး ပျံ့နှံ့နေပြီဖြစ်ကြောင်း အစောတည်းက သိရှိပြီးဖြစ်သည်။ သို့ပေမည့် ဤမျှ များပြားနေလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။ တစ်ချက်ကြည့်ရှုလိုက်ရုံဖြင့် လူပေါင်းများစွာတို့၏ မျက်နှာပေါ်တွင် ကျောက်များရှိနေကြပြီး တော်တော်များများက အန်လျက်ရှိ၏။ အဖျားလည်း ကြီးနေကြသည်။

ကျန့်ထော်၏ ကျောရိုးမကြီးတစ်ခုလုံး စိမ့်တက်သွားခဲ့၏။ သူက အမိန့်ပေးလိုက်၏။ “အားလုံးပဲ ရဲတိုက်ထဲကို ပြန်ကြ။ ရဲတိုက်ထဲကို ဝင်ကြ”

ပြီးနောက် ကျန်းယွမ်နယ်စားကြီး၏ ရဲတိုက်ထဲဆီသို့ စစ်သည်ပေါင်းသောင်းချီ ပြန်လည် ဝင်ရောက်လိုက်ကြ၏။ သူတို့အားလုံးသည် ရှမ့်လန်ကိုသတ်ဖြတ်ရန် ကျရှုံးခဲ့သည်သာမက စစ်သည်ပေါင်းထောင်ကျော်ကိုပင် ပေးဆပ်ခဲ့ရသေးသည်။

ကျန့်ထော်၏ စစ်တပ်ကြီးသည် ရဲတိုက်ထဲသို့ ပြန်လာခဲ့၏။ ရှမ့်လန်၏ မြင်းသည်တော်များက လမ်းဆုံ တည်နေရာသို့ ပြန်လည်ကာ ရောက်ရှိလာခဲ့ပြီး ကျန်းယွမ်နယ်စားကြီး အိမ်တော်၏ ဝင်ပေါက်ကို ထပ်မံ ပိတ်ဆို့ထားခဲ့ပြန်၏။ အရာအားလုံးသည် မူလအတိုင်း ပြန်လည် ဖြစ်တည်သွားသည်။ အနှစ်ချုပ်ရမည်ဆိုလျှင် ဒုံရင်းက ဒုံရင်းအတိုင်းပင်။

ကျန့်ထော်က သွေးပွက်ပွက် အန်လျက်ရှိ၏။ “ရှမ့်လန်… ငါ မင်းကို သတ်မယ်။ ငါ မင်းကို သတ်မယ်”

…………..

နောက်ရက်အနည်းငယ်အတွင်းမှာပဲ ကျန်းယွမ်နယ်စားကြီးအိမ်တော်ရှိ ကျန့်ထော်၏ စစ်သည်များသည် တစ်နေ့ထက် တစ်နေ့ ပိုမိုကာ ဆိုးရွားလာခဲ့၏။ အဆုံးသတ်မှာတော့ စစ်သည်ပေါင်း ၈၀၊ ၉၀ ရာခိုင်နှုန်းတို့သည် ကျောက်ရောဂါပိုး ကူးစက်ခံခဲ့ရပြီး တစ်သုတ်ပြီးတစ်သုတ် သေလျက်ရှိ၏။ ရဲတိုက်ကြီးတစ်ခုလုံးကလည်း သက်ရှိ ငရဲခန်းကြီးတစ်ခုကဲ့သို့ပင်။

သမားတော်အားလုံးက ကျန်းယွမ်နယ်စားကြီး အိမ်တော်ထဲမှ ဆေးပင်များကို ချက်ပြုတ်ပြီး ကုသပေးသည်။ အိမ်တော်တွင်း ပတ်ဝန်းကျင်ကို သန့်ရှင်းနေအောင် ဖန်တီးပေးသည်။ သို့တစေ လူတစ်ဝက်လောက်သာ အသက်ရှင် ကျန်ရှ၏။ သမားတော်များထဲတွင် တချို့သော ပညာသင် သမားတော်များပင် သေဆုံးကုန်ကြ၏။

ရှမ့်လန်က တစ်ချိန်လုံး ရဲတိုက်အပြင်ဘက်မှ အော်လျက်ရှိနေသည်။ “အဆိပ်တွေ၊ အစားအစာတွေက အဆိပ်တွေ၊ ရေတွေက အဆိပ်တွေပဲ”

“ကျောက်ရောဂါ၊ ကျောက်ရောဂါ”

ရလဒ်အားဖြင့် ရဲတိုက်ထဲမှ စစ်သည်တော်များသည် ရေလည်းမသောက်၊ အစားလည်း မစားရဲကြတော့ချေ။ အဆုံးသတ်မှာတော့ သူတို့အားလုံး၏ ခုခံအားများက တဖြည်းဖြည်း လျော့ကျလာခဲ့ကြ၏။ အနာရောင်ရမ်းမှုကို လျော့ချနိုင်သည့် ဆေးပင်များ မရှိသည့်အပြင် စားခြင်းသောက်ခြင်းကိုလည်း မပြုလုပ်သောကြောင့် သူတို့၏ ခန္ဓာကိုယ်ထဲမှ အလိုအလျောက် အလုပ်လုပ်သည့် ခုခံအားများ ထွက်ပေါ်မလာသည်မှာ သဘာဝပင်။ ထို့အပြင် အစောကြီးတည်းက ကျောက်ရောဂါပိုး ကူးစက်ခံထားရသောကြောင့် အခြေအနေက ပို၍ဆိုးရွား၏။

ကျန့်ထော်သည် ထိုအရာအားလုံးကို အသေးစိတ် သိရှိခြင်း မရှိချေ။ နေ့စဉ်နေ့တိုင်း လူများ ပိုမို သေဆုံးလာကြောင်းကိုသာ သူသိသည်။ ရဲတိုက်ကြီးထဲတွင် အလောင်းများပင် သယ်မနိုင် ဖြစ်နေသည်။

ရှမ့်လန်၏ စစ်သည်များက ပိုမိုကာ မောက်မာဝင့်ကြွား လာခဲ့၏။ ရဲတိုက်၏ ဂိတ်တံခါးဆီသို့ပင် ရောက်ရှိလာခဲ့၏။ “ရဲတိုက်ထဲက ညီအစ်ကိုတွေ… ရှမ့်လန်က နတ်သမားတော်ပဲ။ သူက ကျောက်ရောဂါကို ကုသပေးနိုင်တယ်”

“ရှမ့်လန်က နတ်ဘုရားသမားတော်.. သူက ကျောက်ရောဂါကို ကုသပေးနိုင်တယ်”

နောက်ဆုံးမှာတော့ ဆေးအိုးပေါင်းတစ်ဒါဇင်ကျော်တို့ကို တန်းစီပြီး နတ်ဘုရားဆေးဆိုသည့် ဆေးကို စတင် ချက်ပြုတ်ကြ၏။

“နတ်ဘုရားဆေးက ကျောက်ရောဂါကို ကုသနိုင်တယ်”

“နတ်ဘုရားဆေးက ကျောက်ရောဂါကို ကုသနိုင်တယ်”

“အသက်ရှင်ချင်တဲ့ ညီအစ်ကိုတွေအကုန်လုံး အပြင်ကိုပြေးထွက်ခဲ့”

ကျောက်ရောဂါနှင့် ထိတွေ့ဆက်ဆံခြင်း မရှိထားသည့် လူအနည်းငယ်တို့အား ရဲတိုက်၏ ဂိတ်တံခါးကို စောင့်ရှောက်ရန် ကျန့်ထော်က အမိန့်ပေးလိုက်၏။ ထွက်ပြေးသည့် မည်သည့်ကိုမဆို သတ်ဖြတ်ရန်လည်း မှာကြားထား၏။ သို့ပေမည့် ကျန်းယွမ်နယ်စားအိမ်တော်က တကယ်ကို ကြီးမား၏။ နေရာအနှံ့ကို မည်သို့ စောင့်ကြပ်နိုင်မည်နည်း။

ကျောက်ရောဂါပိုး ကူးစက်ခံထားရသည့် စစ်သည် တော်တော်များများတို့က ညအချိန်တွင် ရဲတိုက်ကြီး၏ နံရံကို တွယ်တက်ကုန်ကြပြီး ရှမ့်လန်၏ စစ်တပ်စခန်းတွင် ရူးရူးမူးမူး ပြေးဝင်သွားခဲ့ကြ၏။

“နတ်ဘုရားဆေး… ကျုပ်ကို နတ်ဘုရားဆေးပေးပါအုံး”

“ကျုပ်ကို ကုသပေးပါအုံး”

ပြီးနောက် တစ်ယောက်ချင်းစီတိုင်းသည် နတ်ဘုရားဆေး တစ်ပန်းကန်စီကို ရရှိခဲ့ကြ၏။ ထိုအရာကို သောက်ပြီးနောက် အံ့အားသင့်စရာပင် တစ်ချက်ကလေးမှ ယားယံခြင်း မရှိတော့ချေ။ လေထုထဲ လှမ်းလျှောက်နေရသကဲ့သို့ ခံစားနေရသည်။

ရှမ့်လန်က အော်ဟစ်လိုက်၏။ “ညီအစ်ကိုတို့.. နတ်ဘုရားဆေးက အစစ် ဟုတ်ရဲ့လား”

အားလုံးက အော်ဟစ်လိုက်သည်။ “ဒါအစစ်ပဲ။ ဒါကျိန်းသေပေါက် အစစ်ပဲ”

တကယ်တမ်းမှာတော့ ထိုအရာ နတ်ဘုရားဆေး မဟုတ်ချေ။ လူကို ထုံထိုင်းစေသည့် ဆေးပင်များကို ထည့်သွင်းကာ ချက်ပြုတ်ထားခဲ့ခြင်း ဖြစ်၏။ ထိုအရာသည် သောက်လိုက်သည်နှင့်တပြိုင်နက် ခန္ဓာကိုယ်တစ်ခုလုံး ထုံထိုင်းသွားသောကြောင့် ယားယံမှုကို မခံစားရတော့ချေ။

ရဲတိုက်အတွင်းမှ လူပေါင်းများစွာတို့သည် ထိုမြင်ကွင်းကို မြင်ချိန်မှာတော့ တကယ်ပဲ တုန်လှုပ်သွားခဲ့ကြ၏။ တစ်ဖက်လူ ချက်ပြုတ်နေသည့်ဆေးက တကယ်ပဲ နတ်ဘုရားဆေး ဖြစ်လို့နေခဲ့၏။ ကျောက်ရောဂါကိုလည်း ကုသနိုင်စွမ်းရှိ၏။

အသက်ရှင်ခဲ့သည့်လူများ၏ မျက်နှာပေါ်တွင် သစ္စာတရားဆိုသည်မှာ မရှိတော့ချေ။ ရဲတိုက်ထဲရှိ ကျန့်ထော်၏ စစ်သည်များစွာတို့သည် ထွက်ပြေးရန် အကောင်းဆုံး ကြိုးစားကြတော့၏။ အစပိုင်းတုန်းက ကြိုးများကို အသုံးပြုကာဖြင့် အောက်သို့ တွယ်ဆင်းကြ၏။ အဆုံးသတ်မှာတော့ သူတို့က ဗြောင်ကျကျပင် ဂိတ်တံခါးဆီသို့ ပြေးထွက်သွားခဲ့ကြသည်။

ကျန့်ထော်၏ လူများက ဂိတ်တံခါးကို မဖွင့်ပေးကြချေ။ ထို့ကြောင့် နှစ်ဖက်အကြား စတင်ကာ တိုက်ခိုက်ခဲ့ကြ၏။ တကယ်ကို ဆိုးဆိုးဝါးဝါး တိုက်ခိုက်ကြခြင်းပင်။ အခြေအနေတစ်ခုလုံးက မထိန်းချုပ်နိုင်တော့ဘဲ အလုံးစုံလည်း ရှုပ်ထွေးကုန်၏။

ကျန့်ထော်သည် ရဲတိုက်၏ အမြင့်ဆုံး တည်နေရာဆီမှ မြင်ကွင်းကို လှမ်းကာ ကြည့်ရှုနေ၏။ သူ၏စစ်တပ်ကြီးကို သူ ထိန်းချုပ်နိုင်စွမ်း မရှိတော့ချေ။ ရဲတိုက်ထဲမှ အပြင်ဘက်သို့ ထွက်ခွာချင်သည့် လူမျိုးနှင့် ကျန့်ထော်၏ သစ္စာခံတို့က ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြသည်။ သူငယ်ချင်း၊ မိတ်ဆွေဆိုသည့် ဆက်ဆံရေးမျိုး မရှိတော့ချေ။

“အားလုံးက ဘာမှမဟုတ်တော့ဘူး။ အားလုံးက ဘာမှမဟုတ်တော့ဘူးပဲ” ကျန့်ထော်က ခန္ဓာကိုယ်တစ်ခုလုံး အေးစက်သွားသလို ခံစားမိ၏။ သူသည် မြင်ကွင်းကို ကြည့်ရှုရင်း မျက်ရည်များ ကျဆင်းလာခဲ့သည်။

“ငါ အရမ်း နောင်တရမိတယ်။ ငါ အရမ်း နောင်တရမိတယ်” ကျန့်ထော်က တကယ်ပင် နောင်တရမိနေ၏။ သူသာ အစကနေ အဆုံးထိ တစ်ကိုယ်ကောင်း မဆန်ခဲ့ပါက ပိုင်ရီနယ်စပ်ဒေသဆီမှ စစ်သည်တော် နှစ်သောင်းကျော်ကို ခေါ်ဆောင်ပြီး ကျန်းချုံးကို လာရောက်ထောက်ပံ့မိပေလိမ့်မည်။ ထိုသို့ဆိုလျှင် လက်ရှိအခြေအနေ၌ သူရဲကောင်းဖြစ်နေလောက်ပြီ။

သို့ပေမည့် လောကကြီးတွင် တစ်ကိုယ်ကောင်း ဆန်သည့်လူများအတွက် နေရာမရှိခဲ့ချေ။

“ငါ… ငါ့ကိုယ်ငါ မုန်းလိုက်တာ”

ကျန့်ထော်က အော်ဟစ်လိုက်၏။ “ရှမ့်လန်၊ ခွေးကောင်… ငါ မင်းကို အစိတ်စိတ်အပိုင်းပိုင်း ပိုင်းပစ်မယ်”

ပြီးနောက် ကျန့်ထော်က မေးမြန်းလိုက်သည်။ “လုံအာ.. ငါ အခု နန်းမြို့တော်ကိုသွားပြီး ခွင့်လွှတ်ဖို့ တောင်းပန်မယ်ဆိုရင် ဘုရင်မင်းမြတ်က ငါ့ကို ခွင့်လွှတ်ပေးလိမ့်မယ် ထင်လား”

ကျန့်လုံက ခေါင်းကို ခါယမ်းလိုက်၏။ “မဖြစ်နိုင်ဘူး။ ဘုရင်မင်းမြတ်က ကျေးဇူးတရားကို သိတတ်တဲ့ လူတစ်ယောက် မဟုတ်ဘူး။ ဘယ်လိုဖြစ်ပြီး အဖေ့ကို ခွင့်လွှတ်ပေးမှာလဲ”

ကျန့်ထော်က တုန်ယင်သွားမိသည်။ “ဒါဆိုရင် ငါတို့ တခြားလောကကြီး တစ်ခုခုဆီ သွားကြရအောင်။ အဲဒီလောကကြီးက ဘယ်မှာရှိလဲ”

ကျန့်လုံက ပြောလိုက်၏။ “ချောင်ပြည်နယ်ပေါ့။ ချောင်ပြည်နယ်မှာ ရွှေဒင်္ဂါးတွေကို အသုံးပြုမယ်ဆိုရင် ဘာမဆို ဝယ်ယူလို့ရတယ်။ အဖေ့ဆီမှာ စစ်သည်အင်အား မရှိဘူးဆိုရင်တောင်မှ အဖေက ချမ်းသာပြီး အားကောင်းတဲ့လူ တစ်ယောက် မဟုတ်လား”

ကျန့်ထော်က တုန်ယင်သွားသည်။ “ဟုတ်တယ်။ ဟုတ်တယ်။ ချောင်ပြည်နယ်၊ ချောင်ပြည်နယ်ပဲ”

ကျန့်လုံက ပြောလိုက်၏။ “အဖေ... ကျုပ်တို့ ဒီကနေ မြန်မြန်ထွက်သွားရအောင်။ သာမန်စစ်သည် အဝတ်အစားကို လဲ အနောက်ဘက်နံရံပေါ်က ကျော်လွှားပြေးမယ်ဆိုရင် ရှမ့်လန် သတိပြုမိမှာ မဟုတ်ဘူး”

“ဟုတ်တယ်။ ဟုတ်တယ်။ သွားကြရအောင်”

ပြီးနောက် ကျန့်ထော်နှင့် သူ၏သားတို့သည် သာမန်စစ်သည်များ၏ အဝတ်အစားကို လဲဝတ်လိုက်ကြပြီး ကျန်းယွမ်နယ်စားကြီးအိမ်တော်၏ အနောက်ဘက်နံရံဆီသို့ တွယ်တက်ကြ၏။ ချောက်ကမ်းပါး အောက်ထဲသို့ အသာပင် ဆင်းသွားခဲ့ကြသည်။

ဤလူနှစ်ယောက်၏ သိုင်းပညာက တကယ်ကို ပြိုင်စံရှားပင်။ ထို့ကြောင့် ချောက်ကမ်းပါးအောက်သို့ သက်တောင့်သက်သာ ခိုဆင်းနိုင်ကြသည်။

နာရီဝက်ခန့် ကြာမြင့်ပြီးသည့်နောက် သူတို့နှစ်ယောက်က မြေပေါ်သို့ ရောက်ရှိလာခဲ့၏။

“အင်း… နောက်ဆုံးတော့ လုံခြုံပြီပဲ။ သွားမယ်။ ချောက်နိုင်ငံကို သွားကြရအောင်”

ကျန့်ထော်သည် အလုံးစုံ ရှုပ်ထွေးလျက် ရှိနေသည့် ကျန်းယွမ်နယ်စားကြီး အိမ်တော်ကို လှမ်းကာ ကြည့်ရှုရင်း နှမျောသလို ခံစားနေမိ၏။ ကြီးမားခန့်ညားလွန်းပါသည်ဆိုသော ရဲတိုက်ကြီးကို သူ ပိုင်ဆိုင်ခဲ့သည်မှာ လဝက်နီးပါးခန့်သာ ရှိ၏။ စုနန်အစား နေရာယူပြီး ကျန့်မိသားစုက အလုံးစုံ တိုးတက်တော့မည့် အရိပ်သင်္ကတမျိုး ပြသခဲ့သည်။

“ရှမ့်လန်.. မှတ်ထား။ အခုကစပြီးတော့ မင်းမသေမချင်း ငါ အနားယူမှာ မဟုတ်ဘူး။ ငါ ကျိန်းသေပေါက် မင်းကို သတ်မယ်။ ရှမ့်လန်.. မင်းရဲ့ခန္ဓာကိုယ်ကို အပိုင်းအစတစ်ထောင်လောက် ခုတ်ပိုင်းမယ်။”

ပြီးနောက် ကျန့်ထော်က အနောက်ဘက်ဒေသဆီသို့ ပြေးရန် ပြင်၏။ သို့သော်ငြား ရုတ်တရက် သူသည် ဝမ်းဗိုက်ဆီမှ နာကျင်မှုကို ခံစားလိုက်ရ၏။ ခန္ဓာကိုယ်တစ်ခုလုံးက မြေပေါ်သို့ ပြိုလဲသွား၏။

ခဏလောက်ကြာသည့်အချိန်မှာတော့ သူ၏ရှေ့တွင် အမဲရောင်အရိပ်တစ်ခု ပေါ်ပေါက်လာခဲ့၏။ အကြီးဆုံး မင်းသမီး နင်ကျဲ့ပင်။

ကျန့်လုံသည် ရုတ်တရက် ဒူးထောက်ထိုင်ကာ တုန်ယင်နေသည့်အသံဖြင့် ပြောလိုက်သည်။ “အကြီးဆုံးမင်းသမီး.. အရှင်မင်းကြီးရဲ့ လျှို့ဝှက်စာကို ကျုပ် လက်ခံရရှိခဲ့ပြီးပါပြီ။ ကျုပ်… ကျုပ်ရဲ့အပြစ်တွေကို ကျုပ်ဘာကျုပ် ဝန်ခံပါ့မယ်”

ကျန့်ထော်သည် မယုံကြည်နိုင်စွာဖြင့် သူ၏သားကို ကြည့်ရှုလိုက်၏။ ပြီးနောက် ခြောက်ကပ်ကပ်ဖြင့် မေးလိုက်၏။ “မင်း… မင်း ငါ့ကို အဆိပ်ခတ်ခဲ့တာလား”

ကျန့်လုံက တုန်ယင်နေသည့်အသံဖြင့် ပြောလိုက်သည်။ “အဖေ.. တောင်းပန်ပါတယ်။ ကျုပ်ရွေးချယ်ခွင့် မရှိဘူး။ ဘုရင်မင်းမြတ်က ကျုပ်ကို လျှို့ဝှက်အမိန့်စာတစ်ခု ပေးခဲ့တယ်။ ဟိုးတုန်းထဲက သစ္စာတရားနှင့် မိဘကျေးဇူးကြွေးဆိုတာ တပြိုင်တည်းနဲ့ ပြည့်စုံအောင် ပြုလုပ်လို့ရတဲ့ အရာမျိုး မဟုတ်ဘူးလေ။ ဒါကြောင့် မိသားစုထက် ကျုပ်က မှန်ကန်တဲ့လမ်းစဉ်တစ်ခုကို ရွေးချယ်ခဲ့တာပါပဲ”

ခဏလောက်ကြာပြီးနောက် အကြီးဆုံးမင်းသမီး နင်ကျဲ့၏ ဘေး၌ ရှမ့်လန် ပေါ်ပေါက်လာခဲ့၏။

ကျန့်လုံသည် ရှမ့်လန်ကို ဒူးထောက်ကာ ပြောလိုက်သည်။ “ရှမ့်… ကျုပ်အစ်မ ကျန့်ဟုန်ရှန်းက ခင်ဗျားတို့ ရွှမ်ဝူနယ်စားကြီး အိမ်တော်မှာ ရှိနေတယ်လို့ ခင်ဗျား ပြောခဲ့တယ်နော်။ အခု ကျုပ်တို့က အမျိုးတော်စပ်ခဲ့ကြပြီ။ ဒီတော့ ကျုပ်က မှန်ကန်တဲ့ လမ်းစဉ်အတိုင်း လိုက်ဖို့ စိတ်ဆန္ဒရှိပါတယ်။ ကျုပ်ရဲ့ အပြစ်တွေအားလုံးကိုလည်း ကျုပ်ဝန်ခံချင်တဲ့စိတ် ရှိပါတယ်”

ရှမ့်လန်က ရှေ့ကိုလှမ်းတက်ပြီး ကျန့်လုံ၏ ပခုံးကို ပုတ်လိုက်၏။ “ကောင်လေး… ကောင်းကောင်း လုပ်ခဲ့တယ်”

ကျန့်ထော်သည် သူ၏သားကို မယုံကြည်နိုင်စွာဖြင့် ကြည့်ရှု၏။ ပြီးနောက် ဆိုးဆိုးဝါးဝါး အော်ဟစ်လိုက်သည်။ “ခွေးမသား”

“ဝေါ့”

သွေးများ အန်ထွက်လာခဲ့၏။

အပိုင်း (၄၄၂)

ယခုပွဲ၏ ဒါရိုက်တာက ရှမ့်လန် မဟုတ်ချေ။ ဘုရင်မင်းမြတ်နှင့် အကြီးဆုံးမင်းသမီး နင်ကျဲ့ပင် ဖြစ်၏။ သူတို့အား ပါရမီရှင်များဟု သုံးသပ်၍ရ၏။ တကယ့် အံ့အားသင့်စရာများကို ပြုလုပ်ခဲ့၏။

ရှမ့်လန်က ပျော်ပျော်ရွှင်ရွှင်နှင့် ထိုအရာကို ကြည့်ရှုလျက် ရှိနေသော်လည်း နှလုံးသားတစ်ခုလုံး သွေးစက်စက်ယိုစွာ စိတ်မကောင်း ဖြစ်မိနေပြန်သေးသည်။

အဖေနှင့်သား တစ်ယောက်နှင့်တစ်ယောက် ယှဉ်ပြိုင်တိုက်ခိုက်မှုကို မြင်ရသည်မှာ သူ့အတွက် ပထမဆုံး အကြိမ် ဖြစ်၏။

ဤလောကကြီးဆီသို့ ရောက်ရှိခဲ့ပြီးသည့်နောက် သူက ရန်သူပေါင်းများစွာနှင့် ရင်ဆိုင် တွေ့ခဲ့၏။ ကျန်းချုံးနှင့် သူ၏သားအကြောင်းကို ပြောနေစရာပင် မလိုအပ်ချေ။ သူ၏သားနှစ်ယောက်သည် သူ၏ အဖေအတွက် အသက်ကို စတေးရန်ပင် စိတ်ဆန္ဒအပြည့်ရှိသည်။ ကျန်းကျင်းသည် သူ၏အဖေအတွက် တကယ်ပင် သေဆုံးခဲ့၏။ ကျန်းချုံးသည်လည်း အရေးအကြောင်းအခြေအနေမျိုးတွင် သူ၏သားနှင့် သူ၏မြေးအတွက် မိမိကိုယ်ကိုယ် သတ်သေရန် ကြိုးစားခဲ့သည်။

ကျင်းဟိုင်မြို့စားကြီး ထန်လွမ်သည် သူ၏သား အသက်ရှင်ရန်အလို့ငှာ မိသားစု တစ်ခုလုံးကိုပင် စတေးခဲ့၏။ သူ၏သားကို သစ္စာဖောက်စေကာ ဘုရင်မင်းမြတ်ကို သွားရောက် သတင်းပေးပို့စေခဲ့၏။ ခွေးသူခိုးကြီး စုနန်သည်လည်း ဆိုးဝါးသည့် လူတစ်ယောက်ဖြစ်၏။ သို့ပေမည့် အဆုံးသတ်မှာတော့ လူပေါင်းများစွာတို့ကို သူကိုယ်တိုင် သတ်ဖြတ်ခဲ့သည်။ ထိုအရာက ရန်သူ၏ လက်အောင် မသေစေလိုသောကြောင့်ပင်။

အဖေနှင့်သားတို့ သစ္စာတရား ကင်းမဲ့ခြင်းဆိုသည်မှာ အာယုခန်နှင့် အာယုထိုင် တို့သာလျှင် ရှိ၏။ သို့ပေမည့် အနည်းဆုံးအားဖြင့် အာယုထိုင်သည် သူ၏အဖေကို ထိခိုက်နာကျင်အောင် မပြုလုပ်ခဲ့ချေ။ အာယုခန်က ရှမ့်လန်ကြောင့် သေဆုံးသွားခြင်း ဖြစ်၏။

သူ၏အရှေ့တွင် ရှိနေသည့် မြင်ကွင်းမှာတော့ တကယ့်ကို အံ့အားသင့်စရာပင်။ ကျန့်လုံက အောင်မြင်မှု၊ ချမ်းသာမှုအရာအားလုံးအတွက် သူ၏အဖေ ကျန့်ထော်ကို သစ္စာဖောက်ခဲ့၏။ ထို့အပြင် အဆိပ်ပင် ခတ်ခဲ့သေးသည်။

ကျန့်ထော်သည် သူ၏သားကို နာကျင်စွာဖြင့် ကြည့်ရှုရင်း ပြောဆိုလိုက်၏။ “ဘာကြောင့်လဲ။ ငါတို့ ချောင်ပြည်နယ်ကို ထွက်ပြေးလို့ ရနိုင်တယ် မဟုတ်လား”

ကျန့်လုံက ပြောလိုက်သည်။ “ကျုပ်က ရွှဲ့ပြည်နယ်ကို သစ္စာရှိတာလေ။ ဘယ်လိုလုပ် သစ္စာဖောက်ရမှာလဲ”

ထိုအချိန်မှာပင် ရှမ့်လန်က ရုတ်တရက် ဝင်ပြောလိုက်၏။ “အမှန်ပြော။ ဒီကိစ္စ မင်းအတွက် အရမ်း အရေးကြီးတယ်”

ကျန့်လုံက ပြောလိုက်သည်။ “အဖေ.. ချောင်ပြည်နယ်ကို သွားဖို့ဆိုတာ အရမ်း ခက်ခဲတယ်။”

ဤစကားတစ်ခွန်းက အစစ်အမှန်ကို ပေါ်ပေါက်စေခဲ့၏။ ဟုတ်ပေ၏။ အရမ်းကိုခက်ခဲ၏။ ကျန့်ထော်နှင့် ကျန့်လုံတို့သည် ချောင်ပြည်နယ်ဆီသို့ သွားရောက်ပြီး အညံ့ခံခဲ့လျှင်တောင်မှ ချောင်ပြည်နယ်သည် ကျန့်ထော်ကို မြို့စားရာထူး ပေးလျှင် ပေးနိုင်၏။ သို့ပေမည့် အခွင့်အာဏာ၊ ဩဇာနှင့် ပိုက်ဆံကိုတော့ ပေးအပ်လိမ့်မည် မဟုတ်ချေ။

ကျန့်လုံအတွက်မှာတော့ ထိုကဲ့သို့သော ဂုဏ်ထူး အဆောင်အယောင်တစ်ခုသာရှိပြီး တခြား ဘာမှမရှိသည့် အရာမျိုးက ချီးကဲ့သို့ပင် တန်ဖိုးမရှိချေ။ အရာအားလုံးကို ရရှိရန် ထပ်မံယှဉ်ပြိုင် တိုက်ခိုက်ယူရပေဦးမည်။ ထိုသို့ဆိုလျှင် သူ့၌ အောင်မြင်နိုင်ပါ့မည်လား။

ကျန့်ထော်က ပြောလိုက်၏။ “မင်းက မင်းရဲ့အဖေကို သစ္စာဖောက်ခဲ့တယ်။ ရွှဲ့ပြည်နယ်မှာ မင်းကို ဘယ်သူက အသုံးပြုရဲမှာလဲ”

ကျန့်လုံက ခိုင်မာစွာ ပြောလိုက်သည်။ “ရေနက်တပ်ဖွဲ့က ကျုပ်ကို သေသေချာချာ အသုံးပြုလိမ့်မယ်လေ။ ရေနက်တပ်ဖွဲ့ပေါ့”

အကြီးဆုံးမင်းသမီး နင်ကျဲ့သည် ထိုအရာကို သဘောတူညီပေးခဲ့၏။ ဟုတ်ပေ၏။ ရာထူးရာခံက အရမ်းကြီး မြင့်မားခြင်းတော့ မရှိချေ။

ကျန့်လုံသည် ပင်းရှစ်မြို့စားကြီး တည်နေရာကို အမွေဆက်ခံနိုင်စွမ်း ရှိ၏။ ရေနက်တပ်ဖွဲ့သည် ဤကဲ့သို့သော လူမျိုးကို လိုအပ်၏။

သူ ကျန့်လုံက သူ၏အဖေကို ကိုယ်တိုင် သစ္စာဖောက်ခဲ့သည်ဆိုလျှင်တောင်မှ ဘာဖြစ်သနည်း။ ရေနက်တပ်ဖွဲ့သည် ဤကဲ့သို့ သွေးအေးပြီး ရက်စက်လွန်းသည့်လူများကိုသာ လိုအပ်သည် မဟုတ်ပါလား။

ဟုတ်ပေ၏။ ကျန့်ထော်သည်သာ အလုံးစုံ ရှုံးနိမ့်သွားခြင်း မရှိပါက ကျန့်လုံက သူ၏အဖေကို သစ္စာဖောက်လိမ့်မည် မဟုတ်ချေ။ သို့ပေမည့် လက်ရှိအခြေအနေ၌ သူ့အတွက် သွားစရာနေရာ မရှိချေ။ ရေနက်တပ်ဖွဲ့က သူ့အတွက် ကောင်းမွန်သည့် တည်နေရာတစ်ခုဖြစ်၏။ ရာထူးနိမ့်ပါးလျှင်တောင်မှ အားလုံးသော သူတို့ ကြောက်လန့်ရသည့် အဖွဲ့အစည်း၏ အမှုထမ်းပင်။

“ဟား ဟား ဟား”

ကျန့်ထော်က အော်ဟစ်ရယ်မောလိုက်၏။ “ငါ ဘယ်လိုလုပ် ထင်မိမှာလဲ။ ငါ ကျန့်ထော်က ငါမွေးထားတဲ့ သားရဲ့လက်ထဲမှာ၊ ငါ့ အချစ်ဆုံးသားရဲ့လက်ထဲမှာ သေဆုံးရလိမ့်မယ်လို့”

ကျန့်လုံက အေးစက်စက် ပြောလိုက်သည်။ “အဖေ မမေ့နဲ့အုံး။ ကျုပ်တို့ အန္တရာယ်များတဲ့ အခြေအနေမျိုးနဲ့ တွေ့တဲ့အချိန်တိုင်း အဖေက အသေခံတပ်ဖွဲ့ကို အရင်ဆုံး စေလွှတ်တတ်တယ်။ ပြီးရင် ကျုပ်ကို စေလွှတ်တယ်။ အရာအားလုံး အဆင်ပြေသွားပြီဆိုမှ အဖေ သွားခဲ့တာ မဟုတ်လား။ ဘယ်လိုဖြစ်ပြီးတော့ ကျုပ်က အဖေ့ရဲ့ အချစ်ဆုံးသား ဖြစ်ရမှာလဲ”

ကျန့်ထော်သည် ပခုံးကို တွန့်လိုက်မိ၏။ သူ မရှင်းပြတတ်တော့ပေ။

“ဟား ဟား ဟား”

ကျန့်ထော်က ဤကဲ့သို့ပင် ရယ်မောလိုက်၏။ “ကျန့်လုံ.. ငါ့ကို သစ္စာဖောက်ခဲ့ပြီးတဲ့နောက်မှာ မင်း အသက်ရှင်နိုင်လိမ့်မယ်လို့ ထင်နေတာလား။ ရှမ့်လန်က မင်းကို လွှတ်ပေးမယ်လို့ ထင်နေတာလား။ ဘုရင်မင်းမြတ်က သူ့ကို ဒီလောက်ကြီး သဘောကျနေတာ။ သူသာ မင်းကို သတ်မယ်ဆိုရင် ဘုရင်မင်းမြတ်က အနည်းငယ်လောက် ဆူငေါက်ရုံလောက်နဲ့ ပြီးသွားလိမ့်မယ်။ မင်းက ဘာမှမဟုတ်ဘဲ သေသွားလိမ့်မယ်”

ကျန့်လုံသည် ရှမ့်လန်၏ အရှေ့တွင် ဒူးထောက်ထိုင်ချကာဖြင့် ရှမ့်လန်၏ဖိနပ်ကို နဖူးနှင့်တိုက်လိုက်၏။ ပြီးနောက် တုန်ယင်နေသည့်အသံဖြင့် ပြောလိုက်သည်။ “ရှမ့်… ကျုပ်က အဆိပ်ပြင်းတဲ့ မြွေတစ်ကောင် ဖြစ်တယ်ဆိုတာ သိပါတယ်။ ပြီးတော့ ဆိုးယုတ်တဲ့ လူတစ်ယောက်ပါ။ ကိုယ့်ရဲ့အဖေကိုတောင်မှ သစ္စာဖောက်ခဲ့တဲ့ လူတစ်ယောက်။ ခင်ဗျား ကျုပ်ကို ကျိန်းသေပေါက် ယုံကြည်မှာ မဟုတ်ပါဘူး။ ခင်ဗျား ကျုပ်ကို မယုံကြည်ခွင့်လည်း ရှိတယ်။ ဒါပေမယ့် ကျိန်းသေပေါက် ယုံကြည်ပေးပါ။ ယုံကြည်စရာတွေလည်း ရှိနေပါတယ်”

ရှမ့်လန်က ပြောလိုက်၏။ “ပြောလေ”

ကျန့်လုံက ပြောလိုက်သည်။ “ခင်ဗျားက ကျုပ်တွေ့ခဲ့ဖူးတဲ့ လူတွေထဲမှာ အားအကောင်းဆုံး လူတစ်ယောက်ပဲ။ တစ်ရာ ရာခိုင်နှုန်း အာမခံချက် မရှိဘဲနဲ့ ကိုယ့်ရဲ့ရန်သူကို ဘယ်လိုလုပ် တိုက်ခိုက်မှာလဲ။ ခင်ဗျားသာ ကျုပ်ကို မသတ်ဘူးဆိုရင် ခင်ဗျားအတွက် ကျုပ် တစ်ခုလုပ်ပေးမယ်လို့ အာမခံပေးပါတယ်။ ခင်ဗျားလိုအပ်တဲ့ အချိန်တိုင်း ကျုပ်ကို လာရှာပါ။ ကျုပ် ကျိန်းသေပေါက် လုပ်ပေးမယ်”

ကျန့်ထော်က ကျယ်လောင်စွာ ရယ်မောလိုက်၏။ “ကျန့်လုံ… မင်းက တကယ်ငပေါပဲ။ ရှမ့်လန်က မင်းကို ယုံကြည်မယ် ထင်လို့လား”

ကျန့်လုံက ပြောလိုက်သည်။ “ဟုတ်တယ်။ ရှမ့်အတွက် ကျုပ်က ထိုက်တန်တဲ့ လူတစ်ယောက် မဟုတ်ပါဘူး။ ကျုပ်ရဲ့ကတိစကားကလည်း ချီးပေါက်သလောက်တောင်မှ တန်ဖိုးကြီးမားတာ မဟုတ်ဘူး။ ကျုပ်က ခွေးတစ်ကောင် သာသာပါပဲ။ ဒါပေမယ့် ကျေးဇူးပြုပြီး ကျုပ်ကို ယုံကြည်ပေးပါ။

ကျုပ် တကယ် ခင်ဗျားကို မမုန်းပါဘူး။ ကျုပ် တကယ် ခင်ဗျားကို ကြောက်ပါတယ်။ ကျုပ်က အနာဂတ်မှာ ခင်ဗျားအတွက် အသုံးဝင်တဲ့ လူတစ်ယောက် ဖြစ်လာပါလိမ့်မယ်။ ကျုပ်က သိုင်းပညာထက်မြက်ပြီး ဉာဏ်ကောင်းပါတယ်။ ကျုပ်က အမိန့်ကိုလည်း လိုက်နာနိုင်ပါတယ်။ ခင်ဗျားရဲ့ ဘေးနားမှာ ခွေးတစ်ကောင်လိုပဲ သစ္စာရှိပေးပါ့မယ်”

ကျန့်လုံသည် ရှမ့်လန်ကို မြှောက်ပင့်ကာ ချဉ်းကပ်လျက် ရှိနေ၏။ နင်ကျဲ့ကို မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် သူ၏ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်နိုင်သူမှာ မင်းသမီးနင်ကျဲ့ မဟုတ်ဘဲ ရှမ့်လန် ဖြစ်နေသောကြောင့်ပင်။

ရှမ့်လန်၏မျက်လုံးများက ကျဉ်းမြောင်းသွား၏။ သူက ကျန့်လုံကို ကြည့်ရှုလိုက်၏။ အစစ်အမှန်ပင်။ ရှမ့်လန်အတွက် ယခု ကျန့်လုံကို သတ်ဖြတ်ဖို့ဆိုသည်မှာ အလွန်လွယ်ကူ၏။ စကားတစ်ခွန်း ပြောဆိုလိုက်သည်နှင့် တပြိုင်နက် ရန်သူ၏ ရှိရှိသမျှ အမျိုးအဆွေအားလုံးကို သတ်ဖြတ်ပစ်နိုင်စွမ်း သူ့၌ရှိ၏။ သို့ပေမည့် တခြားသော စကားတစ်ခွန်းလည်း ရှိ၏။ ရန်သူသည် အပေါင်းအဖော်ထက် ပိုမိုအသုံးဝင်သည့် အချိန်မျိုးရှိ၏။

ထိုအချိန်မှာပင် အကြီးဆုံးမင်းသမီးနင်ကျဲ့က ပြောလိုက်၏။ “သူ့ကို အသက်ရှင်လျက်ထားမယ်လို့ ငါ ကျန့်လုံကို ကတိပေးထားခဲ့ပြီ။ အခြေခံအားဖြင့် ငါ့ကတိကို တည်ရလိမ့်မယ်”

ပြောရမည်ဆိုလျှင် သူမက ရှမ့်လန်ကို လှမ်းကာ သတိပေးခဲ့ခြင်းပင်။ ကျန့်လုံကို အသက်ရှင်လျက် ထားမည်ဟု သူမက ပြောဆိုခဲ့၏။ သို့ပေမည့် ရှမ့်လန်က ကျန့်လုံကို သတ်ဖြတ်လိုက်မည်ဆိုပါက သူမ သိက္ခာကျဆင်း နိုင်သည်။

စက္ကန့်အနည်းငယ်လောက် တွေးတောပြီးနောက် ရှမ့်လန်က ခေါင်းညိတ်ကာ ပြောလိုက်၏။ “ကဲ… ဂုဏ်ယူပါတယ်။ မင်း အသက်ရှင်နိုင်ပြီ”

ကျန့်လုံသည် ရှမ့်လန်၏ခြေထောက်ကို နဖူးနှင့်တိုက်လျက် ရှိနေသည်။ “အသက်ချမ်းသာပေးတဲ့အတွက် ရှမ့်ကို ကျေးဇူးတင်ပါတယ်။ ကျေးဇူးပြုပြီး မှတ်ထားပါ။ လုံလောက်အောင် အားကောင်းလာတဲ့အချိန် ရောက်ရင် ကျုပ်က အကောင်းဆုံး ခွေးတစ်ကောင် ဖြစ်လာစေရပါမယ်”

ရှမ့်လန်က လက်ကို ဝှေ့ယမ်းကာ ပြောလိုက်၏။ “သွားကြရအောင်။ ထောင်စုမှူးကျန့်”

ကျန့်လုံသည် ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။ ပြီးနောက် ဒူးတစ်ဖက်ထောက်ကာ ပြောလိုက်၏သည် “ဒီအဆင့်နိမ့်အရာရှိ သွားလိုက်ပါအုံးမယ်”

ပြီးနောက် တိုက်ရိုက်ဆိုသလိုပဲ သူက ထွက်ခွာသွားခဲ့၏။ သူက မင်းသမီးနင်ကျဲ့၏ ရေနက်တပ်ဖွဲ့ စစ်သည်တော်များဆီသို့ လှမ်းဝင်သွားခဲ့၏။

“ကျုပ်က ကျန့်လုံပဲ။ ရေနက်တပ်ဖွဲ့ ထောင်စုမှူးအသစ်ပဲ။ ဒီနေ့ကစပြီး ကျုပ်တို့က တစ်အိုးတည်းစားမယ်။ ကျုပ်ကို ဂရုစိုက်ပေးပါ ညီအစ်ကိုတို့”

ကျန့်လုံသည် တကယ်ပင် စိတ်အားတက်ကြွလျက် ရှိနေ၏။ သူက ဂိုဏ်းတစ်ခုထဲသို့ ဝင်ရောက်သည့် ဂိုဏ်းသားသစ် တစ်ယောက်ကဲ့သို့ပင်။

ရေနက်တပ်ဖွဲ့မှ စစ်သည်တော်များ၏မျက်နှာက တုန်ယင်သွားခဲ့၏။ သူတို့က ပြိုင်တူဆိုသလို ဦးညွှတ်ကာ ပြောလိုက်သည်။ “နှုတ်ဆက်ပါတယ် ထောင်စုမှူးကျန့်”

ရေနက်တပ်ဖွဲ့မှ စစ်သည်တော်များသည် အမှောင်ကို ကြိုက်၏။ ထို့အတူ လောက၏ အမှောင်မိုက်ဆုံး ဖြစ်ရပ်များကို မြင်တွေ့ဖူးပြီး ဖြစ်သည်။ ထို့ကြောင့် သူတို့က ပြန်လည် နှုတ်ဆက်ရာတွင် တစ်ချက်ကလေးမှ တွန့်ဆုတ်ခဲ့ခြင်း မရှိသလို တစ်ချက်ကလေးမှ တွေဝေငေးငိုင်ခဲ့ခြင်းလည်း မရှိပေ။

ရှမ့်လန်သည် ဆောင့်ကြောင့်ထိုင်ချပြီး ကျန့်ထော်ကို ကြည့်ရှုလိုက်၏။

ရုတ်တရက် ကျန့်ထော်က ဒူးထောက်ကာဖြင့် တုန်ယင်နေသည့်အသံဖြင့် ပြောလိုက်သည်။ “ရှမ်…ရှမ့်၊ ငါ ငါလည်း လုပ်နိုင်ပါတယ်။ ကျန့်လုံ လုပ်နိုင်တဲ့အရာအားလုံးကို ငါလုပ်နိုင်ပါတယ်”

“ချီးတဲ့မှ” ရှမ့်လန်သည် လောကကြီးအတွင်း အတွေ့အကြုံရှိလာခဲ့ပြီး နဂိုတည်းက ဗဟုသုတနှင့် ကြွယ်ဝသည့် လူတစ်ယောက်ဖြစ်သည်ဆိုလျှင်တောင်မှ လက်ရှိမြင်နေရသည့် မြင်ကွင်းကို ကြည့်ရှုရင်း အံ့အားတသင့်ဖြစ်နေ၏။

‘ခင်ဗျား ကျန့်ထော်က ပင်းရှစ်မြို့စားကြီး၊ စစ်သူကြီးတစ်ယောက်၊ ဂုဏ်သိက္ခာကြီးမားတဲ့ လူတစ်ယောက် မဟုတ်လား။ အသက်ရှင်ဖို့အတွက် ကျုပ်လို သမက်တော်လေးတစ်ယောက်ရဲ့ အရှေ့မှာ ခွေးအဖြစ်နေထိုင်မယ်လို့ ပြောချင်နေတာလား’

ဤအဖေနှင့်သားက တကယ့်ကို အံ့အားသင့်စရာပင် ဖြစ်၏။ အစတုန်းက ချမ်းသာမှု၊ ကြွယ်ဝမှု၊ ဩဇာအာဏာအတွက် အရာအားလုံးကို ပြုလုပ်ချင်စိတ် ရှိ၏။ လက်ရှိအခြေအနေမှာတော့ အသက်ရှင်ရန် မှလွဲလျှင် တခြားဘာကိုမှ မလိုချင်တော့သည့်ပုံပင်။

ရှမ့်လန်က ပြောလိုက်၏။ “ကျန့်ထော်… ကျုပ်ဆီမှာ ဝါသနာတစ်ခုရှိတယ်ဆိုတာ ခင်ဗျားသိလား”

ကျန့်ထော်က ကြောင်အသွားခဲ့၏။

ရှမ့်လန်က ပြောလိုက်၏။ “ဒီကိစ္စက မခက်ပါဘူး။ မင်းသမီး… မင်းသမီး ကျုပ်ကို ကူညီပါအုံး”

မင်းသမီးနင်ကျဲ့က ရှေ့ဆီသို့လှမ်းတက်လိုက်ပြီး သူမ၏လက်ဝါးကို ကျန့်ထော်၏ ဦးခေါင်းပေါ်သို့ တင်လိုက်၏။ အနည်းဆုံးအနေနှင့် သူမသည် အတွင်းအား အနည်းငယ်ကို အသုံးပြု၍ သတ်ဖြတ်ပစ်နိုင်စွမ်း ရှိ၏။ ကျန့်ထော်၏ သိုင်းပညာက တကယ့်ကို အားကောင်း၏။ အထူးသဖြင့် အတွင်းအားပင်။

သို့ပေမည့် လက်ရှိအခြေအနေမှာတော့ ကျန့်ထော်၌ ခုခံရန် ရည်ရွယ်ချက် မရှိတော့ချေ။ ခံစားချက် ကင်းမဲ့သလိုသာ မတ်မတ်ရပ်နေသည်။

ဤလောကကြီးက ဆန်းပြားလွန်းလှချေ၏။ အဆုံးမဲ့သောအာဏာ အောက်တွင် သိုင်းပညာ ကျွမ်းကျင်သူများ သည် ခွေးကဲ့သို့ အလုပ်အကျွေး ပြုရသည်။ သိုင်းပညာကျွမ်ကျင်လွန်းတော့ရော ဘာအသုံးကျသနည်း။

ရှမ့်လန်သည် ဓားမြှောင်ကို လှမ်းထုတ်ပြီး ကျန်းချုံး၏ ပေါင်ကြားဆီသို့ အသာဝှေ့ယမ်းလိုက်၏။ သွေးများက နေရာအနှံ့ဆီသို့ ပျံ့နှံ့သွားခဲ့၏။ ကျန့်ထော်၏ မိသားစုရတနာလေးသည် အောက်သို့ ကျဆင်းသွားခဲ့၏။

ဆရာလန်သည် နောက်ထပ်တစ်ယောက်ကို သင်းကွပ်ခဲ့ပြီ ဖြစ်၏။ လူပေါင်းများစွာတို့ကို သတ်ဖြတ်ပြီးနောက် ရှမ့်လန်၌ ဝါသနာတစ်ခု ပေါ်လာသည်။ ထိုအရာက စိတ်တ္တဇကဲ့သို့ပင် ဖြစ်လာ၏။ နောက်ဆုံးမှာတော့ ဆရာလန် သည် စိတ္တဇဂွေးဖြတ်သမား ပင် ဖြစ်လာခဲ့သည်။

သို့ပေမည့် ရှမ့်လန် တွေးထင်ထားသလို ကျန့်ထော်က တစ်ချက်ကလေးမှ အော်ဟစ်ခဲ့ခြင်း မရှိချေ။ ထိုအစား ခပ်တည်တည်ဖြင့် မေးမြန်းလိုက်၏ “ရှမ့်.. ကျုပ် အသက်ရှင် နိုင်ပြီလား”

ရှမ့်လန်သည် နှလုံးသားထဲတွင် တစ်ဖက်လူကို ခွေးတစ်ကောင်ကဲ့သို့ပင် ထင်မှတ်လိုက်မိ၏။ “ကျန့်ထော်… ခင်ဗျားက ကျုပ်ရဲ့လူတွေကို သင်းကွပ်ပစ်တဲ့ ဝါသနာ နဲ့ ခံစားမှုအရသာကို ဖျက်ဆီးခဲ့တာပဲ။ ကျုပ် ခင်ဗျားကို သင်းကွပ်ခဲ့တယ်။ ဒါပေမယ့် ခင်ဗျား ဘာလို့ မအော်ရတာလဲ။ ခင်ဗျားက နာနာကျင်ကျင်နဲ့ အော်ရမှာ မဟုတ်ဘူးလား။ ဘာလို့ဖြစ်ပြီး ငြိမ်ငြိမ်သက်သက် နဲ့ နေနိုင်နေရတာလဲ”

ကျန့်ထော်က ထိုအရာကို သတိပြုမိ၏။ ထို့ကြောင့် ရုတ်တရက်ထကာ အော်ဟစ်လိုက်သည်။ “အား အား”

သို့ပေမည့် အသံ၌ ခံစားချက် မပါပေ။ တကယ်တမ်းမှာလည်း ကျန့်ထော်က သင်းကွပ်ခံရခြင်းနှင့်ပတ်သက်၍ ဂရုမစိုက်ချေ။ အသက်ရှင်ဖို့က ပိုမိုကာ အရေးကြီး၏။

“ခင်ဗျား အံ့အားသင့်စရာပဲ” ပြီးနောက် သူက အသာပင်ထွက်ခွာသွားခဲ့သည်။

ရေနက်တပ်ဖွဲ့မှ စစ်သည်တော်များသည် ရှေ့သို့ လှမ်းတက်လိုက်ပြီး ကျန့်ထော်၏ ဒဏ်ရာကို ပတ်တီး စည်းပေးလိုက်၏။ သွေးထွက်လွန်မှုမရှိစေရန်ပင်။။ ပြီးနောက် သံမဏိချိန်းကြိုးများကို ထုတ်ယူပြီး ချုပ်နှောင်လိုက်၏။ နောက်ဆုံးမှာတော့ မြင်းရထားပေါ်တင်ကာ နန်းမြို့တော်သို့ ခေါ်ဆောင်သွားခဲ့ကြ၏။

ဘုရင်မင်းမြတ်က ကျန့်ထော်ကို အရိုးထဲမှ မုန်းတီး၏။ ထို့ကြောင့် ကျိန်းသေပေါက် အပြစ်ပေးပေလိမ့်မည်။ ရှမ့်လန်၏ ဂုဏ်သိက္ခာ ပြန်လည်ရရှိရန်အလို့ငှာ ကျန့်ထော်နှင့် လျန်ယုံနင်တို့သည် ဤကဲ့သို့ ပြုလုပ်ခဲ့သည် ဖြစ်ကြောင်း လူသိရှင်ကြား အသိပေးရပေဦးမည်။ ဘုရင်မင်းမြတ်သည် လူတစ်ယောက်ကို မုန်းတီးသည်နှင့် ထိုသူ၏မိသားစုတစ်ခုလုံးကို သတ်ဖြတ်ရပေလိမ့်မည်။

အကြီးဆုံးမင်းသမီး နင်ကျဲ့က ရှမ့်လန်ကို လှမ်းကာ ကြည့်ရှု၏။ သို့ပေမည့် အဆုံးထိ ဘာတစ်ခုမှ မပြောခဲ့ချေ။ သူမက လက်ကို အသာဝှေ့ယမ်းပြီး သူမ၏အဖွဲ့ကို ဦးဆောင်ကာ ခေါ်ဆောင်သွားခဲ့၏။

အမိန့်တော်အတိုင်းပင် ရှမ့်လန်က နန်းမြို့တော်ဆီသို့ လိုက်ပါသွားရပေလိမ့်မည်။ ယခုတော့ မဟုတ်သေးချေ။ သူ့၌ လုပ်စရာတွေ အနည်းအကျဉ်း ကျန်ရှိနေသေးသည်။

All Chapters