← Chapters

သူဘယ်သူလဲ မင်းသိလား

Vol. 147 Ch. 2189

သူဘယ်သူလဲ မင်းသိလား

Vol. 147 Ch. 2189

မူလက အပြုံးပန်းများ ဝေဆာနေသည့် ချီရုံချွမ်း၏ မျက်နှာတွင် တစ်မဟုတ်ချင်း ထိုအပြုံးပန်းတို့ ပျောက်ကွယ်သွားခဲ့သည်။

သူက ဤအရေးကိစ္စကို ပေါ့တန်တန် သဘောထားနေခဲ့ခြင်းပင်။ ချိန်ပင်းချန်ကိုလည်း အသိပေးလိုသောကြောင့်သာ သာမန်လျှံကာ ဖုန်းဆက်လိုက်ခြင်း ဖြစ်သည်။ ထို့နောက်တွင်တော့ သူ ဒီကိစ္စကို သူ့နဂို စိတ်ကူးထားသည့်အတိုင်း ဆက်လက် ဆောင်ရွက်ပေမည်။

သို့သော် ချိန်ပင်းချန်ထံကနေ ထိုမျှလေးနက်စွာ အရိပ်အမြွက် ပေးခံရလိမ့်မည်လို့တော့ လုံးဝ ထင်မှတ်မထားခဲ့ချေ။

ဤသို့သော ပုံစံက သူ့အတွေးစိတ်ကူးထဲကနှင့် မတူညီနေပေ။

“ ချိန်ပင်းချန် … မင်း ငါ့ကို ဘာပြောချင်နေတာလဲ ..”

ချီရုံချွမ်း၏ လေသံက မသိမသာ ခက်ထန်လာခဲ့ပြီး ဒေါသထွက်နေသယောင် ရှိသည်။

“ မင်းပြောချင်တာ မင်းတို့လူတွေက ဖန့်ချိန်မှာ ရာဇဝတ်မှု ကျူးလွန်ရင် ငါတို့က အရေးယူလို့ မရဘူးပေါ့ ဟုတ်လား … မင်းက ရှင်းရှင်းလင်းလင်းကြီးကို မျက်နှာလိုက်နေမှန်း သိသာလွန်းတယ် … မင်း ဆင်ခြင်ပြီးနေ … ကိုယ့်ရဲ့ ဂုဏ်သတင်းကို မပျက်စီးစေနဲ့ ….”

“ တစ်ချို့ကိစ္စတွေက ငါ ပြောလို့မရတာတွေ ရှိတယ် ... ဒါပေမယ့် မင်းက ဆက်ပြီး ခေါင်းမာချင်နေတယ်ဆိုရင်တော့ ငါလည်း မင်းကို မတားနိုင်ဘူး ….” ချိန်ပင်းချန် ပြောလိုက်သည်။ “ မင်း တကယ်ပဲ ဒီ ကိစ္စကို ကိုင်တွယ်ချင်တယ်ဆိုလည်း လုပ်ပေါ့ ….”

ချိန်ပင်းချန် ရှည်ရှည်ဝေးဝေး ဆက်ပြောမနေတော့ဘဲ ဖုန်းချပစ်လိုက်သည်။

ချီရုံချွမ်းလည်း ထို့အတူပင်။ သူ ဒေါသတကြီးနှင့် ဖုန်းကို ဘေးသို့ ပစ်ချလိုက်၏။

“ စောက်ကျိုးဟိုင်ကလူတွေ တော်တော် မောက်မာလွန်းတယ် …”

တစ်ခုခုမှားယွင်းနေသည်ကို ခံစားမိတော့ ဟွမ်စစ်ဟိုင် စူးစမ်းသည့် သဘောဖြင့် မေးလာခဲ့သည်။

“ ခေါင်းဆောင်ချီ … ကျိုးဟိုင်မှာ ပြဿနာ တက်နေလို့လား ….”

“ သူတို့က လင်းရီ အမှုကို ငါတို့ကို လက်ရှောင်ပေးပါတဲ့ ….” သူ ပြောလိုက်ပြီး “ ငါတို့ကို ဘာမှမလုပ်ဘဲ ဒီတိုင်း ပြန်ပို့ပေးခိုင်းနေတယ်လေ ….”

“ ဒီ‌လောက် ကြီးလေးတဲ့ အမှုကို ကျူးလွန်ပြီးတာတောင် သူ့ကို ဒီတိုင်း ပြန်ပို့ပေးလိုက်ရမယ် ….” ဟွမ်စစ်ဟိုင် အံ့အားသင့်သွားခဲ့ပြီး မယုံကြည်နိုင် ဖြစ်နေသည့် လေသံဖြင့် “ ဒါ လူကို သပ်သပ် အပေါ်စီးကနေ အခွင့်အရေး ယူနေတာပဲမလား ….”

“ ငါ မထင်ထားတာက ငါကိုယ်တိုင် ဖုန်းဆက်ပြီး ပြောတာကိုတောင် ဒီလို အချိုးမျိုး ချိုးလာခဲ့တာကိုပဲ …”

ချီရုံချွမ်း၏ မျက်နှာမှာ အခိုးအငွေ့တို့ ထွက်လာလုမတတ် နီရဲနေသည်။

ဟွမ်စစ်ဟိုင်၏ မျက်လုံးတို့ ဂနာမငြိမ်ဖြစ်သွားခဲ့သည်။ “ ကျုပ်တို့နဲ့ သူတို့က သမိုင်းရှိခဲ့တဲ့ လူတွေပဲလေ … တရားဝင်ဖြစ်ဖြစ် ၊ တရားမဝင် ဖြစ်ဖြစ် ၊ ကျုပ်တို့ဒီကိစ္စကို ကိုင်တွယ်လို့ ဘာပြဿနာမှ မရှိသင့်ဘူး … ဒါပေမယ့် ကာစီးကာစီး လာလုပ်နေတာကတော့ တစ်ခုခု မဟုတ်သလိုပဲနော်….”

ချီရုံချွမ်းက ဟွမ်စစ်ဟိုင်ကို လှမ်းကြည့်လိုက်သည်။

“ လင်းရီမှာ အဆက်အသွယ်တွေ ရှိနေတယ်လို့ မင်း ပြောချင်နေတာလား …”

“ ဖြစ်နိုင်တာ … မဟုတ်ရင် သူတို့က ခင်များကို ဘာလို့ ဟန်တားလာမှာလဲ ဟုတ်တယ်မလား ….”

“ အတော်လေး ဖြစ်နိုင်တယ် … ငါလည်း ငါ့ သံသယနဲ့ ငါ ရှိတယ် …” ချီရုံချွမ်း ပြောပြီးနောက် စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည်။

“ အသက် ဒီလောက်ငယ်တာတောင် ဒီအမှု စုံစမ်းစစ်ဆေးဖို့ တာဝန်ပေးခံရတယ် … ပြီးတော့ ဒီလိုပြောင်မြောက်တဲ့ အရည်အချင်းတွေနဲ့ ကျိုးဟိုင်က သူ့လို ပါရမီရှင် တစ်ယောက်ကို ကာကွယ်ပေးမှာ သဘာဝပဲ … ဒါပေမယ့် ဒါတွေအကုန်လုံးက အရေးမကြီးဘူး … အရေးကြီးတာက သူ့လုပ်ရပ်အတွက် သူ ပြန်ပြီး ပေးဆပ်ရမယ် …”

ချီရုံချွမ်း ဆေးလိပ်ကို ပြာခါချပြီးနောက် ဆက်ပြီး ပြောသည်။

“ လောလောဆယ် ဒီကိစ္စ ဒီတိုင်းထားလိုက် … မင်းလည်း ကိစ္စ မရှိဘူးဆို ပြန်တော့ … တခြားလူတွေကို ဒီကိစ္စ စာအုပ်ကြီးအတိုင်း ကိုင်တွယ်ခိုင်းဖို့ ညွှန်ကြားလိုက်မယ် …”

စာအုပ်ကြီးအတိုင်း ဆိုသည့် စကားကို ကြားတော့ ဟွမ်စစ်ဟိုင် စိတ်သက်သာရသွားခဲ့သည်။

အစကတည်းက သူ အမှားလုပ်ခဲ့မိသည်။ အကယ်၍ စာအုပ်ကြီးအတိုင်းဆိုပါက ဘာပြဿနာမှ ရှိမှာမဟုတ်ချေ။

“ ကျုပ်လူတွေ ခေါ်ပြီး သူနဲ့ သွားတွေ့လို့ရမလား …”

“ မင်းက မြေနှိမ့်ရာ လှံစိုက်ချင်တဲ့ကောင်ပဲ …” ချီရုံချွမ်း တည်ငြိမ် အေးဆေးစွာ ဆိုလိုက်သည်။

ဟွမ်စစ်ဟိုင် ရယ်မောလိုက်၏။ “ ကျုပ်က ဒီတိုင်း မတွေ့တာကြာလို့ တွေ့ချင်ရုံပါပဲ ….”

“ ရတယ် သွား …”

ချီရုံချွမ်း များများစားစား တွေးမနေဘဲ လက်ဝှေ့ယမ်းလိုက်သည်။

“ ကျေးဇူးတင်ပါတယ်ခေါင်းဆောင် ..”

ဟွမ်စစ်ဟိုင် ပြုံးလျက် ခေါင်းညိတ်လိုက်၏။ ထို့နောက် ချီရုံချွမ်းရဲ့ ရုံခန်းထဲက ထွက်လာလိုက်သည်။

သူ့ဂျူတီ ဖြစ်သည့်အတွက် ချီရုံချွမ်းကတော့ ထွက်ခွာမသွားချေ။ ထိုအစား ကွန်ပျူတာကို ဖွင့်ပြီး လင်းရီ၏ အမှုဖိုင်တွဲကို ပြန်စစ်ဆေးကြည့်နေလိုက်၏။

အသေးစိတ် နှစ်ခါဖတ်ပြီးသည့်တိုင် မည်သည့် ပြဿနာကိုမျှ မမြင်တွေ့မိချေ။

သူ ကျူးလွန်ခဲ့သည့် လုပ်ရပ်များအတိုင်းဆိုပါက ပုံမှန် တရားဥပဒေအရ စီရင် ဆုံးဖြတ်မည်မှာ လုံးဝကို သင့်တင့်မျှတသည့် အစီအစဉ်ဖြစ်သည်။

လုပ်ထုံးလုပ်နည်းများအားလုံးကို အတည်ပြုပြီးနောက် ချီရုံချွမ်း ကျောဆန့်ပြီး အိပ်စက်ဖို့ ဟန်ပြင်လိုက်၏။

ကလင် ကလင် ကလင် ….

ထိုအချိန်မှာပဲ ချီရုံချွမ်း၏ ဖုန်းသံ မြည်လာသည်။

ခေါ်ဆိုလာသူ၏ နာမည်ကို မြင်တော့ သူ့အမူအရာမှာ တင်းကြပ်သွားခဲ့ပြီး လေးနက်တည်ကြည်လာခဲ့သည်။

“ ခေါင်းဆောင် … ဒီအချိန်ကြီး ဖုန်းဆက်လာတယ်ဆိုတော့ … မာကျောက်ကစားဖို့ ခေါ်တာ မဟုတ်ဘူးတော့ ထင်တာပဲ ….”

“ မဟုတ်ဘူး … မင်း အခု ဘယ်မှာလဲ … ငါမင်းကို ပြောစရာရှိတယ် ….”

“ ဟုတ်ကဲ့ … ပြောပါ …”

“ ဖုန်းထဲ ရှင်းပြလို့ မရဘူး … လူချင်းတွေ့မှပဲ အဆင်ပြေမှာ …”

“ ဒါဆိုလည်း ကျုပ် အခုပဲ လာခဲ့လိုက်မယ် …”

“ မလိုဘူး … ငါပဲ လာခဲ့မယ် …”

“ ကျုပ် အခု ရုံးခန်းမှာ ဂျူတီကျနေတာ ….”

တစ်ဖက်၏ လေသံကို သတိထားမိတော့ ချီရုံချွမ်း စကားအစ်ကြည့်လိုက်၏။ “ လျှို့ဝှက် စစ်ဆင်ရေး ရှိတာလား …”

“ ဖုန်းထဲ ပြောလို့မရဘူး … ရုံးခန်းထဲ ငါ့ကို စောင့်နေ ….”

“ ဟုတ် ဟုတ်ခေါင်းဆောင် … ကျုပ် စောင့်နေပါ့မယ် ….”

ဖုန်းချပြီးနောက် ချီရုံချွမ်း အိပ်ချင်စိတ်တို့ ပျောက်သွားခဲ့သည်။ သူ့ ရုံးခန်းကို နည်းနည်းပါးပါး သန့်ရှင်းရေး ထလုပ်၍ ပိုပြီး ကြည့်ကောင်းသွားအောင် လုပ်လိုက်သည်။

အကြမ်းဖျင်း မိနစ် နှစ်ဆယ်ခန့် ကြာပြီးသည့်နောက် ရုံးခန်း တံခါး တွန်းပွင့်လာခဲ့ပြီး အဖြူရောင် ရှပ်နှင့် သက်လတ်ပိုင်း အမျိုးသားတစ်ဦး အထဲသို့ ဝင်လာသည်။

ထိုလူ၏ နာမည်က ဟော်ကျားရှင်းဖြစ်ပြီး ဖန့်ချိန် အတွင်းရှိ သေးသေးကြီးကြီး ကိစ္စအားလုံးကို တာဝန်ယူထားသူ ဖြစ်သည်။

“ ဘာကိစ္စမို့လို့ ဒီလောက်တောင် လျှို့ဝှက်နေတာလဲ ခေါင်းဆောင် …” ချီရုံချွမ်း ဂရုမစိုက် မနေဝံ့ဘဲ သတိလေးနှင့် မေးလိုက်သည်။

“ ထိုင် … အေးအေးဆေးဆေး စကားပြောကြတာပေါ့ …”

ဟော်ကျားရှင်း ဆိုဖာပေါ် ထိုင်ချလိုက်ပြီး ချီရုံချွမ်းက လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးကာ ကော်ဖီစားပွဲပေါ် တင်ပေးလိုက်သည်။

“ မြည်းကြည့်လိုက်ဦး … ဒီနှစ်ရဲ့ လက်ဖက်ခြောက်အသစ်ကို ခတ်ထားတာ … အရတာ အတော်ကိုကောင်းတာ ….”

ဟော်ကျားရှင်းက မကြားသယောင် ပြုပြီး သူ့ကို ပြောလာသည်။

“ လောင်ချီ … ငါတို့ ရင်းနှီးလာခဲ့တာ အချိန်တစ်ခုလောက်အထိတော့ ရှိပြီ ဟုတ်တယ်မလား …”

“ ဒါပေါ့ ခေါင်းဆောင်ရာ … ခင်များ အဲ့လို ပြောမယ်ဆိုရင်တော့ ကျုပ်တို့တွေ ခင်မင်လာတာ တော်တော်ကြာပြီ ပြောရမယ် … အခက်အခဲတွေ အများကြီးလည်း အတူ ကျော်ဖြတ်ခဲ့ဖူးကြတယ် …”

ဟော်ကျားရှင်း တည်ကြည်သည့် အမူအရာဖြင့် ခေါင်းညိတ်သည်။ “ ရှောင်ချုံလေး ဘာတွေ လုပ်နေလဲ … ငါသူ့ကို မမြင်မိတာ နှစ်ဝက်လောက် ရှိနေပြီ …”

“ သူ ဒီနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဖို့ လုပ်နေတာလေ … ကျောင်းအိပ်ကျောင်းစားပဲ … သူ့ကျောင်းက ဆရာမတွေက သူ့ကို ပြန်တောင် မလွှတ်ဘူး …” ချီရုံချွမ်း ပြုံးလျက် ပြောလိုက်၏။

“ ဒါပေမယ့် သူ ရှေ့လတုန်းကတော့ ခွင့်တိုင်ပြီး အပြင်ထွက်လာသေးတယ် … ခေါင်းဆောင်နဲ့တောင် တွေ့ချင်နေတာ ဒါပေမယ့် ခင်များက အမြဲ အလုပ်ရှုပ်နေတဲ့လူလေ… သူ့ခွင့်ကလည်း နှစ်ရက်တည်းဆိုတော့ အခွင့်မသာလိုက်ဘူး ..”

“ အိမ်က လူကြီးတွေရော အဆင်ပြေကြတယ်မလား ….”

“ အကုန် ဒေါင်ဒေါင်မြည်ပါပဲ ….”

ချီရုံချွမ်းမှာ တစ်ခုခုတော့ မဟုတ်သေးသလို ခံစားနရသည်။ ညသန်းခေါင်ကျော်ကြီး သူ့ခေါင်းဆောင်က ဖုန်းဆက်လာ၍ လူကိုယ်တိုင် ရောက်လာပြီး သာမန်အကြောင်းအရာများ ပြောဆိုနေသည်။

“ ဒါနဲ့ခေါင်းဆောင် … အရေးကြီး ကိစ္စ ပြောဖို့ ဒီရောက်လာတာ မဟုတ်ဘူးလား … ဘာလို့ ရုတ်တရက်ကြီး မိသားစု အကြောင်းတွေ မေးနေရတာ …”

ချီရုံချွမ်းက သူ့ရေနွေးကြမ်းခွက်ကို ကိုင်၍ တစ်ကျိုက်မော့လိုက်ပြီး “ ကျုပ်တို့ချင်း သိလာတာ ဒီလောက် ကြာနေပြီးကို ဝေ့ဝိုက်နေစရာ မလိုပါဘူး … ပြောစရာရှိရင် တန်းပြောလိုက် …”

ဟော်ကျားရှင်း ခေတ္တ တုံ့ဆိုင်းသွားခဲ့ပြီး နောက်ဆုံး၌ သူ တိုက်ရိုက် ပြောလာခဲ့သည်။

“ ဒါဆိုလည်း ငါ မင်းကို တည့်တိုးပဲ ပြောတော့မယ် …”

“ ပြောပါ … ခေါင်းဆောင်လုပ်တာနဲ့ ကျုပ်မှာ အခု အတော်လေး ခေါင်းစားနေပြီ …”

“ ထာဝရ ကျေးရွာ အမှုအကြောင်း ငါကြားတယ် … ကျိုးဟိုင်က လင်းရီလို့ ခေါ်တဲ့တစ်ယောက် … မင်းသူ့အကြောင်း သိပြီးရောပေါ့ …”

ဟော်ကျားရှင်းက ဤကိစ္စကို ဆွဲခေါ်လာလိမ့်မည်ဟု ချီရုံချွမ်း မျှော်လင့်မထားခဲ့‌ချေ။

“ အင်း … သူ အခု အောက်ထပ်မှာ ချုပ်ခံထားရတယ်လေ …” ချီရုံချွမ်း သာမန်လျှံကာပဲ ပြောလိုက်၏။

“ တရားခံရဲ့ ခံဝန်ချက်အတိုင်းဆိုရင် သူတို့က စောစောစီးစီး လက်မြှောက်ခဲ့တယ် … ဒါပေမယ့် လင်းရီက ဆက်ပြီး တိုက်ခိုက်လာတော့ လူတစ်ရာကျော်လောက် ထိခိုက်သွားခဲ့ရတယ် … သူ့ရဲ့ အပြုအမူတွေက လွန်ကြူးတဲ့ လုပ်ရပ်ဆိုတာ ပြသနေတာပဲ … အများကြားလို့လည်း ကောင်းတဲ့ကိစ္စ မဟုတ်ဘူး …. ကျုပ်တို့ ဒီကိစ္စကို ပြင်းပြင်းထန်ထန် ကိုင်တွယ်ဖို့လိုတယ် …”

“ ငါလည်း ကြားတယ်… ကိစ္စက အတော်လေး ကြီးကြီးမားမား ဖြစ်သွားတာပဲ …”

“ သူ့အကြောင်း မပြောကြစို့ဗျာ … ကျုပ် သွေးတွေ ဆူလာလို့ ….” ချီရုံချွမ်းက စကားကို ဆက်ပြီးပြောသည်။ “ သူက တကယ့်ပြဿနာကောင် … အချုပ်ခန်းထဲ ထည့်ပြီးလို့ မကြာသေးဘူး အချုပ်သားတွေနဲ့ အထဲမှာ ပြဿနာတက်တယ် … လုံးဝကို ပရမ်းပတာ မင်းမဲ့စရိုက်နဲ့ … ကျုပ်ကိုယ်တိုင် ဒီအမှုကို ကြီးကြပ်ပြီး သူ့ကို ပြင်းပြင်းထန်ထန် စီရင်မယ် ….”

ဟော်ကျားရှင်း ဘာမျှ မဆိုဘဲ စက္ကန့်အတော်ကြာအောင် နှုတ်ဆိတ်သွားခဲ့သည်။

လေထုအခြေအနေက တစ်ခုခု မှားယွင်းနေသည်ကို အာရုံခံမိတော့ ချီရုံချွမ်း မေးလိုက်၏။

“ ဘာလို့လဲ ခေါင်းဆောင် … ညွှန်ကြားချင်တာ ရှိလို့လား ….”

“ မင်း သူ့ကို ကိုင်တွယ်ချင်နေတာ ငါသိတယ် … ဒါပေမယ့် သူ ဘယ်သူလဲ မင်းသိလား ….”

All Chapters