နင်ရော လင်းယွင်အုပ်စုရော ပြိုင်ဘက် မဟုတ်ဘူး
Vol. 147 Ch. 2192
စနစ်ဆီကနေ ခိုင်မာတဲ့ အဖြေစကားကို ကြားတော့ လင်းရီ၏ စိတ်အခြေအနေမှာ အချိန်အတော်ကြာသည်ထိတိုင်အောင် ပြန်မစုစည်းနိုင်ဖြစ်သွားသည်။
လှိုင်းထန်သည့် ပင်လယ်ကဲ့သို့ ရင်ဘက်ထဲတွင် ဧရာမကြီးမားသည့် လှိုင်းလုံးကြီးများ ကသောင်းကနင်း ဖြစ်သွားခဲ့ပြီး သူ၏ ယခင် နားလည်ထားမှုများ အားလုံကို ရိုက်ချိုး ဖျက်စီးသွားခဲ့သည်။
မျက်မှောက်ခေတ် အဖွဲ့အစည်း၏ နည်းပညာကဏ္ဍမှာ နှစ်ပေါင်းများစွာ ရုန်းကန်ပြီးသည့်အခါမှ ကာဗွန် ချစ်ပ် ထုတ်လုပ်ဖို့ နည်းပညာကို အစွန်းအဖျားလေးလောက်သာ နားလည်နိုင်ခဲ့သည်။
သို့တိုင် … တိလိရာ့ကျွန်းပေါ်တွင် တစ်ချိန်က တည်ရှိခဲ့သည့် ရှေးဟောင်း လူ့အဖွဲ့အစည်းကြီးကတော့ ဤသို့သော နည်းပညာကို မရေမတွက်နိုင်သည့် နှစ်ပေါင်းများစွာ ကြာတုန်းကတည်းက ပိုင်ဆိုင်ထားခဲ့ပြီး ဖြစ်နေသည်။
ကွာဟမှုက တအား ကြီးမားလွန်းမနေဘူးလား …
မည်သူမျှ မရှိသည့် လမ်းပေါ်တွင် ရပ်တန့်ရင်း လင်းရီသည့် ရောင်နီပျိုးစ ကောင်းကင်ကြီးထံ မော့ကြည့်မိလိုက်သည်။
ကျယ်ပြောသည့် မိုးကောင်းကင်ကြီးအောက်မှာ သူနဲ့ လူသားတွေ အကုန်လုံးက တကယ်ပဲ သေးနုပ်တဲ့ သတ္တဝါလေးတွေလား …
ဒီကမ္ဘာကြီးမှာ ဘယ်လို လျှို့ဝှက်ချက်တွေ ထပ်ပြီး ရှိနေဦးမလဲ …
သက်ပြင်းမောကြီး တစ်ချက်ချရင်း လင်းရီ ခေါင်းခါရမ်းလိုက်၏။ တက္ကစီငှားပြီး ဟိုတယ်သို့သာ ပြန်လာခဲ့လိုက်သည်။
ဟိုတယ်၌ အလျင်အမြန် ရေချိုးပြီးနောက် လင်းရီ အိပ်စက် အနားယူလိုက်၏။
မနက်ခင်း ကိုးနာရီအချိန်အထိ သူ အိပ်ရာက လုံးဝ မထခဲ့ချေ။
“ သားရီး … အိပ်မနေနဲ့ထတော့ .. ငါတို့ ဒီနေ့ အရေးကြီးကိစ္စ လုပ်ဖို့ ရှိသေးတယ်လေကွာ ….”
ကျန်းဖန့်က သူ့ကိုယ်သူ သပ်သပ်ရပ်ရပ် ဝတ်စားထားပြီး လင်းရီကို အိပ်ရာနိုးလိုက်သည်။
“ ဘာကိစ္စလဲ …” လင်းရီ အိပ်ချင်မူးတူး ပြောလိုက်၏။ သူ့အသိစိတ်တို့ မှုန်ဝါးနေဆဲပင်။
“ ထာဝရကျေးရွာ အမှုလေ … ငါတို့ သွားပြီး စုံစမ်း စစ်ဆေးဖို့ လိုသေးတယ် ….”
“ အမှုက ပြီးသွားပြီ … လူတွေလည်း ဖမ်းခံလိုက်ရပြီ … ငါတို့ ကိစ္စ မဟုတ်တော့ဘူး …” လင်းရီ တစ်ဖက်သို့ လှိမ့်ပြီး ပြောလိုက်၏။
“ ဘာ … အမှုက ပြီးသွားပြီ ဟုတ်လား … ဒါဆို ငါတို့က ဘယ်လိုဖြစ်ပြီး မသိလိုက်ရတာ …” ကျန်းဖန့် အံ့အားသင့်သွားခဲ့၏။
“ ဟေ့ကောင် … မင် မနေ့ညက အမှုသွားဖြေရှင်းခဲ့တာ မဟုတ်လား …”
“ ဘယ်လိုလုပ်ဖြစ်နိုင်မှာ … ခေါင်းဆောင်ချိန်ကိုယ်တိုင် ကိုင်တွယ်ခဲ့တာ … ငါနဲ့ ဘာမှ မဆိုင်ဘူး …”
“ ဆိုတော့ လှုပ်ရှားလိုက်တာ ခေါင်းဆောင်ချိန်ပေါ့ ..” ကျန်းဖန့် တွေးတွေးဆဆနှင့် ခေါင်းညိတ်လိုက်သည်။ “ ဒါဆိုလည်း မင်းဆက်အိပ်နေလိုက် … ငါ ကူရိရန်ဆီ သွားလိုက်ဦးမယ် …”
နေ့လည်ခင်းပိုင်းတွင် လင်းရီ သဘာဝအတိုင်း မျက်လုံးပွင့်လာခဲ့သည်။
ပျင်းရိစွာ အညောင်းဆန့်၍ ထလိုက်ရင်း အားပြည့်သွားသည့်နှယ် ခံစားနေရလေသည်။
ကိုယ်လက်သန့်စင်ပြီးနောက် ကူရိရန်နှင့် အခြားနှစ်ယောက်က သူတို့အခန်းတွင် ရှိမနေသည်ကို မြင်တွေ့လိုက်ရသည်။ ဖုန်းဆက်ကြည့်လိုက်တော့ အောက်ထပ်က ကော်ဖီဆိုင်ကို ရောက်နေသည်။
“ နင် မနေ့က အနှိပ်သွားခံတယ်ဆို … နေ့လည်အထိ အိပ်နေတယ်ဆိုတော့ ဘာလားပဲနော်…”
ကူရိရန်က ရွှတ်နောက်သည့် လေသံဖြင့် ပြောလာသည်။
“ အနှိပ်ခံတိုင်း အိပ်တယ်လို့ မင်းကို ဘယ်သူကပြောလဲ … မင်းမှာ သာမန်ဗဟုသုတလေးတောင် မရှိဘူးပဲ ..”
“ ငါ့ကိုများ နင့်လိုလူစားလို့ ထင်နေလား …”ကူရိရန် မျက်လုံးလှန်၍ လင်းရီကို ကြည့်လိုက်သည်။ “ ငါ ဒီမနက်ခင်းတုန်းက အစ်ကိုလီကို ဖုန်းဆက်လိုက်တယ် … ဖန့်ချိန်ရဲတပ်ဖွဲ့က အမှုကို လက်လွှဲယူလိုက်ပြီဆိုတော့ ငါတို့လုပ်စရာ မရှိတော့ဘူး .. နင်ဒီမှာ လုပ်စရာကိစ္စတွေ ရှိသေးလား .. မရှိဘူးဆို ငါတို့ အခု ပြန်လို့ရပြီမလား ….”
“ ငါတို့ ဒီကို စခန်းရန်ပုံငွေနဲ့ ရောက်လာတာနော်… မင်းနောက်ထပ် ရက်နည်းနည်းလောက် ထပ်မနေချင်ဘူးပေါ့ ….”
“ ငါဒီကို ခဏခဏ ရောက်ဖူးတယ် … ဒီမှာ ဘာပျော်ဖို့ကောင်းတဲ့ နေရာမှ မရှိဘူး … ယွီဟန်လောက်ကို မကောင်းတာ ….”
“ စခန်းရန်ပုံငွေနဲ့ကိုပဲ ပျော်ဖို့ကောင်းတာ မကောင်းတာတွေ လာကပ်တွက်နေတယ် …”
လင်းရီ ကျန်းဖန့်နှင့် ကျန်းဇီရှင်းတို့ထံ ကြည့်လိုက်ပြီး “ တကယ်လို့ မင်းတို့နှစ်ယောက် လည်ပတ်ချင်တယ်ဆို ဒီမှာ ရက်နည်းနည်းလောက် ထပ်နေပြီးမှ ပြန်မယ်လေ….”
“ ပြန်ကြတာပေါ့ … စခန်းက လူအင်အား လိုနေတယ် … ပြီးတော့ ဒီမှာ ပျော်စရာကောင်းတယ်လို့လည်း မခံစားရဘူး ….”
“ တကယ့်ကို ရဲအရာရှိကောင်းပဲ … ဒါဆိုလည်း ပြန်ဖို့ လေယာဉ်လက်မှတ် ဖြတ်လိုက်ကြတာပေါ့ ….”
ကော်ဖီသောက်ပြီးနောက် သုံးယောက်က ခရီးဆောင်အိတ် ထုပ်ပိုးဖို့အတွက် ဟိုတယ်သို့ ပြန်ရန် ဟန်ပြင်လိုက်ကြ၏။
သို့သော် ထိုအချိန်မှာပဲ လင်းရီရဲ့ ဖုန်းက အသံမြည်လာသည်။ လျန်ရူရွှယ်က ဝီချက်ဗွီဒီယိုကော ခေါ်လာခြင်းပင်။
“ မင်းတို့ သွားနှင့်ကြ … ခဏနေမှ မင်းတို့ကို လာရှာမယ် …”
“ အိုကေလေ …”
နှုတ်ဆက်ပြီးနောက် လင်းရီက ကော်ဖီဆိုင်တွင် ထပ်နေလိုက်သည်။
ဗွီဒီယိုကော ချိတ်ဆက်သွားသည်နှင့် သူမ၏ နောက်ခံနေရာမှတစ်ဆင့် ရုံးခန်းထဲတွင် ရှိနေသည်ကို လင်းရီ သိလိုက်သည်။
အဖြူရောင်ရှပ်ကို ဝတ်ဆင်ထားပြီး အောက်ရှိ ဘရာအနက်ကို အထင်းသားကြီး မြင်တွေ့နေရသည်။
“ ဟမ် … မင်းက ကိုယ်ဘရာ အနက် ဝတ်ထားပါတယ်ဆိုတာ တစ်ကမ္ဘာလုံး သိအောင် ကြွားနေတာလား …”
“ ငါ အိမ်က ထွက်လာတိုင်း ဂျက်ကတ်အမြဲဝတ်တယ် … ဒီလိုပုံစံမျိုးနဲ့ အပြင်ထွက်ရအောင် ငါက ရူးပါ့မလား …” လျန်ရူရွှယ် သူမ၏ ဆံပင်ကို သပ်ရပ်အောင် ပြုရင်း ပြောလိုက်သည်။
“ နင် ပြန်ရောက်ပြီလား ….”
“ ပြန်တော့မလို့ပဲ …” လင်းရီ သာမန်လျှံကာ တုံ့ပြန်လိုက်သည်။
“ ဘာလဲ … ကိစ္စရှိလို့လား …”
“ ဖန့်ချိန်က အခြေအနေက နည်းနည်းရှုပ်တယ် … နင် အဲ့မှာ နေပြီး ဦးလေးဟော်ကို ကူညီပေးသင့်တယ် …”
“ ဟမ် … ဦးလေးဟော် ဟုတ်လား … သူလည်း ငါတို့လူပဲလား …”
“ အင်း … ဒါကြောင့်မို့ ဒီအမှုကို သူက ကိုင်တွယ်ရတာလေ….”
“ သူ့အဆင့်အတန်းနဲ့ဆိုရင် ဒီကိစ္စ ကိုင်တွယ်ဖို့က ပါမွှားလေးပဲ မဟုတ်ဘူးလား ….”
“ ဒီကိစ္စက နင်ထင်နေသလို မရိုးရှင်းဘူး …” လျန်ရူရွှယ် ပြောလိုက်ပြီး “ တွေးကြည့်လိုက် … ဒီလောက် ကိစ္စအကြီးကြီး ဖြစ်သွားတာတောင် ကိုင်တွယ်နေတဲ့လူက သူတစ်ယောက်ပဲဆိုရင် အဲ့တာ ယုတ္တိရှိလား ….”
“ အမ်…..”
လျန်ရူရွှယ် ပြောလာတော့မှ လင်းရီ ပြဿနာတစ်ခုကို သွားသတိထားမိသည်။
ပုံမှန်ဟု ထင်ရသော်လည်း ပုံမှန် ဖြစ်မနေချေ။ အဘယ်ကြောင့်ဆိုသော် စီရင်စုအဆင့်မှနေ၍ မည်သည့် သတင်းမျှ မရှိသောကြောင့်ပင်။
မည်သို့ပင်ဆိုစေ လူကြီးမင်းရန်လို ပုဂ္ဂိုလ်ကြီး တစ်ဦးက ကိုယ်တိုင် ဝင်စွက်ဖက်လာသည်ဖြစ်ရာ ပုံမှန်ဆိုပါက မည်သို့သော အကြောင်းအရင်း ရည်ရွယ်ချက်ကြောင့်နှင့်ပဲ ဖြစ်ပါစေ ၊ စီရင်စုဘက်က မတုံ့ပြန်လာစရာ အကြောင်းမရှိပေ။
စက္ကန့်အနည်းငယ်လောက်ကြာအောင် တိတ်ဆိတ်ပြီးနောက် လင်းရီပြောလိုက်သည်။
“ တစ်စုံတစ်ယောက်က ဒီကိစ္စထဲ ဝင်နှောင့်ယှက်နေတာလား …”
“ ဖန့်ချိန်ကုန်သည်ကြီးများ အသင်းရဲ့ သဘောသဘာဝက နင် ထင်ထားတာထက် ပိုပြီး ရှုပ်ထွေးတယ် … အဖွဲ့ဝင်တွေက ဖန့်ချိန်တစ်ခုတည်းက မဟုတ်ဘူး … စီရင်စု တစ်ခုလုံးကပဲ … ဒါကြောင့်မို့ သူတို့ရဲ့ လွှမ်းမိုးမှုက နင်ထင်တာထက် အများကြီး ကျယ်ပြန့်တယ် ….”
“ အင်း …….” စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်သွားခဲ့ပြီးနောက် လင်းရီ မေးခွန်းထုတ်လိုက်သည်။ “ သူတို့က ဒီတိုင်း စီးပွားရေးသမားတွေပဲကို ဒီလိုမျိုး သတ္တိတွေ ဘယ်ကနေ ရလာမှာ … ဟော်ကျားရှင်း တစ်ယောက်တည်းက သူတို့ အကုန်လုံးကို ချေမှုန်းဖို့ မလောက်ဘူးလား ….”
“ ဒါပေါ့ .. သူ လုပ်နိုင်တာပေါ့ … ဒါပေမယ့် သူလည်း ရှုံးမယ့်ကစားပွဲကို ကစားရမှာ … အလုပ်တော့ ဖြစ်မယ် … ဒါပေမယ့် သူလည်း ရာထူးကျသွားမှာပဲ …” လျန်ရူရွှယ်က သူမရဲ့ ဆံပင်ကို တစ်ဖန်ပြန်ပြီး သပ်ရပ်အောင် ပြုလိုက်ရင်း “ သူသာ ရာထူးကျသွားမယ်ဆို ငါတို့ နှစ်တွေအများကြီး ကြိုးပမ်းထားတာတွေ သဲထဲရေသွန် ဖြစ်ကုန်မှာ ….”
“ အဲ့ဒီတော့ …..” လင်းရီ ဆက်ပြောရန် စကားလမ်းကြောင်း ဖွင့်ပေးလိုက်သည်။
“ အမှန်အတိုင်း ပြောရရင် သူက အစတုန်းက အကြီးအကဲလု(လုပေချိန်)ရဲ့ ကျောင်းသားတစ်ယောက် … ဒါကြောင့်မို့ သူ့ကို အကြီးအကဲလုရဲ့ လူလို့ သတ်မှတ်လို့ရတယ် … လျန်မိသားစုက အကြီးအကဲလုနဲ့ တစ်လှေတည်းစီးတွေဆိုတော့ သူ့ကိုလည်း ငါတို့ဘက်တော်သားလို့ ပြောလို့ရတယ် …”
“ အခု အဓိပ္ပာယ်ရှိသွားပြီ …” လင်းရီ ပြောလိုက်ပြီး “ ဒီတော့ … တစ်ယောက်ယောက်က ဟော်ကျားရှင်းကို ထိပါးလာမယ်ဆို အကြီးအကဲလုကို ဆန့်ကျင်နေတဲ့ သဘောရောက်တာပေါ့ …”
“ ငါဒီမှာစာရွက်စာတမ်း နည်းနည်းရှိတယ် … အကြမ်းဖျင်း စုစည်းထားတဲ့ဟာတွေ …” လျန်ရူရွှယ်က သူမရဲ့ ကွန်ပျူတာကို ကြည့်၍ ပြောလိုက်ပြီး “ ဖန့်ချိန် ကုန်သည်ကြီးများအသင်းမှာ အသင်းဝင် မှတ်ပုံတင် ထားတဲ့လူအရေအတွက်က စုစုပေါင်း ၄၂ ယောက်ရှိတယ် … ကနေဦး တည်ထောင်သူတွေက ရှောင်းတုံးဟွာနဲ့ ကုဖုန်းကျယ် … သူတို့နှစ်ဦးလုံးက ကျုံးဝေ့တပ်ဖွဲ့ဝင်တွေချည်းပဲ …”
ကျုံးဝေ့တပ်ဖွဲ့က လူတွေ ….
သူတို့၏ အထောက်အထားများကို သိလိုက်ရတော့ လင်းရီ၏ မျက်လုံးတို့ ကျဉ်းမြောင်းသွားခဲ့သည်။ ဖန့်ချိန် ကုန်သည်ကြီးများအပေါ် သူ၏ အကဲဖြတ်မှုကို ပြန်ပြင်လိုက်တော့၏။
“ မင်းပြောသလိုဆိုရင် သူတို့ ဖန့်ချိန် ကုန်သည်ကြီးများ အသင်း တည်ထောင်နိုင်ခဲ့တာ ကျုံးဝေ့တပ်ဖွဲ့ အကူအညီကြောင့်ပေါ့ အဲ့လိုလား …”
“ အဲ့လိုပြောလို့ရတယ် … “
လျန်ရူရွှယ် ပြောလိုက်ပြီး စားပွဲပေါ် လက်တင်ရင်းဖြင့် လင်းရီကို ကြည့်လိုက်၏။
“ သူတို့ အနားယူသွားပြီးတဲ့နောက်မှာ သူတို့ရဲ့ စီးပွားရေး အခြေအနေက အရှိန်အဟုန်နဲ့ ထောင်တက်လာတယ်… အဲ့ဒီ အချိန်တုန်းက ဖန့်ချိန်ဆိုတာ အထူးဇုန်ဒေသ တစ်ခု ဖြစ်နေတာရယ် ၊ ရဲတွေရဲ့ လုပ်ပိုင်ခွင့်အာဏာက သိပ်ပြီး မသက်ရောက်တာရယ်ကြောင့် ဒီရဲ့ မိသားစုနှစ်ခုက သူတို့ရဲ့ ခြေကုပ်ကို လျင်လျင်မြန်မြန်နဲ့ ရယူနိုင်ခဲ့တယ် …”
လျန်ရူရွှယ် ထိုနေရာတွင် စကားခေတ္တရပ်ထား၍ ရေတစ်ခွက်သောက်ပြီး ဆက်ပြောသည်။
“ ပြီးတော့ ရှောင်းတုံးဟွာနဲ့ ကုဖုန်းကျယ်တို့က ကျုံးဝေ့တပ်ဖွဲ့ထဲ တာဝန်ထမ်းဆောင်စဉ်ကာလမှာ သူတို့ရဲ့ အရည်အချင်းတစ်ခုတည်း ကောင်းမွန်ရုံတင် မဟုတ်ဘူး … တိုးတက်လိုတဲ့ စိတ်ဓာတ်လည်း ပိုင်ဆိုင်ထားတယ် .. သူတို့ရဲ့ ကိုယ်စီ မိသားစုတွေကို သန်မာအားကောင်းလာအောင် ဦးဆောင်ပြီး ဖန့်ချိန်ရဲ့ ထိပ်တန်း မိသားစုကြီး တစ်ခု ဖြစ်လာအောင် လုပ်ခဲ့တယ် …”
“ ပြီးတော့ … သူတို့က ကျုံးဝေ့တပ်ဖွဲ့ထွက်တွေဆိုတော့ အပင်မြင့်တဲ့ သစ်ပင်က လေတိုက်ခံရတယ်ဆိုတာ သိတယ် … ဒါကြောင့်မို့ သူတို့ရဲ့ စစ်မှန်တဲ့ ခွန်အား အုတ်မြစ်ကို ဘယ်တော့မှ ချမပြဘူး … အပြင်ကလူတွေ မြင်နေတာက ရေခဲတောင် ထိပ်ဖျားလောက်ပဲ ရှိတယ် … သူတို့တွေ တကယ့်အစစ်အမှန်မှာ ဘယ်လောက် ဩဇာထွားလဲ ဘယ်သူမှ မသိကြဘူး …”
လင်းရီ ကော်ဖီတစ်ကျိုက် စုပ်လိုက်ပြီး အသံကိုနိမ့်၍ မေးလိုက်၏။
“ ဆိုတော့ ဒီမှာ နောက်ဆုံး အကန့်အသတ်စည်းက ဘာလဲ … သူတို့က ဘယ်လောက်တောင် အင်အားကြီးမားတာလဲ …”
“ လျန်မိသားစုကလွဲရင် … နင်ရော နင့်ရဲ့ လင်းယွင်အုပ်စုရော သူတို့ရဲ့ ပြိုင်ဘက်တွေ မဟုတ်ဘူး …”