ပြဿနာအကြီးကြီး ရှာမယ်
Vol. 147 Ch. 2195
“ အကြီးအကဲလုကိုလည်း အပြစ်တင်လို့တော့ ဘယ်ရမှာ … သူ့ရဲ့ သောက်တတ်တဲ့ အကျင့်လေးက ဒီတိုင်း နည်းနည်း စိတ်ရှုပ်ဖို့ကောင်းတာ … ခင်များ အခွင့်အရေးရရင် သူ့ကို နည်းနည်းပါးပါး ဖြောင်းဖြဦး ….”
“ ဟားဟား … မင်းကတော့လေ ….”
လင်းရီလည်း ရယ်မောလျက် မတ်တပ်ရပ်လိုက်၏။
“ ကိုင်း အန်ကယ်ဟော် … ကျုပ် တခြား လုပ်စရာလေးတွေ ရှိသေးလို့ သွားတော့မယ် … ဒီမှာ နေပြီး ကျုပ်ဆီက သတင်းကောင်းကို စောင့်နေလိုက်တော့ …”
ဟော်ကျားရှင်းလည်း မတ်တပ်ရပ်ပြီး လင်းရီ၏ ပခုံးကိုပုတ်၍ သက်ပြင်းချပြီး ဆိုသည်။
“ မင်းကို ခက်ခဲစေမိပြီ … တကယ်လို့ မကိုင်တွယ်နိုင်တဲ့ကိစ္စတွေ ရှိလာရင် ကိုယ့်ဘာကို အလွန်အကျွံ မလုပ်မိဖို့ သတိရ … ငါ့ကို ချက်ချင်း ဖုန်းဆက်လိုက် … “
“ အိုကေ ….”
ခေတ္တ စကားပြောပြီးနောက် လင်းရီ သူ့ ဦးထုပ်နှင့် မာ့စ်ကို ဆောင်း၍ ရုံးခန်းထဲက ထွက်ခွာသွားခဲ့သည်။
ထွက်လာခဲ့ပြီးနောက် ထိန်းသိမ်းရေးစင်တာသို့ လင်းရိ ချက်ချင်း မသွားသေး။ ထိုအစား တက္ကစီစီး၍ လျှပ်စစ်ပစ္စည်းများ ရောင်းချသည့် ဈေးထဲ ခေတ္တလည်ပတ်ပြီးမှ ထိန်းသိမ်းရေးစင်တာထဲသို့ ဦးတည်လိုက်သည်။
ဟော်ကျားရှင်း ပြောခဲ့သည့်အတိုင်း အခက်အခဲ အဟန့်အတား မရှိပါဘဲ လင်းရီ ရောက်လာခဲ့သည်။ သူ့အကြောင်း အနည်းငယ် မေးမြန်းပြီးသည်နှင့် အထဲသို့ ဝင်ခွင့်ပြုလိုက်၏။
သို့သော် အချုပ်ခန်း ဧရိယာထဲသို့ ရောက်လာပြီးနောက်တွင် တစ်စုံတစ်ဦး၏ ဟန့်တားခြင်းကို ခံလိုက်ရသည်။
“ မင်းရဲ့ ပစ္စည်းတွေ ဒီမှာအပ်ထားခဲ့ ….”
“ ငါ့ပစ္စည်းတွေ အပ်ခဲ့ရမယ် ဟုတ်လား ….”
“ စည်းမျဉ်းတွေအတိုင်းဆိုရင် မင်းရဲ့ ဖုန်းနဲ့ တခြား ကိုယ်ရေးကိုယ်တာ ပစ္စည်းတွေ အထဲ ယူသွားလို့မရဘူး …” တာဝန်ကျသည့်လူက တည်တင်းသည့် အမူအရာဖြင့် ပြောသည်။
“ အားလုံးက ကိုယ့်အချင်းချင်းတွေကိုပဲ ဒီလိုမျိုးတွေ လုပ်ဖို့ လိုလို့လား …” လင်းရီ ပြုံးလျက် ပြောလိုက်သည်။ “ ငါ ဖုန်းကော တစ်ခုကို စောင့်နေလို့ ဖုန်းတော့ ပေးခဲ့လို့ မရဘူး … တခြား ပစ္စည်းတွေတော့ အပ်ခဲ့ပေးမယ် …”
“ မရဘူး … ဒါစည်းမျဉ်းပဲ …” တာဝန်ကျလူက အလျှော့မပေးဘဲ ပြောဆိုလာခဲ့သည်။
“ ဒါဆိုလည်း ကောင်းပြီလေ …”
လင်းရီ များများစားစား ငြင်းခုန်မနေတော့ဘဲ သူ့ပစ္စည်းများအားလုံး ကမ်းပေးလိုက်သည်။
တစ်ကိုယ်လုံးကို သေချာစစ်ဆေးပြီးနောက် အစောင့်က သူ့ကို ဝင်ခွင့်ပေးလိုက်၏။
လင်းရီ သူ့အဝတ်အစားများကို သပ်ရပ်အောင် ပြုလုပ်ပြီး အချုပ်ခန်းများ ရှိရာဘက်သို့ လျှောက်လာသည်။
လင်းရီကို ထပ်မံ တွေ့လိုက်ရတော့ လူတိုင်း ကြက်သီးဖြန်းသွားခဲ့ကြသည်။
အထူးသဖြင့် ကျိုးချန်လင်းနှင့် ကျန်သူများပင်။ လင်းရီကို မျက်လုံးချင်းပင် အကြည့်ချင်း မဆုံဝံ့ကြပေ။
လင်းရီ သူတို့ကို လျစ်လျူရှုထားပြီး အဆုံးနားနီးသည့် အချုပ်ခန်း တစ်ခုသို့ လျှောက်သွားလိုက်၏။
သို့သော် ထိုနေရာသို့ မရောက်ခင်မှာပဲ အတွင်းမှ ထွက်ပေါ်လာသည့် တဟားဟား ရယ်သံများကို လင်းရီ ကြားနေရသည်။
အချုပ်ခန်း တံခါးပေါက်ဝတွင် ရပ်ကြည့်လိုက်တော့ ဟွမ်စစ်ဟိုင်နှင့် အခြားသူများက အိပ်ရာပေါ် တင်ပျဉ်ခွေထိုင်ပြီး ရယ်မောပျော်ရွှင်စွာဖြင့် ကတ်ဂိမ်းကစားနေသည်ကို မြင်တွေ့လိုက်ရသည်။ အချုပ်ခန်းထဲရှိ လေထုက တကယ့်ကို ပျော်ရွှင်မြူးတူးဖွယ်ရာကြီး ဖြစ်၏။
“ ဟိုး ဟိုး ဟိုး … ခင်များတို့ကောင်တွေ ကြည့်ရတာ တော်တော် သက်တောင့်သက်သာ ဖြစ်နေကြတဲ့ပုံပဲ … ဆေးလိပ်လေး သောက်လိုက် ၊ ဖဲလေးရိုက်လိုက်နဲ့ … ဟုတ်နေတာပဲ …” လင်းရီ လှောင်ပြောင်သည့် လေသံဖြင့် ပြောလိုက်၏။
စကားသံကြားတော့ ဟွမ်စစ်ဟိုင်နှင့် တခြားလူများက လှည့်ကြည့်လာခဲ့ကြသည်။
အပြင်တွင် မတ်တပ်ရပ်နေသည့်လူက လင်းရီ ဖြစ်နေသည်ကို မြင်တွေ့လိုက်ရတော့ သူတို့ ရှော့ခ်ရကုန်ကြ၏။
ရန်သူများ ဆုံတွေ့သည့် အခါတိုင်း လေထုက လေးလံလာသည် မဟုတ်။ သဟဇာတ ဖြစ်သည့် အချိန်များလည်း ရှိသည်။
ဟွမ်စစ်ဟိုင်နှင့် ကျန်ငါးယောက်မှာ ဒေါသမထွက်သွားကြပေ။ ထိုအစား ရယ်မောရင်းဖြင့် “ မင်းက ဒီလာနိုင်သေးတယ်ဆိုတော့ ကြည့်ရတာ ရာထူး မပြုတ်သေးဘူးနဲ့တူတယ် …”
“ စိတ်ချ … ခင်များတို့ကောင်တွေ မသေမချင်း ကျုပ် ရာထူးပြုတ်မှာ မဟုတ်ဘူး …”
ပြုံးလျက် … ဟွမ်စစ်ဟိုင်သည် လင်းရီအနားသို့ ရောက်လာခဲ့သည်။ သူတို့ကြားတွင် သံတိုင်တစ်ခုတည်းသာ ခြားတော့၏။
“ ငါ ဝန်ခံတယ် … ငါမင်းကို အထင်သေးခဲ့မိတယ် … မင်းရဲ့ အဆက်အသွယ်တွေက ငါထင်ထားတာထက်တောင် သန်မာနေတာပဲ …”
“ ခင်များတို့ကောင်တွေ ကိုယ့်ကိုယ်ကို ပြန်ကြည့်စမ်း … တစ်ယောက်က လက်ထဲမှာ စီးကရက်နဲ့ ၊ နောက်တစ်ယောက်ကလေး အရက်လေး တမျှမျှနဲ့ … အနောက်မှာလည်း ပုလင်းတွေပုံလို့ … ခင်များတို့က အချုပ်ခန်းထဲ ရောက်နေတာနဲ့တောင် မတူဘူး … ပျော်ပွဲစား ထွက်လာနေသလိုပဲ …”
“ ဟားဟား … မင်း အခုမှသတိထားမိတယ်ပေါ့ …”
ဟွမ်စစ်ဟိုင်က ပခုံးတွန့်ပြ၍ ရယ်မောလိုက်သည်။
“ ဒီတော့ … မင်းမှာ အဆက်အသွယ် ရှိတာနဲ့ပဲ ငါတို့ကို ကိုင်တွယ်နိုင်ပြီ ထင်သေးလား … မင်းက ငါတို့ ဖန့်ချိန် ကုန်သည်ကြီးများ အသင်းကို အထင်သေးသလို လူ့အဖွဲ့အစည်းကိုလည်း အထင်သေးနေခဲ့တာပဲ …”
“ ဟက် … ဒီတိုင်း ပိုက်ဆံရှိတဲ့ စီးပွားရေးသမား တစ်အုပ်ကိုများ … တစ်ယောက်ယောက်ကသာ ခင်များတို့ကို ကာဗာမပေးထားရင် ဒီလောက်ထိ အတင့်ရဲနေနိုင်မယ်ထင်လား …” လင်းရီ ပြောလိုက်သည်။ “ မဟုတ်လို့ကတော့ သတ္တိလေး နည်းနည်းပါးပါးကောင်းရင်တောင် ဒီထဲ ဆေးလိပ်သောက်ရဲမှာ မဟုတ်ဘူး … မှန်တယ်မလား ….”
“ မင်းက အတော်ရယ်ရတဲ့ကောင်ပဲကွ … ငါတို့ရှေ့လာပြီး အရူးချီးပန်းစကားတွေ လာပြောနေတယ် … မင်း ဘာ သက်သေအထောက်အထားမှ မတွေ့ဘူးမလား …” ဟွမ်စစ်ဟိုင်က မောက်မာစွာ ဆိုလိုက်သည်။
“ မင်း ဒီနေ့ ဒီရောက်လာတာ အကြမ်းနည်းသုံးပြီး ငါတို့ကို ဝန်ခံခိုင်းဖို့ပဲ … မှန်တယ်မလား … ဟားဟား … လုပ်လေ … လာလုပ်လေ … ငါ့ကို လာရိုက်လေ … ဒီက နည်းနည်းတောင် ကြောက်လာပြီ …”
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ … ကျုပ်တို့က သဟဇာတဖြစ်တဲ့ လူ့အဖွဲ့အစည်းကြီးမှာ နေထိုင်တဲ့လူတွေလေ … အဲ့လိုအလုပ်တွေ ကျုပ် မလုပ်ပါဘူး …”
“ မင်းမှာ ဘောမရှိဘူးဆိုလို့ လစ်လိုက်တော့ … ငါတို့ အေးဆေးနေနေတာကို လာမနှောင့်ယှက်နဲ့ ….”
“ ခင်များတို့က သတ္တိတော့ အတော်ကောင်းသား … ဖန့်ချိန်ကို လက်တစ်ဖက်တည်းနဲ့ ကြီးစိုးနိုင်ကြတဲ့လူတွေဆိုတော့ အင်းလေ... အဲ့လိုမှ မဟုတ်ရင်လည်း ဒီခုလို ဆေးလိပ်လေးသောက်လိုက် ၊ အရက်လေးသောက်လိုက်၊ ဖဲလေးရိုက်လိုက်နဲ့ နေနိုင်မှာမှ မဟုတ်တာ … ကျုပ်လည်း ခင်များတို့ကို ဘာမှမလုပ်နိုင်ဘူးဆိုတော့ ပြန်ရုံရှိတော့တာပေါ့ …”
“ ကိုယ့်နေရာကိုယ် သိတာ ကောင်းတယ် … သွား သွား သွားစမ်းကွာ ….”
ဟွမ်စစ်ဟိုင် စိတ်မရှည်တော့ဘဲ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ “ ဒီကနေ ထွက်သွားပြီး မျက်စိစပါးမွှေးစူးစရာ လာလုပ်မနေနဲ့ …”
လင်းရီ ပြုံးလျက် ဘာမျှ မဆိုဘဲ လှည့်ထွက်လာခဲ့လိုက်သည်။
ထွက်လာခဲ့ပြီးနောက် လင်းရီ သူအပ်ထားသည့် ပစ္စည်းများကို ပြန်ယူပြီး ထိန်းသိမ်းရေးစင်တာထဲက ထွက်လာခဲ့ကာ ရန်စီ၏ နံပါတ်ကို ဆက်သွယ်လိုက်၏။
“ ဒါရိုက်တာလင်း … ကျွန်မ ရှင့်ဖို့ ဘာလုပ်ပေးရမလဲ ….”
ဖုန်းထဲတွင် ရန်စီရဲ့ လေသံက ရွှင်မြူးတက်ကြွနေသည်။
“ ငါ့မှာ မင်းဖို့ အလုပ်တစ်ခုရှိတယ် …” လင်းရီ ပြောလိုက်ပြီး “ ငါ ခဏနေ ဗွီဒီယို တစ်ပုဒ်ပို့လိုက်မယ် … မှင်စာစစ်တပ်နဲ့ အများသုံး အကောင့်ကို ဆက်သွယ်ပြီး ဒီကိစ္စ ဖော်ထုတ်လိုက် … လှံတံခေါင်းတွေကိုတော့ ဒေသတွင်းက ခေါင်းဆောင်ကြီးတွေဆီ ဦးတည်ပြီးထား … ပြဿနာကို အကြီးကြီး ဖြစ်အောင်ချဲ့ … ငါတို့ ဧရာမ အုတ်အုတ်ကျက်ကျက်ကြီး ဖြစ်အောင် လုပ်မယ် …”
“ ဒေသတွင်း ခေါင်းဆောင်တွေကို ဟုတ်လား …” ရန်စီရဲ့ လေသံက တွန့်ဆုတ်သွားခဲ့ပြီး “ ဒီကိစ္စက အထိခိုက်ခံတာမဟုတ်ဘူး … နင် အိုကေတာ သေချာရဲ့လား …”
“ မပူနဲ့ …. မင်းနောက်မှာ ငါရှိတယ် … ဘာအမှားအယွင်းမှ မရှိစေရဘူး …” လင်းရီ ပြောလိုက်ပြီး “ ယုံကြည်ချက် အပြည်နဲ့သာလုပ် ... မင်းက တော်ပြီးသားပါ... “
“ နည်းနည်းတော့ခက်မယ် … ငါ့အကောင်းဆုံး အရည်အချင်းက နင်နဲ့အတူ အိပ်ရာထဲမှာပဲ ထုတ်ပြလို့ရတာလေ … တခြားနေရာတွေမှာကျ မရဘူးရယ် …”
လင်းရီ အားပါးတရ ရယ်မောလိုက်၏။ “ ပြန်ရောက်ရင် မင်းလိုချင်တာ အားလုံး လုပ်ပေးမယ် … ဒါပေမယ့် ဒီကိစ္စကိုတော့ လေးလေးနက်နက်လုပ် …”
“ ဘယ်အချိန်စမလဲ …”
ရန်စီမှာ လင်းရီနှင့် ပူးပေါင်းဆောင်ရွက်ဖူးသည့် အတွေ့အကြုံတို့ ရှိသည်။
“ အခုစပြီး ပြင်ဆင်ထားလိုက်တော့ … ကုန်ကျစရိတ်ကို မပူနဲ့ … ပြီးရင် ငါ့ဆီက မက်ဆေ့ချ်ကို စောင့်နေလိုက် …” လင်းရီ ပြောလိုက်သည်။
“ စကားမစပ် … ငါမင်းကို ပို့လိုက်မယ့် ဗွီဒီယိုကို ပြန်တည်းဖြတ်ဦးနော်… ငါ့ကို မဖော်ထုတ်မိစေနဲ့….”
“ နားလည်တယ် …”
ဖုန်းချပြီးနောက် လင်းရီ အင်တာနက်ဆိုင် တစ်ခုသို့ ဝင်ပြီး ရန်စီထံသို့ ဗွီဒီယိုပို့ပေးကာ သူ့နောက်တစ်ဆင့် ခြေလှမ်းအတွက် စပြီး ပြင်ဆင်တော့သည်။
…..
ယွင်ရှန်း အဆောက်အဦး ။ လေးလွှာရှိ နောက်ဆုံးအခန်း။
အခန်းက စတုရန်း မီတာ တစ်ရာကျော်မျှသာ ဖြစ်ပြီး မကြီးမသေး အရွယ်အစားဖြစ်သည်။ သို့သော် ထူးခြားသည့် ပြင်ဆင်မွမ်းမံမှုများကတော့ အတော်လေး ဩချရလောက်၏။
အလယ်တွင် လေးမီတာကျော် ရှည်လျားသည့် လက်ဖက်ရည်စားပွဲတစ်ခုရှိပြီး တန်ဖိုးကြီး သစ်သားတစ်မျိုးမှနေ၍ ထွင်းထုပြုလုပ်ထားသည်။
စားပွဲဘေးတွင် လူသုံးယောက် ထိုင်နေပြီး အကုန်လုံးက အသက်ငါးဆယ် အရွယ်များ ဖြစ်ကြ၏။
နှစ်ယောက်က ဘယ်ဘက်တွင် ထိုင်ပြီး အလယ်ခေါင်းဆောင် နေရာတွင် ထိုင်နေသည့်လူ၏ ညာမျက်ခုံးထက်တွင်တော့ ထင်ရှားသည့် မှဲ့အကြီးကြီးတစ်ခု ရှိနေသည်။
သူက ဖန့်ချိန်ကုန်သည်ကြီးများအသင်း တည်ထောင်သူ မိသားစုကြီးနှစ်ခုထဲက ရှောင်းအိမ်တော်အကြီးအကဲ၏ မြေးဖြစ်သူ ရှောင်းကျန်းရဲ့ပင်။
ရှောင်းကျန်းရဲ့ ဘေးတွင် ထူးခြားသည့် သွင်ပြင်နှင့် အမျိုးသားတစ်ဦးက သူ့လက်ဖက်ရည်ခွက်ထဲသို့ မွှေးပျံ့သည့် သဟုန်ပေါင်း လက်ဖက်ရည်ကို လောင်းထည့်နေသည်။
ထိုလူ၏ နာမည်က ကုဟိုင်ချောင်ဖြစ်ပြီး သူလည်း ဖန့်ချိန်ကုန်သည်ကြီးများအသင်း တည်ထောင်သူ မိသားစု နှစ်ခုထဲက ကုအိမ်တော် အကြီးအကဲ၏ မြေးပင်။
သူနှင့် မျက်နှာချင်းဆိုင်တွင်တော့ အဖြူရှောင်နှင့် မျက်မှန်တပ်ဆင်ထားသည့် အမျိုးသားတစ်ဦး ထိုင်နေပြီး သူကတော့ ပိုပြီး ကြည့်ပျော်ရှုပျော်ရှိ၏။
သူ့နာမည်က ကျိုးကွမ်းယောင်ဖြစ်ကာ ကျိုးဟိုင် အိမ်ခြံမြေဈေးကွက်က ဖြစ်ပြီး အခြားသော နယ်ပယ်များတွင်လည်း အမြောက်အများ ရင်းနှီး မြုပ်နှံထားသူပင်။
သို့သော် သိုသိုသိပ်သိပ် နေထိုင်မှုကြောင့် forbes စာရင်းထဲတွင် အဆင့်အများအပြား ကျဆင်းသွားခဲ့ပြီး ရာပိုင်းအဆင့်သို့ရောက်သွားခဲ့၏။
သာမန်လူဆိုပါက သူ့ကို လမ်းတွေ့၍ ဘီလီယမ်နာ သူဌေးကြီးဟု မှတ်မိကြမှာ မဟုတ်ချေ။
“ လောင်ကျိုး … ငါတို့ ဒီလို မဆုံဖြစ်တာ လွန်ခဲ့တဲ့ နှစ်ဝက်လောက်ကတည်းကပဲ … မင်းဘက်ခြမ်းက အခြေအနေတွေ ဘယ်လိုရှိလဲ …”
“ ခလုတ်ကန်သင်း နည်းနည်းရှိတယ် .. ငါ့လူတစ်ချို့ အဖမ်းခံလိုက်ရပြီ …”
စာစဉ် (၁၄၇)ပြီး၏။