← Chapters

လော်တုန်း၏ ထူးခြားချက်

Vol. 23 Ch. 333

လော်တုန်း၏ ထူးခြားချက်

Vol. 23 Ch. 333

“လီစန်းဆေးရုံက ရွှံ့ရုပ်တုတွေဟာ သက်ရှိတွေရဲ့ ယုံကြည်မှုကို လိုအပ်တယ် ၊ ဒါကြောင့် ဒီရုပ်တုက ဒီလူတွေကို မသတ်ဘဲ သူတို့ရဲ့ လူသားဆန်မှုကို ဖယ်ရှားပြီး အိမ်မွေးတိရစ္ဆာန်အဖြစ် ပြောင်းပစ်လိုက်တာ”

ခွေးကြီးက ဆေးရုံတွင် သူမြင်ခဲ့ရသည်များကို ပြန်စဉ်းစားလိုက်သည်။

“တိရစ္ဆာန်ခေါင်းနဲ့ ရွှံ့ရုပ်တုတစ်ခုကို မြင်ခဲ့ရတာ ငါမှတ်မိတယ် ၊ ဒီအရာက ဒီနောက်ကွယ်မှာ ရှိနေတာဖြစ်မယ်”

ရွှံ့ရုပ်တုတစ်ခုစီချင်းစီတွင် ၎င်းတို့၏ ထူးခြားသော ကိုယ်ပိုင်စွမ်းအားများ ရှိကြသည်။ ကောင်းမင် ပိုအမြင်ကျယ်လာခဲ့သည်။

“တခြားသူတွေကို ကူညီတာတော့ ကောင်းပါတယ် ၊ ဒါပေမဲ့ ကိုယ့်ရဲ့ ဘေးကင်းလုံခြုံမှုကို အန္တရာယ် မဖြစ်စေနဲ့”

ကိစ္စရပ်အများကြီး တွေ့ကြုံခဲ့ရပြီးနောက် ကောင်းမင်က ခွေးကြီးအား သူ့မိသားစုလို သဘောထားတော့သည်။

“ငါ အဆင်ပြေမှာပါ”

အရိပ်ထဲတွင် အနက်ရောင်အမွေးများ တလွင့်လွင့်ဖြစ်နေ၏။ ခွေးကြီးသည် အရင်ကထက် ပိုမို ရင့်ကျက်လာပုံရသည်။ သူ ကောင်းမင်ဘေးတွင် ထိုင်လိုက်သည်။ ညအမှောင်ကား ကောင်းမင်အပေါ် အကာအကွယ်အလွှာတစ်ခု ထပ်ပေးထားသလိုပင်။

“အိပ်မက်သရဲ ဖြစ်လာဖို့အတွက် သက်ရှိတွေရဲ့ ယုံကြည်မှုနဲ့ စိတ်ဆန္ဒတွေကို စုဆောင်းရတယ် ၊ ငါက ငါ့ရဲ့ သားရဲတွင်းထဲမှာပဲ ပုန်းနေခဲ့တယ် ၊ ဘာကြောင့် လူတွေက ငါ့လို မကောင်းဆိုးဝါးတစ်ကောင်ကို ယုံကြည်ကြမှာလဲ ၊ လူတွေရဲ့ လက်ခံမှုကို ငါဘယ်လိုရနိုင်မှာလဲ”

ခွေးကြီးက သူ၏ဦးခေါင်းကို ကောင်းမင်နှင့် ကပ်လိုက်သည်။

“ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ငါ့လိုလူတွေ ဒီလောကမှာ အများကြီး ရှိမှန်း ငါသိလာခဲ့တယ် ၊ သူတို့မှာ လူ့အရေခွံ ရှိပေမယ့် တိရစ္ဆာန်တွေနဲ့ ထူးမခြား ရှင်သန်နေကြရတယ်”

အမွေးများက ကြမ်းပြင်ပေါ်ရှိ ဟောင်နေသော လူအား ဖုံးလွှမ်းသွားသည်။ ခွေးကြီးက သူ့အား သူ့နာကြည်းခြင်းအခန်းထဲသို့ ပို့လိုက်သည်။ သူသည် ထိုလူ၏ နတ်ဘုရားနှင့် ဆက်စပ်မှုကို ဖြတ်တောက်၍ ထိုလူ၏ နတ်ဘုရားအသစ် ဖြစ်လာခဲ့သည်။

“ကြည့်ရတာ ငါက ငါ့ကိုယ်ပိုင်နည်းလမ်းနဲ့ပဲ အိပ်မက်သရဲ ဖြစ်လာနိုင်မယ် ထင်တယ် ၊ ငါ့ဆီမှာ ကျောင်းအုပ်ယန်ရဲ့ မြင့်မြတ်တဲ့ ရည်မှန်းချက်တွေ၊ သူဌေးကျန်းရဲ့ တောက်ပပြီး နူးညံ့တဲ့စိတ်ဝိညာဉ် လိုမျိုးတွေ မရှိရင်တောင်မှ အမှောင်ထဲမှာ စိတ်ပျက်အားငယ်မှု အမျိုးမျိုးကို မြည်းစမ်းခဲ့ဖူးတယ် ၊ နှိပ်စက်မှုနဲ့ နာကျင်မှုတွေ… ဘယ်တစ်ခုကမှ ငါ့ကို မဝါးမျိုနိုင်ခဲ့ဘူး”

ခွေးဟောင်သံ ပျောက်ကွယ်သွားသည်။ အိမ်မွေးတိရစ္ဆာန်ကုမ္ပဏီ၏ ပြုပြင်ခံထားရသော သနားစဖွယ်လူသည် ခွေးကြီး၏ နာကြည်းခြင်းအခန်းထဲတွင် အေးချမ်းစွာ လဲလျောင်းနေခဲ့သည်။ သူ့လူသားဆန်မှုကား ပျောက်ဆုံးသွားခဲ့ပြီဖြစ်သည်။ ကျန်ရှိနေသည့် စိတ်ဆန္ဒက ခွေးကြီးထံ ပေါင်းစည်းသွားခဲ့သည်။ မျက်မမြင်လူ၏ အမည်းရောင်မျက်လုံးသူငယ်အိမ်သည် ကြယ်ရောင်အချို့ဖြင့် တောက်ပလာခဲ့သည်။ သူ ဘာကိုမှ မမြင်နိုင်သေးသော်လည်း သူ့မျက်လုံးထဲရှိ ကမ္ဘာကြီးမှာ စတင်ပြောင်းလဲလာတော့သည်။

လူတစ်ယောက်၏ စိတ်ဆန္ဒတစ်ခုတည်းနှင့်ပင် ခွေးကြီးရဲ့ တည်ရှိမှုက ပိုမိုအားကောင်းလာလေသည်။ ထိုအရာက ကောင်းမင်ကို တုန်လှုပ်စေသည်။

“ဒီရုပ်တုရဲ့ စွမ်းအားက မင်းနဲ့ အရမ်းကိုက်ညီတာပဲ ၊ ငါတို့ ဒါကို ဖျက်ဆီးဖို့ မလိုလောက်ဘူး ထင်တယ် ၊ အဲ့ဒါကို မင်းရဲ့ နာကြည်းခြင်းအခန်းထဲမှာ ပိတ်ထားတာလည်း ဆိုးတဲ့အကြံတော့ မဟုတ်လောက်ဘူး”

“ငါ့နာကြည်းခြင်းအခန်းက တကယ်ကြီး ပိုကျယ်လာတယ်ဟ…”

ထိုလူရဲ့ စိတ်ဝိညာဉ်ကို ခံစားမိသော ခွေးကြီးဟာ လမ်းကြောင်းအသစ်တစ်ခုကို ရှာဖွေတွေ့ရှိလိုက်သည်။

“ဒီကုမ္ပဏီမှာ ပြုပြင်ခံထားတဲ့ စိတ်ဝိညာဉ်တွေ အများကြီး ရှိတယ် ၊ ရုပ်တုက ဘာတွေဖြစ်ပျက်နေလဲ မသိခင် သူတို့ကို ငါကယ်တင်ချင်တယ် ၊ ဘာလို့လဲဆိုတော့ သူက သူ့နောက်လိုက်တွေကို သတ်ဖို့ ဆုံးဖြတ်လိုက်မှာကို စိုးရိမ်လို့ပဲ”

အဆောက်အဦးထဲရှိ သက်ရှိလူသားများသည် ရုပ်တု ပြင်ဆင်ထားသည့် ယုံကြည်မှုရင်းမြစ်များ ဖြစ်သည်။ ထိုကြောင့် ခွေးကြီး၏ စိုးရိမ်ပူပန်မှုမှာ အခြေအမြစ်မရှိခြင်းတော့ မဟုတ်ပေ။

“ကောင်းပြီ ၊ မင်းရဲ့ အစီအစဉ်အတိုင်း လုပ်ကြတာပေါ့”

ခွေးကြီးရဲ့ အမွေးများသည် ကောင်းမင်အား ပွတ်တိုက်သွားသည်။ သူ အရိပ်ထဲသို့ ခုန်ဝင်သွား၏။

“ဒီကိစ္စက ဆိုးတော့မဆိုးပါဘူး”

ကောင်းမင် ဝမ်းသာမိသည်။ယင်းကား ရင်းနှီးသော သူ့သူငယ်ချင်းတစ်ယောက် စိတ်ဓာတ်ကျနေရာမှ ရုန်းထွက်လာသည်ကို မြင်လိုက်ရသကဲ့သို့ပင်။

“ငါ့ဘက်ကလည်း ကြိုးကြိုးစားစားလုပ်ဖို့ လိုတယ် ၊ ရွှံ့ရုပ်တုက ခွေးကြီးနောက်ကို မလိုက်လာအောင် အာရုံပြောင်းပေးရမယ်”

…

ခြောက်ခြားဂိမ်းကစားသမား အနည်းငယ်တို့သည် ကောင်းမင်အမှောင်ထုထဲသို့ လုံးလုံးလျားလျား ပျောက်ကွယ်သွားသည်အထိ စိုက်ကြည့်နေကြသည်။ ခြေသံများနှင့် ခွေးဟောင်သံများ မှေးမှိန်သွားခဲ့သည်။

“သူ့ ဘာဖြစ်သွားတာလဲ”

အကြီးမားဆုံး ကြောက်ရွံ့မှုမှာ မသိခြင်းပင်။ အမှောင်ထဲတွင် ဘာဖြစ်သွားမှန်း သူတို့ မသိကြပေ။

“သူ့နာမည်က ဘယ်သူတဲ့လဲ”

လော်တုန်းက အနည်းငယ် နောင်တရမိသည်။ လော်တုန်းသည် သူ့မိသားစုကို ဂရုစိုက်ဖို့လိုသောကြောင့် ကောင်းမင်က သူ့နေရာကို ယူခဲ့ရခြင်း ဖြစ်သည်။

“အဲ့ဒီနေရာက အရင်ကထက် ပိုမှောင်လာတယ်နော် ! ချမ်းစိမ့်စိမ့် ခံစားမှုတစ်ခုလည်း ရှိနေတယ်!”

ယွီရွှေလုံက ခြံစည်းရိုးပေါ် စတက်လိုက်သည်။ အစီအစဉ်တင်ဆက်သူအမျိုးသမီးသည်လည်း တစ်ခုခုကို ခံစားမိနေသည်။ သူမက ကွန်တက်မှန်ဘီလူးများကို ချွတ်လိုက်သည်။ သူမသည် ဖိနပ်ကြိုးချည်ဟန်ဆောင်၍ ခါးကုန်းလိုက်သော်လည်း တကယ်တမ်းတွင် သူမ၏ လက်ချောင်းများက သူမ၏ခြေကျင်းဝတ်ပတ်လည်ရှိ သွေးနီရောင်ဆက်သွယ်ရေးစက်ကို ထိတွေ့နေခြင်းဖြစ်သည်။ တတိယထပ်ရှိ သန္ဓေပြောင်းမကောင်းဆိုးဝါးနှင့် တွေ့ခဲ့ချိန်ကပင် သူမဒီလောက်ထိ သတိမထားခဲ့ပေ။

“ခွေးဟောင်သံနဲ့ပတ်သက်ပြီး တစ်ခုခုတော့ လွဲနေတယ်…”

အစီအစဉ်တင်ဆက်သူအမျိုးသမီးက ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ သူမရဲ့ မျက်နှာအမူအရာမှာ အရင်ကနဲ့ လုံးဝ မတူတော့ပေ။

“ကျွန်မ ခွေးကြီးတစ်ကောင်ကို မြင်နေရတယ်!”

“မြန်မြန်လုပ်! ကျုပ်တို့ သွားဖို့လိုနေပြီ!”

ယွီရွှေဟူ တွေဝေနေခြင်းကို ရပ်တန့်လိုက်သည်။

“ခင်ဗျား ဘာကို စောင့်နေတာလဲ”

ယွီရွှေလုံက လော်တုန်းကို အော်လိုက်သည်။

“ခင်ဗျားမိသားစုကို သတ်ချင်နေတာလား”

ယွီရွှေလုံ၏ ပေါ့တီးပေါ့ဆ စကားက လော်တုန်း၏ အနက်ရှိုင်းဆုံး ဒဏ်ရာကို ထိုးဖောက်လိုက်သလို ဖြစ်နေသည်။ သူက ယွီရွှေလုံကို စိုက်ကြည့်ရင်း မျက်လုံးများ နီရဲလာလေသည်။ ယွီရွှေလုံသည် ဘာမှားနေမှန်း မသိချေ။ သူသည် သူတို့ကို ကူညီချင်သောကြောင့် လော်တုန်း၏ သားဆီသို့ လက်လှမ်းလိုက်သည်။ လော်တုန်းတွင် စွမ်းအားမရှိသော်လည်း သူ့သားက သရဲများ၏ တည်ရှိမှုကို အာရုံခံနိုင်သူ ဖြစ်သည်။ သူသည် အဖွဲ့အတွက် ရေဒါသဖွယ် ဖြစ်နေသဖြင့် သေဆုံးလို့ မဖြစ်ပေ။

ယွီရွှေလုံ၏ လက်ချောင်းများက ကလေး၏ လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။ ကလေးကို ခြံစည်းရိုးဆီသို့ ဆွဲခေါ်ရန် ကြံစည်လိုက်ချိန်တွင် တစ်ခုခုမှားနေကြောင်း သူသတိပြုမိလိုက်သည်။ လော်တုန်း၏ သားတွင် ကိုယ်အပူချိန် ရှိမနေပေ။

“ဟင်”

“သူ့ကို မထိနဲ့!”

လော်တုန်းကား လှုံ့ဆော်ခံလိုက်ရသည်။ သူသည် သူ့အိတ်ကို သယ်၍ ယွီရွှေလုံအား ကြမ်းကြမ်းတမ်းတမ်း တွန်းဖယ်လိုက်သည်။ အမည်မသိအန္တရာယ်မှာ နီးကပ်လာနေသော်လည်း ကစားသမားများက သူတို့အချင်းချင်း ခိုက်ရန် ဖြစ်ပွားနေကြလေသည်။

ခွေးကြီးကို ကြည့်နေခဲ့သော အစီအစဉ်တင်ဆက်သူအမျိုးသမီးက လော်တုန်းဘက်သို့ လှည့်လာ၏။ သူမ၏ အကြည့်များက လော်တုန်း၏မိသားစုကြားတွင် လှည့်လည်သွားသည်။ ထို့နောက် သူမက ကောက်ချက်ချလိုက်သည်။

“ရှင့်ရဲ့ မိသားစုက သေနေပြီမလား”

သူမ ထိုစကားကို ပြောလိုက်သည်နှင့် ငါးခူဂိုဏ်းမှ နှစ်ဦးသည် ဦးရေပြားများ ထုံကျင်သွားသည်ကို ခံစားလိုက်ရသည်။

“ဒါကြောင့် ရှင့်သားက သရဲတွေကို ထောက်လှမ်းနိုင်တာပဲ ၊ ဒါက အမှန်တရားဆိုရင် ခြောက်ခြောက်ခြားခြားသန်းခေါင်ယံက ရှင့်ရဲ့ အခြေအနေကို ပြန်ဆန်းစစ်ရတော့မယ်”

အစီအစဉ်တင်ဆက်သူအမျိုးသမီးက သူမဖုန်းကို ထုတ်၍ တစ်စုံတစ်ခုကို မှတ်တမ်းတင်လိုက်သည်။ ခြောက်ခြောက်ခြားခြားသန်းခေါင်ယံသည် ခြောက်ခြားဂိမ်းကစားသမားများအကြား မသင့်မမြတ်ဖြစ်အောင် ဖန်တီးရန် မွေးဖွားလာခြင်း ဖြစ်သည်။ သူတို့၏ မစ်ရှင်များထဲမှ တစ်ခုမှာ ခြောက်ခြားဂိမ်းကစားသမားများထဲမှ အလားအလာရှိသူများကို အဖွဲ့ဝင်အဖြစ် ခေါ်ယူရန် ဖြစ်သည်။ သူတို့သည် ထိုသူများအား သူတို့၏ ယခင်အသင်းဖော်များအပေါ် ပုန်ကန်အောင် လုပ်ကြမည်ဖြစ်သည်။

လော်တုန်းသည် မူမမှန်ဖြစ်ရပ်များစွာကို တွေ့ကြုံဖူးပြီး သူ့မိသားစုကို တန်ဖိုးထားသူ ဖြစ်သည်။ ထို့ကြောင့် ခြောက်ခြောက်ခြားခြားသန်းခေါင်ယံက သူ့ကို ပစ်မှတ်ထားနေခြင်း ဖြစ်သည်။ သူ့မိသားစုသည် သူ့စွမ်းအားဖြစ်သကဲ့သို့ သူတို့ကို ထိန်းချုပ်ရန်အတွက် သူ့အားနည်းချက်လည်း ဖြစ်သည်။

အစီအစဉ်တင်ဆက်သူအမျိုးသမီးသည် လော်တုန်းအတွက် ရောက်လာခြင်းဖြစ်သော်လည်း အမှန်တရားကို သိရှိပြီးနောက် လော်တုန်းအပေါ် သူမ၏ အကဲဖြတ်မှုမှာ ပြောင်းလဲသွားတော့သည်။ သူ့မိသားစုမှာ သေဆုံးနေလေပြီ။ ယင်းသည် စုံစမ်းစစ်ဆေးရေးဌာနအတွက် မကောင်းပေ။

အစီအစဉ်တင်ဆက်သူအမျိုးသမီးက လော်တုန်းကို စွန့်ပစ်လိုက်လေသည်။ ယွီရွှေလုံနှင့် ယွီရွှေဟူတို့လည်း သူ့ဆီကနေ ရွေ့သွားကြသည်။ လော်တုန်းနှင့် သူ့မိသားစုသာ ထိုနေရာတွင် ရပ်လျက်ကျန်ခဲ့တော့သည်။

လော်တုန်းသည် အမှောင်ထဲတွင် မည်သည့်အရာရှိမှန်း မသိပေ။ သူသိသည်က သူ့သား ကြောက်ရွံ့နေခြင်းသာ ဖြစ်သည်။ အစီအစဉ်တင်ဆက်သူအမျိုးသမီးနှင့် ညီအစ်ကိုနှစ်ဦးက သူ့အား ရေကန်အနီးသို့ ချဉ်းကပ်ခွင့် မပြုကြတော့။ သူ ချောင်ပိတ်မိနေပြီဖြစ်သည်။

“ဒီလို ဖြစ်လာမယ်ဆိုတာ ငါသိခဲ့တယ်”

လော်တုန်းက သူ့သားကို ကာကွယ်ထားလိုက်သည်။

“မင်းတို့ကို ကူညီပေးနေတာ ငါ့သားပဲကွ ၊ အခု မင်းတို့ ကြည့်လိုက်စမ်း ၊ ငါ ထွက်သွားနိုင်ကတည်းက ထွက်သွားခဲ့သင့်တယ်”

“ပြောတာ ကောင်းတယ်”

ကောင်းမင်၏ အသံက အမှောင်ထဲမှ ထွက်လာခဲ့သည်။ သူ အရာအားလုံးကို မျက်မြင်တွေ့ခဲ့ရသည်။ လော်တုန်းအပေါ် သူ့လေးစားမှုမှာ ပိုတိုးလာခဲ့ချေသည်။

All Chapters