ကျုပ်တို့ အရမ်းအရမ်းကြိုဆိုပါတယ်
Vol. 23 Ch. 334
ကောင်းမင်၏ အသံကို ကြားလိုက်ရသောအခါ ကစားသမားများအားလုံး တုန်လှုပ်သွားကြသည်။ သူတို့သည် ကောင်းမင်သေဆုံးသွားပြီဟု ထင်ခဲ့ကြသည်။ သူ အသက်ရှင်နေသေးသည်ဟု မတွေးမိခဲ့ကြပေ။သူ့ပုံရိပ်သည် ပိုမိုပြတ်သားပြီးနောက် ကောင်းမင်သည် လူတိုင်း၏ ရှေ့သို့ ရောက်လာခဲ့သည်။ သူသည် အရင်ကအတိုင်းပင် ဖြစ်နေပြီး ဆံပင်တစ်ပင်မျှပင် ပျောက်ဆုံးနေခြင်း မရှိပေ။
“မဖြစ်နိုင်ဘူး!ကျွန်မ ကြောက်စရာတစ်ခုခု မြင်လိုက်ရတာ! အရိပ်တွေနဲ့ လုံးဝဖွဲ့စည်းထားတဲ့ ခွေးနက်ကြီးတစ်ကောင်ပဲ!”
အစီအစဉ်တင်ဆက်သူအမျိုးသမီးသည် အရာအားလုံး သူမ၏ ထိန်းချုပ်မှုအောက်တွင် ရှိသည်ဟု ထင်ထားခဲ့သည်။ သူမ မှားယွင်းသွားကြောင်း သိလိုက်ရသည်။
“ Fuck! မင်း အသက်ရှင်နေသေးတာလား!”
လော်တုန်း သက်ပြင်းချလိုက်သည်။ ကောင်းမင် ပြန်ပေါ်လာခြင်းသည် သူ့ခန့်မှန်းချက် မမှားကြောင်း ဆိုလိုပေသည်။ ခွေးဟောင်သံသည် အန္တရာယ်ကို ဆိုလိုခြင်း မဟုတ်ပေ။ ရှောင်ဝူသည် သရဲ၏ အိမ်မွေးတိရစ္ဆာန်ဖြစ်ပေလိမ့်မည်။
“ဘာဟောင်နေတာလဲ ၊ မင်း တွေ့ခဲ့ရလား”
လော်တုန်း ထိုသို့ပြောလိုက်ပြီးနောက် ကောင်းမင်က ဖြေလိမ့်မည် မဟုတ်ဟု သူတွေးလိုက်သည်။ အကြောင်းမှာ ယင်းသည် ကောင်းမင်၏ အသက်နှင့် လဲလှယ်ခဲ့ရသော ရှာဖွေတွေ့ရှိချက် ဖြစ်သောကြောင့် ဖြစ်သည်။
“ခင်ဗျားသား ပြောတာ မှန်တယ် ၊ ဟောင်နေတာက လူသားတစ်ယောက်ပဲ ၊ ဒီကုမ္ပဏီမှာရှိတဲ့ ရုပ်တုက လူတွေရဲ့စိတ်ဝိညာဉ်ကို တိရစ္ဆာန်အဖြစ် ပြောင်းလဲနိုင်တယ်”
ကောင်းမင်က တတိယထပ်ဆီသို့ ဦးတည်သော လမ်းကို လက်ညှိုးထိုးပြလိုက်သည်။
“ရုံးခန်း သန့်စင်ခန်းထဲမှာ လူသားတစ်ယောက် ပိတ်မိနေတာဖြစ်မယ် ၊ သူက ကျုပ်တို့ကို အကူအညီတောင်းနေတာပဲ”
“ဒါဆို ဘာလို့ ဟောင်နေတဲ့လူကို မကယ်ခဲ့တာလဲ”
အစီအစဉ်တင်ဆက်သူအမျိုးသမီးသည် အစောပိုင်းက ကြောက်စရာကောင်းသော ခွေးတစ်ကောင်ကို မြင်ခဲ့ရခြင်းဖြစ်သည်။ ကောင်းမင် လိမ်နေကြောင်း သူမသေချာပေသည်။
“ကော်ရစ်ဒါမှာ အလင်းရောင် လုံးဝ မရှိဘူး ၊ ဟောင်နေတာက သက်ရှိလူသားတစ်ယောက်ဆိုတာ ဘယ်လို သေချာတာလဲ”
ကောင်းမင်က သွေးစွန်းနေသော သူ့လက်များကို ပြလိုက်သည်။
“ကျုပ် အဲ့ဒီလူရဲ့ မျက်နှာကို ထိခဲ့ရတယ် ၊ သူ့ပါးစပ်မှာ သွေးတွေ အပြည့်ပဲ ၊ သူက ကျုပ်တို့ကို တစ်ခုခု ပြောပြချင်ပေမယ့် စကားမပြောနိုင်ခဲ့ဘူး ၊ သူ စကားပြောလိုက်တာနဲ့ သူ့ပါးစပ်က သွေးတွေ ထွက်ကျလာလိမ့်မယ်”
အစီအစဉ်တင်ဆက်သူအမျိုးသမီးက ကောင်းမင်ကို မယုံသေးသော်လည်း ကောင်းမင်က ဂရုမစိုက်ပေ။ သူသည် လော်တုန်းဆီသို့ တည့်တည့် လျှောက်သွားလိုက်သည်။
“ဟေး!”
ယွီရွှေဟူက ကြင်နာစွာဖြင့် ကောင်းမင်ကို သတိပေးလိုက်သည်။
“အရမ်း ကပ်မသွားနဲ့ ၊ သူ့သားက… လူသား မဟုတ်ဘူးနော်”
“လူ မဟုတ်ဘူးလား”
ကောင်းမင်သည် လော်တုန်း၏ မိသားစုအား ရပ်လျက် လေ့လာလိုက်သည်။
လော်တုန်းကား သတိထားနေ၏။ သူ့မိသားစုသည် သူ့အတွက် အရေးကြီးပေသည်။ သေဆုံးပြီးနောက်တောင်မှ သူတို့ အတူတူ နေကြမည်ဖြစ်သည်။
“သူ့မိသားစုက သရဲတွေ ဖြစ်ချင်ဖြစ်မယ်၊ ဒါပေမဲ့ သူတို့က မင်းတို့ကို ထိခိုက်စေခဲ့လား ၊ သူ့သားသာ မပါရင် ငါတို့ တတိယထပ်မှာ သေသွားကြမှာ မဟုတ်ဘူးလား”
ကောင်းမင်၏ စကားများက လူတိုင်းကို အံ့အားသင့်စေသည်။
“လူသားပဲ ဖြစ်ဖြစ် သရဲပဲ ဖြစ်ဖြစ် ဘယ်သူက လူတွေကို ပိုအသက်ရှင်အောင် ကူညီပေးနိုင်သလဲဆိုတာပဲ အာရုံစိုက်ဖို့ လိုတယ်”
ကောင်းမင် ပြုံးလိုက်ပြီး လော်တုန်းဆီသို့ လျှောက်သွားလိုက်သည်။
“ခင်ဗျား စိုးရိမ်စရာ မလိုပါဘူး ၊ရေသေဖိုရမ်ကနေ အရမ်းအရမ်းကို ကြိုဆိုပါတယ်ဗျာ ၊ အရိပ်ကမ္ဘာက ဖျက်ဆီးခံရရင်တောင် ဟန်ဟိုင်းကို ကူညီချင်စိတ်ရှိသရွေ့ ခင်ဗျားက အရည်အချင်းပြည့်ဝတဲ့ ခြောက်ခြားဂိမ်းကစားသမား တစ်ယောက်ပါပဲ”
“ဘေးကပ်ဆိုးကြီးက ရောက်လာနေပြီ ၊ နိုင်ငံသားတွေဟာ ရှင်သန်နိုင်ဖို့ သူတို့တတ်နိုင်သမျှ အရာအားလုံးကို လုပ်နေကြတယ် ၊ အဲ့ဒါက ဘာများ မှားနေလို့လဲ”
ကောင်းမင်က အစီအစဉ်တင်ဆက်သူအမျိုးသမီးကို မေးလိုက်သည်။
“ခင်ဗျားတို့ စုံစမ်းစစ်ဆေးရေးဌာန လက်ရွေးစင်တွေတောင် ကျုပ်တို့လို သာမန်လူတွေရဲ့ နာကျင်မှုကို နားလည်မှာ မဟုတ်ဘူး ၊ ကျုပ်တို့မှာ ဘာမှ မရှိဘူး ၊ ကျုပ်တို့က ရှင်သန်ချင်ရုံပဲ”
“စုံစမ်းစစ်ဆေးရေးဌာနက လက်ရွေးစင်တွေလား ၊ခြောက်ခြောက်ခြားခြားသန်းခေါင်ယံကို စုံစမ်းစစ်ဆေးရေးဌာနက တည်ထောင်ထားတာလား”
လော်တုန်းနှင့် ယွီရွှေလုံတို့က ထိုအရာကို စဉ်းစားမိခြင်းပင် မရှိပေ။
“သူ့ ခြေကျင်းဝတ်မှာ သွေးနီရောင် ဆက်သွယ်ရေးစက်တစ်ခု ရှိတယ် ၊ အဲ့ဒါက ဌာနက လုံခြုံရေးအဖွဲ့ဝင်တွေ အားလုံးသုံးတဲ့ ဆက်သွယ်ရေး ကိရိယာပဲ”
ကောင်းမင်က ထိုအမျိုးသမီးကို ဖော်ထုတ်လိုက်သည်။
“ကျွန်မ တစ်ခု စိတ်ဝင်စားမိတယ် ၊ရေသေဖိုရမ်က လူတိုင်းကို လက်ခံမယ်လို့ ပြောပြီး စုံစမ်းစစ်ဆေးရေးဌာနကို ဘာလို့ လက်မခံနိုင်ရတာလဲ ၊ ကျွန်မတို့က ရည်မှန်းချက်ချင်း တူတယ်လေ ၊ ကျွန်မတို့က ဟန်ဟိုင်း ဘေးကင်းလုံခြုံစေချင်တယ်”
ထိုအမျိုးသမီးက ရိုးရိုးသားသားပြောလိက်သည်။ သူမ ဖော်ထုတ်ခံရပြီးနောက် ဆက်လက် ပုန်းကွယ်မနေတော့ပေ။
“ခင်ဗျားတို့နဲ့ သရဲတွေကြားက အကြီးမားဆုံး ကွာခြားချက်က… ခင်ဗျားတို့က သရဲတွေထက် ပိုပြီး ဟန်ဆောင်ကောင်းတာပဲ ၊ ခင်ဗျားတို့က ဟန်ဟိုင်းကို ကူညီချင်သလို ပြုမူနေကြပေမယ့် အတွင်းထဲမှာတော့ ဆန့်ကျင်ဘက်ကို လုပ်နေကြတယ် ၊ ဟန်ဟိုင်းရဲ့ အရှုပ်အထွေး တစ်ဝက်လောက်က မြို့တော်အရှေ့ပိုင်း စုံစမ်းစစ်ဆေးရေးဌာနရဲ့ အကြီးအကဲဟောင်း စီတုအန်းကြောင့် ဖြစ်ခဲ့တာပဲ ၊ သူက ဌာနနဲ့ မပတ်သက်ခဲ့ဘူးလား”
ကောင်းမင်သည် လော်တုန်းနှင့်အတူ ရပ်လိုက်သည်။
“ခင်ဗျားတို့ ရေသေဖိုရမ်ကို ကူးယူဖို့ ကြိုးစားလို့ ရတယ် ၊ ခင်ဗျားတို့ မပြောင်းလဲသရွေ့ ရေသေဖိုရမ်က ပျောက်ကွယ်သွားမှာ မဟုတ်ဘူး”
“ဘယ်သူမှ ခြောက်ခြားဂိမ်းကစားသမား ဖြစ်ချင်တာ မဟုတ်ဘူး ၊ စုံစမ်းစစ်ဆေးရေးဌာနက ကျုပ်တို့ကို ကာကွယ်ပေးဖို့ ဆန္ဒမရှိလို့ ကျုပ်တို့က ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်အောင် အတင်းအကျပ်တွန်းအားပေးခံရတာပဲ”
လော်တုန်းက ကောင်းမင်၏ စကားကို သဘောတူသည်။
“ပြန်လှည့်ကြစို့ ၊ ရေကန်က အရမ်း အန္တရာယ်များတယ်”
ယွီရွှေလုံနှင့် ယွီရွှေဟူတို့က ချီတုံချတုံ ဖြစ်နေကြသည်။ အမှန်တကယ်ပင် ကောင်းမင် ပြောသည်မှာ မှန်ကန်ပေသည်။ လော်တုန်း၏သားက သူတို့အား ထိခိုက်စေခဲ့ခြင်း မရှိပေ။
“ဒီလူက လိမ်နေတာပဲ ၊ အမှောင်ထဲမှာ ကြောက်စရာကောင်းတဲ့ ခွေးတစ်ကောင် ပုန်းနေတာ ရှိတယ် ၊ ကျွန်မမျက်လုံးနဲ့ တပ်အပ်မြင်ခဲ့ရတာ”
ထိုအမျိုးသမီးက သူမ၏ အကြည့်များကို ပြောင်းလိုက်ရင်း ပြုံးလိုက်သည်။
ကောင်းမင်က နားလည်မှုလွဲနေသည်ဟု ယုံကြည်သော်လည်း ရှင်းပြရန် ပျင်းရိနေခဲ့သည်။
သူ လော်တုန်းထံ ပြန်လာခြင်းမှာ အနာဂတ်တစ်ခုတွင် လော်တုန်းက စုံစမ်းစစ်ဆေးရေးဌာနသို့ ဝင်ရောက်သွားပြီး စီတုအန်း၏နေရာကိုယူ၍ မြို့တော်အရှေ့ပိုင်း စုံစမ်းစစ်ဆေးရေးဌာန၏ အကြီးအကဲ ဖြစ်လာသောကြောင့် ဖြစ်သည်။ ဖန်လီနှင့် မတူဘဲ လော်တုန်းသည် စီမံခန့်ခွဲမှုစွမ်းရည် ကောင်းမွန်ပြီး အလားအလာမြင့်မားသည်။
“သွားကြစို့”
လော်တုန်းသည် သူ့မိသားစုကို ကာကွယ်လိုက်ပြီး အမှောင်ထဲသို့ ရွေ့လျားလိုက်သည်။ သူတို့ စတုတ္ထထပ်မှ ထွက်ခွာတော့မည့်အချိန်တွင် လှေကားအနီးရှိ သံလှောင်အိမ်ကြီးသည် ရုတ်တရက် ပေါက်ကွဲသွားလေသည်။ ထိုပေါက်ကွဲမှုကြောင့် ကောင်းမင်နှင့် လော်တုန်းမိသားစုတို့ စတုတ္ထထပ်မှ ထွက်သွားနေခြင်းကို ရပ်တန့်လိုက်ရသည်။
လေထဲရှိ အနံ့ဆိုးမှာ ပိုမို သိပ်သည်းလာခဲ့သည်။ အရင်က တည်ငြိမ်နေခဲ့သော ရေကန်ထဲမှ ကြီးမားသော ပူဖောင်းကြီးတစ်ခု ပေါ်လာ၏။ ရေကန်သည် ဆူပွက်လာပုံရသည်။ အမွေးများနှင့် ဆံပင်များကဲ့သို့ ညစ်ပတ်သော အရာများ ရေပေါ်တက်လာတော့သည်။
အချက်ပြမီးသီးများ အနီရောင် ပြောင်းသွားခဲ့သည်။ သံလှောင်အိမ်များအတွင်းရှိ စက်များ အလိုအလျောက် စတင်လည်ပတ်လာကြသည်။ ပုပ်သိုးနေသော အသားအိတ်များကို အထပ်မြင့်များမှ လွှဲပြောင်းယူသည်။ ၎င်းတို့ကို အသားအနှစ်အဖြစ် ကြိတ်ချေပြီး ဟင်းခတ်အမွှေးအကြိုင်များဖြင့် အရသာဖြည့်သည်။
စက်များ လည်ပတ်လာသည်နှင့်အမျှ အသားရနံ့သည် အနံ့ဆိုးတချို့ကို လွှမ်းမိုးသွားသည်။ ပြင်ဆင်ပြီးသွားသော အိမ်မွေးတိရစ္ဆာန်အစာများကို လေလုံအောင်ပိတ်၍ ထောင့်တစ်နေရာတွင် ထားလိုက်သည်။ ကျန်ရှိသော အရာများကို ရေကန်ထဲသို့ ပို့လိုက်လေသည်။
ရေပွက်သံတစ်ခု ထွက်ပေါ်လာသည်။ ရေများမှာ ပိုမို နောက်ကျိလာခဲ့သည်။ ဆီအလွှာအောက်တွင် ဧရာမအရိပ်တစ်ခု ထွက်ပေါ်လာသည်။
“အဲ့ဒါ ဘာကြီးလဲ”
ရေကန်အနီးရှိ ခြံစည်းရိုးပေါ်တွင် တွဲလောင်းဖြစ်နေသော ယွီရွှေဟူက အလွန်အမင်း စိုးရိမ်သွားသည်။ သူ လှုပ်ရှားဝံ့ခြင်း မရှိပေ။
ရေထဲရှိ အရိပ်မှာ ပိုမိုကြီးမားလာလေသည်။ သို့သော်လည်း မျက်နှာပြင်ကို မဖြတ်ကျော်လာသေးပေ။ ယင်းအစား ၎င်းသည် ပြိုကွဲပျက်စီး၍ ပျောက်ကွယ်သွားပုံရသည်။
စတုတ္ထထပ်ရှိ ပိုက်များအတွင်းမှ ထူးဆန်းသောအသံများ ပဲ့တင်ထပ်လာလေသည်။ ရေကန်ထဲရှိ မကောင်းဆိုးဝါးသည် အပိုင်းများစွာ ကွဲထွက်သွားပြီး သူတို့အား ဝန်းရံထားပုံရသည်။
ထွက်ပေါက်အနီးရှိ ပိုက်သည် ဖိအားကြောင့် ပေါက်ကွဲထွက်သွားသည်။ အနက်ရောင် ဆံပင်ခွေများ ပိုက်ထဲမှ စီးထွက်လာ၏။
မည်သူမျှ မလှုပ်ရှားဝံ့ဘဲ ပေါက်ပြဲနေသော ပိုက်ကို စိုက်ကြည့်နေကြသည်။
စက္ကန့်အနည်းငယ်ကြာပြီးနောက် ပိုက်ပေါက်ထဲမှ သေးသေးသွယ်သွယ် ကလေးလက်ချောင်းတစ်ချောင်း လှမ်းထွက်လာလေသည်။အပြည့်အဝသန္ဓေပြောင်းနေသော လက်တံနှာမောင်းတစ်ခုသည် မဖြစ်နိုင်လောက်အောင် ရှည်လျားကာ လက်ချောင်းနှင့်တွဲရက် ရှိနေခဲ့သည်။