← Chapters

ကျိန်စာသမီးတော်

Vol. 23 Ch. 335

ကျိန်စာသမီးတော်

Vol. 23 Ch. 335

“အဲ့ဒါကြီးက သရဲလား တိရစ္ဆာန်လား”

လော်တုန်းသည် ထိုအရာကို မည်သို့ဖော်ပြရမှန်းပင် မသိတော့ပေ။

ထို နွယ်နှာမောင်းများမှ စေးကပ်ပြီး ညစ်ညမ်းနေသော အရည်များ စီးကျနေသည်။ ပိုက်များ တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်လာလေသည်။နွယ်နှာမောင်းများ တိုးထွက်လာကြသည်။ နွယ်နှာမောင်းများ၏ အဆုံးတွင် အမျိုးမျိုးသော လူ့လက်ချောင်းများ ရှိနေလေသည်။ တတိယထပ်မှ မကောင်းဆိုးဝါးနှင့် မတူညီစွာ ရေကန်ထဲရှိ မကောင်းဆိုးဝါးသည် လူတစ်ယောက်တည်းဖြင့် ဖွဲ့စည်းထားခြင်း မဟုတ်ပေ။ ၎င်းသည် လူအများအပြားကို ‘စားသုံး’ ထားခြင်းဖြစ်သည်။

ကြမ်းပြင်သည် ဖောင်းကြွလာခဲ့သည်။ ကြွေပြားများ ကွဲအက်သွားသည်။ သူတို့၏ ခြေဖဝါးများအောက်တွင် တစ်စုံတစ်ခု ရွေ့လျားသွားလေသည်။ ထိုမကောင်းဆိုးဝါးသည် တိရစ္ဆာန်တစ်ကောင် အပင်တစ်ပင်နှင့် ဆင်တူ၏။ ၎င်း၏ နွယ်နှာမောင်းများသည် သစ်ပင်အမြစ်များကဲ့သို့ စတုတ္ထထပ်ကို ဝန်းရံလိုက်လေသည်။

“မြန်မြန်! ဆုတ်!”

ရေကန်သည် ကြီးမား၏။ ယွီရွှေဟူသည် ဖြတ်ကျော်သွားရန် သတ္တိမရှိပေ။ သူသည် တံစို့တုတ်ပေါ်ရှိ ဘဲတစ်ကောင်နှင့် တူနေလေသည်။ ငါးခူဂိုဏ်းမှ နှစ်ယောက်သားသည် ခြံစည်းရိုးပေါ်မှ ခုန်ဆင်း၍ ရေကန်နှင့် ဝေးရာသို့ ရွေ့သွားကြသည်။

သူတို့ ထွက်သွားပြီးနောက် ချက်ချင်းဆိုသလိုပင် မည်းနက်နေသည့် နွယ်နှာမောင်းများ ခြံစည်းရိုးပေါ်သို့ တွားသွားတက်လာတော့လာသည်။ လူ့လက်ချောင်းများသည် ခြံစည်းရိုးရှိ အပေါက်များမှတဆင့် ထိုးဖောက်၍ ခြံစည်းရိုးအား အလွယ်တကူ ပုံပျက်ပန်းပျက် ဖြစ်သွားစေသည်။

လှောင်အိမ်များအတွင်းမှ တိရစ္ဆာန်အော်သံများ ထွက်လာကြသည်။နွယ်နှာမောင်းများသည် ရေကန်အနီးရှိ သံလှောင်အိမ်များဆီသို့ ငါးမန်းများကဲ့သို့ တရှိန်ထိုး ရောက်ရှိသွားကြသည်။ နှာမောင်းများက လှောင်အိမ်များကို ဆွဲဖြဲလိုက်သည်။ထိုနွယ်နှာမောင်းများသည် လှောင်အိမ်များအတွင်းရှိ ကြွက်များကို ထိုးဖောက်လိုက်ကြသည်။

ခြောက်ခြားစရာ မြင်ကွင်းသည် ယွီရွှေဟူအား သည်းထိတ်ရင်ဖိုဖြစ်သွားစေခဲ့သည်။ သူသာ နောက်ကျခဲ့ပါက သူ့အဆုံးသတ်မှာ ကြွက်များကဲ့သို့ဖြစ်သွားလိမ့်မည်ဖြစ်သည်။ ပိုက်များ ပေါက်ကွဲနေသည့်သံများသည် စတုတ္ထထပ်တစ်လျှောက် ပဲ့တင်ထပ်နေလေသည်။ အနံ့အသက်ဆိုးရှိသော ရေများသည် နံရံများမှ စိမ့်ထွက်လာနေကြသည်။ ကြမ်းပြင်သည် စိုရွှဲလာတော့သည်။

“ဒီမကောင်းဆိုးဝါးက လှုပ်ရှားဖို့ ရေလိုအပ်တယ် ၊ ငါတို့ အမြန်ဆုံး ထွက်သွားဖို့ လိုနေပြီ”

လော်တုန်းက အလွန်ဂရုစိုက်တတ်သော်လည်း သူအလွန်နောက်ကျနေခဲ့ပြီ ဖြစ်သည်။

စတုတ္ထထပ်၏ ဝင်ပေါက်သည် ထောင်ချောက်တစ်ခုနှင့် တူနေ၏။ ၎င်းပတ်လည်ရှိ ပိုက်များ ပေါက်ကွဲထွက်လျက်ရှိသည်။နွယ်နှာမောင်းများ ပိုမို တွားသွားထွက်လာသည်။၎င်းတို့တွင် ဆံပင်များ ၊ အဝတ်အစားများ ကပ်ငြိနေလေသည်။ ၎င်းတို့သည် လက်တွေ့ဘဝတွင် ရှိသင့်သည့် အရာများနှင့် မတူပါချေ။

စက်သံများ ၊ ဥဩဆွဲသံများ ပဲ့တင်ထပ်နေခဲ့သည်။ အနီရောင် မီးသည် သူတို့မျက်နှာများပေါ်တွင် ထွန်းလင်းနေလေသည်။ စွန့်ပစ်ရေများ အခန်းထဲသို့ စီးဝင်လာသည်နှင့်အမျှ ရေကန်ထဲရှိရေများ တရိပ်ရိပ် မြင့်တက်လာပြီး ကောင်းမင်တို့အဖွဲ့ထံ ချဉ်းကပ်လာတော့သည်။ ယွီရွှေဟူနှင့် ယွီရွှေလုံတို့ တွေဝေနေခြင်းကို ရပ်လိုက်ကြသည်။ သူတို့ လော်တုန်းဆီသို့ အလျင်အမြန် ပြန်ပြေးကြတော့ကြသည်။ သူတို့ လှုပ်ရှားလိုက်သည်နှင့် လူကြီးလက်မောင်း အရွယ်အစားခန့်ရှိသော နွယ်နှာမောင်းများစွာ လွင့်ထွက်လာခဲ့သည်။နွယ်နှာမောင်းများသည် လက်ချောင်းများဖြင့် အဆုံးသတ်ခြင်း မရှိဘဲ ဖောင်းပွနေသော မျက်နှာများနှင့် တွန့်လိမ်နေသော လူ့လက်မောင်းများဖြင့် အဆုံးသတ်နေခြင်း ဖြစ်သည်။ အဝေးမှ ကြည့်လျှင် သူတို့သည် ခန္ဓာကိုယ်အောက်ပိုင်းကို အနက်ရောင် စပါးအုံးမြွေများအဖြစ် ပြောင်းလဲထားသော လူသားများနှင့် တူနေတော့သည်။

မကောင်းဆိုးဝါးများ၏ ပါးစပ်များမှ ကြက်သီးထဖွယ်ကောင်းသည့် အော်ဟစ်သံများ ထုတ်လွတ်နေလေသည်။ သူတို့ကား စကားပြောနိုင်စွမ်း ပျောက်ဆုံးသွားခဲ့ပြီဖြစ်သည်။ သူတို့၏ နှုတ်ခမ်းများမှ ကြောက်မက်ဖွယ်ရာ အသံများသာ ထွက်လာနိုင်တော့သည်။

“ဒါ ဘာမကောင်းဆိုးဝါးမျိုးလဲ”

ယွီရွှေဟူသည် ဤမျှ ကြောက်စရာကောင်းသည့် အရာမျိုးကို တစ်ခါမှ မမြင်ဖူးပေ။ သူသည် ခုခံရန်ပင် မစဉ်းစားတော့ဘဲ လှည့်ပြေးလိုက်သည်။ ကောင်းမင်သည်လည်း တံခါးနှင့် နီးကပ်နေခဲ့ပြီဖြစ်သည်။ သို့သော်လည်း သူ ပြေးထွက်သွားပါက ရေပိုက်များမှ ထွက်လာသောနွယ်နှာမောင်းများဆီသို့ တည့်တည့်ကြီး ပြေးဝင်မိပေလိမ့်မည်။

လော်တုန်းသည် သူ့သားနှင့် ဇနီး ဒဏ်ရာရမည်ကို စိုးရိမ်သဖြင့် ဆွဲခေါ်လာခဲ့သည်။

“ငါ့နောက် လိုက်ခဲ့!”

“ဟေး ခင်ဗျားရဲ့ သမီးကော!”

ကောင်းမင်သည် ထူးဆန်းသောအရာတစ်ခုကို သတိပြုမိလိုက်သည်။ဘေးကင်းလုံခြုံနေသည့် အခြေအနေမျိုးရှိသည့်အခါ လော်တုန်းသည် သူ့သမီးကို မည်သို့ပင်ဖြစ်စေ ကာကွယ်လိမ့်မည်ဖြစ်သည်။ သို့သော်လည်း အမှန်တကယ်အန္တရာယ် ရှိလာသောအခါ လော်တုန်းသည် သူ့သမီးကို အလွယ်တကူ စွန့်ပစ်လိုက်လေသည်။ လော်တုန်း၏စရိုက်အရ သူသည် သူ့မိသားစုကို နောက်တွင် ချန်ထားခဲ့မည့်လူမျိုး မဟုတ်ပေ။

ကောင်းမင်သည် ကြင်နာစိတ်ဖြင့် လော်တုန်း၏သမီးဆီသို့ လက်လှမ်းပေးလိုက်သည်။ သို့သော်လည်း ထိုမိန်းကလေးက သူ၏လက်ကို ခါထုတ်လိုက်လေသည်။ မိန်းကလေးသည် ပြေးထွက်သွားသော သူမ၏ မိသားစုကို ကြည့်နေခဲ့သည်။ သူမ ခေါင်းကို ငုံ့လိုက်ပြီး စတင်ငိုကြွေးတော့မည့်ပုံ ပေါ်လာသည်။

“အခုက ငိုရမယ့်အချိန် မဟုတ်သေးဘူး!”

ကောင်းမင်သည် မိန်းကလေးကို ခါးမှပွေ့ဖက်၍ သူ့လက်များဖြင့် ချီမလိုက်သည်။ မိန်းကလေးသည် အလွန် ပေါ့ပါးပြီး သူမ၏ ခန္ဓာကိုယ်မှာ အလွန်တရာအေးစက်နေသည်။ သူမ၏ မျက်နှာကား တဖြည်းဖြည်း အရောင်ပျက်လာတော့သည်။ သူမ၏ အရေပြားအောက်တွင် မည်းနက်သော သွေးကြောမျှင်များ ဖောင်းကြွလာလေသည်။ သူတို့သည် အမုန်းတရားများဖြင့် ထူထပ်စွာ စီးဆင်းနေကြသည်။

“နာကြည်းသရဲတစ်ကောင်လား”

ကောင်းမင်သည် အစွမ်းထက်သော သရဲများစွာကို မြင်ဖူးခဲ့သဖြင့် သူမကြောက်တော့ပေ။ သူ၏ သန်စွမ်းလှသောခန္ဓာကိုယ်ဖြင့် မိန်းကလေးကို ချီ၍ ဆက်ပြေးလိုက်သည်။ လော်တုန်းသည် ထိုအရာကို မြင်သောအခါ မျက်လုံးများ ပြူးကျယ်သွားသည်။

“လွှတ်လိုက်! သူ မင်းကို သတ်လိမ့်မယ်!”

လော်တုန်းသည် ကောင်းမင်၏အပြစ်ကင်းစင်မှုကြောင့် အံ့အားသင့်သွားခဲ့သည်။ သူသည် သူ့သမီးကို စွန့်ပစ်ခဲ့သည်မှာ သူနှလုံးသားမဲ့သောကြောင့် မဟုတ်ပေ။ သူ့မိသားစုထဲတွင် သူ့သမီးသည် ကြောက်စရာအကောင်းဆုံးသူ ဖြစ်သောကြောင့်ပင်။ သူ့သမီး လှုံ့ဆော်ခံလိုက်ပါက သူမသည် ပတ်ဝန်းကျင်မှ အရာအားလုံးကို သတ်ဖြတ်ပစ်သည့် မကောင်းဆိုးဝါးတစ်ကောင်အဖြစ် ပြောင်းလဲသွားလိမ့်မည်ဖြစ်သည်!။ သူမ၏ နာကြည်းမှုများ မှေးမှိန်သွားသည့်အခါမှသာ သူမသည် ကျိန်စာတစ်ခုအဖြစ် လော်တုန်း ဘေးသို့ ပြန်ရောက်လာခြင်းဖြစ်သည်။ ထွက်ပြေးရန်အတွက် လော်တုန်းသည် သူ၏သမီးကို အားကိုးရမည်ဖြစ်သည်။ သူသည် သူ့သမီးအပေါ် ကန့်သတ်ချက်ကိုလည်း ဖယ်ရှားပစ်ခဲ့သည်။ ကောင်းမင်က သူ့သမီးကို သူနှင့်အတူ သယ်ဆောင်သွားလောက်အောင်အထိ ကြင်နာတတ်မည်ဟု သူမမျှော်လင့်ခဲ့ပေ။

“ကျုပ်တို့က ခေတ်သစ်မှာ ရှိနေပြီလေ ၊ ခင်ဗျား သားကို သမီးထက် ပိုမျက်နှာသာပေးလို့ မရဘူးနော်”

“မင်း ဘာတွေပြောနေတာလဲ”

လော်တုန်း၏ မျက်နှာသည် သူ့သားကဲ့သို့ ဖြူဖျော့သွားသည်။ ဤအတိုင်း ဆက်သွားပါက သူတို့သည် မကောင်းဆိုးဝါးများထက် ပိုသော အန္တရာယ်ကို ရင်ဆိုင်ရပေလိမ့်မည်။သူ့သမီးသည်လည်း သူတို့အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာလိမ့်မည်ဖြစ်သည်။

ကောင်းမင်က လော်တုန်း၏ စကားကို လုံးဝ နားမထောင်ခဲ့ပေ။ သူက မိန်းကလေးကို ချီ၍ တံခါးဆီသို့ ပြေးသွားလိုက်သည်။ သူသည် လော်တုန်းအား ထိုနေရာတွင် ပေးသေစေ၍ မရသဖြင့် သူ့အတွက် လမ်းပြပေးရန် ရွေးချယ်လိုက်သည်။

သိပ်သည်းနေသော နာကြည်းမှုသည် ကောင်းမင်၏လက်အား အေးခဲလုနီးပါး ဖြစ်စေသည်။ ကျေးဇူးတင်ရသည်မှာ သားစားကြူးနတ်ဘုရားက ထိုအရာကို သတိပြုမိလိုက်သဖြင့် သူ့စွမ်းအားကို ကောင်းမင်၏ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းပေးလိုက်သည်။ အသားနံ့သည် သမီးဖြစ်သူ၏ နှာခေါင်းထဲသို့ ပျံ့လွင့်လာပြီး သူမအား ပို၍ပင် လှုံ့ဆော်မိစေသည်။ သူမ၏ မျက်လုံးများမှ သွေးများ စိမ့်ထွက်လာလေသည်။ သူမ၏ လက်ချောင်းများသည် ကောင်းမင်၏ အသားထဲသို့ နစ်ဝင်သွားသည်။ သူမကား စိတ်လွတ်သွားခဲ့ချေပြီ။ သူမ၏ မျက်လုံးများမှာ နီရဲလာပြီး ကြောက်မက်ဖွယ်ကောင်းလာတော့သည်။ သူမ၏ လည်ချောင်းမှ အဆိပ်ပြင်းသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ဘာလို့ ကျွန်မကို ပစ်ထားခဲ့တာလဲ ၊ ဖေဖေ၊ ဖေဖေက ကျွန်မတို့ကို တန်ဖိုးအထားဆုံးလို့ ပြောခဲ့တယ်မိုလား”

နာကြည်းမှုက ကောင်းမင်၏ခန္ဓာကိုယ်ပတ်လည်တွင် ရစ်ပတ်လာလေသည်။ သူ့ နှလုံး လျင်မြန်စွာ ခုန်ပေါက်နေခဲ့သည်။ သားစားကြူးနတ်ဘုရား၏ အရိပ်က ကောင်းမင်နှင့် တထပ်တည်း ဖြစ်သွားတော့သည်။

သားစားကြူးနတ်ဘုရားက လက်ရှစ်ဘက်ကို ဖွင့်ဟလိုက်သည်။ သမီးဖြစ်သူ၏ စိတ်ဝိညာဉ်မှာ စတင်တုန်ယင်လာလေသည်။ သေခြင်းမျက်နှာသည် မိန်းကလေး၏နာကြည်းမှုကို စားသုံးလိုက်သည်။ လိုအင်ဆန္ဒမျက်နှာသည် မိန်းကလေးအား စိတ်ရှုပ်ထွေးသွားစေသည်။ ရှင်ခြင်းမျက်နှာက သူမ၏ နှလုံးသားကို စိုက်ကြည့်လိုက်လေသည်။

“မင်းရဲ့ အဖေက မင်းကို စွန့်ပစ်ဖို့ လုံးဝ မရည်ရွယ်ခဲ့ပါဘူး ၊ သူက အရမ်းနောက်ကျသွားရုံပါပဲ ၊ ငါ မြင်ခဲ့ရတဲ့ အနာဂတ်တွေ အားလုံးမှာ သူကမင်းနဲ့ အမြဲတမ်း ရှိနေခဲ့တယ် ၊ သေချာတာပေါ့ မင်းကလည်း သူနဲ့ အမြဲတမ်း ရှိနေခဲ့တယ်”

ကောင်းမင်သည် သမီးဖြစ်သူအား တီးတိုးပြောလိုက်ချိန်တွင် သူသည် သားစားကြူးနတ်ဘုရား၏ အကာအကွယ်ဖြင့် သူ့နှိပ်စက်ခန်းမှ အသက်ကို စားသုံးသည့် ဓားကို ထုတ်ယူလိုက်လေသည်။ ကောင်းမင်သည် နွယ်နှာမောင်းများကို ဖြတ်တောက်လိုက်ပြီး စတုတ္ထထပ်မှ ပထမဆုံး ထွက်ခွာလိုက်လေသည်။

နွယ်နှာမောင်းများ ဖြတ်တောက်ခံရသောအခါ ရေကန်ထဲရှိ မကောင်းဆိုးဝါးသည် အပြည့်အဝ နိုးထလာတော့သည်။

လေထဲတွင် အနံ့ဆိုးများ ပြည့်နှက်သွား၏။ ရေထဲမှ ဧရာမအရိပ်ကြီးတစ်ခု ပေါ်ထွက်လာလေတော့သည်။

All Chapters