← Chapters

နျန်ယွီ

Vol. 23 Ch. 339

နျန်ယွီ

Vol. 23 Ch. 339

“ကျွန်မ..ကျွန်မ ဘာမှ မပြောပါဘူး!”

လော်တုန်း၏ ဇနီးသည် ထိတ်လန့်သွားလေသည်။ သူမ ကြည့်လိုက်သည့် အရာတိုင်းတွင် ကြောက်မက်ဖွယ်တစ်စုံတစ်ခု ရှိနေလေသည်- နှိပ်စက်ကိရိယာများကြား သူ့မိခင်နှင့်အတူ လှောင်အိမ်ထဲ ထည့်ခံထားရသော လူတစ်ယောက်; သွေးများပေကျံနေသော ခွဲစိတ်စားပွဲ; မီးတောက်များ တောက်လောင်နေသော ဝိညာဉ်ပန်းပဲဖို… ဤနေရာသည် လူကောင်းတစ်ယောက်၏ နေရာနှင့် မတူချေ။

“အနည်းဆုံး မင်းနဲ့ မင်းမိသားစုကို ကယ်ခဲ့တဲ့လူက ငါပဲဆိုတာကို မှတ်ထားပါ”

ကောင်းမင်က ထိုအမျိုးသမီးကို မထိခိုက်စေခဲ့ချေ။ သူမ နှိပ်စက်ခန်းထဲ ဝင်ပြီးနောက် သူမ၏ ကံကြမ္မာသည် သူနှင့်ချည်နှောင်ပြီးသား ဖြစ်သည်၊

“ငါ မင်းကို ဒီကနေ ထွက်ခွင့်ပေးမယ် ၊ လော်တုန်းကို တစ်ခုလောက် ပြောပေးပါ ၊ ငါက ကောင်းမင် ရေသေဖိုရမ်ကို တည်ထောင်ခဲ့သူတွေထဲက တစ်ယောက်ပဲ”

နှိပ်စက်ခန်း တံခါးပွင့်လာပြီး ကောင်းမင်နှင့် လော်တုန်း၏ ဇနီးတို့သည် စတုတ္ထထပ်သို့ ပြန်ရောက်လာကြသည်။ အသားနာကြည်းခြင်းအခန်း နောက်ဆုတ်သွားသည်နှင့် ကောင်းမင်၏ နှလုံးသားသည် ရုတ်တရက် ခုန်ပေါက်သွားလေသည်။ အဝေးတစ်နေရာမှ တစ်စုံတစ်ရာက သူ့အား စောင့်ကြည့်နေပြီး တိုက်ခိုက်ရန် အသင့်ပြင်နေခြင်းဖြစ်သည်။

“ဒါက သွေးမြူခိုးမြို့က ကြည့်နေတာလား ၊ နှိပ်စက်ခန်းထဲကနေ သားစားကြူးနတ်ဘုရားကို ငါ ဆင့်ခေါ်လိုက်တိုင်း သူတို့ ငါ့ကို တိုက်ခိုက်ဖို့ အခွင့်အရေးပိုများလာတာလား”

ကောင်းမင်သည် ကံကြမ္မာနှင့်ပတ်သက်၍ စိုးရိမ်မှုမရှိတော့သောကြောင့် ထိုအကြောင်းကို များစွာ တွေးမနေတော့ချေ။

“အခု ငါနဲ့ လိုက်ခဲ့ပါ”

ကောင်းမင် ကန်ရေကို ဖြတ်၍ လျှောက်သွားလိုက်သည်။ သားစားကြူးနတ်ဘုရားက နျန်ယွီကို ကျွန်ပြုလိုက်ခြင်းသည် အဆောက်အအုံအတွင်းရှိ ရွှံ့ရုပ်တုအား စိန်ခေါ်မှုတစ်ခု ထုတ်ပြန်လိုက်ခြင်းကို ဆိုလိုပေသည်။ သို့သော် ရုပ်တုသည် သူတို့အား သတိမထားမိဘဲ အခြားအရာတစ်ခုအပေါ် အာရုံစိုက်နေပုံရသည်။

ကောင်းမင်သည် ခွေးကြီး၏ လူသေဓာတ်ပုံကို ထုတ်ယူလိုက်သည်။ သူ၏ ယေဘုယျတည်နေရာကို အာရုံခံလိုက်ပြီးနောက် လော်တုန်း၏ ဇနီးအား ပဉ္စမထပ်သို့ ခေါ်သွားလိုက်သည်။ ကောင်းမင်သည် စတုတ္ထထပ်ကို ဖျက်ဆီးခဲ့သဖြင့် စက်များအားလုံး ရပ်တန့်သွားသည်။ ရေကန်ကြီးမှာ ကွဲအက်သွားခဲ့ပြီး ရေများ နေရာအနှံ့ စီးဆင်းသွားခဲ့သည်။ ရေကန်အောက်ခြေတွင် သေခြင်းတရား အကျိုးသက်ရောက်မှုများ ကျန်ရစ်ခဲ့လေသည်။

ရေကန်၏ အဆုံးတွင် သိသာထင်ရှားခြင်း မရှိသော အာဟာရခန်းတစ်ခု ရှိသည်။ မန်နေဂျာနျန်သည် ထိုနေရာတွင် အချိန်များစွာကုန်ဆုံးလေ့ရှိပုံရသည်။ သူမ အလျင်စလို ထွက်ခွာသွားခဲ့ခြင်းကြောင့် ဖိုင်တချို့ ကျန်ထားရစ်ခဲ့သည်။

“အစားအစာပေးဝေရေးဖောင်လား”

ကောင်းမင်က ၎င်းဖောင်အား လျှင်မြန်စွာ ဖတ်ရှုလိုက်သည်။ အဆောက်အအုံအတွင်းရှိ သတ္တဝါများကို လူသား၊ ခွေး၊ သားရဲနှင့် မကောင်းဆိုးဝါးဟူ၍ အမျိုးအစား လေးမျိုးအဖြစ် ပိုင်းခြားနိုင်သည်။ လူသားများသည် အနိမ့်ဆုံး အဆင့်တွင်ရှိသည်။ လူသားအများစုသည် ခွေးများအဖြစ် ပြောင်းလဲနေစဉ် သေဆုံးသွားကြသည်။ သားရဲအဆင့်သို့ ရောက်နိုင်သူ အနည်းငယ်သာ ရှိပြီး နျန်ယွီ အပါအဝင် လေးဦးသာ ရှိသည်။

“လူ့ဝိညာဉ်အတွင်းက သားရဲကို လှုံ့ဆော်ခြင်း… ဒီဟာက စိတ်ဝင်စားဖို့ကောင်းတဲ့ ယုံကြည်မှုတစ်ခုပဲ ၊ ဒီရွှံ့ရုပ်တုက တော်တော်လေး ရှုပ်ထွေးတာပဲ”

ယခင် အရိပ်ကမ္ဘာသည် အလွန်အမင်းကြီးမားပြီး ယုံကြည်မှု အမျိုးအစားများစွာ ရှိသည်။ လီစန်းဆေးရုံ၏ ရွှံ့ရုပ်တုတစ်ခုချင်းစီသည် ပြည့်စုံသောယုံကြည်မှုစနစ်တစ်ခုကို ကိုယ်စားပြုရန် အသုံးပြုနိုင်ပေသည်။ ထိုမျှ အစွမ်းထက်သော ကမ္ဘာတစ်ခုသည် မည်သို့ပျက်စီးသွားရသည်ကို ကောင်းမင် စဉ်းစား၍မရချေ။

ဖိုင်များကို ကိုင်၍ ကောင်းမင်နှင့် လော်တုန်း၏ဇနီးတို့ ပဉ္စမထပ်သို့ ရောက်လာကြသည်။ ထိုအထပ်သည် အိမ်မွေးတိရစ္ဆာန်ထုတ်ကုန်များ ထုတ်လုပ်သည့်နေရာဖြစ်သည်။ ၎င်းကို ပန်းခြံတစ်ခုကဲ့သို့ ဆောက်လုပ်ထားပြီး ကော်ရစ်ဒါတစ်လျှောက်တွင် ထူးဆန်းသောအရုပ်များနှင့် ချိန်းကြိုးများရှိနေပေသည်။

“အရွယ်အစားတွေကို ကြည့်ရင် ဒီအရုပ်တွေက လူသားတွေအတွက်ပဲ”

ကောင်းမင်က သတ္တုဦးထုပ်တစ်လုံးကို ကောက်ယူလိုက်သည်။ ထိုအရာများအပြင် ချည်နှောင်ထားသော ခုတင်များ၊ စိတ်ကြိုက်ပြုလုပ်ထားသော ဝတ်စုံများနှင့် အခြားသော လူကြီး ‘အရုပ်များ’ လည်းရှိသည်။

“လူသားတွေဆိုတာ သူတို့ရဲ့ သားရဲဆန်တဲ့ လိုအင်ဆန္ဒတွေကို ထိန်းချုပ်နိုင်လို့ လူသားဖြစ်နေတာပဲ…”

ကောင်းမင် ဦးထုပ်ကို ကိုင်၍ ဦးထုပ်အတွင်းရှိ သွေးနှင့်အရေပြားကို လေ့လာလိုက်သည်။

“ဒါပေမဲ့ ဒီက အရုပ်တွေအားလုံးက လူတွေနဲ့ ဖန်တီးထားတာလေ ၊ အဲ့ဒါနဲ့ ပတ်သက်ပြီး နင့်မှာ ဘာပြောစရာရှိလဲ”

အရုပ်ပုံများကြားမှ ရယ်သံတစ်သံ ပဲ့တင်ထပ်လာလေသည်။ အရုပ်များ ကြမ်းပြင်ပေါ်သို့ လိမ့်ကျသွားသည်။ သူမ၏ နက်မှောင်နေသောဆံပင်များသည် သူမပခုံးပေါ်သို့ လျှောကျနေ၏။ သူမ၏ အင်္ကျီကြယ်သီးများ ပြုတ်ထွက်နေပြီး မှိန်ဖျော့ဖျော့ မီးရောင်များသည် သူမ၏အလှကို ပိုမိုထင်ရှားနေစေသည်။

“နင်က ငါ့ရဲ့ဦးနှောက်မရှိတဲ့ မောင်လေးကို သတ်လိုက်တဲ့လူလား”

လှုပ်ယမ်းနေသော သစ်သားမြင်းရုပ်ပေါ်တွင် ထိုင်နေရင်း မန်နေဂျာနျန်က သူမ၏ မျက်မှန်ကို ပင့်တင်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်သည် သစ်သားမြင်းနှင့်အတူ လှုပ်ယိမ်းသွားသောအခါ သူမ၏ ခြေသလုံးများ တောင့်တင်းသွားသည်။

“နျန်ရှင်းလား”

ကောင်းမင်သည် မောင်နှမနှစ်ဦး၏ ကိုယ်ရည်ကိုယ်သွေးများ အလွန်ကွဲပြားသည်ကို သတိထားမိသည်။

“မင်းမောင်က မကောင်းဆိုးဝါးအဖြစ် ပြောင်းလဲသွားတာကို မင်းဂရုမစိုက်ပုံ မရဘူး”

“သေချာတာပေါ့ ငါကိုယ်တိုင် သူ့ကို အဲဒီပုံစံဖြစ်အောင် ပြောင်းလဲပစ်ခဲ့တာလေ”

နျန်ရှင်းက မြင်းခေါင်းကို ဖက်လိုက်သည်။

“ငါ့မောင်လေးက ဉာဏ်ကောင်းတယ်၊ ချစ်စရာကောင်းတယ်၊ ကြင်နာတတ်တယ်၊ လှပတယ်။ လူတိုင်း သူ့ကို ချစ်ကြတယ်”

“မင်းသူ့ကို မနာလိုစိတ်ကြောင့် ထိခိုက်အောင် လုပ်ခဲ့တာလား”

လော်တုန်း၏ ဇနီးသည် အေးစက်စက်ခံစားလိုက်ရသည်။ သူမသည် မန်နေဂျာနျန်နှင့် အသက်အတူတူလောက် ရှိသော်လည်း ထိုအမျိုးသမီးကို လုံးဝနားမလည်နိုင်ချေ။

“မနာလိုစိတ် မရှိပါဘူး ၊ ငါက အတုအယောင်တွေကို မုန်းတီးရုံပါပဲ ၊ တုံးအတဲ့ ကလေးတစ်ယောက်က အမိန့်တွေ နားထောင်ရမယ်ဆိုတာကို ဘာလို့ သိနေရမှာလဲ ၊ သူက အဖေနဲ့အမေ သဘောကျတဲ့ အတုအယောင်ပုံစံတစ်ခုကို ဖန်တီးဖို့ သူ့ရဲ့ အစစ်အမှန်ပုံစံကို ဖိနှိပ်ထားရုံသက်သက်ပဲ”

မန်နေဂျာနျန်၏ မျက်နှာသည် သစ်သားမြင်းရုပ်၏ ခန္ဓာကိုယ်ဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်။ သူမသည် သူမ၏ ပြည့်ဖောင်းနေသော နှုတ်ခမ်းကို ကိုက်လိုက်သည်။

“လူတွေနဲ့ ယှဉ်ရင် ငါက တိရစ္ဆာန်တွေကို ပိုကြိုက်တယ် ၊ ငါ ငယ်ငယ်တုန်းက နှိပ်စက်ခံခဲ့ရတယ်လို့ နင် မထင်ပါနဲ့ ၊ ငါ့ကို စိတ်ပိုင်းဆိုင်ရာတွေ ဆွေးနွေးဖို့မလိုပါဘူး ၊ တကယ်တော့ လူတိုင်း ငါ့ကိုချစ်ကြပါတယ် ၊ ငါ့မိဘတွေ၊ ငါ့မောင်လေး၊ ငါ့ဆရာ၊ ငါ့လုပ်ဖော်ကိုင်ဖက်တွေ၊ ငါ့ရဲ့ ရည်းစားဟောင်းတွေ အားလုံးပေါ့”

“ဒါဆို နင်ဘာလို့ ဒီလိုအရာတွေကို လုပ်နိုင်ရတာလဲ”

လော်တုန်း၏ ဇနီးသည် ချက်ချင်းနောင်တရသွားသည်။ သူမသည် ကောင်းမင်အား ဒုက္ခပေးမိမည်ကို စိုးရိမ်သွားခဲ့သည်။

“ငါ့မှာ လူတွေရဲ့ အစစ်အမှန်အတွေးတွေနဲ့ ခံစားချက်တွေကို အလွန်အမင်းအာရုံခံစားနိုင်တဲ့ နားတစ်စုံ ရှိတယ်”

မြင်းရုပ်လည်ပင်းပတ်လည်ရှိ မန်နေဂျာနျန်၏ လက်များသည် ပိုမိုတင်းကျပ်လာခဲ့သည်။

“ငါက တိရစ္ဆာန်နဲ့ လူသားတိုင်းရဲ့ အတွင်းစိတ်အသံတွေကို ကြားနိုင်တယ် ၊ သူတို့ရဲ့ ချစ်ခြင်းမေတ္တာနဲ့ လေးစားမှုတွေက အရမ်းစက်ဆုပ်စရာကောင်းတဲ့ အရာတွေကို ဖုံးကွယ်ထားတာပဲ ၊ ငါ့မိဘတွေက ငါ့ကို နေမကောင်းဘူးထင်လို့ ချစ်ကြတာ ၊ ငါ့ရဲ့ လူကြီးလူကောင်းဆန်တဲ့ ဆရာက ငါ့ကို အဝတ်မပါတဲ့ကိုယ်နဲ့ ကြည့်ချင်ရုံပဲ ၊ ကြင်နာတတ်တဲ့ အိမ်နီးချင်းအန်တီကြီးက ငါ့နောက်ကွယ်မှာ ငါ့ကို ခွေးမလို့ ခေါ်တယ် ၊ ငါ့ရဲ့ ချစ်စရာကောင်းတဲ့ မောင်လေးတောင် တစ်ခါတလေ ငါ့ကိုအိမ်မှာလူပိုတစ်ယောက်လို့ တွေးတယ်”

“ဒါကြောင့် နင်တိရစ္ဆာန်တွေကို ချစ်တာပေါ့”

လော်တုန်း၏ ဇနီးကတွေးလိုက်သည်။

“နင် ဘာလို့ နင့်စွမ်းအားကို တခြားအရာတွေအတွက် မသုံးတာလဲ ၊ ဥပမာ- ကာစီနိုမှာ အနိုင်ယူတာမျိုးပေါ့”

မန်နေဂျာနျန်က လော်တုန်း၏ ဇနီးအား လျစ်လျူရှုလိုက်သည်။ သူမသည် မှုန်ဝါးနေသော မျက်လုံးများဖြင့် ကောင်းမင်ကို ကြည့်လိုက်သည်။

“ငါ စတုတ္ထထပ်မှာ ရှိတုန်းက နင့်နှလုံးသားထဲက အသံကို ကြားခဲ့ရတယ် ၊ နင်ဘာတွေးနေလဲဆိုတာ ငါ သိတယ်”

“ဒါဆို မင်း ဘာလို့မပြေးသေးတာလဲ”

ကောင်းမင်က ဦးထုပ်ကိုလွှတ်ချလိုက်ပြီး ရှေ့သို့ လျှောက်လာ၏။

မန်နေဂျာနျန် ထိတ်လန့်မသွားချေ။ သူမသည် ခြေဖျားထောက်၍ မတ်တပ်ရပ်လိုက်ရာ သူမနဖူးမှ ချွေးများ စီးကျလာလေသည်။ သူမ၏ အရေပြားပေါ်တွင် ပါးလွှာသော အနီရောင်အမာရွတ်များ ထွက်ပေါ်လာခဲ့သည်။

“ဘာလို့လဲဆိုတော့ ငါ့ရဲ့ နတ်ဘုရားက နင်နဲ့ စကားပြောချင်လို့ပဲ”

မန်နေဂျာနျန်၏ နှုတ်ခမ်းများမှ မရင်းနှီးသော အသံတစ်သံ ထွက်ပေါ်လလေေသည်။ အရိပ်သည် အရုပ်များထဲသို့ ဖြတ်သန်း စီးဆင်းသွားသည်။ အရုပ်များထဲမှ ကုမ္ပဏီဝန်ထမ်းများ တွားသွား၍ ထွက်လာကြသည်။ ၎င်းတို့သည် လည်ပင်းများတွင် ကော်လာများ ဝတ်ဆင်ထားပြီး သူတို့ခန္ဓာကိုယ်များမှာ အတိုင်းအတာမျိုးစုံဖြင့် သန္ဓေပြောင်းနေကြသည်။ ၎င်းတို့ အများစုသည် သူတို့၏လူသားဆန်မှုကို ဆုံးရှုံးသွားကြပြီးဖြစ်သည်။

ပဉ္စမထပ်တံခါးသည် ဆောင့်ပိတ်သွား၏။ သမင်ချိုများပါသော မကောင်းဆိုးဝါးတစ်ကောင်က တံခါးကို ပိတ်ဆို့လိုက်သည်။ ၎င်း၏ခန္ဓာကိုယ်သည် ပြန့်ကားလာပြီး ကြီးမားသော သံလှောင်အိမ်ကြီးကို ဆွဲယူလာခဲ့သည်။

မန်နေဂျာနျန်အနီးရှိ ပြတင်းပေါက်မှာ ပွင့်ဟသွားသည်။ ချွန်ထက်နေသော အစွန်းတစ်ဖက်က ပဉ္စမထပ်အား ထိုးဖောက်လိုက်သည်။ ပြတင်းပေါက်အပြင်ဘက်တွင်လူ့ဦးခေါင်းကိုးလုံးရှိသော ထူးဆန်းသည့် ငှက်တစ်ကောင် ပျံဝဲနေလေသည်။

All Chapters