လူသတ်သမား
Vol. 23 Ch. 340
“မင်းက ဒီရောက်လာတာ စကားပြောဖို့တော့ မဟုတ်လောက်ဘူး”
ကောင်းမင် လှုပ်ရှားမှု မရပ်တန့်ခဲ့ချေ။
“မင်း သူတို့ကို အားပေးဖို့ ခေါ်လိုက်တာလား”
မန်နေဂျာနျန်သည် ကောင်းမင်၏အတွင်းစိတ်အတွေးများကို ကြားနိုင်သည်။ ကောင်းမင်တွင် ကြောက်ရွံ့မှုအနည်းငယ်မျှ မရှိသည်ကို သူမသိသည်။ အမှန်တကယ်တွင်လည်း ကောင်းမင်သည် အကြောက်တရားကို မည်သည့်အခါမှ ခံစားရတော့မည် မဟုတ်ပေ။ အကြောင်းမှာ သူ့နှလုံးသားသည် သေခြင်းတရားဖြင့် လွှမ်းမိုးထားပြီးဖြစ်သောကြောင့် ဖြစ်သည်။
“ဟန်ဟိုင်းက ငါတို့နှစ်ယောက်လုံးအတွက် လုံလောက်အောင်ကြီးပါတယ်”
ရင်းနှီးမှုမရှိသော အသံသည် ခံစားချက်မရှိပေ။ ၎င်းသည် နျန်ရှင်း၏ ခန္ဓာကိုယ်အတွင်း ပုန်းအောင်းနေပုံရသည်။
“ယုံကြည်မှုအတွက် ငါ မင်းနဲ့တိုက်ခိုက်မှာ မဟုတ်ဘူး ၊ အရိပ်ကမ္ဘာက လူသတ်သမားတွေကို တိုက်ခိုက်ဖို့တောင် ငါမင်းကို ကူညီပေးဦးမယ်”
“အရိပ်ကမ္ဘာက လူသတ်သမားတွေလား”
ရွှံ့ရုပ်တုများသည် ကမ္ဘာကြီး၏ ပေါ်ထွန်းလာမှုနှင့်ပျက်စီးမှုတို့ကို ကျော်လွန်၍ ရှင်သန်ခဲ့ကြသောကြောင့် ၎င်းတို့သည် အရာများစွာကို သိရှိထားကြသည်။
“ဟန်ဟိုင်းရဲ့ အိပ်မက်ထဲမှာ နေထိုင်တဲ့ မင်းတို့လိုလူတွေအတွက် သူတို့ကို ကံကြမ္မာလို့ ခေါ်လို့ရတယ်”
မန်နေဂျာနျန်၏ မျက်လုံးများသည် ကြောင်များကဲ့သို့ မှေးကျဉ်းသွားသည်။
“လောကမှာ အလကားစားရတဲ့ ထမင်းဆိုတာ မရှိဘူး ၊ ဘာအကြောင်းပြချက်မှ မရှိဘဲ မင်းငါ့ကို ကူညီမှာ မဟုတ်ဘူး ၊ ပြောလိုက်ပါ ၊ မင်း ငါ့ဆီက ဘာလိုချင်လဲဆိုတာ ပြောပါဦး”
ကောင်းမင်သည် နံရံတစ်လျှောက်ရှိ သန္ဓေပြောင်းသတ္တဝါများကို လျစ်လျူရှုထားရင်း ရှေ့သို့ ဆက်လျှောက်သွားလိုက်သည်။သူသည် လုံးဝစိတ်အေးလက်အေး ဖြစ်နေသည်။ လော်တုန်း၏ဇနီးမှာ အရာအားလုံးကို မြင်တွေ့ခဲ့ရသည်။ ကောင်းမင်သည် ရေသေဖိုရမ်ကို တည်ထောင်သူများထဲမှ တစ်ဦးသာဖြစ်သည်။ ဆိုလိုသည်မှာ ဖိုရမ်တွင် ကောင်းမင်ကဲ့သို့ လူများ ပိုရှိသည်ဟူ၏!
“မင်းဆီက အကြမ်းဖက်တတ်တဲ့ ရာဇဝတ်သားတွေနဲ့ လူ့အသိုင်းအဝိုင်းကို ဆန့်ကျင်တဲ့ စိတ်ထားရှိတဲ့သူတွေကို ငါ့ဆီပေးနိုင်လိမ့်မယ်လို့ ငါမျှော်လင့်တယ် ၊ သူတို့ရဲ့ ဝိညာဉ်ထဲက သားရဲသဘာဝကို ငါလိုအပ်တယ် ၊ ဒါက မင်းဟန်ဟိုင်းကို ရှင်းလင်းတဲ့နေရာမှာ အထောက်အကူ ဖြစ်စေလိမ့်မယ် ၊ ဒါ မင်းအတွက် ကောင်းတဲ့အရာပဲ မဟုတ်လား”
မန်နေဂျာနျန်၏ အခြေအနေမှာ ပိုမိုထူးဆန်းလာ၏။ သူမ၏ နှင်းကဲ့သို့ ဖြူဖွေးနေသော အရေပြားအောက်တွင် သေးငယ်သောသွေးကြောမျှင်များ ပေါက်ထွက်လာလေသည်။ သူမသည် ပါးလွှာသော အနီရောင်ပိတ်သားလွှာကို ဝတ်ဆင်ထားပုံပေါ်နေသည်။
“တခြား တစ်ခုခုကို တောင်းပါ ၊ မင်း ပြောတဲ့ အဲဒီရာဇဝတ်သားတွေကို ငါလည်း လိုအပ်တယ်”
ကောင်းမင်သည် လှုပ်ရှားမှု မရပ်တန့်ခဲ့ချေ။ သူသည် ပဉ္စမထပ်၏ အလယ်သို့ ရောက်နေပြီ ဖြစ်သည်။ လော်တုန်း၏ဇနီးသည် ကြောက်ရွံ့သွား၏။ သူမ ကောင်းမင်ဆီသို့ အလျင်အမြန် ပြေးလိုက်သွားသည်။ ကောင်းမင်နှင့် မန်နေဂျာနျန်တို့၏ ပြောဆိုနေသည့် အကြောင်းအရာများကြောင့် သူမ ဆွံ့အနေခဲ့ရသည်။ ရာဇဝတ်သားတွေက ဘယ်လိုလုပ် ဆွေးနွေးညှိနှိုင်းမယ့်အရာတွေ ဖြစ်သွားတာလဲ။
“ဒါဆို ငါခြေတစ်လှမ်း နောက်ဆုတ်ပေးမယ် ၊ ငါ ဟန်ဟိုင်းရဲ့ ကျန်တဲ့အစိတ်အပိုင်းတွေကို လျစ်လျူရှုထားမယ် ၊ ဒါပေမဲ့ မြို့ဟောင်းရဲ့ လီစန်းကတော့ ငါ့ရဲ့ လယ်ကွက်ဖြစ်လာလိမ့်မယ် ၊ ငါ့ရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေ လွတ်လွတ်လပ်လပ် လှည့်လည်သွားလို့ရအောင် လယ်ယာတစ်ကွက်တော့ လိုအပ်တယ်လေ”
မန်နေဂျာနျန်၏အသံသည် သူမ၏ ခန္ဓာကိုယ်နှင့် မကိုက်ညီချေ။ ခန္ဓာကိုယ်က ပိုစိတ်လှုပ်ရှားလေ အသံက ပိုအေးစက်လာလေ ဖြစ်သည်။
“မင်းတို့အားလုံးက ငါနဲ့ညှိနှိုင်းချင်နေကြတာပဲ ၊ တစ်ယောက်က တာ့ကျိုက်မှာ ယုံကြည်မှုတွေကို ဖြန့်ကျက်ချင်တယ် ၊ မင်းက လီစန်းဇုန်တစ်ခုလုံးကို လိုချင်တယ် ၊ မင်းတို့က ကိုယ့်ကိုယ်ကို တကယ်ပဲ နတ်ဘုရားတွေလို့ ထင်နေကြတာလား”
ကောင်းမင်သည် မန်နေဂျာနျန်နှင့် ဆယ်မီတာအကွာအဝေးအတွင်း ရောက်နေပြီဖြစ်သည်။
“မင်းက ပုန်းနေတဲ့ တခြားနတ်ဘုရားတွေနဲ့ တွေ့ခဲ့ဖူးတာလား”
“တွေ့ဖူးတာပေါ့ ၊ သူကလည်း ငါတို့ တစ်ယောက်နဲ့တစ်ယောက် မတိုက်ခိုက်သင့်ဘူး ၊ မဟုတ်ရင် ကံကြမ္မာရဲ့ အကြည့်ကို ဆွဲဆောင်မိလိမ့်မယ်လို့ ပြောခဲ့သေးတယ်”
ကောင်းမင်က လှုပ်ယမ်းနေသော သစ်သားမြင်းရုပ်ကို စိုက်ကြည့်ရင်း သူ့လက်ကို ရင်ဘတ်ပေါ် ဖိလိုက်သည်။
“မှန်တယ် ဒါကြောင့် မင်း ငါ့စွမ်းအားကို လိုအပ်တာပေါ့ ၊ ငါက လူသားတွေကို ဒီအိပ်မက်ရဲ့ ကန့်သတ်ချက်ကိုရောက်သွားအောင် ကူညီဖို့ လုံးဝပြောင်းလဲပေးနိုင်တယ်”
“အရင်နတ်ဘုရားကို ငါဘယ်လိုဖြေခဲ့လဲဆိုတာ မင်းမသိချင်ဘူးလား”
သူ့လက်ချောင်းများသည် သွေးနီရောင်မြို့တော်၏ တက်တူးကို ဖြတ်တောက်ပစ်လိုက်သည်။ ကောင်းမင်၏ ခြေဖဝါးအောက်ရှိ ကြမ်းပြင်သည် အသားအဖြစ် အလျင်အမြန်ပြောင်းလဲသွား၏။ သူ့နောက်ကျောမှ လောင်ကျွမ်းနေသော သွေးများနှင့် ဝိညာဉ်မီးတောက်များ ပန်းထွက်လာလေသည်။ လက်ရှစ်ဘက်က ညှင်းပန်းနှိပ်စက်ခန်းအား ခပ်ကျယ်ကျယ်ဆွဲဖွင့်လိုက်သည်။
ကောင်းမင်၏ ပြောင်းလဲမှုကိုမြင်သောအခါ မန်နေဂျာနျန်၏ မျက်လုံးများ တုန်ယင်သွားသည်။ သူမသည် ကောင်းမင်ထံတွင် လူသတ်သမားများ၏ တည်ရှိမှု ခံစားလိုက်ရသည်။ အရိပ်ကမ္ဘာမှ လူသတ်သမားများသည် ကောင်းမင်အား ပစ်မှတ်ထားနှင့်ပြီးသား ဖြစ်သည်!။
မျက်နှာမဲ့နောက်လိုက်တပည့်များက ဆုတောင်းကြပြီး လူနာများက နှိပ်စက်ကိရိယာများဖြင့် ပါတီပွဲ ကျင်းပလိုက်ကြသည်။ ကောင်းမင်က သူ့ခေါင်းကို မော့လိုက်သည်။
“ကံကြမ္မာ ကြည့်ပါစေ! ငါဟာ လုံလောက်အောင်ကို ဘေးကပ်ဆိုးဖြစ်နှင့်နေခဲ့ပြီးပြီ ၊ ဘေးကပ်ဆိုးလာစမ်းပါစေ”
ကောင်းမင်သည် ဥမင်လိုဏ်ခေါင်းမှ ထွက်ခွာခဲ့ပြီးနောက်ထိန်းချုပ်မှုဖြင့် ရှင်သန်ခဲ့ရသည်။ သူသည် ထိုအရာအား လုံးဝပြောင်းလဲပစ်လိုပေသည်။ သူတို့၏စွမ်းအားများကို အသုံးမပြုရန်တားမြစ်ခြင်းသည် ရွှံ့ရုပ်တုများအားလုံး လိုက်နာသော မရေးသားထားသည့် စည်းမျဉ်းတစ်ခုဖြစ်သည်။ သို့သော် ၎င်းရှေ့ရှိ ထိုလူသည် ဤစည်းမျဉ်းအား ဂရုပင်မစိုက်ချေ။
“အရူးပဲ! တိရစ္ဆာန်တွေထက် ပိုရူးသွပ်တဲ့ လူတစ်ယောက်ပဲ!”
မန်နေဂျာနျန်အတွင်းမှအသံသည် သူတို့ပတ်ဝန်းကျင်မှ အရိပ်များ၏ ပြောင်းလဲမှုများကို ခံစားလိုက်ရသည်။ ၎င်းသည် ကောင်းမင်ကို မကြောက်သော်လည်း ကံကြမ္မာအပေါ် မွေးရာပါကြောက်ရွံ့မှုတစ်ခု ရှိလေသည်။
“မင်းက လူသားဝိညာဉ်တွေထဲက သားရဲကို ရှာတယ် ၊ ဒါပေမဲ့ စဉ်းစားကြည့်စမ်း ၊ တိရစ္ဆာန်တွေ အားလုံးထဲမှာ လူသားတွေက အရက်စက်ဆုံး၊ အရူးသွပ်ဆုံးနဲ့ ကြောက်စရာအကောင်းဆုံးပဲ ၊ ငါတို့ဟာ သေခြင်းတရားရဲ့ နာကျင်မှုတွေကို ဆွဲဆန့်ထားဖို့အတွက် နှိပ်စက်ကိရိယာတွေပြည့်နေတဲ့ အခန်းတစ်ခုကိုတောင် ဖန်တီးနိုင်တယ်”
သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ နှိပ်စက်ခန်းအတွင်းမှ မကောင်းဆိုးဝါးများ ခုန်ထွက်လာကြလေသည်။ ၎င်းတို့၏ ကံကြမ္မာများသည် ကောင်းမင်နှင့် ချည်နှောင်ထားပြီး ဖြစ်သဖြင့် ကောင်းမင်သေဆုံးပါက ၎င်းတို့လည်း သေဆုံးရမည်ဖြစ်သည်။
“မင်းရဲ့ စွမ်းအားကို ဘာလို့ ငါ့ကိုမပေးတာလဲ ၊ ငါတို့က လူသားဝိညာဉ်ကို ပြောင်းလဲဖို့ အဲဒါကို မလိုအပ်ပါဘူး ၊ လူသားဝိညာဉ်ကို အခြေခံအကျဆုံး ပုံစံကိုပဲ ပြန်ပြောင်းပေးမယ် ၊ ဒါဆို လုံလောက်ပြီ”
ကောင်းမင်က သားစားကြူးနတ်ဘုရားနှင့်အတူ ရှေ့သို့ ပြေးတက်သွားသည်။ သူတို့၏ လက်သီးများကို ဝှေ့ယမ်းလိုက်သဖြင့် သစ်သားမြင်းရုပ်မှာ ပျက်စီးသွားခဲ့သည်။ နျန်ရှင်း၏ လည်ပင်းတွင် ဝတ်ဆင်ထားသော ရွှံ့ရုပ်တုဆွဲသီးက ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။ ဆဌမထပ်သို့ အရိပ်တစ်ရိပ် ဆုတ်ခွာသွားသည်။
“ဥပမာအနေနဲ့ မင်းရွေးချယ်ခဲ့တဲ့ နျန်ရှင်းကို ကြည့်လိုက်ပါ ၊ ငါတို့ သူ့ဝိညာဉ်ကို လမ်းညွှန်ပေးဖို့ မလိုဘူး ၊ သူက ကမ္ဘာပေါ်ကအဆိုးဆုံး တိရစ္ဆာန်ထက်တောင် ပိုကြောက်စရာကောင်းနေပြီးသားပဲ”
ကောင်းမင်သည် ချိန်းကြိုးများကို အသုံးပြု၍ မန်နေဂျာနျန်အား သူ့ညှင်းပန်းနှိပ်စက်ခန်းအတွင်းသို့ ဆွဲခေါ်လိုက်သည်။ မန်နေဂျာနျန်အား သံတိုင်များနောက်တွင် ပိတ်လှောင်ပြီးနောက် ကောင်းမင်က မျက်မမြင်လူ၏လူသေဓာတ်ပုံကို ဆွဲထုတ်လိုက်သည်။
သူ ပဉ္စမထပ်သို့ ရောက်လာပြီးနောက်ပိုင်းတွင် လူသေဓာတ်ပုံသည် သူ့ထံမက်ဆေ့ချ်များ ပို့နေခဲ့သည်။ မန်နေဂျာနျန်သည် သူ့နှလုံးသားထဲမှ အသံများကိုကြားနိုင်သောကြောင့် ကောင်းမင်သည် ခွေးကြီး၏ အစီအစဉ်ကို မကြားမိစေရန် သူ့နှလုံးသားထဲမှ ရူးသွပ်မှုနှင့် မုန်းတီးမှုများကို မချွင်းချန် လှုံ့ဆော်နေခဲ့သည်။ ယခုတွင် မန်နေဂျာနျန်အား ဖမ်းမိလိုက်ပြီဖြစ်သောကြောင့် ကောင်းမင်သည် ထိုအကြောင်းကို စိုးရိမ်နေရန်မလိုတော့ချေ။ သူက ပုံကိုအသာအယာ ပွတ်သပ်လိုက်ရာ ခွေးကြီးသည် အပေါ်ဆုံးထပ်တွင် ပုန်းအောင်းနေပြီဖြစ်ကြောင်း သိလိုက်ရသည်။
“သူက ရွှံ့ရုပ်တုတစ်ခုလုံးကို မျိုချဖို့ စီစဉ်နေတာလား”
လီစန်းဆေးရုံမှ ဖြစ်ရပ်သည် မျက်မမြင်လူအား လှုံ့ဆော်ပေးခဲ့ပုံရသည်။ သူသည် နက်မှောင်နေသောခွေးလှောင်အိမ်မှ ထွက်ခွာလိုရုံသာမက သူကိုယ်တိုင်အတွက်လည်း လမ်းကြောင်းတစ်ခု ထွင်းထုလိုပေသည်။
“ဒီရုပ်တုက သူနဲ့ တော်တော်လိုက်ဖက်တယ်၊ ဒါဆိုရင် ငါ သူ့ကိုကူညီပေးရမယ်”
ကောင်းမင် ဆဌမထပ်ဆီသို့ အလျင်အမြန် ပြေးလိုက်သည်။ သူ့အပေါ်သို့ ကံကြမ္မာ၏အကြည့် အပြည့်အဝကျရောက်မလာမီ ရွှံ့ရုပ်တုကို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည်။
သူ့ရှေ့ရှိ ပြတင်းပေါက်က ကွဲကြေသွားသည်။ ထူးဆန်းသည့် ခေါင်းကိုးလုံးငှက်သည် အခန်းထဲသို့ ပျံသန်းဝင်ရောက်လာသည်။ သမင်ချိုဖြင့်မုဆိုးက ကောင်းမင်အား ပြေးဝင်တိုက်ခိုက်လိုက်သည်။
“သူတို့ကို ငါနဲ့ ထားခဲ့ပါ ၊ သူတို့က ငါ့မျက်လုံးထဲမှာ အရမ်းလှတယ်”
ရှရန်သည် ပြုံးပြုံးရွှင်ရွှင်နှင့် လော်တုန်း၏ဇနီးကို နှုတ်ဆက်ရင်း ကောင်းမင်ဘေးတွင် ပေါ်လာလေသည်။
ရှရန်အား တစ်ကိုယ်တည်းကြည့်ပါက သူသည် ကြင်နာတတ် ၊ နူးညံ့ပြီး အားနည်းသော ပန်းချီဆရာတစ်ဦးဟု ထင်ရပေမည်။
“ရပါတယ်”
ဧရာမသမင်ချိုကြီးသည် နံရံကို ထိုးခွဲလိုက်သည်။ အညိုရောင်သားမွေးများရှိသော မုဆိုးသည် လော်တုန်း၏ ဇနီးဆီသို့ ရောက်လာ၏။ အရိပ်သည် လော်တုန်း၏ဇနီးကို လွှမ်းခြုံထားသည်။ သူမသည် အလွန်သေးငယ်ပြီး အကူအညီမဲ့နေပုံရလေသည်။
လက်သည်းများဖြင့် ထွင်းဖောက်ထားသော လက်ကြီးက သံလှောင်အိမ်ကို လွှဲရိုက်လိုက်သည်။ လှောင်အိမ်၏ သံချေးတက်နေသော ဘားတန်းများကို ဆူးချွန်များဖြင့် ချည်နှောင်ထားသည်။ လော်တုန်း၏ဇနီး ကြေမွသွားတော့မည့်အချိန်တွင် မုဆိုး၏လက်သည် ရုတ်တရက် ရပ်တန့်သွားလေသည်။