← Chapters

အရှက်မဲ့တယ်

Vol. 23 Ch. 342

အရှက်မဲ့တယ်

Vol. 23 Ch. 342

အပိုင်း (၃၄၂) အရှက်မဲ့တယ်

သားရဲနတ်ဘုရားသည် ကောင်းမင်ကို မုန်းတီးလှသည်။ သူ၏ တားမြစ်စွမ်းအားကို အသုံးပြုရန် အတင်းအကျပ် တွန်းအားပေးခံခဲ့ရသည်။ သို့သော်လည်း ကောင်းမင်က သူ့နတ်ဘုရားကို ချက်ချင်း ပြန်ဆွဲခေါ်လိုက်သောကြောင့် သားရဲနတ်ဘုရားသည် ကံကြမ္မာ၏အမျက်ဒေါသကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့ရသည်။ သူ့ရှေ့ရှိ ထိုလူအား ဖော်ပြရန်အရှက်မရှိခြင်းနှင့် ညစ်ပတ်ခြင်းတို့ဖြင့် မလုံလောက်ချေ! သူ့အား သတ်ကို သတ်ပစ်ရမည်!။

သူ့ဝိညာဉ်အတွင်း၌ ဒေါသတရားများ တမြေ့မြေ့လောင်ကျွမ်းနေ၏။ သားရဲနတ်ဘုရားသည် ကောင်းမင်အား ခုန်အုပ်လိုက်သည်။ သူ့အာရုံသည် ကောင်းမင်ကြောင့် ဆွဲဆောင်ခံထားရသဖြင့် သူစွန့်လွှတ်ခဲ့သော ခန္ဓာကိုယ်အောက်ပိုင်းမှာ အရိပ်ကြောင့် ဖြည်းညှင်းစွာ အရည်ပျော်နေသည်ကို မသတိထားမိချေ။ သားရဲပုံစံကွက်အား အခြားစွမ်းအားတစ်ခုက စုပ်ယူနေခြင်းဖြစ်ပြီး အရိပ်အားလုံး ခေါင်မိုးပေါ်ရှိ နေရာတစ်ခုဆီသို့ စီးဆင်းသွားခဲ့သည်။ ကောင်းမင်၏ လည်ပင်းအား သားရဲနတ်ဘုရား ကိုက်ဖြတ်တော့မည့် အချိန်တွင် ဖိနှိပ်နိုင်သောခွေးဟောင်သံတစ်ခုက အရိပ်အတွင်းမှ ပဲ့တင်ထပ်လာလေသည်။

သားရဲနတ်ဘုရား၏ ဗီဇသည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်ပြီး ဘေးဘက်သို့ ချက်ချင်း လှိမ့်ဆင်းလိုက်သည်။ အရိပ်ထဲမှ အနက်ရောင် ခွေးကြီးတစ်ကောင် ခုန်ထွက်လာ၏။ ချွန်ထက်သော သွားများကို ပိတ်လိုက်ရာ ခွေးကြီးသည် သားရဲနတ်ဘုရားကို စားမိတော့မလို ဖြစ်သွားခဲ့သည်။ အနက်ရောင် အမွေးများမှာ လေထဲတွင် တလွင့်လွင့်ဖြစ်နေလေသည်။ ခွေးကြီး၏ ခန္ဓာကိုယ်ပေါ်တွင် သားရဲပုံစံကွက်အသစ်များ ပေါ်ထွက်လာသည်။ သူသည် ယုံကြည်မှုအတွက် သားရဲနတ်ဘုရားနှင့် တိုက်ခိုက်နေခဲ့ခြင်း ဖြစ်သည်။

“ငါ့ ခန္ဓာကိုယ်ထိန်းချုပ်မှု လွတ်သွားတာ အံ့သြစရာ မရှိတော့ဘူး! မင်းက ငါ့ရဲ့ ယုံကြည်မှုတွေကို ခိုးသွားတာပဲ!”

သားရဲနတ်ဘုရားက အံကြိတ်လိုက်သည်။

“သူတို့က ငါ့ကို ဆန္ဒအလျောက် ရွေးချယ်ခဲ့တာပဲ ၊ ငါက သူတို့ရဲ့ နတ်ဘုရား မဟုတ်ဘူး ၊ ငါက သူတို့လို မကောင်းဆိုးဝါးတစ်ကောင်ပဲ”

ခွေးကြီးသည် ထပ်ပြောချင်နေသေးသော်လည်း ကောင်းမင်၏ သွေးစွန်းနေသောလက်က သူ့အမွေးများကို ဆုပ်ကိုင်လိုက်သည်။

“ငါတို့ သွားဖို့ လိုပြီ”

အမှောင်ထဲရှိ အကြည့်များက ပွင့်ဟလာနေပြီ ဖြစ်သည်။ ခွေးကြီးသည် ကောင်းမင်အား ဖုံးအုပ်လိုက်ပြီး အမှောင်ထဲသို့ လှစ်ခနဲ ပြေးဝင်သွားသည်။ခန္ဓာကိုယ် အပေါ်ပိုင်းသာ ကျန်တော့သော အမျိုးသမီးက ကောင်းမင်ထံ ပျံသန်းလိုက်သည်။ သူမသည် ကောင်းမင်အား သူမ၏အစစ်အမှန် ပါးစပ်ဖြင့် ကိုက်လိုက်နိုင်ပါက ကျိန်စာပြည့်စုံသွားမည်ဖြစ်ပြီး ကောင်းမင်မှာ သားရဲနတ်ဘုရား၏ ခန္ဓာကိုယ်အသစ် ဖြစ်လာမည်ဖြစ်သည်။

“ပြေးတော့! နောက်လှည့်မကြည့်နဲ့!”

သွေးနီရောင်မြို့တော်အတွင်းပိုင်းမှ အကြည့်သည် အနက်ရောင် မြူခိုးများကို ဖြတ်တောက်လိုက်သည်။ အရှိတရား၏အစွန်းသည် လိမ်ယှက်စပြုလာလေသည်။ သားရဲနတ်ဘုရား ပူးကပ်ထားသော အမျိုးသမီးသည် စတင်၍ ထူးဆန်းစွာပြုမူလာလေသည်။ သေဆုံးနိုင်ခြေရှိသော အကြောင်းရင်းများအားလုံး ထိုအမျိုးသမီးပေါ်တွင် ပေါ်ပေါက်လာခဲ့သည်။ ထိုအကြည့်အတွက်မူ ဟန်ဟိုင်းရှိ ဝိညာဉ်များသည် ပန်းပွင့်များကဲ့သို့ ဖြစ်သည်။ ၎င်းတို့သည် တစ်ခဏအတွင်း ပွင့်လန်းလာပြီး တခဏညှိုးနွမ်းသွားလေ့ရှိသည်။

သားစားကြူးနတ်ဘုရားနှင့် ကောင်းမင်တို့မှာ စိုးရိမ်တကြီးဖြင့် နှလုံးခုန်နေကြသည်။ ဤကြောက်မက်ဖွယ် အခိုက်အတန့်အတွင်း သူတို့ လုပ်နိုင်သည်မှာ အမှောင်ထုအတွင်း ပို၍ ပုန်းအောင်းနေခြင်းသာ ဖြစ်သည်။

သားရဲနတ်ဘုရားသည် နောက်ဆုံးတွင် ကောင်းမင်၏ အစီအစဉ်ကို နားလည်သွားသည်။ ထိုကောက်ကျစ်သော လူယုတ်မာသည် အစကတည်းက ကံကြမ္မာ၏ စွမ်းအားကို အသုံးပြုလိုခဲ့ခြင်း ဖြစ်သည်။ သူသည် တိုက်ခိုက်နိုင်သည့် စွမ်းအား ရှိသော်လည်းအရှက်အမဲ့ဆုံး နည်းလမ်းကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

“မင်း မီးနဲ့ ကစားရင် မီးလောင်ခံရလိမ့်မယ်! မရဏဘုံရဲ့ အဆုံးသတ်မှာ မင်းကို ငါစောင့်နေမယ်! မင်း ထွက်ပြေးလို့ မရပါဘူး ၊ မင်းကို ကံကြမ္မာက မြင်သွားပြီကွ!”

အမျိုးသမီးပေါ်ရှိ ဒဏ်ရာများသည် စုတ်ပြဲလာပြီး ကိုက်ရာများဖြစ်သွား၏။ ကိုက်ရာအသစ်များသည် သားရဲနတ်ဘုရား၏ ကိုက်ရာများနှင့် ကွဲပြားသည်။ ယင်းတို့သည် လူသားတို့၏ ကိုက်ရာများ ဖြစ်သည်။ သားရဲနတ်ဘုရား ညှဉ်းပန်းနှိပ်စက်၍ သတ်ဖြတ်ခဲ့သော ဝိညာဉ်များက အခြားနည်းလမ်းဖြင့် ပြန်လာခဲ့ကြခြင်းပင်။

ကံကြမ္မာ၏အကြည့်အောက်တွင် ၎င်းတို့သည် အပြင်းထန်ဆုံး ကျိန်စာဖြစ်လာလေသည်။ ၎င်းတို့သည် သားရဲနတ်ဘုရား၏ ဒဏ်ရာများမှ တွားသွားဝင်၍ သူ့အသိစိတ်နှင့် ယုံကြည်မှုတို့ကို ဝါးစားကြတော့သည်။ ကံကြမ္မာအတွက်မူ ရွှံ့ရုပ်တုများသည် ဂိမ်းတစ်ခုထဲရှိ (Bug)များကဲ့သို့ ဖြစ်သည်။ ၎င်းတို့အား တွေ့ရှိသည်နှင့် ချက်ချင်းဖယ်ရှားပစ်ရမည် ဖြစ်သည်။

ကြောက်မက်ဖွယ် အော်ဟစ်သံများ ကောင်းမင်နားထဲသို့ ရောက်ရှိလာသည်။ ထိုအမျိုးသမီးပေါ်ရှိ ကိုက်ရာများနှင့် ဒဏ်ရာများက ဖြည်းညှင်းစွာ ပျောက်ကွယ်သွားပြီး သူမ၏ ပြောင်းလဲသွားသော မျက်လုံးများသည် တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာလေသည်။ အော်ဟစ်သံ ရပ်တန့်သွားသောအခါ ကောင်းမင်က နောက်လှည့်ကြည့်လိုက်သည်။ သူ ထိုအကြည့်နှင့် ထပ်မံတွေ့ဆုံလိုက်ရသည်။ ကံကြမ္မာကို ကိုယ်စားပြုသော ကြောက်မက်ဖွယ် တည်ရှိမှုကြီးသည် မထွက်ခွာသေးချေ။ ကောင်းမင်၏ ပုံပန်းသဏ္ဌာန်အာ သူမှတ်မိသွားခဲ့သည်။

သားစားကြူးနတ်ဘုရား၏ မျက်နှာလေးခုက ဒေါသတကြီး မာန်ဖီလိုက်သည်။ ကောင်းမင် မတုံ့ပြန်နိုင်မီ သူ့ဆံပင်တချို့ အဖြူရောင်ပြောင်းသွားခဲ့သည်။ယင်းကို မြင်သောအခါ ခွေးကြီးက ကောင်းမင်အား သူ့နာကြည်းခြင်းအခန်းအတွင်းသို့ မျိုချလိုက်သည်။အချိန်တချို့ ကြာသွားပြီးမှ သူ့ကို ပြန်အန်ထုတ်လိုက်သည်။

“အဲဒီ အကြည့်က ဘာကြီးလဲ ၊ ငါတို့က အဆင့်တူမဟုတ်ဘူးလို့ ခံစားရတယ် ၊ သူတို့ ဘယ်နည်းလမ်းတွေကို သုံးသွားလဲ ငါမပြောတတ်ဘူး ၊ ငါ့ဝိညာဉ်တောင် မွန်းကြပ်လုနီးနီး ဖြစ်သွားတယ်”

ခွေးကြီးသည် ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။ ကံကြမ္မာက သူ့အား ပစ်မှတ်ထားခြင်း မဟုတ်သော်လည်း သူအလွန်အမင်း ကြောက်လန့်သွားရသည်။

ယင်းနှင့် ဆန့်ကျင်ဘက်အားဖြင့် ကောင်းမင်နှင့် သားစားကြူးနတ်ဘုရားတို့၏ အခြေအနေက ပိုဆိုးပေသည်။ ကောင်းမင်သည် သူ့ခန္ဓာကိုယ်တွင် မည်သည့်မသက်မသာမှုကိုမျှ မခံစားရသော်လည်း သူ့ဆံပင်သည် အချို့နေရာများတွင် အဖြူရောင်ပြောင်းသွားခဲ့သည်။ သူ့မျက်နှာပေါ်တွင် အရေးအကြောင်းများ ပေါ်လာခဲ့ပြီး သားစားကြူးနတ်ဘုရား၏ ခန္ဓာကိုယ်ပေါ်ရှိ သွေးနီရောင်မြို့တော် ပုံစံကွက်သည် အလွန်ဖျော့တော့သွားခဲ့သည်။

“အဲဒါက ကံကြမ္မာပဲ ၊ သူတို့က ဆယ့်နှစ်ယောက်တောင် ရှိတာ ၊ အဲဒါက သူတို့ထဲက တစ်ယောက်ပဲရှိသေးတယ်”

ကောင်းမင် သူ့ဆံပင်ကို ထိတွေ့လိုက်သည်။

“ပုရွက်ဆိတ်တွေက စက်သေနတ်ရဲ့ စွမ်းအားကို နားမလည်တာ ပုံမှန်ပါပဲ”

ခွေးကြီးသည် အရိပ်ထဲမှ ခုန်ထွက်လာပြီး အမျိုးသမီး၏ မျက်လုံးများကို မှိတ်ပေးလိုက်သည်။ ခေါင်မိုးပေါ်တွင် ရွှံ့ရုပ်တု၏ အပိုင်းအစများစွာ တွေ့ရှိခဲ့သည်။ ကံမကောင်းစွာဖြင့် ၎င်းတို့အတွင်းရှိ ယုံကြည်မှုသည် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ခွေးကြီးသည် အများအပြား ရိတ်သိမ်းနိုင်ခဲ့သည်။ သူသည် သားရဲနတ်ဘုရား၏ ယုံကြည်မှု တစ်ဝက်ကို ရယူခဲ့သည်။သူ့ပါးစပ်မှ ချွန်ထက်သော သွားစွယ်များ ပေါက်လာ၏။ သူကား သားရဲနတ်ဘုရား၏ စွမ်းအားကို အမွေဆက်ခံခဲ့ပုံပင်။ အတိတ်တွင် ခွေးကြီးသည် ပုန်းအောင်းခြင်းနှင့် ပြေးလွှားခြင်းကို ပိုနှစ်သက်ခဲ့သော်လည်း ယခုအခါ သူ့တွင် ခိုင်မာပြင်းထန်သော စွမ်းအားတစ်ရပ် ရှိနေလေပြီ။ထိုပြင်ပ ပြောင်းလဲမှုများအပြင် ခွေးကြီး၌ သူ့နာကြည်းခြင်းအခန်းအတွင်း သူကယ်တင်ခဲ့သော ‘ခွေးလူသားများ’ အများအပြား ရှိနေသည်။ ထိုမကောင်းဆိုးဝါးများသည် ခွေးကြီးအား သူတို့၏ နတ်ဘုရားအသစ်အဖြစ် ရှုမြင်ကြသည်။ သန္ဓေပြောင်းမှု ပိုမိုအားကောင်းလေ ခွေးကြီးအား ပိုမို များပြားသော စိတ်ဆန္ဒကို ပေးစွမ်းနိုင်လေ ဖြစ်သည်။

“ငါ ငါ့ရဲ့ လမ်းကြောင်းကို ရှာတွေ့ခဲ့ပြီ”

ကောင်းမင်သည် ခွေးကြီး၏ အပြောင်းအလဲများကို မြင်ရသည့်အတွက် ဝမ်းသာမိသည်။

“ငါ မင်းကို နောက်ထပ်လက်ဆောင်နှစ်ခု ပေးမယ်”

ကောင်းမင် နှိပ်စက်ခန်းကို ခက်ခက်ခဲခဲဖြင့် ဖွင့်လိုက်သည်။ သူက နျန်ရှင်းနှင့် နျန်ယွီတို့ကို ဆွဲထုတ်လိုက်သည်။

“နျန်ယွီက ပြင်းပြင်းထန်ထန် သန္ဓေပြောင်းထားတာ ၊ သူက အစွမ်းထက်သားရဲတွေထဲက တစ်ကောင်ပဲ ၊ သူ မင်းကို စိတ်ဆန္ဒတွေ အများကြီး ပေးနိုင်တယ် ၊ သူ ငါတို့ကို မြို့တော်ရဲ့ မြေအောက်ရေစနစ်ကို ထိန်းချုပ်ရာမှာတောင် ကူညီပေးနိုင်တယ် ၊ သူ့အစ်မ နျန်ရှင်းကတော့…”

သူ စကားပြောမပြီးသေးမီ မန်နေဂျာနျန်၏အကြည့်က ခွေးကြီးဆီသို့ ကျရောက်သွားသည်။ သူမသည် သူမငယ်စဉ်က တိရစ္ဆာန်ရုံရှိ လှောင်အိမ်ထဲမှ ခြင်္သေ့ကို မြင်ခဲ့ရစဉ်က အမူအရာလိုမျိုး ဖြစ်နေခဲ့သည်။

နျန်ရှင်းသည် လူသားတို့၏ အတွင်းစိတ်အတွေးများကို ကြားနိုင်သောကြောင့် လူသားများကို မုန်းတီးပြီး ကြမ်းကြုတ်တတ်သော တိရစ္ဆာန်အမျိုးမျိုးကို ပိုမိုနှစ်သက်လေသည်။

မျက်မမြင်လူ၏ နှလုံးသားသည် အပြင်းအထန် ဒဏ်ရာရထားခဲ့သည်။ သူ့ဘဝ၏ နောက်ဆုံး အခိုက်အတန့်များတွင်ပင် သူ၏ ကြင်နာမှုကို ထိန်းသိမ်းထားခဲ့သည်။ သူသည် ကြောက်စရာအကောင်းဆုံး ပုံပန်းသဏ္ဌာန်ရှိသော်လည်း အသန့်ရှင်းဆုံးဝိညာဉ် ရှိသည်။ ဤအရာသည် နျန်ရှင်း၏ပြီးပြည့်စုံသောသားရဲ အိပ်မက်ကိုကျေနပ်စေခဲ့သည်။

အနက်ရောင် သားမွေးများ အရိပ်ထဲသို့ ပျော်ဝင်သွား၏။ ခွေးကြီးသည် ည၏ အစိတ်အပိုင်းတစ်ခုကဲ့သို့ ဖြစ်နေလေသည်။ သားရဲနတ်ဘုရား၏ ယုံကြည်မှုတစ်ဝက်ကြောင့် သူ၏ တည်ရှိမှုသည် နျန်ရှင်းအား အလွန်အမင်း တုန်လှုပ်စေခဲ့သည်။

ကောင်းမင် ဘာမှလုပ်ရန် မလိုဘဲ နျန်ရှင်းက သူမ၏ယုံကြည်မှုကို ဆန္ဒအလျောက် ပေးအပ်လိုက်သည်။ သူမသည် ခွေးကြီးအား စစ်မှန်သော သားရဲနတ်ဘုရားအဖြစ် ရှုမြင်၏။

“အနာဂတ်မှာ အစွမ်းထက်လူသတ်သမားက မင်းရဲ့ ကြီးကြပ်မှုအောက်မှာ သူ့ကံကြမ္မာကို ပြောင်းလဲနိုင်လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်”

ကောင်းမင်သည် နျန်ရှင်းနှင့် နျန်ယွီတို့ကို ထွက်သွားခိုင်းလိုက်သည်။ ထို့နောက် သူ နံရံကို မှီလိုက်ပြီး ပဉ္စမထပ်ဆီသို့ ဖြည်းညှင်းစွာ တိုးကပ်သွားလေသည်။

သားရဲနတ်ဘုရား၏ ရွှံ့ရုပ်တု ပြိုကွဲသွားပြီးနောက် ပဉ္စမထပ်ရှိ မကောင်းဆိုးဝါးများက ဝါးအစည်းပြေသလို စည်းမဲ့ကမ်းမဲ့ တိုက်ခိုက်ကြတော့သည်။မကြာမီတွင် ၎င်းတို့သည် ရှရန်နှင့် လီစန်းဆေးရုံမှ လူနာများ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိလာကြလေသည်။

All Chapters