လူလား သရဲလား
Vol. 23 Ch. 343
ကောင်းမင်သည် အဆောက်အအုံအတွင်းရှိ မကောင်းဆိုးဝါးအားလုံးကို ခွေးကြီးအား ဖြေရှင်းစေလိုသော်လည်း ခွေးကြီး၏တုန့်ပြန်မှုမှာ စိတ်ဝင်စားစရာဖြစ်သည်။သူက ရှင်းရှင်းလင်းလင်း လက်ခံခြင်းမရှိသလို ငြင်းဆန်ခြင်းလည်း မရှိပေ။သူသည် ကောင်းမင်အား မကောင်းဆိုးဝါးများကို နှိပ်စက်ခန်းထဲသို့ ဦးစွာပို့စေလိုခြင်းဖြစ်သည်။ အနာဂတ်တွင် သူသည် သူတို့ကို သူ့နောက်လိုက်များအဖြစ် ပြောင်းလဲပစ်မည်ဖြစ်သည်။ အချိန်အကြာကြီး အဖော်ဖြစ်ခဲ့ပြီးနောက် ခွေးကြီးသည် နှိပ်စက်ခန်း၏ အထူးအသုံးဝင်ပုံများကို ခန့်မှန်းမိခဲ့သည်။ မကောင်းဆိုးဝါးများ နှိပ်စက်ခန်းထဲသို့ ဝင်ရောက်ပြီးသည်နှင့် သူတို့၏ ကံကြမ္မာများသည် ကောင်းမင်နှင့် ချည်နှောင်သွားမည် ဖြစ်သည်။ သူကား ကောင်းမင် ပိုမိုစိတ်အေးလက်အေး ဖြစ်စေရန် ဤသို့ ပြုလုပ်ရခြင်း ဖြစ်သည်။ အတိတ်က မျက်မမြင်လူသည် ထိုအကြောင်းကို တွေးမည် မဟုတ်သော်လည်း သူပြောင်းလဲသွားခဲ့သည်။
ခေါင်းကိုးလုံးရှိသည့် ငှက်ထူးဆန်း၊ သမင်မုဆိုးနှင့် နျန်ယွီ… အစွမ်းအထက်ဆုံး မကောင်းဆိုးဝါးသုံးကောင်သည် ခွေးကြီးအား ဦးညွှတ်လိုက်သောအခါ ခွေးကြီး၏ ခန္ဓာကိုယ်ပေါ်တွင် ပြည့်စုံသော သားရဲပုံစံကွက် ပေါ်လာလေသည်။ ထူးဆန်းသော ပုံစံကွက်သည် သူတို့သားရဲများအဖြစ် မပြောင်းလဲမီက လူသားတို့၏ မှတ်ဉာဏ်များသာမက သားရဲနတ်ဘုရား၏ အတွေ့အကြုံ အစိတ်အပိုင်းပါ ပါဝင်လေသည်။ တစ်စုံတစ်ယောက်သည် အနက်ရောင် မြူခိုးများကြားတွင် ရွေ့လျားနေသည့် မှုန်ဝါးဝါးဖြစ်နေသော သွေးနီရောင်မြို့တော်ကို မြင်တွေ့နိုင်သည်။ သွေးနီရောင်မြို့တော်သည် အနက်ရောင် မြူခိုးကမ္ဘာတွင် ရွေ့လျားနေသော သင်္ဘောကြီးတစ်စင်းကဲ့သို့ ဖြစ်သည်။ သားရဲနတ်ဘုရား၏ အစစ်အမှန် ခန္ဓာကိုယ်သည် ထိုသွေးနီရောင်မြို့တော်မှ နိုင်ငံသားများ၏ လိုက်လံသတ်ဖြတ်ခြင်း ခံခဲ့ရသည်။
မည်သူမျှ ပေါ့ပေါ့တန်တန် မပြောပြရဲသော နတ်ဆိုးနတ်ဘုရားတစ်ပါးအနေဖြင့် သားရဲနတ်ဘုရားသည် တစ်နေ့တွင် ပျက်စီးသွားလိမ့်မည်ဟု တွေးမိမည်မဟုတ်ပေ။ ၎င်း၏ ကျိုးပဲ့နေသော မှတ်ဉာဏ်များတွင် သူ့အား သတ်ဖြတ်ခဲ့သူနှင့် ပတ်သက်သည့် အချက်အလက်မှာ အလွန်နည်းပါးလှသည်။ တောက်ပဝင်းလက်နေသော အပြုံးတစ်ခုနှင့် အလွန်အမင်းနတ်ဆိုးဆန်သော တည်ရှိမှုကို ထုတ်လွှင့်နေသည့် ဧရာမတူကြီးတစ်ခုသာ ရှိသည်။
နွေးထွေးသောအပြုံးနှင့် သွေးစွန်းတူကြီးသည် တူညီသောမှတ်ဉာဏ်အပိုင်းအစတွင် သဟဇာတဖြစ်စွာ ပေါ်လာခဲ့သည်။ သူသည် လူသတ်သမား ဖြစ်သော်ငြားလည်း သူ့ကို မုန်းတီးရန် စွမ်းအားကို စုစည်း၍ မရနိုင်ချေ။
တစ်စုံတစ်ရာကို အာရုံခံမိလိုက်သော သားရဲနတ်ဘုရား၏ မှတ်ဉာဏ်ထဲက လူသည် သူ့ကို ကြည့်နေသူအား သတိထားမိသွားပုံရသည်။ သူသည် ဝိညာဉ်သွေးများစီးကျနေသော တူကြီးကို မြှောက်၍ ခွေးကြီးဆီသို့ လှည့်ကြည့်လိုက်သည်။ ခွေးကြီးသည် အချိန်မဖြုန်းဘဲ ထိုမှတ်ဉာဏ်အား ဖျက်ဆီးပစ်လိုက်သည်။ သူသည် အကယ်၍ သူပိုနှေးခဲ့ပါက ကျိန်စာသင့်လိမ့်မည်ဟု ယုံကြည်နေခဲ့သည်။
“ဘာဖြစ်လို့လဲ”
ကောင်းမင်က ခွေးကြီး၏လည်ပင်းပေါ်ရှိ အမွေးများကို ပွတ်သပ်လိုက်သည်။ သူသည် ခွေးကြီး၏ ဦးခေါင်းကို ပွတ်သပ်ချင်သော်လည်း ခွေးကြီးမှာ အလွန်အရပ်ရှည်လှသည်။
“သားရဲနတ်ဘုရားကို သတ်ခဲ့တာက သွေးနီရောင်မြို့တော်ရဲ့ အုပ်စိုးသူပဲ ၊ အနက်ရောင် ရေကန်ရဲ့ အောက်ခြေမှာရှိတဲ့ ရွှံ့ရုပ်တုတွေနဲ့ အရိပ်ကမ္ဘာမှာရှိတဲ့ သေဆုံးသွားတဲ့ နတ်ဘုရားတွေ အားလုံးက… အဲဒီ အုပ်စိုးသူ တစ်ယောက်တည်းရဲ့ သတ်ဖြတ်တာကို ခံခဲ့ရပုံရတယ်…”
ခွေးကြီးသည် ထိုလူ၏မျက်နှာအား မှတ်သားလိုက်ပြီး ကောင်းမင်ကို ပြောပြလိုက်သည်။
“ဟန်ဟိုင်းက နောက်ထပ် သွေးနီရောင်မြို့တော်တစ်ခု ဖြစ်နေပုံပဲ ၊ ငါ ဒီနေရာရဲ့ အုပ်စိုးသူ ဖြစ်နိုင်မယ်ဆိုရင် ကံကြမ္မာကို ကြောက်စရာ မလိုတော့ဘူး”
ကောင်းမင် တွေးတောနေစဉ် လော်တုန်း၏ ဇနီးက ရုတ်တရက် ပြေးလာခဲ့သည်။ သူမ၏ ခန္ဓာကိုယ်သည် ဆေးသားများ ဖုံးလွှမ်းနေပြီး စိုးရိမ်ပူပန်နေပုံရသည်။
“ဘာဖြစ်တာလဲ”
“ကျွန်မ မိသားစု ရှိတဲ့နေရာကို ခံစားမိတယ် ၊ သူတို့ ဒုက္ခရောက်နေတဲ့ ပုံပဲ ၊ ကျွန်မ ကလေးတွေ အော်ငိုနေကြတယ်”
လော်တုန်း၏ ဇနီးသည် စိုးရိမ်တကြီးဖြင့် လျှောက်သွားနေသော်လည်း သူမသည် ကောင်းမင်မပါဘဲ လျှောက်မသွားဝံ့ချေ။
“သူတို့ကို သွားကြည့်ရအောင်”
သားရဲနတ်ဘုရား ပျက်စီးသွားပြီ ဖြစ်သောကြောင့် အဆောက်အအုံသည် လုံခြုံသင့်နေပြီ ဖြစ်သည်။ ကောင်းမင်သည် လော်တုန်းတို့အဖွဲ့ အန္တရာယ်နှင့် ရင်ဆိုင်ရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ ကောင်းမင်က ဝိညာဉ်များအားလုံးကို နှိပ်စက်ခန်းထဲသို့ ဆွဲသွင်းလိုက်ပြီး ဘေးကင်းရာ လမ်းကြောင်းထဲသို့ ဝင်ရောက်လိုက်သည်။ ဌာန၏ဘွတ်ဖိနပ်ခြေရာများနှင့် စုံစမ်းရေးမှူးသူများ၏ စုတ်ပြဲနေသော ယူနီဖောင်းများကို ရှာတွေ့ရန် သူ့အတွက်အချိန်အကြာကြီး မယူခဲ့ရချေ။
“သူတို့က လီစန်းဆေးရုံမှာ ရှိသင့်တာမဟုတ်လား”
အရှိန်မြှင့်လိုက်ပြီးနောက် ကောင်းမင်သည် တိုက်ခိုက်ထားသည့် လက္ခဏာများကို ပိုမိုတွေ့လာရသည်။
“သူတို့ ရှေ့မှာပဲ!”
လော်တုန်း၏ ဇနီးက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။ ကောင်းမင်သည် မျက်စိစုံမှိတ်၍ ရှေ့သို့ တိုးမသွားခဲ့ချေ။ သားစားကြူးနတ်ဘုရားသည် သွေးနီရောင်မြို့တော်ပိုင်ရှင်၏ အကြည့်ကို နှစ်ကြိမ်တိုင်တိုင် ခံခဲ့ရသည်။ သူ့အခြေအနေမှာ သိပ်မကောင်းလှချေ။ ကောင်းမင်သည် ပုံမှန် မူမမှန်မှုတစ်ခုကို ကိုင်တွယ်ဖြေရှင်းရာတွင် ယုံကြည်မှု ရှိသော်လည်း စုံစမ်းစစ်ဆေးရေးဌာနကိုတော့ မဟုတ်ချေ။ ဌာနချုပ်တွင် လျှို့ဝှက်လှည့်ကွက်များစွာရှိပြီး ကံကြမ္မာက သူတို့ကို ကူညီနေပုံရသည်။ ကောင်းမင်သည် ဝမ်ကျား၏ အထူးယူနစ်နှင့် ကိုင်တွယ်ဖြေရှင်းရာတွင် ပြဿနာများစွာ ရင်ဆိုင်ခဲ့ရသည်။ ကျင်းထောင်ရှန်းကိုလည်း စိုးရိမ်ရသေးသည်။ထိုသူများသည် ကောင်းမင်သိသော လူများသာ ဖြစ်သည်။
တတိယထပ်ရှိ အခန်းများအားလုံးကို ပွင့်ထွက်စေလိုက်သည်။ ကျန်ရှိနေသော မကောင်းဆိုးဝါးများကို လွှတ်ပေးခဲ့လိုက်သည်။ ကောင်းမင်သည် သူတို့ အော်ဟစ်နေသည်ကို ကြားနေရသည်။
“လော်တုန်းရဲ့ သားက မကောင်းဆိုးဝါးရဲ့ တည်နေရာကို ခန့်မှန်းနိုင်တယ် ၊ သူတို့ ချောင်ပိတ်မိစရာ နည်းလမ်းမရှိဘူး”
ကောင်းမင်သည် ဒုတိယထပ်သို့ ရောက်လာပြီး အောက်သို့ ငုံ့ကြည့်လိုက်သည်။ သူက လော်တုန်း၏ ဇနီးချက်ချင်း ပြန်ဆွဲခေါ်လိုက်ပြီး တိတ်တဆိတ်နေရန် အချက်ပြလိုက်သည်။
ပထမထပ် ဧည့်ခန်း၏ အပြင်ဘက်အား အမှောင်ထုက လွှမ်းမိုးထားသည်။ သို့သော် အဆုံးမရှိသော စုံစမ်းရေးမှူးများ ဆက်လက်ဝင်ရောက်လာနေကြသည်။ သူတို့သည် မူမမှန်မှုကို မကြောက်ရွံ့ပုံရသည်။ လွတ်နေသော ကွင်းပြင်တွင် ဒဏ်ရာရနေသော အစီအစဉ်တင်ဆက်သူအမျိုးသမီးအား ဆရာဝန်များက ကုသပေးနေလေသည်။ ယွီရွှေဟူနှင့် ယွီရွှေလုံတို့သည် သူတို့၏လက်များကို သူတို့၏ခေါင်းနောက်တွင် ထား၍ မြေပြင်ပေါ်တွင် ဒူးထောက်နေကြသည်။
လော်တုန်းသည် စုံစမ်းရေးမှူးများ၏ လမ်းကြောင်းကို နံရံတစ်ခုကဲ့သို့ ပိတ်ဆို့ထားလေသည်။ သူ့ရှေ့တွင် စုံစမ်းရေးမှူးများ ရှိပြီး သူ့နောက်တွင် မကောင်းဆိုးဝါးများကို တိုက်ခိုက်နေသော သူ့သမီး ရှိသည်။
စုံစမ်းရေးမှူးတိုင်းသည် လော်တုန်း၏သမီးအား သရဲတစ်ကောာင်၊ သန္ဓေပြောင်း သတ္တဝါတစ်ကောင်ထက် မနိမ့်သော ကျိန်စာအမျိုးအစား နတ်ဆိုးအဖြစ် ရှုမြင်ကြသည်။
“ငါ့သမီးက သရဲတစ်ကောင်ပဲ ၊ ဟုတ်တယ်! ဒါပေမဲ့ သူက လွန်ခဲ့တဲ့တစ်ပတ်လောက်တုန်းက မင်းတို့လို လူသားတစ်ယောက်ပါပဲ!”
လော်တုန်းသည် သူ့လက်များကို ဆန့်လိုက်သည်။ သူ့မျက်လုံးများသည် သွေးများဖြင့် နီရဲနေပြီး စုံစမ်းရေးမှူးကို အော်ဟစ်လိုက်သည်။
“သူဟာ ဘယ်လူသားတစ်ယောက်ကိုမှ မသတ်ဖူးဘူး ၊ သူက ငါ့အသက်ကို အကြိမ်ပေါင်းများစွာ ကယ်ခဲ့တယ် ၊ ဘာပဲဖြစ်ဖြစ် သူက အမြဲတမ်း ငါ့သမီးပဲ!”
“မင်းတို့ မျက်လုံးတွေ ဖွင့်ပြီး ကြည့်လိုက်ကြ! မကောင်းဆိုးဝါးတွေကို ဘယ်သူက တိုက်ခိုက်နေတာလဲ၊ မကောင်းဆိုးဝါးတွေကို တားဆီးဖို့ မင်းတို့ကို ဘယ်သူ ကူညီနေတာလဲ”
စုံစမ်းရေးမှူးများသည် ခံစားချက်စွာဖြင့် ရှေ့သို့ ချီတက်လာကြသည်။ သွေးနီရောင်ဆက်သွယ်ရေးစက်များ တဘိဘိအသံမြည်လာ၏။ အမိန့် ပေးလိုက်ပြီ ဖြစ်သည်။ စက်ရုပ်ဆန်သည့်အသံက ပြောလိုက်သည်။
“တိုက်!”
“ကျေးဇူးပြုပြီး ရှေ့တိုး မလာပါနဲ့!”
လော်တုန်းသည် ကြောက်ရွံ့တတ်သော သူ့သားကို ကာကွယ်ထားလိုက်သည်။ ဖခင်တစ်ဦးအနေဖြင့် သူသည် သူ့မိသားစုရှေ့တွင် မားမားမတ်မတ်ရပ်တည်၍ တိုက်ခိုက်မှုကို တားဆီးရန်သာ လုပ်ဆောင်နိုင်တော့သည်။
“လက်လျှော့ပြီး ငါတို့နောက် လိုက်ခဲ့ ၊ မင်း ရှင်သန်ခွင့် ရလိမ့်မယ်”
စုံစမ်းရေးမှူးများသည် မြို့တော်အရှေ့ပိုင်း စုံစမ်းစစ်ဆေးရေးဌာနယူနီဖောင်းဝတ် အမျိုးသားတစ်ဦးကို ဖြတ်လျှောက်ခွင့်ပြုရန်အတွက် ဘေးသို့ ရှဲပေးလိုက်ကြသည်။ သူသည် အသစ်စက်စက် သွေးနီရောင်ဆက်သွယ်ရေးစက်ကို ဝတ်ဆင်ထားလေသည်။ သူထံတွင် ကျိန်စာ၏တည်ရှိမှုအား ထုတ်လွှင့်နေပေသည်။သူ့မျက်နှာတစ်ဝက်သည် ဝိညာဉ်တက်တူးများ ထွင်းထုထားသော်လည်း ဝိညာဉ်တက်တူးကို မကြာသေးမီကမှ ရရှိခဲ့သောကြောင့် သူ့စွမ်းအားကို မထိန်းချုပ်နိုင်သေးချေ။ သူ့ဘယ်ဘက်မျက်နှာပေါ်ရှိ တက်တူးသည် လှုပ်ရှားနေပြီး ၎င်းသည် အသက်ရှင်နေသကဲ့သို့ သူ၏ ပါးများကိုပင် ကိုက်နေသေးသည်။
ကောင်းမင်သည် သူ့အချိန်ကို မြင်သောအခါ အမူအရာ ပြောင်းလဲသွားခဲ့သည်။ထိုလူသည် သူ၏ အထက်တန်းကျောင်း သူငယ်ချင်း ၊ အခန်း ၁၃ ၏ မော်နီတာဖြစ်သူ ယွမ်ဟွေ့ ဖြစ်သည်။
စီတုအန်း၏ လျှို့ဝှက်သူလျှိုတစ်ဦးအနေဖြင့် ယွမ်ဟွေ့သည် အခန်း ၁၃ တစ်ခုလုံးကို ယဇ်ပူဇော်ရန် ကျိုးကျွင်းနှင့်အတူ အလုပ်လုပ်ခဲ့သည်။ ကံမကောင်းစွာဖြင့် သူတို့သည် ကောင်းမင်နှင့်တည့်တည့်တိုးမိခဲ့ကြသည်။
စီတုအန်း ပျောက်ကွယ်သွားပြီးနောက် ယွမ်ဟွေ့၊ ကျိုးကျွင်းနှင့် သူတို့ကဲ့သို့သော လူများကို ကျင်းထောင်ရှန်းက ခေါ်ဆောင်သွားခဲ့သည်။ ထိုလူသည် ဌာနယူနီဖောင်းကို ဝတ်ဆင်ထားသောကြောင့် သူတို့သည် စုံစမ်းစစ်ဆေးရေးဌာနထံအပြည့်အဝ အညံ့ခံခဲ့ပုံရသည်။
“ငါ့သမီးဟာ ဘယ်သူ့ကိုမှ မသတ်ဖူးဘူး! တစ်ယောက်မှပဲ!”
လော်တုန်း တောင်းပန်လိုက်သည်။ သူသည် သူ့အခြေအနေအား ကောင်းစွာ သိပေသည်။သူ့ သမီးကို သတ်လိုက်လျင်ပင် သူမသည် ကျိန်စာတစ်ခုအဖြစ် သူ့ဘေးသို့ ပြန်ရောက်လာလိမ့်မည်ဖြစ်သည်။ တစ်နည်းအားဖြင့် သူဖမ်းဆီးခံရပါက သူ့မိသားစုအားလုံးသည် သူ့ကြောင့် ဆင်းရဲဒုက္ခ ခံစားရလိမ့်မည်ဖြစ်သည်။