← Chapters

စုံစမ်းစစ်ဆေးဌာန၏ စုံစမ်းစစ်ဆေးမှု

Vol. 23 Ch. 344

စုံစမ်းစစ်ဆေးဌာန၏ စုံစမ်းစစ်ဆေးမှု

Vol. 23 Ch. 344

စုံစမ်းစစ်ဆေးရေးဌာနအကြောင်း အချက်အလက်များ သူ့စိတ်ထဲ ဖြတ်ပြေးသွားသည်။ မူမမှန်ဖြစ်ရပ်များနှင့် ထိတွေ့ဖူးသည့် မည်သည့်နိုင်ငံသားမဆို အမည်မသိဓာတ်ခွဲခန်းများသို့ ပို့ဆောင်ခံရပြီး ရက်စက်ကြမ်းကြုတ်သော စမ်းသပ်မှုများတွင် အတင်းအကျပ် ပါဝင်စေခိုင်းခံရမည်ကို သူ သိသည်။ သေဆုံးပြီးနောက် သူ့မိသားစုအား ညှဉ်းပန်းနှိပ်စက်မည်ကို သူလုံးဝလက်မခံနိုင်ပေ။ သို့သော်လည်း သူလုပ်နိုင်သည်မှာ ဘာတစ်ခုမှမရှိချေ။

“အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ထပ်ခါထပ်ခါပြောနေတာ ဘာအကျိုးရှိလို့လဲ”

ယွမ်ဟွေ့ စကားပြောလိုက်ချိန်တွင် သူ့ပါးစပ်မှ ကျိန်စာစာလုံးများတွားသွား၍ ထွက်လာခဲ့သည်။ ယင်းသည် ရယ်စရာကောင်းလှသည်။

“ဒီလောကမှာ လုံးဝမှန်တယ် လုံးဝမှားတယ်ဆိုတာ မရှိဘူး ၊ ငါတို့က ဘာလို့ အားနည်းသူတွေရဲ့ စကားကို နားထောင်သင့်တာလဲ”

ယွမ်ဟွေ့က သူ့သွေးနီရောင်ဆက်သွယ်ရေးစက်ကို ထိလိုက်သည်။

“ငါ့ရဲ့ ချစ်လှစွာသော နှစ်ယောက်က ဘာအမှားမှ မလုပ်ခဲ့ဘူး ၊ ဒါပေမဲ့ သူတို့ဟာ ငါ့ကို ခြိမ်းခြောက်ချင်တဲ့ တခြားသူတွေကြောင့် ရက်ရက်စက်စက် အသတ်ခံခဲ့ရတယ် ၊ သရဲတောင် ဖြစ်ခွင့်မရခဲ့ဘူး”

နာကြည်းမုန်းတီးမှုများက သူ့အား ဝန်းရံလျက်ရှိသည်။ ယွမ်ဟွေ့၏ မျက်လုံးများသည် မုန်းတီးမှုများဖြင့် တောက်ပနေသည်။

“မင်းကိုတော့ ငါ လွှတ်ပေးနိုင်တယ် ၊ ဒါပေမဲ့ သူတို့ကိုတော့ ဘယ်သူလွှတ်ပေးရဲလဲ ၊ ငါ့အချိန်တွေကို မဖြုန်းနဲ့တော့ ၊ မင်း မလွှတ်ချင်ဘူးဆိုရင် သူတို့နဲ့အတူ မင်းကိုပါ ငါသတ်ပစ်မယ် ၊ မင်းတို့လို ခြောက်ခြားဂိမ်းကစားသမားတွေက ဘာပဲဖြစ်ဖြစ် သေဖို့ ထိုက်တန်တယ်”

သူ့မျက်နှာပေါ်ရှိ သရဲတက်တူးက သူ့ကို နားလည်ပုံရသည်။ သူ့ဘယ်ဘက်မျက်နှာမှ သွေးများဖြင့် စေးကပ်နေသောအရိပ်နက်တစ်ခု တွားသွား၍ ထွက်လာလေသည်။ ယင်းသည် စက္ကန့်ပိုင်းအတွင်း မီတာအတော်များများ ရှည်လာသည်အထိ ဆက်ကြီးထွားသွားသည်။ သူသည် မူမမှန်ဖြစ်ရပ်ထဲရှိ သရဲများထံမှ ရှင်သန်နိုင်ခဲ့သော်လည်း စုံစမ်းစစ်ဆေးရေးဌာန၏ ခွေးများကြောင့် အသတ်ခံရတော့မည်ဖြစ်သည်။ လော်တုန်း အံကြိတ်လိုက်သည်။ စိတ်ပျက်အားငယ်မှုနှင့် ကြောက်ရွံ့မှုတို့က သူ့အာရုံကြောများကို နှိပ်သက်ညှဉ်းဆဲနေတော့သည်။ သူ့မိသားစုအပေါ် ထားရှိသည့် သူ့အချစ်သည် သူ့နှလုံးသားကို ဓားနှင့် ထိုးနေသကဲ့သို့ ခံစားရသည်။

“ဒါ ငါ့အမှားပဲ… ငါက သူတို့ကို ဆွဲချနေတာ… ငါက မကောင်းတဲ့ ယောကျ်ား ၊ အရှုံးသမားအဖေတစ်ယောက်ပဲ ၊ ငါ့သမီး ပြောတာ မှန်တယ် ၊ ငါ သူတို့ရဲ့ ကျိန်စာတွေနဲ့ မုန်းတီးတာတွေကို ခံရသင့်တယ်…”

အရိပ်ထဲတွင် ကောင်းမင်၏နှလုံးသားထဲမှ သားစားကြူးနတ်ဘုရားက အရသာရှိသော တစ်စုံတစ်ခုကို အနံ့ခံမိပုံရသည်။ ပင်ပန်းနွမ်းနယ်နေသော ရှင်ခြင်းမျက်နှာက မျက်လုံးဖွင့်လိုက်သည်။လော်တုန်း၏ ဆုတောင်းသံများကို သူကြားရသည်။ သူသည် လော်တုန်း၏ စိတ်ဆန္ဒအား ဆာလောင်စွာ မျိုချလိုက်၏။ သွေးနီရောင်မြို့တော်သခင်က ထားခဲ့သည့် ဒဏ်ရာများမှာ ပိတ်စပြုလာလေသည်။ ရှင်ခြင်းမျက်နှာကား လော်တုန်းထံ လောဘတကြီး ကြည့်ရှုနေတော့သည်။

“စိတ်ဆန္ဒနှင့် ယုံကြည်မှုက ကံကြမ္မာကို တိုက်ခိုက်နိုင်တယ် ၊ ဒါက သာမန်လူတစ်ယောက်အနေနဲ့ ကံကြမ္မာကို တိုက်ခိုက်နိုင်မယ့် တစ်ခုတည်းသောနည်းလမ်း ဖြစ်နိုင်တယ်”

သားစားကြူးနတ်ဘုရား၏ အခြေအနေကို မြင်လိုက်ရသောအခါ ကောင်းမင်သည် သူ လျှောက်လှမ်းရမည့် လမ်းကြောင်းကို ယုံကြည်မှုရှိသွားသည်။ သူသည် ကံကြမ္မာ၏မမျှတမှုကို ခံစားနေရသည့် လူအားလုံးကို စုစည်း၍ ထိုအတုအယောင် အိပ်မက်ဆိုးကြီးကို ဆွဲဖြဲပစ်မည်ဖြစ်သည်!။

ယွမ်ဟွေ့၏ဘယ်ဘက်မျက်နှာမှ တွားသွားထွက်လာသော သရဲအရိပ်က လော်တုန်း၏မိသားစုအား ခုန်အုပ်လိုက်သည်။ ယင်း၏ ပစ်မှတ်မှာ လော်တုန်း၏သားနှင့်သမီးဖြစ်သည်။ ထို့ကြောင့် လော်တုန်း မရွေ့လျားလျှင် အရိပ်က သူ့ခန္ဓာကိုယ်အား ဖောက်ထွင်းသွားတော့မည်ဖြစ်သည်။ လော်တုန်းသည် ဆန့်တန်းထားသော သူ့လက်နှစ်ဖက်ကို အောက်သို့မချခဲ့ပေ။ နီရဲနေသောမျက်လုံးများဖြင့် သူ့သားကို တွန်းထုတ်လိုက်သည်။

“မင်းရဲ့ ညီမလေးကို ခေါ်ပြီး အပေါ်ထပ်ကိုပြေးတော့!”

လော်တုန်းက သူပြောသင့်သည်ကို ရွေးချယ်ပြောဆိုလိုက်သည်။ သူ့မိသားစုအတွက် အချိန်ပိုရစေရန် သူ့ကိုယ်သူ စတေးတော့မည်ဖြစ်သည်။ စုံစမ်းရေးမှူးအချို့က ခေါင်းလှည့်သွားကြသည် သို့မဟုတ် မျက်လုံးများ ပိတ်လိုက်ကြသည်။ ဘေးကပ်ဆိုးက ရောက်ရှိလာနေပြီဖြစ်သည်။ထိုသို့ ကြောက်မက်ဖွယ်အမှုအခင်းများက နေ့တိုင်းလိုလိုပင် ဖြစ်ပျက်နေခြင်းဖြစ်သည်။ သူတို့တွင် ရွေးချယ်စရာမရှိချေ။ လော်တုန်းအား သူတို့ လွှတ်ပေးလိုက်လျှင် သူ့မိသားစုသည် မကြာမီအတွင်း ညစ်ညမ်းမှုအရင်းအမြစ်အသစ်တစ်ခု ဖြစ်လာပြီး မူမမှန်ဖြစ်ရပ်အသစ်ကို ဖြစ်ပေါ်စေလိမ့်မည်ဖြစ်သည်။ သရဲများနှင့် သူတို့၏မိသားစုများကို ရင်ဆိုင်ရာတွင် စုံစမ်းရေးမှူးများ၌ ရွေးချယ်စရာနှစ်ခုသာ ရှိသည်– သူတို့ အသတ်ခံရမည် သို့မဟုတ် သုတေသနဌာနသို့ ပို့ဆောင်ခံရပြီး စမ်းသပ်မှုများ ခံယူရမည်။

အရည်အသွေးမြင့် စိတ်ဆန္ဒအား သားစားကြူးနတ်ဘုရားက စုပ်ယူလိုက်သည်။ ဖန်လီနောက်ရှိ နတ်ဘုရားက နောက်ထပ်လူသားတစ်ဦးအား တုံ့ပြန်လိုက်သည်။

“ယွမ်ဟွေ့!”

ယွမ်ဟွေ့၏နားထဲသို့ ရင်းနှီးသော အသံတစ်ခု ဝင်ရောက်လာခဲ့သည်။ အရိပ်သည်လည်း ရပ်တန့်သွား၏။

လော်တုန်း၏ ဇနီးသည် သူမ၏မိသားစုထံသို့ အလျင်အမြန် ပြေးသွားလိုက်သည်။ အရိပ်များထဲမှ ကောင်းမင် ထွက်လာခဲ့သည်။ သူက ယွမ်ဟွေ့ အား သေချာစစ်ဆေးလိုက်ရင်း

“သူငယ်ချင်းဟောင်းကြီး ၊ ငါတို့ မတွေ့ရတာ ရက်ပိုင်းပဲ ရှိသေးတယ် ၊ မင်းက မြို့တော်အရှေ့ပိုင်း စုံစမ်းစစ်ဆေးရေးဌာနရဲ့ ခွေးတစ်ကောင်အဖြစ် ဘယ်လိုလုပ် မြန်မြန်ဆန်ဆန် ဖြစ်သွားရတာလဲ ၊ ငါတို့ ဟန်သဲ့ကိုယ်ပိုင်ကျောင်းမှာတုန်းက မင်းသူတို့ကို အရမ်းမုန်းခဲ့တာကို ငါမှတ်မိပါသေးတယ်”

“ကောင်းမင်လား”

ယွမ်ဟွေ့၏ စကားကို ကြားလိုက်ရသောအခါ စုံစမ်းရေးမှူးများအားလုံး စိုးရိမ်သွားကြသည်။ အခန်း ၁၃ သည် မကောင်းဆိုးဝါးများဖြင့် ပြည့်နေခြင်းဖြစ်သည်။ အခန်း ၁၃သည် သူတို့၏ အသိပညာများအပေါ် အခြေခံ၍ ခြောက်ခြားဂိမ်းကစားသမားများ၏ အဖွဲ့အစည်းကို ဖွဲ့စည်းခဲ့သည်။ ကောင်းမင်၏ အထောက်အထားအား သိလိုက်ပြီးနောက် အစီအစဉ်တင်ဆက်သူအမျိုးသမီးက တစ်စုံတစ်ခုကို သဘောပေါက်သွားသည်။ သူမက ချက်ချင်းပင် သူမ၏အထက်အရာရှိထံ အခြေအနေအား အစီရင်ခံလိုက်သည်။ သူမ၏ သွေးနီရောင်ဆက်သွယ်ရေးစက်က ဆက်လက်တုန်ခါနေခဲ့သည်။

“မင်းက တကယ် အေးအေးဆေးဆေးဖြစ်နေတာပဲ ၊ ဥပဒေက အလိုရှိနေတဲ့ ရာဇဝတ်သားတစ်ယောက် ဖြစ်ရတာ ဘယ်လိုခံစားရလဲ”

ယွမ်ဟွေ့နှင့်ကောင်းမင်တို့သည် အရင်က အခန်းဖော်များ ဖြစ်ခဲ့ကြသည်။ သို့သော် သူတို့သည် ရင်းနှီးခြင်း မရှိခဲ့ချေ။

“အဆင်ပြေပါတယ်ကွာ ၊ ငါ သိချင်တာက ငါတို့အတန်းထဲက လူတိုင်း အလိုရှိနေတဲ့ ရာဇဝတ်ကောင်တွေ ဖြစ်နေတာကို ငါတို့ဆရာတွေသိသွားရင် ဘယ်လိုခံစားရမလဲ”

ကောင်းမင်က ယွမ်ဟွေ့ဘေးသို့ ရွံ့တွန့်တွန့်ဟန်ဖြင့် တိုးကပ်သွားသည်။

လော်တုန်းသည် ကောင်းမင်အား မြင်လိုက်ရ၍ ငိုချတော့မလိုပင် ဖြစ်သွားခဲ့သည်။ ထိုလူသည် နတ်သားတစ်ပါးနှင့် တူလေသည်။ သူသည် အနက်ရှိုင်းဆုံး စိတ်ပျက်အားငယ်မှုထဲတွင် ရှိနေသော်လည်း ကယ်တင်ခြင်း ခံရနိုင်သေးသည်။

“ငါက ရာဇဝတ်ကောင် မဟုတ်ဘူး ၊ ငါကအမြဲတမ်း ဟန်ဟိုင်းမြို့သားတွေကိုပဲ အကျိုးပြုနေခဲ့တာ”

“မင်းရဲ့ သစ္စာဖောက်တာကို ဒီလို အကောင်းမြင်တဲ့ ပုံစံမျိုးနဲ့ မပြောစမ်းပါနဲ့ ၊ မင်းနဲ့ကျိုးကျွင်းတို့ ဘယ်လိုလုပ် ထိပ်ဆုံးကိုရောက်သွားလဲဆိုတာ ငါမသိဘူးလို့ မင်းထင်နေလား”

ကောင်းမင်၏ ခြေထောက်အောက်မှ အရိပ်က လှုပ်ရှားသွားသည်။ ခွေးကြီးသည် သူ့ဘေးတွင် ပုန်းနေခဲ့သည်။ ယွမ်ဟွေ့သည် သူ့လျှို့ဝှက်ချက်ပေါ်သွားသဖြင့် ကြက်သီးထဖွယ်အပြုံးတစ်ခု ထုတ်ဖော်လိုက်သည်။ သူ့အသွင်အပြင်သည် ပုံပျက်ပန်းပျက် ဖြစ်နေခဲ့ပြီး သရဲတက်တူးက ပိုမိုကြီးမားလာလေသည်။ ကောင်းမင်က စိုးရိမ်နေခြင်းမရှိပေ။ ယွမ်ဟွေ့သည် ဝမ်ကျားလက်အောက်က လူများထက် ပိုမိုအားနည်းပုံရသည်။သို့သော်လည်း သူ့တွင် အခြား ဝှက်ဖဲများ ရှိကောင်းရှိနိုင်သည်။

“ခဏလေး!”

ထိုအချိန်တွင် အစီအစဉ်တင်ဆက်သူအမျိုးသမီးက အပြေးရောက်လာခဲ့သည်။ သူမသည် အမိန့်အသစ်တစ်ခု ရရှိထားပုံရသည်။ သူမက ယွမ်ဟွေ့၏နားထဲသို့ကပ်၍ တစ်စုံတစ်ခု တီးတိုးပြောလိုက်သည်။ သူ့မျက်နှာပေါ်ရှိ ကျိန်စာစာလုံးများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ယွမ်ဟွေ့ ၏မျက်နှာမှာ ဖြည်းညင်းစွာ ပုံမှန်ပြန်ဖြစ်လာ၏။ သူက ကောင်းမင်အား လှောင်ပြောင်မှု ၊ ရန်လိုမှုတို့ဖြင့် ကြည့်လိုက်သည်။

“မင်းက တော်တော်ကံကောင်းတာပဲ ၊ ဌာနချုပ်က ခြောက်ခြားဂိမ်းကစားသမားတွေအပေါ် မူဝါဒပြောင်းလိုက်ပြီတဲ့လေ”

“ကိစ္စတွေက ဒီလောက်တော့ မရိုးရှင်းဘူး ၊ ဒါ အကွက်ချစီစဉ်ထားတာ ဖြစ်ရမယ်”

ကောင်းမင်သည် ဌာနချုပ်အား ဘယ်တော့မှ ယုံကြည်မည်မဟုတ်ပေ။ဌာနချုပ်၏ပန်းတိုင်သည် လက်ရှိ အခြေအနေကို ထိန်းသိမ်းရန် ကံကြမ္မာကို ကူညီနေသရွေ့ သူတို့သည် ဘယ်တော့မှ ငြိမ်းချမ်းရေးရမည်မဟုတ်ချေ။

“ငါတို့က မင်းတို့လို လှည့်စားသူတွေ မဟုတ်ဘူး ၊ ငါတို့က တရားမျှတမှုရဲ့ ကိုယ်စားလှယ်တွေပဲ ၊ ဘာပဲဖြစ်ဖြစ် ဟန်ဟိုင်းမြို့တစ်ဝိုက်မှာ လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်ကစပြီး ထူးဆန်းတဲ့ အနက်ရောင် မြူခိုးတွေ ပေါ်လာတယ်၊ အဲ့ဒါက ဆက်သွယ်ရေး နည်းလမ်းတွေအားလုံးကို ဖြတ်တောက်လိုက်တယ် ၊ ဟန်ဟိုင်းမြို့က အခု အထီးကျန်ကျွန်းတစ်ကျွန်း ဖြစ်နေပြီ”

ယွမ်ဟွေ့ ခွင့်ပြုချက်ရပြီးနောက် ယင်းကို ဖော်ထုတ်လိုက်သည်။

“ဒီလိုဆိုတော့ ဌာနချုပ်က ကြောက်နေတာများလား”

“အချုပ်ပြောရရင် ငါတို့အားလုံး လူသားတွေပဲလေ ၊ အချင်းချင်း တိုက်ခိုက်နေကြတာက ဘေးကပ်ဆိုးကို ပိုမြန်မြန်ရောက်လာစေမှာပဲ ၊ ဌာနချုပ်က အခြေအနေတွေကို ပိုမဆိုးစေချင်လို့ ဒီ ငြိမ်းချမ်းရေးကို ကမ်းလှမ်းခဲ့တာ”

ယွမ်ဟွေ့ သည် ကောင်းမင်အား အနက်ရောင်မြူခိုးထဲသို့ လူသားများသာ ဝင်ရောက်နိုင်ကြောင်း မပြောခဲ့ချေ။

“အခန်း ၁၃ ဟာ ခြောက်ခြားဂိမ်းကစားသမားတွေရဲ့ အဓိကလူတွေပဲ ၊ ဒီတစ်ခါ မင်းတို့ကို လွှတ်ပေးတာက ဌာနချုပ်ရဲ့ ရိုးသားမှုပြတာပဲ ၊ မင်း ပြန်သွားပြီးရင် ကျန်တဲ့အခန်း ၁၃ က လူတွေကို ဌာနချုပ်ရဲ့ ရည်ရွယ်ချက်ကို အသိပေးလိမ့်မယ်လို့ ငါမျှော်လင့်တယ်”

အစီအစဉ်တင်ဆက်သူအမျိုးသမီးက ယွမ်ဟွေ့ အား ဘာပြောလိုက်သည်ကို ကောင်းမင်မသိသော်လည်း ဌာနချုပ်သည် ထိုမျှကြင်နာလိမ့်မည်မဟုတ်သည်ကိုတော့ သူသိပေသည်။

“လီစန်းဆေးရုံကနေ ထွက်ပြေးလာတဲ့ ရွှံ့ရုပ်တုတွေ အများကြီးရှိတယ် ၊ သူတို့ထဲက အစွမ်းအထက်ဆုံးကောင်တွေက သူတို့ရဲ့ ယုံကြည်မှု ဖြန့်ကျက်တာကို ပြီးမြောက်သွားကြပြီ ၊ ဌာနချုပ်က လူအားလုံးစုစည်းပြီး အစုလိုက်အပြုံလိုက် သန့်စင်ခြင်းလုပ်ဖို့ စီစဉ်ထားတယ် ၊ ဒါက စမ်းသပ်မှုတစ်ခုလည်း ဖြစ်တယ် ၊ သန့်စင်ခြင်းမှာ ပါဝင်တဲ့သူတိုင်း ကြီးမားတဲ့ ဆုလာဘ်တွေ ရနိုင်တယ် ၊ မင်းဟာ စုံစမ်းရေးမှူး ခြောက်ခြားဂိမ်းကစားသမား ဒါမှမဟုတ် သာမန်နိုင်ငံသားဖြစ်နေပါစေ ဂရုမစိုက်ဘူး ၊ ဌာနချုပ်က လူတိုင်းကို တန်းတူပဲ ကြည့်တယ်”

ယွမ်ဟွေ့က ယင်းစကားများကို တရားမျှတမှုဖြင့် ပြောလိုက်သော်လည်း သူ့ဘယ်ဘက်မျက်နှာပေါ်ရှိ သရဲတက်တူးက ကျိန်စာများ ဆက်လက်ထုတ်လွှတ်နေလေသည်။

“ငါတို့ လုပ်သမျှ အရာအားလုံးက ဟန်ဟိုင်းအတွက်ပဲ”

All Chapters