← Chapters

မင်း ငါ့ကို ဘာလို့မပြောပြတာလဲ?

Vol. 9 Ch. 121

မင်း ငါ့ကို ဘာလို့မပြောပြတာလဲ?

Vol. 9 Ch. 121

မာကျင်းချန် အနည်းငယ်စိတ်ရှုပ်သွားရသည်။

ဥက္ကဋ္ဌဆိုတာက ဘယ်လိုပုဂ္ဂိုလ်မျိုးမို့လို့လဲ?

စီးပွားရေးလောကတွင် ထိပ်သီးပုဂ္ဂိုလ်တစ်ယောက်ပင်။ သို့ဖြစ်လေရာ သူက ဘာကြောင့်များ ယဲ့ချန်းကို အလွန်လေးစားနေရသလဲ။

ဝူဖန့်က မာကျင်းချန်ကို လှမ်းကြည့်လိုက်သည်။

"ကျင်းချန် ဥက္ကဋ္ဌယဲ့ရောက်နေတာကို ငါ့ကိုဘာလို့မပြောတာလဲ။ ဥက္ကဋ္ဌယဲ့က ငါစောင့်နေခဲ့ရတဲ့ အထူးဖောက်သည်ပဲ"

"အာ!"

မာကျင်းချန်လည်း ရုတ်ခြည်းကြောင်အသွားသည်။

ဝူဖန့်က ပြောလိုက်၏။

"မစ္စတာယဲ့.. ဒါတွေက ခင်ဗျားရဲ့သူငယ်ချင်းတွေမဟုတ်လား"

ယဲ့ချန်း ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်။သူတို့တွေက ကျွန်တော်ရဲ့အတန်း‌‌ဖော်တွေပါပဲ။ ကျွန်တော်တို့က ဒီနေရာမှာတွေ့ဆုံပွဲလာလုပ်ကြတာလေ"

"သိပ်ကောင်းတာပဲ။ ဒီမှာရှိတဲ့လူတွေအကုန်လုံးက မစ္စတာယဲ့ရဲ့ အတန်းဖော်တွေဆိုတော့ ဒီနေ့ကုန်ကျစရိတ်တွေအားလုံးကို ကျွန်တော်ရှင်းလိုက်ပါ့မယ်။ အစားအသောက်တွေနဲ့ အအေးတွေကို သုံးဆောင်ကြပါဗျ"

ဥက္ကဠ၏ စကားကိုကြားသောအခါ မာကျင်းချန်၏မျက်နှာထက်တွင် ရှက်ရွံ့လေဟန်အရိပ်အ‌ယောင်များ ပြည့်နှက်သွားသည်။

ကမ္ဘာကြီးက ရူးသွားပြီလား?

ငါတို့ရဲ့ဘော့စ်က တက္ကစီဒရိုင်ဘာတစ်ယောက်ကို ဘယ်လိုလုပ်ပြီး တအားတလေးတစားဆက်ဆံနေရတာလဲ?

မာကျင်းချန်ခမျာ လုံးဝကြောင်အသွားသည်။

သူသည် နိုင်ငံခြားပြန်ပါရဂူဘွဲ့ရတစ်ယောက်ပင်။ အစတုန်းကတော့ ဤတစ်ခေါက် သူ အောင်နိုင်မှုနှင့်အတူ ပြန်ရောက်လာနိုင်ခဲ့ပြီဟု ထင်ထားသော်လည်း ထင်မှတ်မထားဘဲ ယဲ့ချန်းထံမှ အနိုင်ယူခံလိုက်ရပြန်လေပြီ။

အရေးအကြီးဆုံးအချက်မှာ ယဲ့ချန်းက တက္ကစီဒရိုင်ဘာတစ်ယောက် ဖြစ်နေလေသည်။

ဝူဖန့်၏စကားကြောင့် အတန်းဖော်များအားလုံးလည်း စိတ်လှုပ်ရှားသွားကြသည်။

အစောတုန်းက မာကျင်းချန်မှာ အကြာကြီးကြွားဝါနေခဲ့သော်လည်း အကုန်လုံးက ပွဲကြည့်ရုံသက်သက်သာ။

မင်းဘာသာ ဘယ်လောက်အထင်ကြီးဖို့ကောင်းကောင်း ငါတို့နဲ့ ဘာဆိုင်လို့လဲ?

သို့သော် ယခုမူ ဤကိစ္စမှာ လက်ဆုပ်လက်ကိုင်ပြနိုင်သောကြောင့် လူတိုင်းလည်း ပျော်ရွှင်သွားကြ၏။

အတန်းဖော်တော်တော်များများက မာကျင်းချန်၏ ကြွားဝါမှုကြောင့် စိတ်ရှုပ်နေခဲ့ကြသည်။

ယဲ့ချန်းကို ကြည့်စမ်းပါဦး

သူက ခပ်လျှိုလျှိုလေး နေတတ်သော်ငြား သွားလေရာနေရာတိုင်း ဒိတ်ဒိတ်ကြဲသူဌေးတွေပေါ်လာပြီး သူ့ကို ခယကြရသည်။

အဲဒါနဲ့ပတ်သက်ပြီးလဘာများအထင်ကြီးစရာရှိလဲ?

ကိုယ်ကိုယ်တိုင်ကြွားလုံးထုတ်နေပါက အသုံးမဝင်ပေ။ အထင်ကြီးလေးစားခံရနိုင်သည့်ဘအကောင်းဆုံးနည်းလမ်းမှာ အခြားလူတစ်ယောက်က သင့်အတွက် အခွင့်အရေးဖန်တီးပေးခြင်းပင်။

အတန်းဖော်များမှာ စိတ်အားထက်သန်စွာ လက်ခုပ်တီးလိုက်ကြသည်။

"ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌဝူ"

စီးပွားရေးလောကထဲရှိ ဝါရင့်တစ်ယောက်ဖြစ်သော ဝူဖန့်လည်း ပြုံးလျက် ပြောလိုက်၏။

"ဒါက ဥက္ကဋ္ဌယဲ့ရဲ့မျက်နှာကြောင့်ပါဗျာ။ ဒီလိုအထင်ကြီးဖို့ကောင်းတဲ့ အတန်းဖော်တစ်ယောက်ကိုရထားတာ ခင်ဗျားတို့တွေ တော်တော်ကံကောင်းတာပဲ။ အားကျလိုက်တာဗျာ။ ကျွန်‌တော့်ကိုပဲကြည့်ဦး။ ဥက္ကဋ္ဌယဲ့အနား ချဉ်းကပ်ဖို့အတွက် ခက်ခက်ခဲခဲကြိုးစားနေရတာ"

ဤသည်မှာ ဟာသတစ်ခုဖြစ်သော်ငြား ယဲ့ချန်း၏ ကြီးကျယ်ခမ်းနားမှုကို အသားပေးဖော်ပြထားပြီး ဤအကျိုးခံစားခွင့်များအတွက် ယဲ့ချန်းကို နာမည်ကောင်းယူခွင့်ပေးလိုက်ကာ သူ့ပုံရိပ်ကိုမြှင့်တင်ရန်အတွက် စိတ်ရင်းအမှန်ဖြင့် ကူညီလိုက်ခြင်းပင်။

ဝူဖန့်က အလွန်လိမ္မာပါးနပ်သည်။

ယနေ့ ငွေနည်းနည်းသုံးလိုက်ရသော်ငြား ယဲ့ချန်းကိုသာ ကပ်ထားလိုက်ပါက အကျိုးအမြတ်များမှာ ပိုမိုများပြားလိမ့်မည်ဖြစ်ကြောင်း သူသိသည်။

ဘေးနားတွင်မူ မာကျင်းချန်၏မျက်နှာကား ဖြူဖပ်ဖြူရော်ဖြစ်နေချေသည်။

ပတ်ပတ်လည်ရှိ အတန်းဖော်များလည်း အတော်အံ့သြသွားရသည်။

ပြီးခဲ့သည့်တစ်ခေါက်တုန်းက ဖုန်းထောင် ခံခဲ့ရသည်။ ယခုတစ်ခေါက်တွင်မူ မိကျောင်းမင်းကို ရေခင်းပြသူ မာကျင်းလျန်ခမျာ မျက်နှာတည့်တည့်ကို ဖြတ်ရိုက်ခံလိုက်ရသည်။

"ဟားဟား..ယဲ့ချန်းရှေ့မှာ လာကြွားပြနေတာက သက်သက်အဆဲတောင်းတာပဲ"

"ငါတော့ ရယ်သေပြီ။ တစ်စုံတစ်ယောက်က ယဲ့ချန်းအတွက် အလုပ်ရှာပေးချင်သတဲ့"

"ဟားဟား..ပြီးတော့ ယဲ့ချန်းကိုတောင် အားပေးလိုက်သေးတယ်"

မာကျင်းချန်လည်း ခဏမျှတုံ့ဆိုင်းသွားရပြီးနောက် တစ်စုံတစ်ခုကို သတိထားမိလိုက်သည်။

သူကလွဲပြီး အခြားလူများအားလုံးက ယဲ့ချန်း၏သရုပ်မှန်ကို သိထားပြီးကြပုံပင်။

မာကျင်းချန်မှာ အနည်းငယ်မကျေမချမ်းဖြစ်သွားပြီးနောက် ဖုန်းထောင်ကို ပြောလိုက်၏။

"မင်းတို့တွေက တော်တော်အကူအညီမရလိုက်တာ။ ခုနတုန်းက ယဲ့ချန်းရဲ့သရုပ်မှန်ကို ဘာလို့ပြောမပြတာလဲ။ မင်းတို့က ငါ့ကို အနေခက်အောင်လုပ်လိုက်တာပဲ။ ငါ မစ္စတာယဲ့ကို အပြစ်ပြုမိတော့မလို့"

ဖုန်းထောင်လည်း အပြစ်ကင်းစင်လေဟန်ဖြင့် ပြောလိုက်သည်။

"ငါမပြောပြချင်လို့မှမဟုတ်တာ။ မင်းက ငါ့ကို ပြောဖို့ အခွင့်အရေးလေးတောင် မပေးဘူးလေ။ မင်းက တစ်ချိန်လုံးကြွားဝါနေတာဆိုတော့ ငါ့မှာ စကားတစ်ခွန်းတောင် ဝင်ပြောလို့မရဘူး"

ထျန်းလိလိကလည်း ပြောလိုက်၏။

"ခုနတုန်းက ငါ နင့်ကို သတိပေးသားပဲ။ ယဲ့ချန်းက အခု တော်တော်အဆင်ပြေနေပါတယ်လို့ ငါမပြောလိုက်ဘူးလား"

မာကျင်းချန် : “…”

သူလည်း ဥက္ကဋ္ဌထံသို့ ကပျာကယာလျှောက်သွားလိုက်၏။

"ဥက္ကဋ္ဌဝူ.. ခင်ဗျား မစ္စတာယဲ့ကို လိုက်ရှာနေတယ်ဆိုတာ ကျွန်တော်မသိခဲ့ဘူး။ တောင်းပန်ပါတယ် ဥက္ကဋ္ဌဝူ"

ဝူဖန့်ကမူ လက်ခါယမ်းပြသည်။

"ကောင်းပြီ။ ထားလိုက်ပါတော့။ ငါ ဥက္ကဋ္ဌယဲ့နဲ့ ဆွေးနွေးစရာလေးရှိသေးတယ်"

တကယ်တမ်းတွင် အတန်းဖော်တစ်ယောက်အနေနှင့် မာကျင်းချန် သူတို့နှင့် အတူအဖော်ပြုပေးသင့်သည်။ သို့သော် အစောတုန်းက မာကျင်းချန် ယဲ့ချန်းကို လှောင်ပြောင်နေသည့်စကားများကို မလှမ်းမကမ်းမှတစ်ဆင့် ဝူဖန့် ကြားလိုက်သည်။

ထို့ကြောင့် သူလည်း မာကျင်းချန်ကို ဘေးဖယ်ခိုင်းလိုက်ခြင်းပင်။

မာကျင်းချန်၏မျက်နှာကား ဖြူဖျော့သွားရှာလေသည်။

ဥက္ကဋ္ဌ၏လုပ်ရပ်က သူ့အား အရေးကြီးတာဝန်ကို ပေးအပ်ရန် ရည်ရွယ်ချက်မရှိကြောင်း သိသာလှသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး သေချာတွေးကြည့်လေလေ သူ ပိုပြီးသောကရောက်ရလေလေပင်။

သူ့ခမျာ ထိုနေရာမှာပင် အကြောင်သား မတ်တတ်ရပ်နေမိသည်။ နောင်တလည်း ရနေချေသည်။ ဒါရိုက်တာရာထူးကိုသာ အာရုံစိုက်ထားရင် ပိုမကောင်းဘူးလား။ ဘာလို့ကြွားနေရတာလဲ။

အတန်းဖော်များမှာ စားသောက်နေကြသော်လည်း မာကျင်းချန်ကတော့ ဘာမှမစားဘဲ ဝူဖန့်နှင့် ယဲ့ချန်းတို့၏စားပွဲကို လှမ်းကြည့်ရင်း အကြောင်သားရပ်နေချေသည်။

လူတိုင်းလည်း ကူကယ်ရာမဲ့စွာ ခေါင်းခါယမ်းလိုက်မိသည်။

ကြွားလုံးထုတ်မိလို့ နောက်တစ်ယောက် အထိနာသွားရပြန်ပြီ....

အခြားအတန်းဖော်များကတော့ ယဲ့ချန်းကြောင့် ပိုထိတ်လန့်သွားခဲ့ရသည်။ ဤသည်မှာ အလွန်အံ့ဖွယ်ကောင်းလှသည်။

Rickရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ၏ ဥက္ကဋ္ဌကပင် ယဲ့ချန်းကို မျက်နှာသာပေးရသည်။ ယဲ့ချန်း၏သရုပ်မှန်က ဘာပါလိမ့်?

မည်သို့ပင်ဖြစ်စေ ယဲ့ချန်းက ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်တစ်ယောက်ဖြစ်ကြောင်း အတန်းဖော်များ နားလည်သွားကြသည်။ ဤကဲ့သို့သော ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်တစ်ယောက်ကို ရန်စလို့မဖြစ်ပေ။

ထိုအချိန်မှာပင် ဖုန်းထောင်က မာကျင်းချန်နားသို့ ချဉ်းကပ်၍ ပခုံးပုတ်ပေးကာ ပြောလိုက်၏။

"ကျင်းချန်... စိတ်မကောင်းမဖြစ်ပါနဲ့။ ယဲ့ချန်းက ငါတို့အတန်းထဲမှာ အကျော်အမော်တစ်ယောက်လေ။ မင်း နည်းနည်းလောက်နှိမ့်နှိမ့်ချချနေရင် အဆင်ပြေပါတယ်။ ကြည့်လိုက်။ ငါလည်း အရင်က နှိမ့်ချပြီးနေခဲ့တာပဲ။ ကိုယ့်နေရာကိုယ်သိပြီး နောက်တစ်ခါကျရင် အကြောင်းပြချက်မရှိဘဲ လိုက်ကြွားမနေနဲ့ပေါ့"

…

ညဘက်တွင် ဝူဖန့်က ယဲ့ချန်းကို ညစာစားရန် ဖိတ်ကြားခဲ့သည်။ တည်နေရာကား ယွင်လုံဗီလာရှိ ဗီအိုင်ပီစားသောက်ဆိုင်ပင်။

ကြီးမားလှသော မှန်ပြတင်းပေါက်ကြီးထက်တွင် ယွင်လုံရေကန်၏ရှုခင်းက အပြည့်အဝနေရာယူထားသည်။ ယဲ့ချန်းက ပင်မထိုင်ခုံတွင် ထိုင်ပြီး ဝူဖန့်နှင့် သူ့အတွင်းရေးမှူးကတော့ ဘေးဘက်တွင် နေရာယူလိုက်ကြသည်။

"ဒီနေ့ ဥက္ကဋ္ဌယဲ့နဲ့တွေ့ရတာ သိပ်ဝမ်းသာဖို့ကောင်းတာပဲ။ ကျွန်တော် ခင်ဗျားအတွက် ခွက်မြှောက်ပြီး ဂုဏ်ပြုပေးချင်ပါတယ်"

ယဲ့ချန်းလည်း ဝိုင်ခွက်ကိုမြှောက်၍ တစ်ငုံသောက်လိုက်သည်။

"ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌဝူ..ခင်ဗျားက အရမ်းယဉ်ကျေးလွန်းနေပါပြီ"

နှစ်ယောက်သား စကားပြောဆိုနေကြချိန်ဝယ် လူတချို့က ဧည့်ခန်းမဆောင်ထဲသို့ ဝင်လာကြသည်။ ထိုလူများထဲမှ တစ်ယောက်က ယဲ့ချန်းကိုမြင်လိုက်ရသည့်အခါ မျက်နှာဝင်းပသွားသည်။

"ဥက္ကဋ္ဌယဲ့ ကျွန်တော့်အတွင်းရေးမှူးက ခင်ဗျားကို မြင်လိုက်တယ်ဆိုလို့။ ဒါပေမဲ့ ကျွန်တော်မယုံခဲ့ဘူး။ ခင်ဗျား တကယ်ရောက်နေတာပဲ"

ထိုလူမှာ ဝမ်သိုက်လုပ်ငန်းစုမှ ချန်းဝမ်ပင်။

"ဥက္ကဋ္ဌချန်း တိုက်ဆိုင်လိုက်တာ"

ချန်းဝမ်ကိုမြင်သော် ဝူဖန့်လည်း အမြန်မတ်တတ်ထရပ်လိုက်၏။

ဝမ်သိုက်ဆောက်လုပ်ရေးကုမ္ပဏီမှာ မိုတုမြို့၏ အိမ်ခြံမြေဆောက်လုပ်ရေးလုပ်ငန်းလောကတွင် ထိပ်တန်းလုပ်ငန်းစုတစ်ခုဖြစ်ပြီး သူနှင့် ယခင်ကလည်း ညစာအတူစားခဲ့ဖူးသည်။

ထင်မှတ်မထားပါဘဲ ယဲ့ချန်း၏လူမှုအသိုင်းအဝိုင်းက ကျယ်ပြန့်နေပေသည်။ သူက ချန်းဝမ်နှင့်ပါ သိနေပေသည်။

"လောင်ချန်း..မင်းက ညီလေးယဲ့နဲ့ ဘယ်လိုလုပ်သိတာလဲ။ ငါတို့ကိုလည်း မိတ်မဆက်ပေးပါလား"

"ဟားဟား.. ခင်ဗျားတို့လည်း ကျုပ်ကိုမခေါ်ဘဲ ညီလေးယဲ့ကို တိတ်တိတ်လေး ညစာစားဖို့ ဖိတ်ခဲ့တယ်မဟုတ်လား"

မြေခွေးအိုကြီးနှစ်ယောက်မှာ နားလည်သဘောပေါက်ဟန်ဖြင့် ပြုံးလိုက်ကြသည်။ သူတို့၏ရည်ရွယ်ချက်ကတော့ ရှင်းရှင်းလေးပင်။ ယဲ့ချန်းကို မျက်နှာချိုသွေးရန်သာ။

ချန်းဝမ်က ဘာမပြောညာမပြောနှင့် စားပွဲတွင် ဝင်ထိုင်လိုက်ပြီးနောက် ယဲ့ချန်းကို ခွက်မြှောက်၍ ဂုဏ်ပြုလေသည်။

"ဥက္ကဋ္ဌယဲ့.. ခင်ဗျားကို ဂုဏ်ပြုပါတယ်"

ချန်းဝမ်က ယဲ့ချန်းကို "ဥက္ကဋ္ဌ"ဟု ခေါ်လိုက်သည်ကိုကြားသော် ဝူဖန့်ခမျာ ပင့်သက်ရှိုက်လိုက်မိသည်။

ချန်းဝမ်ကိုယ်တိုင်ကပင် အလွန်လေးစားထိုက်နေပြီဖြစ်၏။ သို့သော် ယဲ့ချန်းက ဝမ်သိုက်လုပ်ငန်းစု၏ပိုင်ရှင် ဖြစ်နေလေသည်။

အထင်ကြီးလေးစားမှုအဆင့်ကား နောက်တစ်ဆင့်ထပ်တက်သွားရပြန်လေပြီ။

ဝူဖန့်မှာ ယဲ့ချန်းကို ပိုလေးစားသွားရသည်။ သို့နှင့် တအံ့တဩပြောလိုက်သည်။

"ညီလေးယဲ့.. ခင်ဗျားက ရီတာလုပ်ငန်းစုရဲ့ အဓိကရှယ်ယာရှင်တစ်ယောက်.. မိုတုစီးပွားရေးစင်တာနဲ့ မိုတုစီးပွားရေးလမ်းမရဲ့ပိုင်ရှင်ဆိုတာကို ကျွန်တော်သိပြီးသားပါ။ အခုတော့ ခင်ဗျားက ဝမ်သိုက်လုပ်ငန်းစုရဲ့ဥက္ကဋ္ဌပါ ဖြစ်နေတာပဲ။ ခင်ဗျားမှာ သရုပ်မှန်တွေ ဘယ်လောက်တောင်ရှိတာလဲဗျာ"

ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်မိသည်။

"တကယ်တော့ အဲဒါတွေက ဘွဲ့ထူးဂုဏ်ထူးတွေသက်သက်ပါ။ ကျွန်တော့်ရဲ့သရုပ်မှန်အစစ်က တက္ကစီဒရိုင်ဘာတစ်ယောက်လေ"

ဝူဖန့် : “…”

ချန်းဝမ် : “…”

ဤလူ၏ အသွင်ယူနိုင်စွမ်းက အလွန်သန်မာလှသည်။ ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်တစ်ယောက်ဖြစ်သော်ငြား တက္ကစီဒရိုင်ဘာတစ်ယောက်အဖြစ် ဟန်ဆောင်နေသေးသည်။

ယဲ့ချန်း၏လုပ်ငန်းစုတိုင်းက နှစ်စဉ်ဝင်ငွေ ဘီလျံပေါင်းများစွာ ဝင်ပေသည်။

သူသည် ထရီလျံပေါင်းများစွာ ပိုင်ဆိုင်သော သူဌေးတစ်ယောက်ဖြစ်ကြောင်း သိသာလှသည်။

ယဲ့ချန်းရှေ့တွင် ဝူဖန့်နှင့် ချန်းဝမ်တို့က ဘာကောင်မှမဟုတ်ပေ။

အရေးအကြီးဆုံးမှာ ယဲ့ချန်းက အလွန်ငယ်လွန်းလှသည်။ ထိုအသက်အရွယ်မျှဖြင့် ဤမျှအောင်မြင်နေသော လုပ်ငန်းစုများကို ပိုင်ဆိုင်ထားခြင်းမှာ စစ်စစ်မှင်တက်ဖွယ်ရာပင်။

••••••••••••••••

All Chapters