← Chapters

စိတ်တိုင်းကျလုပ်ပါ

Vol. 9 Ch. 124

စိတ်တိုင်းကျလုပ်ပါ

Vol. 9 Ch. 124

ယဲ့ချန်းလည်း ထောင်ပေါင်လမ်းမသို့ မောင်းလာခဲ့သည်။ လီရုန်ရုန်ကတော့ သက်ပြင်းမောချလိုက်မိသည်။

"နောက်ဆုံးတော့ ကမ္ဘာကြီးက တိတ်ဆိတ်သွားပြီပဲ"

ယဲ့ချန်း ရယ်လိုက်မိတော့သည်။

"ဟားဟား.. မင်းရဲ့သူငယ်ချင်းတွေကို ဘယ်မှာသွားတွေ့ရမှာလဲ"

"ဘာကိုတွေ့မှာလဲ။ ကျွန်မက အဲဒီလူကို သက်သက်ညာလိုက်တာပါ။ သူက ဒီည ကျွန်မကို ညစာစားဖို့ဖိတ်နေလို့။ ကျွန်မလည်း ညာလိုက်ရရော။ အဲဒါကြောင့် ရှင့်ကို လာခေါ်ခိုင်းလိုက်တာ"

ယဲ့ချန်းကလည်း ထိုစကားကို နားထောင်ရင်း ဆိုလိုက်သည်။

"ဒီလိုကိုး။ ဒီလူက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေ သိပ်ပြင်းပြနေတာပဲ"

"စကားမစပ် ယဲ့ချန်း ဒီတစ်ခေါက် ရှင် ဟိုလူယုတ်မာကိုဖယ်ရှားပေးလိုက်တာက ထောင်ပေါင်လမ်းမအတွက်တော့ ကံကောင်းခြင်းတစ်ခုပဲ။ သိလား? ချန်ပင်းရဲ့အိမ်မှာ ဘီလျံပေါင်းများစွာတန်ဖိုးရှိတဲ့ ရှေးဟောင်းပစ္စည်းတွေကို ရှာတွေ့ခဲ့တယ်တဲ့။ သူတော့ ဒီအမှုကနေ လွတ်လာနိုင်တော့မှာမဟုတ်ဘူး"

ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်မိသည်။

"အဲဒီလူက သူ့ဘာသာသူ ဖော်လိုက်တာလေ။ ဒီတော့ ငါတို့ ဘယ်သွားကြမလဲ"

လီရုန်ရုန်လည်း ခဏမျှစဉ်းစားကြည့်လိုက်ပြီးနောက် ပြောလိုက်လေသည်။

"ရှင် ကျွန်မနဲ့အတူ ဂေါက်ရိုက်ဖို့ လိုက်ခဲ့ပါလား"

"ဂေါက်ရိုက်ဖို့လား"

ယဲ့ချန်း မျက်မှောင်ကြုတ်လိုက်မိသည်။ ယခင်ကလည်း သူ ဂေါက်ရိုက်ဖူးသော်ငြား သူ့အရည်အချင်းက သာမန်မျှသာ။

"ဘာလဲ။ ကျွန်မနဲ့အတူ မလိုက်ချင်လို့လား"

လီရုန်ရုန်က မျက်မှောင်ကြုတ်၍ ပြောလိုက်လေသည်။

"မဟုတ်ပါဘူး။ မင်းနဲ့အတူလိုက်ခဲ့ရမှာ ပျော်တာပေါ့"

"ကျွန်မသူငယ်ချင်းက လုဟွားးဂေါက်ကွင်းရဲ့ ဒစ်စကောင့်ကတ်တစ်ခုပေးထားတယ်။ လုဟွားဂေါက်ကွင်းကို သွားကြရအောင်"

လုဟွားဂေါက်ကွင်းက မိုတုမြို့တွင် အကြီးဆုံးနှင့် အခမ်းနားဆုံးဂေါက်ကွင်းပင်။ ထိုနေရာတွင် တစ်နာရီစာကို ယွမ်တစ်ထောင်ခန့် ပေးရသည်။

ထို့ကြောင့် ဤနေရာသို့ လာရောက်ကြသူများမှာ အခြေခံအားဖြင့်တော့ ရုံးဝန်ထမ်းများပင်။ လီရုန်ရုန်က ယဲ့ချန်းကို လုဟွားဂေါက်ကွင်းအကြောင်း ပြောပြလေသည်။

"အရမ်းမိုက်တာပဲ"

ယဲ့ချန်း ပြုံးလိုက်မိသည်။

တစ်နာရီကို ယွမ်တစ်ထောင်ဆိုသည်မှာ ယခင်ယဲ့ချန်းအတွက်တော့ ဈေးကြီးပုံပေါ်သော်ငြား လက်ရှိယဲ့ချန်းအတွက်မူ မုန့်ဖိုးမျှသာ ရှိသည်။

ဂေါက်ကွင်းသို့ရောက်သော် လီရုန်ရုန်က ယဲ့ချန်းအား ကြယ်ငါးပွင့်ရီဗျူးပေးလိုက်၏။

[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် hostကို ဂုဏ်ပြုပါတယ်။ ပထမဆုံးကြယ်ငါးပွင့်ကို အသက်သွင်းနိုင်ခဲ့ပါပြီ။ ဆုလာဘ်ကတော့ လုဟွားးဂေါက်ကွင်းရဲ့ ပလက်တီနမ်ကတ်ဖြစ်ပါတယ်]

လုဟွားဂေါက်ကွင်းရဲ့ ပလက်တီနမ်ကတ်!

မိုတုမြို့တွင် လုဟွားဂေါက်ကွင်း၏ ပလက်တီနမ်ကတ်ဆယ်ကတ်မျှသာ ရှိ၏။ ထိုကတ်များကို ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်များသာ ပိုင်ဆိုင်ကြသည်။

လုဟွားဂေါက်ကွင်း၏ ပလက်တီနမ်ကတ်က အဆင့်အတန်းပြယုဂ်တစ်ခုဖြစ်ပြီး ငွေရှိတိုင် ဝယ်ယူ၍မရနိုင်ဟု ဆိုကြသည်။

အတန်အသင့်မြင့်မားသော အဆင့်အတန်းနှင့် နောက်ခံအသိုင်းအဝိုင်းမျိုးရှိသူများသာ လုဟွားဂေါက်ကွင်း၏ ပလက်တီနမ်ကတ်ကို ပိုင်ဆိုင်ကြသည်။

ယဲ့ချန်းနှင့် လီရုန်ရုန်တို့မှာ လုဟွားဂေါက်ကွင်းထဲသို့ ဝင်လာခဲ့လိုက်ကြသည်။

သူတို့နှစ်ယောက်လည်း ဂေါက်ရိုက်တုတ်များကို ငှားရမ်း၍ ကွင်းထဲကို ဝင်တော့မည့်ဆဲဆဲမှာပင် လူငယ်လေးတစ်ယောက်က စိတ်လှုပ်ရှားစွာ ရောက်ချလာသည်။

"ရုန်ရုန်..တိုက်ဆိုင်လိုက်တာ"

သူ့ကိုမြင်သောအခါ လီရုန်ရုန်၏မျက်နှာမှာ အတန်ငယ်မသာမယာဖြစ်သွားချေသည်။

ဆိုးလိုက်တဲ့ကံပါလား.. ဒီနေ့ စိတ်ရှုပ်ဖို့ကောင်းတဲ့လူတွေနဲ့ပဲ တိုးနေတယ်..

ထိုလူငယ်လေးက ကျန့်လုံဖြစ်ပြီး သူ(မ)အမေ၏သူငယ်ချင်း၏သားပင်။

သိပ်မကြာခင်တုန်းက သူတို့နှစ်ယောက် ဘလိုင်းဒိတ်လုပ်ခဲ့ဖူးသည်။ သို့သော် လီရုန်ရုန်ကတော့ သူ့ကို လုံးဝသဘောမကျသဖြင့် ဤကိစ္စမှာမဖြစ်နိုင်ကြောင်း တိုက်ရိုက်ပြောထားခဲ့သည်။

သို့သော် ဤလူကတော့ ရပ်တန့်သွားခြင်းမရှိဘဲ သူ(မ)ကို ဝီချက်မက်ဆေ့ချ်များပို့ပြီး တစ်ချိန်လုံးနှောင့်ယှက်နေလေသည်။

လီရုန်ရုန်လည်း သည်းမခံနိုင်တော့သည့်အဆုံး သူ့ကို ဘလော့ထားလိုက်သည်။ ဤနေရာတွင် မထင်မှတ်ထားဘဲ သူနှင့် လာတိုးနေချေသည်။

ကျန့်လုံက ပြုံးလျက် ပြောလိုက်သည်။

"ရုန်ရုန် မင်းလည်း ဂေါက်ရိုက်ရတာကို သဘောကျတာကိုး။ ကိုယ်က ဒီနေရာမှာ ရွှေရောင်ကတ်ပိုင်ရှင်လေ။ အရမ်းကျွမ်းတာနော်။ ကိုယ် မင်းကိုသင်ပေးလို့ရတယ်"

ထိုအချိန်ဝယ် ကျန့်လုံမှာ လီရုန်ရုန်၏လက်ကိုကိုင်ပြီး ဂေါက်ရိုက်နည်းသင်ပေးမည့်အကြောင်း စိတ်ကူးယဉ်နေမိသည်။

လီရုန်ရုန် ခေါင်းခါယမ်းလိုက်လေသည်။

"မလိုပါဘူး။ ကျွန်မက ကျွန်မချစ်သူနဲ့အတူ လာခဲ့တာ"

"မင်းချစ်သူလား"

ကျန့်လုံ မျက်မှောင်ကြုတ်လျက် လီရုန်ရုန့်ဘေးနားရှိ ယဲ့ချန်းကို ကြည့်လိုက်လေသည်။

ရုပ်ရည်ကတော့ ဤလူမှာ အလွန်ချောမောခန့်ညားလှသည်။ သို့သော် ယဲ့ချန်း၏အဝတ်အစားများကိုကြည့်ရသည်မှာ အလွန်ရိုးရှင်းလွန်းသည်။

ကျန့်လုံက ယဲ့ချန်းထံသို့ လက်ဆန့်ထုတ်လိုက်သည်။

"ဟောင်ကန်လုပ်ငန်းစုရဲ့အထွေထွေမန်နေဂျာကျန့်လုံပါ"

"ယဲ့ချန်းပါ။ တက္ကစီဒရိုင်ဘာပေါ့"

ယဲ့ချန်းကလည်း နှိမ့်ချစွာပြောလိုက်၏။

"တက္ကစီဒရိုင်ဘာလား"

ကျန့်လုံ တုံ့ခနဲရပ်လိုက်မိသည်။ ထို့နောက် သူ့နှုတ်ခမ်းထောင့်စွန်းထက်၌ လှောင်ပြောင်ထေ့ငေါ့လေဟန် အပြုံးတစ်ပွင့် ပေါ်ပေါက်လာသည်။

ငါကတော့ ထိပ်သီးပုဂ္ဂိုလ်တစ်ယောက်ယောက်လို့ ထင်လိုက်တာ... ဒါပေမဲ့ သူက အရှုံးသမားတက္ကစီဒရိုင်ဘာတစ်ယောက်ဖြစ်နေတာပဲ..

ဒီလိုလူစားမျိုးက ဘယ်လိုလုပ်ပြီး ရုန်ရုန်ရဲ့ချစ်သူဖြစ်ဖို့ ထိုက်တန်မှာလဲ?

"ရုန်ရုန်..ပုံမှန်ကွင်းကိုမသွားနဲ့။ ရွှေရောင်ကတ်ပိုင်ရှင်တွေရဲ့ကွင်းကို သွားရအောင်။ အဲဒီပတ်ဝန်းကျင်က ပိုကောင်းတယ်"

ကျန့်လုံက ပြောလိုက်၏။

လီရုန်ရုန်ကလည်း ခေါင်းခါယမ်းပြလိုက်သည်။

"မလိုပါဘူး။ ပုံမှန်ကွင်းက အဆင်ပြေပါတယ်"

ထိုသို့ပြောပြီးနောက် လီရုန်ရုန်က ယဲ့ချန်းကို ပုံမှန်ကွင်းဘက်သို့ ဆွဲခေါ်သွားလေသည်။

တကယ်တမ်းတွင် ယဲ့ချန်း၌ ပလက်တီနမ်ကတ်ရှိပါသော်လည်း တစ်ချက်ကြည့်လိုက်လေရာ ပလက်တီနမ်ကတ်ပိုင်ရှင်များ၏ ကွင်းက အလွန်ကြီးလွန်းနေသည်။ ပတ်ဝန်းကျင်က ကောင်းမွန်သော်ငြား သူတို့နှစ်ယောက်အတွက်ဆိုလျှင် အလွန်ဗလာကျင်းနေပေသည်။

အရေးအကြီးဆုံးအချက်မှာ ယဲ့ချန်းနှင့် လီရုန်ရုန်တို့၏ ဂေါက်ရိုက်စွမ်းရည်က အလွန်ညံ့လှသဖြင့် ပုံမှန်ကွင်းက ပိုအဆင်ပြေသည်။

ယဲ့ချန်းနှင့် လီရုန်ရုန်တို့က ပုံမှန်ကွင်းထဲသို့ ဝင်သွားတာကို မြင်သော် ကျန့်လုံ မျက်မှောင်ကြုတ်လိုက်မိသည်။

အကယ်၍ လီရုန်ရုန်၏ချစ်သူကသာ သူ့ထက်ပိုပြီး အောင်မြင်နေသည့် လူတစ်ယောက်ဖြစ်ပါက ကျန့်လုံလည်း ဘာမှပြောမည်မဟုတ်။ သို့သော် ယဲ့ချန်းက အရှုံးသမားတက္ကစီဒရိုင်ဘာတစ်ယောက်ဖြစ်နေတာကို သူ လက်မခံနိုင်ပေ။

ကျန့်လုံ၏အမျိုးသမီးကို တက္ကစီဒရိုင်ဘာတစ်ယောက်က လုယူသွားလို့ရရိုးလား?

ကျန့်လုံလည်း အနီးအနားရှိ ဝန်ထမ်းလေးဘက်သို့လှည့်၍ ပြောလိုက်သည်။

"မင်းတို့ရဲ့မန်နေဂျာလီကို ခေါ်လိုက်"

မကြာခင်မှာပင် ဝတ်စုံပြည့်ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ရောက်လာချေသည်။

"ဥက္ကဋ္ဌကျန့်.. ခင်ဗျား ဂေါက်ရိုက်ဖို့ရောက်နေတာပဲ။ လိုအပ်တာတစ်ခုခုရှိလို့လား"

ကျန့်လုံက ပြောလိုက်၏။

"ကွင်းနံပါတ်သုံးမှာ ကစားနေတဲ့လူက ဘယ်သူလဲ"

မန်နေဂျာလီကလည်း မေးမြန်းစုံစမ်းရန်အတွက် ဖုန်းဆက်လိုက်သည့်အခါ ဝန်ဆောင်မှုပေးသော ဝန်ထမ်းလေးက ပြန်ဖြေလာသည်။

"သူတို့က ဒီနေရာမှာ မန်ဘာမဝင်ထားပါဘူး။ ဒစ်စကောင့်ကတ်ကိုသုံးပြီး လာကစားကြတာ"

"ထင်ထားတဲ့အတိုင်းပါပဲ"

ကျန့်လုံ၏မျက်နှာထက်တွင် သရော်လေဟန်အပြုံးတစ်ပွင့် ပေါ်ပေါက်လာသည်။

ယဲ့ချန်းက သာမန်လူအဖြစ် ဟန်ဆောင်ထားသော သူဌေးတစ်ယောက် ဖြစ်နေမှာစိုးသောကြောင့် သေချာအောင်စစ်ဆေးခဲ့ခြင်းပင်။

မြင့်မြတ်လှသော အားကစားတစ်မျိုးဖြစ်သည့်အတွက် လုဟွားဂေါက်ကွင်းတွင် ဒိတ်ဒိတ်ကြဲသူဌေးများက မန်ဘာဝင်ထားကြသည်။

ယဲ့ချန်းတွင်သာ မန်ဘာကတ်မရှိဘူးဆိုပါက သူ့တွင် ဘာနောက်ခံမှမရှိဘဲ သာမန်တက္ကစီဒရိုင်ဘာတစ်ယောက်ဖြစ်ကြောင်း သက်သေပြပြီးသား ဖြစ်သွားလေပြီ။

ဘုရားရေ.. ဒီအရှုံးသမားတက္ကစီဒရိုင်ဘာက ငါ့ကောင်မလေးကိုလုယူရဲတယ်ဆိုတော့ ကိုယ့်သေတွင်းကိုယ်တူးတာပဲ..

ကျန့်လုံ၏မျက်နှာထက်တွင် အေးစက်စက်အပြုံးတစ်ပွင့် ပေါ်ပေါက်လာသည်။

"မန်နေဂျာလီ.. ကျုပ် ကွင်းနံပါတ်သုံးကို သုံးချင်တယ်"

မန်နေဂျာလီကလည်း ချက်ချင်းသဘောပေါက်သွားပြီး ပြုံးလိုက်မိသည်။

"ပြဿနာမရှိပါဘူး။ သူတို့ကို ချက်ချင်းမောင်းထုတ်လိုက်ပါ့မယ်"

ယဲ့ချန်းနှင့် လီရုန်ရုန်တို့က သူတို့ဂေါက်ရိုက်တံများကို ပြင်ဆင်ထားပြီးဖြစ်လေရာ ကစားတော့မည့်ဆဲဆဲမှာပင် မန်နေဂျာလီနှင့် ကျန့်လုံတို့က အနားသို့ရောက်ချလာသည်။

"ဆရာ တောင်းပန်ပါတယ်။ ခင်ဗျားရဲ့ကွင်းနံပါတ်သုံးကို ကျုပ်တို့ ယူထားလိုက်ပြီ"

ယူထားလိုက်ပြီတဲ့လား?

ယဲ့ချန်း မျက်မှောင်ကြုတ်လိုက်မိသည်။

သူတို့က ယခုမှရောက်ခါစရှိသေးသည်။ သူက နေရာဦးထားလိုက်ပြီတဲ့လား?

ဟာသပဲ...

"ဒီနေရာကို ဘာလို့ယူလိုက်တာလဲ။ တခြားကွင်းအလွတ်တွေလည်းရှိနေတာကို။ ကျုပ်တို့ကွင်းကိုပါ ဘာလို့ယူတာလဲ"

မန်နေဂျာလီက ခပ်ပြတ်ပြတ်ပြောလာချေသည်။

"ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ရွှေရောင်မန်ဘာကတ်ပိုင်ရှင်က ဒီကွင်းထဲမှာ ကစားချင်နေလို့ပါ"

သူ့ဘေးတွင် မာန်ဝင့်ပြနေသော ကျန့်လုံကိုကြည့်ရင်း ယဲ့ချန်း နားလည်သွားသည်။ ဤကိစ္စမှာ သည်လူ၏လက်ချက်ပင်။

ကျန့်လုံက မောက်မောက်မာမာပြောလိုက်သည်။

"ဂေါက်ရိုက်တယ်ဆိုတာ မြင့်မြတ်တဲ့အားကစားနည်းတစ်ခုပဲ။ မင်းလို ဆင်းရဲသားတစ်ယောက်မှာ ကစားခွင့်ရှိလို့လား"

ဤစကားက လူတော်တော်များများ၏အာရုံကို ဆွဲဆောင်လိုက်နိုင်သည်။

သာမန်ကွင်းထဲတွင် လာကစားကြသူများမှာ လခစားဝန်ထမ်းများဖြစ်ကြသဖြင့် ကျန့်လုံ၏စကားကိုကြားသောအခါ သူတို့အားလုံး ဒေါသထွက်ကုန်ကြသည်။

"ပိုက်ဆံရှိတာနဲ့ပဲ ကိုယ့်ကိုယ်ကိုယ်ဟုတ်လှပြီမှတ်နေတာလား။ သူများရဲ့ကွင်းကို ဝင်လုတာကတော့ အရှက်မရှိလိုက်တာ"

"ဒါက သက်သက်အနိုင်ကျင့်တာ။ ရွှေရောင်မန်ဘာကတ်ပိုင်ရှင်တွေရဲ့ နေရာက အလွတ်ကြီးဆိုရင် သာမန်ကွင်းထဲကို ဘာလာလုပ်တာလဲ"

"ဒီလူက သူများရည်းစားကို ဖြတ်လုချင်နေတာမလား"

လီရုန်ရုန်လည်း ဒေါသူပုန်ထသွားလေသည်။ သူ(မ)၏မျက်နှာကား နီမြန်းသွားရပြီးနောက် ကျန့်လုံကို ထိပ်တိုက်ရင်ဆိုင်လေတော့သည်။

"ဒါက ဘာသဘောလဲ"

"ရုန်ရုန်.. မင်း ကိုယ့်ခံစားချက်တွေကို နားမလည်ဘူးလား။ ကိုယ်က မင်းနဲ့နီးစပ်ချင်တာလေ"

ယဲ့ချန်း၏အကြည့်ကား အေးစက်သွားလေသည်။ ထို့ကြောင့် မန်နေဂျာလီကို ပြောလိုက်၏။

"ဒီတော့ ခင်ဗျားပြောချင်တဲ့သဘောက ရွှေရောင်မန်ဘာကတ်ပိုင်ရှင်က လုပ်ချင်တာလုပ်လို့ရတယ်ဆိုတဲ့သဘောလား"

မန်နေဂျာလီက ခေါင်းညိတ်ပြလိုက်လေသည်။

"ဟုတ်ပါတယ်။ ရွှေရောင်မန်ဘာကတ်ပိုင်ရှင်တွေက ကြိုက်တာလုပ်လို့ရပါတယ်။ အဲဒါက သူတို့ရဲ့အကျိုးခံစားခွင့်တွေထဲက တစ်ခုပါပဲ"

ကျန့်လုံက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်လေသည်။

"ရွှေရောင်မန်ဘာကတ်အတွက် ငွေဘယ်လောက်လိုလဲဆိုတာသိလား? တစ်သန်း.. မင်း တစ်သက်လုံး တက္ကစီမောင်းရင်တောင် အဲဒီတစ်သန်းကို ရှာနိုင်လို့လား။ အရှုံးသမားဆင်းရဲသား။ ထွက်သွားစမ်းပါ"

ယဲ့ချန်းကတော့ ခပ်ဖွဖွပြုံးလိုက်ချေသည်။

"ငါ့မှာ ပလက်တီနမ်မန်ဘာကတ်ရှိတယ်ဆိုရင်ရော"

••••••••••••••••

All Chapters