ဟွားအိမ်တော်
Vol. 9 Ch. 126
ချန်းဟုန်က အခြေအနေကို ကိုင်တွယ်ဖြေရှင်းပြီးသွားသောအခါ ယဲ့ချန်းဘက်သို့လှည့်၍ ပြောလိုက်၏။
"မစ္စတာယဲ့ ကျွန်တော်ဖြေရှင်းလိုက်တာကို ကျေနပ်ရဲ့လား"
"အင်း"
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။
ချန်းဟုန်ကလည်း တလေးတစားဆိုလိုက်၏။
"မစ္စတာယဲ့... ကျွန်တော် ခင်ဗျားကစားနေတာကို မနှောင့်ယှက်တော့ပါဘူး။ တစ်ခုခုလိုအပ်ရင် ကျွန်တော့်ကိုသာ ခေါ်လိုက်ပါ"
ကျန့်လုံကတော့ လုဟွားဂေါက်ကွင်းထဲမှ မောင်းထုတ်ခံလိုက်ရသည့်အတွက် ဒေါသူပုန်ထနေလေသည်။
ယနေ့ သူသဘောကျနေသည့် မိန်းကလေးရှေ့မှာ သူ့ကိုယ်သူအရှက်ရအောင် လုပ်ခဲ့မိသည်။ သို့ဖြစ်လေရာ သူ့အနေနှင့် ဤကိစ္စကို အသာငြိမ်မနေနိုင်ပေ။
ကျန့်လုံက ဒေါသတကြီး ဖုန်းထုတ်လိုက်သည်။
"ဒုတိယဦးလေး.. ဒီနေ့ ကျွန်တော် လုဟွားဂေါက်ကွင်းမှာ ဘာမဟုတ်တဲ့လူတစ်ယောက်နဲ့ စကားများခဲ့တာ။ ဥက္ကဋ္ဌချန်းက သူ့အာဏာကိုအသုံးချပြီး ကျွန်တော့်ကို ဂေါက်ကွင်းထဲက မောင်းထုတ်ခဲ့တယ်။ ပြီးတော့ ကျွန်တော့်ရဲ့ရွှေရောင်မန်ဘာကတ်ကိုတောင် ရုပ်သိမ်းလိုက်သေးတယ်"
"အဲဒီလိုကိစ္စမျိုးဖြစ်ခဲ့တာလား။ တူလေး..ဘာမှမပူနဲ့။ ဒုတိယဦးလေးက မင်းအတွက် တရားမျှတမှုကို ဖော်ဆောင်ပေးမယ်"
ကျန့်ဖေးလည်း ဒေါသတကြီးဖုန်းဆက်လိုက်လေသည်။
"ချန်းဟုန်.. ငါ့တူရဲ့ကိစ္စနဲ့ပတ်သက်ပြီး မင်း ငါ့ကိုတစ်ခုခုတော့ ရှင်းပြဖို့လိုနေပြီလို့မထင်ဘူးလား"
ချန်းဟုန်ကတော့ လှောင်ရယ်လိုက်၏။
"ဥက္ကဋ္ဌကျန့်.. ခင်ဗျားရဲ့တူက ယဲ့ချန်းကို စော်ကားခဲ့တာလေ။ ကျုပ်ကို အပြစ်လာမတင်ခင် ယဲ့ချန်းက ဘယ်သူလဲဆိုတာကို ခင်ဗျား အရင်စုံစမ်းကြည့်လိုက်ပါဦး။ မိတ်ဆွေဟောင်းတစ်ယောက်အနေနဲ့ ခင်ဗျားရဲ့တူနဲ့ ခပ်ဝေးဝေးနေဖို့ ကျုပ် ခင်ဗျားကို အကြံပေးချင်တယ်။ မဟုတ်လို့ကတော့ အကျိုးဆက်တွေကို ခင်ဗျားသိပါတယ်"
ယဲ့ချန်း!
ဤနာမည်ကို ကြားပြီးနောက် ကျန့်ဖေး၏အမူအရာမှာ သိသိသာသာပြောင်းလဲသွားလေသည်။ ဗန်ကီလုပ်ငန်းစုက သူတို့ကုမ္ပဏီ၏ အကြီးဆုံးသောဖောက်သည်တစ်ဦးပင်။ သူတို့သာ ယဲ့ချန်းကို အပြစ်ပြုမိပါက သူတို့ကုမ္ပဏီလည်း ဆုံးခန်းတိုင်ရလေပြီ။
လုပ်ငန်းနှင့် သူ့တူကို ယှဉ်ကြည့်မည်ဆိုပါက ကျန့်ဖေးကတော့ လုပ်ငန်းကိုသာ ရွေးချယ်မည်ဖြစ်၏။
သူ ချက်ချင်းဆိုသလို ကျန့်လုံ၏ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်သည်။
"ကောင်စုတ်လေး.. မင်းက မစ္စတာယဲ့ကို ရန်စရဲတယ်ပေါ့။ မစ္စတာယဲ့က ဘယ်သူလဲဆိုတာ မင်းသိလား။ ဗန်ကီလုပ်ငန်းစုရဲ့ဘော့စ်ကွ။ ငါတို့ကုမ္ပဏီက အသက်ရှင်ရပ်တည်နိုင်ဖို့အတွက် သူ့ကိုမှီခိုနေရတာ။ ဒီနေ့ကစပြီး မင်းက ငါ့တူ မဟုတ်တော့ဘူး။ ငါကလည်း မင်းရဲ့ဒုတိယဦးလေးမဟုတ်တော့ဘူး။ ပြီးတော့ မင်းကို အလုပ်ထုတ်လိုက်ပြီ"
ကျန့်လုံခမျာ လက်ထဲတွင် ဖုန်းကိုင်လျက်သားဖြင့် မတ်တတ်ရပ်နေရင်း ကြောင်အသွားရလေတော့သည်။
ဒုတိယဦးလေးက သူ့အား အမြဲအလိုလိုက်ခဲ့ပြီး အပြင်ဘက်မှ သူလုပ်ခဲ့သမျှကိစ္စတိုင်းကိုလည်း ဖြေရှင်းပေးသည်။
သို့သော် ယနေ့ ဒုတိယဦးလေး ဘာဖြစ်နေတာပါလိမ့်? သူ့အား ကုမ္ပဏီမှ အလုပ်ထုတ်ပြီး အဆက်အသွယ်တောင် ဖြတ်ချင်နေတာတဲ့လား?
....
ယဲ့ချန်နှင့် လီရုန်ရုန်တို့မှာ ဂေါက်ရိုက်၍ ပြီးစီးသောအခါ ဂေါက်ကွင်းထဲမှ ထွက်လာခဲ့ကြသည်။
ကျစ် ကျစ်.. အလှလေးတစ်ယောက်နဲ့အတူ ဂေါက်ရိုက်ရတာက တကယ်ပျော်ဖို့ကောင်းတာပဲ...
ယဲ့ချန်း၏အရည်အချင်းက သာမန်မျှသာ ဆိုသော်ငြား လီရုန်ရုန်က ပို၍ပင်မကျွမ်းချေ။
အစောပိုင်းတုန်းက လီရုန်ရုန်ကို ဂေါက်ကစားနည်းသင်ပေးရန်အတွက် သူ(မ)၏လက်ကို ကိုင်ထားရသည့်ခံစားချက်မှာ အလွန်အံ့ဩဖို့ကောင်းလှသည်။
နောက်တစ်ခါဆိုလျှင် ဂေါက်ကစားနည်းသင်ပေးရန်အတွက် အလှလေးများကို ပိုခေါ်လာရမည်။
ယဲ့ချန်းလည်း လီရုန်ရုန်ကို ကားမောင်း၍ အိမ်ပြန်ပို့ပေးလိုက်သည်။
လီရုန်ရုန်ကလည်း ပျော်ခဲ့ရသဖြင့် ယဲ့ချန်းအား မပြန်ခင် ကြယ်ငါးပွင့်ရီဗျူးပေးသွားခဲ့သည်။
[တင်..ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် hostကို ဂုဏ်ပြုပါတယ်။ ပထမဆုံးကြယ်ငါးပွင့်(၂/၅)ကို အသက်သွင်းနိုင်ခဲ့တဲ့အတွက် ဇိမ်ခံဟွားအိမ်တော်ကို ဆုလာဘ်အဖြစ် ရရှိပါပြီ]
ဟွားအိမ်တော်က မိုတုမြို့ထဲတွင် ဟန်မင်းဆက်စတိုင်လ်ဖြင့် အသစ်ဆောက်လုပ်ထားသော ရပ်ကွက်တစ်ခုပင်။
ဟွားအိမ်တော်ထဲရှိ ဗီလာများမှာ ဟန်မင်းဆက်စတိုင်လ် ဗီလာများဖြစ်ပြီး မြို့လယ်ခေါင်တွင် တည်ရှိကာ စုစုပေါင်း ဗီလာအလုံးနှစ်ဆယ်ရှိ၏။
ပရောဂျက်စတင်ပြီးနောက် ဗီလာများကို မိုတုမြို့ရှိ ဒိတ်ဒိတ်ကြဲသူဌေးများက ဝယ်ယူလိုက်ကြသည်။
ဒိတ်ဒိတ်ကြဲသူဌေးများ ဝယ်ယူရလောက်သည့် ဤဟွားအိမ်တော်က မည်မျှကြီးကျယ်ခမ်းနားလေမလဲဆိုတာကို ယဲ့ချန်း သိချင်မိသည်။
ထို့ကြောင့် ဟွားအိမ်တော်ဆီသို့ မောင်းလာခဲ့လိုက်သည်။
အခြားဗီလာများ၏ လုံခြုံရေးစနစ်နှင့်မတူသည်မှာ ယဲ့ချန်းအနေနှင့် ပြိုင်ကားစီးလာသည့်တိုင် လုံခြုံရေးများက သူ့အား တန်းဖြတ်သန်းခွင့်မပေးချေ။
သို့သော် ယဲ့ချန်း၏Lykanပြိုင်ကားကို မြင်သောအခါ လုံခြုံရေးများမှာ ရေသာခိုမနေရဲဘဲ လုံခြုံရေးရုံးခန်းထဲမှ ပြေးထွက်လာပြီး ယဲ့ချန်း၏ကားရှေ့သို့ အပြေးရောက်လာကြသည်။
"ဆရာ.. ကျွန်တော်တို့အိမ်ရာက သီးသန့်အိမ်ရာမို့ အိမ်ရာပိုင်ရှင်တွေရဲ့ကားမဟုတ်ရင် အထဲကို ဝင်ခွင့်မရှိပါဘူး။ တကယ်လို့ ခင်ဗျား တစ်ယောက်ယောက်ဆီကို လာလည်တာဆိုရင် ဝင်ပေါက်မှာပဲ ကားရပ်ပေးခဲ့ပါဗျ"
ယဲ့ချန်းကလည်း ပြောလိုက်၏။
"ကျုပ်က ဒီအိမ်ရာရဲ့ပိုင်ရှင်ပါ"
လုံခြုံရေးများမှာ အနည်းငယ်အံ့ဩသွားပြီး ဆိုလာလေသည်။
"ဆရာ..ကျွန်တော်တို့ဆီမှာ ဗီလာပိုင်ရှင်တွေရဲ့ လိုင်စင်နံပါတ်တွေကို မှတ်တမ်းတင်ထားပါတယ်။ ခင်ဗျားရဲ့လိုင်စင်နံပါတ်ကိုတော့ စာရင်းသွင်းမထားပါဘူး"
ဤအိမ်ရာထဲတွင် နေထိုင်သူများများစားစား မရှိပါဘဲ အယောက်နှစ်ဆယ်မျှသာ ရှိသောကြောင့် လုံခြုံရေးများကလည်း လူတိုင်းကို သိထားသည်။
ယဲ့ချန်းက မျက်နှာစိမ်းဖြစ်နေသောကြောင့် လုံခြုံရေးများအနေနှင့် မေးခွန်းများ မေးမြန်းရမည်သာ။
လုံခြုံရေးများ၏ မေးခွန်းများကြောင့် ယဲ့ချန်း စိတ်မတိုမိပေ။ ဤသည်မှာ သူတို့၏တာဝန်ပင်။
မိမိက ပိုင်ရှင်ဖြစ်နေပါသည့်တိုင် ထိုလုံခြုံရေးများက လူတိုင်းကို ဝင်ချင်တိုင်းဝင်ခွင့်ပေးနေပါက စိတ်သက်သာရမည်မဟုတ်ပေ။
"ကျုပ်က ခုနကမှ ဒီဗီလာကိုဝယ်လိုက်တာပါ။ စကားမစပ်..ကျုပ်ရဲ့ကားထဲမှာ ပိုင်ဆိုင်မှုစာချုပ်ရှိပါတယ်။ ခင်ဗျားတို့ ကြည့်ကြည့်လို့ရပါတယ်"
ယဲ့ချန်းလည်း စနစ်က ပေးအပ်ထားသော ပိုင်ဆိုင်မှုစာချုပ်ကို ခရီးသည်ထိုင်ခုံပေါ်မှ လှမ်းယူလိုက်ပြီး ပေးလိုက်လေသည်။
ယဲ့ချန်း၏ပိုင်ဆိုင်မှုစာချုပ်ကို မြင်သောအခါ လုံခြုံရေး၏အမူအရာကား အနည်းငယ်ပြောင်းလဲသွားသည်။
"အာ.. ခင်ဗျားက ဟွားအိမ်တော်နံပါတ်တစ်ဗီလာရဲ့ ပိုင်ရှင်ပဲ! နံပါတ်တစ်ကလွဲရင် ဟွားအိမ်တော်ထဲက ဗီလာအလုံးနှစ်ဆယ်လုံးက လူရှိပါတယ်။ ခင်ဗျားရဲ့အချိန်ကိုယူမိသွားတဲ့အတွက် တောင်းပန်ပါတယ် ဆရာ.. ဝင်သွားလို့ရပါပြီ"
အတားအဆီးကို ဖွင့်ပေးလိုက်လေရာ ယဲ့ချန်းလည်း ဟွားအိမ်တော်ထဲသို့ မောင်းဝင်သွားလေတော့သည်။
လုံခြုံရေးများမှာ အသက်ပြင်းပြင်းရှူသွင်းလိုက်မိသည်။
"ဟွားအိမ်တော်ရဲ့ အမှတ်တစ်ဗီလာကို ပိုင်ဆိုင်တဲ့လူက ဒီလောက်ငယ်လိမ့်မယ်လို့ ထင်မထားဘူး"
ဟွားအိမ်တော်ထဲ၌ နေထိုင်ကြသူများအားလုံးမှာ မိုတုမြို့ထဲရှိ ထိပ်တန်းအဆင့်လုပ်ငန်းရှင်များပင်။ ပုံမှန်အားဖြင့် အသက်လေးဆယ်ကျော်များဖြစ်ကြသည်။ ယဲ့ချန်းကတော့ သူတို့အထဲမှာ အငယ်ဆုံးဖြစ်၏။
လုံခြုံရေးမှာ လုံခြုံရေးရုံးခန်းထဲသို့ ပြန်သွားပြီးနောက် ဤအိမ်ရာ၏ မန်နေဂျာကို ဖုန်းကောက်ဆက်လိုက်သည်။
"မန်နေဂျာလီ.. ဟွားအိမ်တော်ရဲ့နံပါတ်တစ်ဗီလာပိုင်ရှင် ရောက်လာပါပြီ"
"ဘာ? အိုကေ ငါသိပြီ"
လီကျုံးမှာ ချက်ချင်းဖုန်းချလိုက်ပြီးနောက် ရုံးခန်းထဲမှ ပြေးထွက်လာခဲ့သည်။
ဟွားအိမ်တော်၏ နံပါတ်တစ်ဗီလာမှာ ဗီလာတစ်ခုလုံးတွင် တန်ဖိုးအကြီးဆုံးပင်။ ဤဗီလာပိုင်ရှင်မှာ ဩဇာအာဏာကြီးမားသော နောက်ခံအင်အားမျိုးကို ပိုင်ဆိုင်ထားသည်ဟု ကောလာဟလထွက်နေပေသည်။
ဟွားနိုင်ငံရှိ အချမ်းသာဆုံးပုဂ္ဂိုလ် အစ်ကိုမာပင် ဗီလာနံပါတ်နှစ်ကိုသာ ဝယ်နိုင်လေသည်။
သို့ဖြစ်လေရာ ဤသည်မှာ ဗီလာအမှတ်တစ်ပိုင်ရှင်က မည်မျှထူးခြားလိမ့်မလဲဆိုတာကို ပြသနေသည်။
ကားပတ်မောင်းကြည့်ပြီးနောက် ယဲ့ချန်းလည်း ဤဗီလာကို အလွန်စိတ်တိုင်းကျသွားသည်။ အခြားဗီလာများနှင့် မတူသည်မှာ ဤဗီလာသည် ရှေးဟောင်းစတိုင်လ်ဖြင့် အလှဆင်ထားခြင်းပင်။
မဏ္ဍပ်များနှင့် မျှော်စင်များအကြား လမ်းလျှောက်ရခြင်းမှာ ဟန်မင်းဆက်သို့ အလည်အပတ်သွားလိုက်ရသလို ခံစားရစေသည်။
ဤနေရာကို ဟွားအိမ်တော်ဟု ခေါ်ဆိုခြင်းမှာ မထူးဆန်းတော့ချေ။
ဟွားအိမ်တော်၏ ကြော်ငြာဆောင်ပုဒ်ကို ယဲ့ချန်း အမှတ်ရလိုက်မိသည်။
"အချိန်ခရီးသွားပြီး ဟန်မင်းဆက်ရဲ့ကြီးကြယ်မြင့်မြတ်မှုတွေကို ခံစားကြည့်လိုက်ပါ"
ဤဆောင်ပုဒ်မှာ အပေါ်ယံသက်သက်ဟုတ်ပုံမရချေ။
မြို့ပေါ်ရှိ ကွန်ကရစ်တောထဲတွင် ယခုလို လဟာပြင်ပန်းခြံတစ်ခုရှိနေခြင်းမှာ ချီးကျူးထိုက်ပါပေသည်။
ဆယ်မိနစ်လောက်ပတ်မောင်းပြီးနောက် အင်ပါယာနန်းတော်တစ်ခုနှင့် အလားသဏ္ဍာန်တူလှသော ကြီးကျယ်မြင့်မြတ်သည့်အဆောက်အအုံကြိးတစ်ခုက ယဲ့ချန်း၏မျက်စိရှေ့၌ ပေါ်ပေါက်လာသည်။
ဗီလာခြံဝင်း၏ နံရံအားလုံးကို ရှေးဟောင်းစတိုင်လ်ဖြင့် ဆောက်လုပ်ထားကာ မြင့်သွန်းလှပြီး ကြီးကျယ်ခမ်းနားသော ခြင်္သေ့ရုပ်တုကြီးနှစ်ကောင်ကလည်း အဝင်ဝ၌ ရှိနေချေသည်။
ယဲ့ချန်းလည်း ကားကို ပါကင်ထိုးလိုက်၏။ ထိုအချိန် ဝတ်စုံပြည့်ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က အနားသို့ အလျင်အမြန်ရောက်ချလာသည်။
"မင်္ဂလာပါ မစ္စတာယဲ့.. ဟွားအိမ်တော်မှ ကြိုဆိုပါတယ်။ ကျွန်တော်က အိမ်ရာမန်နေဂျာလီကျုံးပါ"
"မင်္ဂလာပါ"
ယဲ့ချန်းလည်း ခေါင်းဆတ်ပြလိုက်သည်။
"မစ္စတာယဲ့.. ဟွားအိမ်တော်ရဲ့ နံပါတ်တစ်ဗီလာပိုင်ရှင်ဖြစ်တဲ့အတွက် ခင်ဗျားအနေနဲ့ အမြင့်ဆုံးအဆင့်ဝန်ဆောင်မှုကို ခံစားနိုင်ပါတယ်။ ကိုယ်ပိုင်အိမ်တော်ထိန်းအပါအဝင် အဆင့်မြင့်ဗီအိုင်ပီဝန်ဆောင်မှုတွေအားလုံးကိုရောပါပဲ"
"ခင်ဗျားက ကိုယ်ပိုင်အိမ်တော်ထိန်းလား"
ယဲ့ချန်း မျက်မှောင်ကြုတ်လိုက်မိသည်။
ကိုယ်ပိုင်အိမ်တော်ထိန်းကသာ ခပ်ဝဝအမျိုးသားတစ်ယောက် ဖြစ်နေခဲ့လျှင် မရှိတာကသာ ပိုကောင်းလိမ့်မည်ဟု ယဲ့ချန်း ခံစားမိသည်။
အိမ်ထဲတွင် လူဝကြီးတစ်ယောက်ကို နေ့တိုင်းခေါ်ထားရမည်မှာ အလွန်ထူးဆန်းလှ၏။
မန်နေဂျာလီကလည်း နေရခက်ဟန်ဖြင့် ပြုံးလိုက်သည်။
"မဟုတ်ပါဘူး။ ကိုယ်ပိုင်အိမ်တော်ထိန်းကို လျှောက်ထားသူအယောက်တစ်သောင်းထဲက ရွေးချယ်ထားတာမို့ ခင်ဗျား စိတ်တိုင်းကျလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်"
လီကျုံးက ထိုသို့ပြောရင်း မျက်လုံးထဲမှာ အားကျစိတ်များဖြင့် ပြည့်နှက်နေလေသည်။
လျှို့ဝှက်ဆန်းကြယ်လှသော သူ့အပြုအမူကြောင့် ယဲ့ချန်းလည်း ဤကိုယ်ပိုင်အိမ်တော်ထိန်းကို မျှော်လင့်စောင့်စားမိသွားသည်။
တံခါးဝသို့ရောက်သောအခါ ယဲ့ချန်း သူ့မျက်နှာကို စကန်ဖတ််လိုက်သည်။ ထို့နောက် တံခါးကလည်း ဖြည်းဖြည်းချင်း ပွင့်ဟသွားလေတော့သည်။
အထဲသို့ဝင်လာလိုက်သောအခါ ဟန်ခေတ်၏ ရိုးရာဝတ်စုံကို ဝတ်ဆင်ထားသော အလှပဂေးလေးတစ်ယောက်က ဝင်ပေါက်နားရှိ သူ့ထံသို့ ကြော့ကြော့မော့မော့လေး လျှောက်လာတာကို မြင်လိုက်ရသည်။
သူ(မ)ကိုကြည့်ရသည်မှာ အသက်နှစ်ဆယ်စွန်းစွန်းမျှသာ ရှိသေးဟန်ပင်။ အရပ်ရှည်ပြီး အလွန်ဆွဲဆောင်မှုရှိသည့်အပြင် ရုပ်ရည်ရမှတ်ကလည်း ၉၈မှတ်ရှိ၏။
ဟန်ရိုးရာဝတ်စုံဝတ်ထားသည့် အလှပဂေးလေးက ကားနားသို့ချဉ်းကပ်လာပြီးနောက် အရိုအသေပေးကာ ဆိုလာလေသည်။
"အိမ်ကနေ ကြိုဆိုပါတယ် သခင်!"
••••••••••••••